AA Info Desk
55.1K subscribers
1.36K photos
89 videos
8 files
145 links
Download Telegram
ရက္ခိုင့်တပ်တော် စစ်သည်တော်များမှ ပြည်သူ့အကျိုးပြုလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၅) ရက်

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလဆန်းပိုင်းမှစ၍ ပြည်သူ့အကျိုးပြုလုပ်ငန်း၊ မြို့ရွာသန့်ရှင်းရေးလုပ်ငန်းများကို ရက္ခိုင့်တပ်တော် တပ်ဖွဲ့ဝင်များ လှုပ်ရှားရာ ရှမ်းမြောက်ဒေသ၊ မူဆယ် ၁၀၅ မိုင်၊ ကားလမ်းမကြီးနံဘေး နှင့် ကားကြီးကွင်းအနီး ကားလမ်းဝဲယာတစ်လျှောက်၌ ဆောင်ရွက်ခဲ့ကြသည်။

ရှမ်းမြောက်ဒေသ၌ စစ်ဘေးကြောင့် အတိဒုက္ခရောက်နေကြသော ပြည်သူလူထုများ အပါအဝင် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းများ နှင့် ခရစ်ယာန် သာသနာပြုကျောင်းများကို မိမိတို့ တတ်နိုင်သမျှ တနိုင်တပိုင် ထောက်ပံ့ကူညီလှူဒါန်းမှုများကို ပြုလုပ်ခဲ့ကြသည့်နည်းတူ စစ်ဒဏ်ကြောင့် ပျက်စီးယိုယွင်းခဲ့ရသည့် အများပြည်သူနှင့်သက်ဆိုင်သော နေရာများ၊ အဆောက်အအုံများ သန့်ရှင်းရေးကိစ္စရပ်များတွင်လည်း မိမိတို့သည် တစ်ဖွဲ့ချင်းအလိုက် (သို့) ညီနောင်မဟာမိတ်များနှင့် အတူတကွ ဆောင်ရွက်လျက်ရှိကြပါသည်။

ရက္ခိုင့်တပ်တော်အနေဖြင့် မိမိတို့ ရောက်ရှိရာဒေသများတွင် ဒေသခံပြည်သူလူထု၏ အရေးအရာများကို အဆင်ပြေချောမွေ့အောင် ဒေသခံပြည်သူလူထုများနှင့်အတူ လက်တွဲပြီး အကောင်းဆုံး ဆောင်ရွက်လျက်ရှိပါသည်။

မိမိတို့အနေဖြင့် မည်သည့်နေရာ၊ မည်သည့်ဒေသသို့ရောက်ရှိပါစေ လူမျိုးမရွေး၊ ဘာသာမရွေး ခွဲခြားစိတ်မရှိဘဲ ပြည်သူများနှင့်အတူ ရပ်တည်ပြီး စာနာစိတ်အပြည့်ဖြင့် တတ်နိုင်သည်များကို စေတနာအပြည့်ထား၍ ဆောင်ရွက်လျက်ရှိပါသည်။

#AAInfoDesk
February 15, 2024
653👍137🥰30❤‍🔥17👏14🙏11💯6😁5🤣3🕊2🥴2
299❤‍🔥46👍42🥰21
ရက္ခိုင်ဒေသ တိုက်ပွဲသတင်းများ

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၅) ရက်

ရက္ခိုင်ဒေသအတွင်း အကြမ်းဖက်စစ်ကောင်စီ နှင့် ရက္ခိုင့်တပ်တော်တို့၏ တိုက်ပွဲများမှာ ဆက်လက် ပြင်းထန်လျက်ရှိသည်။ ရက္ခိုင့်တပ်တော်အနေဖြင့် ထုတ်ပြန်ထားသော ထုတ်ပြန်ချက်များတွင် ပါရှိသည့်အတိုင်း ဆောင်ရွက်လျက်ရှိသည်။ ရက္ခိုင်နှင့် ပလက်ဝဒေသအတွင်း ရက္ခိုင့်တပ်တော်၏ သုံးလတာစစ်ဆင်ရေးအပြီးတွင် ပလက်ဝ၊ ပေါက်တော၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦး၊ မြေပုံမြို့ များပေါ်မှ စစ်ကောင်စီ၏ စစ်ဘက်၊ ရဲဘက် တပ်စခန်းများကို သိမ်းပိုက်ရယူနိုင်ခဲ့ပြီးဖြစ်သည်။ ရမ်းဗြဲကျွန်းပေါ် ၌ တိုက်ပွဲများမှာလည်း ခပ်စိပ်စိပ်ဖြစ်လျက်ရှိသည်။

