👍73❤41🎉8🤣2🥴1
တိုက်ပွဲသတင်းထုတ်ပြန်ချက်

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၁) ရက်

ရက္ခိုင်ဒေသအတွင်း ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ နောက်ဆုံးပတ်အတွင်း အောက်ပါနေရာများ၌ တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

၁။ အောက်တိုဘာလ (၂၆) ရက်၊ ညနေ (၄) နာရီ (၁၀) မိနစ်တွင် ရက္ခိုင်ပြည်၊ ရသေ့တောင်မြို့နယ်၊ ချိန်ခါလီရွာ မြောက်ဖက်၊ မီတာ (၃၀၀) ခန့်အကွာအဝေးတွင် နာရီဝက်ခန့်တိုက်ပွဲဖြစ်ပွားခဲ့သည်။ ၎င်းတိုက်ပွဲအတွင်း ရန်သူ့ဖက်မှ (၄) ဦးကျဆုံးပြီး ရန်သူ့ထံမှ လက်နက်ငယ် (၂) လက်နှင့် ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့သည်။

၂။ အောက်တိုဘာလ (၂၇) ရက်နေ့၊ နေ့လယ် (၃) နာရီ (၄၅) မိနစ်တွင်လည်း ဘူးသီးတောင်မြို့နယ်၊ တောင်ရွာ (မူဆလင်ကျေးရွာ) ၏ အနောက်ဖက်မီတာ (၅၀၀) ခန့်အကွာတွင်လည်း စစ်ကောင်စီတပ်၏ တပ်မ (၂၂) လက်အောက်ခံ၊ ခမရ (၂၀၉) နှင့် (၂၁၀) ပူးပေါင်းတပ်ဖွဲ့နှင့် ရက္ခိုင့်တပ်တော်တို့သည် သုံးနာရီခွဲကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ပြင်းထန်သော တိုက်ပွဲတစ်ပွဲ ဖြစ်ခဲ့သည်။ ရန်သူသည် ဘူးသီးတောင်မြို့နယ်၊ သရက်တောင် ရွာအနီးတွင်တပ်စွဲထားသည့် စခန်းကုန်း၊ ဂူတာပြင်ရွာအနီး၌တပ်စွဲထားသော စခန်း နှင့် နခခ(၈) တပ်ရင်း အစရှိသည့်နေရာများမှ လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့သည်။ ဤ သုံးနာရီခွဲကျော်ကြာတိုက်ပွဲအတွင်း ရန်သူ့ဖက်မှ (၁၁) ဦးမျက်မြင် ကျဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ (၁၅) ဦးအထက်ရှိခဲ့သည်။ မိမိတို့ဖက်မှ အထိအခိုက် အကျအဆုံး အနည်းဆုံးဖြင့် ထိထိရောက်ရောက် တိုက်ပွဲဝင်နိုင်ခဲ့သော တိုက်ပွဲတစ်ပွဲဖြစ်ခဲ့သည်။ ဤတိုက်ပွဲအတွင်း ရန်သူ့လက်နက် ခဲယမ်းများ ကိုသိမ်းဆည်းရရှိခဲ့ခြင်းမရှိခဲ့ချေ။

၃။ အောက်တိုဘာလ (၂၈) ရက်နေ့၊ နေ့လယ် (၂) နာရီ (၁၅) မိနစ်အချိန်တွင် ရန်သူသည် ပလက်ဝအရှေ့ဖက်ကမ်းရှိ ၎င်းတို့ တပ်စခန်းချထားသည့် နေရာများမှ မိမိတို့တပ်ဖွဲ့ဝင်များရှိရာ နေရာများသို့ မည်သည့်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းမျှမရှိဘဲ လက်နက်ကြီးများဖြင့် ရမ်းသန်း ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

၄။ ထို့အတူ အောက်တိုဘာလ (၂၈) ရက်နေ့ ၊ နံနက် (၈) နာရီ (၃၀) မိနစ်ခန့်မှစ၍ စစ်ကောင်စီ၏ ကျောက်တော်၊ စကခ (၉) တပ်မဌာနချုပ် နှင့် စကခ (၉) လက်အောက်ခံ ခမရ (၃၇၄) တပ်ရင်းများမှနေ၍ လက်နက်ကြီးများဖြင့် နေရာအနှံ့သို့ ညနေ (၅) နာရီအထိ ရမ်းသန်းပစ်ခတ် တိုက်ခိုက်ခဲ့သည်။ ထို့အပြင် ဒရုန်းများဖြင့်လည်းလာရောက် ဗုံးကြဲတိုက်ခိုက်ခြင်းများကို ပြုလုပ်ခဲ့သည်။

