❤387👍31🏆29🥰11🎉8🔥6😱3🙏2🍾2❤‍🔥1
❤413👍50🏆44🥰25🍾8🎉7❤‍🔥6🔥3😱3
တိုက်ပွဲသတင်းများ ထုတ်ပြန်ချက်

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁၄) ရက်

"ရောမမြို့ကို တစ်ရက်တည်းဖြင့် တည်ဆောက်၍မရ" ဆိုသကဲ့သို့ ရက္ခိုင်နှင့် ပလက်ဝဒေသအတွင်းရှိ ရက္ခိုင့်တပ်တော်မှ သိမ်းပိုက်ရရှိခဲ့သော ဗျူဟာစခန်းများ၊ အထိုင်ချစခန်းများနှင့် လက်နက်ကြီးစခန်းများအပါအဝင် အားလုံးသော စခန်း သိမ်းတိုက်ပွဲတိုင်းသည် လွယ်လင့်တကူ အသာတကြည်ရရှိခဲ့သော စခန်းများတစ်ခုမှမရှိခဲ့ပေ။

အာရက္ခစစ်သည်တော်များ၏ ထိုက်သင့်သောပေးဆပ်မှု၊ စွန့်လွှတ်စွန့်စားသော စစ်သည်တော်များ၏ သတ္တိပြောင်မြောက် စွာတိုက်ပွဲဝင်နိုင်မှု၊ ပေးအပ်လာသောအမိန့်နှင့် တာဝန်ကို ကျေပွန်မှု၊ စစ်ဒေသအချင်းချင်း ချိတ်ဆက်တိုက်ပွဲဝင်နိုင်မှု နှင့် ရန်သူ၏အားနည်းချက်ကို အမိအရဖမ်းဆုပ်ရယူနိုင်မှုများဖြင့် ရယူခဲ့သောစခန်းများဖြစ်ကြသည်။ တခြားတစ်ဖက်တွင် လည်း ဆက်စပ်တိုက်ပွဲများ၊ ဟန်ချက်ညီတိုက်ပွဲများဖြင့် ရန်သူ၏စခန်းများကို တစ်ခုပြီးတစ်ခု ဗျူဟာကျစွာဖြင့် သိမ်းပိုက် ခဲ့ခြင်းဖြစ်သည်။

ရက္ခိုင်ပြည်မြောက်ပိုင်း၏ အရေးပါသောမြို့ကြီးများအား ရန်သူ၏ လေကြောင်း၊ ရေကြောင်း၊ လက်နက်ကြီးပစ်ကူ အမြောက်အမြားဖြင့် ပြင်းထန်စွာ ပစ်ခတ်တိုက်ခိုက်နေသည့်ကြားမှ စစ်ကောင်စီ၏အရေးကြီးပြီး အဓိကကျသော ဗျူဟာကုန်း၊ အထိုင်ချစခန်းကုန်းများနှင့် ပြည်သူလူထုကို နှစ်ရှည်လများ ဒုက္ခပေးနေသော လက်နက်ကြီးစခန်းကုန်းများ ကို မိမိတို့ ရက္ခိုင့်တပ်တော်မှလည်း ပြင်းထန်သော ထိုးစစ်ဆင်တိုက်ခိုက်မှုများဖြင့် ရယူသိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

