တိုက်ပွဲသတင်းထုတ်ပြန်ချက်

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၈) ရက်

ရှမ်းမြောက်ဒေသအတွင်း၌ ဒကစ (လောက်ကိုင်) တစ်ခုလုံး လက်နက်ချအညံ့ခံပြီးနောက်တွင် ရက္ခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ တောင်ရှည်တောင်ဗျူဟာစခန်းမှလည်း ရန်သူ့အင်အား (၂၀၀) ခန့် (စခန်းတစ်ခုလုံး) သည် ရက္ခိုင့်တပ်တော်ထံ လက်နက်ချ အညံ့ခံခဲ့သည်။ ထို့အတူ စစ်ကောင်စီ၏ အခြားသော တပ်စခန်းများမှလည်း မိမိတို့ထံ ဤကဲ့သို့ လက်နက်ချ အညံ့ခံရန် (သို့မဟုတ်) ပြည်သူ့ရင်ခွင်ထဲသို့ ဝင်ရောက်ခိုလှုံရန် ဆက်သွယ်မှုများရရှိထားသည်။

တောင်ရှည်တောင်ဗျူဟာစခန်းသိမ်းတိုက်ပွဲအတွင်း မိမိတို့နှင့်အတူ မိတ်ဖက်အဖွဲ့အစည်းအချို့မှ ရဲဘော်များလည်း စစ်ရေးအတွေ့အကြုံယူရင်း တက်ကြွစွာ တိုက်ပွဲဝင်ခဲ့ကြသည်။

ပလက်ဝ ဒေသတစ်ခုလုံး စစ်ကောင်စီကင်းစင်သည့်နယ်မြေဖြစ်လာနိုင်ရန် ရက္ခိုင့်တပ်တော်မှ စစ်ကောင်စီ၏ စခန်းများကိုချေမှုန်းတိုက်ခိုက်လျက်ရှိရာ ဇန်နဝါရီလ (၇) ရက်မှစ၍ ပလက်ဝ အနောက်ဘက်ခြမ်းရှိ စစ်ကောင်စီ၏ စခန်းတိုင်းကို မိမိတို့မှ သိမ်းပိုက်ရယူထားပြီးဖြစ်သည်။ ကျန်ရှိနေသေးသော စစ်ကောင်စီ၏စခန်းအချို့ကို ယခုရက်များအတွင်း အပြီးသတ်ချေမှုန်း တိုက်ခိုက်သွားမည်ဖြစ်သည်။

ရှင်းလက်ဝ(ချင်းလက်ဝ) စခန်းသိမ်းတိုက်ပွဲမှ ထွက်ပြေးသွားသော စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား (၁၀၄) ဦး ခန့်သည် အိန္ဒိယနိုင်ငံအတွင်းသို့ အာသံရိုင်ဖယ်၏ အကူအညီဖြင့် ထွက်ပြေးသွားသည်။ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၂၉) ရက်နေ့တွင်လည်း ပွိုင့် (၃၇၇) စခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား (၁၅၁) ဦးသည် အိန္ဒိယနိုင်ငံထဲသို့ ထွက်ပြေးဝင်ရောက်သွားခဲ့ပြီး အိန္ဒိယအစိုးရမှ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၂) ရက်နေ့တွင် စစ်ကောင်စီတပ်ထံ ပြန်လည် လွှဲပြောင်းပေးခဲ့သည်။

နောက်ဆက်တွဲ သိမ်းပိုက်ရရှိထားသော စခန်းအဖြစ် ရက္ခိုင်ပြည်၊ မြောက်ဦး သင်းကျစ်တော်တောင် စခန်းကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၇) ရက်၊ ညနေ (၄) နာရီအချိန်တွင် ရက္ခိုင့်တပ်တော်မှ အပြီးသတ်သိမ်းပိုက်ရရှိခဲ့သည်။ ရန်သူ့စစ်အသုံးအဆောင်ပစ္စည်းများနှင့် လက်နက်ခဲယမ်း အမြောက်အမြားကို သိမ်းဆည်းရမိခဲ့သည်။

