ရက္ခိုင်ပြည်၊ ကျောက်တော်အခြေစိုက် အကြမ်းဖက်စစ်ကောင်စီတပ်၏ အမှတ် (၃၇၇) အမြောက်တပ်ရင်းအား ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁၄) ရက်နေ့တွင်လည်းကောင်း၊ ခမရ (၅၃၉) တပ်ရင်းအား ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁၆) ရက်နေ့တွင်လည်းကောင်း ရက္ခိုင့်တပ်တော်မှ အပြီးသတ်သိမ်းပိုက်ရရှိခဲ့ပြီး လက်နက်ခဲယမ်းများနှင့် စစ်အသုံးအဆောင်ပစ္စည်း အများအပြား သိမ်းဆည်းရရှိခဲ့သည်။
(သတင်းဓါတ်ပုံအချို့)
#AAInfoDesk
January 21, 2024
Website Link: https://www.arakanarmy.net/
VK Link: https://vk.com/arakanarmyinfodesk

ARAKAN ARMY
News & Informations | ARAKAN ARMY
❤688👍115🏆39🥰35🙏22🎉13❤🔥11🔥4💋4👎1
Media is too big
VIEW IN TELEGRAM
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၂၀) ရက်နေ့တွင် မင်းပြားမြို့သို့ စစ်ကူတက်လာသော အကြမ်းဖက် စစ်ကောင်စီတပ်၏ တပ်မ (၂၂) လက်အောက်ခံ ခမရ (၂၀၅) တပ်ရင်းအား ရက္ခိုင့်တပ်တော်မှ ဖြတ်တောက် တိုက်ခိုက်ချေမှုန်းနိုင်ခဲ့ပြီး ရန်သူ့အလောင်းများနှင့် လက်နက်ခဲယမ်းအချို့ကို သိမ်းဆည်းရရှိခဲ့သည်။ ထို့အပြင် ရန်သူ၏ Y8 လေယာဉ်ပေါ်မှ ချပေးသော ထောက်ပို့ပစ္စည်းများအားလည်း ရက္ခိုင့်တပ်တော်မှ သိမ်းပိုက်ရရှိခဲ့သည်။
#AAInfoDesk
January 22, 2024
#AAInfoDesk
January 22, 2024
❤960👍314🏆43🥰35🎉31💯17😍10💋8🔥5👎3🌚3
အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီ နှင့် စစ်ကောင်စီ၏ မီဒီယာများတွင် မိမိတို့အဖွဲ့အစည်းအပေါ် မူးယစ်ဆေးဝါး အပါအဝင် အခြား ဂုဏ်သိက္ခာကျဆင်းစေမည့် စွပ်စွဲချက်များဖြင့် လုပ်ကြံပြောဆိုရေးသားနေခြင်း၊ ဝါဒဖြန့်နေခြင်းအပေါ် ပြတ်ပြတ်သားသားငြင်းပယ်ကြောင်း ထုတ်ပြန်ကြေညာချက်
၁၃၈၅ ခုနှစ်၊ ပြာသိုလဆန်း (၁၃) ရက်
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၂၃) ရက်
Website Link: https://www.arakanarmy.net/
VK Link: https://vk.com/arakanarmyinfodesk
၁၃၈၅ ခုနှစ်၊ ပြာသိုလဆန်း (၁၃) ရက်
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၂၃) ရက်
Website Link: https://www.arakanarmy.net/
VK Link: https://vk.com/arakanarmyinfodesk
❤553👍202👌18🥰17😁9🤣6❤🔥5👎3
Statement
(Refutation on the Burmese Military’s Deceitful Drug Accusations and its Media Propaganda)
January 23, 2024
Website Link: https://www.arakanarmy.net/
VK Link: https://vk.com/arakanarmyinfodesk
