၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၇) ရက်၊ ယနေ့တွင် ကျရောက်သော ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ဥက္ကဋ္ဌ၊ ရက္ခိုင့်တပ်တော် စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်၏ (၄၅) နှစ်ပြည့်မွေးနေ့သို့ အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလ ထံမှ ပေးပို့လာသော မွေးနေ့ဆုတောင်းသဝဏ်လွှာ နှင့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်ဥက္ကဋ္ဌမှ အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလ ထံသို့ပေးပို့သော ကျေးဇူးတင်လွှာ
❤118👍60🥰11😍4
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၃) ရက်နေ့ ရက္ခိုင်ဒေသအတွင်း တိုက်ပွဲသတင်းများ
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၃) ရက်နေ့တွင် ရက္ခိုင်ဒေသ၌ စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်တို့ သည် ရသေ့တောင်၊ မောင်တောနှင့် မင်းပြားမြို့နယ်ရှိ နေရာ (၅) ခု တွင် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ရသေ့တောင်မြို့နယ်ရှိ ဒုံးပိုက်နယ်ခြားစောင့်တပ်စခန်းအား ၄င်းနေ့ရက်၌ပင် သိမ်းပိုက်ရရှိခဲ့ပြီး ချိန်ခါလီနယ်ခြားစောင့်တပ်စခန်းအား ယနေ့ နိုဝင်ဘာလ (၁၄) ရက်၊ နံနက် (၇) နာရီခွဲတွင် အပြီးသတ်သိမ်းပိုက်ရရှိခဲ့သည်။
မင်းပြားမြို့နယ်အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲ (၂) ပွဲအတွင်း စစ်ကောင်စီ၏ စစ်တွေအခြေစိုက်၊ ခမရ(၃၄၄) တပ်ရင်းမှ ကြည်း-၄၁၅၉၇ ဗိုလ်မှူး သန့်ဇင်ထွန်း (ဒု-ရင်းမှူး) ၊ ကြည်း-၅၀၇၃၂ ဗိုလ်ကြီး ဖြိုးဇေယျာလှိုင် (တပ်စုမှူး) တို့အပါအဝင် စုစုပေါင်း (၁၀) ဦးအား စစ်သုံ့ပန်းများအဖြစ် ဖမ်းဆီးရမိခဲ့သည်။ ၎င်း တိုက်ပွဲအတွင်း စစ်ကောင်စီဖက်မှ မျက်မြင် (၁၀) ကျော် သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ တချို့လည်းရှိခဲ့သည်။
ထို့အတူ စစ်ကောင်စီ၏ ခလရ (၂၃၂) တပ်ရင်းနှင့် ဖြစ်ပွားခဲ့သော မောင်တောမြို့ မြောက်ပိုင်း၊ သင်္ဘောလှရွာအနီးတိုက်ပွဲတွင်လည်း သုံ့ပန်းတစ်ဦးအပါအဝင် စစ်ကောင်စီ၏ လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းများကို သိမ်းဆည်းရမိပြီး ရန်သူ့ဖက်မှ ဒု-စစ်ကြောင်းမှူး ကျော်သက်နိုင်အပါအဝင် (၁၄) ဦးခန့် ကျဆုံးခဲ့ကာ ဒဏ်ရာရသူအချို့ရှိခဲ့သည်။
ဖမ်းဆီးရမိထားသော စစ်ကောင်စီ၏ အရာရှိများအပါအဝင် တပ်ဖွဲ့ဝင်များအားလုံးအား မိမိတို့ဖက်မှနိုင်ငံတကာစစ်သုံပန်းဥပဒေနှင့်အညီ ကောင်းမွန်စွာ စောင့်ရှောက်ထားလျက်ရှိသည်။
