Media is too big
VIEW IN TELEGRAM
စစ်ကောင်စီတပ် ကြည်း၊ ရေ၊ လေ သုံးခုပေါင်းပြီး ပိတ်ဆို့တိုက်ခိုက်နေသည့်ကြားမှ လူသားဒိုင်းကာအဖြစ် ဖမ်းဆီးထားခြင်းကိုခံထားရသည့် ကျန်ရှိနေသေးသော ပေါက်တောမြို့သူမြို့သားများအား ရက္ခိုင့်တပ်တော် ဆက်လက်ကယ်ထုတ်နေသည့် ရုပ်သံမှတ်တမ်း

#AAInfoDesk

Website Link: https://www.arakanarmy.net/
VK Link: https://vk.com/arakanarmyinfodesk
406👍102🙏50🥰13😁6❤‍🔥5🔥4😱3🎉3🍾2🤩1
103👍40🙏6🥰4🔥1
သတင်းထုတ်ပြန်ချက်

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၃) ရက်

ပလက်ဝမြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ အခိုင်အမာ အထိုင်ချပြီး အနီးအနားဒေသခံ ပြည်သူလူထုများနှင့် မိမိတို့အား လက်နက်ကြီးများဖြင့် နှစ်ရှည်လများ ဒုက္ခပေးနေခဲ့သော "တရွန်အိုင်ဗျူဟာ”နှင့် “နှုံးဘူးဗျူဟာ” စခန်းကုန်းကြီးနှစ်ခုစလုံးအား ရက္ခိုင့်တပ်တော်မှ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၄) ရက်နေ့ တစ်ရက်တည်း၌ ရှေ့ဆင့်နောက်ဆင့်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။

အဆိုပါ ဗျူဟာကုန်းကြီးနှစ်ခုစလုံးအား မိမိတို့၏ ထိုးစစ်ဆင်တိုက်ခိုက်မှုသည် ယနေ့ဆိုလျှင် ရက်ပေါင်း (၂၀) တင်းတင်းပြည့်မြောက်ခဲ့ပြီဖြစ်သည်။ ထိုးစစ်အရှိန်သည်လည်း တဖြည်းဖြည်းမြင့်တက်လျက်ရှိပြီး ရန်သူ၏ အပြင်းအထန် ခုခံစစ်မှာလည်း အမြင့်ဆုံးအချိန်သို့ ရောက်ရှိလာကာ ယနေ့တစ်ရက်တည်းတွင်ပင် ရန်သူသည် ဂျက်တိုက်လေယာဉ်၊ Mi35 ၊ Y 8 ၊ Y 12 တို့ဖြင့် လေကြောင်းပစ်ကူ အကြိမ်အရေအတွက် (၃၀) ကျော်အထိ ရှိခဲ့သည်။

ညနေ (၆) နာရီ (၃၈) မိနစ်တွင် စစ်ကောင်စီသည် Chemical Warfare Agents ဓာတုဓာတ်ငွေ့ပါသော ဗုံးများကို အသုံးပြုပြီး ဂျက်တိုက်လေယာဉ်တစ်စီးဖြင့် လာရောက်တိုက်ခိုက်ခဲ့သည်။ ရန်သူသည် ဤကဲ့သို့သော ဓာတုဓာတ်ငွေ့ပါသောဗုံးဖြင့်တိုက်ခိုက်မှုမျိုးကို ရှမ်းမြောက်ဒေသအတွင်း ၁၀၂၇ စစ်ဆင်ရေး၏ အထိနာသော ကာလမျိုးတွင် သုံးစွဲခဲ့ဖူးသည်။

