AA Info Desk
46.2K subscribers
1.63K photos
94 videos
9 files
147 links
Download Telegram
အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီမှ ကျောက်တော်မြို့အား နှစ်ရက်ဆက်တိုက် ယုတ်မာပက်စက်စွာဖြင့် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေ

၂၀၂၅ ခုနှစ်၊ မေလ (၁၅) ရက်

အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီသည် အာရက္ခပြည်၊ ကျောက်တော်မြို့၏ လူနေထူထပ်သည့် ရပ်ကွက်များအတွင်းသို့ ဂျက်ဖိုက်တာ (၁) စီးဖြင့် သုံးကြိမ်တိုင် လှည့်ပတ်ပြီး ယမန်နေ့က တိုက်ခိုက်ခဲ့သော ရပ်ကွက်အတွင်းသို့ ယမန်နေ့နည်းတူ ယနေ့တွင်လည်း ထပ်မံတိုက်ခိုက်ခဲ့သည်။

၂၀၂၅ ခုနှစ်၊ မေလ (၁၅) ရက်နေ့တွင် အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီသည် ကျောက်တော်မြို့၊ ရွာမရပ်ကွက်အား ဂျက်ဖိုက်တာဖြင့် နေ့လယ် (၁) နာရီ (၅၈) မိနစ်တွင် တစ်ကြိမ်၊ (၂) နာရီ (၀၅)မိနစ်တွင်  တစ်ကြိမ်၊ (၂) နာရီ (၁၄) မိနစ်တွင် တစ်ကြိမ်၊ (၃) ကြိမ်တိုင်တိုင် လေကြောင်းမှ ယုတ်မာရက်စက်စွာ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

ယင်းသို့ လေကြောင်းမှ (၃) ကြိမ် တိုက်ခိုက်မှုဖြစ်စဉ်အတွင်း အပြစ်မဲ့ အရပ်သား ပြည်သူ (၅) ဦး သေဆုံးခဲ့ရပြီး နောက်ထပ် ပြည်သူ (၉) ဦးလည်း ပြင်းထန်နှင့်အလတ်စားဒဏ်ရာများ ရရှိခဲ့ကြရသည်။

အလားတူ ယမန်နေ့  မေ (၁၄) ရက်နေ့၊ ညနေ (၃) နာရီ (၅၁) မိနစ်အချိန်ကလည်း အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီမှ  ကျောက်တော်မြို့၊ ရွာမရပ်ကွက်အား ဂျက်ဖိုက်တာဖြင့် အကြမ်းဖက် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် အပြစ်မဲ့အရပ်သားပြည်သူ အမျိုးသမီး (၃) ဦး သေဆုံးခဲ့ပြီး (၅) ဦး ဒဏ်ရာရှိခဲ့သည်။ ကျောက်တော်မြို့အား နှစ်ရက်တာ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု ဖြစ်စဉ်အတွင်း အပြစ်မဲ့ အရပ်သားပြည်သူ (၈) ဦး ‌သေဆုံးခဲ့ပြီး ဒဏ်ရာရသူ စုစုပေါင်း (၁၄) ဦးအထိရှိခဲ့ပြီဖြစ်သည်။

အသက်ဆုံးရှုံးသွားခဲ့ရသော မိဘပြည်သူလူထုများ၏ မိသားစု၊ ဆွေမျိုးများနှင့် ထပ်တူဝမ်းနည်းရပါသည်။ အပြစ်မဲ့အရပ်သား အာရက္ခပြည်သူများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ကာ စစ်ရာဇဝတ်မှုများကို နိုင်ငံအနှံ့ နေ့စဉ်ရက်ဆက် ကျူးလွန်နေသော စစ်ကောင်စီ၏ စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်နေသော လုပ်ရပ်များကို ပြင်းထန်စွာရှုတ်ချပြီး ဤလုပ်ရပ်များကို သက်ဆိုင်ရာနိုင်ငံတကာအဖွဲ့အစည်းများထံသို့ ပေးပို့သွားမည်ဖြစ်သည်။

သတင်းနှင့်ပြန်ကြားရေး
အာရက္ခတပ်တော်
😢680🤬88👍7446🤣37😁9🙏8🔥6👏5🥴3🌚3
KIO ဥက္ကဋ္ဌဟောင်း Salang Lanyaw Zawng Hra ခရစ်တော်၌ အိပ်ပျော်သွားခြင်းအပေါ် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်မှ ပေးပို့အပ်သော ဝမ်းနည်းကြောင်း သဝဏ်လွှာ

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် (၆) ရက်
၂၀၂၅ ခုနှစ်၊ မေလ (၁၇) ရက်
😢710👍14548🕊21🤣20🥰17😁8🙏7🍌4🔥2🌚2
တိုက်ပွဲများဆက်လက်ပြင်းထန်နီဆဲဖြစ်သော အာရက္ခဒေသအတွင်းမှ နီရပ်စွန့်ခွာရန် အားထုတ်ကြိုးပမ်းနီကတ်သော ဒေသနီပြည်သူများ သိဟိလိုက်နာရန် အသိပီးတားမြစ်ထုတ်ပြန်ချက်

