AA Info Desk
55.1K subscribers
1.36K photos
89 videos
8 files
145 links
Download Telegram
စစ်ကောင်စီတပ်၏ မြောက်ဦးအခြေစိုက် ခမရ (၃၇၇) နှင့် ခမရ (၃၇၈) တို့ကို ရက္ခိုင့်တပ်တော်မှ အပြီးသတ်သိမ်းပိုက်ပြီးနောက် သိမ်းဆည်းရရှိခဲ့သော လက်နက်ခဲယမ်းမီးကျောက်များ

#AAInfoDesk
February 12, 2024

Website Link: https://www.arakanarmy.net/
VK Link: https://vk.com/arakanarmyinfodesk
511👍101🍾14🥰12😱12👏8😍6❤‍🔥5🔥5🏆4🤩3
စစ်ကောင်စီတပ်၏ မြောက်ဦးအခြေစိုက် ခမရ (၃၇၇) နှင့် ခမရ (၃၇၈) တို့ကို ရက္ခိုင့်တပ်တော်မှ အပြီးသတ်သိမ်းပိုက်ပြီးနောက် သိမ်းဆည်းရရှိခဲ့သော လက်နက်ခဲယမ်းမီးကျောက်များ

#AAInfoDesk
February 12, 2024

Website Link: https://www.arakanarmy.net/
VK Link: https://vk.com/arakanarmyinfodesk
722👍137🥰24🍾17😱16❤‍🔥14👏12🏆12🔥7🤩4😁2
လက်နက်ခဲယမ်းများကို တစ်ပတ်အတွင်း အမြန်ဆုံးလာရောက်အပ်နှံကြရန် အထူးသတိပေး ထုတ်ပြန်ချက်

၁၃၈၅ ခုနှစ်၊ တပို့တွဲလဆန်း (၄) ရက်
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၃) ရက်


စစ်ရုံးချုပ်
ရက္ခိုင့်တပ်တော်
307👍95🥰50🤣8🔥4👏1🙏1
316👍65🥰18🤣4❤‍🔥3🙏3
ရက္ခိုင့်တပ်တော်
စစ်ရုံးချုပ်

၁၃၈၅ ခုနှစ်၊ တပို့တွဲလဆန်း (၄) ရက်
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၃) ရက်

လက်နက်ခဲယမ်းများကို တစ်ပတ်အတွင်း အမြန်ဆုံးလာရောက်အပ်နှံကြရန် အထူးသတိပေး ထုတ်ပြန်ချက်

ရက္ခိုင့်တပ်တော်သည် ရက္ခိုင်နှင့် ပလက်ဝဒေသအတွင်းရှိ ဖက်ဆစ်အကြမ်းဖက် စစ်ကောင်စီ၏ ဗျူဟာစခန်းကြီးများ၊ တပ်ရင်းဌာနချုပ်၊ တပ်မဌာနချုပ်၊ နယ်ခြားစောင့်တပ်စခန်းများ၊ ရဲတပ်ရင်းများ၊ ရဲစခန်းများကို တစ်ခုမကျန် တိုက်ခိုက်ချေမှုန်းသွားရန် ရည်မှန်းထားသည့်အတိုင်း ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၃) ရက်နေ့မှစ၍ စစ်ကောင်စီ၏ စစ်ဘက်၊ ရဲဘက်စခန်းများကို တစ်ခုပြီးတစ်ခု ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိသည်။ ရည်မှန်းထားသည့်အတိုင်း စစ်ကောင်စီ၏ စစ်ဘက်၊ ရဲဘက်စခန်းများကိုလည်း တစ်ခုပြီးတစ်ခု သိမ်းပိုက်ရရှိထားပြီးဖြစ်သည်။ ထို့အတူ လက်ကျန်စခန်းများကိုလည်း ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်သွားမည်ဖြစ်သည်။

တစ်ပြိုင်နက်တည်းတွင် စစ်ရှုံးစစ်ကောင်စီ၏ စစ်သားများ၊ ရဲတပ်သားများသည် ၎င်းတို့၏ စခန်းများကို စွန့်ခွာကာ အိမ်နီးနားချင်းနိုင်ငံများဖြစ်ကြသော အိန္ဒိယနှင့် ဘင်္ဂလာဒေ့ရှ်နိုင်ငံ များအတွင်းသို့လည်းကောင်း၊ ရေကြောင်းတိုက်ပွဲအတွင်း စစ်သင်္ဘော၊ ဇက်သင်္ဘောများပေါ်မှ လည်းကောင်း အသက်လုထွက်ပြေးနေကြ ရသကဲ့သို့ ရပ်ရွာများ၌ အရပ်ဝတ်များလဲ၍လည်း နည်းလမ်းအမျိုးမျိုးဖြင့် ထွက်ပြေးလျက် ရှိနေကြပါသည်။ ဤကဲ့သို့ ထွက်ပြေးရာ၌ ၎င်းတို့သည် လက်နက်ခဲယမ်းမီးကျောက်များကို ဖျက်ဆီး၍ထားခဲ့သကဲ့သို့ ထွက်ပြေးသည့်အချိန်တွင် တစ်ကိုယ်စာယူဆောင်သွားကြသည့် လက်နက်ခဲယမ်းများကို အချိန်ကာလတစ်ခုတွင် မသယ် ဆောင်နိုင်သောကြောင့် တောတောင်၊ ချောင်းမြောင်း၊ လျှိုမြောင်တို့၌ လွှင့်ပစ်၍လည်းကောင်း၊ မြေကြီးထဲမြှုပ်နှံ၍လည်းကောင်း ထားခဲ့ကြသည်ကို မိမိတို့ ဖမ်းဆီးထားသော သုံ့ပန်းများနှင့် မိမိတို့ရှာဖွေရရှိသော မြေပြင်ပကတိ အခြေအနေများအရ သိရှိရပါသည်။