ယနေ့သည် မိမိတို့၏ ထိုးစစ်မှာ အမြင့်ဆုံးဖြစ်သကဲ့သို့ ရန်သူ့ဘက်မှလည်း လေကြောင်းပစ်ကူ အများဆုံးနေ့ဖြစ်သည်။ ရက္ခိုင့်တပ်တော်အနေဖြင့် အဆိုပါ ဗျူဟာကုန်း (၂) ခုစလုံးအား အပြီးသတ် သိမ်းပိုက်နိုင်ရေးအတွက် ထိုးစစ်ကို ဆက်လက်အရှိန်မြှင့်တင်သွားမည်ဖြစ်သည်။

စစ်ရေးအရ နိုင်ငံအနှံ့နေရာတိုင်းတွင် အထိနာနေသောစစ်ကောင်စီတပ်သည် ၎င်းတို့အထိနာတိုင်း ပြုလုပ်နေကျလုပ်ရပ်များဖြစ်သော စစ်ဆင်ရေးပစ်မှတ်မဟုတ်သော အနီးအနားရှိ ပြည်သူများနေထိုင်သည့် ကျေးရွာများကို လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ ရပ်ရွာများကို မီးရှို့ ဖျက်ဆီးခြင်း၊ အပြစ်မဲ့အရပ်သားပြည်သူများကို ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်းစသည့်စစ်ရာဇဝတ်မှုများကို တစ်ခုပြီးတစ်ခု ဆက်တိုက် ကျူးလွန်လျက်ရှိသည်။

ပြည်သူများအနေဖြင့် စစ်ကောင်စီ၏ ယခုကဲ့သို့သော စစ်ရာဇဝတ်မှုကျူးလွန်နေသော မှတ်တမ်းများကို ရဲရဲဝံ့ဝံ့အမိအရရိုက်ကူးမှတ်တမ်းတင်ထားကာ နီးစပ်ရာ အာရက္ခပြည်သူ့အစိုးရအဖွဲ့ဝင်များထံသို့ ပေးပို့ကြရန် တိုက်တွန်းလိုက်သည်။

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၃) ရက်နေ့တွင်လည်း စစ်ကောင်စီတပ်သည် ပေါက်တောမြို့ကို ကြည်း၊ ရေ၊ လေ သုံးခုပေါင်းကာ အပြင်းအထန်ဗုံးကြဲတိုက်ခိုက်လျက်ရှိပြီး ပေါက်တောမြို့တွင်းတိုက်ပွဲသည်လည်း အရှိန်မြင့်လျက်ရှိသည်။

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၃) ရက်၊ မွန်းလွဲ (၂) နာရီခန့်အချိန်တွင် ပုဏ္ဏားကျွန်းမြို့နယ် "ရဲရိုးပြင်ကျေးရွာ"အား အကြမ်းဖက်စစ်ကောင်စီတပ်တစ်ခုဖြစ်သော ခလရ (၂၇၀) တပ်ရင်းမှ တိုက်ပွဲတစုံတရာဖြစ်ပွားခြင်းမရှိဘဲ ကျေးရွာအတွင်းဝင်ရောက်ကာ လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ပြီး မီးရှို့ဖျက်ဆီးခဲ့သည့်အပြင် အပြစ်မဲ့ဒေသခံရွာသားတချို့အား ဖမ်းဆီးခဲ့သည်။

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၃) ရက်၊ ညနေ (၄) နာရီခန့်အချိန်တွင် ပုဏ္ဏားကျွန်းမြို့နယ် "ခမောင်းတောကျေးရွာ" အား ခလရ (၂၇၀) တပ်ရင်းမှ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ထပ်မံမီးရှို့ခဲ့သည်။

ထို့အပြင် စစ်ကောင်စီတပ်သည် စပါးရိတ်သိမ်းနေသော တောင်သူလယ်သမားများအား လေကြောင်းမှ တမင်တကာ ရည်ရွယ်ချက်ရှိရှိပစ်ခတ်တိုက်ခိုက်ခြင်း၊ ပုဏ္ဏားကျွန်း၊ ပေါက်တောမြို့ရှိ ဈေးများကိုမီးရှို့ခြင်း၊ ညအချိန်များတွင် ရပ်ရွာများကို လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ခြင်း၊ ဒရုန်းများဖြင့် ရပ်ရွာများကို ဗုံးကြဲခြင်း အစရှိသည့် စစ်ရာဇဝတ်မှုများကို အစီစဉ်ချပြီး တစ်နေ့ထက်တစ်နေ့ ထပ်မံကျူးလွန်လျက်ရှိသည်။

