ပလက်ဝဒေသရှိ မြိတ်ဝကျေးရွာမှ စစ်ဘေးရှောင်ပြည်သူများအား ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) မှ ဆန် နှင့် ငွေသားအချို့ ထောက်ပံ့ကူညီ
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၂၄) ရက်
ပလက်ဝဒေသရှိ မြိတ်ဝကျေးရွာအုပ်စု၊ မြိတ်ဝကျေးရွာမှ စစ်ဘေးရှောင်ပြည်သူများအား ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၂၄) ရက်နေ့တွင် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) မှ ဆန်နှင့် ငွေသားအချို့ကို ထောက်ပံ့ကူညီ ပေးခဲ့သည်။ အိမ်ထောင်စု တစ်စုလျှင် မြန်မာငွေ (၂၀၆၅၀၀) ကျပ် နှင့် ဆန် (၇၃) ဘူးကျစီကို အိမ်ထောင်စု စုစုပေါင်း (၁၂၁) စုအား ယနေ့ ဇန်နဝါရီလ (၂၄) ရက်နေ့တွင် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) မှ ထောက်ပံ့ကူညီပေးခဲ့ခြင်းဖြစ်သည်။
ပလက်ဝဒေသ မြိတ်ဝကျေးရွာအုပ်စု၊ မြိတ်ဝကျေးရွာတွင် ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ကတည်းကပင် အိန္ဒိယနှင့် ရက္ခိုင်ပြည်တို့ ၌ စစ်ဘေးရှောင်နေကြသော အိမ်ထောင်စု စုစုပေါင်း (၁၃၆) စုရှိပြီး လက်ရှိတွင် မိမိတို့ နေရပ်သို့ ပြည်လည်လာရောက်နေထိုင်ကြသော အိမ်ထောင်စု (၁၂၁) စုသာရှိသေးသည်။ ကျန်အိမ်ထောင်စုများမှာ အိန္ဒိယနိုင်ငံဘက်ခြမ်းနှင့် ရက္ခိုင်ပြည်၊ ကျောက်တော်နှင့် မြောက်ဦးတို့တွင် စစ်ဘေးရှောင်များအဖြစ် ဆက်လက်နေထိုင်လျက်ရှိနေကြဆဲဖြစ်သည်။
မိမိတို့အနေဖြင့် စစ်တွင်းကာလ ဆင်းရဲဒုက္ခများကို အတူရင်ဆိုင်ခဲ့ကြသကဲ့သို့ ယခုစစ်ပွဲမရှိတော့သည့် အချိန်တွင်လည်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ၌ ပြည်သူ့အကျပ်အတည်းများကို အတတ်နိုင်ဆုံး ဖြေရှင်း ထောက်ပံ့ကူညီပေးသွားမည်ဖြစ်သည်။
#AAInfoDesk

❤860👍244🥰49🙏30❤🔥15💯14🕊10🏆7😁5🤩4
တိုက်ပွဲသတင်း ထုတ်ပြန်ချက်
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၃၀) ရက်
ရက္ခိုင်ဒေသအတွင်း ကျောက်တော်၊ မြောက်ဦး၊ မင်းပြား အစရှိသော မြို့ကြီးများအတွင်း၌ အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီ နှင့် ရက္ခိုင့်တပ်တော်တို့သည် နေ့စဉ်ရက်ဆက် တိုက်ပွဲများ ပြင်းထန်လျက်ရှိသည်။ ဘူးသီးတောင်မြို့၊ မောင်တောမြို့ နှင့် ရမ်းဗြဲမြို့ များ၌မူ အချိုနေ့ရက်များတွင် တိုက်ပွဲငယ် အချို့ဖြစ်ပွားခဲ့သည်မှလွဲ၍ လွန်ခဲ့သောရက်များ၌ တိုက်ပွဲကြီးများ ဖြစ်ပွားခဲ့ခြင်းမရှိခဲ့ပါ။
အထူးသဖြင့် ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ရသေ့တောင်မြို့ရှိ စစ်ကောင်စီ၏ အခြေစိုက်တပ်ရင်းများကို ရက္ခိုင့်တပ်တော်မှ တစ်ရင်းမကျန် အပြီးသတ်သိမ်းပိုက်ရယူနိုင်ရေးအတွက် မိမိတို့မှ ထိုးစစ်ဆင်တိုက်ခိုက်နေမှုများကြောင့် တိုက်ပွဲများ ယခုကဲ့သို့ ပြင်းထန်စွာ ဖြစ်ပွားနေရခြင်း ဖြစ်သည်။ မိမိတို့အနေဖြင့် ရန်သူ၏ တပ်ရင်းတစ်ခုပြီး တစ်ခု သိမ်းပိုက်ရယူနိုင်ခဲ့ပြီးဖြစ်သည်။
