This media is not supported in your browser
VIEW IN TELEGRAM
Breaking News
ယနေ့ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၈ ရက်နေ့၊ ညနေ (၅) နာရီ (၃၀) မိနစ်အချိန်ခန့်တွင် ရက္ခိုင်ပြည်၊ မြေပုံမြို့နယ်၊ ဟင်းခရော်ကျေးရွာ၏ အနောက်မြောက်ဖက်(၂.၇) ကီလိုမီတာအကွာအဝေးရှိ ပွိုင့် (၄၀၂) နှင့် ပွိုင့် (၄၀၈) ကုန်း မှအကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ၎င်းတို့၏ တပ်စခန်းရှိ လက်နက်ခဲယမ်းများ၊ လက်နက်ကြီးများ နှင့် စခန်းကုန်းတစ်ခုလုံးကို ၎င်းတို့ကိုယ်တိုင်မီးရှို့ခဲ့ကြသည်။
ထို့နောက် ၎င်းတို့ တပ်ဖွဲ့ဝင်များသည် စစ်ရဟတ်ယာဉ်များဖြင့်အမ်းမြို့ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် သို့ တိမ်းရှောင်ထွက်ပြေးသွားခဲ့ကြသည်။
လက်ရှိအချိန်တွင် ၎င်းစခန်းများမှာ မီးဆက်လက် တောက်လောင်လျက်ရှိနေသည်။
သတင်းနှင့်ပြန်ကြားရေး
ရက္ခိုင့်တပ်တော်

👍498❤🔥85❤82🤣43🥰16😱16👏10🔥7👌4😁2🌚2
ရက္ခိုင့်တပ်တော် ၏ တိုက်ပွဲသတင်းများ
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၉) ရက်
မဟာမိတ် ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် ရက္ခိုင့်တပ်တော်တို့အပါအဝင် အခြားသော ဒေသခံ မိတ်ဖက်တော်လှန်ရေးအဖွဲ့တို့ ပူးပေါင်းထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသော ကချင်ပြည်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်ရှိ “စီခမ်းကြီးစခန်း” အား ဖေဖော်ဝါရီလ (၁၉) ရက်၊ ညနေ (၅) နာရီ (၄၅) မိနစ်တွင် သိမ်းပိုက် ရရှိခဲ့သည်။ အဆိုပါ အကြမ်းဖက်စစ်ကောင်စီ၏ စီခမ်းကြီးစခန်းအား ဖေဖော်ဝါရီလ (၁၇) ရက်၊ နံနက် (၅) နာရီခန့်မှစတင်၍ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး သုံးရက်ခန့်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရသည်။
စစ်ကောင်စီ၏ မဆုတ်တမ်းခံစစ်ဟုသတ်မှတ်ထားသော စစ်စခန်းများထဲမှ တစ်ခုဖြစ်သည့် စီခမ်းကြီးစခန်းအား ရန်သူ၏ မရပ်မနား၊ အဆက်မပြတ် လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ကူ အမြောက်အမြားကြားထဲမှ မိမိတို့ စုပေါင်းတပ်ဖွဲ့မှ ခက်ခက်ခဲခဲ ထိုးစစ်ဆင် တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