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် (၁၁) ရက်
၂၀၂၅ ခုနှစ်၊ မေလ (၂၂) ရက်
994👍306🥰33🤣31😁14👎11🙏9🌚9🤬8🕊4🍌4
Public Notice and Restriction Order for Local Residents Attempting to Leave Arakan Amid Ongoing Intense Conflicts

May 22, 2025
652👍178🤣22❤‍🔥13🥰11👌11👎9🤬8🔥4🥴4😱1
Media is too big
VIEW IN TELEGRAM
၂၀၂၅ ခုနှစ်၊ မေလ (၂၇) ရက် အေနိတွင် ကျရောက်သော ရက္ခိုင်နိုင်ငံ‌ရီး၊ တော်လှန်ရီးသမား၊ တက္ကသိုလ်ကျောင်းသား၊ စာပီအနုပညာသမား အာရက္ခပြည်သားတဦးဖြစ်သည့် ဦးဦးလှစော၏ (၇၂) ပြည့် မွီးနိအထိမ်းအမှတ်နန့် အောက်မိဖွယ်အဖြစ် ဦးဦးလှစော၏ ငယ်စဉ်ဘဝမှသည် ကွယ်လွန်ချိန်အထိ ဘဝဖြတ်သန်းမှု ပုံရိပ်တချို့ကို ထုတ်ပြန်လိုက်ပါသည်။

အေဂု video ရုပ်သံဖိုင်အတွက် မှတ်တမ်းဓာတ်ပုံနန့် ရုပ်သံဖိုင်များ ပို့ပီးကတ်သူအားလုံးကို ကျေးဇူးအထူးတင်ဟိပါသည်။ တချို့မှတ်တမ်းများကို online ထက်က ရယူအသုံးပြုထားသည့်အတွက် မူလမှတ်တမ်းပိုင်သျှင်များအား ဂါရဝပြု credit ပီးအပ်ပါသည်။

#AAInfoDesk
May 27, 2025
1.31K😢280👍166🤣35🥰25🍌11🔥9🥴9🤬6🍾3🤡1
အာရက္ခပြည်သူ့ ကျန်းမာရီးဌာန ၏ Telegram Channel ပါ။

https://t.me/arakkhahealthdpt/5
595👍110🥰31🤔17😁10👎6🤣5🙏3💋2
Media is too big
VIEW IN TELEGRAM
အမ်း-ပဒါန်း စစ်မြေပြင်တွင် အကြမ်းဖက် စစ်ကောင်စီတပ်မှ အာရက္ခတပ်တော်ထံသို့ အလင်းဝင်ရောက်လာသည့် ကိုယ်ပိုင်အမှတ် - ပစ/၁၃၄၉၈၁ တပ်သား နေလင်းအောင်၏ ထွက်ဆိုချက်ရုပ်သံဖိုင် ထုတ်ပြန်ချက်

၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၁၅) ရက်

စစ်မှုမထမ်းမနေရ ဥပဒေအား ခုတုံးလုပ်ကာ အတင်းအဓမ္မစစ်သားစုဆောင်းနေသော ဖက်ဆစ်အကြမ်းဖက် စစ်ကောင်စီတပ်၏ စုဆောင်းခြင်းကိုခံခဲ့ရသော မြန်မာပြည်အနှံ့အပြားမှ လူငယ်များသည် တိုက်ပွဲများဖြစ်ပွားနေသည့် ရှေ့တန်းစစ်မြေပြင်များသို့ အသီးသီး ပို့ဆောင်ခြင်းကိုခံရကာ စစ်ကောင်စီ၏ စစ်အင်အားဖြည့်တင်းသည့်ကိစ္စရပ် နှင့် စစ်အာဏာရှင် သက်ဆိုးရှည်ရေးကိစ္စရပ်များတွင် မိမိ၏ စိတ်သဘောဆန္ဒမပါဘဲ အစတေးခံ၊ အဖြည့်ခံများအဖြစ် ပါဝင်လျက်ရှိကြသည်။

ရှေ့တန်းစစ်မြေပြင်သို့ အတင်းအဓမ္မ ပို့ဆောင်ခြင်းခံနေရသော စစ်ကောင်စီ၏ တပ်သားသစ် (သို့မဟုတ်) ပြည်သူ့စစ်တပ်ဖွဲ့ဝင်များသည် တိုက်ခိုက်လိုစိတ်မရှိဘဲ အခွင့်ရလျှင်ရသလို၊ အခြေအနေပေးလျှင်ပေးသလို ရှေ့တန်းစစ်မြေပြင်များမှ နီးစပ်ရာ တိုင်းရင်းသားလူမျိုး တော်လှန်ရေးအဖွဲ့အစည်းများထံသို့ ဘက်ပြောင်းခိုလှုံရန် ကြိုးစားလာကြသည်။

