၁၉/၁၁
KIA ဌာနချုပ်နယ်မြီအတွင်းဟိ ဝေကြိုင်ဘွမ်၊ ဗိုလ်သင်တန်းကျောင်း၌ စစ်ပညာသင်ယူနီကတ်သော ရက္ခိုင့်တပ်တော်မှ ဗိုလ်လောင်း (၈) ဦးနန့် အခြားသောတိုင်းရင်းသားတော်လှန်ရီးလက်နက်ကိုင် အဖွဲ့အစည်းအချို့မှ ဗိုလ်လောင်းများအပါအဝင် စုစုပေါင်းဗိုလ်လောင်း (၂၃) ဦးရို့သည် ၂၀၁၄ ခုနှစ်၊ နိုဗမ်ဘာလ (၁၉) ရက်နိတွင် မြန်မာစစ်တပ်မှ လက်နက်ကြီးများဖြင့် အလစ်အငိုက်အကောက်ကြံ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အဆိုပါ ဗိုလ်သင်တန်းကျောင်းဝင်း၌ အသက်ကြွီလွင့်ခရသည်။
ဂနိ ၂၀၂၃ ခုနှစ်၊ နိုဗမ်ဘာလ (၁၉) ရက်နိသည် အဆိုပါ ဗိုလ်လောင်းများ တိုင်းပြည်နန့် လူမျိုးအတွက် တာဝန်ထမ်းဆောင်ယင်း အသက်ပီးဆပ်ခရသည့် (၉) နှစ်ပြည့်မြောက်သည့် နိဖြစ်သည်။ ရက္ခိုင့်တပ်တော် အနီဖြင့် နိုဗမ်ဘာလ (၁၉) ရက်နိကို ရောက်တိုင်း အမြဲတမ်း သတိရနီမည်ဖြစ်ပြီး ကျဆုံးလားခရေ ဗိုလ်လောင်းများအား ဇာခါလေ့သင့် မိလိမ့်မည်မဟုတ်ပေ။
၂၀၂၃ ခုနှစ်၊ နိုဗမ်ဘာလ (၁၉) ရက်
#19/11

😢354👍78❤35🙏32❤🔥31🔥7🕊5😍3😈3😁1
စစ်ကောင်စီမှ လူသားဒိုင်းကာနှင့် ဓါးစာခံအဖြစ်ပြန်ပေးဆွဲထားသော ပေါက်တောမြို့ပြည်သူလူထုများနှင့် ရဟန်းသံဃာ၊ သက်ကြီးရွယ်အို၊ ကလေးသူငယ်၊ ကိုယ်ဝန်ဆောင်အမျိုးသမီးအချို့ ပါဝင်သည့် အရေအတွက် (၁၀၀) နီးပါးကို ရက္ခိုင့်တပ်တော်မှ အောင်မြင်စွာကယ်ထုတ်နိုင်ခဲ့
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၂၁) ရက်
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၂၁) ရက်နေ့၊ နေ့လယ် (၁၂) နာရီ (၀၂) မိနစ်ခန့်တွင် ရက္ခိုင်ပြည်နယ်၊ ပေါက်တောမြို့ အတွင်း နေရာအချိုနှင့် လောကထိပ်ပန်ဘုရားကုန်းတို၌ စစ်ကောင်စီတပ်နှင့်ရက္ခိုင့်တပ်တော် (AA) တို့ မြို့တွင်း တိုက်ပွဲဖြစ်ပွားခဲ့သည်။
စစ်ကောင်စီသည် ပေါက်တောမြို့မှ ရဟန်းသံဃာ အပါအဝင် ဒေသခံပြည်သူလူထု (၁၀၀) နီးပါးကို ဓါးစာခံနှင့် လူသားဒိုင်းကာအဖြစ်အသုံးပြုရန် ပြန်ပေးဆွဲထားသည်မှာ (၆) ရက် ခန့်ရှိပြီဖြစ်သည်။ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၆) ရက်နေ့မှစတင်၍ ပြန်ပေးဆွဲထားခြင်းဖြစ်သည်။
ထို့ကြောင့် ရက္ခိုင့်တပ်တော်သည် ပေါက်တောမြို့အတွင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များရှိရာနေရာများအား ဝင်ရောက် တိုက်ခိုက်ပြီး ဓါးစာခံပြည်သူလူထုအားလုံးကို ဘေးအန္တရာယ်ကင်းစွာဖြင့် ကယ်ထုတ်နိုင်ရန် ကြိုးစားရာမှ တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ဓါးစာခံပြည်သူလူထုများအား ကယ်တင်နိုင်ခဲ့သည့် ဤတိုက်ပွဲသည် ပေါက်တောမြို့အတွင်း ပြင်းထန်ခဲ့ပြီး စစ်ကောင်စီ တပ်ဖွဲဝင်များသည်လည်း အထိနာကာ အကျအဆုံးများခဲ့သည်။ ရန်သူ့လက်နက်ခဲယမ်းတချို့အား မိမိတို့မှ သိမ်းဆည်း ရမိခဲ့သည်။ မိမိတို့ ဖက်မှလည်း အာရက္ခစစ်သည်အချို့ အသက်ပေးဆပ်ခဲ့ရပြီး ဒဏ်ရာရရှိသူအချို့လည်း ရှိခဲ့သည်။
