Forwarded from Cyclone Mocha ERRCA
👍236🥰2
Forwarded from Cyclone Mocha ERRCA
ကျေးဇူးတင်လွှာ (၅)
================

၂၀၂၃ ခုနှစ်၊ မေလ (၁၄) ရက်နေ့တွင် ရက္ခိုင်ပြည်၊ စစ်တွေမြို့အပါအဝင် ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ၊ ပေါက်တော အစရှိသည့် မြို့နယ်များကို အဓိက ဦးတည်ကာ ရက္ခိုင်ပြည်၏ မြို့နယ်အများစုအား ဖြတ်သန်းတိုက်ခတ်သွားခဲ့သော MOCHA ဆိုင်ကလုန်းမုန်တိုင်းကြောင့် မုန်တိုင်းဒဏ်သင့် အာရက္ခဒေသနေ ပြည်သူလူထုများ၏ မုန်တိုင်းနောက်ဆက်တွဲ အရေးပေါ် ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို အချိန်မီလုပ်ဆောင်နိုင်ရန်၊ အမိုးအကာအောက်သို့ အမြန်ဆုံးရောက်ရှိနိုင်ရန်၊ လတ်တလောစားဝတ်နေရေး၊ ကျန်းမာရေးနှင့် အထွေထွေလုပ်ငန်းများကို ချက်ချင်းဆောင်ရွက်နိုင်ရန်အတွက် Cyclone Mocha ERRCA မှ ရက္ခိုင်ပြည်တွင်းနှင့်ရက္ခိုင်ပြည်ပြင်ပတို့တွင် ဖွင့်လှစ်ထားသော ကော်မတီများမှတစ်ဆင့် လူသားချင်းစာနာထောက်ထားသောအားဖြင့် ကမ္ဘာအရပ်ရပ်မှ အလှူရှင်များက ထည့်ဝင်လှူဒါန်းလာကြသော အလှူငွေများကို Cyclone Mocha ERRCA မှ ကောင်းမွန်စွာ လက်ခံရရှိထားပြီးဖြစ်ပါသည်။

ယခုကဲ့သို့ လူသားချင်းစာနာထောက်ထားသောအားဖြင့် အလှူငွေထည့်ဝင်ကြသူများနှင့် တခြားတတ်နိုင်သည့် အကူအညီများဖြင့် ဝိုင်းဝန်းပံ့ပိုးကူညီကြသူများအားလုံးကို မုန်တိုင်းလေဘေးဒဏ်သင့် အာရက္ခပြည်သူလူထုများကိုယ်စား မိမိတို့ ကော်မတီမှ အထူးလှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိပါသည်။ Cyclone Mocha ERRCA အနေဖြင့် လက်ခံရရှိသော အလှူငွေများကို မိုခါမုန်တိုင်းဒဏ်သင့် အာရက္ခပြည်သူများ၏ အမှန်တကယ်အရေးတကြီးလိုအပ်လျက်ရှိသော နေရာများတွင် ထိထိရောက်ရောက် အသုံးပြုလျက်ရှိပြီး မိမိတို့တွင်ရှိသော လူ့စွမ်းအား၊ ငွေအား စသည့် အရင်းအမြစ်များကို ရှိသမျှအားကုန်ထုတ်သုံး၍လည်း အာရက္ခပြည်သူလူထုတစ်ရပ်လုံးနှင့် လက်တွဲကာ အကောင်းဆုံး ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။

Cyclone Mocha ERRCA
၂၀၂၃ ခုနှစ်၊ ဇွန်လ (၁၄) ရက်

Telegram: @HDCORelief
Telegram: @CycloneMochaERRCA
Mail: HDCO.ULA@outlook.com
74👍25🥰1
၂၀၂၃ ခုနှစ်၊ မိုးရာသီ၌ မြောက်ဦးမြို့နယ်၊ ဝေသာလီကျေးရွာရှိ လမ်းတစ်လျှောက်တွင် အရိပ်ရသစ်ပင်များကို ဒေသခံပြည်သူများနှင့် ရက္ခိုင့်တပ်တော်တပ်ဖွဲ့ဝင်များ အတူတကွ စိုက်ခဲ့ကြသည့် မှတ်တမ်း ဓာတ်ပုံများ

#AAInfoDesk
86👍40😍8🥰1
၂၀၂၃ ခုနှစ်၊ မိုးရာသီ၌ မြောက်ဦးမြို့နယ်၊ လက္ကာကျေးရွာရှိ လမ်းတစ်လျှောက်တွင် အရိပ်ရသစ်ပင်များကို ဒေသခံပြည်သူများနှင့် ရက္ခိုင့်တပ်တော် တပ်ဖွဲ့ဝင်များ အတူတကွ စိုက်ခဲ့ကြသည့် မှတ်တမ်း ဓာတ်ပုံများ

#AAInfoDesk
106👍58🥰23🙏3🍾1
မြန်မာနိုင်ငံအမှန်တရားနှင့် တရားမျှတသောအမျိုးသားပါတီ(MNTJP) တည်ထောင်ခြင်း (၁၀) နှစ်ပြည့် နှစ်ပတ်လည်နေ့သို့ PSLF/TNLAနှင့် ULA/AA တို့ မှ ပေးပို့သော ဂုဏ်ပြုသဝဏ်လွှာ

၂၀၂၃ ခုနှစ်၊ ဇွန်လ (၂၉) ရက်
👍6228🥰24👏11🍾3❤‍🔥1
မိမိတို့ ထိန်းချုပ်နယ်မြေအတွင်း တည်ငြိမ်အေးချမ်းရေးအတွက် ပူးတွဲထုတ်ပြန်ကြေညာချက်