ယမန်နေ့တိုက်ပွဲများအတွင်း ရက္ခိုင့်တပ်တော်မှ အာရက္ခစစ်သည်တော် (၆) ဦးမှာ မိမိတို့၏ စစ်ဆင်ရေးရည်မှန်းချက် အကောင်အထည်ဖော်တိုက်ပွဲများအတွင်း အသက်ပေးဆပ်စွန့်လွှတ်ခဲ့ရသည်။
ယမန်နေ့ နိုဝင်ဘာလ (၁၃) ရက်နေ့ကလည်း ကျောက်တော်မြို့နယ်တွင်ရှိသော စစ်ကောင်စီ၏ လက်အောက်ခံ “အပေါက်ဝ ရဲစခန်း” မှ ရဲတပ်ဖွဲ့ ဝင်(၂၂) ယောက်စလုံးသည်ရက္ခိုင့်တပ်တော် (AA) ထံသို့ လက်နက်များ နှင့်အတူ အသာတကြည် လက်နက်ချအလင်းဝင်လာခဲ့သည်။ ထို့အပြင် အခြားသောနေရာ ၂ ခုမှလည်း နောက်ထပ်ရဲ (၆)ဦး တို့သည်လည်း လက်နက်နှင့်တကွ လက်နက်ချအလင်းဝင်ရောက်ခဲ့သည်။
မိမိတို့ ထံဆက်သွယ်လာပြီး လက်နက်ချအလင်းဝင်ရောက်ကြမည့်သူများကို ဆက်လက် ကြိုဆိုလက်ခံသွားမည်ဖြစ်ပါသည်။
နိုဝင်ဘာလ (၁၃) ရက်နေ့ တစ်ရက်တည်းတွင်ပင် စစ်ကောင်စီလက်အောက်ခံ၊ နယ်ခြားစောင့်တပ်၊ ရဲစခန်းတို့ သည် စခန်းပေါင်း (၄၀) နီးပါးကိုစွန့်လွှတ်ထားခဲ့ပြီး နီးစပ်ရာ စစ်ကောင်စီ၏ စစ်စခန်းများတွင် လည်းကောင်း၊ ရဲစခန်း(၃) ခုအား တစ်ခုအဖြစ်စုပေါင်း၍လည်းကောင်း သွားရောက်ပူးပေါင်း သွားကြသည်ကိုတွေ့ရှိရသည်။ မိမိတို့ အနေဖြင့် လက်နက်ချအညံ့မခံသော သူများကို ဆက်လက်တိုက်ခိုက် သွားမည်ဖြစ်သည်။
စစ်ကောင်စီသည် တောင်ကုတ်၊ သံတွဲ၊ ဂွ၊ ရမ်းဗြဲနှင့် ကျောက်ဖြူမြိုနယ်များတွင် ULA/AA နှင့် ဆက်စပ်ပတ်သက်သည်ဟူသော သံသယ၊ စွပ်စွဲချက်များဖြင့် အရပ်သားပြည်သူများအား ပစ်မှတ်ထား လိုက်လံရှာဖွေဖမ်းဆီးနေခြင်းများ ဆက်တိုက်ပြုလုပ်လာနေသည်ကို တွေ့ရှိနေရသည်။
#AAInfoDesk
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၄) ရက်

👍158❤88🥰18🏆9🔥5😢5❤🔥3🤩1
ရက္ခိုင့်တပ်တော်မှ လက်နက်ချအညံ့ခံရန် အသိပေးထားသော်လည်း လက်ခံမှုမရှိသော စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက် နံနက် (၅) နာရီ (၃၆) မိနစ်တွင် ရက္ခိုင်ပြည်၊ မောင်တော၊ ကံပြင်သာစည်ရွာ၏ အရှေ့မြောက် (၃.၃) ကီလိုမီတာအကွာအဝေး၌ အဆိုပါလက်နက်ချ အညံ့မခံသော သူများကို လိုက်လံတိုက်ခိုက်ခဲ့သည်။ ဤကဲ့သို့ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် (၅) ဦးသေဆုံးပြီး ဒဏ်ရာရသူအချိုရှိခဲ့သည်။
ဆက်လက်၍လည်း လက်နက်ချအညံ့မခံသောသူများကို တိုက်ခိုက်သွားမည်ဖြစ်သည်။
#AAInfoDesk
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၅) ရက်

👍248❤74🥰14👌7❤🔥5🤩5🍾5🍌4🙏3🌚3🔥2
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၆) ရက်နေ့၊ ရက္ခိုင်ဒေသအတွင်း တိုက်ပွဲသတင်းများ
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၆) ရက်၊ နံနက် (၀၀) နာရီ (၂၁) မိနစ်အချိန်တွင် ရက္ခိုင်ပြည်၊ ပေါက်တော မြို့မရဲစခန်းတစ်ခုလုံးအား ရက္ခိုင့်တပ်တော်မှ သိမ်းပိုက်ရယူထားနိုင်ခဲ့ပြီး စစ်အသုံးအဆောင်ပစ္စည်း၊ လက်နက်ခဲယမ်း၊ ငွေကြေးတချို့ နှင့် စစ်ဘက်၊ ရဲဘက်ဆိုင်ရာ စာရွက်စာတမ်းများကို သိမ်းဆည်းရမိခဲ့သည်။
