Media is too big
VIEW IN TELEGRAM
အာရက္ခ (၁)
တေးရွီး - အောင်ဗန်းဝီ
974👍143🥰42❤‍🔥20🤣14🙏11👌10👏8🍾7🤩5🔥4
Breaking News

ပလက်ဝမြို့အား အကြမ်းဖက် စစ်ကောင်စီမှ ယနေ့ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၁) ရက်၊ ညနေ (၄) နာရီ (၄၅) မိနစ်အချိန်တွင် ဂျက်ဖိုက်တာ တစ်စီးဖြင့် (၂) ကြိမ် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး လေယာဉ်ပေါ်မှ စက်သေနတ်ဖြင့်ပါ ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် အပြစ်မဲ့ အရပ်သား ပြည်သူတစ်ဦး(ကလေးငယ်) သေဆုံးကာ တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

#AAInfoDesk
February 11, 2024
😢435🤬102👍44🙏1110🥰5🔥4🥱4❤‍🔥3🌚3😈2
ရေကြောင်းတိုက်ပွဲသတင်းထုတ်ပြန်ချက်

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၁) ရက်

ရက္ခိုင်ဒေသအတွင်း၌ဖြစ်ပွားလျက်ရှိသော တိုက်ပွဲများသည် ယခုရက်များအတွင်း ပို၍ပြင်းထန်ခဲ့သည်။ ရက္ခိုင့်တပ်တော်၏ တစ်ရက်မျှရပ်တန့်ခြင်းမရှိသော ထိုးစစ်ဆင်တိုက်ခိုက်မှုအောက်တွင် အကြမ်းဖက်စစ်ကောင်စီသည် ကြည်း၊ ရေ၊ လေ ၏ ပူးပေါင်းခုံခံစစ်များဖြင့် အသည်းအသန်ခုခံကာကွယ်သော်လည်း စစ်ကောင်စီ၏ ခံစစ်တိုင်းကို ရိုက်ချိုးပြီး မင်းပြား၊ ကျောက်တော်၊ မြောက်ဦးမြို့များရှိ စစ်ကောင်စီ၏ တပ်မဌာနချုပ်၊ စကခဌာနချုပ်၊ တပ်ရင်းဌာနချုပ်၊ ရဲတပ်ရင်းစခန်းများ၊ ရဲစခန်းများတစ်ခုမကျန်ကို အပြီးသတ်သိမ်းပိုက်ရယူထားပြီးဖြစ်သည်။ အခြားတစ်ဖက်တွင် စစ်ကောင်စီသည် စခန်းများ ကျဆုံးပြီးသည့်နောက်တွင် မိမိတို့အား တန်ပြန်ထိုးစစ်ဆင်တိုက်ခိုက်ရန် ကြိုးစားခဲ့သေးသော်လည်း အချည်းနှီးသာ ဖြစ်ခဲ့သည်။

ဤမြို့သုံးမြို့စလုံးမှ ရန်သူ့စခန်းများအားလုံးကို ရက္ခိုင့်တပ်တော်မှ အပြီးသတ်သိမ်းပိုက်ရန် စတင်ထိုးစစ်ဆင် တိုက်ခိုက်သည့်ရက်မှ ရန်သူ၏နောက်ဆုံး စခန်းကိုသိမ်းပိုက်လိုက်သည့်အချိန်အထိ တစ်လကျော်ကြာမြင့်ခဲ့သည်။ အခြားတစ်ဖက်တွင် ထိုးစစ်မစတင်မီကပင် အဆိုပါစခန်းအများစုအား ရက္ခိုင့်တပ်တော်မှ နှစ်ရှည်လများ ဝိုင်းရံပိတ်ဆို့ ဖြတ်တောက်ထားပြီးဖြစ်သည်။ အချို့သော စခန်းများကို သိမ်းပိုက်ရန် ရက်အနည်းငယ်မျှသာ ကြာမြင့်သော်လည်း အချို့သော စခန်းကြီးများကိုမူ ရက်သတ္တပတ် (၃) ပတ်မှ (၄) ပတ်ကျော်အထိ အပြင်းအထန် တိုက်ခိုက်ခဲ့ရသည်။