ပလက်ဝဒေသအတွင်း စစ်ဆင်ရေးကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၃) ရက်နေ့တွင်စတင်ခဲ့ပြီး “တရွန်အိုင်” နှင့် “နှုံးဘူး” ဗျူဟာနှစ်ခုစလုံးကို ရှေ့ဆင့်နောက်ဆင့် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။ ဤထိုးစစ်မစခင်ကတည်းကပင် မိမိတို့သည် ရက္ခိုင်နှင့် ပလက်ဝဒေသရှိ စစ်ကောင်စီ၏ ဗျူဟာကုန်း၊ အထိုင်စခန်းကုန်းအများအပြားကို နှစ်ရှည်လများ ဗျူဟာ မြောက်စွာ ဝိုင်းရံပိတ်ဆို့ဖြတ်တောက်ထားခဲ့ပြီး အဆိုပါစခန်းများအား ယခုအချိန်တွင်မှ တစ်ခုပြီးတစ်ခု ထိုးစစ်ဆင် ချေမှုန်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် စစ်ကောင်စီ၏ စခန်းများဖြစ်ကြသော တရွန်အိုင်ဗျူဟာ၊ နှုံးဘူးဗျူဟာ၊ ခဝဲဗျူဟာ၊ ပွိုင့် (၃၇၇) ဗျူဟာကုန်း၊ ရှင်းလက်ဝဗျူဟာ၊ ခလရ (၂၈၉) တပ်ရင်းဌာနချုပ်၊ စကခ (၁၉) ရှေ့တန်းတပ်မဌာနချုပ် နှင့် မီးဝဗျူဟာကုန်း အစရှိသောစခန်းများကို ဗျူဟာမြောက်စွာဖြင့် စနစ်တကျ တစ်ခုပြီးတစ်ခု ခက်ခက်ခဲခဲသိမ်းပိုက်ရယူနိုင်ခဲ့သည်။ ဤကဲ့သို့ သိမ်းပိုက်ရရှိပြီးနောက်မှသာ ပလက်ဝမြို့တစ်မြို့လုံးကို နောက်ဆုံးတွင်မှ အလုံးစုံသိမ်းပိုက်ရယူနိုင်ခဲ့ခြင်းဖြစ်သကဲ့သို့ အောင်မြင်စွာထိန်းချုပ်ထားနိုင်ပြီလည်း ဖြစ်သည်။

ပလက်ဝမြို့ ပတ်ဝန်းကျင်တွင် “ခလရ (၂၈၉) တပ်ရင်းဌာနချုပ်”၊ “စကခ (၁၉) ရှေ့တန်းတပ်မဌာနချုပ်”နှင့် “တပ်မ(၁၁)” လက်အောက်ခံတပ်ရင်းများသည် ပလက်ဝမြို့ကို ဗဟိုပြု၍ အရှေ့၊ အနောက်၊ တောင်၊ မြောက် တပ်ဖြန့်ထားလျက်ရှိသည်။

“ခလရ (၂၈၉) တပ်ရင်းဌာနချုပ်” သည် ပလက်ဝဒေသတစ်ခုလုံးရှိ ၎င်းတို့၏တပ်စခန်းများအားလုံးကို စီမံခန့်ခွဲပြီး အမိန့်ပေးကွပ်ကဲနေသော အဓိကတပ်မဌာနချုပ်တစ်ခုဖြစ်ပြီး တပ်မမှူးများ ပူးတွဲကြီးကြပ်ကွပ်ကဲနေသည့် “စစ်ဗျူဟာ ကုန်းကြီး” လည်းဖြစ်သည်။

ပလက်ဝဒေသအတွင်းရှိ တပ်ရင်းများနှင့် ပလက်ဝဒေသအတွင်း အခြေချလှုပ်ရှားနေသော “စကခ(၁၉)” နှင့် “တပ်မ (၁၁)” တို့မှ တပ်မမှူးများအားလုံးသည် ပလက်ဝမြို့တွင် အတူရှိနေကြပြီး ၎င်းနေရာမှ ကွပ်ကဲအုပ်ချုပ်နေသောကြောင့် ပလက်ဝမြို့သည် အကြီးဆုံးဗျူဟာစခန်းကုန်းလည်း ဖြစ်သည်။

ပလက်ဝမြို့ အခြေစိုက် စစ်ကောင်စီ၏ “ခလရ (၂၈၉) တပ်ရင်းဌာနချုပ်” အား ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁၀) ရက်၊ နံနက် (၇) နာရီ (၁၀) မိနစ်အချိန်တွင် ရက္ခိုင့်တပ်တော်မှ အပြီးသတ်သိမ်းပိုက်ရယူနိုင်ခဲ့သည်။ ရန်သူ့လက်နက်ခဲယမ်းနှင့် စစ်အသုံးအဆောင်ပစ္စည်းအမြောက်အမြားတို့ကို သိမ်းဆည်းရမိခဲ့သည်။

