AA Info Desk
55.1K subscribers
1.36K photos
89 videos
8 files
145 links
Download Telegram
ရက္ခိုင်နှင့် ပလက်ဝ ဒေသအတွင်း တိုက်ပွဲများ၌ အရှင်လက်ရဖမ်းဆီး၊ သေဆုံးခဲ့ကြသော အကြမ်းဖက်စစ်ကောင်စီ၏ တပ်မမှူး၊ ဗျူဟာမှူးများ

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၄) ရက်

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၃) ရက်နေ့မှစတင်ခဲ့သော ရက္ခိုင်၊ ပလက်ဝဒေသအတွင်း တိုက်ပွဲများသည် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၄) ရက်နေ့တွင် သုံးလပြည့်၍ လေးလအတွင်းသို့ စတင်ဝင်ရောက်လာခဲ့ပြီဖြစ်သည်။ သုံးလကျော်ကာလ အတွင်း ပလက်ဝဒေသတစ်ခုလုံးအပါအဝင် ရက္ခိုင်ပြည်၏ မြို့ကြီးများဖြစ်ကြသော ပေါက်တော၊ ကျောက်တော်၊ မင်းပြား နှင့် မြောက်ဦးမြို့များရှိ စစ်ကောင်စီ၏ စစ်ဘက်၊ ရဲဘက်တပ်စခန်းများအားလုံးကို ရက္ခိုင့်တပ်တော်မှ တစ်ခုမကျန် အားလုံး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကာ သိမ်းပိုက်ရရှိထားပြီးဖြစ်သည်။

ထို့အပြင် ဘူးသီးတောင်နှင့် မောင်တောမြို့များရှိ နယ်ခြားစောင့်တပ်စခန်းပေါင်းမြောက်မြားစွာတို့ကိုသာမက ရမ်းဗြဲမြို့ နှင့် အခြားသောမြို့အချို့မှ ရဲစခန်းတချို့အားလည်း မိမိတို့မှ သိမ်းပိုက်ရရှိထားပြီးဖြစ်သည်။ တစ်ပြိုင်နက်တည်းတွင် လက်နက်ချအညံ့မခံသော ရန်သူ့စစ်စခန်းအချို့ကိုလည်း ရက္ခိုင့်တပ်တော်မှ ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိ သည်။

ဤကဲ့သို့ စစ်ဘက်၊ ရဲဘက်စခန်းများကိုသိမ်းပိုက်စဉ် လက်နက်ချအညံ့ခဲ့သော စစ်ဘက်၊ ရဲဘက်နှင့် ၎င်းတို့၏ မိသားစုဝင် များအပါအဝင် ရေကြောင်းတိုက်ပွဲများအတွင်း အသက်လုထွက်ပြေးနေကြသောသူများထဲမှ အသက်မသေဘဲ လွတ်မြောက်လာကြသောသူများကိုပါ မိမိတို့မှ ကယ်ဆယ်ပြီး ကောင်းစွာစောင့်ရှောက်ထားသည်။

ထို့အပြင် ၎င်းတို့ထဲမှ စစ်သုံ့ပန်းများကို စစ်သုံ့ပန်းဥပဒေနှင့်အညီလည်းကောင်း၊ လက်နက်ချအညံ့ခံသောသူများကိုလည်း လက်နက်ချအညံ့ခံသောသူများအား ဆက်ဆံသောပုံစံဖြင့်လည်းကောင်း ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထား လျက်ရှိပါသည်။ ထို့အတူ လက်နက်ချအညံ့ခံစဉ် ပါလာသော ၎င်းတို့၏ မိသားစုဝင်များ၊ ဆွေမျိုးများနှင့် အရပ်သားများ ကိုလည်း ၎င်းတို့နှင့်အတူ ကောင်းမွန်စွာ ပြုစုစောင့်ရှောက်ထားသည်။