မိမိတို့သိမ်းပိုက်ရန် ကျန်ရှိနေသေးသော စစ်ကောင်စီ၏ ဒေသအခြေစိုက်တပ်ရင်းများထဲမှ စကခ (၉) လက်အောက်ခံ ကျောက်တော်အခြေစိုက် ခမရ (၃၇၄) တပ်ရင်းတစ်ခုလုံးအား ရက္ခိုင့်တပ်တော်မှ ယနေ့ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၃၀) ရက်နေ့တွင် စစ်ကောင်စီ၏ လေကြောင်းမှ တစ်ရက်လုံးတောက်လျှောက် အဆက်မပြတ် မရပ်မနား ပစ်ခတ်တိုက်ခိုက်နေသည့်ကြားမှ အပြီးသတ်သိမ်းပိုက် ရယူနိုင်ခဲ့ပြီးဖြစ်သည်။
မင်းပြားမြို့ အခြေစိုက် အကြမ်းဖက်စစ်ကောင်စီတပ်၏ စကခ (၉) လက်အောက်ခံ ခမရ (၃၈၀) တပ်ရင်းကိုလည်း ရန်သူ၏ ကြည်း၊ ရေ၊ လေ သုံးခုပေါင်းပြီး အပြင်းအထန်ခုခံကာကွယ်နေသည့်ကြားမှ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၂၈) ရက်နေ့တွင် ရက္ခိုင့်တပ်တော် အာရက္ခစစ်သည်တော်များမှ ရဲရင့်ပြောင်မြောက်စွာဖြင့် အပြီးသတ် သိမ်းပိုက်ရယူနိုင်ခဲ့သည်။
ကျောက်တော်၊ မြောက်ဦး၊ မင်းပြားမြို့များမှ ကျန်ရှိနေသေးသော တပ်ရင်းများကိုလည်း အပြီးသတ်သိမ်းပိုက်နိုင်ရေးအတွက် မိမိတို့မှ ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်။ အားလုံးသော စခန်းများလည်း မကြာမှီ အပြီးသတ်သိမ်းပိုက်ရယူရန် မိမိတို့အနေဖြင့် အပြည့်အဝယုံကြည်ပြီး လက်ရှိတွင်လည်း မိမိတို့ဘက်မှ အခြေအနေကောင်းလျက်ရှိသည်။
ရမ်းဗြဲမြို့တွင်မူ ယခုရက်သတ္တပတ်အတွင်း ရင်ဆိုင်တိုက်ပွဲဆိုသည်ထက် စစ်ကောင်စီမှ လေကြောင်း၊ လက်နက်ကြီးများဖြင့် အဓိကပစ်ခတ်ဖျက်ဆီးပြီး တစ်မြို့လုံးအားပျက်စီးစေရန် တမင်တကာ ရည်ရွယ်ချက်ရှိရှိဖြင့် ပြုလုပ်လျက်ရှိသည်။
ရမ်းဗြဲမြို့သို့ ထပ်မံဖြည့်တင်းလာသော စစ်ကောင်စီ၏ စစ်အင်အား (၁၂၀) ကျော်နှင့် ယခင်ရှိနှင့်ပြီးသား လက်ကျန်တပ်ဖွဲ့ဝင်အချို့ပူးပေါင်းသော စစ်ကြောင်း နှင့် ရက္ခိုင့်တပ်တော်တို့သည် မြို့တွင်းတိုက်ပွဲ ယနေ့မှစ၍ စတင်ဖြစ်ပွားခဲ့သည်။ နှစ်ဖက်အထိအခိုက်အကျအဆုံးရှိခဲ့ပြီး မိမိတို့ဘက်မှ စစ်ကောင်စီ၏ အလောင်း၊ လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းတစ်ချို့အပြင် ယမန်နေ့၌ လေကြောင်းမှ ချပေးသော လက်နက်ခဲယမ်းအချို့ကိုလည်း သိမ်းဆည်းရမိခဲ့သည်။ ရမ်းဗြဲမြို့တွင်းတိုက်ပွဲမှာ နောက်ရက်များ၌ ပိုမိုပြင်းထန်လာနိုင်သည်။
အာရက္ခပြည်သူများကို နှစ်ပေါင်းများစွာကြာအောင် ဒုက္ခပေးနေခဲ့သော စစ်ကောင်စီ၏ တပ်စခန်းတိုင်း နှင့် လက်နက်ချ အညံ့မခံဘဲ ပြည်သူများကို ဒုက္ခပေးနေသည့် ကျန်ရှိနေသေးသော စခန်းတိုင်းကို တစ်စခန်းမကျန် ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်သွားမည်ဖြစ်သည်။
တိုက်ပွဲနောက်ဆက်တွဲများကို ဆက်လက်ဖော်ပြပေးသွားပါမည်။