ဤ “ခလရ (၂၈၉) တပ်ရင်းဌာနချုပ်” သည် ပလက်ဝဒေသအတွင်း မိမိတို့ ဝန်းရံပိတ်ဆို့ဖြတ်တောက်ထားသည့် စခန်း များစွာထဲမှ နောက်ဆုံးလက်ကျန်သိမ်းပိုက်ရန် ကျန်ရှိနေသေးသောစခန်းကြီးလည်း ဖြစ်သည်။ ထို့အပြင် ဤတပ်ရင်း ဌာနချုပ်သည် စစ်ကောင်စီ၏ ပလက်ဝဒေသတစ်ခုလုံး၏ စစ်ဆင်ရေးကို စီမံခန့်ခွဲညွှန်ကြားနေသော ဌာနချုပ်စခန်း ဖြစ်သည့်အပြင် ပလက်ဝဒေသတစ်ခုလုံးနှင့် အိန္ဒိယ-ဘင်္ဂလားဒေ့ရှ်- မြန်မာ (ပလက်ဝ) သုံးနိုင်ငံ နယ်စပ်အထိ ၎င်းတို့၏ စစ်စခန်းများသို့ ထောက်ပို့ပေးနေသော ထောက်ပို့ဗျူဟာကုန်းကြီးလည်း ဖြစ်သည်။

ပလက်ဝဒေသအတွင်း စစ်ကောင်စီ၏ နောက်ဆုံးလက်ကျန် “နှမဒါဗျူဟာ” နှင့် “ခန်ခတောင်ဗျူဟာ” စခန်းနှစ်ခုထဲမှ “ခန်ခတောင်ဗျူဟာ” စခန်းကိုလည်း ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁၃) ရက်နေ့တွင် အပြီးသတ်သိမ်းပိုက်ရယူနိုင်ခဲ့ပြီး လက်နက်ခဲယမ်းအမြောက်အမြားကိုလည်း သိမ်းဆည်းရမိခဲ့သည်။ ဤ “ခန်ခတောင်ဗျူဟာ” မှ ရန်သူများမှာ အိန္ဒိယနိုင်ငံ ဘက်အတွင်းသို့ ထွက်ပြေးသွားခဲ့ကြသည်။
❤384👍106🏆18🍾12🎉8❤‍🔥7🙏3👌3💔1
ပလက်ဝဒေသအတွင်းမှ တစ်ခုတည်းသော မိမိတို့ နောက်ဆုံးသိမ်းပိုက်ရန်ကျန်ရှိနေသေးသော "နှမဒါဗျူဟာ” မှ ဗျူဟာစခန်းကိုလည်း ယနေ့၊ ဇန်နဝါရီလ (၁၄) ရက်၊ နေ့လည် (၃) နာရီခန့်တွင် အပြီးသတ်သိမ်းပိုက်ပြီး ဖြစ်သည်။ ထို့ကြောင့် ယနေ့မှစ၍ ပလက်ဝဒေသတစ်ခုလုံးမှာ “စစ်ကောင်စီလုံးဝကင်းစင်သောဒေသ” ဖြစ်လာခဲ့ပြီဖြစ်သည်။

ပလက်ဝဒေသတစ်ခုလုံးရှိ စစ်ကောင်စီတပ်စခန်းများ တစ်ခုမကျန်၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များ တစ်ယောက်မှမရှိရလေ အောင် မိမိတို့မှ ထိုးစစ်ဆင်တိုက်ခိုက်ပြီးသည့်နောက်တွင် ပလက်ဝဒေသတစ်ခုလုံး၌ စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရား နှင့် စစ်ကောင်စီ၏အာဏာစက် လုံးဝချုပ်ငြိမ်းသွားပြီဖြစ်သည်။ တစ်နည်းအားဖြင့် ပလက်ဝဒေသတစ်ခုလုံးအား ရက္ခိုင့် တပ်တော်မှ အောင်မြင်စွာထိန်းချုပ်နိုင်ခဲ့ပြီဖြစ်သည်။