(Refutation on the Burmese Military’s Deceitful Drug Accusations and its Media Propaganda)
January 23, 2024
Website Link: https://www.arakanarmy.net/
VK Link: https://vk.com/arakanarmyinfodesk
👍296❤165🥰41❤🔥6🤣3🍾2🥱1
ရှမ်းမြောက်ဒေသ ၁၀၅ မိုင် အနီးတဝိုက်ရှိ ဘုန်းတော်ကြီးကျောင်း၊ သီလရှင်ကျောင်း နှင့် ခရစ်ယာန်သာသနာပြုကျောင်းများကို ရက္ခိုင့်တပ်တော်မှ ဆန်၊ ဆီ၊ သောက်ရေသန့်အပါအဝင် စားနပ်ရိက္ခာပစ္စည်းအချို့လှူဒါန်း
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၂၄) ရက်
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁၆)၊ (၁၈) ရက်နေ့များတွင် ရှမ်းမြောက်ဒေသ ၁၀၅ မိုင်အနီးတဝိုက်ရှိ ဘုန်းတော်ကြီးကျောင်း၊ သီလရှင်ကျောင်း နှင့် ခရစ်ယာန်ကျောင်းများအား ရက္ခိုင့်တပ်တော်မှ ဆန်၊ ဆီ၊ သောက်ရေသန့်အပါအဝင် စားနပ်ရိက္ခာပစ္စည်းအချို့တို့ကို ကိုယ်တိုင်သွားရောက်လှူဒါန်းခဲ့ကြပါသည်။
စစ်ပွဲများအပါအဝင် တိုင်းပြည်၏ စနစ်ဆိုး၊ မင်းဆိုးမင်းညစ်များကြောင့် အတိဒုက္ခရောက်နေကြသော သူများတွင် ပြည်သူလူထုအပါအဝင် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းများ နှင့် ခရစ်ယာန် သာသနာပြုကျောင်းများလည်းပါဝင်ကြသည်။ ပြည်သူများ၏ လူမှုစီးပွားဒုက္ခအဝဝများထဲမှ တတ်နိုင်သည်များကို တနိုင်တပိုင် ကူညီဖြေရှင်းပေးခဲ့သကဲ့သို့ ဗုဒ္ဓဘာသာ ဆရာတော်၊ သံဃာတော်များ နှင့် ခရစ်ယာန်သာသနာပြုများ ပူပင်ကြောင့်ကြမရှိစေဘဲ ငြိမ်းချမ်းစွာ သာသနာပြုနိုင်ရန်ရည်ရွယ်၍ မိမိတို့ တတ်နိုင်သော ကောင်းမှုအလှူများကို ၁၀၅ မိုင်အနီးတဝိုက်တွင် ရက္ခိုင့်တပ်တော်အနေဖြင့် ပြုလုပ်လှူဒါန်းခဲ့ပါသည်။
ရက္ခိုင့်တပ်တော်အနေဖြင့် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁၆) ရက်နေ့တွင် ဝေဠုဝန်ဘုန်းတော်ကြီးကျောင်း၊ ဘဘဘုန်းတော်ကြီးကျောင်း၊ မေတ္တာစံအိမ် ပရဟိတကျောင်း နှင့် ကမ္ဘောဇသင်္ဂီပညာသင်ကျောင်း (သီလရှင်ကျောင်း) တို့အား ဆန်၊ ဆီ အပါအဝင် စားနပ်ရိက္ခာတချို့ကို ဆက်ကပ်လှူဒါန်းခဲ့ပါသည်။
ထို့အတူ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁၈) ရက်နေ့တွင် လည်း ဇေယျမင်္ဂလာကျောင်းတိုက် အား ဆန်၊ ဆီ နှင့် ရေသန့် အချို့တို့ကို ဆက်ကပ်လှူဒါန်းခဲ့သည်။ ထို့အပြင် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၂၃) ရက်နေ့တွင် ပန်ဆိုင်းခရစ်ယာန်ကျောင်းကိုလည်း ဆန်အချို့ လှူဒါန်းခဲ့ပါသည်။