ရက္ခိုင့်တပ်တော်အနေဖြင့် အာရက္ခပြည်သူလူထု၏ အသက်၊ အိုးအိမ်၊ စည်းစိမ်များကို ဖျက်ဆီးခဲ့သော စစ်ကောင်စီ၏ တပ်ဖွဲ့၊ တပ်ရင်း၊ တပ်မများကို နေ့ရက်အလိုက် ဖြစ်စဉ်ဖြစ်ရပ်များဖြင့် စနစ်တကျ သေချာစွာ မှတ်တမ်းတင်ထားပြီး ၎င်းတို့အား အမြန်ဆုံး လက်တုံ့ပြန်တိုက်ခိုက်သွားမည်ဖြစ်သည်။

#AAInfoDesk
Website Link: https://www.arakanarmy.net/
VK Link: https://vk.com/arakanarmyinfodesk
516👍224🙏45❤‍🔥13😁7🥰6🕊6🏆6🔥4🍾4👎1
သတင်းထုတ်ပြန်ချက်

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၅) ရက်

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၄) ရက်နေ့ ၊ နံနက် (၆) နာရီခန့်မှ စတင်၍ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သော "တရွန်အိုင်ဗျူဟာ"စခန်းကုန်းကြီးတစ်ခုလုံးအား ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၄) ရက်၊ နေ့လယ် (၁) နာရီ (၀၄) မိနစ်အချိန်တွင် အပြီးသတ်ချေမှုန်းတိုက်ခိုက်သိမ်းပိုက်ရယူနိုင်ခဲ့ပြီးဖြစ်သည်။

ထိုးစစ်ရက်ပေါင်း (၂၁) ရက်ခန့်ကြာမြင့်ခဲ့ပြီး မိမိတို့အနေဖြင့် ထိုက်သင့်သော ပေးဆပ်မှုများဖြင့် ရယူနိုင်ခဲ့ခြင်းဖြစ်သည်။ ထိုးစစ်ကာလအတွင်း ရန်သူ၏ လေကြောင်း၊ လက်နက်ကြီးပစ်ကူ၊ Chemical Warfare Agents ဓာတုဓာတ်ငွေ့ပါသောဗုံးများဖြင့် နေ့၊ ည ရက်ဆက် ပစ်ခတ်တိုက်ခိုက်နေသည့်ကြားမှ ရယူသိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။ ရန်သူ့အလောင်းများနှင့် လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင် ပစ္စည်းတို့ကို သိမ်းဆည်းရမိခဲ့သည်။

ရက္ခိုင့်တပ်တော်အနေဖြင့် နောက်ထပ်ကျန်ရှိနေသော "နှုံးဘူးဗျူဟာကုန်း" ကိုလည်း အပြီးသတ် သိမ်းပိုက်နိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

ပေါက်တောမြို့အတွင်း တိုက်ပွဲမှာ ဆက်လက်ရှိနေပြီး လက်ကျန်ရန်သူတို့အား မိမိတို့မှ ဆက်လက် ချေမှုန်းတိုက်ခိုက်လျက်ရှိသည်။

ရဟတ်ယာဉ်ကွင်း (၂) ကွင်းပါရှိသော "တရွန်အိုင်ဗျူဟာ" ကုန်းသိမ်းတိုက်ပွဲအတွင်း အသက်၊ ခန္ဓာပေးဆပ်ခဲ့ရသော အာရက္ခစစ်သည်တော်များ၊ ထူးချွန်ပြောင်မြောက်စွာ တိုက်ပွဲဝင် စစ်သည်တော်များအားလုံးကို လေးနက်စွာ ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။