တစ်ပြိုင်နက်တည်းတွင် ဖက်ဆစ်အကြမ်းဖက်စစ်ကောင်စီသည် မြန်မာပြည်၏ နေရာအနှံ့တွင် စစ်ရှုံးကာ စခန်းပေါင်းမြောက်မြားစွာကို လက်လွှတ်ဆုံးရှုံးထားရပြီးနောက် အဆိုပါစခန်း၊ မြို့များကို ပြန်လည်သိမ်းပိုက်ရယူရန် အပြင်းအထန် ကြိုးစားလျက်ရှိသည်။ သို့သော်လည်း ယခင်နှစ်များ၌နည်းတူ နေရာအများစုတွင် အထိအခိုက် အကျအဆုံးများစွာနှင့် ရင်ဆိုင်နေရပြီး ၎င်းတို့၏ လက်ပူတိုက် သင်တန်းပေးထားသော တပ်ဖွဲ့ဝင်များမှာလည်း အထက်တပ်မှူးများ၏ ဗိုလ်ကျအနိုင်ကျင့်မှု၊ ညှဉ်းပန်းနှိပ်စက်မှုတို့ကြောင့် တိုက်လိုခိုက်လိုစိတ်မရှိတော့ဘဲ နေ့စဉ်နှင့်အမျှ တပ်မှထွက်ပြေးလျက်ရှိနေကြသည်။ အချိန်နှင့်အမျှ ထွက်ပြေးရန်ကြိုးစားနေကြသည်။

အာရက္ခတပ်တော်ထံသို့ ဘက်ပြောင်းကာ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၉) ရက်နေ့တွင် အမ်း-ပဒါန်း စစ်မြေပြင်မှတစ်ဆင့် အလင်းဝင်ရောက်လာကြသည့် စစ်ကောင်စီ၏ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များထဲမှ တပ်သား နေလင်းအောင်၏ ထွက်ဆိုချက် ရုပ်သံမှတ်တမ်းသည် အထက်ဖော်ပြပါ အကြောင်းအရာ အချက်အလက်များ မှန်ကန်ကြောင်း ထင်ဟပ်နေသည်။

ထို့ကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်ထံတွင် အတင်းအဓမ္မ စစ်သားစုဆောင်းခြင်းကိုခံရပြီး အမျိုးမျိုးညှဉ်းပန်းနှိပ်စက်ခြင်းကိုခံနေရသော မြန်မာပြည်အနှံ့မှ လူငယ်များအနေဖြင့် အာရက္ခတပ်တော်ထံသို့ ဘက်ပြောင်းလိုပါက မိမိတို့တပ်ရှိရာ မည်သည့်နေရာတွင်မဆို အချိန်မရွေး ဘက်ပြောင်းလာနိုင်ပြီး အလင်းဝင် ဘက်ပြောင်းလာသူတိုင်း၏ အသက် နှင့် လုံခြုံမှုရရှိစေရေးကို အာရက္ခတပ်တော်မှ အာမခံပါသည်။

#AAInfoDesk
July 15, 2025
677👍240🤣24🥰11🔥7😁5❤‍🔥3🙏2🍌2😢1🏆1
Media is too big
VIEW IN TELEGRAM
အမ်း-ပဒါန်း စစ်မြေပြင်တွင် အကြမ်းဖက် စစ်ကောင်စီတပ်မှ အာရက္ခတပ်တော်ထံသို့ အလင်းဝင်ရောက်လာသည့် ကိုယ်ပိုင်အမှတ် - ပစ/၁၂၇၁၄၆ တပ်သား အောင်သက်ထွန်း၏ ထွက်ဆိုချက်ရုပ်သံဖိုင် ထုတ်ပြန်ချက်

၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၁၅) ရက်

စစ်မှုမထမ်းမနေရ ဥပဒေအား ခုတုံးလုပ်ကာ အတင်းအဓမ္မစစ်သားစုဆောင်းနေသော ဖက်ဆစ်အကြမ်းဖက် စစ်ကောင်စီတပ်၏ စုဆောင်းခြင်းကိုခံခဲ့ရသော မြန်မာပြည်အနှံ့အပြားမှ လူငယ်များသည် တိုက်ပွဲများဖြစ်ပွားနေသည့် ရှေ့တန်းစစ်မြေပြင်များသို့ အသီးသီး ပို့ဆောင်ခြင်းကိုခံရကာ စစ်ကောင်စီ၏ စစ်အင်အားဖြည့်တင်းသည့်ကိစ္စရပ် နှင့် စစ်အာဏာရှင် သက်ဆိုးရှည်ရေးကိစ္စရပ်များတွင် မိမိ၏ စိတ်သဘောဆန္ဒမပါဘဲ အစတေးခံ၊ အဖြည့်ခံများအဖြစ် ပါဝင်လျက်ရှိကြသည်။

ရှေ့တန်းစစ်မြေပြင်သို့ အတင်းအဓမ္မ ပို့ဆောင်ခြင်းခံနေရသော စစ်ကောင်စီ၏ တပ်သားသစ် (သို့မဟုတ်) ပြည်သူ့စစ်တပ်ဖွဲ့ဝင်များသည် တိုက်ခိုက်လိုစိတ်မရှိဘဲ အခွင့်ရလျှင်ရသလို၊ အခြေအနေပေးလျှင်ပေးသလို ရှေ့တန်းစစ်မြေပြင်များမှ နီးစပ်ရာ တိုင်းရင်းသားလူမျိုး တော်လှန်ရေးအဖွဲ့အစည်းများထံသို့ ဘက်ပြောင်းခိုလှုံရန် ကြိုးစားလာကြသည်။