လက်နက်ချအညံ့ခံသောသူများကို အသက်ချမ်းသာပေးပြီးနောက် တစ်ယောက်စီအား ခရီးစရိတ် (၁၀) သိန်းစီပေးပြီး ၎င်းတို့သွားလိုရာသို့ လုံခြုံစွာပို့ထားပြီးဖြစ်သည်။
စစ်ကောင်စီဘက်မှ နေ့လယ်ပိုင်းတွင် ဟတ်စကီး (၁) စီးဖြင့် လာရောက်ပစ်ခတ် တိုက်ခိုက်သကဲ့သို့ စစ်သင်္ဘောများပေါ်မှ လက်နက်ကြီးများဖြင့် ပေါက်တောမြို့နှင့် နေရာအနှံ့အပြားသို့ ရမ်းသန်းပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ထို့အပြင် စစ်ကောင်စီသည် ညနေပိုင်းတွင် ပေါက်တောမြို့အတွင်းသို့ ဝင်ရောက်ကာ အရပ်သားများကို သတ်ဖြတ်ပြီး စစ်ရာဇဝတ်မှုကို ကျူးလွန်ခဲ့သည်။ စစ်ကောင်စီပစ်သတ်၍ သေဆုံးခဲ့ရသော ပေါက်တောမြို့မှ အရပ်သားပြည်သူများအတွက် များစွာဝမ်းနည်းရပြီး အဆိုပါကိစ္စအား ကျူးလွန်သောသူများကို မိမိတို့ အနေဖြင့် လက်တုံ့ပြန် တိုက်ခိုက်သွားမည်ဖြစ်သည်။
ပလက်ဝမြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ အခိုင်အမာနေရာယူထားသော “တရွန်အိုင်ဗျူဟာ"နှင့် "နှုံးဘူးဗျူဟာ” အထိုင်ချ ဗျူဟာတပ်စခန်းနှစ်ခုအား ရက္ခိုင့်တပ်တော်မှ မိုးသည်းထန်စွာ ရွာသွန်းမှုအောက်တွင် တတိယနေ့အဖြစ် ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေဆဲဖြစ်သည်။
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၆) ရက်၊ နံနက် (၁၀) နာရီခန့်တွင် မောင်တောမြို့နယ်အတွင်းရှိ "ဒုံးညို" စခန်းကိုလည်း လက်နက်ချအညံ့မခံသောကြောင့် မိုးသည်းထန်စွာရွာသွန်းနေသည့်ကြားမှ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည်။ ရန်သူသည် ဂျက်တိုက်လေယာဉ် (၁) တစ်စီးဖြင့် နေ့လယ် (၁၂) နာရီ (၂၀) မိနစ်မှစတင်ပြီး သုံးကြိမ်တိုင် လှည့်ပတ်တိုက်ခိုက်ခဲ့သည်။
ရက္ခိုင့်တပ်တော်သည် နိုဝင်ဘာလ (၁၆) ရက်၊ တစ်နေ့တည်းတွင် "တရွန်အိုင်ဗျူဟာ"၊ "နှုံးဘူးဗျူဟာ” နှင့် "ဒုံးညို" စခန်းတို့အား နေရာ (၃) နေရာ၌ တစ်ပြိုင်နက်တည်း ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်။
#AAInfoDesk
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၆) ရက်

👍231🥰54❤36😢22👏17❤🔥15🍌4🔥1
ဒုံးညိုစခန်းအား (၂၇) နာရီအတွင်း အပြီးသတ် သိမ်းပိုက်
လက်နက်ချအညံ့ခံရန်ပြောထားသော်လည်း အညံ့မခံသော စစ်ကောင်စီ၏ မောင်တောအခြေစိုက် ဒုံးညိုနယ်ခြားစောင့်တပ်စခန်းအား ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၆) ရက်၊ နံနက် (၁၀) နာရီခန့်တွင် ရက္ခိုင့်တပ်တော်မှ စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ ယနေ့ နိုဝင်ဘာလ (၁၇) ရက်၊ နေ့လယ် (၁) နာရီအချိန်တွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်သည်။