၅။ ရန်သူသည် ဘူးသီးတောင်မြို့နယ်အတွင်း ကြာညိုပြင်တံတားအနီးတပ်စွဲထားသော တပ်မ (၂၂) လက်အောက်ခံ တပ်ရင်းမှ အခြေချထားသော စခန်း၊ ဘူးသီးတောင်မြို့နယ်၊ ထန်းချောက်ခံရွာ အရှေ့ဖက် မီတာ (၃၀၀) ခန့်အကွာ၌ စခန်းချထားသော စကခ (၁၅) လက်အောက်ခံ၊ ခမရ (၅၅၁) တပ်ရင်း၊ လက်သာ (မူဆလင်ရွာ) အနောက်မြောက်ဖက် မီတာ (၄၀၀) ခန့် အကွာ၌ စခန်းချထားသော နခခ(၈) တပ်ရင်းနှင့် သရက်တောင်(မူဆလင်ရွာ) ၏ တောင်ဖက် မီတာ (၂၀၀) ခန့် အကွာ၌ စခန်းချထားသော တပ်မ (၂၂) လက်အောက်ခံ၊ ခမရ (၂၁၀) စခန်းများမှနေ၍ လက်နက်ကြီးများဖြင့် နေရာအနှံ့အပြားသို့ ရမ်းသန်းပစ်ခတ် တိုက်ခိုက်နေခဲ့သည်။

၆။ အောက်တိုဘာလ (၂၉) ရက်နေ့တွင် ရန်သူသည် ယမန်နေ့ကတိုက်ပွဲဖြစ်ပွားခဲ့သည့် နေရာပတ်ဝန်းကျင်ဖြစ်သော ဘူးသီးတောင်မြို့နယ်၊ တောင်ရွာ၏ အနောက်တောင်ဖက် (၈၀၀) ခန့်အကွာအဝေးသို့ ရန်သူသည် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်နေသကဲ့သို့ ဂျက်တိုက်လေယာဉ် (၁) စင်းဖြင့် (၂) ကြိမ်တိုင်တိုင် လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

၇။ အောက်တိုဘာလ (၂၉) ရက်နေ့၊ နံနက် (၉) နာရီ (၁၃) မိနစ်တွင် ကျောက်တော်မြို့နယ်၊ ရုပ်သားရွာ အနီး၌ စစ်ကောင်စီ၏ စကခ (၉) လက်အောက်ခံ၊ ခမရ (၃၇၄) တပ်ရင်းနှင့် မိမိတို့ ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့သည်။ မိနစ် (၂၀) ခန့်အကြာ တိုက်ပွဲအတွင်း ရန်သူ့ဖက်မှ (၅) ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူအချို့ရှိခဲ့သည်။ ထို့ကြောင့် အထိနာခဲ့သော ရန်သူသည် ၎င်းတို့လုပ်နေကျအတိုင်း ရပ်ရွာများအတွင်း လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းအပြင် ကျောက်တော်မြို့နယ်၊ ရုပ်သားရွာ၊ ဘုန်းကြီးကျောင်းအား အောက်တိုဘာလ (၂၉) ရက်၊ နေ့လယ် (၁) နာရီ (၅၃) မိနစ်တွင် ဒရုန်း (၁) စီးမှ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ဘုန်းကြီးကျောင်းအတွင်းပိုင်းအချို့မှာ ပျက်စီးမှုများရှိခဲ့သည်။

၈။ အောက်တိုဘာလ (၂၉) ရက်နေ့၊ နေ့လယ် (၂) နာရီ (၃၆) မိနစ်အချိန်တွင် မြောက်ဦးမြို့နယ်၊ ကျောင်းတောင်ကျေးရွာ၊ အရှေ့ဖက်ရှိ ပွိုင့် (၂၀၃) ရန်သူ့စခန်းကုန်းအား မိမိတို့ဖက်မှ မိနစ်အနည်းငယ်ခန့် ပစ်ခတ်တိုက်ခိုက်ခဲ့ သည်။ ရန်သူ့ဖက်မှ ထိခိုက်ကျဆုံးမှုကိုမသိရသေးပါ။

