ရက္ခိုင်ဒေသအတွင်း၌ အပြစ်မဲ့အရပ်သား ပြည်သူများကိုဦးတည်၍ အစုလိုက်အပြုံလိုက် အကြမ်းဖက်တိုက်ခိုက် သတ်ဖြတ်နေသော စစ်ကောင်စီ၏ လုပ်ရပ်များနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ချက်
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၁၆) ရက်
ရက္ခိုင်ပြည်အတွင်း မြေပြင်တိုက်ပွဲများ၌ အထိအခိုက်၊ အကျအဆုံးများပြီး အဖက်ဖက်တွင် ယိုယွင်းပျက်စီး နေသော စိတ်ဓာတ်ပျက်ပြားနေသည့် စစ်ကောင်စီသည် အပြစ်မဲ့အရပ်သားပြည်သူများ နေထိုင်သော ကျေးရွာများ၊ လူနေအိမ်များကို ဦးတည်၍ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ တိုက်လေယာဉ်များနှင့် တိုက်ခိုက်ရေးဒရုန်းများကို အသုံးပြု၍ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းတို့ကို နေ့စဉ်ရက်ဆက်ပြုလုပ်လျက်ရှိ သည်။ ထို့အပြင် စစ်ပွဲအတွင်း လိုက်နာရမည့် နိုင်ငံတကာဥပဒေများကို ချိုးဖောက်၍ စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်ခြင်းများကိုပါ နေ့စဉ်ရက်ဆက် ပြောင်ပြောင်တင်းတင်း ကျူးလွန်ဖောက်ဖျက်လျက်ရှိသည်။
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၁၆) ရက်၊ နေ့လယ် (၁၂) နာရီ (၅၀) မိနစ်တွင် မောင်တောမြို့နယ်၊ လောင်းဒုံ(အုပ်စု)၊ ဂြစ်ချောင်းကျေးရွာအတွင်း၌ အရပ်သားပြည်သူများမှ ကလေးကင်ပွန်းတပ်ပွဲကျင်းပနေစဉ်အတွင်း စစ်ကောင်စီ၏ မောင်တောမြို့နယ် နခခ(၇)မှ လက်နက်ကြီးများဖြင့် တမင်တကာရည်ရွယ်ချက်ရှိရှိ အကြမ်းဖက်ပစ်ခတ် တိုက်ခိုက်မှုကြောင့် ပွဲအတွင်းမှ ကလေးငယ်များအပါအဝင် အပြစ်မဲ့ပြည်သူ (၁၁) ဦး အစုလိုက် အပြုံလိုက်သေဆုံးခဲ့ပြီး၊ (၂၀) ကျော်ဒဏ်ရာရရှိခဲ့သည်။
ထို့အတူ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၁၆) ရက်၊ နံနက် (၁၁) နာရီ၊ (၃၀) မိနစ်တွင်လည်း စစ်ကောင်စီ၏ ကျောက်တော်မြို့၊ ကန်စောက်အခြေစိုက် ခမရ(၅၃၉) တပ်ရင်းမှ ပစ်ခတ်တိုက်ခိုက်လိုက်သော လက်နက်ကြီး ကျည်ဆံသည် ကျောက်တော်မြို့နယ်၊ ချောင်းတူကျေးရွားအတွင်း ကျရောက် ပေါက်ကွဲမှုကြောင့် အသက် (၅၀) အရွယ် အရပ်သားပြည်သူ (၃) ဦးသေဆုံးပြီး၊ အခြား (၃) ဦးမှာလည်း အပြင်းအထန် ဒဏ်ရာရရှိခဲ့သည်။