အခြားတစ်ဖက်တွင် တစ်ယောက်ချင်း (သို့မဟုတ်) အုပ်စုငယ်များဖြင့် ထွက်ပြေးလွတ်မြောက်နေသော ဖက်ဆစ် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ လက်နက်ဖြင့် (သို့) လက်နက်မဲ့ဖြင့် ရှိနိုင်သောကြောင့် ပလက်ဝဒေသအတွင်း မိဘပြည်သူ များအနေဖြင့် အထူးသတိထားကြရန်နှင့် အသွားအလာများရှိပါက သတိထားသွားလာကြရန်လည်း အလေးအနက် သတိပေးအပ်ပါသည်။

မိမိတို့အနေဖြင့် ပြည်သူတို့၏ အသက်၊ အန္တရာယ် ၊ အိုးအိမ်၊ စည်းစိမ်တို့ကို ယခုထက်ပိုမိုလုံခြုံစိတ်ချစေရန်အတွက် အဆိုပါ ထွက်ပြေးလွတ်မြောက်နေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ရက္ခိုင့်တပ်တော်မှ လိုက်လံချေမှုန်းတိုက်ခိုက် လျက်ရှိသည်။

ရက္ခိုင်နှင့် ပလက်ဝဒေသအတွင်း စစ်ဆင်ရေးကာလ နှစ်လပြည့်သော ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁၃) ရက်နေ့၊ ညနေ (၆) နာရီအချိန်ခန့်တွင် ပလက်ဝ-ကျောက်တော်မြို့နယ်အစပ်ရှိ “မီးဝဗျူဟာကုန်း” တစ်ခုလုံးအား ရက္ခိုင့်တပ်တော်မှ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သည်။

"မီးဝဗျူဟာ"စခန်းကုန်းကြီးကိုလည်း ဇန်နဝါရီလ (၉) ရက် နံနက် (၁၀) နာရီ (၂၈) မိနစ်ခန့်အချိန်တွင် စတင် တိုက်ခိုက်ခဲ့ပြီး ဇန်နဝါရီလ (၁၃) ရက်၊ ညနေ (၆) နာရီအချိန်တွင် အပြီးသတ်သိမ်းပိုက်ရရှိခဲ့သည်။ ရန်သူ၏ လက်နက်ခဲယမ်းနှင့် စစ်အသုံးအဆောင်ပစ္စည်းအများအပြားကို သိမ်းဆည်းရမိခဲ့သည်။

အဆိုပါ ဗျူဟာစခန်းကုန်းကြီးအား မိမိတို့သည် ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလ(၄) ရက်မှ ၂၀၂၀ ခုနှစ်၊ မတ်လ(၁၇) ရက်အထိ ရက်ပေါင်း (၄၂) ရက်ကြသည့်တိုင်အောင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ဖူးသော်လည်း ထိုအချိန်က အပြီးသတ်သိမ်းပိုက် ရယူနိုင်ခဲ့ခြင်းမရှိခဲ့သော ဗျူဟာစခန်းတစ်ခုဖြစ်သည်။ မိမိတို့၏ထိုးစစ်အပြီး နှစ်နှစ်နီးပါးအကြာ ယနေ့၌ လေးရက်တာ ပြင်းပြင်းထန်ထန် ခက်ခက်ခဲခဲတိုက်ခိုက်ပြီးနောက်တွင်မှ ယခုကဲ့သို့ အပြီးသတ်သိမ်းပိုက်ရယူနိုင်ခဲ့ခြင်း ဖြစ်သည်။ ဤမီးဝဗျူဟာမှ လက်နက်ခဲယမ်းနှင့် စစ်အသုံးအဆောင်ပစ္စည်းအမြားအပြားကို ထပ်မံသိမ်းဆည်းရမိခဲ့သည်။