၉။ အောက်တိုဘာလ (၂၉) ရက်နေ့၊ နေ့လယ် (၂) နာရီ (၁၀) မိနစ်ခန့်တွင် ပလက်ဝမြို့နယ်၊ မြိတ်ဝကျေးရွာ၏ အနောက်ဖက်၊ မီတာ (၈၀၀) ခန့်အကွာအဝေးရှိ ရန်သူ့စခန်းအား မိမိတို့မှ မိနစ်အနည်းငယ်ကြာ တိုက်ခိုက်ခဲ့သည်။ ရန်သူ့ဖက်မှ (၁) ဦးကျဆုံး (၁) ဦး ဒဏ်ရာရရှိခဲ့သည်။

၁၀။ အောက်တိုဘာလ (၃၀) ရက်နေ့တွင်လည်း ရန်သူသည် လက်နက်ကြီးများကို ကျောက်တော် နှင့် ဘူးသီးတောင်မြို့ နယ်များအတွင်း၌ ရမ်းသန်းပစ်ခတ်တိုက်ခိုက်မှုများရှိခဲ့သည်။
👍84❤36🏆6🤣5🎉2🥴1
၁၁။ အောက်တိုဘာလ (၃၁) ရက်နေ့တွင် ပလက်ဝမြို့နယ်အတွင်း စခန်းချထားသော စစ်ကောင်စီ၏ စခန်းများ ဖြစ်ကြသော အဘောင်သားကျေးရွာ အရှေ့ဖက်ရှိ ပွိုင့် (၃၆၃) ကုန်း၊ ပလက်ဝအရှေ့ဖက်ရှိ ရန်သူ့စခန်းအချို့နှင့် ခဝဲဗျူဟာကုန်းမှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုများကို နေ့လယ် (၃) နာရီ (၃၇) မိနစ်မှ ညနေ (၄) နာရီအတွင်း ပြုလုပ်ခဲ့သည်။

၁၂။ အောက်တိုဘာလ (၃၁) ရက်နေ့၊ နေ့လယ် (၂) နာရီခန့်မှ ညနေ (၄) နာရီခန့်အထိ နှစ်နာရီနီးပါး ကြာမြင့်ခဲ့သော တိုက်ပွဲသည် မောင်တောမြို့နယ်မြောက်ပိုင်း၊ သာယာကုန်း(ရခိုင်ရွာ) ၏ မြောက်ဖက် (၁.၃) ကီလိုမီတာ အကွာအဝေး၌ ဖြစ်ပွားခဲ့သည်။ စစ်ကောင်စီ၏ တပ်မ (၂၂) လက်အောက်ခံ၊ ခမရ (၂၀၁) တပ်ရင်းနှင့် တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ရန်သူသည် မိမိတို့ရှိရာနေရာသို့ ဝင်ရောက်လာသောကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ရန်သူ့ဖက်မှ မျက်မြင် (၃) ဦး ကျဆုံးရှိခဲ့ပြီး ဒဏ်ရာရရှိသူ (၁၀) ဦးခန့်ရှိခဲ့သည်။ ဤတိုက်ပွဲအတွင်း ရန်သူ့ လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင် ပစ္စည်းများကိုသိမ်းဆည်းရမိခဲ့သည်

၁၃။ ရက္ခိုင်ဒေသအတွင်း၌ တိုက်ပွဲများမှာ နေ့စဉ်နီးပါးဖြစ်ပွားလျက်ရှိသကဲ့သို့ ရန်သူသည်လည်း လက်နက်ကြီးများဖြင့် ကျေးရွာများအတွင်းသို့ နေ့တိုင်းနီးပါးပစ်ခတ်တိုက်ခိုက်လျက်ရှိသည်။ ထို့ကြောင့် အရပ်သားပြည်သူများ နှင့် ကျွဲ၊ နွား တိရစ္ဆာန်အချို့ ထိခိုက်၊ သေဆုံးဒဏ်ရာရရှိမှုမှာ နေ့တိုင်းနီးပါးရှိခဲ့သည်။ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလတွင် စစ်ကောင်စီတပ်မှ ကျေးရွာများသို့ လက်နက်ကြီးပစ်ခတ်မှုကြောင့် အပြစ်မဲ့ပြည်သူ (၆) ဦးသေဆုံးခဲ့ပြီး (၂၁) ဦး ဒဏ်ရာရရှိခဲ့သည်။