စစ်ကောင်စီတပ်သားများ၊ စစ်စခန်းများအနေဖြင့် လက်နက်ချအညံ့ခံလိုပါက မိမိတို့ထံ အချိန်မရွေး ဆက်သွယ်နိုင်ပါကြောင်း ထပ်မံအသိပေးအပ်ပါသည်။

သတင်းနှင့်ပြန်ကြားရေး
ရက္ခိုင့်တပ်တော်

Website Link: https://www.arakanarmy.net/
VK Link: https://vk.com/arakanarmyinfodesk
674👍214🥰30🍾18❤‍🔥14👏12🎉12🙏9👌8😍7🔥3
291👍71🥰12❤‍🔥7🙏4👎1
တိုက်ပွဲသတင်းထုတ်ပြန်ချက်

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၉) ရက်

ရက္ခိုင့်တပ်တော်အနေဖြင့် ပလက်ဝဒေသတစ်ခုလုံးကို စစ်ကောင်စီကင်းစင်သည့် နယ်မြေဖြစ်လာနိုင်ရန်အတွက် ပလက်ဝမြို့ပတ်ဝန်းကျင်တွင် ကျန်ရှိနေသေးသည့် စစ်ကောင်စီတပ်၏ အနည်းငယ်သော လက်ကျန်စခန်းများကို ဆက်လက်ချေမှုန်းတိုက်ခိုက်လျက်ရှိသည်။ ထို့ကြောင့် ပလက်ဝမြို့ပတ်ဝန်းကျင်တွင် တိုက်ပွဲများဆက်လက်ပြင်းထန်နေခဲ့သည်။

ဇန်နဝါရီလ (၉) ရက်တစ်နေ့လုံး ပလက်ဝမြို့အနီးပတ်ဝန်းကျင်၌ ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားလျက်ရှိပြီး စစ်ကောင်စီဘက်မှ လက်နက်ကြီးပစ်ကူ၊ ဂျက်တိုက်လေယာဉ် များဖြင့် အပြင်းအထန်ခုခံတိုက်ခိုက်လျက်ရှိသကဲ့သို့ မိမိတို့ဘက်မှလည်း အပြီးသတ်သိမ်းပိုက်ရယူရေး အတွက် ကြိုးပမ်းလျက်ရှိသည်။ ရန်သူ့အလောင်းအများအပြားနှင့် လက်နက်ခဲယမ်း အမြောက်အမြားတို့ ကိုလည်း ယနေ့တွင်ထပ်မံသိမ်းဆည်းရမိခဲ့သည်။

ထို့အပြင် ပလက်ဝနှင့် ကျောက်တော်အစပ်တွင်ရှိသော စစ်ကောင်စီ၏ မီးဝဗျူဟာကိုလည်း အပြီးသတ်သိမ်းပိုက်နိုင်ရန်အတွက် ရက္ခိုင့်တပ်တော်မှ တစ်ပြိုင်နက်တည်း ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်။ ဤတိုက်ပွဲအတွင်း၌လည်း စစ်ကောင်စီသည် ဂျက်တိုက်လေယာဉ်များကို ကြိမ်ဖန်များစွာသုံး၍ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၉) ရက်နေ့တွင် မြောက်ဦးအခြေစိုက် အကြမ်းဖက် ဖက်ဆစ်စစ်ကောင်စီတပ်၏ ခမရ (၅၄၀) မှ အင်အား (၅၀) ကျော်ခန့်ရှိ စစ်ကြောင်းနှင့် ရက္ခိုင့်တပ်တော်တို့ သကျမာရ်အောင် ဘုရားအနီးတွင် မိနစ်အနည်းငယ်ကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။ အဆိုပါ တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ အထိနာခဲ့ပြီး (၁၅) ဦးထက်မနည်းကျဆုံးခဲ့ကာ ဒဏ်ရာရရှိသူများထပ်မံရှိနိုင်သည်။