“မီးဝဗျူဟာ” နှင့် “နှမဒါ” ဗျူဟာကုန်းများအား သိမ်းပိုက်ပြီးသည့်နောက်တွင်-

(၁) ကျောက်တော်မြို့နယ်အတွင်းရှိ အမြောက်တပ်စခန်းတစ်ခုဖြစ်သော “အမတ (၃၇၇) စခန်း” ကိုလည်း ဇန်နဝါရီလ (၁၄) ရက် ၊ နံနက် (၃) နာရီ (၃၀) မိနစ်တွင် လည်းကောင်း၊

(၂) ရသေ့တောင်မြို့နယ်၊ “ရီစိုးချောင်းဗျူဟာကုန်း” ကိုလည်း ဇန်နဝါရီလ (၁၄) ရက် ၊ နေ့လယ် (၁၂) နာရီတိတိအချိန် တွင်လည်းကောင်း ထပ်မံသိမ်းပိုက်ရရှိခဲ့သည်။

“ရီစိုးချောင်း ဗျူဟာ” သည်လည်း ရသေ့တောင်မြို့နယ်အတွင်း မိမိတို့၏ နှစ်ရှည်လများ ဝိုင်းဝန်းပိတ်ဆို့ထားခြင်းခံရသော စခန်းတစ်ခုဖြစ်သည်။ ယနေ့အချိန်တွင် ၎င်းတို့၏ အချက်အချာနှင့် မဟာဗျူဟာကျသော ဗျူဟာကုန်းကြီးများကို ရက္ခိုင့် တပ်တော်မှ တစ်ခုပြီးတစ်ခုသိမ်းပိုက်နေသောကြောင့်မည်သို့မျှ တောင့်ခံနိုင်ခြင်း မရှိတော့သည်ကို ကောင်းစွာနားလည် သဘောပေါက်၍ ကြောက်လန့်ကာ စခန်းစွန့်ခွာထွက်ပြေးသွားခဲ့ကြသောကြောင့် မိမိတို့ သိမ်းပိုက်ရရှိထားသော ဗျူဟာ စခန်းကုန်းများမှ ရန်သူအချို့သည် ထွက်ပြေးလွတ်မြောက်နေကြသဖြင့် လိုက်လံရှင်းလင်းလျက်ရှိသည်။

ဤကဲ့သို့ ထွက်ပြေးလွတ်မြောက်နေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် မိမိတို့သည် ရက္ခိုင်ပြည်၊ မောင်တောမြို့နယ်၊ မြောက်ဘက်၊ ခမောင်းဆိပ်ရွာ၏ အနောက်မြောက်ဘက် (၂.၂) ကီလိုမီတာ အကွာအဝေး၌ ဇန်နဝါရီလ (၁၄) ရက်၊ နေ့လယ် (၂) နာရီ (၄၀) မိနစ်တွင် ထိတွေ့တိုက်ပွဲဖြစ်ပြီး ရန်သူ (၂၀) ကျော်အား အချိန်တိုတိုအတွင်း ချေမှုန်းသုတ်သင် နိုင်ခဲ့သည်။ ရန်သူ၏လက်နက်ခဲယမ်းနှင့် စစ်အသုံးအဆောင်ပစ္စည်းများလည်း သိမ်းဆည်းရမိခဲ့ပြန်သည်။

သိမ်းပိုက်ရရှိသောစခန်းများတွင် နောက်ဆက်တွဲအနေဖြင့် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁၂) ရက်၊ နံနက် (၁၁) နာရီ အချိန်ခန့်တွင် မြောက်ဦးမြို့နယ်၊ လင်းမြွေတောင်စခန်းအား သိမ်းပိုက်ရရှိခဲ့ပြီး လက်နက်ခဲယမ်းအများအပြားကိုလည်း သိမ်းဆည်းရမိခဲ့သည်။