သတင်းဓါတ်ပုံ - ရက္ခိုင့်တပ်တော်မှ အပြီးသတ်သိမ်းပိုက်ရန် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသော မင်းပြားမြို့အခြေစိုက် စကခ (၉) လက်အောက်ခံ ခမရ (၃၇၉) တပ်ရင်းထံမှ လောလောလတ်လတ် မိမိတို့ သိမ်းဆည်းရရှိထားသော လက်နက်ခဲယမ်းမီးကျောက်များနှင့် စစ်အသုံးအဆောင်ပစ္စည်းအချို့
သတင်းနှင့်ပြန်ကြားရေး
ရက္ခိုင့်တပ်တော်

❤665👍225🙏22🥰17🕊15❤🔥11🎉8🏆7👌6🤣5
တိုက်ပွဲသတင်း ထုတ်ပြန်ချက်
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၃၁) ရက်
ရက္ခိုင်ဒေသအတွင်း၌ တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့သည့်အချိန်မှစ၍ ရက္ခိုင့်တပ်တော်သည် မိမိတို့ ပြည်သူလူထုကို နှစ်ရှည်လများဒုက္ခပေးနေသော စစ်စခန်းများ၊ ဗျူဟာကုန်းများ၊ တပ်မဌာနချုပ်စခန်းများ၊ လက်နက်ကြီးတပ်စခန်းများနှင့် ရဲတပ်ရင်းများကို တစ်စခန်းမကျန် ဗျူဟာမြောက်စွာ လိုက်လံချေမှုန်း တိုက်ခိုက်လျက်ရှိသည်။
ထို့အတူ ကမ္ဘာ့အမွေအနှစ်၊ ရက္ခိုင့်အမွေအနှစ်များကို နှစ်ရှည်လများ ခိုးယူ လုယက် ဖျက်ဆီးခဲ့သော၊ လက်နက်ကြီးများဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်ခဲ့သော၊ မြောက်ဦးမြို့ကို မီးလောင်ပြာကျအောင် ကြံစည်ကြိုးစားနေသော အကြမ်းဖက်စစ်ကောင်စီတပ်၏ မြောက်ဦးအခြေစိုက် တပ်ရင်းများဖြစ်ကြသည့် ခမရ (၅၄၀)၊ ခမရ (၃၇၇)၊ ခမရ (၃၇၈) တပ်ရင်းများကိုလည်း တစ်ပြိုင်နက်တည်း ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိသည်။
ဤမြောက်ဦး အခြေစိုက် အကြမ်းဖက် စစ်ကောင်စီ၏ တပ်ရင်းများထဲမှ ခမရ (၅၄၀) တပ်ရင်းတစ်ရင်းလုံးအား ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၃၀) ရက်နေ့၊ ည (၁၁) နာရီ (၄၅) မိနစ် အချိန်ခန့်တွင် ရက္ခိုင့်တပ်တော်မှ ရန်သူ၏ ခုခံစစ်အားအပြတ်အသတ်ချေမှုန်းနိုင်ခဲ့ပြီးနောက် အလုံးစုံသိမ်းပိုက်ထား နိုင်ခဲ့ပြီဖြစ်သည်။ ကျန်ရှိနေသေးသော မြောက်ဦးအခြေစိုက် အခြားတပ်ရင်းနှစ်ရင်းအပြင် တစ်ပြိုင်နက်တည်း ထိုးစစ်ဆင်တိုက်ခိုက်နေသော စခန်းတိုင်းကိုလည်း အပြီးသတ်သိမ်းပိုက်ရယူနိုင်ရန် ဆက်လက်တိုက်ခိုက်လျက်ရှိသည်။

❤778👍256🙏37🥰23❤🔥13🏆13🍾10🔥7😍7
မြောက်ဦးအခြေစိုက် အကြမ်းဖက် စစ်ကောင်စီ၏ ခမရ (၅၄၀) တပ်ရင်းတစ်ရင်းလုံးအား ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၃၀) ရက်နေ့၊ ည (၁၁) နာရီ (၄၅) မိနစ် အချိန်ခန့်တွင် ရက္ခိုင့်တပ်တော်မှ အပြီးသတ်ချေမှုန်း သိမ်းပိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်ထံမှ ရက္ခိုင့်တပ်တော် သိမ်းဆည်းရရှိခဲ့သော လက်နက်ခဲယမ်း မီးကျောက်များနှင့် စစ်အသုံးအဆောင်ပစ္စည်းများ
(သတင်းဓာတ်ပုံ အချို့)
#AAInfoDesk
February 2, 2024
Website Link: https://www.arakanarmy.net/
VK Link: https://vk.com/arakanarmyinfodesk

❤803👍240🥰28🎉24🍾17👏16❤🔥13🙏12🌭5🔥2👎1