ရက္ခိုင်ဒေသအတွင်း ယခုတစ်ကြိမ်ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း၌ စစ်ကောင်စီသည် ကြည်း၊ ရေ၊ လေ ပူးပေါင်းခုခံစစ်ကို ဆင်နွှဲခဲ့သည်ဆိုသော်လည်း ကြည်းတပ်ထက် ရေတပ်နှင့် လေတပ်ကိုသာ ပိုမိုအားထား အသုံးပြုခဲ့သည်ကို တွေ့ရှိရသည်။ မိမိတို့အနေဖြင့်လည်း စစ်ကောင်စီ၏ ရေတပ်ကို ယခင်က ကြီးကြီးမားမားမတုံ့ပြန်နိုင်ခဲ့သော်လည်း ယခုတစ်ကြိမ်၌မူ အထိနာအောင် ပြုလုပ်နိုင်ခဲ့သည်။

ရက္ခိုင်နှင့် ပလက်ဝဒေသအတွင်း ရက္ခိုင့်တပ်တော်မှ ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသော ထိုးစစ်များ၌ ထိုးစစ်မစမီကပင် မိမိတို့သည် စစ်ကောင်စီ၏ တပ်စခန်းတိုင်းကို လက်နက်ချအညံ့ခံရန် အကြောင်းကြားလေ့ရှိသကဲ့သို့ ဤကဲ့သို့ လက်နက်ချ အညံ့ခံရန်လည်း ထုတ်ပြန်ချက်များကို အကြိမ်ကြိမ်ထုတ်ပြန်ထားပြီးဖြစ်သည်။ လက်နက်ချအညံ့ခံသောသူများ၊ အလံဖြူထောင်သောသူများနှင့် စစ်အတွင်းဖမ်းဆီးရမိသော စစ်သုံ့ပန်းများအား မိမိတို့အနေဖြင့် နိုင်ငံတကာဥပဒေ၊ ဂျီနီဗာကွန်ဗင်းရှင်းအတိုင်း အသက်ချမ်းသာရာပေးပြီး ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ကာ ၎င်းတို့၏ ဆန္ဒအတိုင်း အလေးထား ဆောင်ရွက်ပေးလျက်ရှိသည်။ ထို့အတူ လက်နက်ချအညံ့မခံသေးသော စခန်းတိုင်းကို ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်သွားမည်ဖြစ်သည်။

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ပထမရက်သတ္တပတ်အတွင်းဖြစ်ပွားခဲ့သော ရေကြောင်းတိုက်ပွဲတွင် ရန်သူ၏ စစ်သင်္ဘောများအား မိမိတို့ အထူးတိုက်ခိုက်ရေးတပ်ဖွဲ့မှ ဗျူဟာမြောက်စွာ တိုက်ခိုက်ထားနိုင်ခဲ့သည်။ ဖေဖော်ဝါရီလ (၇/၈) ရက်များအတွင်း၌ စစ်ကောင်စီ၏ စစ်သင်္ဘော (၂) စီး၊ ဇက်သင်္ဘော (၁) စီးတို့အား ရက္ခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ အပေါက်ဝရွာအနီး၌ အပြတ်အသတ် တိုက်ခိုက်နိုင်ခဲ့ပြီး အဆိုပါ သင်္ဘော (၃) စီးစလုံးအား ရေထဲနစ်မြုပ်အောင် ပြုလုပ်နိုင်ခဲ့သည်။ ထို့အပြင် ဤသင်္ဘော (၃) စီးအား ကယ်တင်ရန်ထပ်မံ၍ လာခဲ့သော အခြားသော စစ်သင်္ဘော (၄) စီးကိုလည်း အနားကပ်၍ မရနိုင်အောင် လမ်းခုလတ်၌ပင် တိုက်ခိုက်နိုင်ခဲ့သည်။