သတင်းနှင့်ပြန်ကြားရေး
ရက္ခိုင့်တပ်တော်
❤174👍93🥰14🙏9🤣8🍾5❤‍🔥4👏2🤔2😱1🥴1
❤390🙏46👍29🥰23🕊11🍾10❤‍🔥9🏆7😁6🥴2🤡1
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၇) ရက် ယနေ့တွင်ကျရောက်သော ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ဥက္ကဋ္ဌ၊ ရက္ခိုင့်တပ်တော် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင် ၏ (၄၄) နှစ်ပြည့် မွေးနေ့သို့ လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA-Magway) မှ ပေးပို့လာသည့် သဝဏ်လွှာ
❤181👍17🥰16💔5😁3🌚2🙏1
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၇) ရက် ယနေ့တွင်ကျရောက်သော ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ဥက္ကဋ္ဌ၊ ရက္ခိုင့်တပ်တော် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင် ၏ (၄၄) နှစ်ပြည့် မွေးနေ့သို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ပေးပို့လာသည့် မွေးနေ့ဆုတောင်း
❤221👍52🥰18🙏12❤‍🔥10😁3😍3🌚1
🔥15
တိုက်ပွဲသတင်းထုတ်ပြန်ချက်

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၉) ရက်

စစ်ကောင်စီသည် လက်နက်ကြီးများ၊ ဒရုန်းများ၊ ဂျက်တိုက်လေယာဉ်များဖြင့် နေ့၊ ည အချိန်မရွေး ရမ်းသန်းပစ်ခတ်တိုက်ခိုက်ခြင်းများကို ဆက်လက်ပြုလုပ်လျက်ရှိသကဲ့သို့ အပြစ်မဲ့ပြည်သူလူထုများအား မတရားဖမ်းဆီးခြင်း၊ ပစ်ခတ်သတ်ဖြတ်နေခြင်းများကိုလည်း ရက္ခိုင်၊ ပလက်ဝဒေသများ၌ ဆက်လက်ပြုလုပ်လျက်ရှိသည်။

ထို့အတူ စစ်ရေးလှုပ်ရှားမှုများနှင့်အတူ မိမိတို့ရှိရာနေရာများသို့ ဝင်ရောက်တိုက်ခိုက်မှုများကိုလည်း တစ်ပြိုင်နက်တည်းတွင် ပြုလုပ်လျက်ရှိသည်။ ထို့ကြောင့် ယခုလများအတွင်း၌ တိုက်ပွဲများ ခပ်စိပ်စိပ်ဖြစ်ပွားခဲ့ပြီး ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့ တစ်ရက်တည်း၌ပင် ရက္ခိုင်၊ ပလက်ဝဒေသရှိ နေရာ (၅) ခု၌ တိုက်ပွဲများ အသီးသီးဖြစ်ပွားခဲ့သည်။

၁။ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့၊ နံနက် (၉) နာရီအချိန်တွင် ရက္ခိုင်ပြည်၊ မင်းပြားမြို့နယ်၊ ခေါင်းလောင်းချောင်းရွာ၏ အနောက်မြောက်ဖက် (၁.၆) ကီလိုမီတာ၌ တပ်မ (၅၅) လက်အောက်ခံ တပ်ဖွဲ့ဝင်များ၊ လက်နက်ခဲယမ်းများပါဝင်သော စစ်ကောင်စီ၏ စစ်သုံး ဇက်သင်္ဘော (၁) စီး နှင့် ၎င်းဇက်သင်္ဘောနှင့်အတူ လေကြောင်းမှ လုံခြုံရေးပါလာသော ရဟတ်ယာဉ် (၁) စီးအား နေရာ (၂) ခုမှ ဖြတ်တောက်တိုက်ခိုက်ခဲ့သည်။ ဇက်သင်္ဘောအား ကြီးကြီးမားမားထိရောက်မှုမရှိခဲ့သော်လည်း ဇက်သင်္ဘော ပေါ်တွင် ပါလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ ထိခိုက်၊ သေဆုံးမှုရှိခဲ့သည်။