တိုက်ပွဲများအတွင်း မိမိတို့ဖမ်းဆီးရမိသော ဒဏ်ရာရရှိထားသည့် သုံ့ပန်းများနှင့် လက်နက်ချအညံ့ခံစဉ် ပါလာသူများထဲမှ ဒဏ်ရရရှိထားသူများကိုလည်း မိမိတို့အနေဖြင့် မိမိတို့တွင်ရှိသောဆေးဝါးများဖြင့် အကောင်းဆုံးကုသပေးထားပါသည်။

မိမိတို့ဆေးတပ်ဖွဲ့ဝင်များဆေးဝါးကုသမှုပေးခဲ့သောသူများအထဲတွင် ဒု-ဗိုလ်မှူးကြီး ညီညီဝင်းလည်း တစ်ဦးအပါအဝင် ဖြစ်သည်။ ဒု-ဗိုလ်မှူးကြီး ညီညီဝင်းသည် ကျောက်တော်၊ စကခ (၉) လက်အောက်ခံ၊ နည်းဗျူဟာ (၃) မှ ဗျူဟာမှူး ဖြစ်သည်။ ၎င်းအားဖမ်းဆီးရမိချိန်တွင် ဦးခေါင်းနှင့် ရင်ဘတ်၌ ဒဏ်ရာရရှိထား၍ သေလုမျောပါးဖြစ်နေပြီးဖြစ်သည်။ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁၆) ရက်နေ့တွင် ဖမ်းဆီးရရှိမိခဲ့ပြီး ယခုအချိန်တွင် မိမိတို့၏ ကောင်းမွန်စွာ ပြုစုစောင့်ရှောက် ထားပေးမှုကြောင့် အသက်ဘေးမှကင်းလွတ်ခွင့်ရကာ ပြန်လည်ကျန်းမာနေပြီဖြစ်သည်။

အခြားသောတစ်ဦးမှာ မိမိတို့အနေဖြင့် ကယ်ဆယ်ချိန်မရလိုက်ဘဲ သေဆုံးခဲ့သော တပ်မ (၁၁) တပ်မမှူး - ဗိုလ်မှူးကြီး မင်းမင်းထွန်း ၊ ကြည်း/ ၃၁၅၁၄ ဖြစ်သည်။ တပ်မ (၁၁) တပ်မမှူးအား မိမိတို့မှ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၇) ရက်နေ့ မြောက်ဦး ခမရ (၃၇၇) အား တိုက်ခိုက်သိမ်းပိုက်စဉ်အတွင်း အသေဖမ်းဆီးရမိခြင်းဖြစ်သည်။

ထို့အပြင် စကခ (၉) တပ်မမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်း၊ ကြည်း/၂၇၉၈၈၊ အသက် (၅၁) နှစ်ကိုလည်း ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၇/၈) ရက်များက ကျောက်တော်မြို့နယ်၊ အပေါက်ဝရွာအနီး ရေကြောင်းတိုက်ပွဲများအတွင်း အသက်လု ထွက်ပြေးလာခဲ့စဉ် ၎င်းတို့တပ်ဖွဲ့ဝင်အချို့နှင့်အတူ မိမိတို့မှ အရှင်လက်ရဖမ်းဆီးမိခဲ့ခြင်းဖြစ်သည်။

ပလက်ဝဒေသ၌ ရက္ခိုင့်တပ်တော်၏ ဗျူဟာမြောက်ထိုးစစ်များအတွင်း အကြမ်းဖက်စစ်ကောင်စီ၏ နှုံးဘူးဗျူဟာမှူး ဒု-ဗိုလ်မှူးကြီး ဗညားပိုင်စိုး၊ ကိုယ်ပိုင်အမှတ် ကြည်း/၃၅၃၄၄ အားလည်း ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလဒုတိယအပတ် တိုက်ပွဲ ကာလများတွင် သေနတ်ဒဏ်ရာများဖြင့် အသေဖမ်းဆီးရမိခဲ့သည်။