ဖေဖော်ဝါရီလ (၉) ရက်၊ ညီနောင်မဟာမိတ် (၃) ဖွဲ့မှ သတင်းထုတ်ပြန်ချိန်တွင် အခြားသော စစ်သင်္ဘော (၁) စီးဟု ဖော်ပြခဲ့သော်လည်း နောက်ဆုံးရရှိသော နောက်ဆက်တွဲ တိုက်ပွဲသတင်းအရမူ ရန်သူဘက်မှ ရေထဲနစ်မြုပ်ခဲ့သော စစ်သင်္ဘော (၃) စီးအပြင် နောက်ထပ်အထိနာခဲ့သော စစ်သင်္ဘော (၄) စီးအထိ ရှိခဲ့သည်။ ဤရေကြောင်းတိုက်ပွဲအတွင်း ရန်သူ၏ လေကြောင်းမှ ရဟတ်ယာဉ်၊ ဒရော့ဗုံးများဖြင့် မရပ်မနား တောက်လျှောက်တိုက်ခိုက်နေခဲ့သည့်ကြားမှ ရန်သူ၏ စစ်သင်္ဘောများကို မိမိတို့မှ အပြတ်အသတ်တိုက်ခိုက်နိုင်ခဲ့ခြင်းဖြစ်သည်။ ရက္ခိုင့်တပ်တော်၏သမိုင်းတွင် ဖေဖော်ဝါရီလ (၈) ရက်နေ့သည် အာရက္ခ ရေပြင်ထက်တွင် ရန်သူ့သင်္ဘောများအား အလဲထိုးပြီး အောင်ပွဲရယူနိုင်ခဲ့သော နေ့တစ်နေ့ဖြစ်ခဲ့သည်။

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၃) ရက်နေ့မှစ၍ ရက္ခိုင်နှင့် ပလက်ဝဒေသ မိမိတို့၏ ထိုးစစ်များအောက်တွင် လက်နက်ချအညံ့ခံသော ရန်သူများနှင့် ရန်သူ့မိသားစုဝင်များကို ကောင်းစွာလက်ခံပြီး ကောင်းစွာ ကျွေးမွေးထားသည်ကို မိမိတို့လက်ထဲတွင်ရှိသော ရန်သူများနှင့် ၎င်းတို့၏ မိသားစုဝင်များအားလုံး အသိပင်ဖြစ်သည်။ စစ်သုံ့ပန်းများအပေါ်သဘောထားမှာ ယခင်လည်းဤသို့ ယခုလည်းဤသို့ပင်ဖြစ်သည်။
229👍89🔥4❤‍🔥3
ဖေဖော်ဝါရီလ (၇/၈) ရေကြောင်းတိုက်ပွဲတွင် မိမိတို့၏ ဗျူဟာမြောက်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီ၏ စစ်သင်္ဘော (၃) စီးစလုံးသည် ချက်ကောင်းကိုထိ၍ အထိနာခဲ့သည်။ သင်္ဘောများ စင်းလုံးပြတ် နစ်မြုပ်ရန် ဖြစ်နေသော အချိန်တွင် မိမိတို့မှ လက်နက်ချ အညံ့ခံရန်၊ အလံဖြူထောင်ရန် လော်စပီကာများဖြင့် (၃) ကြိမ်တိုင် ပြောကြားခဲ့သော်လည်း နားထောင်ခြင်းမရှိဘဲ မိမိတို့အား တန်ပြန်ခုခံတိုက်ခိုက်နေသေးသည့်အပြင် လေကြောင်းမှ ဒရော့ဗုံးများဖြင့် အပြင်းအထန်ခုခံကာကွယ်ရန် ကြိုးစားသည့် လုပ်ရပ်ကိုသာ ပြုလုပ်နေခဲ့သည်။