၂။ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့၊ နေ့လယ် (၁၂) နာရီ (၃၉) မိနစ်အချိန်တွင် အမ်းမြို့နယ်၊ ကဇူးကိုင်းရွာ၏ အနောက်တောင်ဖက် (၃.၁) ကီလိုမီတာအကွာရှိ မိမိတို့ရှိရာနေရာသို့ စစ်ကောင်စီတပ်မှ ဝင်ရောက်လာသောကြောင့် (၄၅) မိနစ်ကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်။

၃။ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့၊ နေ့လယ် (၂) နာရီ (၁၀) မိနစ်အချိန်တွင် မောင်တောမြို့နယ်၊ ဝက်ကျိန်း(မြို)ရွာ၏ အရှေ့မြောက်ဖက် ၉၉၇ မီတာအကွာ၌ စစ်ကောင်စီ၏ တပ်မ (၇၇) နှင့် ကြိမ်ချောင်း နခခ (၇) တို့ ပူးပေါင်းစစ်ကြောင်းသည် မိမိတို့တပ်ဖွဲဝင်များရှိရာနေရာသို့ ထိုးစစ်ဆင် တိုက်ခိုက်လာ သောကြောင့် တိုက်ပွဲဖြစ်ပွားခဲ့သည်။

၄။ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့၊ ညနေ (၄) နာရီ (၃၅) မိနစ်အချိန်တွင် အမ်းမြို့နယ်၊ ဟင်းရွက်ရွာ၏ အရှေ့တောင်ဖက် ၅၇၅ မီတာအကွာ၌လည်း စစ်ကောင်စီ၏ ခမရ ၃၀၈ /၃၅၄ ပူးပေါင်းစစ်ကြောင်းနှင့် ရက္ခိုင့်တပ်တော်တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။

၅။ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့၊ နေ့လယ် (၂) နာရီ (၃) မိနစ်အချိန်တွင် ပလက်ဝမြို့နယ်၊ ပကာဝရွာအနီး၌လည်း နာရီဝက်ခန့်ကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်။

ရန်သူသည် မြေပုံမြို့နယ်၊ ကြိုးကြာပြင်ကျေးရွာ၏မြောက်ဖက်၊ မီတာ (၈၀၀) ခန့်ရှိ ယိုးချောင်းဗျူဟာကုန်း နှင့် အမ်းမြို့နယ်၊ စွိချောင်းကျေးရွာ၏ အနောက်မြောက်ဖက်၊ မီတာ (၅၀၀) ခန့်အကွာအဝေး၌ရှိသော စွိချောင်းဗျူဟာကုန်းများမှနေ၍ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

အဆိုပါတိုက်ပွဲများအတွင်း ရန်သူ့ဖက်မှ သေဆုံးသူ (၁၀) ဦးခန့်နှင့် ဒဏ်ရာရရှိသူအချို့ရှိခဲ့သည်။ ရန်သူ့စစ်အသုံးအဆောင်ပစ္စည်းအချို့၊ လက်နက်ခဲယမ်းအချို့ကိုလည်း သိမ်းဆည်းရမိခဲ့သည်။

သတင်းနှင့်ပြန်ကြားရေး
ရက္ခိုင့်တပ်တော်


Website Link: https://bit.ly/3DR3Pkc
VK Link: https://vk.com/arakanarmyinfodesk
👍158❤56❤‍🔥19😁9👌8🥰4🥴2😍2🔥1
ထုတ်ပြန်ကြေညာချက်

အမှတ်၊ (၁၅/၂၀၂၂)

၁၃၈၄ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် (၄) ရက်
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၁၁) ရက်


Website Link: https://bit.ly/3G5nlfq
VK Link: https://vk.com/arakanarmyinfodesk
❤‍🔥77👍69😢40❤21🔥11😁6🌚3
ရက္ခိုင်ဒေသအတွင်း၌ အပြစ်မဲ့အရပ်သား ပြည်သူများကိုဦးတည်၍ အစုလိုက်အပြုံလိုက် အကြမ်းဖက်တိုက်ခိုက် သတ်ဖြတ်နေသော စစ်ကောင်စီ၏ လုပ်ရပ်များနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ချက်