ရန်သူ့လက်နက်ကြီးပစ်ကူ၊ လေကြောင်းတိုက်ခိုက်မှု၊ မိုးသည်းထန်စွာရွာသွန်းနေသည့်ကြားမှ စခန်းသိမ်းတိုက်ပွဲကို ဆင်နွှဲခြင်းဖြစ်ပြီး သုံ့ပန်း (၁၈) ဦးအား လက်နက် အလက် (၄၀) ၊ ရန်သူ့အလောင်းများစွာနှင့်အတူ စစ်အသုံးအဆောင်ပစ္စည်းများကိုလည်း သိမ်းဆည်းရမိခဲ့သည်။
ဤစခန်းသိမ်းတိုက်ပွဲအတွင်း မိမိတို့ဘက်မှ ကျဆုံး၊ ဒဏ်ရာရသူတချို့ရှိခဲ့သည်။ စခန်းသိမ်းတိုက်ပွဲအား ဦးဆောင်သူ၊ အကောင်အထည်ဖော် တပ်ဖွဲ့ဝင်များအား လေးနက်စွာ မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။
ဆက်လက်၍လည်း လက်နက်ချအညံ့မခံသောစခန်းများကို တစ်ခုပြီးတစ်ခု တိုက်ခိုက်သွားမည်ဖြစ်သည်။
#AAInfoDesk
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၇) ရက်

👍284❤183🥰43👏12🔥6🍾5🤡4🍌4⚡2❤🔥2👎2
၁၉/၁၁
KIA ဌာနချုပ်နယ်မြီအတွင်းဟိ ဝေကြိုင်ဘွမ်၊ ဗိုလ်သင်တန်းကျောင်း၌ စစ်ပညာသင်ယူနီကတ်သော ရက္ခိုင့်တပ်တော်မှ ဗိုလ်လောင်း (၈) ဦးနန့် အခြားသောတိုင်းရင်းသားတော်လှန်ရီးလက်နက်ကိုင် အဖွဲ့အစည်းအချို့မှ ဗိုလ်လောင်းများအပါအဝင် စုစုပေါင်းဗိုလ်လောင်း (၂၃) ဦးရို့သည် ၂၀၁၄ ခုနှစ်၊ နိုဗမ်ဘာလ (၁၉) ရက်နိတွင် မြန်မာစစ်တပ်မှ လက်နက်ကြီးများဖြင့် အလစ်အငိုက်အကောက်ကြံ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အဆိုပါ ဗိုလ်သင်တန်းကျောင်းဝင်း၌ အသက်ကြွီလွင့်ခရသည်။
ဂနိ ၂၀၂၃ ခုနှစ်၊ နိုဗမ်ဘာလ (၁၉) ရက်နိသည် အဆိုပါ ဗိုလ်လောင်းများ တိုင်းပြည်နန့် လူမျိုးအတွက် တာဝန်ထမ်းဆောင်ယင်း အသက်ပီးဆပ်ခရသည့် (၉) နှစ်ပြည့်မြောက်သည့် နိဖြစ်သည်။ ရက္ခိုင့်တပ်တော် အနီဖြင့် နိုဗမ်ဘာလ (၁၉) ရက်နိကို ရောက်တိုင်း အမြဲတမ်း သတိရနီမည်ဖြစ်ပြီး ကျဆုံးလားခရေ ဗိုလ်လောင်းများအား ဇာခါလေ့သင့် မိလိမ့်မည်မဟုတ်ပေ။
၂၀၂၃ ခုနှစ်၊ နိုဗမ်ဘာလ (၁၉) ရက်
#19/11

😢354👍78❤35🙏32❤🔥31🔥7🕊5😍3😈3😁1
စစ်ကောင်စီမှ လူသားဒိုင်းကာနှင့် ဓါးစာခံအဖြစ်ပြန်ပေးဆွဲထားသော ပေါက်တောမြို့ပြည်သူလူထုများနှင့် ရဟန်းသံဃာ၊ သက်ကြီးရွယ်အို၊ ကလေးသူငယ်၊ ကိုယ်ဝန်ဆောင်အမျိုးသမီးအချို့ ပါဝင်သည့် အရေအတွက် (၁၀၀) နီးပါးကို ရက္ခိုင့်တပ်တော်မှ အောင်မြင်စွာကယ်ထုတ်နိုင်ခဲ့
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၂၁) ရက်