ပလက်ဝဒေသအခြေစိုက်၊ အခြားသော ရှေ့တန်းဌာနချုပ်တစ်ခုဖြစ်သော စကစ (၁၉)၊ ရှေ့တန်းဌာနချုပ် တပ်မမှူး ဗိုလ်မှူးချုပ် ဇင်မျိုးဆွေ၊ ကြည်း/၂၇၉၆၇ အနေဖြင့်မူ ကျဆုံး၊ ပျောက်ဆုံး၊ ရေထဲနစ်မြုပ်၊ ထွက်ပြေးလွတ်မြောက် သွားသည်ကိုကား လက်ရှိအချိန်တွင် အတည်ပြု၍ မရနိုင်သေးပေ။

ထို့အတူ အခြားသော စစ်သုံ့ပန်းများ၊ စစ်ဘက်၊ ရဲဘက်နှင့် ၎င်းတို့၏ မိသားစုဝင်များထဲမှ ပြင်းထန်ဒဏ်ရာရရှိခဲ့သောသူ များ၏ အသက်နှင့် ခန္ဓာကိုလည်း မိမိတို့ ဆေးဘက်ဆိုင်ရာတပ်ဖွဲ့ဝင်များမှ အကောင်းဆုံး ကယ်တင်ထားခဲ့ပြီးဖြစ်ပါသည်။

သတင်းနှင့်ပြန်ကြားရေး
ရက္ခိုင့်တပ်တော်
574👍202🥰28❤‍🔥10💯6👌5😁4🎉4👏3🔥1🕊1
ရက္ခိုင့်တပ်တော် စစ်သည်တော်များမှ ပြည်သူ့အကျိုးပြုလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၅) ရက်

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလဆန်းပိုင်းမှစ၍ ပြည်သူ့အကျိုးပြုလုပ်ငန်း၊ မြို့ရွာသန့်ရှင်းရေးလုပ်ငန်းများကို ရက္ခိုင့်တပ်တော် တပ်ဖွဲ့ဝင်များ လှုပ်ရှားရာ ရှမ်းမြောက်ဒေသ၊ မူဆယ် ၁၀၅ မိုင်၊ ကားလမ်းမကြီးနံဘေး နှင့် ကားကြီးကွင်းအနီး ကားလမ်းဝဲယာတစ်လျှောက်၌ ဆောင်ရွက်ခဲ့ကြသည်။

ရှမ်းမြောက်ဒေသ၌ စစ်ဘေးကြောင့် အတိဒုက္ခရောက်နေကြသော ပြည်သူလူထုများ အပါအဝင် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းများ နှင့် ခရစ်ယာန် သာသနာပြုကျောင်းများကို မိမိတို့ တတ်နိုင်သမျှ တနိုင်တပိုင် ထောက်ပံ့ကူညီလှူဒါန်းမှုများကို ပြုလုပ်ခဲ့ကြသည့်နည်းတူ စစ်ဒဏ်ကြောင့် ပျက်စီးယိုယွင်းခဲ့ရသည့် အများပြည်သူနှင့်သက်ဆိုင်သော နေရာများ၊ အဆောက်အအုံများ သန့်ရှင်းရေးကိစ္စရပ်များတွင်လည်း မိမိတို့သည် တစ်ဖွဲ့ချင်းအလိုက် (သို့) ညီနောင်မဟာမိတ်များနှင့် အတူတကွ ဆောင်ရွက်လျက်ရှိကြပါသည်။

ရက္ခိုင့်တပ်တော်အနေဖြင့် မိမိတို့ ရောက်ရှိရာဒေသများတွင် ဒေသခံပြည်သူလူထု၏ အရေးအရာများကို အဆင်ပြေချောမွေ့အောင် ဒေသခံပြည်သူလူထုများနှင့်အတူ လက်တွဲပြီး အကောင်းဆုံး ဆောင်ရွက်လျက်ရှိပါသည်။