တစ်ပြိုင်နက်တည်းတွင် ဖက်ဆစ်အကြမ်းဖက်စစ်ကောင်စီသည် မြန်မာပြည်၏ နေရာအနှံ့တွင် စစ်ရှုံးကာ စခန်းပေါင်းမြောက်မြားစွာကို လက်လွှတ်ဆုံးရှုံးထားရပြီးနောက် အဆိုပါစခန်း၊ မြို့များကို ပြန်လည်သိမ်းပိုက်ရယူရန် အပြင်းအထန် ကြိုးစားလျက်ရှိသည်။ သို့သော်လည်း ယခင်နှစ်များ၌နည်းတူ နေရာအများစုတွင် အထိအခိုက် အကျအဆုံးများစွာနှင့် ရင်ဆိုင်နေရပြီး ၎င်းတို့၏ လက်ပူတိုက် သင်တန်းပေးထားသော တပ်ဖွဲ့ဝင်များမှာလည်း အထက်တပ်မှူးများ၏ ဗိုလ်ကျအနိုင်ကျင့်မှု၊ ညှဉ်းပန်းနှိပ်စက်မှုတို့ကြောင့် တိုက်လိုခိုက်လိုစိတ်မရှိတော့ဘဲ နေ့စဉ်နှင့်အမျှ တပ်မှထွက်ပြေးလျက်ရှိနေကြသည်။ အချိန်နှင့်အမျှ ထွက်ပြေးရန်ကြိုးစားနေကြသည်။

အာရက္ခတပ်တော်ထံသို့ ဘက်ပြောင်းကာ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၉) ရက်နေ့တွင် အမ်း-ပဒါန်း စစ်မြေပြင်မှတစ်ဆင့် အလင်းဝင်ရောက်လာကြသည့် စစ်ကောင်စီ၏ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များထဲမှ တပ်သား အောင်သက်ထွန်း၏ ထွက်ဆိုချက် ရုပ်သံမှတ်တမ်းသည် အထက်ဖော်ပြပါ အကြောင်းအရာ အချက်အလက်များ မှန်ကန်ကြောင်း ထင်ဟပ်နေသည်။

ထို့ကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်ထံတွင် အတင်းအဓမ္မ စစ်သားစုဆောင်းခြင်းကိုခံရပြီး အမျိုးမျိုးညှဉ်းပန်းနှိပ်စက်ခြင်းကိုခံနေရသော မြန်မာပြည်အနှံ့မှ လူငယ်များအနေဖြင့် အာရက္ခတပ်တော်ထံသို့ ဘက်ပြောင်းလိုပါက မိမိတို့တပ်ရှိရာ မည်သည့်နေရာတွင်မဆို အချိန်မရွေး ဘက်ပြောင်းလာနိုင်ပြီး အလင်းဝင် ဘက်ပြောင်းလာသူတိုင်း၏ အသက် နှင့် လုံခြုံမှုရရှိစေရေးကို အာရက္ခတပ်တော်မှ အာမခံပါသည်။

#AAInfoDesk
July 15, 2025
802👍294🤣30🥰21🔥3😁3💋3🥴2🙏1
Media is too big
VIEW IN TELEGRAM
ဖက်ဆစ်အကြမ်းဖက်စစ်ကောင်စီတပ်၏ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၂) ရက်နေ့တွင် ရန်ကုန်မြို့ ၌ အတင်းအဓမ္မပေါ်တာဆွဲ စစ်သားစုဆောင်းခြင်းကို ခံခဲ့ရကာ ရက္ခိုင်ပြည်၊ စစ်တွေမြို့သို့ ပို့ဆောင်ခံခဲ့ရပြီးနောက် တပ်တွင်းအနိုင်ကျင့်ဗိုလ်ကျမှု၊ အကြမ်းဖက်တပ်မှ အပြစ်မဲ့ပြည်သူများ၏ နေအိမ်များနှင့် ဘာသာရေးအဆောက်အအုံများအား ဖျက်ဆီးမှုများကို ရှုတ်ချကာ ကိုယ်တိုင်ကျူးလွန်လိုစိတ်မရှိသောကြောင့် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၁၀) ရက်နေ့တွင် အာရက္ခတပ်တော်ထံသို့ အလင်းဝင်ရောက်လာသော တပ်သား နိုင်ဝင်းစိုး၏ ထွက်ဆိုချက် ရုပ်သံမှတ်တမ်း

#AAInfoDesk
July 20, 2025
👍835227❤‍🔥106🤣21🥰16😁16🏆5🙏2🥴1
Forwarded from ULA/AA Press-Briefing Info
(၁၀) ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲကြေညာချက်