သတင်းနှင့်ပြန်ကြားရေး
ရက္ခိုင့်တပ်တော်

Website Link: https://www.arakanarmy.net/
VK Link: https://vk.com/arakanarmyinfodesk
❤853👍175🏆48🥰17🍾16🔥14🎉13❤‍🔥10🙏10👏9🤩4
Breaking News

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁၅) ရက်

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁၅) ရက်၊ နံနက် (၉) နာရီအချိန်ခန့်တွင် စစ်ကောင်စီတပ်မှ စစ်တွေမြို့နယ်၊ တောကန်ကျေးရွာအား မီးရှို့ဖျက်ဆီးလျက်ရှိ။

#AAInfoDesk
🤬361😢231👍78❤49🙏37🔥12👎7😈6⚡5😐4❤‍🔥3
မိဖပြည်သူများသို့ အသိပီးထုတ်ပြန်ချက်

အမှတ်၊ (၁/၂၀၂၄)
၁၃၈၅ ခုနှစ်၊ ပြာသိုလဆန်း (၇) ရက်
၂၀၂၄ ခုနှစ်၊ ဂျန်နဝါရီလ (၁၇) ရက်

ရက္ခိုင်ပြည်၌ ၁၀၂၇ စစ်ဆင်ရီး စတင်သည့်နိမှစ၍ စစ်အဟုန်သည် တရက်ထက်တရက် မြင့်တက် လျက်ဟိသည်။ အကြမ်းဖက် ဖက်ဆစ်စစ်ကောင်စီတပ်အနီဖြင့် ရက္ခိုင့်တပ်တော်၏ ထိုးစစ်ကို ကြည်း၊ ရီ၊ လီ တပ်များဖြင့် အပြင်းအထန်ခုခံနီသော်လည်း ခုခံနိုင်စွမ်းမဟိဘဲ ရန်သူသည် နှစ်ပေါင်းများစွာ အခိုင်အမာ အခြီကုပ်တည်ဆောက်ထားသည့် တပ်စခန်းကြီးများအား လက်လွှတ်ဆုံးယှုံးရမှုများနန့်အတူ မြို့ရွာများ တခုပြီးတခု လက်လွှတ်ဆုံးယှုံးရလျက်ဟိသည်။ တချိန်တည်းတွင် အကြမ်းဖက် ဖက်ဆစ်စစ်ကောင်စီတပ်၏ တပ်ဖွဲ့ဝင်များ လက်နက်ချ အလင်းဝင်ရောက်မှုမှာလည်း တရက်ထက်တရက် ပို၍များပြားလာပြီး စစ်ကောင်စီ၏ တပ်အုပ်ချုပ်ရီး ယန္တရားလည်ပတ်မှုများ တဖြည်းဖြည်းပျက်စီး ယုတ်လျော့လာလျက်ဟိသည်။

ဤကဲ့သို့ စစ်ရီး၊ နိုင်ငံရီးနန့် သံတမန်ရီးအပါအဝင် အဖက်ဖက်တွင်ယှုံးနိမ့်နီသော အကြမ်းဖက် ဖက်ဆစ်စစ်ကောင်စီတပ်သည် မြီပြင်ရင်ဆိုင်တိုက်ပွဲများ၌ အရေးနိမ့်တိုင်း အရပ်သားပြည်သူများအား ပစ်မှတ်ထား တိုက်ခိုက်မှုများ၊ မြို့ရွာများကိုဗုံးကြဲခြင်း၊ မီးတိုက်ဖျက်ဆီးခြင်း၊ သမိုင်းဝင်အမွီအနှစ်များကို ရည်ရွယ်ချက်ဟိဟိ ဖျက်ဆီးခြင်း စသည့် စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှုများကို တရက်ထက်တရက် လက်ရဲဇက်ရဲ ပေါ်ပေါ်တင်တင် လုပ်လာလျက်ဟိသည်။

