မြောက်ဦးအခြေစိုက် အကြမ်းဖက် စစ်ကောင်စီ၏ ခမရ (၅၄၀) တပ်ရင်းတစ်ရင်းလုံးအား ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၃၀) ရက်နေ့၊ ည (၁၁) နာရီ (၄၅) မိနစ် အချိန်ခန့်တွင် ရက္ခိုင့်တပ်တော်မှ အပြီးသတ်ချေမှုန်း သိမ်းပိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်ထံမှ ရက္ခိုင့်တပ်တော် သိမ်းဆည်းရရှိခဲ့သော လက်နက်ခဲယမ်း မီးကျောက်များနှင့် စစ်အသုံးအဆောင်ပစ္စည်းများ
(သတင်းဓာတ်ပုံ အချို့)
#AAInfoDesk
February 2, 2024
Website Link: https://www.arakanarmy.net/
VK Link: https://vk.com/arakanarmyinfodesk

❤803👍240🥰28🎉24🍾17👏16❤🔥13🙏12🌭5🔥2👎1
တိုက်ပွဲသတင်းထုတ်ပြန်ချက်
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၇) ရက်
ဘင်္ဂလာ-ရက္ခိုင်နယ်စပ်၊ မောင်တောမြို့မြောက်ပိုင်းရှိ နယ်ခြားစောင့်တပ်စခန်း (တစ်နည်း) ဗျူဟာစခန်းနှစ်ခုဖြစ်သော တောင်ပြို (လက်ဝဲ- လက်ယာ) ဗျူဟာစခန်းတို့အား ရက္ခိုင့်တပ်တော်မှ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၄) ရက်နေ့၊ နံနက် (၅) နာရီ (၁၀) မိနစ်တွင် စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။ ယင်းနေ့ ညနေ (၆) နာရီခန့်တွင် တောင်ပြို (လက်ယာ) ဗျူဟာစခန်း တစ်ခုလုံးအား ရက္ခိုင့်တပ်တော်မှ (၁၂) နာရီအတွင်း အလုံးစုံသိမ်းပိုက်ရယူနိုင်ခဲ့သည်။ တောင်ပြို (လက်ယာ) တွင် ရဲမှူး အောင်စည်သူအေး (နခခ-၂) နှင့် တောင်ပြို (လက်ဝဲ) တွင် ဒု-ရဲမှူးကြီး ကျော်နိုင်စိုးတို့ ဦးစီးခဲ့ကြောင်းသိရှိရသည်။
တောင်ပြို (လက်ယာ) ကို အပြီးသတ်သိမ်းပိုက်ခဲ့ပြီးနောက် တစ်ဆက်တည်း၌ပင် ဖေဖော်ဝါရီလ (၆) ရက်နေ့၊ ညနေပိုင်းတွင် တောင်ပြို (လက်ဝဲ) စခန်းကိုလည်း အပြီးသတ်သိမ်းပိုက်ရယူနိုင်ခဲ့သည်။ ရက္ခိုင့်တပ်တော်မှ ဤသို့ ထိုးစစ်ဆင်တိုက်ခိုက်မှု ကြောင့် တောင်ပြို (လက်ဝဲ/လက်ယာ) ဗျူဟာစခန်းနှစ်ခုစလုံးမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် နယ်ခြားစောင့်တပ်ဖွဲ့ဝင်များ အရေအတွက် စုစုပေါင်းအင်အား (၂၀၀) အထက်သည် ဘင်္ဂလာဒေ့ရှ်-ရက္ခိုင်နယ်စပ်ရှိ နယ်ခြားမြစ်ဖြစ်သည့် “နတ်မြစ်”ကို ကျော်ဖြတ်ပြီး မောင်တော ဖက်ခြမ်းမှ ဘင်္ဂလာဒေ့ရှ်နယ်စပ်ဖက်ခြမ်းသို့ လက်နက်များဖြင့် ထွက်ပြေးလွတ်မြောက်သွားခဲ့ ကြသည်။