ထို့ကြောင့် ရန်သူသည် လေကြောင်း၊ ရေကြောင်း၊ လက်နက်ကြီးများ၊ အတွဲလိုက်ဒုံးများဖြင့် တိုက်ပွဲဖြစ်ပွားရာ နေရာများသို့သာမက တိုက်ပွဲဖြစ်ပွားခြင်းမရှိသောနေရာများသို့ပါ ရမ်းသန်းပစ်ခတ်တိုက်ခိုက်နေခြင်းများကို ယခု အချိန်အထိ ပြုလုပ်လျက်ရှိသည်။
ရက္ခိုင့်တပ်တော်သည် ရက္ခိုင်ပြည်သူလူထု၏ အသက်၊ အိုးအိမ်၊ စည်းစိမ်တို့ကို အမြဲတမ်းကာကွယ်ပေးလျက်ရှိပြီး ပြည်သူလူထုအားဒုက္ခရောက်ရန် ပြုလုပ်သော မည်သူ့ကိုမဆို တားဆီးတိုက်ဖျက်သွားမည်။ အာရက္ခပြည်သူလူထုများအား သတ်ဖြတ်နေသော စစ်ကောင်စီတပ်ဖွဲ့ ဝင်များကိုလည်း မိမိတို့ ထုတ်ပြန်ထားသည့်အတိုင်း လက်စားချေ တုံ့ပြန်သွားမည်ဖြစ်သည်။
ပေါက်တောမြို့အတွင်း ကျန်ရှိနေသေးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ဆက်လက်ချေမှုန်းလျက်ရှိပြီး ကျန်ရှိနေသေးသောဓါးစာခံများ အန္တရာယ်ကင်းစွာလွတ်မြောက်နိုင်ရေးအတွက် မိမိတို့အနေဖြင့် ဆက်လက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
#AAInfoDesk

❤289👍91🙏33❤🔥7🔥6😁1😢1🥴1
Media is too big
VIEW IN TELEGRAM
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၆) ရက်နေ့မှစ၍ စစ်ကောင်စီတပ် ပြန်ပေးဆွဲ ဖမ်းဆီးထားပြီး လူသားဒိုင်းကာအဖြစ် အသုံးပြုထားသော ပေါက်တော မြို့သူမြို့သားများအား ယနေ့ ၂၀၂၃ ခုနစ်၊ နိုဝင်ဘာ (၂၁) ရက်နေ့တွင် ရန်သူ့လက်ထဲမှ ရက္ခိုင့်တပ်တော် ကယ်ထုတ်နေသည့် ရုပ်သံမှတ်တမ်း
❤631👍129🙏68🥰65❤🔥23👏20👌12🏆10😍7🔥5🍾4
တိုက်ပွဲသတင်းထုတ်ပြန်ချက်
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၂၂) ရက်
ရက္ခိုင်ဒေသစစ်မျက်နှာ၌ ၁၀၂၇ စစ်ဆင်ရေးသည် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၃) ရက်နေ့မှသာ စတင်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်တို့သည် တိုက်ပွဲများပြန်လည်ဖြစ်ပွားခဲ့သည်။ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ (၂၂) ရက်နေ့ဆိုလျှင် ရက္ခိုင်ဒေသအတွင်း စစ်ဆင်ရေးကာလ (၁၀) ရက်ပြည့်မြောက်ခဲ့ပြီဖြစ်သည်။