စစ်ကောင်စီသည် မည်သည့်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းမျှ မရှိပါဘဲ အပြစ်မဲ့ပြည်သူများ၊ ရပ်ရွာများရှိရာသို့ တမင်တကာ ရည်ရွယ်ချက်ရှိရှိဖြင့် ပစ်ခတ်တိုက်ခိုက်နေခြင်းသာ ဖြစ်သည်။ ဤကဲ့သို့သော ပစ်ခတ်တိုက်ခိုက်မှုများကို စစ်ကောင်စီသည် ရက္ခိုင်ဒေသ၌သာမက မြန်မာပြည်အနှံ့ ပြုလုပ်လျက်ရှိပြီး စစ်ရာဇဝတ်မှုများကို ဗြောင်ကျကျ ကျူးလွန်လျက်ရှိသည်။
လွန်ခဲ့သောရက်များအတွင်း၌လည်း စစ်ကောင်စီသည် လက်နက်ကြီးများဖြင့် ယနေ့ကဲ့သို့ပင် ပစ်ခတ် တိုက်ခိုက်မှုကြောင့် အောက်ပါနေ့ရက်များ၌လည်း အပြစ်မဲ့အရပ်သားပြည်သူလူထုများ သေဆုံး၊ ထိခိုက် ဒဏ်ရာရရှိမှုများရှိခဲ့သည်။
(၁) ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ (၁၅) ရက်၊ နံနက်ပိုင်းတွင် စစ်ကောင်စီ၏ စစ်တွေအခြေစိုက် ခမရ (၃၄၄) တပ်ရင်းမှ လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်တိုက်ခိုက်မှုကြောင့် ပုဏ္ဏားကျွန်းမြို့နယ်၊ ကွမ်းတောင်ကျေးရွာမှ အသက် (၃၄) နှစ်အရွယ် အမျိးသားတစ်ဦး လက်နက်ကြီးစထိမှန်၍ ဒဏ်ရာရရှိခဲ့သည်။
(၂) ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၁၄) ရက်နေ့တွင်လည်း နံနက် (၉) နာရီ (၄၅) မိနစ် မှ ညနေ (၆) နာရီ (၃၀) မိနစ်အထိ ဘူးသီးတောင်မြို့နယ်၊ တင်ဆက်/သရက်တောင်(မူဆလင်)ကျေးရွာ၊ စစ်ကောင်စီ၏ ဘုရားတောင်ကုန်း၌ တပ်စွဲထားသော တပ်မ (၂၂) လက်အောက်ခံ၊ ခမရ (၂၁၀) နှင့် ဘူးသီးတောင်အခြေစိုက် စကခ (၁၅) မှနေ၍ လက်နက်ကြီးများဖြင့် နပျိုးချောင်းကျေးရွာနှင့် အနီအနားရှိကျေးရွာများအား တစ်နေ့လုံး နီးပါး မရပ်မနားအဆက်မပြတ် တောက်လျှောက် ပစ်ခတ်ခဲ့သောကြောင့် ကျေးရွာများရှိလူနေ အိမ်တချို့ ပျက်ဆီးဆုံးရှုံးခဲ့သည်။
(၃) ထို့အပြင် စစ်ကောင်စီသည် စစ်သုံးသင်္ဘောများပေါ်မှ ဒရုန်းများဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း၊ ရဟတ်ယာဉ်၊ ဂျက်တိုက်လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းတို့ကို မိမိတို့စခန်းများရှိရာနေရာများသို့သာမက ရပ်ရွာများသို့ နေ့ရောညပါ တိုက်ခိုက်နေခဲ့သည်မှာလည်း နေ့စဉ်နေ့တိုင်းပင်ဖြစ်သည်။ ဤကဲ့သို့ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် အရပ်သားပြည်သူလူထု သေဆုံး၊ ဒဏ်ရာရရှိသည့်အရေအတွက်မှာလည်း နေ့တိုင်းနီးပါးရှိနေသောကြောင့် အရေအတွက်မှာ မြင့်တက်လျက်ရှိသည်။