မိမိတို့အနေဖြင့် မည်သည့်နေရာ၊ မည်သည့်ဒေသသို့ရောက်ရှိပါစေ လူမျိုးမရွေး၊ ဘာသာမရွေး ခွဲခြားစိတ်မရှိဘဲ ပြည်သူများနှင့်အတူ ရပ်တည်ပြီး စာနာစိတ်အပြည့်ဖြင့် တတ်နိုင်သည်များကို စေတနာအပြည့်ထား၍ ဆောင်ရွက်လျက်ရှိပါသည်။

#AAInfoDesk
February 15, 2024
653👍137🥰30❤‍🔥17👏14🙏11💯6😁5🤣3🕊2🥴2
299❤‍🔥46👍42🥰21
ရက္ခိုင်ဒေသ တိုက်ပွဲသတင်းများ

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၅) ရက်

ရက္ခိုင်ဒေသအတွင်း အကြမ်းဖက်စစ်ကောင်စီ နှင့် ရက္ခိုင့်တပ်တော်တို့၏ တိုက်ပွဲများမှာ ဆက်လက် ပြင်းထန်လျက်ရှိသည်။ ရက္ခိုင့်တပ်တော်အနေဖြင့် ထုတ်ပြန်ထားသော ထုတ်ပြန်ချက်များတွင် ပါရှိသည့်အတိုင်း ဆောင်ရွက်လျက်ရှိသည်။ ရက္ခိုင်နှင့် ပလက်ဝဒေသအတွင်း ရက္ခိုင့်တပ်တော်၏ သုံးလတာစစ်ဆင်ရေးအပြီးတွင် ပလက်ဝ၊ ပေါက်တော၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦး၊ မြေပုံမြို့ များပေါ်မှ စစ်ကောင်စီ၏ စစ်ဘက်၊ ရဲဘက် တပ်စခန်းများကို သိမ်းပိုက်ရယူနိုင်ခဲ့ပြီးဖြစ်သည်။ ရမ်းဗြဲကျွန်းပေါ် ၌ တိုက်ပွဲများမှာလည်း ခပ်စိပ်စိပ်ဖြစ်လျက်ရှိသည်။

တစ်ပြိုင်နက်တည်းတွင် ရက္ခိုင်ဒေသအတွင်း လက်ကျန်မြို့များမှ စစ်ကောင်စီ၏ စစ်ဘက်၊ ရဲဘက် တပ်စခန်းများ ကို တစ်ခုမျှမကျန်စေရဟူသော စစ်ရေးရည်မှန်းချက်အတိုင်း ရက္ခိုင့်တပ်တော်မှ ဗျူဟာမြောက်စွာ ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိသည်။ အခြားတစ်ဖက်တွင် စစ်ကောင်စီအနေဖြင့် ကြည်း၊ ရေ၊ လေ ပူးပေါင်းခုခံစစ်ကို ဆင်နွှဲလျက်ရှိသည်။

ယမန်နေ့မှစ၍ စစ်ကောင်စီသည် ရသေ့တောင်၊ ရမ်းဗြဲ၊ မောင်တော မြို့များ၌ မိမိတို့၏ စခန်းများ ကို ကုန်းကြောင်း၊ ရေကြောင်း၊ လေကြောင်းမှ အပြင်းအထန် တိုက်ခိုက်လျက်ရှိသည်။ ထို့အတူ စစ်ကောင်စီ သည် စစ်ပွဲအရှုံးများကြောင့်သော်လည်းကောင်း၊ လူမျိုးရေး အမုန်းတရားများကိုအခြေခံ၍လည်းကောင်း၊ သွေးပျက်ကြောက်လန့်နေ၍လည်းကောင်း လက်နက်ကြီးများဖြင့် မိမိတို့၏ မြို့ရွာများကို ဦးတည်တိုက်ခိုက် လျက်ရှိသည်။