VK: https://vk.com/mndaa_tnla_aa
👍6144❤‍🔥17🥰5
ရက္ခိုင့်တပ်တော်၊ အရာရှိ လေ့ကျင့်ရေးသင်တန်း အမှတ်စဉ် (၃) မှ လေ့ကျင့်ရေးသင်တန်းသူ/သင်တန်းသား များအား အရာရှိလောင်းအဖြစ် အသိအမှတ်ပြု အခမ်းအနား ကို ရက္ခိုင်ပြည်တွင်ကျင်းပပြုလုပ်ပြီးစီး

၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၃) ရက်

ရက္ခိုင့်တပ်တော် အရာရှိလေ့ကျင့်ရေးသင်တန်းကျောင်းအား (၉) နှစ်မြောက်၊ ရက္ခိုင့်တပ်တော်နေ့ဖြစ်သော ၂၀၁၈ ခုနှစ်၊ ဧပြီလ (၁၀) ရက်နေ့တွင် သင်တန်းသူ၊ သင်တန်းသား (၁၃၈) ဦးဖြင့် ကချင်ပြည်တွင် စတင် ဖွင့်လှစ်ခဲ့ပါသည်။ အနာဂတ်ရက္ခိုင့် တပ်တော်ကို ဦးဆောင်နိုင်မည့် စစ်သည်တော်ကောင်းများ ပေါ်ထွက်လာရေး၊ လက်ရုံးရည်၊ နှလုံးရည်ပြည့်ဝသော စစ်ဖက်ဆိုင်ရာ ခေါင်းဆောင်ကောင်းများ ပေါ်ထွက်လာရေး စသည့်ရည်မှန်းချက်များကို တပ်တော်တည်ထောင်ပြီးစကတည်းကပင် အစဉ်တစိုက်လုပ်ဆောင်လာခဲ့ပါသည်။

သို့သော်လည်း စစ်ရေး၊ နိုင်ငံရေး၊ ကပ်ရောဂါ အခြေအနေများကြောင့် မိမိတို့မျှော်မှန်းချက်ထားသော အနေအထားသို့ ပြည့်မီစွာ ရောက်ရှိနိုင်ခြင်း မရှိခဲ့သော်လည်း အရာရှိလောင်းများ ထွက်ပေါ်လာရေးကဏ္ဍကို အခွင့်ရလျှင်ရသလို တစိုက်မတ်မတ် ဆက်လက် ဆောင်ရွက်လျက်ရှိပါသည်။

ရက္ခိုင့်တပ်တော်၊ အရာရှိ လေ့ကျင့်ရေးသင်တန်း အမှတ်စဉ် (၃) အား ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၁) ရက်နေ့ မှ စ၍ သင်တန်းသူ၊ သင်တန်းသား (၃၂၆) ယောက်ဖြင့် ရက္ခိုင်ပြည်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ၂၀၂၃ ခုနှစ်၊ ဇွန်လ (၁၉) ရက်နေ့တွင် အရာရှိလောင်းအဖြစ် အသိအမှတ်ပြုအခမ်းအနားကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ရက္ခိုင့်တပ်တော်၊ အရာရှိလောင်းလေ့ကျင့်ရေးသင်တန်း အမှတ်စဉ် (၁) နှင့် အမှတ်စဉ် (၂) တို့အား မဟာမိတ် ကချင်ပြည်တွင် လေ့ကျင့်ပြုလုပ်နိုင်ခဲ့ပြီး အမှတ်စဉ် (၃) အား ရက္ခိုင်ပြည်တွင် ဖွင့်လှစ်နိုင်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် အမှတ်စဉ် (၃) သင်တန်းသည် ရက္ခိုင်ပြည်တွင် ပထမဆုံးပြုလုပ်သော အရာရှိလေ့ကျင့်ရေး သင်တန်း ဖြစ်သည်။

ရက္ခိုင့်တပ်တော်၊ အရာရှိဖြစ်သင်တန်း၊ အမှတ်စဉ် (၄) ကိုလည်း ၂၀၂၄ ခုနှစ်၊ နှစ်ဆန်းပိုင်းတွင် ဖွင့်လှစ်သွားရန် လျာတားထားပြီး ဖွင့်လှစ်မည့်အချိန်အား အာရက္ခပြည်သူ၊ ပြည်သားများအား အသိပေးသွားမည်ဖြစ်ပါသည်။ တိုင်းပြည်တာဝန် ထမ်းဆောင်လိုကြသောသူများ၊ အနာဂတ် ရက္ခိုင့်တပ်တော်တွင် တာဝန်ယူလိုကြသောသူများ လူငယ်၊ လူရွယ်များအနေဖြင့် နီးစပ်ရာ စစ်ဒေသများမှတစ်ဆင့် စုံစမ်းပြီး တိုင်းပြည်တည်ဆောက်ရေး၊ ကာကွယ်ရေး နှင့် တည်တံ့ရေးလုပ်ငန်းများတွင် ပါဝင်နိုင်ပါကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

သတင်းနှင့်ပြန်ကြားရေး
ရက္ခိုင့်တပ်တော်
212👍82🥰24❤‍🔥9
Forwarded from Cyclone Mocha ERRCA
ထုတ်ပြန်ချက်

၁၃၈၅ ခုနှစ်၊ ပထမဝါဆိုလပြည့်ကျော် (၁၂) ရက်
၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၁၄) ရက်

Telegram: @HDCORelief
Telegram: @CycloneMochaERRCA
Facebook: https://www.facebook.com/cyclonemochaerrca
Mail: HDCO.ULA@outlook.com
👍77🥰1210👏4😐3🍾1