ရန်သူသည် ရပ်ရွာများအတွင်းရှိ လူနေအိမ်များ၊ ဘုန်းကြီးကျောင်းများကို အကာအကွယ်ယူ၍ တိုက်ခိုက်ခဲ့သော်လည်း မိမိတို့၏ ထိုးစစ်ကို ခုခံရန် အခွင့်မရခဲ့ဘဲ စခန်းလက်လွှတ်ခဲ့ရခြင်းဖြစ်သကဲ့သို့ မိမိတို့ပူးပေါင်းတပ်ဖွဲ့၏ ဗျူဟာမြောက်ထိုးစစ်ကြောင့် စခန်းစွန့်လွှတ်ခဲ့ရခြင်းလည်းဖြစ်သည်။ ဤထိုးစစ် အောင်ပွဲအတွင်း စစ်ကောင်စီထံမှ ရန်သူ့အလောင်း၊ လက်နက်ခဲယမ်းအချို့ကို သိမ်းဆည်းရမိခဲ့သည်။ ဤတိုက်ပွဲအတွင်း အသက်ပေးဆပ်စွန်လွှတ်ခဲ့ရသော စစ်သည်တော်များနှင့် ထူးချွန်ပြောင်မြောက်စွာ တိုက်ပွဲဝင်နိုင်ခဲ့သော တပ်ဖွဲ့ဝင်များအားလုံးကို လေးနက်စွာဂုဏ်ပြုအပ်ပါသည်။
ရက္ခိုင်ဒေသအတွင်း၌လည်း လက်နက်ချအညံ့မခံသော စခန်းများထဲမှ တစ်ခုဖြစ်သည့် မောင်တောမြို့နယ်၊ ပဲရွန်းတောင်(ပဲရမ်းတောင်) ရှိ စစ်ကောင်စီ၏ စခန်းအား ရက္ခိုင့်တပ်တော်မှ ယနေ့ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ လ (၁၉) ရက်နေ့၊ နံနက် (၇) နာရီခန့်မှ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး (၉) နာရီအကြာ ထိုးစစ်အပြီး ညနေ (၄) နာရီ (၃၀) မိနစ်တွင် ၎င်းစခန်းတစ်ခုလုံးအား ရက္ခိုင့်တပ်တော်မှ သိမ်းပိုက်ရယူနိုင်ခဲ့သည်။ ဤတိုက်ပွဲအတွင်း ရန်သူသည် လေကြောင်းမှ ဂျက်တိုက်လေယာဉ်ဖြင့် (၃) ကြိမ်တိုင် လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ရန်သူ့အလောင်း (၁၀) ကျော်အပါအဝင် လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့သည်။ လက်နက်ချအညံ့မခံဘဲ ထွက်ပြေးနေသော ရန်သူများကို လိုက်လံရှင်းလင်းလျက်ရှိသည်။
စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ရမ်းဗြဲ၊ ကျောက်ဖြူ၊ အမ်း မြို့နယ်များအတွင်း၌ အကြမ်းဖက် စစ်ကောင်စီ၏ ခုခံစစ်နှင့် ခွာစစ်များကို တွေ့နေရပြီး စစ်ကောင်စီအနေဖြင့် လက်နက်ကြီး၊ လေကြောင်းမှ ရမ်းသန်းပစ်ခတ် တိုက်ခိုက်မှုများကိုသာ ပြုလုပ်လျက်ရှိသည်။ ထို့ကြောင့် အရပ်သားများ ထိခိုက်ဒဏ်ရာရခြင်း၊ ကျေးရွာ နှင့် မြို့အတွင်းရှိ လူနေအိမ်များမှာ လက်နက်ကြီးထိမှန်၍ မီးလောင်ခြင်း၊ ပျက်စီးခြင်း ဖြစ်ပေါ်လျက်ရှိသည်။ ထို့အတူ အိမ်မွေးတိရ စ္ဆာန်များနှင့် ကျွဲ၊ နွား တို့မှာ သေဆုံးမှုများ ရှိခဲ့သည်။
လက်နက်ချအညံ့ခံရန်ပြောထားသော်လည်း ယခုထက်ထိ အညံ့မခံသော စစ်ကောင်စီ၏ စခန်းတိုင်းကို ရက္ခိုင့်တပ်တော်အနေဖြင့် ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်သွားမည်ဖြစ်သည်။

❤312👍95❤🔥23🥰14🍾3😁2👎1🔥1🤩1
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ လ (၁၉) ရက်နေ့တွင် မောင်တောမြို့နယ်၊ ပဲရွန်းတောင်(ပဲရမ်းတောင်) ရှိ စစ်ကောင်စီစခန်းကို ရက္ခိုင့်တပ်တော် တိုက်ခိုက်သိမ်းပိုက်ရာမှ သိမ်းဆည်းရရှိခဲ့သော လက်နက်ခဲယမ်းများနှင့် စစ်အသုံးအဆာင်ပစ္စည်းများ