ရန်သူ့စခန်းများကျဆုံးပြီးနောက် ဖရိုဖရဲဖြစ်နေသည့်တစ်ပြိုင်နက်တည်းတွင် ကစဉ့်ကလျားထွက်ပြေးလွတ်မြောက်နေသော ရန်သူ့တပ်ဖွဲ့ဝင်များအား ရက္ခိုင့်တပ်တော်မှ ဆက်တိုက်လိုက်လံရှင်းလင်းခဲ့သည်။ စခန်းရှင်းလင်းရေးလုပ်နေစဉ်အတွင်း ဘင်္ဂလီလက်နက်ကိုင်တပ်ဖွဲ့နှစ်ဖွဲ့ဖြစ်ကြသည့် ARA နှင့် RSO တပ်ဖွဲ့ဝင်များနှင့် ကြိုတင်ပူးပေါင်းထားသည့် စစ်ကောင်စီ၏ နယ်ခြားစောင့်တပ်ဖွဲ့ဝင်များသည် တောင်ပြို (လက်ဝဲ/လက်ယာ) စခန်းများအတွင်းမှ မိမိတို့အား အပြင်းအထန် ခုခံတိုက်ခိုက် ခဲ့ကြသည်။ အဆိုပါဗျူဟာစခန်းသိမ်းတိုက်ပွဲအတွင်း မိမိတို့အနေဖြင့် စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ်ဖွဲ့ဝင် များ၏ အလောင်းအမြောက်အမြား၊ ARA နှင့် RSO တပ်ဖွဲ့ဝင်များ၏ အလောင်းအချို့အပါအဝင် ရန်သူ့လက်နက်ခဲယမ်း အမြောက်အမြားတို့ကို သိမ်းဆည်းရမိခဲ့သည်။
တောင်ပြို (လက်ယာ) စခန်းအား ထိုးစစ်ဆင်တိုက်ခိုက်မှုမပြုလုပ်ခင်ကတည်းကပင် တောင်ပြို (လက်ဝဲ/လက်ယာ) စခန်း နှစ်ခုစလုံးမှ နယ်ခြားစောင့်တပ်မှူးများနှင့် ဘင်္ဂလီလက်နက်ကိုင်တပ်ဖွဲ့နှစ်ဖွဲ့ဖြစ်ကြသော (ARA) နှင့် (RSO) တပ်ဖွဲ့ဝင်များ သည် ကြိုတင်ညှိုနိူင်းမှုပြုလုပ်ခဲ့ကာ နားလည်မှုရယူထားခဲ့ပြီး ထွက်ပြေးရန်အခြေအနေကြုံလာပါက ၎င်းစစ်ကောင်စီတပ် စခန်းများရှိ လက်နက်ခဲယမ်းများကို ဘင်္ဂလာဒေ့ရှ်ငွေ တာကာ (Taka) ဆယ်သန်းဖြင့် ရောင်းချထားခဲ့ကြောင်းနှင့် ဘင်္ဂလာဒေ့ရှ်နိုင်ငံအတွင်းသို့ ထွက်ပြေးဝင်ရောက်နိုင်ရန်အတွက် ARA အဖွဲ့ထံ အကူအညီတောင်းခံခဲ့ကြောင်း စသည့် အချက်အလက်များအား မိမိတို့ ဖမ်းဆီးရမိထားသော စစ်သုံ့ပန်းများထံမှ သိရှိရသည်။
ထို့အပြင် မိမိတို့အနေဖြင့် အဆိုပါသုံ့ပန်းများထံမှ ဆက်လက်သိရှိရသည်မှာ နယ်ခြားစောင့်တပ်များနှင့် နိုဘီဟူဆောင်း ခေါင်းဆောင်သည့် ARA (Arakan Rohingya Army) အဖွဲအစည်းတို့သည် ရင်းနှီးသောဆက်ဆံရေးအပြင် အပေးအယူများနှင့် အတူ နားလည်မှုရှိရှိဖြင့်နေခဲ့ကြကြောင်း သိရှိရသည်။ မိမိတို့ သိမ်းဆည်းရမိသည့် ARA တပ်စခန်းများထဲတွင် တောင်ပြို (လက်ဝဲ/လက်ယာ) ရဲမှူးများမှ တာကာဆယ်သန်းဖြင့်ရောင်းချခဲ့သော လက်နက်ခဲယမ်းများအပြင် မိမိတို့သိမ်းပိုက်နေစဉ် စပ်ကြား အဆိုပါဗျူဟာစခန်းများရှိ လက်နက်ဂိုဒေါင်များမှ လုယူသွားသော လက်နက်ခဲယမ်းများ၊ ပလတ်စတစ်လက်နက် များ၊ WY မူးယစ်ဆေးဝါး (၆၉) ထုပ်နှင့် ရေခဲ (၂၈) ထုပ်တို့ကိုလည်း ARA စခန်းအတွင်းမှ သိမ်းဆည်းရမိခဲ့သည်။