၂၀၂၅ ခုနှစ်၊ ဩဂုတ်လ (၁) ရက်

ULA/AA ၏ (၁၀) ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲကို လာမည့် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ (၁၁) ရက်၊ တနင်္လာနေ့ နံနက် (၁၀:၀၀) နာရီ အချိန်တွင် ပြုလုပ်သွားမည်ဖြစ်ပါသည်။ သတင်းစာ ရှင်းလင်းပွဲကို ယခင်အကြိမ်များအတိုင်း ရက္ခိုင်ဘာသာစကားဖြင့် ပြုလုပ်သွားမည်ဖြစ်ပါသည်။ သတင်းရယူလိုသော သတင်းထောက်များအနေဖြင့် သတင်းစာရှင်းလင်းပွဲကို တက်ရောက်နိုင်ရန်အတွက် ဖော်ပြပါ လင့်ခ် (https://forms.gle/9FkNHENUvZ9R1sMp9 ) မှတစ်ဆင့် ယခင် အကြိမ်များနည်းတူ စာရင်းသွင်းရန်လိုအပ်ပါသည်။ စာရင်းသွင်းထားသော သတင်းထောက်များကိုသာ တက်ရောက် သတင်းရယူခွင့်ပြုမည် ဖြစ်ပါသည်။ စာရင်းသွင်းထားသော သတင်းထောက်များကို သတင်းစာရှင်းလင်းပွဲ တက်ရောက်နိုင်ရန်အတွက် Email မှတစ်ဆင့် လိုအပ်သည့်အချက်အလက်များကို ပေးပို့သွားမည် ဖြစ်ပါသည်။

သတင်းထောက်များအနေဖြင့် မေးမြန်းလိုသော မေးခွန်းများကို ဩဂုတ်လ (၅) ရက်၊ အင်္ဂါနေ့ကို နောက်ဆုံးထား၍ ဖော်ပြပါ အီးမေးလ်လိပ်စာ press.ula.aa@protonmail.com မှတစ်ဆင့် ပေးပို့ကာ မေးမြန်းထားနိုင်ပါသည်။ သတ်မှတ်ရက်ကျော်လွန်ပြီးမှ ပေးပို့လာသော မေးခွန်းများကို ယခုသတင်းစာရှင်းလင်းပွဲတွင် လက်ခံဖြေကြားပေးမည်မဟုတ်သည့်အတွက် မေးခွန်းများကို ကြိုတင်ပြီး ပေးပို့ထားကြရန် လိုအပ်ပါသည်။ သတင်းထောက်တစ်ဦးကို မေးခွန်း (၂) ခုသာ လက်ခံသွားမည်ဖြစ်ပြီး ထပ်ဆင့်မေးခွန်းတစ်ခုကိုလည်း ခွင့်ပြုပေးသွားမည်ဖြစ်ပါသည်။ ယခုကဲ့သို့ မေးခွန်းအရေအတွက် ကန့်သတ်ထားရခြင်းမှာလည်း အခြားသတင်းထောက်များကို အချိန်ပေးနိုင်ရန်အတွက်ဖြစ်ပါသည်။

ULA/AA ၏ Telegram Channel ကိုလည်း ယခုဖော်ပြပါ လင့်ခ် (https://t.me/+zqAxBCBh34BkZjll ) မှတစ်ဆင့် Subscribe လုပ်ထားရန် တိုက်တွန်းလိုပါသည်။ အဆိုပါ Telegram Channel မှတစ်ဆင့် ULA/AA ၏ သတင်းစာရှင်းလင်းပွဲနှင့်ပတ်သက်၍ တရားဝင်ထုတ်ပြန်ချက်များကို ထုတ်ပြန်သွားမည်ဖြစ်ပါသည်။

Telegram (https://t.me/+zqAxBCBh34BkZjll)
ULA/AA Press-Briefing Info

please kindly sent email to press.ula.aa@protonmail.com or press.ula.aa@gmail.com for press-briefing ques
837👍215🥰24🤣21🔥5😁3💯2🤬1
Media is too big
VIEW IN TELEGRAM
ဖက်ဆစ်အကြမ်းဖက်စစ်ကောင်စီတပ်မှ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၂၇) ရက်နေ့၌ အာရက္ခတပ်တော်ထံသို့ အလင်းဝင်ရောက်လာသော တပ်သား နေသူရမျိုး၏ ထွက်ဆိုချက် ရုပ်သံမှတ်တမ်း

#AAInfoDesk
August 5, 2025
👍523🥰273113😁28👏21👎10❤‍🔥9😱6👌6😍4🔥3
Media is too big
VIEW IN TELEGRAM
အာရက္ခပြည်၊ ကျောက်ဖြူမြို့တွင် လက်ရှိဖြစ်ပွားလျက်ရှိသော တိုက်ပွဲများအတွင်းမှ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၃၁) ရက် နေ့တွင် အာရက္ခတပ်တော်ထံသို့ အလင်းဝင်ရောက်လာသော ဖက်ဆစ်အကြမ်းဖက်စစ်ကောင်စီ၏ တပ်မ (၁၁) လက်အောက်ခံ၊ ခမရ (၂၁၆) တပ်ရင်းမှ ကိုယ်ပိုင်အမှတ် ပစ/၁၅၂၀၅၅ တပ်သား မောင်မောင်ဝင်း၏ ထွက်ဆိုချက် ရုပ်သံ