မိမိတို့မှ အဆိုပါသင်္ဘော (၃) စီးပေါ်တွင် လိုက်ပါလာသောသူများ အသက်ချမ်းသာရာရရှိမည့် အခွင့်အရေးအဖြစ် နောက်ဆုံးအကြိမ် အချိန်နာရီဝက် (မိနစ် ၃၀) ထပ်ပေးသည့်အချိန်တွင်လည်း ရန်သူသည် မိမိတို့အား ဒရော့ဗုံးများဖြင့် စုပြုံပစ် လာရောက်တိုက်ခိုက်နေခဲ့သောကြောင့် မိမိတို့တပ်ဖွဲ့ဝင် (၁၀) ကျော်ထိခိုက်ဒဏ်ရာရခဲ့ပြီး ကျဆုံးသူအချို့ရှိခဲ့သည်။ အကယ်၍ မိမိတို့မှ လက်နက်ချအညံ့ခံရန် ပြောကြားသည်ကို နားထောင်ခဲ့ပါက သင်္ဘောပေါ်ပါလာသောသူများမှာ အသက်ချမ်းသာခွင့် ရရှိကြမည်ဖြစ်သည်။ အမှန်တကယ်လည်း အဆိုပါဖြစ်စဉ်၌ အသက်မသေဘဲ ရေကူးလွတ်မြောက်လာသောသူများစွာတို့အား မိမိတို့မှ ကယ်တင်ထားနိုင်ခဲ့သည်။ ဤကဲ့သို့ ကယ်တင်ရာတွင် အာရက္ခစစ်သည်တစ်ဦး အသက်ဆုံးရှုံးခဲ့ရသည်။

စစ်ကောင်စီ၏‌ ရေတပ်စစ်သင်္ဘော (Navy) ၊ ဇက်သင်္ဘောများသည် ၎င်းတို့ချီတက်ရာလမ်းကြောင်း တစ်လျှောက်ရှိ မြစ်၊ ချောင်း နံဘေးရှိ မိမိတို့၏ ကျေးရွာများအား စစ်သင်္ဘောများပေါ်မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသန်းပစ်ခတ်ခြင်း၊ တမင်တကာရည်ရွယ်ချက်ရှိရှိ နေ့၊ ည အချိန်မရွေး ပစ်ခတ်တိုက်ခိုက်ခြင်းများကို နှစ်ရှည်လများပြုလုပ်လာခဲ့သည့် မှတ်တမ်းများ ရှိခဲ့သည်။ ယခုလည်း ယခင်နည်းတူ ရပ်ရွာများအတွင်းသို့ ပစ်ခတ်တိုက်ခိုက်ခြင်းများကို ပြုလုပ်ခဲ့သည်။ ထို့ကြောင့် အရပ်သားပြည်သူလူထုများ သေဆုံးမှု၊ ထိခိုက်ဒဏ်ရာရမှုများမှာ နေ့တိုင်းရှိခဲ့သည်။ မိမိတို့မှလည်း မိမိတို့ပြည်သူလူထုအား နေ့စဉ် သတ်ဖြတ်နေသော စစ်ကောင်စီ၏ရေတပ်အား လက်တုံ့ပြန်ခဲ့ခြင်းလည်း ဖြစ်သည်။

ရန်သူသည် ယခုတစ်ကြိမ် ရက္ခိုင်ဒေသတိုက်ပွဲများတွင် ရေတပ်ကို အလေးထားအသုံးပြုပြီး တိုက်ခိုက်ခဲ့သော်လည်း ရက္ခိုင့်တပ်တော်မှ ရန်သူ၏ ရေတပ်အား အကောင်းဆုံးတုံ့ပြန်တိုက်ခိုက်နိုင်ခဲ့သည်။

ဆက်လက်၍လည်း လက်နက်ချအညံ့ခံရန် ပြောကြားထားသော ရန်သူ့စစ်စခန်းများအနေဖြင့် အချိန်မီ လက်နက်ချအညံ့ခံရန် ထပ်မံအသိပေးလိုက်သည်။

