ကျေးဇူးတင်လွှာ (၄)
================

၂၀၂၃ ခုနှစ်၊ မေလ (၁၄) ရက်နေ့တွင် ရက္ခိုင်ပြည်၊ စစ်တွေမြို့အပါအဝင် ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ၊ ပေါက်တော အစရှိသည့် မြို့နယ်များကို အဓိက ဦးတည်ကာ ရက္ခိုင်ပြည်၏ မြို့နယ်အများစုအား ဖြတ်သန်းတိုက်ခတ်သွားခဲ့သော MOCHA ဆိုင်ကလုန်းမုန်တိုင်းကြောင့် မုန်တိုင်းဒဏ်သင့် အာရက္ခဒေသနေ ပြည်သူလူထုများ၏ မုန်တိုင်းနောက်ဆက်တွဲ အရေးပေါ် ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို အချိန်မီလုပ်ဆောင်နိုင်ရန်၊ အမိုးအကာအောက်သို့ အမြန်ဆုံးရောက်ရှိနိုင်ရန်၊ လတ်တလောစားဝတ်နေရေး၊ ကျန်းမာရေးနှင့် အထွေထွေလုပ်ငန်းများကို ချက်ချင်းဆောင်ရွက်နိုင်ရန်အတွက် Cyclone Mocha ERRCA မှ ရက္ခိုင်ပြည်တွင်းနှင့်ရက္ခိုင်ပြည်ပြင်ပတို့တွင် ဖွင့်လှစ်ထားသော ကော်မတီများမှတစ်ဆင့် လူသားချင်းစာနာထောက်ထားသောအားဖြင့် ထည့်ဝင်လှူဒါန်းလာကြသော အလှူငွေများကို Cyclone Mocha ERRCA မှ ကောင်းမွန်စွာ လက်ခံရရှိထားပြီးဖြစ်ပါသည်။

ယခုကဲ့သို့ လူသားချင်းစာနာထောက်ထားသောအားဖြင့် အလှူငွေထည့်ဝင်ကြသူများနှင့် တခြားတတ်နိုင်သည့် အကူအညီများဖြင့် ဝိုင်းဝန်းပံ့ပိုးကူညီကြသူများအားလုံးကို မုန်တိုင်းလေဘေးဒဏ်သင့် အာရက္ခပြည်သူလူထုများကိုယ်စား မိမိတို့ ကော်မတီမှ အထူးလှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိပါသည်။ Cyclone Mocha ERRCA အနေဖြင့် လက်ခံရရှိသော အလှူငွေများကို မိုခါမုန်တိုင်းဒဏ်သင့် အာရက္ခပြည်သူများ၏ အမှန်တကယ်အရေးတကြီးလိုအပ်လျက်ရှိသော နေရာများတွင် ထိထိရောက်ရောက် အသုံးပြုလျက်ရှိပြီး မိမိတို့တွင်ရှိသော လူ့စွမ်းအား၊ ငွေအား စသည့် အရင်းအမြစ်များကို ရှိသမျှအားကုန်ထုတ်သုံး၍လည်း အာရက္ခပြည်သူလူထုတစ်ရပ်လုံးနှင့် လက်တွဲကာ အကောင်းဆုံး ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။

Cyclone Mocha ERRCA
၂၀၂၃ ခုနှစ်၊ ဇွန်လ (၂) ရက်
Telegram Channel: https://t.me/ERRCA
45🥰29👍27🙏8❤‍🔥6😁3
Forwarded from Cyclone Mocha ERRCA
🙏42👍20🥰15👏6
Forwarded from Cyclone Mocha ERRCA
ဆိုင်ကလုန်း မိုခါ မုန်တိုင်းဒဏ်သင့် ပြည်သူများအတွက် ထည့်ဝင်သော အလှူငွေများအား လက်ခံခြင်း

