AA Info Desk
51.2K subscribers
1.42K photos
89 videos
8 files
145 links
Download Telegram
ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးငူကျေးရွာဈေးအား ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်မှ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုနှင့်ပတ်သက်၍ ကနဦး ထုတ်ပြန်ချက်

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၄) ရက်

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၄) ရက်နေ့ နေ့လယ် (၂) နာရီ (၇) မိနစ်အချိန်ခန့်တွင် အာရက္ခဒေသ၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးငူကျေးရွာရှိ ဈေးတန်းအား ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်မှ ဂျက်ဖိုက်တာတစ်စီးဖြင့် အကြမ်းဖက်ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် ဈေးရောင်း ဈေးဝယ်နေကြသည့် အပြစ်မဲ့ အရပ်သား ပြည်သူ ကလေးငယ်များအပါအဝင် စုစုပေါင် (၁၇) ဦးသေဆုံးခဲ့ပြီး (၁၄) ဦးထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း ကနဦးထုတ်ပြန်အပ်ပါသည်။

ထို့အပြင် လူနေအိမ်၊ ဈေးဆိုင်ခန်းအချို့မှာလည်း မီးလောင် ပျက်စီးသွားသည်။

ယိုးငူရွာမှ အပြစ်မဲ့ အရပ်သားပြည်သူ သေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာရမှု အသေးစိတ်ကို ထပ်မံတင်ပြပေးသွားမည်ဖြစ်ပါသည်။

သတင်းနှင့်ပြန်ကြားရေး
အာရက္ခတပ်တော်
😢834🤬10932😁19🤣17👍10💔6👏5🥰3
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၄) ရက်၊ နေ့လယ် (၂) နာရီ (၇) မိနစ်အချိန်ခန့်တွင် အာရက္ခဒေသ၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးငူကျေးရွာ ဈေးတန်းအား ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်မှ ဂျက်ဖိုက်တာတစ်စီးဖြင့် အကြမ်းဖက်ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိသွားခဲ့သော အပြစ်မဲ့အရပ်သားပြည်သူများစာရင်း
😢677🤬6838🤣14😁10🔥5👏5💔5👌1
အာရက္ခပြည်၊ အမ်းမြို့နယ်၊ ဒါးလက်ချောင်းဒေသ စစ်သုံ့ပန်းအကျဉ်းစခန်းအား ဖက်ဆစ်အကြမ်းဖက် စစ်ကော်မရှင်၏ လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်အတွင်း စစ်သုံ့ပန်း (၁၁၆) ဦး သေဆုံးပြီး (၃၂) ဦး ဒဏ်ရာရရှိကာ အရပ်သားသုံ့ပန်းအချို့လည်း သေဆုံးဒဏ်ရာရ

၂၀၂၆ ခုနှစ်၊ မတ်လ (၁၁) ရက်

၂၀၂၆ ခုနှစ်၊ မတ်လ (၈) ရက်နေ့၊ နံနက် (၁၁) နာရီ (၂) မိနစ်မှ မွန်းလွဲ (၂) နာရီ (၂၈) မိနစ် အချိန်အထိ ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်သည် ဂျက်ဖိုက်တာ (၄) စီး နှင့် Y-12 (၄) စီးတို့ဖြင့် အာရက္ခပြည်၊ အမ်းမြို့နယ်၊ ဒါးလက်ချောင်းဒေသရှိ စစ်သုံ့ပန်းအကျဉ်းစခန်းအား သုံးနာရီခွဲခန့်ကြာမြင့်သော လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုမျိုးကို မရပ်မနား ဆက်တိုက်ပြုလုပ်ခဲ့သည်။

အကြမ်းဖက် စစ်ကော်မရှင်တပ်၏ လူမဆန်စွာ လေကြောင်းတိုက်ခိုက်မှုကြောင့် လတ်တလောစာရင်းအရ စစ်သုံ့ပန်း (၁၁၆) ဦး သေဆုံးခဲ့ပြီး (၃၂) ဦး ဒဏ်ရာရရှိခဲ့သည်။ ထို့အပြင် ပြင်းထန်၊ အလတ်စား၊ အသေးစားဒဏ်ရာရရှိသူများ မြောက်မြားစွာရှိနေသေးသည်။ အရပ်သားများထဲမှ ပြစ်ဒဏ်ကျခံရသူအချို့လည်း ဤဖြစ်စဉ်အတွင်း သေဆုံး၊ ဒဏ်ရာရရှိခဲ့သည်။

ဤဖြစ်စဉ်သည် အာရက္ခဒေသအတွင်း ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်၏ လေကြောင်းမှ အကြမ်းဖက် တိုက်ခိုက်မှုဖြစ်စဉ်အတွင်း စစ်သုံ့ပန်း (စစ်ကော်မရှင်တပ်ဖွဲ့ဝင်များ) အသေအပျောက် အများဆုံးဖြစ်စဉ်ဖြစ်ပြီး စစ်ဘက်အရာရှိကြီးများစွာလည်း ပွဲချင်းပြီးသေဆုံးခဲ့ကြသည်။

စစ်သုံ့ပန်းအလောင်းအချို့မှာ မည်သူမည်ဝါမှန်း စစ်ဆေးရန်ခက်ခဲခြင်း၊ ခန္ဓာအစများ တစ်စမှ မရရှိသော ပျောက်ဆုံးအလောင်းများလည်း ရှိနေသေးသောကြောင့် အသေးစိတ် အချက်အလက်များကို စစ်ဆေးပြီးသည့်အချိန်တွင် ဆက်လက်တင်ပြပေးသွားပါမည်။

သတင်းနှင့်ပြန်ကြားရေး
အာရက္ခတပ်တော်
😢631👍63😱3937🤬34🤣14😁7👌4🔥3🥰1🎉1