မိမိတို့အနေဖြင့် စစ်ကောင်စီ၏ လက်နက်ကြီးများ၊ တိုက် လေယာဉ်များနှင့် ဒရုန်းများမှ ရမ်းသမ်းပစ်ခတ်မှုများအတွင်း မတရားသဖြင့် အသက်သေဆုံးသွားသော ပြည်သူများအတွက် မိသားစုဝင်များနှင့် ထပ်တူ ခံပြင်းဝမ်းနည်းရပါသည်။ ယခုကဲ့သို့ ပြည်သူလူထုများအပေါ် ဆန့်ကျင်ကျူးလွန်သော စစ်ရာဇဝတ်မှုများတွင် ပါဝင်ကျူးလွန်သူများကို မဖြစ်မနေ လက်စားချေသွားမည်ဖြစ်ကြောင်း ပြည်သူများအား အသိပေးထုတ်ပြန်အပ်ပါသည်။
သတင်းနှင့်ပြန်ကြားရေး
ရက္ခိုင့်တပ်တော်

👍85😢44❤14😁7💔4🤬3🤡1
တိုက်ပွဲသတင်းထုတ်ပြန်ကြေညာချက်
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၁၉) ရက်
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလအတွင်း ရက္ခိုင်၊ ပလက်ဝဒေသများ၌ နှစ်ဖက်တိုက်ပွဲများထက် စစ်ကောင်စီတပ်သည် လက်နက်ကြီးများဖြင့် နေရာအနှံ့ ရမ်းသန်းပစ်ခတ်တိုက်ခိုက်ခြင်း၊ လေကြောင်းမှ ဂျက်တိုက်လေယာဉ်၊ ရဟတ်ယာဉ်၊ ဒရုန်းများဖြင့် နေ့ညအချိန်မရွေး ဗုံးကြဲတိုက်ခိုက်ခြင်း၊ ရေကြောင်းမှသွားလာနေသည့် ခရီးသွား ပြည်သူလူထုများကို တံတားများထက်တွင်စခန်းချပြီး ၎င်းနေရာများမှတစ်ဆင့် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများကို နေ့တိုင်းနီးပါးပြုလုပ်လျက်ရှိသည်။
စစ်ကောင်စီသည် ဖြတ်လေးဖြတ်လုပ်ရပ်များအပြင် အကြမ်းဖက်စစ်နည်းဗျူဟာကို တွင်ကျယ်စွာ ကျင့်သုံးလျက်ရှိသောကြောင့် အရပ်သားပြည်သူလူထုများ အသက်သေဆုံး၊ ထိခိုက်ဒဏ်ရာ ရရှိသူများ၊ လူနေအိမ်များပျက်စီး ခြင်း၊ တိရစ္ဆာန်များသေဆုံးခြင်း စသည်တို့မှာ နေ့တိုင်းနီးပါး ဖြစ်ပွားလျက်ရှိသည်။
ယခုရက်သတ္တပတ်အတွင်း တိုက်ပွဲများမှာ ရက္ခိုင်ပြည်၊ မောင်တောမြောက်ပိုင်းတွင် အဓိက ဖြစ်ပွားလျက်ရှိသည်။ စစ်ကောင်စီတပ်များသည် လွန်ခဲ့သောလများအတွင်း ဆုံးရှုံးသွားခဲ့ရသော ၎င်းတို့၏ စခန်းများနှင့် ၎င်းတို့စွန့်လွှတ်ထားခဲ့သော စစ်ရေးအရ အချက်အချာကျသည့်စခန်းများကို ပြန်လည်ရယူရန်အတွက် စစ်ကောင်စီသည် လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူများဖြင့် အပြင်းအထန်ကြိုးပမ်းလျက်ရှိသောကြောင့် မောင်တောမြောက်ပိုင်း ကြိမ်ချောင်း၊ လက်ပံတောင်ပတ်ဝန်းကျင် နှင့် ဝေလာတောင်တန်း ပတ်ဝန်းကျင်၌ တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားလျက်ရှိသည်။