ဆိုင်ကလုန်းမိုခါ မုန်တိုင်းဒဏ်သင့် အာရက္ခ ပြည်သူပြည်သားများ၏ အရေးပေါ် ကူညီကယ်ဆယ်ရေးလုပ်ငန်းများအတွက် ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) မှ ထည့်ဝင်လှူဒါန်းသော မြန်မာငွေ ကျပ်သိန်း (၅၀၀၀) နှင့် “ဝ” ပြည်နယ်၊ ပြည်သူ့အစိုးရမှ ထည့်ဝင်လှူဒါန်းသော မြန်မာငွေ ကျပ်သိန်း (၅၀၀၀)၊ စုစုပေါင်း ကျပ်သိန်း (၁၀၀၀၀) (စာဖြင့်--သိန်းတစ်သောင်းကျပ် တိတိ) ကို MOCHA ဆိုင်ကလုန်း မုန်တိုင်းဒဏ်သင့် အာရက္ခအရေးပေါ် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးကော်မတီ-Cyclone Mocha Emergency Rescue and Rehabilitation Committee For Arakan (Cyclone Mocha ERRCA) မှ ၂၀၂၃ ခုနှစ်၊ ဇွန်လ (၁၀) ရက်၊ နံနက် (၉) နာရီ (၃၀) မိနစ်ခန့်အချိန်တွင် ကောင်းမွန်စွာ လက်ခံရရှိခဲ့ပါသည်။

အလှူငွေများကို “ဝ” ပြည်နယ်၊ ပြည်သူ့အစိုးရ ၊ ဒု-ဥက္ကဋ္ဌ နှင့် ပြင်ပဆက်ဆံရေးဌာန၊ ဌာနကြီးမှူး ဖြစ်သော ဦးကျောက်ကော်အန်းမှ FPNCC နှင့် “ဝ” ပြည်နယ်၊ ပြည်သူ့အစိုးရ ကိုယ်စားပေးအပ်ခဲ့ပြီး Cyclone Mocha ERRCA ကော်မတီ၊ ဥက္ကဋ္ဌ Dr.ညိုထွန်းအောင် နှင့် Humanitarian and Development Coordination Office (HDCO) အကြီးအကဲ ဦးထွန်းမင်းနိုင်တို့မှ “ဝ” ပြည်နယ်၊ ပန်ခမ်းမြို့တွင် လက်ခံရယူခဲ့ပါသည်။

လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီအား ယခုကဲ့သို့ ပံ့ပိုးကူညီပေးသည့်အတွက် ပံ့ပိုးကူညီပေးကြသော အဖွဲ့အစည်းများနှင့် အားလုံးသောလူပုဂ္ဂိုလ်များကို မုန်တိုင်းဒဏ်သင့် အာရက္ခပြည်သူလူထုများ ကိုယ်စား မိမိတို့ ကော်မတီမှ အထူး လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိပါသည်။

https://t.me/ERRCA
Telegram: https://t.me/hdcoULA
Outlook mail: HDCO.ULA@outlook.com
👍5940🙏10💔2
Forwarded from Cyclone Mocha ERRCA
ဝမ်းနည်းမှုမှတ်တမ်း

၁၃၈၅ ခုနှစ်၊ နယုန်လပြည့်ကျော် (၉) ရက်
၂၀၂၃ ခုနှစ်၊ ဇွန်လ (၁၁) ရက်

Cyclone Mocha ERRCA

Telegram: @HDCORelief
Telegram: @CycloneMochaERRCA
Mail: HDCO.ULA@outlook.com
😢71👍2718🙏6🔥1
ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ (Interim Executive Council of Karenni State – IEC) ဖွဲ့စည်းခြင်းအပေါ် ညီနောင်မဟာမိတ် (၃) ဖွဲ့မှ ပေးပို့သော ကြိုဆိုဂုဏ်ပြုသဝဏ်လွှာ

၂၀၂၃ ခုနှစ်၊ ဇွန်လ (၁၂) ရက်

VK Link: https://vk.com/mndaa_tnla_aa
Telegram Channel: https://t.me/threebrotherhoodalliance
64👍41🥰6❤‍🔥4😱1
Forwarded from Cyclone Mocha ERRCA
ထုတ်ပြန်ချက်