ထွက်ပြေးလွတ်မြောက်သွားသည့် ထောင်ဂဏန်းနီးပါး စစ်ပြေး၊ ရဲပြေးများမှ လွှင့်ပစ်ထားခဲ့သော လက်နက်ခဲယမ်းများကို ရက္ခိုင့်တပ်တော်မှ လိုက်လံရှာဖွေ၍ တွေ့ရှိထားသည်များလည်း ရှိပြီးဖြစ်ပါသည်။ သို့သော် မိမိတို့ မရောက်ရှိသေးသော နေရာများ၌ လည်းကောင်း၊ မိမိတို့ ရှာဖွေမတွေ့သေး၍လည်းကောင်း ကျန်ရှိနေသေးသော လက်နက်ခဲယမ်းများလည်း ရှိနေနိုင်ပါသေးသည်။ အကယ်၍ အဆိုပါ စွန့်ပစ်ထားခဲ့သော ရန်သူ့လက်နက်ခဲယမ်းများကို မည်သူမဆို တွေ့ရှိပါက နီးစပ်ရာရက္ခိုင့်တပ်တော် စခန်းများတွင်လည်းကောင်း အာရက္ခပြည်သူ့အစိုးရ၏ အုပ်ချုပ်ရေးမှူး၊ နယ်မြေမှူးများထံတွင် လည်းကောင်း အပ်နှံနိုင်ပါသည်။ လက်နက် ခဲယမ်း အဆိုး၊ အကောင်း အပေါ်မူတည်ပြီး ထိုက်သင့်သော ဆုငွေများကို ချက်ချင်းချီးမြှင့်သွားမည်ဖြစ်ပါသည်။

မိမိတို့ ထိန်းချုပ်ရာနယ်မြေများ၌ သာမန်အရပ်သားပြည်သူများအား လက်နက်ခဲယမ်း ကိုင်ဆောင်ခြင်း၊ ရောင်းဝယ်ခြင်းများကို လုံးဝခွင့်ပြုမည်မဟုတ်သောကြောင့် လက်နက်ကိုင်ဆောင် ထားသူများအနေဖြင့် မိမိတို့ထံ ဤထုတ်ပြန်ချက်ထုတ်သည့်နေ့မှ တစ်ပတ်အတွင်း ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၀) ရက်နေ့၊ ည (၁၂) နာရီ နောက်ဆုံးထားပြီး အပ်နှံကြရန် အသိပေးလိုက်ပါသည်။ အကယ်၍ သတ်မှတ်ထားသည့် ရက်အတွင်း လာရောက်အပ်နှံခြင်းမရှိဘဲ ဖုံးဝှက်ထားသည်များကို စစ်ဆေးတွေ့ရှိပါက ပြင်းပြင်းထန်ထန် ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း အထူးသတိပေးထုတ်ပြန်အပ်ပါသည်။

စစ်ရုံးချုပ်
ရက္ခိုင့်တပ်တော်
👍437250🥰34❤‍🔥10😁4🤣3🔥1🌚1🍾1
457👍78🥰62❤‍🔥15🏆15🙏8🍾6😍5🔥4🤣1
ရက္ခိုင်ပြည်၊ ကျောက်တော်မြို့အတွင်းရှိ စစ်ကောင်စီ၏ တပ်မဌာနချုပ်၊ တပ်ရင်းစခန်းများအားလုံးကို သိမ်းပိုက်ပြီးနောက် စစ်ကောင်စီ၏ ဌာနဆိုင်ရာရုံးများရှေ့တွင် တွေ့ရသော ရက္ခိုင့်တပ်တော် စစ်သည်တော်များ

#AAInfoDesk
February 13, 2024

Website Link: https://www.arakanarmy.net/
VK Link: https://vk.com/arakanarmyinfodesk
655👍116🥰34🙏19🏆17❤‍🔥10🎉7🍾7🔥4🤩4😍4