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၁၈) ရက်နေ့တွင် တပ်မ (၇၇) သည် မိမိတို့ရှိရာ မောင်တောမြို့မြောက်ပိုင်း၊ ဝက်ကျိန်းအပြင်ရွာ မြောက်ဖက် မီတာ (၈၀၀) ခန့်အကွာရှိ မိမိတို့ရှိရာနေရာအား ထိုးစစ်ဆင် တိုက်ခိုက်လာသော ကြောင့် နေ့လယ် (၁၂) နာရီခန့်မှစတင်ကာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ညနေ (၄) နာရီခန့် အချိန်မှ တိုက်ပွဲပြီးဆုံးခဲ့သည်။ မိမိတို့ သည် ရန်သူ့ထိုးစစ်အား အကောင်းဆုံးတုံ့ပြန်တိုက်ခိုက်နိုင်ခဲ့သည်။
ထို့ကြောင့် တပ်မ (၇၇) လက်အောက်ခံ၊ ခမရ (၁၀၅) တပ်ရင်းသည် ကစဥ့်ကလျားထွက်ပြေးခဲ့ရပြီး မိမိတို့သည် ခမရ (၁၀၅) တပ်ရင်းထံမှ စစ်အသုံးအဆောင် ပစ္စည်းများနှင့် ခဲယမ်းအချို့ကို သိမ်းဆည်းရမိခဲ့သည်။ ခမရ (၁၀၅) တပ်ရင်းမှ (၁၀) ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ (၁၅) ဦးအထက်ရှိခဲ့သည်။ မိမိတို့ဖက်မှ ဒဏ်ရာ ရရှိသူ (၅) ဦးရှိခဲ့ပြီး တိုင်းပြည်နှင့်လူမျိုးအတွက် အသက်ပေးဆပ်စွန့်လွှတ်ခဲ့ရသည့် အာရက္ခစစ်သည်တော် တစ်ဦးရှိခဲ့သည်။ တိုက်ပွဲအတွင်း ထူးချွန်ပြောင်မြောက်စွာတိုက်ပွဲဝင်နိုင်ခဲ့သော အာရက္ခ စစ်သည်တော်များအား လေးနက်စွာဂုဏ်ပြုမှတ်တမ်းတင်ထားပါသည်။
ယနေ့တိုက်ပွဲအတွင်း စစ်ကောင်စီသည် လက်နက်ကြီးများကို မောင်တောမြို့နယ်၊ ဝက်ကျိန်း(အလယ်ရွာ) ၏ တောင်ဖက် ရှိ နခခ(၇) စခန်း၊ ဝက်ကျိန်းပတ်ဝန်းကျင်ရှိ တပ်မ(၇၇) အထိုင်ချနေသောနေရာ၊ တပ်မ (၁၁) အထိုင်ချနေသော ခဝဲဗျူဟာ၊ ကြိမ်ချောင်း (၂၄) စခန်းများမှနေ၍ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အတွဲလိုက်ဒုံးများကို ပါ အသုံးပြုခဲ့သည်။ ယခင်ရက်များအတွင်း ဂျက်တိုက်လေယာဉ်များဖြင့် ဤနေရာအား လာရောက်ပစ်ခတ် တိုက်ခိုက်ခဲ့သော်လည်း မိမိတို့အနေဖြင့် အဆိုပါနေရာများကို အကောင်းဆုံးထိန်းထားနိုင်ဆဲဖြစ်သည်။
ပလက်ဝဒေသ၌လည်း စစ်ကောင်စီသည် လက်နက်ကြီးများ၊ ဂျက်တိုက်လေယာဉ်များဖြင့် တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ နေ့တိုင်းနီးပါးလာ ရောက်ပစ်ခတ်တိုက်ခိုက်လျက်ရှိသည်။ ထို့အပြင် စစ်ကောင်စီသည် စစ်သုံးဒရုန်းများ ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းများကို မိမိတို့အားသာမက အရပ်ဖက်ပြည်သူများအားတိုက်ခိုက်ခြင်းကိုပါ ခပ်စိပ်စိပ် ပြုလုပ်လျက်ရှိသည်။
မိမိတို့ဖက်မှလည်း စစ်ကောင်စီ၏ ဘူးသီးတောင်အခြေစိုက်၊ စကခ (၁၅) တပ်မဌာနချုပ်အား လက်နက်ကြီးများဖြင့် ပြန်လည်တုံ့ပြန်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ အထိအခိုက်အကျဆုံးများကို မသိရသေးသော်လည်း တပ်မဌာနချုပ်အတွင်း၌ ထိမှန်ကျရောက်ခဲ့သည်။ စစ်ကောင်စီသည် ရက္ခိုင်၊ ပလက်ဝဒေသများသို့ စစ်လက်နက်ခဲယမ်းများ အင်အားဖြည့်တင်းနေပြီး စစ်ရေးပြင်ဆင်မှုများ ဆက်တိုက် တိုးမြှင့်ပြုလုပ်နေသောကြောင့် တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်ပါသည်။