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၁၆) ရက်

ရက္ခိုင်ပြည်အတွင်း မြေပြင်တိုက်ပွဲများ၌ အထိအခိုက်၊ အကျအဆုံးများပြီး အဖက်ဖက်တွင် ယိုယွင်းပျက်စီး နေသော စိတ်ဓာတ်ပျက်ပြားနေသည့် စစ်ကောင်စီသည် အပြစ်မဲ့အရပ်သားပြည်သူများ နေထိုင်သော ကျေးရွာများ၊ လူနေအိမ်များကို ဦးတည်၍ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ တိုက်လေယာဉ်များနှင့် တိုက်ခိုက်ရေးဒရုန်းများကို အသုံးပြု၍ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းတို့ကို နေ့စဉ်ရက်ဆက်ပြုလုပ်လျက်ရှိ သည်။ ထို့အပြင် စစ်ပွဲအတွင်း လိုက်နာရမည့် နိုင်ငံတကာဥပဒေများကို ချိုးဖောက်၍ စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်ခြင်းများကိုပါ နေ့စဉ်ရက်ဆက် ပြောင်ပြောင်တင်းတင်း ကျူးလွန်ဖောက်ဖျက်လျက်ရှိသည်။

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၁၆) ရက်၊ နေ့လယ် (၁၂) နာရီ (၅၀) မိနစ်တွင် မောင်တောမြို့နယ်၊ လောင်းဒုံ(အုပ်စု)၊ ဂြစ်ချောင်းကျေးရွာအတွင်း၌ အရပ်သားပြည်သူများမှ ကလေးကင်ပွန်းတပ်ပွဲကျင်းပနေစဉ်အတွင်း စစ်ကောင်စီ၏ မောင်တောမြို့နယ် နခခ(၇)မှ လက်နက်ကြီးများဖြင့် တမင်တကာရည်ရွယ်ချက်ရှိရှိ အကြမ်းဖက်ပစ်ခတ် တိုက်ခိုက်မှုကြောင့် ပွဲအတွင်းမှ ကလေးငယ်များအပါအဝင် အပြစ်မဲ့ပြည်သူ (၁၁) ဦး အစုလိုက် အပြုံလိုက်သေဆုံးခဲ့ပြီး၊ (၂၀) ကျော်ဒဏ်ရာရရှိခဲ့သည်။

ထို့အတူ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၁၆) ရက်၊ နံနက် (၁၁) နာရီ၊ (၃၀) မိနစ်တွင်လည်း စစ်ကောင်စီ၏ ကျောက်တော်မြို့၊ ကန်စောက်အခြေစိုက် ခမရ(၅၃၉) တပ်ရင်းမှ ပစ်ခတ်တိုက်ခိုက်လိုက်သော လက်နက်ကြီး ကျည်ဆံသည် ကျောက်တော်မြို့နယ်၊ ချောင်းတူကျေးရွားအတွင်း ကျရောက် ပေါက်ကွဲမှုကြောင့် အသက် (၅၀) အရွယ် အရပ်သားပြည်သူ (၃) ဦးသေဆုံးပြီး၊ အခြား (၃) ဦးမှာလည်း အပြင်းအထန် ဒဏ်ရာရရှိခဲ့သည်။

စစ်ကောင်စီသည် မည်သည့်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းမျှ မရှိပါဘဲ အပြစ်မဲ့ပြည်သူများ၊ ရပ်ရွာများရှိရာသို့ တမင်တကာ ရည်ရွယ်ချက်ရှိရှိဖြင့် ပစ်ခတ်တိုက်ခိုက်နေခြင်းသာ ဖြစ်သည်။ ဤကဲ့သို့သော ပစ်ခတ်တိုက်ခိုက်မှုများကို စစ်ကောင်စီသည် ရက္ခိုင်ဒေသ၌သာမက မြန်မာပြည်အနှံ့ ပြုလုပ်လျက်ရှိပြီး စစ်ရာဇဝတ်မှုများကို ဗြောင်ကျကျ ကျူးလွန်လျက်ရှိသည်။

