AA Info Desk
55.1K subscribers
1.36K photos
89 videos
8 files
145 links
Download Telegram
ရေကြောင်းတိုက်ပွဲသတင်း

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၃) ရက်

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၇/၈) ရက်နေ့များတွင် ရက္ခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ အပေါက်ဝကျေးရွာအနီး ရေကြောင်းတိုက်ပွဲ၌ ရန်သူစစ်ကောင်စီ၏ စစ်သင်္ဘော (၂) စီး၊ ဇက်သင်္ဘော (၁) စီးတို့အား ရက္ခိုင့်တပ်တော်မှ အပြတ်အသတ် ချေမှုန်းတိုက်ခိုက်နိုင်ခဲ့ပြီး အဆိုပါ သင်္ဘော (၃) စီးစလုံး မီးလောင်ပျက်စီးကာ ရေထဲနစ်မြုပ်သွားအောင် ပြုလုပ်နိုင်ခဲ့သည်။ လက်နက်ခဲယမ်းအချို့ကိုလည်း သိမ်းဆည်းရမိခဲ့သည်။

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင်လည်း မင်းပြားမြို့နယ်၊ ပုလဲပေါက် ကျေးရွာအနီး ရေကြောင်းတိုက်ပွဲ၌ မြစ်ကြောင်းတစ်လျှောက်ကျေးရွာများကို လက်နက်ကြီးများဖြင့် နှစ်ရှည်လများ ပစ်ခတ်ဒုက္ခပေးနေသော စစ်ကောင်စီ၏ စစ်သင်္ဘော (၁) စီးအား ရက္ခိုင့်တပ်တော်မှ ထပ်မံ၍ တိုက်ခိုက်နိုင်ခဲ့သည်။

ထို့အပြင် ယနေ့ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၃) ရက်နေ့တွင်လည်း မင်းပြားမြို့နယ်၊ သက်ပုန်းရွာအနီး ရေကြောင်းတိုက်ပွဲအတွင်း၌ စစ်ကောင်စီ၏ စစ်သင်္ဘော နောက်ထပ် (၁) စီးကိုလည်း ထပ်မံတိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့သည်။

ဖေဖော်ဝါရီ (၇) ရက်မှ (၁၃) ရက်အထိ၊ ခြောက်ရက်တာ ရေကြောင်းတိုက်ပွဲများအတွင်း စစ်ကောင်စီ၏ စစ်သင်္ဘော (၃) စီး နှင့် ဇက်သင်္ဘော (၂) စီး စုစုပေါင်း (၅) စီးအား ရက္ခိုင့်တပ်တော်မှ တိုက်ခိုက် ချေမှုန်းနိုင်သည်။ ထို့အတူ မိမိတို့စာရင်းများအရ အခြားသော (၄) စီးမှာလည်း ရေချ၍ မရနိုင်သည်အထိ ပျက်စီးသွားခဲ့ကြောင်း သိရှိရသည်။

#AAInfoDesk
February 13, 2024
348👍87❤‍🔥17🏆7🙏6🕊3💯2👎1
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၃) ရက်နေ့တွင် မင်းပြားမြို့နယ်၊ သက်ပုန်းရွာအနီး ရေကြောင်းတိုက်ပွဲအတွင်း၌ စစ်ကောင်စီတပ်ထံမှ ရက္ခိုင့်တပ်တော် တိုက်ခိုက် သိမ်းပိုက်ရရှိခဲ့သော စစ်သင်္ဘော
672👍160🥰21😍14🎉11🙏10🏆9🍾7❤‍🔥6💯4🌚2
421🥰112👍88😍15❤‍🔥13🏆13🍾11🤩5🔥4👏3😁1
ရက္ခိုင်ဒေသ၊ ကျောက်တော်အခြေစိုက် စစ်ကောင်စီ၏ ခမရ (၃၇၄)၊ ခမရ (၃၇၅) ၊ ခမရ (၃၇၆) နှင့် တပ်မဌာနချုပ် စကခ (၉) တို့ကို ရက္ခိုင့်တပ်တော်မှ အပြီးသတ်တိုက်ခိုက်ချေမှုန်းပြီးနောက် သိမ်းဆည်းရရှိခဲ့သော လက်နက်ခဲယမ်းမီးကျောက်များ

#AAInfoDesk
February 14, 2024
726👍141🥰34🏆32👏22🍾12💯11❤‍🔥8😍8👌7🤣5
Media is too big
VIEW IN TELEGRAM
👍250166🥰21❤‍🔥8😁8👏4🤣4🤬1🎉1