အကျအဆုံးများပြီး အထိနာနေသော အဆိုပါစစ်ကြောင်းသည် မြောက်ဦးမြို့အတွင်းသို့ဆုတ်ပြေးစဉ် လမ်း၌တွေ့ရှိသော မြောက်ဦးမြို့ခံ (၃) ဦးအား လူသားဒိုင်းကာလုပ်၍ ခမရ (၅၄၀) တပ်ရင်းသို့ ခေါ်ဆောင်သွားပြီး အဆိုပါအပြစ်မဲ့ အရပ်သား (၃) ဦးစလုံးအား သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သည်။

ထို့အပြင် ယနေ့ ညနေပိုင်းတွင်လည်း ခမရ (၅၄၀) တပ်ရင်းမှ မြောက်ဦးမြို့အတွင်းသို့ လက်နက်ကြီးများဖြင့် ရမ်းကားပစ်ခတ်ခဲ့မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူ (၁) ဦး နေရာမှာပင် ပွဲချင်းပြီးသေဆုံးသွားခဲ့ပြီး (၂) ဦးဒဏ်ရာရရှိခဲ့သည်။ မိမိတို့၏ အပြစ်မဲ့ပြည်သူလူထုတို့အား သတ်ဖြတ်သွားပြီး စစ်ရာဇဝတ်မှု ကျူးလွန်နေသော ခမရ (၅၄၀) တပ်ရင်းအား ပြတ်ပြတ်သားသား လက်စားချေတုံ့ပြန်သွားမည်ဖြစ်သည်။

သတင်းနှင့်ပြန်ကြားရေး
ရက္ခိုင့်တပ်တော်

Website Link: https://www.arakanarmy.net/
VK Link: https://vk.com/arakanarmyinfodesk
602👍268🙏30👏15🥰14😢7🔥4👎2
493👍42🥰22🏆19🙏16🔥9🍾7🎉6❤‍🔥5
387👍31🏆29🥰11🎉8🔥6😱3🙏2🍾2❤‍🔥1
413👍50🏆44🥰25🍾8🎉7❤‍🔥6🔥3😱3
တိုက်ပွဲသတင်းများ ထုတ်ပြန်ချက်

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁၄) ရက်

"ရောမမြို့ကို တစ်ရက်တည်းဖြင့် တည်ဆောက်၍မရ" ဆိုသကဲ့သို့ ရက္ခိုင်နှင့် ပလက်ဝဒေသအတွင်းရှိ ရက္ခိုင့်တပ်တော်မှ သိမ်းပိုက်ရရှိခဲ့သော ဗျူဟာစခန်းများ၊ အထိုင်ချစခန်းများနှင့် လက်နက်ကြီးစခန်းများအပါအဝင် အားလုံးသော စခန်း သိမ်းတိုက်ပွဲတိုင်းသည် လွယ်လင့်တကူ အသာတကြည်ရရှိခဲ့သော စခန်းများတစ်ခုမှမရှိခဲ့ပေ။

အာရက္ခစစ်သည်တော်များ၏ ထိုက်သင့်သောပေးဆပ်မှု၊ စွန့်လွှတ်စွန့်စားသော စစ်သည်တော်များ၏ သတ္တိပြောင်မြောက် စွာတိုက်ပွဲဝင်နိုင်မှု၊ ပေးအပ်လာသောအမိန့်နှင့် တာဝန်ကို ကျေပွန်မှု၊ စစ်ဒေသအချင်းချင်း ချိတ်ဆက်တိုက်ပွဲဝင်နိုင်မှု နှင့် ရန်သူ၏အားနည်းချက်ကို အမိအရဖမ်းဆုပ်ရယူနိုင်မှုများဖြင့် ရယူခဲ့သောစခန်းများဖြစ်ကြသည်။ တခြားတစ်ဖက်တွင် လည်း ဆက်စပ်တိုက်ပွဲများ၊ ဟန်ချက်ညီတိုက်ပွဲများဖြင့် ရန်သူ၏စခန်းများကို တစ်ခုပြီးတစ်ခု ဗျူဟာကျစွာဖြင့် သိမ်းပိုက် ခဲ့ခြင်းဖြစ်သည်။