စစ်ကောင်စီသည် ပြည်သူများအား ဦးတည်ပစ်မှတ်ထားပြီး ရပ်ရွာများသို့ လက်နက်ကြီးများကို ရည်ရွယ်ချက်ရှိရှိပစ်ခတ်ခြင်များပြုလုပ်နေသောကြောင့် မိဘပြည်သူများအနေဖြင့် လက်နက်ကြီး ပစ်ခတ်သံများ၊ တိုက်ပွဲဖြစ်ပွားသံများကြားပါက ဗုံးခိုကျင်းများနှင့် လက်နက်ကြီးလွတ်ရာနေရာများ၌ နေထိုင်ကြဖို့ အလေးအနက်တိုက်တွန်းအပ်ပါသည်။ ထို့အပြင် စစ်ကောင်စီသည် ခရီးသွားလာနေကြသော အပြစ်မဲ့ မိဘပြည်သူများအား ဖမ်းဆီးနှိပ်စက်ပြီး ငွေညှစ်ခြင်းများ၊ ရက္ခိုင့်တပ်တော်နှင့်ဆက်စပ်မှု ရှိသည်ဟု စွပ်စွဲပြီး ထောင်ချခြင်းများကို ပြုလုပ်နေသောကြောင့် သတိထားသွားလာကြပါရန် အသိပေးထုတ်ပြန်အပ်ပါသည်။
သတင်းနှင့်ပြန်ကြားရေး
ရက္ခိုင့်တပ်တော်
Website Link: https://bit.ly/3Eo5ii8
VK Link: https://vk.com/arakanarmyinfodesk

ARAKAN ARMY
တိုက်ပွဲသတင်းထုတ်ပြန်ကြေညာချက်
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၁၉) ရက်
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလအတွင်း ရက္ခိုင်၊ ပလက်ဝဒေသများ၌ နှစ်ဖက်တိုက်ပွဲများထက် စစ်ကောင်စီတပ်သည် လက်နက်ကြီးများဖြင့် နေရာအနှံ့ ရမ်းသန်းပစ်ခတ်တိုက်ခိုက်ခြင်း၊ လေကြောင်းမှ ဂျက်တိုက်လေယာဉ်၊ ရဟတ်ယာဉ်၊ ဒရုန်းများဖြင့် နေ့ညအချိန်မရွေး…

👍169❤84👏16🥰11😁8🍾6🕊4⚡3❤🔥3👎2🤬2
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၂၆) ရက်နေ့မှစ၍ မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော်တို့သည် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ယာယီအပစ်ရပ်တန့်ခြင်း (Humanitarian Pause) ကို နိပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံအမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ ဂျပန်နိုင်ငံအစိုးရ အထူးကိုယ်စားလှယ် မစ္စတာဆာဆာကာဝါမှ ကြားဝင် စေ့စပ်ဆောင်ရွက်ပေးမှုကြောင့် နှစ်ဖက်တိုက်ပွဲများ ခေတ္တယာယီရပ်တန့်ခဲ့ရပါသည်။