#AAInfoDesk
August 7, 2025
👍784196🥰140👎13👌6😢5🥱5🔥4🕊4🍌4🙏1
Media is too big
VIEW IN TELEGRAM
အာရက္ခတပ်တော်၏ တိုက်ပွဲသတင်း

၂၀၂၅ ခုနှစ်၊ ဩဂုတ်လ (၁၅) ရက်

အာရက္ခတပ်တော်အနေဖြင့် မိမိတို့၏ မျှော်မှန်းထားသော စစ်ရေးရည်မှန်းချက်များ အလုံးစုံ အထမြောက်စေရန်အတွက် ရန်သူနှင့်ရင်ဆိုင်ထားသောနေရာများ၌ ရပ်တန့်ခြင်း မရှိသေးသည့် တိုက်ပွဲများနှင့်အတူ အပြီးသတ်မြို့သိမ်းတိုက်ပွဲများအဖြစ် ကျန်ရှိနေသေးသော နေရာများ၊ ရက္ခိုင်ရိုးမတောင်တန်းတစ်လျှောက် ရန်သူ့ထိုးစစ်များကို ခုခံဆင်နွှဲလျက်ရှိသော နေရာများ ဖြစ်ကြသည့် ရက္ခိုင်-မကွေးတိုင်းအစပ်၊ ရက္ခိုင်-ပဲခူးတိုင်းအစပ်၊ ရက္ခိုင်- ဧရာဝတီတိုင်း အစပ်များနှင့် အာရက္ခတပ်တော် လှုပ်ရှားအခြေပြုရာ အခြားသောနေရာများ၌ ရှုံးနိမ့်နေသော စစ်ရှုံးဖက်ဆစ်စစ်ကောင်စီတပ်ဖွဲ့များနှင့် အာရက္ခတပ်တော်တို့အကြား တိုက်ပွဲများမှာ တစ်နှစ် နှင့် ကိုးလကျော်ကြာသည့်တိုင် ရပ်တန့်ခြင်းမရှိသေးဘဲ ယနေ့အထိ ဆက်လက်ဖြစ်ပွားလျက်ရှိသည်။

တိုက်ပွဲများအတွင်း ခုခံစစ်၊ ထိုးစစ်၊ လှုပ်ရှားစစ်၊ ရွေ့လျားစစ်များနှင့်အတူ ဟန်ချက်ညီ တိုက်ပွဲများမှတစ်ဆင့် မိမိတို့၏ စစ်ရေးရည်မှန်းချက်များ အပြည့်အဝ အကောင်အထည်ဖော် တိုက်ပွဲများသည် အထက်ဖော်ပြပါနေရာများ၌ နေ့တိုင်း (သို့မဟုတ်) မကြာခဏ ဆက်လက်ရှိနေဆဲဖြစ်သည်။

ဤကဲ့သို့ မိမိတို့နှင့် ရင်ဆိုင်တိုက်ပွဲများ ဖြစ်ပွားနေသည့် နေရာများအနက်မှ မကွေးတိုင်းဒေသကြီး၊ င/ဖဲမြို့နယ်၊ စွန်တက်ကျေးရွာ၏ မြောက်ဘက် မီတာ (၃၀၀၀) ကျော်အကွာအဝေးတွင် မိမိတို့၏ အာရက္ခတပ်တော် တပ်ဖွဲ့များရှိရာသို့ စစ်ရှုံးဖက်ဆစ် အကြမ်းဖက် စစ်ကောင်စီ၏ တပ်မ (၉၉) လက်အောက်ခံတပ်များမှ ထိုးစစ်ဆင်တိုက်ခိုက်လာသောကြောင့် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ (၁၄) ရက်၊ နေ့လယ် (၂) နာရီ (၅၄) မိနစ်အချိန်မှစတင်ပြီး တိုက်ပွဲဖြစ်ပွားခဲ့သည်။

မိနစ် (၃၀) ခန့်ကြာတိုက်ပွဲအတွင်း စစ်ရှုံး ဖက်ဆစ် အကြမ်းဖက် စစ်ကောင်စီ၏ အလောင်း (၂၀) ခန့်နှင့်အတူ စစ်အသုံးအဆောင်ပစ္စည်း၊ လက်နက်ခဲယမ်းအချို့ကို သိမ်းဆည်းရမိခဲ့သည်။

စစ်ရေး၊ နိုင်ငံရေး နှင့် နိုင်ငံတကာ စာမျက်နှာများတွင် အလူးအလဲ အထိနာနေသည့် စစ်ရှုံးဖက်ဆစ်စစ်ကောင်စီတပ်မှ ကစဉ့်ကလျား ဆုတ်ခွာထွက်ပြေးနေသော သူများကို အာရက္ခတပ်တော်မှ လိုက်လံချေမှုန်း တိုက်ခိုက်လျက်ရှိသည်။

တိုက်ပွဲနောက်ဆက်တွဲသတင်းများရှိပါက ဆက်လက်တင်ပေးသွားပါမည်။

သတင်းနှင့်ပြန်ကြားရေး
အာရက္ခတပ်တော်
1.41K👍358🥰92🤣33❤‍🔥28🍾20🏆19💔15🔥10🥴9🍌6
ဖက်ဆစ် အကြမ်းဖက် စစ်ကောင်စီမှ မြောက်ဦးမြို့အား လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုဖြစ်စဉ်နှင့်ပတ်သက်၍ သတင်းထုတ်ပြန်ချက်