ရက္ခိုင်ပြည်မြောက်ပိုင်း၏ အရေးပါသောမြို့ကြီးများအား ရန်သူ၏ လေကြောင်း၊ ရေကြောင်း၊ လက်နက်ကြီးပစ်ကူ အမြောက်အမြားဖြင့် ပြင်းထန်စွာ ပစ်ခတ်တိုက်ခိုက်နေသည့်ကြားမှ စစ်ကောင်စီ၏အရေးကြီးပြီး အဓိကကျသော ဗျူဟာကုန်း၊ အထိုင်ချစခန်းကုန်းများနှင့် ပြည်သူလူထုကို နှစ်ရှည်လများ ဒုက္ခပေးနေသော လက်နက်ကြီးစခန်းကုန်းများ ကို မိမိတို့ ရက္ခိုင့်တပ်တော်မှလည်း ပြင်းထန်သော ထိုးစစ်ဆင်တိုက်ခိုက်မှုများဖြင့် ရယူသိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

ပလက်ဝဒေသအတွင်း စစ်ဆင်ရေးကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၃) ရက်နေ့တွင်စတင်ခဲ့ပြီး “တရွန်အိုင်” နှင့် “နှုံးဘူး” ဗျူဟာနှစ်ခုစလုံးကို ရှေ့ဆင့်နောက်ဆင့် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။ ဤထိုးစစ်မစခင်ကတည်းကပင် မိမိတို့သည် ရက္ခိုင်နှင့် ပလက်ဝဒေသရှိ စစ်ကောင်စီ၏ ဗျူဟာကုန်း၊ အထိုင်စခန်းကုန်းအများအပြားကို နှစ်ရှည်လများ ဗျူဟာ မြောက်စွာ ဝိုင်းရံပိတ်ဆို့ဖြတ်တောက်ထားခဲ့ပြီး အဆိုပါစခန်းများအား ယခုအချိန်တွင်မှ တစ်ခုပြီးတစ်ခု ထိုးစစ်ဆင် ချေမှုန်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် စစ်ကောင်စီ၏ စခန်းများဖြစ်ကြသော တရွန်အိုင်ဗျူဟာ၊ နှုံးဘူးဗျူဟာ၊ ခဝဲဗျူဟာ၊ ပွိုင့် (၃၇၇) ဗျူဟာကုန်း၊ ရှင်းလက်ဝဗျူဟာ၊ ခလရ (၂၈၉) တပ်ရင်းဌာနချုပ်၊ စကခ (၁၉) ရှေ့တန်းတပ်မဌာနချုပ် နှင့် မီးဝဗျူဟာကုန်း အစရှိသောစခန်းများကို ဗျူဟာမြောက်စွာဖြင့် စနစ်တကျ တစ်ခုပြီးတစ်ခု ခက်ခက်ခဲခဲသိမ်းပိုက်ရယူနိုင်ခဲ့သည်။ ဤကဲ့သို့ သိမ်းပိုက်ရရှိပြီးနောက်မှသာ ပလက်ဝမြို့တစ်မြို့လုံးကို နောက်ဆုံးတွင်မှ အလုံးစုံသိမ်းပိုက်ရယူနိုင်ခဲ့ခြင်းဖြစ်သကဲ့သို့ အောင်မြင်စွာထိန်းချုပ်ထားနိုင်ပြီလည်း ဖြစ်သည်။

ပလက်ဝမြို့ ပတ်ဝန်းကျင်တွင် “ခလရ (၂၈၉) တပ်ရင်းဌာနချုပ်”၊ “စကခ (၁၉) ရှေ့တန်းတပ်မဌာနချုပ်”နှင့် “တပ်မ(၁၁)” လက်အောက်ခံတပ်ရင်းများသည် ပလက်ဝမြို့ကို ဗဟိုပြု၍ အရှေ့၊ အနောက်၊ တောင်၊ မြောက် တပ်ဖြန့်ထားလျက်ရှိသည်။