တစ်ပြိုင်နက်တည်းတွင် ရက္ခိုင်ဒေသအတွင်း လက်ကျန်မြို့များမှ စစ်ကောင်စီ၏ စစ်ဘက်၊ ရဲဘက် တပ်စခန်းများ ကို တစ်ခုမျှမကျန်စေရဟူသော စစ်ရေးရည်မှန်းချက်အတိုင်း ရက္ခိုင့်တပ်တော်မှ ဗျူဟာမြောက်စွာ ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိသည်။ အခြားတစ်ဖက်တွင် စစ်ကောင်စီအနေဖြင့် ကြည်း၊ ရေ၊ လေ ပူးပေါင်းခုခံစစ်ကို ဆင်နွှဲလျက်ရှိသည်။

ယမန်နေ့မှစ၍ စစ်ကောင်စီသည် ရသေ့တောင်၊ ရမ်းဗြဲ၊ မောင်တော မြို့များ၌ မိမိတို့၏ စခန်းများ ကို ကုန်းကြောင်း၊ ရေကြောင်း၊ လေကြောင်းမှ အပြင်းအထန် တိုက်ခိုက်လျက်ရှိသည်။ ထို့အတူ စစ်ကောင်စီ သည် စစ်ပွဲအရှုံးများကြောင့်သော်လည်းကောင်း၊ လူမျိုးရေး အမုန်းတရားများကိုအခြေခံ၍လည်းကောင်း၊ သွေးပျက်ကြောက်လန့်နေ၍လည်းကောင်း လက်နက်ကြီးများဖြင့် မိမိတို့၏ မြို့ရွာများကို ဦးတည်တိုက်ခိုက် လျက်ရှိသည်။

ရမ်းဗြဲမြို့သည် စစ်ကောင်စီ၏ လေကြောင်း၊ ရေကြောင်း၊ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်ခံရမှု အများဆုံးမြို့ဖြစ်သကဲ့သို့ စစ်ကောင်စီသည် ယမန်နေ့မှစ၍ ရသေ့တောင်မြို့ပတ်ဝန်းကျင်နှင့် ၎င်းအနီးအနားရှိ ကျေးရွာများသို့ လေကြောင်း၊ ရေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်လျက် ရှိသောကြောင့် ရသေ့တောင်မြို့သည် စစ်ကောင်စီ၏ ဒုတိယပစ်မှတ်ထား မြို့တစ်မြို့ဖြစ်လာခဲ့သည်။ ထို့အတူ ယနေ့တွင် ပလက်ဝမြို့အတွင်းသို့ ဂျက်တိုက်လေယာဉ်တစ်စီးဖြင့် လာရောက်ပစ်ခတ် တိုက်ခိုက်ခဲ့သည်။

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၅) ရက်နေ့တွင် ရက္ခိုင်ပြည် မောင်တောမြို့နယ်၊ ဗောဓိကုန်းကျေးရွာ၏ အနောက်မြောက်ဘက် မီတာ (၂၀၀) ခန့်အကွာတွင်ရှိသော ဗောဓိကုန်းစခန်းအား နံနက် (၆) နာရီ (၂၀) မိနစ်မှစတင်၍ ရက္ခိုင့်တပ်တော်မှ ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်။ ရန်သူသည် အဆိုပါစခန်း မကျရေးအတွက် ကြည်း၊ ရေ၊ လေ ပူးပေါင်း၍ အပြင်းအထန်ခုခံလျက်ရှိသည်။ လက်ရှိအချိန်တွင် မိမိတို့မှ ရန်သူ၏ ဗောဓိကုန်းစခန်းအား အပြီးသတ်သိမ်းပိုက်ရရှိရေးအတွက် ထိုးစစ်အရှိန်ကို မြှင့်တင်ပြီး တိုက်ခိုက်လျက်ရှိသည်။

ရသေ့တောင်မြို့တွင် ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတို့အကြား တိုက်ပွဲများမှာ စတင်ဖြစ်ပွားလျက်ရှိသည်။