ARA တပ်စခန်းသည် နတ်မြစ်ကမ်းစပ်တွင် အင်္ဂတေ၊ အုတ်များဖြင့်တည်ဆောက်ထားသော အခိုင်အမာစခန်းတစ်ခုဖြစ်သည့် အပြင် အင်္ဂတေလူသွားလမ်းများဖြင့် တောင်ပြို (လက်ဝဲ) နှင့်ချိတ်ဆက်ထားသည်ကိုလည်း တွေ့ရှိရသည်။ တောင်ပြို (လက်ဝဲ) စခန်းနှင့် ARA ၏ အဓိကစခန်းသည် အဖြောင့်တိုင်းလျှင် မီတာ (၁၀၀၀) တစ်ထောင်ကျော်သာ ဝေးသည်။ ဤကဲ့သို့ အကွာအဝေးတွင် ထိုသို့အခိုင်အမာစခန်းတစ်ခုရှိနေခြင်းမှာ နယ်ခြားစောင့်တပ်ဖွဲ့နှင့် ARA အဖွဲ့ကြား အပေးအယူနှင့် နားလည် မှုတို့ မည်ရွေ့မည်မျှရှိနေသည်ကို ခန့်မှန်းတွက်ချက်နိုင်သည်။ ထို့အပြင် ARA စခန်း၏ တစ်ဖက်ကမ်းတွင်ရှိသော ဘင်္ဂလာဒေ့ရှ် နိုင်ငံအတွင်းသို့ ပုံမှန်ဝင်ထွက်သွားလာနေကြသည့် လက္ခဏာများကိုလည်း ထင်ရှားစွာတွေ့ရှိရသည်။ ARA အဓိကစခန်း၏ တစ်ဖက်ကမ်းတွင် ဘင်္ဂလာဒေ့ရှ်နယ်ခြားစောင့်တပ် BGB (Border Guard Bangladesh) တပ်စခန်းတစ်ခုလည်းရှိနေသည်။

👍268❤128🔥10❤🔥3🍾3😱2🌚1
ရန်သူ့လက်နက်ဂိုဒေါင်များမှ လက်နက်ခဲယမ်းအချို့ကို ARA အဖွဲ့မှ ရယူနိုင်ခဲ့ခြင်းမှာ ၎င်းအချိန်တွင် ရန်သူ့စခန်းများအတွင်း၌ ၎င်းတို့သည် အတူရှိနေခဲ့ကြပြီး မိမိတို့၏ ထိုးစစ်ကို နယ်ခြားစောင့်တပ်နှင့် ARA တပ်ဖွဲတို့ပူးပေါင်း၍ ခုခံတိုက်ခိုက်နေခဲ့ကြ စဉ်အတွင်း အဆိုပါစခန်းအတွင်းမှ လက်နက်ခဲယမ်းများကို အချိန်တိုအတွင်း ရသမျှကို သိမ်းကြုံးယူဆောင်သွားနိုင်ခဲ့သော ကြောင့် ဖြစ်သည်။ ARA အဖွဲ့သည် အဆိုပါလက်နက်ခဲယမ်းများကို ဘင်္ဂလာဒေ့ရှ်နိုင်ငံအတွင်းမှ ဝင်ရောက်၍ ကားတစ်စီးဖြင့် သယ်ယူသွားခဲ့ကြောင်း သိရှိရသည်။
ထို့အပြင် မိမိတို့အနေဖြင့် အဆိုပါသုံ့ပန်းများအား ဆက်လက်စစ်ဆေးလျက်ရှိပြီး ထပ်မံသိရှိရသည်များရှိပါက ဆက်လက် တင်ပြပေးသွားပါမည်။
တစ်ပြိုင်နက်တည်းတွင် ဘင်္ဂလာ-ရက္ခိုင်နယ်စပ်ရှိ လူ့အဖွဲ့အစည်းတစ်ခုလုံး ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ လုံခြုံရေးနှင့် လူမှုသဟဇာတဖြစ်ရေးတို့အတွက် အဓိက အထူးအလေးထားဆောင်ရွက်လျက်ရှိပြီး လုံခြုံရေးဆိုင်ရာအစီအမံများကိုလည်း မိမိတို့ အာရက္ခပြည်သူ့အစိုးရအနေဖြင့် အထူးအလေးပြုဆောင်ရွက်သွားမည်ဖြစ်ပါသည်။
သတင်းနှင့်ပြန်ကြားရေး
ရက္ခိုင့်တပ်တော်

👍347❤209🥰21🙏11❤🔥5🌚3🍾3🔥2