ထိုနေ့မှစ၍ နှစ်ဖက်သဘောတူခဲ့သည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကိစ္စရပ်များထဲမှ တစ်ခုဖြစ် သော ယခုရက်များအတွင်း အချိန်မီ စပါးရိတ်သိမ်းရန် အရေးတကြီး ချက်ချင်းလိုအပ်နေသည့် စပါးကွင်းများမှ ရင့်မှည့်စပါးများကို ရက္ခိုင့်တပ်တော် စစ်သည်တော်များမှ ဒေသခံပြည်သူ လူထုများနှင့် ပူးပေါင်း၍ လည်းကောင်း၊ စပါးခင်းပိုင်ရှင်များမှာ စစ်ဘေးရှောင်များဖြစ်နေသောကြောင့် ပိုင်ရှင်များကိုယ်တိုင် လာရောက်ရန် မလွယ်ကူသောစပါးခင်းများကို မိမိတို့ ရက္ခိုင့်တပ်တော် စစ်သည်များနှင့် ULA အဖွဲ့ဝင်များမှ စပါးခင်းပိုင်ရှင်များကိုယ်စား လည်းကောင်း စပါးရိတ်သိမ်းခြင်းများကို ရက္ခိုင်ပြည်ရှိ အောက်ဖော်ပြပါ မြို့နယ်များ၏ ကျေးရွာများ၌ ဆက်တိုက်လုပ်ဆောင်ခဲ့ပါသည်။
၁။ ဘူးသီးတောင်မြို့နယ်
- ပြင်ရှည်ကျေးရွာမှ စပါးခင်းများ
၂။ ရသေ့တောင်မြို့နယ်
- မောင်ဖြူရွာ အနောက်ဘက်ရှိ စပါးခင်းများ၊ မညင်းတောင်ရွာမှ စပါးခင်းများ၊ ကုန်တန်းရွာမှ စပါးခင်းများ၊ ခရုချောင်းရွာမှ စပါးခင်းများ၊ ရီကောင်းချောင်းရွာမှ စပါးခင်းများ
၃။ ပုဏ္ဏားကျွန်းမြို့နယ်
- ယာချောင်းရွာ အရှေ့တောင်ဘက်ရှိ စပါးခင်းများ၊ ဆင်အင်းကြီးရွာတောင်ဘက်ရှိ စပါးခင်းများ၊ ငှက်ကြီးကျွန်းရွာအနောက်ဘက်ရှိ စပါးခင်းများ၊ ပဒေသာရွာဟောင်း အနောက်ဘက်ရှိ စပါးခင်းများ၊ ရီပေါက်ချောင်းရွာ အနောက်တောင်ဘက်ရှိ စပါးခင်းများ
၄။ ကျောက်တော်မြို့နယ်
- သလူချောင်းရွာအနောက်ဘက်ရှိ စပါးခင်းများ၊ ရုပ်သားရွာ အနီးတစ်ဝိုက် စပါးခင်းများ၊ နဂရာရွာအနီးတစ်ဝိုက် စပါးခင်းများ
၅။ မြောက်ဦးမြို့နယ်
- ဂူတလုံးကျ (မြို) ရွာမှ စပါးခင်းများ
၆။ မင်းပြားမြို့နယ်
- ရာမောင်တံတားအနီးတစ်ဝိုက် စပါးခင်းများ
ဆက်လက်ရိတ်သိမ်းရန် ကျန်ရှိနေသေးသော စပါးခင်းများကိုလည်း ရက္ခိုင်ပြည်သူ့ အာဏာပိုင်အဖွဲ့မှ ပြည်သူများနှင့်အတူ ဆက်လက် ကူညီလုပ်ဆောင်သွားမည် ဖြစ်ပါသည်။
မိမိတို့အနေဖြင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အပစ်အခတ်ရပ်စဲခြင်းအား အာရက္ခ ဒေသအတွင်းနေ ပြည်သူလူထုများ၏ လတ်တလော စားဝတ်နေရေး၊ သွားလာရေး၊ ဆေးဝါး အကျပ်အတည်း၊ အခက်အခဲများနှင့် ပြည်သူထူထု၏အကျိုးစီးပွားကို မဏ္ဍိုင်ပြု၍ ယခုကဲ့သို့ ယာယီအပစ်ရပ်တန့်ရခြင်းဖြစ်ပါသည်။
ရက္ခိုင်ပြည်သူ့အစိုးရအနေဖြင့် ယာယီအပစ်အခတ်ရပ်တန့်နေသောကာလ၌ ပြည်သူလူထု၏ ဝန်ဆောင်မှု များကို ယခင်ကာလများနည်းတူ အကောင်းဆုံးသောနည်းလမ်းများဖြင့် ပြည်သူ့အကျိုးအား ဆက်လက်သယ်ပိုး ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