စစ်ဆင်ရေးစတင်သည့် ပထမနေ့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၃) ရက်နေ့တွင် ရသေ့တောင်မြို့နယ်၊ ဒုံးပိုက်နယ်ခြားစောင့်တပ်စခန်းကို ရက္ခိုင့်တပ်တော်မှ သိမ်းပိုက်ခဲ့ပြီး စစ်ဆင်ရေး ဒုတိယနေ့ ဖြစ်သော နိုဝင်ဘာလ (၁၄) ရက်နေ့၊ နံနက် (၇) နာရီခွဲအချိန်တွင် "ချိန်ခါလီ"နယ်ခြားစောင့် တပ်စခန်းကို အပြီးသတ်သိမ်းယူနိုင်ခဲ့သည်။
ထို့အပြင် ပလက်ဝမြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ အခိုင်မာ အထိုင်ချ နေရာယူထားသော “တရွန်အိုင်ဗျူဟာ” နှင့် “နှုံးဘူးဗျူဟာ” နှစ်ခုအား နိုဝင်ဘာလ (၁၄) ရက်နေ့မှ စတင်ကာ ယနေ့အချိန်အထိ ရက္ခိုင့်တပ်တော်မှ ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်။ ဤဗျူဟာနှစ်ခုအား ထိုးစစ်ဆင် တိုက်ခိုက် နေခဲ့သည်မှာ ယနေ့ဆိုလျှင် (၉) ရက်မြောက်နေ့သို့ ရောက်ရှိလာခဲ့ပြီး တိုက်ပွဲများ ဆက်လက် ဖြစ်ပွားလျက်ရှိသည်။
အဆိုပါဗျူဟာနှစ်ခုအား ရန်သူသည် လက်နက်ခဲယမ်းရိက္ခာများကို လေကြောင်းမှချပေးနေရပြီး ယမန်နေ့က ရန်သူ့လေကြောင်း ထောက်ပို့ပစ္စည်းများထဲမှ အချို့ကို မိမိတို့ သိမ်းဆည်းရမိခဲ့သည်။
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၆) ရက်နေ့ နံနက် (၁၀) နာရီခန့်မှ စတင်ထိုးစစ်ဆင်ခဲ့သော မောင်တောအခြေစိုက် "ဒုံးညို"နယ်ခြားစောင့်တပ်စခန်းအား နိုဝင်ဘာ (၁၇) ရက်နေ့ နေ့လယ် (၁) နာရီအချိန်တွင် ရက္ခိုင့်တပ်တော်မှ အပြီးသတ် သိမ်းပိုက်ထားခဲ့ပြီးဖြစ်သည်။
လက်နက်ချအညံ့မခံသော စစ်ကောင်စီ၏ တပ်စခန်းများအား တိုက်ခိုက်သွားမည်ဟု ထုတ်ပြန် ထားသည့်အတိုင်း ရက္ခိုင့်တပ်တော်အနေဖြင့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၈) ရက်နေ့တွင်လည်း ဘူးသီးတောင်အခြေစိုက် စစ်ကောင်စီ၏ "ခထီးလှ" တပ်စခန်းအား အညံ့မခံသောကြောင့် နံနက် (၈) နာရီ (၁၄) မိနစ်တွင် စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၂၁) ရက်နေ့၊ နံနက် (၈) နာရီခန့် အချိန်တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်သည်။
တိုက်ပွဲကာလ (၁၀) ရက်တာအတွင် ရက္ခိုင့်တပ်တော်မှ ရန်သူ့ စခန်း (၄) ခုအား ထိုးစစ်ဆင် သိမ်းပိုက်ထား နိုင်ခဲ့ပြီဖြစ်ပြီး တခြား ရန်သူ့ဘက်မှ စွန့်လွှတ်သွားခဲ့သော စခန်းပေါင်း (၄၀) ကျော်ကိုလည်း မိမိတို့ မှ သိမ်းပိုက်ထားပြီးဖြစ်သည်။