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၄/၅/၆) ရက်နေ့များတွင် အကြမ်းဖက်စစ်ကောင်စီတပ်၏ လက်အောက်ခံ ဘင်္ဂလာ-ရက္ခိုင် နယ်ခြားစောင့်တပ်စခန်းများဖြစ်သော တောင်ပြို (လက်ဝဲ/လက်ယာ) စခန်းများနှင့် ARA၊ RSO စခန်းတို့ကို ရက္ခိုင့်တပ်တော်မှ အပြီးသတ်သိမ်းပိုက်ပြီးနောက် သိမ်းဆည်းရရှိခဲ့သော လက်နက်ခဲယမ်းမီးကျောက်များ၊ စစ်အသုံးအဆောင်ပစ္စည်းများနှင့် မူးယစ်ဆေးဝါးများ
#AAInfoDesk
February 7, 2024
#AAInfoDesk
February 7, 2024
❤718👍263🥰146👏29❤🔥27🙏22💯15🍾15😱14👌5🔥4
Breaking News
ပလက်ဝမြို့အား အကြမ်းဖက် စစ်ကောင်စီမှ ယနေ့ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၁) ရက်၊ ညနေ (၄) နာရီ (၄၅) မိနစ်အချိန်တွင် ဂျက်ဖိုက်တာ တစ်စီးဖြင့် (၂) ကြိမ် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး လေယာဉ်ပေါ်မှ စက်သေနတ်ဖြင့်ပါ ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် အပြစ်မဲ့ အရပ်သား ပြည်သူတစ်ဦး(ကလေးငယ်) သေဆုံးကာ တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
#AAInfoDesk
February 11, 2024

😢435🤬102👍44🙏11❤10🥰5🔥4🥱4❤🔥3🌚3😈2
ရေကြောင်းတိုက်ပွဲသတင်းထုတ်ပြန်ချက်
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၁) ရက်
ရက္ခိုင်ဒေသအတွင်း၌ဖြစ်ပွားလျက်ရှိသော တိုက်ပွဲများသည် ယခုရက်များအတွင်း ပို၍ပြင်းထန်ခဲ့သည်။ ရက္ခိုင့်တပ်တော်၏ တစ်ရက်မျှရပ်တန့်ခြင်းမရှိသော ထိုးစစ်ဆင်တိုက်ခိုက်မှုအောက်တွင် အကြမ်းဖက်စစ်ကောင်စီသည် ကြည်း၊ ရေ၊ လေ ၏ ပူးပေါင်းခုံခံစစ်များဖြင့် အသည်းအသန်ခုခံကာကွယ်သော်လည်း စစ်ကောင်စီ၏ ခံစစ်တိုင်းကို ရိုက်ချိုးပြီး မင်းပြား၊ ကျောက်တော်၊ မြောက်ဦးမြို့များရှိ စစ်ကောင်စီ၏ တပ်မဌာနချုပ်၊ စကခဌာနချုပ်၊ တပ်ရင်းဌာနချုပ်၊ ရဲတပ်ရင်းစခန်းများ၊ ရဲစခန်းများတစ်ခုမကျန်ကို အပြီးသတ်သိမ်းပိုက်ရယူထားပြီးဖြစ်သည်။ အခြားတစ်ဖက်တွင် စစ်ကောင်စီသည် စခန်းများ ကျဆုံးပြီးသည့်နောက်တွင် မိမိတို့အား တန်ပြန်ထိုးစစ်ဆင်တိုက်ခိုက်ရန် ကြိုးစားခဲ့သေးသော်လည်း အချည်းနှီးသာ ဖြစ်ခဲ့သည်။