ရက္ခိုင့်တပ်တော်သည် တိုက်ပွဲရှိလျှင် နိုင်အောင်တိုက်မည်။ တိုက်ပွဲမရှိလျှင် ဒေသခံပြည်သူလူထု၏ အရေးအရာများကို အဆင်ပြေချောမွေ့အောင် ဒေသခံပြည်သူလူထုများနှင့်အတူလက်တွဲပြီး ဆောင်ရွက်သည်။ ထို့အပြင်မိမိတို့ လှုပ်ရှားရာစစ်ဒေသများ၌ ပြည်သူလူထုများ၏ အားကိုးရာတပ်တော်ဖြစ်အောင် အကောင်းဆုံး ဆောင်ရွက်လျက်ရှိပါသည်။
မိမိတို့အနေဖြင့် မည်သည့်နေရာ၊ မည်သည့်ဒေသသို့ရောက်ရှိပါစေ လူမျိုးမရွေး၊ ဘာသာမရွေး ခွဲခြားစိတ်မရှိဘဲ ပြည်သူများနှင့်အတူရပ်တည်နေပြီး စာနာစိတ်အပြည့်ဖြင့် တတ်နိုင်သည်များကို တစ်ဖွဲ့ချင်းအလိုက်သော်လည်းကောင်း၊ ညီနောင်မဟာမိတ် (၃) ဖွဲ့အနေဖြင့်သော်လည်းကောင်း အကောင်းဆုံး ပံ့ပိုးကူညီပေးသွားပါမည်။

❤583👍100🙏77🥰23💯10❤🔥5😁5😍4
ပလက်ဝဒေသရှိ မြိတ်ဝကျေးရွာမှ စစ်ဘေးရှောင်ပြည်သူများအား ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) မှ ဆန် နှင့် ငွေသားအချို့ ထောက်ပံ့ကူညီ
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၂၄) ရက်
ပလက်ဝဒေသရှိ မြိတ်ဝကျေးရွာအုပ်စု၊ မြိတ်ဝကျေးရွာမှ စစ်ဘေးရှောင်ပြည်သူများအား ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၂၄) ရက်နေ့တွင် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) မှ ဆန်နှင့် ငွေသားအချို့ကို ထောက်ပံ့ကူညီ ပေးခဲ့သည်။ အိမ်ထောင်စု တစ်စုလျှင် မြန်မာငွေ (၂၀၆၅၀၀) ကျပ် နှင့် ဆန် (၇၃) ဘူးကျစီကို အိမ်ထောင်စု စုစုပေါင်း (၁၂၁) စုအား ယနေ့ ဇန်နဝါရီလ (၂၄) ရက်နေ့တွင် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) မှ ထောက်ပံ့ကူညီပေးခဲ့ခြင်းဖြစ်သည်။
ပလက်ဝဒေသ မြိတ်ဝကျေးရွာအုပ်စု၊ မြိတ်ဝကျေးရွာတွင် ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ကတည်းကပင် အိန္ဒိယနှင့် ရက္ခိုင်ပြည်တို့ ၌ စစ်ဘေးရှောင်နေကြသော အိမ်ထောင်စု စုစုပေါင်း (၁၃၆) စုရှိပြီး လက်ရှိတွင် မိမိတို့ နေရပ်သို့ ပြည်လည်လာရောက်နေထိုင်ကြသော အိမ်ထောင်စု (၁၂၁) စုသာရှိသေးသည်။ ကျန်အိမ်ထောင်စုများမှာ အိန္ဒိယနိုင်ငံဘက်ခြမ်းနှင့် ရက္ခိုင်ပြည်၊ ကျောက်တော်နှင့် မြောက်ဦးတို့တွင် စစ်ဘေးရှောင်များအဖြစ် ဆက်လက်နေထိုင်လျက်ရှိနေကြဆဲဖြစ်သည်။
မိမိတို့အနေဖြင့် စစ်တွင်းကာလ ဆင်းရဲဒုက္ခများကို အတူရင်ဆိုင်ခဲ့ကြသကဲ့သို့ ယခုစစ်ပွဲမရှိတော့သည့် အချိန်တွင်လည်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ၌ ပြည်သူ့အကျပ်အတည်းများကို အတတ်နိုင်ဆုံး ဖြေရှင်း ထောက်ပံ့ကူညီပေးသွားမည်ဖြစ်သည်။

❤860👍244🥰49🙏30❤🔥15💯14🕊10🏆7😁5🤩4