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၂၁) ရက်နေ့၊ နေ့လယ် (၁၂) နာရီ (၀၂) မိနစ်ခန့်တွင် ရက္ခိုင်ပြည်နယ်၊ ပေါက်တောမြို့ အတွင်း နေရာအချိုနှင့် လောကထိပ်ပန်ဘုရားကုန်းတို၌ စစ်ကောင်စီတပ်နှင့်ရက္ခိုင့်တပ်တော် (AA) တို့ မြို့တွင်း တိုက်ပွဲဖြစ်ပွားခဲ့သည်။
စစ်ကောင်စီသည် ပေါက်တောမြို့မှ ရဟန်းသံဃာ အပါအဝင် ဒေသခံပြည်သူလူထု (၁၀၀) နီးပါးကို ဓါးစာခံနှင့် လူသားဒိုင်းကာအဖြစ်အသုံးပြုရန် ပြန်ပေးဆွဲထားသည်မှာ (၆) ရက် ခန့်ရှိပြီဖြစ်သည်။ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၆) ရက်နေ့မှစတင်၍ ပြန်ပေးဆွဲထားခြင်းဖြစ်သည်။
ထို့ကြောင့် ရက္ခိုင့်တပ်တော်သည် ပေါက်တောမြို့အတွင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များရှိရာနေရာများအား ဝင်ရောက် တိုက်ခိုက်ပြီး ဓါးစာခံပြည်သူလူထုအားလုံးကို ဘေးအန္တရာယ်ကင်းစွာဖြင့် ကယ်ထုတ်နိုင်ရန် ကြိုးစားရာမှ တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ဓါးစာခံပြည်သူလူထုများအား ကယ်တင်နိုင်ခဲ့သည့် ဤတိုက်ပွဲသည် ပေါက်တောမြို့အတွင်း ပြင်းထန်ခဲ့ပြီး စစ်ကောင်စီ တပ်ဖွဲဝင်များသည်လည်း အထိနာကာ အကျအဆုံးများခဲ့သည်။ ရန်သူ့လက်နက်ခဲယမ်းတချို့အား မိမိတို့မှ သိမ်းဆည်း ရမိခဲ့သည်။ မိမိတို့ ဖက်မှလည်း အာရက္ခစစ်သည်အချို့ အသက်ပေးဆပ်ခဲ့ရပြီး ဒဏ်ရာရရှိသူအချို့လည်း ရှိခဲ့သည်။
ထို့ကြောင့် ရန်သူသည် လေကြောင်း၊ ရေကြောင်း၊ လက်နက်ကြီးများ၊ အတွဲလိုက်ဒုံးများဖြင့် တိုက်ပွဲဖြစ်ပွားရာ နေရာများသို့သာမက တိုက်ပွဲဖြစ်ပွားခြင်းမရှိသောနေရာများသို့ပါ ရမ်းသန်းပစ်ခတ်တိုက်ခိုက်နေခြင်းများကို ယခု အချိန်အထိ ပြုလုပ်လျက်ရှိသည်။
ရက္ခိုင့်တပ်တော်သည် ရက္ခိုင်ပြည်သူလူထု၏ အသက်၊ အိုးအိမ်၊ စည်းစိမ်တို့ကို အမြဲတမ်းကာကွယ်ပေးလျက်ရှိပြီး ပြည်သူလူထုအားဒုက္ခရောက်ရန် ပြုလုပ်သော မည်သူ့ကိုမဆို တားဆီးတိုက်ဖျက်သွားမည်။ အာရက္ခပြည်သူလူထုများအား သတ်ဖြတ်နေသော စစ်ကောင်စီတပ်ဖွဲ့ ဝင်များကိုလည်း မိမိတို့ ထုတ်ပြန်ထားသည့်အတိုင်း လက်စားချေ တုံ့ပြန်သွားမည်ဖြစ်သည်။
ပေါက်တောမြို့အတွင်း ကျန်ရှိနေသေးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ဆက်လက်ချေမှုန်းလျက်ရှိပြီး ကျန်ရှိနေသေးသောဓါးစာခံများ အန္တရာယ်ကင်းစွာလွတ်မြောက်နိုင်ရေးအတွက် မိမိတို့အနေဖြင့် ဆက်လက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

❤289👍91🙏33❤🔥7🔥6😁1😢1🥴1
Media is too big
VIEW IN TELEGRAM
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၆) ရက်နေ့မှစ၍ စစ်ကောင်စီတပ် ပြန်ပေးဆွဲ ဖမ်းဆီးထားပြီး လူသားဒိုင်းကာအဖြစ် အသုံးပြုထားသော ပေါက်တော မြို့သူမြို့သားများအား ယနေ့ ၂၀၂၃ ခုနစ်၊ နိုဝင်ဘာ (၂၁) ရက်နေ့တွင် ရန်သူ့လက်ထဲမှ ရက္ခိုင့်တပ်တော် ကယ်ထုတ်နေသည့် ရုပ်သံမှတ်တမ်း