ဤမြို့သုံးမြို့စလုံးမှ ရန်သူ့စခန်းများအားလုံးကို ရက္ခိုင့်တပ်တော်မှ အပြီးသတ်သိမ်းပိုက်ရန် စတင်ထိုးစစ်ဆင် တိုက်ခိုက်သည့်ရက်မှ ရန်သူ၏နောက်ဆုံး စခန်းကိုသိမ်းပိုက်လိုက်သည့်အချိန်အထိ တစ်လကျော်ကြာမြင့်ခဲ့သည်။ အခြားတစ်ဖက်တွင် ထိုးစစ်မစတင်မီကပင် အဆိုပါစခန်းအများစုအား ရက္ခိုင့်တပ်တော်မှ နှစ်ရှည်လများ ဝိုင်းရံပိတ်ဆို့ ဖြတ်တောက်ထားပြီးဖြစ်သည်။ အချို့သော စခန်းများကို သိမ်းပိုက်ရန် ရက်အနည်းငယ်မျှသာ ကြာမြင့်သော်လည်း အချို့သော စခန်းကြီးများကိုမူ ရက်သတ္တပတ် (၃) ပတ်မှ (၄) ပတ်ကျော်အထိ အပြင်းအထန် တိုက်ခိုက်ခဲ့ရသည်။
ရက္ခိုင်ဒေသအတွင်း ယခုတစ်ကြိမ်ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း၌ စစ်ကောင်စီသည် ကြည်း၊ ရေ၊ လေ ပူးပေါင်းခုခံစစ်ကို ဆင်နွှဲခဲ့သည်ဆိုသော်လည်း ကြည်းတပ်ထက် ရေတပ်နှင့် လေတပ်ကိုသာ ပိုမိုအားထား အသုံးပြုခဲ့သည်ကို တွေ့ရှိရသည်။ မိမိတို့အနေဖြင့်လည်း စစ်ကောင်စီ၏ ရေတပ်ကို ယခင်က ကြီးကြီးမားမားမတုံ့ပြန်နိုင်ခဲ့သော်လည်း ယခုတစ်ကြိမ်၌မူ အထိနာအောင် ပြုလုပ်နိုင်ခဲ့သည်။
ရက္ခိုင်နှင့် ပလက်ဝဒေသအတွင်း ရက္ခိုင့်တပ်တော်မှ ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသော ထိုးစစ်များ၌ ထိုးစစ်မစမီကပင် မိမိတို့သည် စစ်ကောင်စီ၏ တပ်စခန်းတိုင်းကို လက်နက်ချအညံ့ခံရန် အကြောင်းကြားလေ့ရှိသကဲ့သို့ ဤကဲ့သို့ လက်နက်ချ အညံ့ခံရန်လည်း ထုတ်ပြန်ချက်များကို အကြိမ်ကြိမ်ထုတ်ပြန်ထားပြီးဖြစ်သည်။ လက်နက်ချအညံ့ခံသောသူများ၊ အလံဖြူထောင်သောသူများနှင့် စစ်အတွင်းဖမ်းဆီးရမိသော စစ်သုံ့ပန်းများအား မိမိတို့အနေဖြင့် နိုင်ငံတကာဥပဒေ၊ ဂျီနီဗာကွန်ဗင်းရှင်းအတိုင်း အသက်ချမ်းသာရာပေးပြီး ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ကာ ၎င်းတို့၏ ဆန္ဒအတိုင်း အလေးထား ဆောင်ရွက်ပေးလျက်ရှိသည်။ ထို့အတူ လက်နက်ချအညံ့မခံသေးသော စခန်းတိုင်းကို ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်သွားမည်ဖြစ်သည်။
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ပထမရက်သတ္တပတ်အတွင်းဖြစ်ပွားခဲ့သော ရေကြောင်းတိုက်ပွဲတွင် ရန်သူ၏ စစ်သင်္ဘောများအား မိမိတို့ အထူးတိုက်ခိုက်ရေးတပ်ဖွဲ့မှ ဗျူဟာမြောက်စွာ တိုက်ခိုက်ထားနိုင်ခဲ့သည်။ ဖေဖော်ဝါရီလ (၇/၈) ရက်များအတွင်း၌ စစ်ကောင်စီ၏ စစ်သင်္ဘော (၂) စီး၊ ဇက်သင်္ဘော (၁) စီးတို့အား ရက္ခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ အပေါက်ဝရွာအနီး၌ အပြတ်အသတ် တိုက်ခိုက်နိုင်ခဲ့ပြီး အဆိုပါ သင်္ဘော (၃) စီးစလုံးအား ရေထဲနစ်မြုပ်အောင် ပြုလုပ်နိုင်ခဲ့သည်။ ထို့အပြင် ဤသင်္ဘော (၃) စီးအား ကယ်တင်ရန်ထပ်မံ၍ လာခဲ့သော အခြားသော စစ်သင်္ဘော (၄) စီးကိုလည်း အနားကပ်၍ မရနိုင်အောင် လမ်းခုလတ်၌ပင် တိုက်ခိုက်နိုင်ခဲ့သည်။