သတင်းနှင့်ပြန်ကြားရေး
ရက္ခိုင့်တပ်တော်

Website Link: https://www.arakanarmy.net/
VK Link: https://vk.com/arakanarmyinfodesk
397👍85🥰11❤‍🔥10👏7🔥5😁5😢1🍾1
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၇/၈) ရက်နေ့များတွင် ရက္ခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ အပေါက်ဝရွာအနီး၌ ရက္ခိုင့်တပ်တော်မှ ဗျူဟာမြောက်တိုက်ခိုက်ခဲ့ပြီးနောက် တွေ့ရသော အကြမ်းဖက်စစ်ကောင်စီ၏ စစ်သင်္ဘော (၂) စီးနှင့် ဇက်သင်္ဘော (၁) စီး။
❤‍🔥373257👍139👏36🥰29🍾17🙏8🔥7😍7😁5
အကြမ်းဖက်စစ်ကောင်စီမှ အပြစ်မဲ့အရပ်သားပြည်သူလူထုအား မတရားဖမ်းဆီးသတ်ဖြတ်ပြီး စစ်ရာဇဝတ်မှုများ ကျူးလွန်နေခြင်းနှင့်ပတ်သက်၍ ထုတ်ပြန်ချက်

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၁) ရက်

ရက္ခိုင် နှင့် ပလက်ဝ စစ်မျက်နှာများတွင် စစ်စခန်း တစ်ခုပြီးတစ်ခု နေ့စဉ်ရက်ဆက် လက်လွှတ်ဆုံးရှုံး နေသော စစ်ရှုံးစစ်ကောင်စီသည် ရက္ခိုင်ဒေသတွင်းရှိ အရပ်သား ပြည်သူများနေသော မြို့၊ ရွာများနှင့် အဆောက်အအုံများအား ပစ်မှတ်ထားတိုက်ခိုက်ခြင်း၊ မီးရှို့ဖျက်ဆီးခြင်းများ အပါအဝင် လုပ်ကြံစွပ်စွဲချက်အမျိုးမျိုးဖြင့် အပြစ်မဲ့ အရပ်သားပြည်သူများအား မတရားဖမ်းဆီး သတ်ဖြတ်ခြင်း၊ ဓားစာခံများအဖြစ်အသုံးပြုကာ လူသားဒိုင်းကာ ပြုလုပ်ခြင်း၊ မတရားဖမ်းဆီးချုပ်နှောင်ထားသော အချုပ်သားများအား သတ်ဖြတ်ခြင်း စသည့် စစ်ရာဇဝတ်မှုများကို ပြောင်ပြောင်တင်းတင်း လက်ရဲဇက်ရဲ ကျုးလွန်လျက်ရှိသည်။

ယင်းသို့ အကြမ်းဖက်စစ်ကောင်စီ ကျူးလွန်ထားသည့် စစ်ရာဇဝတ်မှုပေါင်း မြောက်မြားစွာရှိသည့်အနက် မြောက်ဦးအခြေစိုက် စစ်ကောင်စီ၏ ခမရ (၃၇၈) တပ်ရင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦးသည် မတရား သဖြင့် ဖမ်းဆီးချုပ်နှောင်ထားသော မြောက်ဦးမြို့နယ်မှ အပြစ်မဲ့အရပ်သားပြည်သူများဖြစ်ကြသော-