❤500👍138🥰41🔥30👏27❤🔥20🙏11🍾7😍5🤡2😁1
ထုတ်ပြန်ကြေညာချက်
အမှတ်၊ (၄/၂၀၂၄)
၁၃၈၅ ခုနှစ်၊ တပို့တွဲလဆန်း (၁၁) ရက်
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၀) ရက်
Website Link: https://www.arakanarmy.net/
VK Link: https://vk.com/arakanarmyinfodesk

🥰320❤283👍154🙏14❤🔥10🤣9🔥7👏7👎3💯3🍾1
❤🔥115👍69❤39😢16🥰14👎2😁2
ရက္ခိုင့်တပ်တော် ၏ တိုက်ပွဲသတင်းများ
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၀) ရက်
ရက္ခိုင့်တပ်တော်သည် လက်နက်ချအညံ့မခံသော အကြမ်းဖက် စစ်ကောင်စီ၏ စစ်စခန်း၊ ဗျူဟာ၊ တပ်ရင်း၊ တပ်မဌာနချုပ် များကို ဗျူဟာမြောက်စွာ တစ်ခုပြီးတစ်ခုသိမ်းပိုက်နေခဲ့သည်မှာ သုံးလကျော်ကြာမြင့်ခဲ့ပြီဖြစ်ကာ သိမ်းပိုက်ရရှိထားသော စခန်းများမှာလည်း မြောက်မြားစွာရှိခဲ့ပြီး တစ်ခုမကျန်သိမ်းပိုက်ရယူနိုင်ရန်အတွက်လည်း ထိုးစစ်များကို ဆက်လက် ဆင်နွှဲလျက်ရှိသည်။
လောလောဆယ်တွင် မင်းပြားမြို့နယ်၊ ကမ်းနီရွာအနီးရှိ စစ်ကောင်စီ၏ “အမှတ် (၉) တိုင်းဗဟိုလေ့ကျင့်ရေးသင်တန်းကျောင်း” အား ရက္ခိုင့်တပ်တော်မှ ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိပြီး အခြားမြို့များရှိ စစ်ကောင်စီ၏တပ်စခန်းများထဲမှ အချို့ကိုလည်း စတင်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်။ “ကမ်းနီလေ့ကျင့်ရေးသင်တန်းကျောင်း” ဟု ခေါ်သော “တိုင်းဗဟို (၉) လေ့ကျင့်ရေးသင်တန်းကျောင်း” သည် မေလွန်းရွာနှင့်လည်းနီး၍ ၎င်းသင်တန်းကျောင်းကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၇) ရက်၊ နံနက် (၁၀) နာရီ (၄၅) မိနစ်မှစတင်၍ ရက္ခိုင့်တပ်တော်မှ ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်။ ထို့ကြောင့် စောစီးစွာ လက်နက်ချအညံ့ခံရန် ထပ်မံသတိပေးလိုက်သည်။
အကြမ်းဖက် စစ်ကောင်စီအနေဖြင့် ခုခံစစ်၊ ခွာစစ်မှလွဲ၍ ရွေးချယ်စရာမရှိဘဲ ၎င်းတို့၏ အထိုင်စခန်းများကိုသာ အသည်းအသန်ခုခံကာကွယ်နေရတော့သည်။ စစ်ကောင်စီ၏ တပ်စခန်းများတွင် အင်အား (၁၀၀) အောက်ရှိသော စခန်းများကို ရက္ခိုင့်တပ်တော်အနေဖြင့် တစ်ပတ်အတွင်း သိမ်းပိုက်ရယူနိုင်သကဲ့သို့ အချို့သောစခန်းများကိုမူ ရက်ပိုင်းမျှသာ ထိုးစစ်ဆင် တိုက်ခိုက်ခြင်းဖြင့် သိမ်းပိုက်ရယူနိုင်သည်အထိ မိမိတို့၏ ထိုးစစ်စွမ်းဆောင်ရည်မှာ အမြင့်ဆုံး အနေအထားသို့ ရောက်ရှိလျက် ရှိသည်။