ထို့အပြင် ပေါက်တောမြို့၌ ရန်သူ့ဘက်မှ လူသားဒိုင်းကာအဖြစ် ဓါးစာခံဖမ်းဆီးထားသော ရဟန်းသံဃာများ၊ သက်ကြီးရွယ်အိုများ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့် ကလေးသူငယ်များအပါ အဝင် မြို့သူမြို့သား (၁၀၀) နီးပါးကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ (၂၁) ရက်နေ့တွင် ကယ်ထုတ်နိုင်ခဲ့ပြီး ဆက်လက်၍လည်း ရန်သူ့လက်ထဲ၌ ကျန်ရှိနေသေးသော လူသားဒိုင်းကာအဖြစ် ပြန်ပေးဆွဲခံထားရသော ပေါက်တောမြို့သူ မြိုသားများအား ရန်သူ့လက်ထဲမှ လွတ်မြောက်နိုင်ရေး ကြိုးစားလျက်ရှိသည်။
ယနေ့ နံနက် (၇) နာရီ (၂၀) မိနစ်ခန့်မှစတင်ပြီး ပေါက်တောမြို့အတွင်း၌ ဓါးစာခံကယ်တင်ရေးအတွက် တိုက်ပွဲများဆက်လက်ဖြစ်ပွားခဲ့သည်။ ရန်သူသည် ရေကြောင်း၊ လေကြောင်း၊ လက်နက်ကြီးပစ်ကူများဖြင့် တိုက်ခိုက်လျက်ရှိပြီး တိုက်ပွဲပြင်းထန်လျက်ရှိသည်။ ရန်သူဖမ်းထားသော ဓားစာခံပြည်သူအချို့ကို ယမန်နေ့နည်းတူ ထပ်မံကယ်ထုတ်နိုင်ခဲ့သည်။
ရန်သူသည် ပေါက်တောမြို့အတွင်း တိုက်ပွဲဖြစ်ပွားရာနေရာများသို့ ယနေ့ နံနက် (၁၀) နာရီ (၀၅) မိနစ်ခန့်မှစတင်ပြီး MiG 35၊ ဂျက်တိုက်လေယာဉ်တို့ဖြင် တစ်လှည့်စီလာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သည်မှာ သုံးကြိမ်တိုင် ရှိခဲ့ပြီဖြစ်သည်။ နေ့လယ် (၁၂) နာရီ(၀၅) မိနစ်အချိန်တွင် လောကထိပ်ပန် ဘုရားကုန်းကို ဂျက်တိုက်လေယာဉ် (၁) စီးဖြင့် မိနစ် (၂၀) ခန့် လှည့်ပတ်၍ ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊ ကြက်သွန်ခင်းကျေးရွာ လမ်းသုံးခွဆုံအနီး၌လည်း စစ်ကောင်စီ နှင့် ရက္ခိုင့်တပ်တော်တို့သည် နိုဝင်ဘာလ (၂၁) ရက်နေ့ နေ့လယ် (၁၂) နာရီ (၁၅) မိနစ်မှစတင်တိုက်ပွဲဖြစ်ပွားခဲ့ပြီး တစ်နာရီခန့်ကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်။ ထီးချိုင့်မြို့ အခြေစိုက် ခမရ (၃၆၇) တပ်ရင်းနှင့် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ပြည်သူကို ရည်ရွယ်ချက်ရှိရှိ အနိုင်ကျင့် ခြိမ်းခြောက်သတ်ဖြတ်ကာ စစ်ရာဇဝတ်မှုများကို လက်ရဲဇက်ရဲဆက်တိုက်ကျူးလွန် နေသော စစ်ကောင်စီ၏ တပ်စခန်းများ နှင့် လက်နက်ချ အညံ့မခံသောသူများအား ရက္ခိုင့်တပ်တော်အနေဖြင့် ဆက်လက် တိုက်ခိုက်သွားမည်ဖြစ်သည်။

👍334❤232👏12🏆12❤🔥6🍌5🥰3👎2👌2⚡1🔥1
The Arakan Army (AA) successfully rescued around 100 innocent civilians, including monks, the elderly, children and pregnant women held as human shields by the Myanmar junta for six days on November 21, 2023
On November 21, at approximately 12:02 pm, an intense clash erupted between the Arakan Army (AA) and the Myanmar junta in some downtown areas and Lawka Hteik Pan Pagoda Hill in Pauktaw Township, Arakan.