(၁) ကိုကျော်ဇံဝေ (ခ) ဖိုးလပြည့် (ခ) ရင်ဆို့
(၂) သတင်းသမား ကိုမြတ်သူထွန်း (ခ) ဖိုးသီဟ
(၃) ကိုကျော်သိန်းလှိုင်
(၄) ကိုကျော်ဝင်းလှိုင်
(၅) ကိုကိုညွန့်
(၆) ကိုဝင်းနိုင်
(၇) ကိုပြည့်စုံဝင်း တို့ (၇) ဦးအား ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ (၃၁) ရက်နေ့၊ နေ့လယ် (၂) နာရီခန့်အချိန်တွင် အဆိုပါ မြောက်ဦးအခြေစိုက်၊ ခမရ (၃၇၈) တပ်ရင်း အချုပ်ခန်းထဲ၌ ရက်ရက်စက်စက် မသေမချင်း သေနတ်ဖြင့် ပစ်သတ်ခဲ့ကြပြီး ရုပ်အလောင်းများအား (၃၇၈) တပ်ရင်းဆေးရုံအနီး ဗုံးခိုကျင်းထဲ၌ မြှုပ်ကာ အလောင်းဖျောက်ဖျက်ခဲ့ကြသည်။¬

ထို့အပြင် မင်းပြားအခြေစိုက် အကြမ်းဖက် စစ်ကောင်စီတပ် ခမရ (၃၇၉) တပ်ရင်းမှ တပ်ဖွဲ့ဝင်များသည်လည်း လုပ်ကြံစွပ်စွဲချက်မျိုးစုံဖြင့် ပုဒ်မအမျိုးမျိုးတပ်ကာ ၎င်းတို့ မတရားဖမ်းဆီး ချုပ်နှောင်ထားသော ရသေ့တောင်မြို့နယ်မှ ကိုညီညီအောင် (ခ) အောင်ဇော်ဝင်း နှင့် မင်းပြားမြို့နယ်မှ ဦးကျော်ညွန့် တို့ (၂) ဦးအား ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁၉) ရက်နေ့၊ ညနေ (၃) နာရီ (၄၅) မိနစ်အချိန်ခန့်တွင် ခမရ (၃၇၉) အချုပ်ခန်းထဲ၌ မသေမချင်း သေနတ်ဖြင့် ပစ်သတ်ခဲ့ကြသည်။

အကြမ်းဖက်စစ်ကောင်စီ၏ အပြစ်မဲ့ပြည်သူများအား မတရားဖမ်းဆီးသတ်ဖြတ်သည့် စစ်ရာဇဝတ်မှု ကျူးလွန်သော အလားတူ လုပ်ရပ်ပေါင်းမြောက်မြားစွာကို ရက္ခိုင်နှင့် ပလက်ဝဒေသတွင်သာမက မြန်မာနိုင်ငံအနှံ့ ၌ စစ်ကောင်စီက ဗြောင်ကျကျ ဆက်တိုက် ကျူးလွန်လျက်ရှိသည်။

မိမိတို့ အာရက္ခပြည်သူ့အစိုးရအနေဖြင့် အဆိုပါစစ်ရာဇဝတ်မှုကျူးလွန်သူများအား ၎င်းတို့ ကျူးလွန်ခဲ့သည့် ပြစ်မှုနှင့်အညီ ပြစ်ဒဏ်ပေးသွားမည်ဖြစ်ပြီး ကျူးလွန်ခံရသောကာယကံရှင် နှင့် မိသားစုများအတွက် တရားမျှတမှုရရှိအောင် ထိရောက်ပြတ်သားစွာ ဆောင်ရွက်သွားပါမည်။

သတင်းနှင့်ပြန်ကြားရေး
ရက္ခိုင့်တပ်တော်
😢306👍91💔157🙏6🥰3🌚2😁1
😢716💔37👍21😁7🥰6🍾2🕊1
စစ်ကောင်စီတပ်၏ မြောက်ဦးအခြေစိုက် ခမရ (၃၇၇) နှင့် ခမရ (၃၇၈) တို့ကို ရက္ခိုင့်တပ်တော်မှ အပြီးသတ်သိမ်းပိုက်ပြီးနောက် သိမ်းဆည်းရရှိခဲ့သော လက်နက်ခဲယမ်းမီးကျောက်များ

#AAInfoDesk
February 12, 2024

Website Link: https://www.arakanarmy.net/
VK Link: https://vk.com/arakanarmyinfodesk
511👍101🍾14🥰12😱12👏8😍6❤‍🔥5🔥5🏆4🤩3