ရက္ခိုင့်တပ်တော်မှ သိမ်းထားသော ရန်သူ့စခန်းကုန်းများ၊ ရန်သူစွန့်လွှတ်ထားခဲ့သော နယ်စပ်စခန်းများအပြင် ဆက်လက်သိမ်းယူရန် လျာတားထားသော ဗျူဟာစခန်းများအား သိမ်းပြီးနောက် ရရှိလာမည့် စခန်းများအားလုံးကို ကာကွယ်စောင့်ရှောက်ရန်အတွက် အာရက္ခတိုင်းပြည်အပေါ် အမှန်တကယ် ချစ်မြတ်နိုးပြီး ကာကွယ်စောင့်ရှောက်ကြမည့် " Defenders of Our Fatherland” အာရက္ခစစ်သည် တော်သစ်များ လိုအပ်လျက်ရှိနေပါသည်။ ထို့ကြောင့် အမျိုးသားရေးအသိတရား၊ တာဝန်သိစိတ်၊ တာဝန်ယူလိုစိတ်အပြည့်အဝရှိကြသော လူငယ်များအား တိုင်းပြည်တာဝန်ထမ်းဆောင်ရန် ဖိတ်ခေါ်လိုက်သည်။

သတင်းနှင့် ပြန်ကြားရေး
ရက္ခိုင့်တပ်တော်

Website Link: https://www.arakanarmy.net/
VK Link: https://vk.com/arakanarmyinfodesk
775👍206🙏28🏆28🥰20❤‍🔥15😍11🎉10🥱4🥴4🌚2
Breaking News

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၆) ရက်

စစ်ကောင်စီ၏ တရွန်အိုင်ဗျူဟာကုန်း အား ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၄) ရက်နေ့တွင် အပြီးသတ်သိမ်းပိုက်ရရှိထားခဲ့ပြီးဖြစ်သည်။ တစ်ပြိုင်နက်တည်းတွင် တရွန်အိုင်ဗျူဟာကုန်းနှင့် တစ်ရက်တည်းတွင် ရှေ့ဆင့်နောက်ဆင့် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သော အခြားသော ဗျူဟာကုန်း တစ်ခုဖြစ်သည့် နှုံးဘူးဗျူဟာကုန်းကိုလည်း ယနေ့ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၆) ရက်နေ့တွင် (၂၃) ရက်မြောက် ထိုးစစ်ဆင်တိုက်ခိုက်မှုများနှင့်အတူ ဆက်လက်ချေမှုန်း တိုက်ခိုက်လျက်ရှိသည်။

ရန်သူသည် နံနက် (၈) နာရီ (၄၅) မိနစ်အချိန်မှစတင်၍ ဂျက်လေယာဉ် များ၊ လက်နက်ကြီးပစ်ကူ အမြောက်အမြားဖြင့် ခုခံစစ်ကိုဆင်နွှဲနေသကဲ့သို့ ရက္ခိုင့်တပ်တော်ဘက်မှလည်း အဆိုပါဗျူဟာကုန်းအား အရှိန်အဟုန်မြှင့် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသောကြောင့် တိုက်ပွဲမှာပြင်းထန်လျက်ရှိသည်။

#AAInfoDesk
865👍253🙏54🥰51🏆38🎉17❤‍🔥13🍾8🔥6😁5🥱4
326👍49🥰24🏆21🍾9🎉6👏4❤‍🔥22🔥2👎1
ရက္ခိုင်ဒေသတိုက်ပွဲသတင်းများ