စစ်ကောင်စီ၏ ခုခံစစ်နှင့် တောင့်ခံနိုင်ရည်စွမ်းအားတို့မှာကား တစ်ရက်ပြီးတစ်ရက်ကျဆင်းလျက်ရှိသည်။ ဤသည်မှာ မိမိတို့အတွက်သာမက စစ်ကောင်စီကို တော်လှန်တိုက်ပွဲဝင်နေကြသော အဖွဲ့အစည်းတိုင်းအတွက် မဟာအခွင့်အရေးပင် ဖြစ်သည်။ ဤအခွင့်အရေးကို အမိအရဆုပ်ကိုင်ပြီး စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်တိုက်ထုတ်ကြရန် နှိုးဆော် တိုက်တွန်းလိုက်ပါသည်။
လိမ္မာပါးနပ်သော စစ်ကောင်စီ၏ တပ်မှူးများကြောင့် လက်အောက်ငယ်သားများ အသက်ချမ်းသာရာရသည်ကို ရှမ်းမြောက်တွင်သာမက ရက္ခိုင်ဒေသများတွင် တွေ့မြင်နေရသည်မှာ ဒုနဲ့ဒေးပင်ဖြစ်သည်။ ထို့ကြောင့် လက်နက်ချ အညံ့မခံသော စခန်းများကိုလည်း ထိုးစစ်မစတင်မီကပင် လက်နက်ချအညံ့ခံကြရန် မိမိတို့အနေဖြင့် အသိပေးထားပြီး ဖြစ်သည်။ သို့သော် လက်နက်ချအညံ့မခံသော တပ်မှူးများကြောင့် လက်အောက်ငယ်သားများ၏ အသက်မှာ မသေသင့်ဘဲ သေဆုံးခဲ့ကြရပြီး မိသားစု၊ ဆွေမျိုးများနှင့် မည်သည့်အခါမှ ပြန်မဆုံနိုင်သော ဘဝမျိုးသို့ရောက်ရှိကြသည်။
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၀) ရက်နေ့၊ နေ့လယ် (၁) နာရီ (၅၅) မိနစ်တွင် အကြမ်းဖက်စစ်ကောင်စီ၏ ဂျက်တိုက်လေယာဉ်တစ်စီးမှ ရမ်းဗြဲမြို့နှင့် အနီးပတ်ဝန်းကျင်ကို လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ပေါင် (၅၀၀) ဗုံးကဲ့သို့သော ဗုံးများဖြင့် လာရောက်ကြဲချခဲ့သည်။ ယနေ့ကြဲချသော စစ်ကောင်စီ၏ဖျက်အားပြင်းဗုံးသည် ယခင်ရက်များ၌ကြဲချသောဗုံးနှင့် မတူဘဲ အသံပိုကျယ်လောင်ခြင်း၊ ပေါက်ကွဲအားပိုပြင်းထန်ခြင်း၊ ပေါက်ကွဲပြီးနောက် မီးခိုးငွေ့များနှင့် ရောသွားသည့် မြေမှုန့်များသည်လည်း မြေပြင်မှ အထက်သို့ ပေ (၁၀၀) ကျော်ခန့်အထိ တက်ခဲ့သည်။
စစ်ကောင်စီသည် စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်မြို့များရှိ ၎င်းတို့၏ တပ်စခန်းများမှနေ၍ လက်နက်ကြီးများဖြင့် မြို့၊ ရွာ၊ လူနေအိမ်များအတွင်းသို့ ရမ်းသန်းပစ်ခတ်တိုက်ခိုက်မှုများသာ ပြုလုပ်နေခဲ့သည်။

👍395❤156🥰42🙏20😁10❤🔥8👏5😢4🔥2🤨1
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၀) ရက်နေ့တွင် ရမ်းဗြဲမြို့ မြို့မဆေးရုံ၊ မြို့မဈေး နှင့် လူနေအိမ်များပေါ်သို့ အကြမ်းဖက်စစ်ကောင်စီမှ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် မြို့မဆေးရုံတစ်ခုလုံးနှင့် မြို့မဈေး အပါအဝင် ပြည်သူ့နေအိမ်အချို့ ပျက်စီးဆုံးရှုံးသွားခဲ့ရသည့်မြင်ကွင်း
(သတင်းဓါတ်ပုံ)
#AAInfoDesk
February 21, 2024
(သတင်းဓါတ်ပုံ)
#AAInfoDesk
February 21, 2024
😢461🤬107👍54❤14😁8🙏6💔2👏1