ထို့ကြောင့် အာရက္ခပြည်သူများအနီဖြင့် ရက်စက်ကြမ်းကြုတ်သော အကြမ်းဖက် ဖက်ဆစ်ဝါဒီ စစ်ကောင်စီတပ်၏ လီကြောင်းရန်၊ ရီကြောင်းရန်နန့် လက်နက်ကြီးရန်များမှ မိမိကိုယ်ကို ကာကွယ်နိုင်သော နည်းလမ်းများဖြင့် အထူးသတိထားပြီး လုံခြုံစွာနီထိုင်ကတ်ရန် အသိပီးတိုက်တွန်းအပ်ပါသည်။ အဆောက်အအုံ တစ်ခုတည်းအတွင်း လူအစုလိုက်အပြုံလိုက် သတိပေါ့လျော့စွာနီထိုင်ခြင်း၊ လူစုလူဝေးလုပ်ခြင်းများကို အတတ်နိုင်ဆုံး ယှောင်ယှားပြီး ဖြန့်ကြင်းနီထိုင်ကတ်ရန်လည်း တိုက်တွန်းအပ်ပါသည်။

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်
👍497❤247🙏25🥰21😁8💯4❤‍🔥3🔥3🕊3👏2
ရှမ်းမြောက်တွင် စစ်ဘေးရှောင်ပြည်သူများအား စာနာစိတ်အပြည့်ဖြင့် ရက္ခိုင့်တပ်တော် တနိုင်တပိုင် ကူညီ

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁၈) ရက်

ရှမ်းမြောက်ဒေသ၏ မူဆယ် နှင့် ၁၀၅ မိုင်အနီးတဝိုက်ရှိ စစ်ဘေးရှောင်ပြည်သူလူထုများကို ညီနောင်မဟာမိတ် (၃) ဖွဲ့ထဲမှ တစ်ဖွဲ့ဖြစ်သော ရက္ခိုင့်တပ်တော် (Arakan Army) အနေဖြင့် တနိုင်တပိုင် ကူညီပံ့ပိုးမှုများကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁၆) ရက်၊ နေ့လယ် (၁) နာရီခွဲခန့်မှ စတင်၍ ညနေ (၆) နာရီနီးပါးအထိ ပြုလုပ်ခဲ့ပါသည်။

စစ်ပွဲများကြောင့် ပြည်သူများအနေနှင့် လူမှုစီးပွားဒုက္ခအဝဝ နှင့် အခက်အခဲမျိုးစုံကြုံတွေ့ရသည်မှာ မှန်သော်လည်း ဤအခက်အခဲများကို အားလုံးစုပေါင်းရင်ဆိုင်ကြပြီး ပိုမိုကောင်းမွန်သော အနာဂတ်သို့ ရောက်ရှိအောင် အားလုံးစုစည်းရင်ဆိုင်သွားကြရန် မိမိတို့ ရက္ခိုင့်တပ်တော်မှ တိုက်တွန်းလိုက်ပါသည်။

စစ်ဘေးဒဏ်နှင့်အတူ စားဝတ်နေရေးအခက်အခဲကြုံတွေ့နေရသော ပြည်သူများနှင့် မိမိတို့သည် တသွေးတည်း၊ တသားတည်း အချိန်မရွေးရှိနေပါသည်။ မိမိတို့သည် မည်သည့်နေရာ၊ မည့်သည့်ဒေသသို့ရောက်ရှိပါစေ လူမျိုးမရွေး၊ ဘာသာမရွေး ခွဲခြားစိတ်မရှိဘဲ အတူရပ်တည်နေပါသည်။ ထို့အပြင် စာနာစိတ်အပြည့်ဖြင့် တတ်နိုင်သည်များကို တစ်ဖွဲ့ချင်းအလိုက်သော်လည်းကောင်း၊ ညီနောင်မဟာမိတ် (၃) ဖွဲ့အနေဖြင့်သော်လည်းကောင်း အကောင်းဆုံးပံ့ပိုးကူညီပေးသွားပါမည်။

#AAInfoDesk
❤556👍117🥰22🙏14👏10😁9😍7🕊2🔥1😢1