ဖေဖော်ဝါရီလ (၉) ရက်၊ ညီနောင်မဟာမိတ် (၃) ဖွဲ့မှ သတင်းထုတ်ပြန်ချိန်တွင် အခြားသော စစ်သင်္ဘော (၁) စီးဟု ဖော်ပြခဲ့သော်လည်း နောက်ဆုံးရရှိသော နောက်ဆက်တွဲ တိုက်ပွဲသတင်းအရမူ ရန်သူဘက်မှ ရေထဲနစ်မြုပ်ခဲ့သော စစ်သင်္ဘော (၃) စီးအပြင် နောက်ထပ်အထိနာခဲ့သော စစ်သင်္ဘော (၄) စီးအထိ ရှိခဲ့သည်။ ဤရေကြောင်းတိုက်ပွဲအတွင်း ရန်သူ၏ လေကြောင်းမှ ရဟတ်ယာဉ်၊ ဒရော့ဗုံးများဖြင့် မရပ်မနား တောက်လျှောက်တိုက်ခိုက်နေခဲ့သည့်ကြားမှ ရန်သူ၏ စစ်သင်္ဘောများကို မိမိတို့မှ အပြတ်အသတ်တိုက်ခိုက်နိုင်ခဲ့ခြင်းဖြစ်သည်။ ရက္ခိုင့်တပ်တော်၏သမိုင်းတွင် ဖေဖော်ဝါရီလ (၈) ရက်နေ့သည် အာရက္ခ ရေပြင်ထက်တွင် ရန်သူ့သင်္ဘောများအား အလဲထိုးပြီး အောင်ပွဲရယူနိုင်ခဲ့သော နေ့တစ်နေ့ဖြစ်ခဲ့သည်။
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၃) ရက်နေ့မှစ၍ ရက္ခိုင်နှင့် ပလက်ဝဒေသ မိမိတို့၏ ထိုးစစ်များအောက်တွင် လက်နက်ချအညံ့ခံသော ရန်သူများနှင့် ရန်သူ့မိသားစုဝင်များကို ကောင်းစွာလက်ခံပြီး ကောင်းစွာ ကျွေးမွေးထားသည်ကို မိမိတို့လက်ထဲတွင်ရှိသော ရန်သူများနှင့် ၎င်းတို့၏ မိသားစုဝင်များအားလုံး အသိပင်ဖြစ်သည်။ စစ်သုံ့ပန်းများအပေါ်သဘောထားမှာ ယခင်လည်းဤသို့ ယခုလည်းဤသို့ပင်ဖြစ်သည်။

❤229👍89🔥4❤🔥3
ဖေဖော်ဝါရီလ (၇/၈) ရေကြောင်းတိုက်ပွဲတွင် မိမိတို့၏ ဗျူဟာမြောက်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီ၏ စစ်သင်္ဘော (၃) စီးစလုံးသည် ချက်ကောင်းကိုထိ၍ အထိနာခဲ့သည်။ သင်္ဘောများ စင်းလုံးပြတ် နစ်မြုပ်ရန် ဖြစ်နေသော အချိန်တွင် မိမိတို့မှ လက်နက်ချ အညံ့ခံရန်၊ အလံဖြူထောင်ရန် လော်စပီကာများဖြင့် (၃) ကြိမ်တိုင် ပြောကြားခဲ့သော်လည်း နားထောင်ခြင်းမရှိဘဲ မိမိတို့အား တန်ပြန်ခုခံတိုက်ခိုက်နေသေးသည့်အပြင် လေကြောင်းမှ ဒရော့ဗုံးများဖြင့် အပြင်းအထန်ခုခံကာကွယ်ရန် ကြိုးစားသည့် လုပ်ရပ်ကိုသာ ပြုလုပ်နေခဲ့သည်။