❤166👍137😁11👌6😍5🥰4🙏4👎2🍓2🍾2
Media is too big
VIEW IN TELEGRAM
ရက္ခိုင်ပြည်မြို့နယ်အချို့ ၌ အချိန်မီ ချက်ချင်းရိတ်သိမ်းရန် လိုအပ်နေသည့် လယ်ကွင်းများမှ ရင့်မှည့်စပါးများနှင့် လယ်ပိုင်ရှင်များမှာ စစ်ဘေးရှောင်များ ဖြစ်နေသောကြောင့် ကိုယ်တိုင်လာရောက်ရိတ်သိမ်းရန် မလွယ်ကူသော လယ်ကွင်းများမှ စပါးများကို မိမိတို့ ရက္ခိုင့်တပ်တော် စစ်သည်များနှင့် ULA အဖွဲ့ဝင်များမှ ဒေသခံပြည်သူလူထုများနှင့် ပူးပေါင်း၍ လည်းကောင်း၊ လယ်ပိုင်ရှင်များကိုယ်စား လည်းကောင်း ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၂၆) ရက်နေ့မှစ၍ စတင်ရိတ်သိမ်းပေးခဲ့သည်။ ထို့အတူ ရိတ်သိမ်းရန် ကျန်ရှိနေသေးသော စပါးခင်းများကိုလည်း မိမိတို့မှ ဆက်လက်၍ ရိတ်သိမ်းပေးလျက်ရှိပါသည်။
သတင်းနှင့်ပြန်ကြားရေး
ရက္ခိုင့်တပ်တော်
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ (၆) ရက်
Website Link: https://bit.ly/3uwnhhP
VK Link: https://vk.com/arakanarmyinfodesk
သတင်းနှင့်ပြန်ကြားရေး
ရက္ခိုင့်တပ်တော်
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ (၆) ရက်
Website Link: https://bit.ly/3uwnhhP
VK Link: https://vk.com/arakanarmyinfodesk
❤190👍55🥰18❤🔥6🤣6😁4🍓4👎1
နှစ် (၆၀) ပြည့် တအာင်းအမျိုးသားတော်လှန်ရေးနေ့ အခမ်းအနားသို့ ညီနောင်မဟာမိတ်တပ်ဖွဲ့များဖြစ်ကြသည့် MNTJP/MNDAA နှင့် ULA/AA တို့မှ ပေးပို့အပ်သော ဂုဏ်ပြုသဝဏ်လွှာ
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၁၂) ရက်
VK Link: https://vk.com/mndaa_tnla_aa
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၁၂) ရက်
VK Link: https://vk.com/mndaa_tnla_aa
❤139👍59🙏7❤🔥6🔥4🥰4🍾4
Forwarded from 3 Brotherhood Alliance (AA+MNDAA+TNLA)
(၆၂) နှစ်မြောက် ကချင်တော်လှန်ရေးနေ့အခမ်းအနားသို့ ညီနောင်မဟာမိတ် (၃) ဖွဲ့ဖြစ်သော
PSLF/TNLA ၊ MNTJP/MNDAA နှင့် ULA/AA တို့ထံမှ ပေးပို့အပ်သော သဝဏ်လွှာ
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၅) ရက်
VK Link: https://vk.com/mndaa_tnla_aa
PSLF/TNLA ၊ MNTJP/MNDAA နှင့် ULA/AA တို့ထံမှ ပေးပို့အပ်သော သဝဏ်လွှာ
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၅) ရက်