သတင်းနှင့်ပြန်ကြားရေး
ရက္ခိုင့်တပ်တော်
578👍156🙏20🥰16❤‍🔥13👏13😁5🐳5💯43
မင်းပြားမြို့အခြေစိုက် အကြမ်းဖက်စစ်ကောင်စီတပ်၏ စကခ (၉) လက်အောက်ခံ နည်းဗျူဟာ (၂) ခမရ (၃၇၉)၊ ခမရ (၃၈၀) နှင့် ခမရ (၅၄၁) တို့အား ရက္ခိုင့်တပ်တော်မှ အပြီးသတ်သိမ်းပိုက်ပြီးနောက် သိမ်းဆည်းရရှိခဲ့သော လက်နက်ခဲယမ်းမီးကျောက်များနှင့် စစ်အသုံးအဆောင်ပစ္စည်းများ

#AAInfoDesk
February 16, 2024

Website Link: https://www.arakanarmy.net/
VK Link: https://vk.com/arakanarmyinfodesk
668👍166🥰22😍15🎉13🙏12👏11❤‍🔥7🔥5😱2👎1
ရက္ခိုင်ဒေသ တိုက်ပွဲသတင်းများ

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၆) ရက်

ရက္ခိုင့်တပ်တော်သည် စစ်ကောင်စီ၏ မောင်တောဒေသရှိ ဗောဓိကုန်း စခန်းအား ယမန်နေ့၊ ဖေဖော်ဝါရီလ (၁၅) ရက်၊ နံနက် (၆) နာရီ (၂၀) မိနစ်မှစတင်၍ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။ ထိုးစစ်ဆင်တိုက်ခိုက်ချိန် ၂၄ နာရီကျော်အကြာ ဖေဖော်ဝါရီလ (၁၆) ရက်၊ နံနက် (၆) နာရီခန့်အချိန်တွင် အဆိုပါစခန်းတစ်ခုလုံးအား ရန်သူ၏ လေကြောင်း၊ လက်နက်ကြီးအမြောက်အမြား ပစ်ခတ်တိုက်ခိုက်မှုများကြားမှ မိမိတို့ အပြီးသတ်သိမ်းပိုက်ရယူနိုင်ခဲ့ခြင်းဖြစ်သည်။ ရန်သူ့အလောင်း (၁၄) လောင်းအပါအဝင် လက်နက်ခဲယမ်း အချို့ကို သိမ်းဆည်းရမိခဲ့သည်။ အချိန်တိုတိုအတွင်း အထိအခိုက်အနည်းဆုံး နှင့် စခန်းသိမ်းနိုင်ခဲ့သော တိုက်ပွဲဖြစ်သည်။

ဖေဖော်ဝါရီလ (၁၆) ရက်၊ နံနက် (၁၁) နာရီ (၁၅) မိနစ်အချိန်တွင်လည်း မောင်တောမြို့၊ ပန်းတောပြင်ရွာသစ် (မူဆလင်ရွာ) အနီး၌လည်း စစ်ကောင်စီ၏ ဘူးသီးတောင်အခြေစိုက် ခလရ (၂၆၃) တပ်ရင်းနှင့် ရက္ခိုင့်တပ်တော်တို့ နာရီဝက်ခန့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရန်သူဘက်မှ (၁၂) ဦးသေဆုံးသည့်အပြင် ဒဏ်ရာရရှိသူများလည်းရှိခဲ့သည်။ ဤမိမိတို့၏ထိုးစစ်တိုက်ပွဲအတွင်း၌လည်း ရန်သူ့လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းများကို ထပ်မံသိမ်းဆည်းရမိခဲ့သည်။

ထို့အပြင် ဖေဖော်ဝါရီလ (၁၆) ရက်၊ နေ့လယ် (၁၂) နာရီ (၁၅) မိနစ်တွင်လည်း ရသေ့တောင်မြို့နယ်၊ ခနောင်းကြီးရွာ၏ အရှေ့တောင်ဖက် (၁.၃) ကီလိုမီတာအကွာအဝေးရှိ တောင်ကြောတွင်လည်း စစ်ကောင်စီ တပ်၏ ခမရ (၅၃၆) တပ်ရင်း နှင့် ရက္ခိုင့်တပ်တော်တို့ သည် နှစ်ဖက်ရင်ဆိုင်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး ကနဦးသတင်းအရ ရန်သူ့ဘက်မှ မျက်မြင် သေဆုံး (၄) ဦး နှင့် ဒဏ်ရာရသူ (၁၀) ဦးခန့်အထိရှိခဲ့သည်။

အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုမှာ နာရီဝက်ခန့်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ နောက်ဆုတ်သွားကာ နှစ်ဖက် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အဝေးမှ အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုမျိုးဖြင့် သာဆက်လက်ရှိနေခဲ့သည်။ ဤတိုက်ပွဲအတွင်းသို့ စစ်ကောင်စီ၏ ရသေ့တောင်အခြေစိုက် ခမရ (၅၃၆)၊ ခမရ (၅၃၇) ၊ ခမရ (၅၃၈) တပ်ရင်းသုံးရင်းစလုံးမှ လက်နက်ကြီးပစ်ကူများအပြင် ရေကြောင်း၊ လေကြောင်းမှလည်း လက်နက်ကြီး ပစ်ကူများဖြင့် ပစ်ကူတိုက်ခိုက်ခဲ့သည်။

သတင်းနှင့်ပြန်ကြားရေး
ရက္ခိုင့်တပ်တော်
❤‍🔥327237👍181🙏15🥰11🔥5👏5😍5🤣4👎1
128😢71👍29🤬12❤‍🔥4🥰3🍾3
ရက္ခိုင့်တပ်တော်၏ တိုက်ပွဲသတင်းများ

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၇) ရက်

ရက္ခိုင်ဒေသအတွင်း၌ စစ်ကောင်စီသည် စခန်းတစ်ခုပြီးတစ်ခုလက်လွှတ်ဆုံးရှုံးနေရသည့်အပြင် အခြားသောစခန်းများ မှာလည်း လက်လွှတ်ဆုံးရှုံးရန် လက်တစ်ကမ်းအနေအထားသို့ ရောက်ရှိလျက်ရှိသည်။ စစ်ကောင်စီ၏ စစ်ရေးအရနှင့် မဟာဗျူဟာအရ အရေးပါသည့် စခန်းကြီး၊ စခန်းငယ်များမှာလည်း မနှေးမကြာ လက်လွှတ်ဆုံးရှုံးရမည့် အခြေအနေကို ထင်ရှားစွာ တွေ့မြင်နေရသည်။ ထို့အပြင် လက်နက်ချအညံ့မခံသောစခန်းတိုင်းကိုလည်း ရက္ခိုင့်တပ်တော်မှ ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသောကြောင့် ရက္ခိုင်ဒေသအတွင်း တိုက်ပွဲများမှာ ဆက်လက်ပြင်းထန်လျက်ရှိသည်။

တစ်ပြိုင်နက်တည်းတွင် ခုခံစစ်ကို တစ်ဆင့်ချင်း တစ်ဆင့်ချင်း ပြင်ဆင်နေသောစစ်ကောင်စီသည် ရက္ခိုင့်တပ်တော်အား ကုန်းလမ်းများမှနေ၍ အလွယ်တကူဝင်ရောက်လာနိုင်ခြင်းမရှိစေရန်အပြင် အခြားယုတ်မာသောရည်ရွယ်ချက်များကို အကောင်အထည်ဖော်သောအနေဖြင့်လည်း တံတားများအား ဖောက်ခွဲဖျက်ဆီးသည့်လုပ်ငန်းများကို ရက္ခိုင်ပြည်၌ သာမက ရှမ်းမြောက်ဒေသနှင့် အခြားသောနေရာများ၌ပါ ခပ်စိပ်စိပ်လုပ်ဆောင်လာခဲ့သည်။ ဤသည်မှာ စစ်ကောင်စီ အနေဖြင့် မြန်မာနိုင်ငံအနှံ့ ၎င်းတို့နှင့် ဖြစ်ပွားလျက်ရှိသောစစ်ပွဲတိုင်းတွင် ရှုံးနိမ့်နေသည်များ ပေါ်လွင်နေခြင်းပင် ဖြစ်သည်။

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၆) ရက်၊ ည (၉) နာရီ (၂၅) မိနစ်တွင် တောင်ကုတ်မြို့နယ်၊ မအီမြို့အနီးရှိ “ မအီတံတား” အားလည်းကောင်း၊ ဖေဖော်ဝါရီလ (၁၇) ရက်၊ နံနက် (၂) နာရီ (၅၃) မိနစ်တွင် မအီ-ကျောက်ဖြူကားလမ်းမထက်ရှိ မအီမြို့အနီးတွင်ရှိသည့် အခြားသောတံတားတစ်စင်းဖြစ်သော “ကျောက်ကြီးပေါက်တံတား” အားလည်းကောင်း ဖောက်ခွဲ ဖျက်ဆီးခဲ့သည်။ အဆိုပါ “မအီတံတား”အား မိုင်းဖောက်ခွဲဖျက်ဆီးခဲ့စဉ် မိုင်းပေါက်ကွဲမှုပြင်းအားကြောင့် မအီမြို့အထက် တန်းကျောင်း အပါအဝင် လူနေအိမ်အချို့မှာလည်း ထိခိုက်ပျက်စီးမှုများရှိခဲ့ သည်။