ရမ်းဗြဲမြို့သည် စစ်ကောင်စီ၏ လေကြောင်း၊ ရေကြောင်း၊ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်ခံရမှု အများဆုံးမြို့ဖြစ်သကဲ့သို့ စစ်ကောင်စီသည် ယမန်နေ့မှစ၍ ရသေ့တောင်မြို့ပတ်ဝန်းကျင်နှင့် ၎င်းအနီးအနားရှိ ကျေးရွာများသို့ လေကြောင်း၊ ရေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်လျက် ရှိသောကြောင့် ရသေ့တောင်မြို့သည် စစ်ကောင်စီ၏ ဒုတိယပစ်မှတ်ထား မြို့တစ်မြို့ဖြစ်လာခဲ့သည်။ ထို့အတူ ယနေ့တွင် ပလက်ဝမြို့အတွင်းသို့ ဂျက်တိုက်လေယာဉ်တစ်စီးဖြင့် လာရောက်ပစ်ခတ် တိုက်ခိုက်ခဲ့သည်။

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၅) ရက်နေ့တွင် ရက္ခိုင်ပြည် မောင်တောမြို့နယ်၊ ဗောဓိကုန်းကျေးရွာ၏ အနောက်မြောက်ဘက် မီတာ (၂၀၀) ခန့်အကွာတွင်ရှိသော ဗောဓိကုန်းစခန်းအား နံနက် (၆) နာရီ (၂၀) မိနစ်မှစတင်၍ ရက္ခိုင့်တပ်တော်မှ ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်။ ရန်သူသည် အဆိုပါစခန်း မကျရေးအတွက် ကြည်း၊ ရေ၊ လေ ပူးပေါင်း၍ အပြင်းအထန်ခုခံလျက်ရှိသည်။ လက်ရှိအချိန်တွင် မိမိတို့မှ ရန်သူ၏ ဗောဓိကုန်းစခန်းအား အပြီးသတ်သိမ်းပိုက်ရရှိရေးအတွက် ထိုးစစ်အရှိန်ကို မြှင့်တင်ပြီး တိုက်ခိုက်လျက်ရှိသည်။

ရသေ့တောင်မြို့တွင် ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတို့အကြား တိုက်ပွဲများမှာ စတင်ဖြစ်ပွားလျက်ရှိသည်။

သတင်းနှင့်ပြန်ကြားရေး
ရက္ခိုင့်တပ်တော်
578👍156🙏20🥰16❤‍🔥13👏13😁5🐳5💯43
မင်းပြားမြို့အခြေစိုက် အကြမ်းဖက်စစ်ကောင်စီတပ်၏ စကခ (၉) လက်အောက်ခံ နည်းဗျူဟာ (၂) ခမရ (၃၇၉)၊ ခမရ (၃၈၀) နှင့် ခမရ (၅၄၁) တို့အား ရက္ခိုင့်တပ်တော်မှ အပြီးသတ်သိမ်းပိုက်ပြီးနောက် သိမ်းဆည်းရရှိခဲ့သော လက်နက်ခဲယမ်းမီးကျောက်များနှင့် စစ်အသုံးအဆောင်ပစ္စည်းများ

#AAInfoDesk
February 16, 2024

Website Link: https://www.arakanarmy.net/
VK Link: https://vk.com/arakanarmyinfodesk
668👍166🥰22😍15🎉13🙏12👏11❤‍🔥7🔥5😱2👎1
ရက္ခိုင်ဒေသ တိုက်ပွဲသတင်းများ