For six days, those people were held as hostages and utilized as human shields. This atrocious act of abduction had been perpetrated by the Myanmar junta starting from November 16, 2023.
The clash with Myanmar junta troops in Pauktaw downtown was triggered by the urgent need to rescue civilian hostages. This intense confrontation successfully liberated the hostages but resulted in a fierce fight where most of the SAC's troops were eliminated. Some military weapons and ammunition were seized during this intense fight. Some Arrakkha soldiers of the AA have sacrificed their lives for the country and the people, and some were injured.
Our adversary, the Myanmar military junta, has been aimlessly launching the sea-land-air joint operation - airstrikes, navy attacks, heavy artilleries, and multiple rocket launchers at the places where the clash was breaking out and at the places where there was no clash.
The Arakan Army (AA) remains committed to defending the lives, properties, and prosperity of the Arakan people, vowing to respond to anyone threatening them. Any SAC troops who are committing war crimes against the Arakan people will suffer the consequences, as previously announced by the Arakan Army (AA).
While striving to ensure the safe evacuation of the remaining hostages used as human shields, the Arakan Army (AA) is and will eliminate the remainder of the SAC's troops in Pauktaw Township, Arakan.
#AAInfoDesk
DISCLAIMER: The English version is a translation of the original in Burmese for information purposes only. In case of a discrepancy, the Burmese original will prevail.

❤179👍37🙏11❤🔥3🌚3⚡2🔥1🥰1👏1🍓1
Media is too big
VIEW IN TELEGRAM
The video footage released on November 21, 2023, reveals the Arakan Army's successful rescue of nearly 100 Pauktaw residents who were captured and held as hostages and human shields by the military junta starting from November 16, 2023.
❤206👍90🥰85🙏22❤🔥9💯5🍌5🔥3🍾2👎1🍓1
Media is too big
VIEW IN TELEGRAM
စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ လူသားဒိုင်းကာနှင့် ဓါးစာခံအဖြစ် ပြန်ပေးဆွဲဖမ်းဆီးထားခြင်းခံရသော ပေါက်တော ဒေသခံ (၁၀၄) ဦးအား ဒုတိယအသုတ်အဖြစ် ထပ်မံကယ်ထုတ်နိုင်ခဲ့
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၂၃) ရက်
စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၆) ရက်နေ့တွင် ရဟန်းသံဃာများ၊ သက်ကြီးရွယ်အိုများ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့် ကလေးသူငယ်များပါဝင်သော ပေါက်တောမြို့ခံ များအား လူသားဒိုင်းကာနှင့် ဓါးစာခံများအဖြစ် ပြန်ပေးဆွဲ ဖမ်းဆီးထိန်းသိမ်းထားခဲ့သည်။ မြို့ခံ ပြည်သူများအား ပြန်ပေးဆွဲဖမ်းဆီးထားပြီး (၆) ရက်မြောက်နေ့ဖြစ်သော ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၂၁) ရက်နေ့တွင် ဓားစာခံများအားလုံးထဲမှ (၁၂၀) ဦးအား ရက္ခိုင့်တပ်တော်တပ်ဖွဲ့ဝင်များမှ ပထမအသုတ် အနေဖြင့် ကယ်ထုတ်နိုင်ခဲ့ပြီး လုံခြုံစိတ်ချရသော နေရာသို့ ပိုဆောင်ပေးခဲ့ပြီးဖြစ်သည်။
ဆက်လက်၍ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၂၂) ရက်နေ့တွင်လည်း ရန်သူ့လက်ထဲ ဖမ်းဆီးခံထားရသော ဓါးစားခံများနှင့် မြို့တွင်းရှိ နေအိမ်တချို့ ၌ ပုန်းအောင်းနေကြသောသူများ စုစုပေါင်း (၁၀၄) ဦးကို ဒုတိယအသုတ်အနေဖြင့် ထပ်မံကယ်ထုတ်နိုင်ခဲ့ပြီး ၎င်းတို့အား လုံခြုံစိတ်ချရသောနေရာများသို့ ဆက်လက်ပို့ဆောင်လျက်ရှိသည်။
ဓားစာခံကယ်တင်ရေး၏ ပထမနေ့တွင် ရန်သူအခြေပြုထားသော နေရာ (၃) နေရာမှ ရန်သူ (၃၀) ကျော် အား ရှင်းလင်းနိုင်ခဲ့သည်။ ဒုတိယနေ့တွင်လည်း ပေါက်တောမြို့တွင်း နေရာ (၃) နေရာမှ ရန်သူ (၁၈) ဦး (မျက်မြင်) အား ထပ်မံရှင်းလင်းနိုင်ခဲ့ပြီး ရန်သူဘက်မှ (၁၈) ဦးခန့် ဒဏ်ရာရရှိခဲ့သည်။ တိုက်ပွဲအတွင်း ဒရုန်းစက်များအပါအဝင် ရန်သူ၏လက်နက်ခဲယမ်းနှင့် စစ်အသုံးအဆောင်ပစ္စည်းတချို့အား မိမိတို့မှ ထပ်မံသိမ်းဆည်းရရှိခဲ့သည်။
မိမိတို့တပ်ဖွဲဝင်များသည် ပေါက်တောမြို့အတွင်း လူသားဒိုင်းကာအဖြစ် ပြန်ပေးဆွဲခံထားရကာ ကျန်ရှိနေသေးသော ဓါးစာခံများ အန္တရာယ်ကင်းစွာလွတ်မြောက်နိုင်ရေးအတွက် ဆက်လက် ကြိုးပမ်းနေပြီး တစ်ပြိုင်နက်တည်းတွင် ကျန်ရှိနေသေးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ဆက်လက် သုတ်သင် ရှင်းလင်းလျက်ရှိသည်။
#AAInfoDesk
Website Link: https://www.arakanarmy.net/
VK Link: https://vk.com/arakanarmyinfodesk

❤594👍182🙏53🥰19❤🔥14👏13🎉6💯6🍾6🔥4😍2
Media is too big
VIEW IN TELEGRAM
ပေါက်တောမြို့အတွင်း၌ စစ်ကောင်စီတပ်၏ လူသားဒိုင်းကာအဖြစ် ဖမ်းဆီးထားခြင်းကိုခံထားရသည့် ကျန်ရှိနေသေးသော ပေါက်တောမြိုသူမြိုသားများအား ရက္ခိုင့်တပ်တော်မှ ဆက်လက်ကယ်ထုတ်နေသည့် ရုပ်သံမှတ်တမ်း
#AAInfoDesk
Website Link: https://www.arakanarmy.net/
VK Link: https://vk.com/arakanarmyinfodesk
#AAInfoDesk
Website Link: https://www.arakanarmy.net/
VK Link: https://vk.com/arakanarmyinfodesk
❤556👍129🙏32🥰14❤🔥13😍9🤣9🏆6👏4🌭3🔥1