ထို့အပြင် ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင်လည်း စစ်တွေ-ရန်ကုန်ကားလမ်းမပေါ်အနီး အမြင့်ကျွန်းကျေးရွာနားရှိ စစ်တွေမြို့အဝင် မင်းချောင်း (ခေါ်) အမြင့်ကျွန်းတံတားကိုလည်း စစ်ကောင်စီမှ ဖောက်ခွဲဖျက်ဆီးခဲ့သည်။ ဤတံတားများ မှာ အရပ်သားပြည်သူများမှ ကုန်စည်သယ်ယူပို့ဆောင်ရေးအတွက် အဓိကအားကိုးအားထားသွားလာနေရသည့် တံတား များ ဖြစ်သည်။

ရက္ခိုင့်တပ်တော်လှုပ်ရှားလျက်ရှိသော ရက္ခိုင်ပြည်ပြင်ပ၏ အခြားနေရာတစ်ခုဖြစ်သော ကချင်ပြည်၊ ဗန်းမော်ခရိုင်၊ မံစီ မြို့နယ်၌လည်း မဟာမိတ် KIA နှင့် ပူးပေါင်း၍ အကြမ်းဖက်စစ်ကောင်စီ၏ "စီခမ်းကြီးစခန်း"အား ဖေဖော်ဝါရီလ (၁၇) ရက်၊ နံနက် (၅) နာရီမှစတင်ပြီး ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်။

စစ်ကောင်စီသည် ဤစခန်းမကျဆုံးစေရေးအတွက် လေကြောင်းပစ်ကူများကို တစ်နေ့လုံး တောက်လျှောက်သုံးကာ ခုခံကာကွယ်နေသောကြောင့် တိုက်ပွဲသည် ပြင်းထန်ခဲ့သည်။ မိမိတို့ဘက်မှလည်း စစ်ကောင်စီ၏ ဤစခန်းအား အပြီးသတ် သိမ်းပိုက်ရယူနိုင်ရေးအတွက် ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်။ စစ်ကောင်စီသည် ၎င်းတို့၏ လုပ်နေကျ ထုံးစံအတိုင်း စစ်ရေးအရှုံးပေါ်တိုင်း အရပ်သားပစ်မှတ်၊ ရပ်ရွာများကို ဦးတည်တိုက်ခိုက်တတ်သောကြောင့် စီခမ်းကြီး ရွာမှ ပြည်သူ (၅) ဦးသေဆုံးကာ (၃၀) ကျော်အထိ ဒဏ်ရာရရှိအောင် လေကြောင်းမှ ယုတ်မာစွာဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့သည်။

ရက္ခိုင်ဒေသအတွင်း တိုက်ပွဲအနေဖြင့် ရသေ့တောင်မြို့မြောက်ဘက်၊ ခနောင်းကြီးကျေးရွာအနီးပတ်ဝန်းကျင်တွင် စစ်ကောင်စီ၏ ရသေ့တောင်မြို့အခြေစိုက် ခမရ (၅၃၆) တပ်ရင်းနှင့် ရက္ခိုင့်တပ်တော်တို့သည် ယနေ့၊ ဖေဖော်ဝါရီလ (၁၇) ရက်၊ ညနေ (၅) နာရီ (၄၅) မိနစ်တွင် တိုက်ပွဲဖြစ်ပွားခဲ့သည်။ (လောလောဆယ် တိုက်ပွဲအသေးစိပ်နှင့် နောက်ဆက်တွဲများ ကိုမူ မသိရသေးပါ။ သိရှိရပါက နောက်ဆက်တွဲအနေဖြင့် ဆက်လက်တင်ပေးသွားပါမည်။)