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၆) ရက်

ရက္ခိုင့်တပ်တော်သည် စစ်ကောင်စီ၏ မောင်တောဒေသရှိ ဗောဓိကုန်း စခန်းအား ယမန်နေ့၊ ဖေဖော်ဝါရီလ (၁၅) ရက်၊ နံနက် (၆) နာရီ (၂၀) မိနစ်မှစတင်၍ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။ ထိုးစစ်ဆင်တိုက်ခိုက်ချိန် ၂၄ နာရီကျော်အကြာ ဖေဖော်ဝါရီလ (၁၆) ရက်၊ နံနက် (၆) နာရီခန့်အချိန်တွင် အဆိုပါစခန်းတစ်ခုလုံးအား ရန်သူ၏ လေကြောင်း၊ လက်နက်ကြီးအမြောက်အမြား ပစ်ခတ်တိုက်ခိုက်မှုများကြားမှ မိမိတို့ အပြီးသတ်သိမ်းပိုက်ရယူနိုင်ခဲ့ခြင်းဖြစ်သည်။ ရန်သူ့အလောင်း (၁၄) လောင်းအပါအဝင် လက်နက်ခဲယမ်း အချို့ကို သိမ်းဆည်းရမိခဲ့သည်။ အချိန်တိုတိုအတွင်း အထိအခိုက်အနည်းဆုံး နှင့် စခန်းသိမ်းနိုင်ခဲ့သော တိုက်ပွဲဖြစ်သည်။

ဖေဖော်ဝါရီလ (၁၆) ရက်၊ နံနက် (၁၁) နာရီ (၁၅) မိနစ်အချိန်တွင်လည်း မောင်တောမြို့၊ ပန်းတောပြင်ရွာသစ် (မူဆလင်ရွာ) အနီး၌လည်း စစ်ကောင်စီ၏ ဘူးသီးတောင်အခြေစိုက် ခလရ (၂၆၃) တပ်ရင်းနှင့် ရက္ခိုင့်တပ်တော်တို့ နာရီဝက်ခန့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရန်သူဘက်မှ (၁၂) ဦးသေဆုံးသည့်အပြင် ဒဏ်ရာရရှိသူများလည်းရှိခဲ့သည်။ ဤမိမိတို့၏ထိုးစစ်တိုက်ပွဲအတွင်း၌လည်း ရန်သူ့လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းများကို ထပ်မံသိမ်းဆည်းရမိခဲ့သည်။

ထို့အပြင် ဖေဖော်ဝါရီလ (၁၆) ရက်၊ နေ့လယ် (၁၂) နာရီ (၁၅) မိနစ်တွင်လည်း ရသေ့တောင်မြို့နယ်၊ ခနောင်းကြီးရွာ၏ အရှေ့တောင်ဖက် (၁.၃) ကီလိုမီတာအကွာအဝေးရှိ တောင်ကြောတွင်လည်း စစ်ကောင်စီ တပ်၏ ခမရ (၅၃၆) တပ်ရင်း နှင့် ရက္ခိုင့်တပ်တော်တို့ သည် နှစ်ဖက်ရင်ဆိုင်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး ကနဦးသတင်းအရ ရန်သူ့ဘက်မှ မျက်မြင် သေဆုံး (၄) ဦး နှင့် ဒဏ်ရာရသူ (၁၀) ဦးခန့်အထိရှိခဲ့သည်။

အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုမှာ နာရီဝက်ခန့်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ နောက်ဆုတ်သွားကာ နှစ်ဖက် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အဝေးမှ အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုမျိုးဖြင့် သာဆက်လက်ရှိနေခဲ့သည်။ ဤတိုက်ပွဲအတွင်းသို့ စစ်ကောင်စီ၏ ရသေ့တောင်အခြေစိုက် ခမရ (၅၃၆)၊ ခမရ (၅၃၇) ၊ ခမရ (၅၃၈) တပ်ရင်းသုံးရင်းစလုံးမှ လက်နက်ကြီးပစ်ကူများအပြင် ရေကြောင်း၊ လေကြောင်းမှလည်း လက်နက်ကြီး ပစ်ကူများဖြင့် ပစ်ကူတိုက်ခိုက်ခဲ့သည်။

သတင်းနှင့်ပြန်ကြားရေး
ရက္ခိုင့်တပ်တော်
❤‍🔥327237👍181🙏15🥰11🔥5👏5😍5🤣4👎1
128😢71👍29🤬12❤‍🔥4🥰3🍾3