❤631👍129🙏68🥰65❤🔥23👏20👌12🏆10😍7🔥5🍾4
တိုက်ပွဲသတင်းထုတ်ပြန်ချက်
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၂၂) ရက်
ရက္ခိုင်ဒေသစစ်မျက်နှာ၌ ၁၀၂၇ စစ်ဆင်ရေးသည် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၃) ရက်နေ့မှသာ စတင်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်တို့သည် တိုက်ပွဲများပြန်လည်ဖြစ်ပွားခဲ့သည်။ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ (၂၂) ရက်နေ့ဆိုလျှင် ရက္ခိုင်ဒေသအတွင်း စစ်ဆင်ရေးကာလ (၁၀) ရက်ပြည့်မြောက်ခဲ့ပြီဖြစ်သည်။
စစ်ဆင်ရေးစတင်သည့် ပထမနေ့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၃) ရက်နေ့တွင် ရသေ့တောင်မြို့နယ်၊ ဒုံးပိုက်နယ်ခြားစောင့်တပ်စခန်းကို ရက္ခိုင့်တပ်တော်မှ သိမ်းပိုက်ခဲ့ပြီး စစ်ဆင်ရေး ဒုတိယနေ့ ဖြစ်သော နိုဝင်ဘာလ (၁၄) ရက်နေ့၊ နံနက် (၇) နာရီခွဲအချိန်တွင် "ချိန်ခါလီ"နယ်ခြားစောင့် တပ်စခန်းကို အပြီးသတ်သိမ်းယူနိုင်ခဲ့သည်။
ထို့အပြင် ပလက်ဝမြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ အခိုင်မာ အထိုင်ချ နေရာယူထားသော “တရွန်အိုင်ဗျူဟာ” နှင့် “နှုံးဘူးဗျူဟာ” နှစ်ခုအား နိုဝင်ဘာလ (၁၄) ရက်နေ့မှ စတင်ကာ ယနေ့အချိန်အထိ ရက္ခိုင့်တပ်တော်မှ ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်။ ဤဗျူဟာနှစ်ခုအား ထိုးစစ်ဆင် တိုက်ခိုက် နေခဲ့သည်မှာ ယနေ့ဆိုလျှင် (၉) ရက်မြောက်နေ့သို့ ရောက်ရှိလာခဲ့ပြီး တိုက်ပွဲများ ဆက်လက် ဖြစ်ပွားလျက်ရှိသည်။
အဆိုပါဗျူဟာနှစ်ခုအား ရန်သူသည် လက်နက်ခဲယမ်းရိက္ခာများကို လေကြောင်းမှချပေးနေရပြီး ယမန်နေ့က ရန်သူ့လေကြောင်း ထောက်ပို့ပစ္စည်းများထဲမှ အချို့ကို မိမိတို့ သိမ်းဆည်းရမိခဲ့သည်။
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၆) ရက်နေ့ နံနက် (၁၀) နာရီခန့်မှ စတင်ထိုးစစ်ဆင်ခဲ့သော မောင်တောအခြေစိုက် "ဒုံးညို"နယ်ခြားစောင့်တပ်စခန်းအား နိုဝင်ဘာ (၁၇) ရက်နေ့ နေ့လယ် (၁) နာရီအချိန်တွင် ရက္ခိုင့်တပ်တော်မှ အပြီးသတ် သိမ်းပိုက်ထားခဲ့ပြီးဖြစ်သည်။
လက်နက်ချအညံ့မခံသော စစ်ကောင်စီ၏ တပ်စခန်းများအား တိုက်ခိုက်သွားမည်ဟု ထုတ်ပြန် ထားသည့်အတိုင်း ရက္ခိုင့်တပ်တော်အနေဖြင့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၈) ရက်နေ့တွင်လည်း ဘူးသီးတောင်အခြေစိုက် စစ်ကောင်စီ၏ "ခထီးလှ" တပ်စခန်းအား အညံ့မခံသောကြောင့် နံနက် (၈) နာရီ (၁၄) မိနစ်တွင် စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၂၁) ရက်နေ့၊ နံနက် (၈) နာရီခန့် အချိန်တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်သည်။