၁၃၈၅ ခုနှစ်၊ နယုန်လပြည့်ကျော် (၁၂) ရက်
၂၀၂၃ ခုနှစ်၊ ဇွန်လ (၁၄) ရက်

Telegram: @HDCORelief
Telegram: @CycloneMochaERRCA
Mail: HDCO.ULA@outlook.com
🥰32👍2522
Forwarded from Cyclone Mocha ERRCA
👍236🥰2
Forwarded from Cyclone Mocha ERRCA
ကျေးဇူးတင်လွှာ (၅)
================

၂၀၂၃ ခုနှစ်၊ မေလ (၁၄) ရက်နေ့တွင် ရက္ခိုင်ပြည်၊ စစ်တွေမြို့အပါအဝင် ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ၊ ပေါက်တော အစရှိသည့် မြို့နယ်များကို အဓိက ဦးတည်ကာ ရက္ခိုင်ပြည်၏ မြို့နယ်အများစုအား ဖြတ်သန်းတိုက်ခတ်သွားခဲ့သော MOCHA ဆိုင်ကလုန်းမုန်တိုင်းကြောင့် မုန်တိုင်းဒဏ်သင့် အာရက္ခဒေသနေ ပြည်သူလူထုများ၏ မုန်တိုင်းနောက်ဆက်တွဲ အရေးပေါ် ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို အချိန်မီလုပ်ဆောင်နိုင်ရန်၊ အမိုးအကာအောက်သို့ အမြန်ဆုံးရောက်ရှိနိုင်ရန်၊ လတ်တလောစားဝတ်နေရေး၊ ကျန်းမာရေးနှင့် အထွေထွေလုပ်ငန်းများကို ချက်ချင်းဆောင်ရွက်နိုင်ရန်အတွက် Cyclone Mocha ERRCA မှ ရက္ခိုင်ပြည်တွင်းနှင့်ရက္ခိုင်ပြည်ပြင်ပတို့တွင် ဖွင့်လှစ်ထားသော ကော်မတီများမှတစ်ဆင့် လူသားချင်းစာနာထောက်ထားသောအားဖြင့် ကမ္ဘာအရပ်ရပ်မှ အလှူရှင်များက ထည့်ဝင်လှူဒါန်းလာကြသော အလှူငွေများကို Cyclone Mocha ERRCA မှ ကောင်းမွန်စွာ လက်ခံရရှိထားပြီးဖြစ်ပါသည်။

ယခုကဲ့သို့ လူသားချင်းစာနာထောက်ထားသောအားဖြင့် အလှူငွေထည့်ဝင်ကြသူများနှင့် တခြားတတ်နိုင်သည့် အကူအညီများဖြင့် ဝိုင်းဝန်းပံ့ပိုးကူညီကြသူများအားလုံးကို မုန်တိုင်းလေဘေးဒဏ်သင့် အာရက္ခပြည်သူလူထုများကိုယ်စား မိမိတို့ ကော်မတီမှ အထူးလှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိပါသည်။ Cyclone Mocha ERRCA အနေဖြင့် လက်ခံရရှိသော အလှူငွေများကို မိုခါမုန်တိုင်းဒဏ်သင့် အာရက္ခပြည်သူများ၏ အမှန်တကယ်အရေးတကြီးလိုအပ်လျက်ရှိသော နေရာများတွင် ထိထိရောက်ရောက် အသုံးပြုလျက်ရှိပြီး မိမိတို့တွင်ရှိသော လူ့စွမ်းအား၊ ငွေအား စသည့် အရင်းအမြစ်များကို ရှိသမျှအားကုန်ထုတ်သုံး၍လည်း အာရက္ခပြည်သူလူထုတစ်ရပ်လုံးနှင့် လက်တွဲကာ အကောင်းဆုံး ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။

Cyclone Mocha ERRCA
၂၀၂၃ ခုနှစ်၊ ဇွန်လ (၁၄) ရက်

Telegram: @HDCORelief
Telegram: @CycloneMochaERRCA
Mail: HDCO.ULA@outlook.com
74👍25🥰1