မိမိတို့မှ အဆိုပါသင်္ဘော (၃) စီးပေါ်တွင် လိုက်ပါလာသောသူများ အသက်ချမ်းသာရာရရှိမည့် အခွင့်အရေးအဖြစ် နောက်ဆုံးအကြိမ် အချိန်နာရီဝက် (မိနစ် ၃၀) ထပ်ပေးသည့်အချိန်တွင်လည်း ရန်သူသည် မိမိတို့အား ဒရော့ဗုံးများဖြင့် စုပြုံပစ် လာရောက်တိုက်ခိုက်နေခဲ့သောကြောင့် မိမိတို့တပ်ဖွဲ့ဝင် (၁၀) ကျော်ထိခိုက်ဒဏ်ရာရခဲ့ပြီး ကျဆုံးသူအချို့ရှိခဲ့သည်။ အကယ်၍ မိမိတို့မှ လက်နက်ချအညံ့ခံရန် ပြောကြားသည်ကို နားထောင်ခဲ့ပါက သင်္ဘောပေါ်ပါလာသောသူများမှာ အသက်ချမ်းသာခွင့် ရရှိကြမည်ဖြစ်သည်။ အမှန်တကယ်လည်း အဆိုပါဖြစ်စဉ်၌ အသက်မသေဘဲ ရေကူးလွတ်မြောက်လာသောသူများစွာတို့အား မိမိတို့မှ ကယ်တင်ထားနိုင်ခဲ့သည်။ ဤကဲ့သို့ ကယ်တင်ရာတွင် အာရက္ခစစ်သည်တစ်ဦး အသက်ဆုံးရှုံးခဲ့ရသည်။
စစ်ကောင်စီ၏ ရေတပ်စစ်သင်္ဘော (Navy) ၊ ဇက်သင်္ဘောများသည် ၎င်းတို့ချီတက်ရာလမ်းကြောင်း တစ်လျှောက်ရှိ မြစ်၊ ချောင်း နံဘေးရှိ မိမိတို့၏ ကျေးရွာများအား စစ်သင်္ဘောများပေါ်မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသန်းပစ်ခတ်ခြင်း၊ တမင်တကာရည်ရွယ်ချက်ရှိရှိ နေ့၊ ည အချိန်မရွေး ပစ်ခတ်တိုက်ခိုက်ခြင်းများကို နှစ်ရှည်လများပြုလုပ်လာခဲ့သည့် မှတ်တမ်းများ ရှိခဲ့သည်။ ယခုလည်း ယခင်နည်းတူ ရပ်ရွာများအတွင်းသို့ ပစ်ခတ်တိုက်ခိုက်ခြင်းများကို ပြုလုပ်ခဲ့သည်။ ထို့ကြောင့် အရပ်သားပြည်သူလူထုများ သေဆုံးမှု၊ ထိခိုက်ဒဏ်ရာရမှုများမှာ နေ့တိုင်းရှိခဲ့သည်။ မိမိတို့မှလည်း မိမိတို့ပြည်သူလူထုအား နေ့စဉ် သတ်ဖြတ်နေသော စစ်ကောင်စီ၏ရေတပ်အား လက်တုံ့ပြန်ခဲ့ခြင်းလည်း ဖြစ်သည်။
ရန်သူသည် ယခုတစ်ကြိမ် ရက္ခိုင်ဒေသတိုက်ပွဲများတွင် ရေတပ်ကို အလေးထားအသုံးပြုပြီး တိုက်ခိုက်ခဲ့သော်လည်း ရက္ခိုင့်တပ်တော်မှ ရန်သူ၏ ရေတပ်အား အကောင်းဆုံးတုံ့ပြန်တိုက်ခိုက်နိုင်ခဲ့သည်။
ဆက်လက်၍လည်း လက်နက်ချအညံ့ခံရန် ပြောကြားထားသော ရန်သူ့စစ်စခန်းများအနေဖြင့် အချိန်မီ လက်နက်ချအညံ့ခံရန် ထပ်မံအသိပေးလိုက်သည်။

ARAKAN ARMY
News & Informations | ARAKAN ARMY
❤397👍85🥰11❤🔥10👏7🔥5😁5😢1🍾1
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၇/၈) ရက်နေ့များတွင် ရက္ခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ အပေါက်ဝရွာအနီး၌ ရက္ခိုင့်တပ်တော်မှ ဗျူဟာမြောက်တိုက်ခိုက်ခဲ့ပြီးနောက် တွေ့ရသော အကြမ်းဖက်စစ်ကောင်စီ၏ စစ်သင်္ဘော (၂) စီးနှင့် ဇက်သင်္ဘော (၁) စီး။
❤🔥373❤257👍139👏36🥰29🍾17🙏8🔥7😍7😁5