တိုက်ပွဲကာလ (၁၀) ရက်တာအတွင် ရက္ခိုင့်တပ်တော်မှ ရန်သူ့ စခန်း (၄) ခုအား ထိုးစစ်ဆင် သိမ်းပိုက်ထား နိုင်ခဲ့ပြီဖြစ်ပြီး တခြား ရန်သူ့ဘက်မှ စွန့်လွှတ်သွားခဲ့သော စခန်းပေါင်း (၄၀) ကျော်ကိုလည်း မိမိတို့ မှ သိမ်းပိုက်ထားပြီးဖြစ်သည်။
ထို့အပြင် ပေါက်တောမြို့၌ ရန်သူ့ဘက်မှ လူသားဒိုင်းကာအဖြစ် ဓါးစာခံဖမ်းဆီးထားသော ရဟန်းသံဃာများ၊ သက်ကြီးရွယ်အိုများ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့် ကလေးသူငယ်များအပါ အဝင် မြို့သူမြို့သား (၁၀၀) နီးပါးကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ (၂၁) ရက်နေ့တွင် ကယ်ထုတ်နိုင်ခဲ့ပြီး ဆက်လက်၍လည်း ရန်သူ့လက်ထဲ၌ ကျန်ရှိနေသေးသော လူသားဒိုင်းကာအဖြစ် ပြန်ပေးဆွဲခံထားရသော ပေါက်တောမြို့သူ မြိုသားများအား ရန်သူ့လက်ထဲမှ လွတ်မြောက်နိုင်ရေး ကြိုးစားလျက်ရှိသည်။
ယနေ့ နံနက် (၇) နာရီ (၂၀) မိနစ်ခန့်မှစတင်ပြီး ပေါက်တောမြို့အတွင်း၌ ဓါးစာခံကယ်တင်ရေးအတွက် တိုက်ပွဲများဆက်လက်ဖြစ်ပွားခဲ့သည်။ ရန်သူသည် ရေကြောင်း၊ လေကြောင်း၊ လက်နက်ကြီးပစ်ကူများဖြင့် တိုက်ခိုက်လျက်ရှိပြီး တိုက်ပွဲပြင်းထန်လျက်ရှိသည်။ ရန်သူဖမ်းထားသော ဓားစာခံပြည်သူအချို့ကို ယမန်နေ့နည်းတူ ထပ်မံကယ်ထုတ်နိုင်ခဲ့သည်။
ရန်သူသည် ပေါက်တောမြို့အတွင်း တိုက်ပွဲဖြစ်ပွားရာနေရာများသို့ ယနေ့ နံနက် (၁၀) နာရီ (၀၅) မိနစ်ခန့်မှစတင်ပြီး MiG 35၊ ဂျက်တိုက်လေယာဉ်တို့ဖြင် တစ်လှည့်စီလာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သည်မှာ သုံးကြိမ်တိုင် ရှိခဲ့ပြီဖြစ်သည်။ နေ့လယ် (၁၂) နာရီ(၀၅) မိနစ်အချိန်တွင် လောကထိပ်ပန် ဘုရားကုန်းကို ဂျက်တိုက်လေယာဉ် (၁) စီးဖြင့် မိနစ် (၂၀) ခန့် လှည့်ပတ်၍ ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊ ကြက်သွန်ခင်းကျေးရွာ လမ်းသုံးခွဆုံအနီး၌လည်း စစ်ကောင်စီ နှင့် ရက္ခိုင့်တပ်တော်တို့သည် နိုဝင်ဘာလ (၂၁) ရက်နေ့ နေ့လယ် (၁၂) နာရီ (၁၅) မိနစ်မှစတင်တိုက်ပွဲဖြစ်ပွားခဲ့ပြီး တစ်နာရီခန့်ကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်။ ထီးချိုင့်မြို့ အခြေစိုက် ခမရ (၃၆၇) တပ်ရင်းနှင့် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ပြည်သူကို ရည်ရွယ်ချက်ရှိရှိ အနိုင်ကျင့် ခြိမ်းခြောက်သတ်ဖြတ်ကာ စစ်ရာဇဝတ်မှုများကို လက်ရဲဇက်ရဲဆက်တိုက်ကျူးလွန် နေသော စစ်ကောင်စီ၏ တပ်စခန်းများ နှင့် လက်နက်ချ အညံ့မခံသောသူများအား ရက္ခိုင့်တပ်တော်အနေဖြင့် ဆက်လက် တိုက်ခိုက်သွားမည်ဖြစ်သည်။

