ပလက်ဝမြို့နယ်၊ ကြောင်ချောင်းကျေးရွာအား ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်မှ လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့မှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ချက်
၂၀၂၆ ခုနှစ်၊ မတ်လ (၃၀) ရက်
၂၀၂၆ ခုနှစ်၊ မတ်လ (၂၉) ရက်နေ့၊ ညနေ (၄) နာရီ (၀၅) မိနစ်အချိန်တွင် ဖက်ဆစ် အကြမ်းဖက် စစ်ရှုံး စစ်ကော်မရှင်တပ်သည် ပလက်ဝမြို့နယ်အတွင်းရှိ "ကြောင်ချောင်းကျေးရွာ" အား ဂျက်ဖိုက်တာ (၂) စီး ဖြင့် ဗုံးကြဲတိုက်ခိုက်မှု သုံးကြိမ်၊ ရော့ကတ်ဖြင့်တိုက်ခိုက်မှု နှစ်ကြိမ် ပြုလုပ်ခဲ့သည်။ အဆိုပါကျေးရွာအနီး မည်သည့်တိုက်ပွဲမှလည်းမရှိဘဲသူရဲဘောကြောင် စွာ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ဖက်ဆစ် အကြမ်းဖက် စစ်ရှုံးစစ်ကော်မရှင်၏ အဆိုပါ ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် ကြောင်ချောင်းကျေးရွာမှ အသက် (၁၆) နှစ်အောက် ကလေး (၄) ဦးအပါအဝင် အပြစ်မဲ့အရပ်သားပြည်သူ စုစုပေါင်း (၇) ဦးသေဆုံးခဲ့ရပြီး နောက်ထပ် ကလေးငယ် ၂ ဦးအပါအဝင် (၄) ဦးလည်း ဒဏ်ရာရရှိခဲ့ကာ လူနေအိမ်များလည်း မီးလောင် ပျက်စီးဆုံးရှုံးခဲ့ရသည်။ သေဆုံးခဲ့ရသော သူများ၏ မိသားစု၊ ဆွေမျိုးများနှင့် ထပ်တူဝမ်းနည်းရပါကြောင်း ဖော်ပြအပ်ပါသည်။
နိုင်ငံတစ်ဝန်း၌ စစ်ရှုံးနေသော ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်သည် အာရက္ခတပ်တော်နှင့် ရင်ဆိုင်တိုက်ပွဲများအတွင်း အကျအဆုံးအထိအခိုက်များစွာနှင့် ရင်ဆိုင်ရသည့်အခါတိုင်း စစ်ဘက်နှင့် လုံးဝမသက်ဆိုင်သော၊ စစ်ရေးပစ်မှတ်မဟုတ်သည့် အပြစ်မဲ့အရပ်သားပြည်သူများနေထိုင်ရာ ရပ်ရွာများအား ပစ်မှတ်ထား၍ ရည်ရွယ်ချက်ရှိရှိ လူမဆန်စွာ လေကြောင်းမှ အလစ်ချောင်း ဗုံးကြဲ တိုက်ခိုက်သည့် လုပ်ရပ်မျိုးကို ပြုလုပ်ကာ စစ်ရာဇဝတ်မှုများကို လက်ရဲဇက်ရဲ ကျူးလွန်လျက်ရှိသည်။
အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအနေဖြင့် စစ်ကော်မရှင်၏ အကြမ်းဖက်တိုက်ခိုက်ခံရမှုအတွင်း သေဆုံး၊ ဒဏ်ရာရရှိခဲ့ကြသော ကြောင်ချောင်းရွာသူ၊ ရွာသားများအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကိစ္စရပ်များကို ဆက်လက်လုပ်ဆောင်လျက်ရှိပါသည်။
ဓာတ်ပုံ - ၂၀၂၆ ခုနှစ်၊ မတ်လ (၂၉) ရက်နေ့၊ ညနေ (၄) နာရီ (၅) မိနစ်အချိန်တွင် ပလက်ဝမြို့နယ်၊ ကြောင်ချောင်းကျေးရွာအား ဖက်ဆစ် အကြမ်းဖက် စစ်ရှုံးစစ်ကော်မရှင်မှ ဂျက်ဖိုက်တာ (၂) စီးဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသွားသူများနှင့် သေဆုံးသွားသည့် အပြစ်မဲ့ပြည်သူများ
သတင်းနှင့်ပြန်ကြားရေး
အာရက္ခတပ်တော်

😢306🤬33🤣27❤26😁9🍾1
သံတွဲမြို့နယ်အား ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်မှ ဂျက်ဖိုက်တာ (၄) စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့၍ ကလေး (၂) ဦး အပါအဝင် အပြစ်မဲ့အရပ်သား (၄) ဦးပါသည့် မိသားစုတစ်စုလုံး သေဆုံးပြီး (၃) ဦး ထိခိုက်ဒဏ်ရာရ