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၁၁) ရက်

ရက္ခိုင့်တပ်‌တော် (AA) သည် ပလက်ဝမြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ အခိုင်အမာစခန်းချထားသော ဗျူဟာကုန်း (၂) ခု ဖြစ်သည့် “တရွန်အိုင်ဗျူဟာ” နှင့် “နှုံးဘူးဗျူဟာ” စခန်းနှစ်ခုစလုံးတို့အား ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၄) ရက်နေ့၌ ရှေ့ဆင့်နောက်ဆင့် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး "တရွန်အိုင်ဗျူဟာ” ကုန်းတစ်ခုလုံးအား ထိုးစစ် (၂၁) ရက်အကြာ၊ ဒီဇင်ဘာလ (၄) ရက်နေ့၌ အပြီးသတ် သိမ်းပိုက် ရယူနိုင်ခဲ့ပြီးဖြစ်သည်။

နောက်ထပ် အပြီးသတ်သိမ်းပိုက်ရန် ကျန်ရှိနေသေးသော “နှုံးဘူးဗျူဟာ” အား ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၁၀) ရက်နေ့၊ ည (၁၁) နာရီ (၄၅) မိနစ် အချိန်တွင် ရက္ခိုင့်တပ်တော်မှ အပြီးသတ်သိမ်းပိုက် ရယူနိုင်ခဲ့သည်။ နိုဝင်ဘာလ (၁၄) ရက်၊ နံနက် (၉) နာရီ (၂၅) မိနစ်မှ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ထိုးစစ် (၂၇) ရက်မြောက်အကြာမှ ဗျူဟာကုန်းတစ်ခုလုံးအား သိမ်းပိုက်ရယူနိုင်ခဲ့ခြင်းဖြစ်သည်။

ရန်သူသည် မိမိတို့၏ တစ်ရက်မျှရပ်နားခဲ့ခြင်းမရှိသော ထိုးစစ်အား လက်နက်ကြီးများ၊ လေကြောင်းပစ်ကူအမြောက်အမြားဖြင့် အပြင်းအထန် ခုခံခဲ့သော်လည်း မိမိတို့မှ ၎င်းဗျူဟာကုန်းစခန်းအား မရရအောင် အပြင်းအထန်တိုက်ခိုက်ခဲ့ပြီးနောက် ရယူနိုင်ခဲ့ခြင်းဖြစ်သည်။ "နှုံးဘူး" ဗျူဟာမှူး အလောင်းအပါအဝင် ရန်သူ့အလောင်းအချို့၊ လက်နက်ခဲယမ်းအမြောက်အမြားတို့အား သိမ်းဆည်းရမိခဲ့သည်။

ထို့အပြင် တစ်ပိုင်းတစ်စ သိမ်းပိုက်ရန်ကျန်ရှိနေသေးသော စခန်းများကိုလည်း ဆက်လက် သိမ်းပိုက်ရယူနိုင်ရေးအတွက် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေခဲ့သည်။

ပေါက်တောမြို့တွင်းတိုက်ပွဲမှာ ယခင်ရက်များနည်းတူ ပုံမှန်ဆက်လက်ဖြစ်ပွားလျက်ရှိသည်။

အခြားတစ်ဘက်တွင် ထွက်ပြေးလွတ်မြောက်နေသော ရန်သူများထဲမှ အချို့သည် မိမိတို့အား လာရောက်တိုက်ခိုက်သောကြောင့် နေရာအချို့တွင် ရင်ဆိုင်ထိတွေ့ တိုက်ပွဲငယ်များ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်။

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၁၁) ရက်၊ ညနေ (၆) နာရီ (၁၀) မိနစ်ခန့်တွင် အမ်းမြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ ကဇူးကိုင်း၊ "တောဟိန်းတောင်"ဗျူဟာမှ အမ်းမြို့နယ်၊ တဲဖျားရွာအနီးသို့လည်းကောင်း၊ ညနေ (၇) နာရီ (၅၆) မိနစ် အချိန်ခန့်တွင် အမ်းမြို့နယ်၊ ဒလက်ချောင်းအတွင်းရှိ ရန်သူ၏ စခန်းကုန်းတစ်ခုမှ အမ်းမြို့နယ်၊ သက်ချောင်းဘုရား အနောက်တောင်ဘက် တောင်တန်းရှိ ရက္ခိုင့်တပ်တော်၊ တပ်ဖွဲ့ဝင်များရှိရာ နေရာသို့လည်းကောင်း လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