ရက္ခိုင်ပြည်၊ ရမ်းဗြဲမြို့အား အလုံးစုံပျက်စီးစေရန် ရည်ရွယ်ချက်ဖြင့် ဖက်ဆစ်အကြမ်းဖက်စစ်ကောင်စီမှ ရေကြောင်း၊ လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်မှုများကို ဖေဖော်ဝါရီလဆန်းကတည်းကပင် ဆက်တိုက်ပြုလုပ်လာခဲ့ခြင်းဖြစ်သည်။ ရမ်းဗြဲမြို့အား ယနေ့နေ့လယ်ပိုင်းမှစ၍ ညဦးပိုင်းအချိန်ထိ Mi-35 စစ်ရဟတ်ယာဉ်မှ လက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ဂျက်ဖိုက်တာဖြင့်လည်း လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ထို့အပြင် ကလိန်တောင်မြစ်ထဲရှိ ရန်သူ့နေဗီ သင်္ဘောမှလည်း မြို့ပေါ်ရပ်ကွက်များအား လက်နက်ကြီးဖြင့် (၉) ကြိမ်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ လေကြောင်းမှ တိုက်ခိုက်မှုကြောင့် အမှတ် (၄) ကင်းတဲရပ်ကွက်ရှိ လူနေအိမ် (၆၀) ကျော်ခန့် မီးလောင်ပျက်စီးခဲ့ရသည့်အပြင် နေအိမ် အများအပြားမှာလည်း ထိမှန်ပျက်စီးခဲ့ရသည်။

သတင်းနှင့်ပြန်ကြားရေး
ရက္ခိုင့်တပ်‌တော်
333👍180😢74🥰16❤‍🔥10🤣7👎4😁3🙏3
Media is too big
VIEW IN TELEGRAM
Breaking News

ယနေ့ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၈ ရက်နေ့၊ ညနေ (၅) နာရီ (၃၀) မိနစ်အချိန်ခန့်တွင် ရက္ခိုင်ပြည်၊ မြေပုံမြို့နယ်၊ ဟင်းခရော်ကျေးရွာ၏ အနောက်မြောက်ဖက်(၂.၇) ကီလိုမီတာအကွာအဝေးရှိ ပွိုင့် (၄၀၂) နှင့် ပွိုင့် (၄၀၈) ကုန်း မှအကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ၎င်းတို့၏ တပ်စခန်းရှိ လက်နက်ခဲယမ်းများ၊ လက်နက်ကြီးများ နှင့် စခန်းကုန်းတစ်ခုလုံးကို ၎င်းတို့ကိုယ်တိုင်မီးရှို့ခဲ့ကြသည်။

ထို့နောက် ၎င်းတို့ တပ်ဖွဲ့ဝင်များသည်စစ်ရဟတ်ယာဉ်များဖြင့်အမ်းမြို့ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် သို့ တိမ်းရှောင်ထွက်ပြေးသွားခဲ့ကြသည်။

လက်ရှိအချိန်တွင် ၎င်းစခန်းများမှာ မီးဆက်လက် တောက်လောင်လျက်ရှိနေသည်။

သတင်းနှင့်ပြန်ကြားရေး
ရက္ခိုင့်တပ်တော်
👍351❤‍🔥3633😁20🥰11🤣9👏7🌚1
This media is not supported in your browser
VIEW IN TELEGRAM
Breaking News

ယနေ့ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၈ ရက်နေ့၊ ညနေ (၅) နာရီ (၃၀) မိနစ်အချိန်ခန့်တွင် ရက္ခိုင်ပြည်၊ မြေပုံမြို့နယ်၊ ဟင်းခရော်ကျေးရွာ၏ အနောက်မြောက်ဖက်(၂.၇) ကီလိုမီတာအကွာအဝေးရှိ ပွိုင့် (၄၀၂) နှင့် ပွိုင့် (၄၀၈) ကုန်း မှအကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ၎င်းတို့၏ တပ်စခန်းရှိ လက်နက်ခဲယမ်းများ၊ လက်နက်ကြီးများ နှင့် စခန်းကုန်းတစ်ခုလုံးကို ၎င်းတို့ကိုယ်တိုင်မီးရှို့ခဲ့ကြသည်။

ထို့နောက် ၎င်းတို့ တပ်ဖွဲ့ဝင်များသည် စစ်ရဟတ်ယာဉ်များဖြင့်အမ်းမြို့ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် သို့ တိမ်းရှောင်ထွက်ပြေးသွားခဲ့ကြသည်။

လက်ရှိအချိန်တွင် ၎င်းစခန်းများမှာ မီးဆက်လက် တောက်လောင်လျက်ရှိနေသည်။

သတင်းနှင့်ပြန်ကြားရေး
ရက္ခိုင့်တပ်တော်
👍498❤‍🔥8582🤣43🥰16😱16👏10🔥7👌4😁2🌚2