👍334❤232👏12🏆12❤🔥6🍌5🥰3👎2👌2⚡1🔥1
The Arakan Army (AA) successfully rescued around 100 innocent civilians, including monks, the elderly, children and pregnant women held as human shields by the Myanmar junta for six days on November 21, 2023
On November 21, at approximately 12:02 pm, an intense clash erupted between the Arakan Army (AA) and the Myanmar junta in some downtown areas and Lawka Hteik Pan Pagoda Hill in Pauktaw Township, Arakan.
For six days, those people were held as hostages and utilized as human shields. This atrocious act of abduction had been perpetrated by the Myanmar junta starting from November 16, 2023.
The clash with Myanmar junta troops in Pauktaw downtown was triggered by the urgent need to rescue civilian hostages. This intense confrontation successfully liberated the hostages but resulted in a fierce fight where most of the SAC's troops were eliminated. Some military weapons and ammunition were seized during this intense fight. Some Arrakkha soldiers of the AA have sacrificed their lives for the country and the people, and some were injured.
Our adversary, the Myanmar military junta, has been aimlessly launching the sea-land-air joint operation - airstrikes, navy attacks, heavy artilleries, and multiple rocket launchers at the places where the clash was breaking out and at the places where there was no clash.
The Arakan Army (AA) remains committed to defending the lives, properties, and prosperity of the Arakan people, vowing to respond to anyone threatening them. Any SAC troops who are committing war crimes against the Arakan people will suffer the consequences, as previously announced by the Arakan Army (AA).
While striving to ensure the safe evacuation of the remaining hostages used as human shields, the Arakan Army (AA) is and will eliminate the remainder of the SAC's troops in Pauktaw Township, Arakan.
#AAInfoDesk
DISCLAIMER: The English version is a translation of the original in Burmese for information purposes only. In case of a discrepancy, the Burmese original will prevail.

❤179👍37🙏11❤🔥3🌚3⚡2🔥1🥰1👏1🍓1