လွန်ခဲ့သောရက်များအတွင်း၌လည်း စစ်ကောင်စီသည် လက်နက်ကြီးများဖြင့် ယနေ့ကဲ့သို့ပင် ပစ်ခတ် တိုက်ခိုက်မှုကြောင့် အောက်ပါနေ့ရက်များ၌လည်း အပြစ်မဲ့အရပ်သားပြည်သူလူထုများ သေဆုံး၊ ထိခိုက် ဒဏ်ရာရရှိမှုများရှိခဲ့သည်။

(၁) ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ (၁၅) ရက်၊ နံနက်ပိုင်းတွင် စစ်ကောင်စီ၏ စစ်တွေအခြေစိုက် ခမရ (၃၄၄) တပ်ရင်းမှ လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်တိုက်ခိုက်မှုကြောင့် ပုဏ္ဏားကျွန်းမြို့နယ်၊ ကွမ်းတောင်ကျေးရွာမှ အသက် (၃၄) နှစ်အရွယ် အမျိးသားတစ်ဦး လက်နက်ကြီးစထိမှန်၍ ဒဏ်ရာရရှိခဲ့သည်။

(၂) ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၁၄) ရက်နေ့တွင်လည်း နံနက် (၉) နာရီ (၄၅) မိနစ် မှ ညနေ (၆) နာရီ (၃၀) မိနစ်အထိ ဘူးသီးတောင်မြို့နယ်၊ တင်ဆက်/သရက်တောင်(မူဆလင်)ကျေးရွာ၊ စစ်ကောင်စီ၏ ဘုရားတောင်ကုန်း၌ တပ်စွဲထားသော တပ်မ (၂၂) လက်အောက်ခံ၊ ခမရ (၂၁၀) နှင့် ဘူးသီးတောင်အခြေစိုက် စကခ (၁၅) မှနေ၍ လက်နက်ကြီးများဖြင့် နပျိုးချောင်းကျေးရွာနှင့် အနီအနားရှိကျေးရွာများအား တစ်နေ့လုံး နီးပါး မရပ်မနားအဆက်မပြတ် တောက်လျှောက် ပစ်ခတ်ခဲ့သောကြောင့် ကျေးရွာများရှိလူနေ အိမ်တချို့ ပျက်ဆီးဆုံးရှုံးခဲ့သည်။

(၃) ထို့အပြင် စစ်ကောင်စီသည် စစ်သုံးသင်္ဘောများပေါ်မှ ဒရုန်းများဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း၊ ရဟတ်ယာဉ်၊ ဂျက်တိုက်လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းတို့ကို မိမိတို့စခန်းများရှိရာနေရာများသို့သာမက ရပ်ရွာများသို့ နေ့ရောညပါ တိုက်ခိုက်နေခဲ့သည်မှာလည်း နေ့စဉ်နေ့တိုင်းပင်ဖြစ်သည်။ ဤကဲ့သို့ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် အရပ်သားပြည်သူလူထု သေဆုံး၊ ဒဏ်ရာရရှိသည့်အရေအတွက်မှာလည်း နေ့တိုင်းနီးပါးရှိနေသောကြောင့် အရေအတွက်မှာ မြင့်တက်လျက်ရှိသည်။

မိမိတို့အနေဖြင့် စစ်ကောင်စီ၏ လက်နက်ကြီးများ၊ တိုက် လေယာဉ်များနှင့် ဒရုန်းများမှ ရမ်းသမ်းပစ်ခတ်မှုများအတွင်း မတရားသဖြင့် အသက်သေဆုံးသွားသော ပြည်သူများအတွက် မိသားစုဝင်များနှင့် ထပ်တူ ခံပြင်းဝမ်းနည်းရပါသည်။ ယခုကဲ့သို့ ပြည်သူလူထုများအပေါ် ဆန့်ကျင်ကျူးလွန်သော စစ်ရာဇဝတ်မှုများတွင် ပါဝင်ကျူးလွန်သူများကို မဖြစ်မနေ လက်စားချေသွားမည်ဖြစ်ကြောင်း ပြည်သူများအား အသိပေးထုတ်ပြန်အပ်ပါသည်။

သတင်းနှင့်ပြန်ကြားရေး
ရက္ခိုင့်တပ်တော်
👍85😢44❤14😁7💔4🤬3🤡1
😢110👍22😁8🔥6💔6🤡3❤2❤‍🔥1
😢164❤14🙏14👍5🕊4🤡2
😢171🙏21❤15👍11🔥4🥰1🕊1🤡1