စစ်ကောင်စီ၏ လက်နက်ကြီး၊ ငယ်များ၊ ရီကြောင်းမှ ယမ်းသန်းပစ်ခတ်တိုက်ခိုက်ခြင်းများနန့် ဒရုန်း၊ တိုက်လီယာဉ်များဖြင့် ပစ်ခတ်တိုက်ခိုက်သော လီကြောင်းရန်မှ ကြိုတင်ကာကွယ် နိုင်ရန်အတွက် သိဟိထားသင့်ပြီး လိုက်နာဆောင်ရွက်ရမည့်အချက်များ
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၃၀) ရက်
#AAInfoDesk
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၃၀) ရက်
#AAInfoDesk
❤364👍148❤🔥7🥰6😱5🙏5🕊5⚡3👎2👌1🍾1
Media is too big
VIEW IN TELEGRAM
စစ်ကောင်စီတပ် ကြည်း၊ ရေ၊ လေ သုံးခုပေါင်းပြီး ပိတ်ဆို့တိုက်ခိုက်နေသည့်ကြားမှ လူသားဒိုင်းကာအဖြစ် ဖမ်းဆီးထားခြင်းကိုခံထားရသည့် ကျန်ရှိနေသေးသော ပေါက်တောမြို့သူမြို့သားများအား ရက္ခိုင့်တပ်တော် ဆက်လက်ကယ်ထုတ်နေသည့် ရုပ်သံမှတ်တမ်း
#AAInfoDesk
Website Link: https://www.arakanarmy.net/
VK Link: https://vk.com/arakanarmyinfodesk
#AAInfoDesk
Website Link: https://www.arakanarmy.net/
VK Link: https://vk.com/arakanarmyinfodesk
❤406👍102🙏50🥰13😁6❤🔥5🔥4😱3🎉3🍾2🤩1
သတင်းထုတ်ပြန်ချက်
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၃) ရက်
ပလက်ဝမြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ အခိုင်အမာ အထိုင်ချပြီး အနီးအနားဒေသခံ ပြည်သူလူထုများနှင့် မိမိတို့အား လက်နက်ကြီးများဖြင့် နှစ်ရှည်လများ ဒုက္ခပေးနေခဲ့သော "တရွန်အိုင်ဗျူဟာ”နှင့် “နှုံးဘူးဗျူဟာ” စခန်းကုန်းကြီးနှစ်ခုစလုံးအား ရက္ခိုင့်တပ်တော်မှ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၄) ရက်နေ့ တစ်ရက်တည်း၌ ရှေ့ဆင့်နောက်ဆင့်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။
အဆိုပါ ဗျူဟာကုန်းကြီးနှစ်ခုစလုံးအား မိမိတို့၏ ထိုးစစ်ဆင်တိုက်ခိုက်မှုသည် ယနေ့ဆိုလျှင် ရက်ပေါင်း (၂၀) တင်းတင်းပြည့်မြောက်ခဲ့ပြီဖြစ်သည်။ ထိုးစစ်အရှိန်သည်လည်း တဖြည်းဖြည်းမြင့်တက်လျက်ရှိပြီး ရန်သူ၏ အပြင်းအထန် ခုခံစစ်မှာလည်း အမြင့်ဆုံးအချိန်သို့ ရောက်ရှိလာကာ ယနေ့တစ်ရက်တည်းတွင်ပင် ရန်သူသည် ဂျက်တိုက်လေယာဉ်၊ Mi35 ၊ Y 8 ၊ Y 12 တို့ဖြင့် လေကြောင်းပစ်ကူ အကြိမ်အရေအတွက် (၃၀) ကျော်အထိ ရှိခဲ့သည်။
ညနေ (၆) နာရီ (၃၈) မိနစ်တွင် စစ်ကောင်စီသည် Chemical Warfare Agents ဓာတုဓာတ်ငွေ့ပါသော ဗုံးများကို အသုံးပြုပြီး ဂျက်တိုက်လေယာဉ်တစ်စီးဖြင့် လာရောက်တိုက်ခိုက်ခဲ့သည်။ ရန်သူသည် ဤကဲ့သို့သော ဓာတုဓာတ်ငွေ့ပါသောဗုံးဖြင့်တိုက်ခိုက်မှုမျိုးကို ရှမ်းမြောက်ဒေသအတွင်း ၁၀၂၇ စစ်ဆင်ရေး၏ အထိနာသော ကာလမျိုးတွင် သုံးစွဲခဲ့ဖူးသည်။
ယနေ့သည် မိမိတို့၏ ထိုးစစ်မှာ အမြင့်ဆုံးဖြစ်သကဲ့သို့ ရန်သူ့ဘက်မှလည်း လေကြောင်းပစ်ကူ အများဆုံးနေ့ဖြစ်သည်။ ရက္ခိုင့်တပ်တော်အနေဖြင့် အဆိုပါ ဗျူဟာကုန်း (၂) ခုစလုံးအား အပြီးသတ် သိမ်းပိုက်နိုင်ရေးအတွက် ထိုးစစ်ကို ဆက်လက်အရှိန်မြှင့်တင်သွားမည်ဖြစ်သည်။