VK Link: https://vk.com/mndaa_tnla_aa
❤113👍53🙏6👏3🎉2🍾2🥰1
Forwarded from 3 Brotherhood Alliance (AA+MNDAA+TNLA)
မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီဖွဲ့စည်းလှုပ်ရှားမှု (၂) နှစ်ပြည့်နေ့အခမ်းအနားသို့ ညီနောင်မဟာမိတ် (၃) ဖွဲ့ဖြစ်သော PSLF/TNLA ၊ MNTJP/MNDAA နှင့် ULA/AA တို့မှ ပေးပို့သော သဝဏ်လွှာ
၁၃၈၄ ခုနှစ်၊ တပို့တွဲလပြည့်ကျော် (၅) ရက်
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၉) ရက်
VK Link: https://vk.com/mndaa_tnla_aa
Telegram Channel: https://t.me/threebrotherhoodalliance

❤95👍66🥰5❤🔥1😍1
Forwarded from 3 Brotherhood Alliance (AA+MNDAA+TNLA)
ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး / တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ၏ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်မှူးကြီး တားအလှော် (ခ) တားမူစယ် ကွယ်လွန်ခြင်းအတွက် ညီနောင်မဟာမိတ်များ၏ ဝမ်းနည်းကြောင်းသဝဏ်လွှာ
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၂) ရက်
VK Link: https://vk.com/mndaa_tnla_aa
Telegram Channel: https://t.me/threebrotherhoodalliance
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၂) ရက်
VK Link: https://vk.com/mndaa_tnla_aa
Telegram Channel: https://t.me/threebrotherhoodalliance
😢72👍63💔22❤13🙏4🔥1🕊1
Forwarded from 3 Brotherhood Alliance (AA+MNDAA+TNLA)
(၃၄) နှစ်မြောက် မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်နေ့ အခမ်းအနားသို့ ညီနောင်မဟာမိတ်တပ်ဖွဲ့များဖြစ်ကြသည့် PSLF/TNLA နှင့် ULA/AA တို့မှ ပေးပို့အပ်သော ဂုဏ်ပြုသဝဏ်လွှာ
၂၀၂၃ ခုနှစ်၊ မတ်လ (၁၁) ရက်
VK Link: https://vk.com/mndaa_tnla_aa
Telegram Channel: https://t.me/threebrotherhoodalliance
၂၀၂၃ ခုနှစ်၊ မတ်လ (၁၁) ရက်
VK Link: https://vk.com/mndaa_tnla_aa
Telegram Channel: https://t.me/threebrotherhoodalliance
❤91👍46🥰10❤🔥2🕊2😍2🍾2
Forwarded from 3 Brotherhood Alliance (AA+MNDAA+TNLA)
ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC)
လုပ်ငန်းအစည်းအဝေး ထုတ်ပြန်ချက်
၂၀၂၃ ခုနှစ်၊ မတ်လ (၁၆) ရက်
(ပန်ခမ်းမြို့)

👍96❤42🤡2❤🔥1🥱1