ပလက်ဝမြို့နယ်အတွင်း အခိုင်အမာ စခန်းချကာ ပြည်သူလူထုအား နှစ်ရှည်လများ ဒုက္ခပေးနေခဲ့သော “နှုံးဘူး ဗျူဟာကုန်း” စခန်းသိမ်းတိုက်ပွဲအတွင်း အသက်၊ ခန္ဓာ၊ သွေး၊ ချွေးများစွာ ရင်းနှီးပေးဆပ်ခဲ့ရသည့် အာရက္ခ စစ်သည်တော်များနှင့် ရဲရင့်ပြောင်မြောက်စွာ တိုက်ပွဲဝင်ခဲ့ကြသော အာရက္ခစစ်သည်တော်များ အားလုံးကို လေးနက်စွာဂုဏ်ပြု မှတ်တမ်းတင်အပ်ပါသည်

သတင်းနှင့်ပြန်ကြားရေး
ရက္ခိုင့်တပ်တော်

Website Link: https://www.arakanarmy.net/
VK Link: https://vk.com/arakanarmyinfodesk
897👍213🙏43🥰37👏24🍾22🏆17🎉16❤‍🔥12😁7🔥6
Breaking news

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၁၂) ရက်

ရက္ခိုင်ဒေသအတွင်း စစ်ကောင်စီ၏ ဘူးသီးတောင်၊ ရသေ့တောင်၊ မင်းပြား၊ မြောက်ဦး၊ အမ်း၊ မြေပုံ မြို့နယ်အတွင်းရှိ စခန်းတချို့သည် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ လေကြောင်း၊ ရေကြောင်းများမှလည်း လက်နက်ကြီး၊ ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၁၂) ရက်၊ နံနက် (၈) နာရီခန့်မှ စတင်ပြီး ကြိုကြားကြိုကြား ပစ်ခတ်တိုက်ခိုက်လျက် ရှိသည်။

ပလက်ဝဒေသအတွင်းရှိ စစ်ကောင်စီ၏ စခန်းအချို့မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသန်းပစ်ခတ်တိုက်ခိုက်ခြင်းအပြင် ဂျက်လေယာဉ်တစ်စီးဖြင့် မိမိတို့ သိမ်းပိုက်ရယူထားသော "နှုံးဘူးဗျူဟာ" ပတ်ဝန်းကျင်သို့ လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

#AAInfoDesk
👍38196🙏78🥰35😢30🤬20😱9❤‍🔥7🔥5🏆3🌚1
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ၊ ၁၂ နေ့များတွင် စစ်ကောင်စီတပ်မှ မတရား ဖမ်းဆီးထားသော အပြစ်မဲ့ပြည်သူများစာရင်း

#AAInfoDesk
😢320👍72🤬267🔥7🌚6🤯3🥴3
Breaking News

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၁၄) ရက်၊ ည (၈) နာရီခန့်မှ စတင်ပြီး ယခုအချိန်အထိ စစ်ကောင်စီ၏ တပ်စခန်းတစ်ခုဖြစ်သော ရက္ခိုင်ပြည်၊ စစ်တွေမြို့ အမှတ် (၁၂) ရဲတပ်ရင်းမှ ပေါက်တောမြို့ဘက်သို့ အတွဲလိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်လျက်ရှိသည်။

#AAInfoDesk
December 14, 2023
👍142😢72🤬47🙏24😱2114🔥8😁7👎2😈2🌚1
280👍39❤‍🔥11😍7🥰3😁2👎1🍾1