စစ်ရေးအရ နိုင်ငံအနှံ့နေရာတိုင်းတွင် အထိနာနေသောစစ်ကောင်စီတပ်သည် ၎င်းတို့အထိနာတိုင်း ပြုလုပ်နေကျလုပ်ရပ်များဖြစ်သော စစ်ဆင်ရေးပစ်မှတ်မဟုတ်သော အနီးအနားရှိ ပြည်သူများနေထိုင်သည့် ကျေးရွာများကို လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ ရပ်ရွာများကို မီးရှို့ ဖျက်ဆီးခြင်း၊ အပြစ်မဲ့အရပ်သားပြည်သူများကို ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်းစသည့်စစ်ရာဇဝတ်မှုများကို တစ်ခုပြီးတစ်ခု ဆက်တိုက် ကျူးလွန်လျက်ရှိသည်။
ပြည်သူများအနေဖြင့် စစ်ကောင်စီ၏ ယခုကဲ့သို့သော စစ်ရာဇဝတ်မှုကျူးလွန်နေသော မှတ်တမ်းများကို ရဲရဲဝံ့ဝံ့အမိအရရိုက်ကူးမှတ်တမ်းတင်ထားကာ နီးစပ်ရာ အာရက္ခပြည်သူ့အစိုးရအဖွဲ့ဝင်များထံသို့ ပေးပို့ကြရန် တိုက်တွန်းလိုက်သည်။
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၃) ရက်နေ့တွင်လည်း စစ်ကောင်စီတပ်သည် ပေါက်တောမြို့ကို ကြည်း၊ ရေ၊ လေ သုံးခုပေါင်းကာ အပြင်းအထန်ဗုံးကြဲတိုက်ခိုက်လျက်ရှိပြီး ပေါက်တောမြို့တွင်းတိုက်ပွဲသည်လည်း အရှိန်မြင့်လျက်ရှိသည်။
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၃) ရက်၊ မွန်းလွဲ (၂) နာရီခန့်အချိန်တွင် ပုဏ္ဏားကျွန်းမြို့နယ် "ရဲရိုးပြင်ကျေးရွာ"အား အကြမ်းဖက်စစ်ကောင်စီတပ်တစ်ခုဖြစ်သော ခလရ (၂၇၀) တပ်ရင်းမှ တိုက်ပွဲတစုံတရာဖြစ်ပွားခြင်းမရှိဘဲ ကျေးရွာအတွင်းဝင်ရောက်ကာ လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ပြီး မီးရှို့ဖျက်ဆီးခဲ့သည့်အပြင် အပြစ်မဲ့ဒေသခံရွာသားတချို့အား ဖမ်းဆီးခဲ့သည်။
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၃) ရက်၊ ညနေ (၄) နာရီခန့်အချိန်တွင် ပုဏ္ဏားကျွန်းမြို့နယ် "ခမောင်းတောကျေးရွာ" အား ခလရ (၂၇၀) တပ်ရင်းမှ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ထပ်မံမီးရှို့ခဲ့သည်။
ထို့အပြင် စစ်ကောင်စီတပ်သည် စပါးရိတ်သိမ်းနေသော တောင်သူလယ်သမားများအား လေကြောင်းမှ တမင်တကာ ရည်ရွယ်ချက်ရှိရှိပစ်ခတ်တိုက်ခိုက်ခြင်း၊ ပုဏ္ဏားကျွန်း၊ ပေါက်တောမြို့ရှိ ဈေးများကိုမီးရှို့ခြင်း၊ ညအချိန်များတွင် ရပ်ရွာများကို လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ခြင်း၊ ဒရုန်းများဖြင့် ရပ်ရွာများကို ဗုံးကြဲခြင်း အစရှိသည့် စစ်ရာဇဝတ်မှုများကို အစီစဉ်ချပြီး တစ်နေ့ထက်တစ်နေ့ ထပ်မံကျူးလွန်လျက်ရှိသည်။
ရက္ခိုင့်တပ်တော်အနေဖြင့် အာရက္ခပြည်သူလူထု၏ အသက်၊ အိုးအိမ်၊ စည်းစိမ်များကို ဖျက်ဆီးခဲ့သော စစ်ကောင်စီ၏ တပ်ဖွဲ့၊ တပ်ရင်း၊ တပ်မများကို နေ့ရက်အလိုက် ဖြစ်စဉ်ဖြစ်ရပ်များဖြင့် စနစ်တကျ သေချာစွာ မှတ်တမ်းတင်ထားပြီး ၎င်းတို့အား အမြန်ဆုံး လက်တုံ့ပြန်တိုက်ခိုက်သွားမည်ဖြစ်သည်။

ARAKAN ARMY
News & Informations | ARAKAN ARMY
❤516👍224🙏45❤🔥13😁7🥰6🕊6🏆6🔥4🍾4👎1