၂၀၂၅ ခုနှစ်၊ ဩဂုတ်လ (၂၆) ရက်

၂၀၂၅ ခုနှစ်၊ ဩဂုတ်လ (၂၅) ရက်နေ့၊ ည (၁၁) နာရီ ( ၂၅) မိနစ်အချိန်ခန့်တွင် အာရက္ခပြည်၊ မြောက်ဦးမြို့၊ ဒိုင်းကျီရပ်ကွက်အား ဖက်ဆစ် အကြမ်းဖက်စစ်ကောင်စီသည် ဂျက်ဖိုက်တာဖြင့် ဗုံး (၂) လုံး ကြဲချတိုက်ခိုက်ခဲ့သည်။ ယင်းသို့ လေကြောင်း တိုက်ခိုက်မှုကြောင့် အလှူလုပ်ရန် ပြင်ဆင်နေကြသော မိသားစုဝင်များ နှင့် ၎င်းပတ်ဝန်းကျင်အနီးအနားမှ ကလေးငယ် (၅) ဦး အပါအဝင် အပြစ်မဲ့ အရပ်သားပြည်သူ (၁၂) ဦး သေဆုံးခဲ့ရပြီး (၂၀) ဦးလည်း ထိခိုက်ဒဏ်ရာများ ရရှိကာ လူနေအိမ် (၈) လုံး ပျက်စီးခဲ့ရသည်။

ဖက်ဆစ် အကြမ်းဖက် စစ်ကောင်စီသည် ညအချိန် လူအများ အိပ်မောကျနေသည်ကို အခွင့်ကောင်းယူပြီး ယခုကဲ့သို့ အပြစ်မဲ့အရပ်သားပြည်သူများ ထိခိုက်သေဆုံးမှုများပြားစေရန် တမင်တကာ ရည်ရွယ်ချက်ရှိရှိဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ သာဓကအားဖြင့် ၂၀၂၅ ခုနှစ် တစ်နှစ်အတွင်း၌ပင်-

(၁) ၂၀၂၅ ခုနှစ်၊ မေလ (၁၄) ရက်နှင့် (၁၅) ရက်နေ့များတွင်လည်း ဖက်ဆစ် အကြမ်းဖက် စစ်ကောင်စီသည် ကျောက်တော်မြို့၊ ရွာမရပ်ကွက်အား ဂျက်ဖိုက်တာဖြင့် (၂) ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူ (၈) ဦး ‌သေဆုံးခဲ့ရပြီး ဒဏ်ရာရသူ စုစုပေါင်း (၁၄) ဦးအထိ ရှိခဲ့သည်။

(၂) ၂၀၂၅ ခုနှစ်၊ မေလ (၁၃) ရက်နေ့၊ နံနက် (၁၀) နာရီ (၀၅) မိနစ်အချိန်တွင်လည်း ရသေ့တောင်မြို့နယ်၊ ထွန်းရဝေရွာဟောင်းအား ဖက်ဆစ် အကြမ်းဖက် စစ်ကောင်စီမှ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် အပြစ်မဲ့အရပ်သား သေဆုံးသူ (၁၂) ယောက်၊ ဒဏ် ရာရရှိသူ (၂၃) ယောက် နှင့် လူနေအိမ် (၃၁) လုံး ပျက်စီးခဲ့ရသည်။

(၃) ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၁၈) ရက်နေ့ ညနေပိုင်းတွင်လည်း မြောက်ဦးမြို့နယ်၊ ရမ်းချောင်းရွာအနီးတစ်ဝိုက်အား ဖက်ဆစ် အကြမ်းဖက် စစ်ကောင်စီ (ယခု) မှ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် ၎င်းပတ်ဝန်းကျင်၌ အာရက္ခတပ်တော်မှ ထိန်းသိမ်းထားသော စစ်ကောင်စီ၏ စစ်သုံ့ပန်းမိသားစုဝင်များထဲမှ ကလေးငယ်နှင့် အမျိုးသမီးစုစုပေါင်း (၂၈) ဦးသေဆုံးကာ (၂၅) ဦးဒဏ်ရာရရှိခဲ့သည်။

(၄)၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၈) ရက်နေ့၊ နေ့လယ် (၁) နာရီ (၂၀) မိနစ်တွင် ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာ အား ဖက်ဆစ်အကြမ်းဖက် စစ်ကောင်စီ (ယခု ) မှ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် သေဆုံးသူ (၂၆) ယောက်၊ ဒဏ်ရာရရှိသူ (၁၂) ယောက် နှင့် လူနေအိမ် (၃၉၈) လုံးပျက်စီးခဲ့ရသည်။