၂၀၂၆ ခုနှစ်၊ ဧပြီလ (၁) ရက်
၂၀၂၆ ခုနှစ်၊ ဧပြီလ (၁) ရက်နေ့၊ နေ့လယ် (၁၁) နာရီ (၁၁) မိနစ်မှ (၁၁) နာရီ (၄၅) မိနစ်အချိန်ထိ ဖက်ဆစ် အကြမ်းဖက် စစ်ရှုံး စစ်ကော်မရှင်တပ်သည် အာရက္ခပြည်၊ သံတွဲမြို့နယ်အား ဂျက်ဖိုက်တာ (၄) စီးဖြင့် လေကြောင်းမှ ပြင်းပြင်းထန်ထန် ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့သည်။ ပင်လယ်ပြင်တွင် တပ်စွဲထားသော စစ်သင်္ဘောတစ်စီးမှလည်း လက်နက်ကြီးအချို့ကိုပါ တစ်ချိန်တည်း ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်၏ ဤ ဗုံးကြဲတိုက်ခိုက်မှုသည် သံတွဲမြို့နယ်ရှိ ယခင်က ၎င်းတို့ တပ်စခန်းချနေထိုင်ခဲ့သော ခလရ (၅၅) စခန်းဟောင်းအနီးဝန်းကျင်သို့ ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ထိုနေရာအနီးအနားဝန်းကျင်၌ စစ်ရှောင်နေကြသည့် ကလေး (၂) ဦးအပါအဝင် (၄) ဦးပါသော အပြစ်မဲ့အရပ်သား မိသားစု တစ်စုလုံးမှာ ပွဲချင်းပြီး သေဆုံးခဲ့ ကြသည့်အပြင် နောက်ထပ်ကလေး (၂) ဦးနှင့် ကိုယ်ဝန်ဆောင် အမျိုးသမီး (၁) ဦးလည်း ထိခိုက်ဒဏ်ရာများရရှိခဲ့ကြသည်။
စစ်ကော်မရှင်တပ်၏ ကာကွယ်ရေးဦးစီးချုပ်အသစ် လက်ထက်တွင် မိသားစုလိုက် စစ်ရာဇဝတ်မှု ကျူးလွန်သတ်ဖြတ်ခံရသော ပထမဆုံးဖြစ်ရပ်ဖြစ်သည်။
ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်၏ ဤသို့ အပြစ်မဲ့အရပ်သားပြည်သူများအား ရည်ရွယ်ချက်ရှိရှိ ဦးတည်၍ လူမဆန်စွာ အကြမ်းဖက် တိုက်ခိုက်မှုကြောင့် သေဆုံးသွားခဲ့ကြရသူများ၏ မိသားစု၊ ဆွေမျိုးများနှင့် ထပ်တူ အာရက္ခပြည်သူ့ တော်လှန်ရေးအစိုးရအနေဖြင့် များစွာဝမ်းနည်းကြေကွဲရပြီး၊ ထိခိုက်ဒဏ်ရာရှိသွားသူများအားလည်း အရေးပေါ် ဆေးကုသပေးလျက်ရှိပါသည်။
ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်သည် ယခုရက်များအတွင်း အာရက္ခပြည်အား ဂျက် တိုက်လေယာဉ် သုံးစီး (သုံးစီးအထက်) နှင့် ကင်းထောက်လေယာဉ်များကို တပြိုင်တည်းသုံးကာ လေကြောင်းတိုက်ခိုက်မှုများကို ယခင်ကထက် ပိုမို သူရဲဘောကြောင်၊ အောက်တန်းကျစွာ ပြင်းပြင်းထန်ထန် ပြုလုပ်လာသောကြောင့် မိဘပြည်သူများ အနေဖြင့် ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်၏ လေကြောင်းအန္တရာယ်ကို အထူး သတိရှိကြပါရန် ထပ်မံ၍ အလေးအနက် အသိပေးအပ်ပါသည်။
ဓာတ်ပုံ - ၂၀၂၆ ခုနှစ်၊ ဧပြီလ (၁) ရက်နေ့၊ နေ့လယ် (၁၁) နာရီ (၁၁) မိနစ်မှ (၁၁) နာရီ (၄၅) မိနစ်အချိန်ထိ အချိန်အတွင်း သံတွဲမြို့နယ်အား ဖက်ဆစ် အကြမ်းဖက် စစ်ရှုံးစစ်ကော်မရှင်မှ ဂျက်ဖိုက်တာ (၄) စီးဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသွားသူများနှင့် သေဆုံးသွားသည့် အပြစ်မဲ့ပြည်သူများ

😢625🤬81❤52🤣37👍22😁8💔6🍾5😱4🤡3
(၁၇) နှစ်မြောက် အာရက္ခတပ်တော်နေ့ အခမ်းအနားသို့ ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်ကြသည့် MNTJP/MNDAA နှင့် PSLF/TNLA တို့မှ ပေးပို့လာသော ဂုဏ်ပြုသဝဏ်လွှာ
၂၀၂၆ ခုနှစ်၊ ဧပြီလ (၁၀) ရက်
၂၀၂၆ ခုနှစ်၊ ဧပြီလ (၁၀) ရက်
❤702👍65🥰30❤🔥21🤣20🍾12👏9🤡2