“ခလရ (၂၈၉) တပ်ရင်းဌာနချုပ်” သည် ပလက်ဝဒေသတစ်ခုလုံးရှိ ၎င်းတို့၏တပ်စခန်းများအားလုံးကို စီမံခန့်ခွဲပြီး အမိန့်ပေးကွပ်ကဲနေသော အဓိကတပ်မဌာနချုပ်တစ်ခုဖြစ်ပြီး တပ်မမှူးများ ပူးတွဲကြီးကြပ်ကွပ်ကဲနေသည့် “စစ်ဗျူဟာ ကုန်းကြီး” လည်းဖြစ်သည်။

ပလက်ဝဒေသအတွင်းရှိ တပ်ရင်းများနှင့် ပလက်ဝဒေသအတွင်း အခြေချလှုပ်ရှားနေသော “စကခ(၁၉)” နှင့် “တပ်မ (၁၁)” တို့မှ တပ်မမှူးများအားလုံးသည် ပလက်ဝမြို့တွင် အတူရှိနေကြပြီး ၎င်းနေရာမှ ကွပ်ကဲအုပ်ချုပ်နေသောကြောင့် ပလက်ဝမြို့သည် အကြီးဆုံးဗျူဟာစခန်းကုန်းလည်း ဖြစ်သည်။

ပလက်ဝမြို့ အခြေစိုက် စစ်ကောင်စီ၏ “ခလရ (၂၈၉) တပ်ရင်းဌာနချုပ်” အား ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁၀) ရက်၊ နံနက် (၇) နာရီ (၁၀) မိနစ်အချိန်တွင် ရက္ခိုင့်တပ်တော်မှ အပြီးသတ်သိမ်းပိုက်ရယူနိုင်ခဲ့သည်။ ရန်သူ့လက်နက်ခဲယမ်းနှင့် စစ်အသုံးအဆောင်ပစ္စည်းအမြောက်အမြားတို့ကို သိမ်းဆည်းရမိခဲ့သည်။

ဤ “ခလရ (၂၈၉) တပ်ရင်းဌာနချုပ်” သည် ပလက်ဝဒေသအတွင်း မိမိတို့ ဝန်းရံပိတ်ဆို့ဖြတ်တောက်ထားသည့် စခန်း များစွာထဲမှ နောက်ဆုံးလက်ကျန်သိမ်းပိုက်ရန် ကျန်ရှိနေသေးသောစခန်းကြီးလည်း ဖြစ်သည်။ ထို့အပြင် ဤတပ်ရင်း ဌာနချုပ်သည် စစ်ကောင်စီ၏ ပလက်ဝဒေသတစ်ခုလုံး၏ စစ်ဆင်ရေးကို စီမံခန့်ခွဲညွှန်ကြားနေသော ဌာနချုပ်စခန်း ဖြစ်သည့်အပြင် ပလက်ဝဒေသတစ်ခုလုံးနှင့် အိန္ဒိယ-ဘင်္ဂလားဒေ့ရှ်- မြန်မာ (ပလက်ဝ) သုံးနိုင်ငံ နယ်စပ်အထိ ၎င်းတို့၏ စစ်စခန်းများသို့ ထောက်ပို့ပေးနေသော ထောက်ပို့ဗျူဟာကုန်းကြီးလည်း ဖြစ်သည်။

ပလက်ဝဒေသအတွင်း စစ်ကောင်စီ၏ နောက်ဆုံးလက်ကျန် “နှမဒါဗျူဟာ” နှင့် “ခန်ခတောင်ဗျူဟာ” စခန်းနှစ်ခုထဲမှ “ခန်ခတောင်ဗျူဟာ” စခန်းကိုလည်း ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁၃) ရက်နေ့တွင် အပြီးသတ်သိမ်းပိုက်ရယူနိုင်ခဲ့ပြီး လက်နက်ခဲယမ်းအမြောက်အမြားကိုလည်း သိမ်းဆည်းရမိခဲ့သည်။ ဤ “ခန်ခတောင်ဗျူဟာ” မှ ရန်သူများမှာ အိန္ဒိယနိုင်ငံ ဘက်အတွင်းသို့ ထွက်ပြေးသွားခဲ့ကြသည်။
384👍106🏆18🍾12🎉8❤‍🔥7🙏3👌3💔1