နိုင်ငံတစ်ဝန်း၌ စစ်ရှုံးနေသော အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီသည် စစ်ဘက်နှင့်မသက်ဆိုင်သည့် စာသင်ကျောင်းများ၊ ဆေးရုံဆေးခန်းများ၊ ဈေးများ၊ ဘာသာရေးအဆောက်အုံများ၊ လမ်းတံတားများ၊ စစ်ဘေးရှောင်စခန်းများ နှင့် လူနေထူထပ်သော မြို့ရွာ ရပ်ကွက် နေရာများ စသည်ဖြင့် အပြစ်မဲ့ပြည်သူများအား ပစ်မှတ်ထား တိုက်ခိုက်သည့် လုပ်ရပ်များ လူစိတ်ကင်းမဲ့သောတိုက်ခိုက်မှုမျိုးကို အာရက္ခဒေသအတွင်းသာမက နိုင်ငံအနှံ့အပြား၌ နေ့စဉ်ရက်ဆက် ပြုလုပ်နေပြီး စစ်ရာဇဝတ်မှုများကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ကျူးလွန်လျက်ရှိသည်။

အကြမ်းဖက် ဖက်ဆစ်စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အသက်ဆုံးရှုံးသွားခဲ့ရသော မိဘပြည်သူလူထုများ၏ မိသားစု၊ ဆွေမျိုးများနှင့် ထပ်တူဝမ်းနည်းရပါသည်။ အပြစ်မဲ့အရပ်သား အာရက္ခပြည်သူများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ကာ စစ်ရာဇဝတ်မှုများကို နိုင်ငံအနှံ့ နေ့စဉ် ရက်ဆက် ကျူးလွန်နေသော စစ်ကောင်စီ၏ စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်နေသော လုပ်ရပ်များကို ပြင်းထန်စွာရှုတ်ချပြီး ဤလုပ်ရပ်များကို သက်ဆိုင်ရာနိုင်ငံတကာအဖွဲ့အစည်းများထံသို့ ပေးပို့သွားမည်ဖြစ်သည့်အပြင် မိမိတို့အနေဖြင့် လုပ်သင့်လုပ်ထိုက်သည်များအား ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်သည်။ ထို့အပြင် အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီ၏ ယခုတိုက်ခိုက်မှုနှင့်ပတ်သက်၍ နောက်ဆက်တွဲ ထိခိုက်၊ သေဆုံးမှုများရှိပါက ထပ်မံတင်ပြပေးသွားပါမည်။

သတင်းနှင့်ပြန်ကြားရေး
အာရက္ခတပ်တော်
😢997102🤬65🤣36👍35😁19❤‍🔥5🔥5😱4🕊2🤡1
Statement Regarding the Fascist Terrorist Military Council's Airstrike on Mrauk-U Town

August 26, 2025

On August 25, 2025, at approximately 11:25 PM, the fascist terrorist Military Council conducted an airstrike using a jet fighter, dropping two bombs on the Daing Kyi Ward in Mrauk-U Town, Arakan. As a result of this airstrike, 12 innocent civilians from a family preparing for a donation ceremony and including 5 children from nearby residents, were killed, and 20 others were injured. Additionally, 8 residential houses were destroyed. Further reports on casualties and injuries will be provided as they become available.

The fascist terrorist Military Council deliberately carried out this airstrike at night, taking advantage of the time when people were asleep, with the clear intent to maximize harm and fatalities among innocent civilians. This attack is not an isolated incident; it is part of a broader pattern of violence. For instance, within 2025 alone:

1. On May 14 and 15, 2025, the fascist terrorist Military Council conducted consecutive airstrikes using a jet fighter on the Rwama Ward in Kyauktaw Town, resulting in the deaths of 8 innocent civilians and injuries to a total of 14 people.

2. On May 13, 2025, at around 10:05 AM, the fascist terrorist Military Council carried out an airstrike using a jet fighter on Tun Rawae Village (Old Village) in Rathedaung Township, leading to the deaths of 12 innocent civilians, injuries to 23 others, and the destruction of 31 residential houses.

3. On the evening of January 18, 2025, the fascist terrorist Military Council conducted an airstrike using a jet fighter near Ram Chaung Village in Mrauk-U Township, killing 28 individuals, including children and women, from the families of Military Council prisoners of war held by the Arakan Army, and injuring 25 others.

4. On January 8, 2025, at around 1:20 PM, the fascist terrorist Military Council carried out an airstrike using a jet fighter on Kyauk Nyi Maw Village in Ramree Township, resulting in the deaths of 26 people, injuries to 12 others, and the destruction of 398 residential houses.
Across the country, the fascist terrorist Military Council, facing military defeats, has been targeting and attacking innocent civilians in non-military locations such as schools, hospitals, clinics, markets, religious buildings, bridges, roads, displacement camps, and densely populated towns, villages, and wards. These inhumane attacks are being carried out daily, not only in the Arakan region but throughout the country, blatantly violating war crimes and international humanitarian laws.

We express our deepest condolences to the families and relatives of the people who lost their lives due to the fascist terrorist Military Council’s airstrikes. We strongly condemn the Military Council’s war crimes and crimes against humanity, which involve the mass killing of innocent Arakan civilians on a daily basis across the country. These actions will be reported to relevant international organizations, and we will continue to take appropriate and necessary actions to address these atrocities.

#AAInfoDesk
😢41735🤣25👍18🤬9👏4🙏2🍌2🌚1