၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ (၄) ရက်နေ့အထိ ရက္ခိုင်နှင့် ပလက်ဝဒေသအတွင်း မြို့နယ်အလိုက် စစ်ဘေးရှောင်ဦးရေ အရေအတွက်နှင့် ဆက်စပ်အချက်အလက်များ
Website Link: https://bit.ly/3Ei50uB
VK Link: https://vk.com/arakanarmyinfodesk

👍91❤17😁2
၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ပထမ အပတ်အတွင်း ရက္ခိုင်၊ ပလက်ဝဒေသ တိုက်ပွဲများနှင့် မြေပြင်အခြေအနေများ
( ၂၀၂၂ ခုနှစ်၊ အောက်တိုဘာ (၇) ရက်၊ သောကြာနေ့ထုတ်ပြန်သည်)
ရက္ခိုင်၊ ပလက်ဝစစ်မျက်နှာ၌ အထိနာနေသော စစ်ကောင်စီတပ် နှင့် ရက္ခိုင့်တပ်တော်တို့သည် အဆိုပါဒေသများ၌ တိုက်ပွဲများမှာ နေ့စဉ်ရက်ဆက် ဆက်တိုက်ဖြစ်ပွားလျက်ရှိသည်။ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ပထမအပတ်အတွင်း အောက်ပါနေ့ရက်များနှင့်နေရာများ၌ ဖြစ်ပွားခဲ့သည်။
(၁) အောက်တိုဘာလ (၁) ရက်၊ နံနက် (၉) နာရီခန့်အချိန်တွင် ဖရုံချောင်းရွာအနောက်ဖက်၌ မိနစ် (၂၀) ခန့်ကြာ တိုက်ပွဲ ဖြစ်ပွားခဲ့သည်။
(၂) အောက်တိုဘာလ (၂) ရက်၊ ညနေ (၅) နာရီ (၀၇) မိနစ်တွင် ပလက်ဝမြို့နယ်၊ မြိတ်ဝကျေးရွာ၏ အရှေ့တောင်ဖက် (၃.၈) ကီလိုမီတာအကွာအဝေး၌ မိနစ် (၂၀) ခန့်ကြာတိုက်ပွဲဖြစ်ပွားခဲ့သည်။
(၃) အောက်တိုဘာလ (၃) ရက်၊ နေ့လယ် (၁) နာရီ (၃၀) မိနစ်တွင် ဘူးသီးတောင်မြို့နယ်၊ ကျောက်စာတိုင် (မြိုခမီ) ရွာ၏ တောင်ဖက် (၁.၃) ကီလိုမီတာအကွာအဝေး၌ ဖြစ်ပွားခဲ့သော (၅) နာရီခန့်ကြာ တိုက်ပွဲ (ပြင်းထန်သောတိုက်ပွဲတစ်ပွဲဖြစ်ခဲ့ပြီး ရန်သူ့ဖက်မှ (၁၇) ဦး သေ ဆုံးကာ (၁၅) ဦးဒဏ်ရာရရှိခဲ့ပြီး မိမိတို့ဖက်မှ ရန်သူ့ လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းအများအပြား သိမ်းဆည်း ရမိခဲ့သော တိုက်ပွဲတစ်ပွဲလည်းဖြစ်သည်။
(၄) အောက်တိုဘာလ (၄) ရက်နေ့တွင် မိမိတို့အနေဖြင့် တိုက်ပွဲများမရှိသော်လည်း စစ်ကောင်စီဖက်မှ ရမ်းသန်း ပစ်ခတ် တိုက်ခိုက်မှုများရှိခဲ့သည်။
(၅) အောက်တိုဘာလ (၅) ရက်၊ နံနက် (၉) နာရီ (၅၂) မိနစ်တွင် ဘူးသီးတောင်မြို့နယ်၊ ဂူဒါပြင်(မူဆလင်) ရွာ နှင့် တောင်ရွာ (မူဆလင်) အကြားတွင် မိနစ် (၃၀) ကြာတိုက်ပွဲ ဖြစ်ပွားခဲ့သည်။ ထို့အတူ အောက်တိုဘာ (၆) ရက်နေ့၌လည်း ဤပတ်ဝန်းကျင်၌ နှစ်ဖက်တိုက်ပွဲများ ဆက်လက်ရှိခဲ့သည်။ နှစ်ရက်တာတိုက်ပွဲအတွင်း ရန်သူ့ဖက်မှ မျက်မြင် (၁၀) ဦး သေဆုံးပြီး နောက်ထပ် (၁၀) ဦးခန့် ဒဏ်ရာရရှိခဲ့သည်။
(၆) အောက်တိုဘာ (၇) ရက်နေ့၊ နေ့လယ် (၁၂) နာရီ (၂၂) မိနစ်တွင် မင်းပြားမြို့၊ ကြပ်စင်တံတား၌ စခန်းချပြီး ပြည်သူလူထုကို ဒုက္ခပေးနေသော စစ်ကောင်စီတပ်ဖွဲ့အား မိမိတို့မှ ဝင်ရောက်တိုက်ခိုက်ခဲ့သည်။ ဤတိုက်ပွဲအတွင်း ရန်သူ့ဖက်မှ မျက်မြင် (၈)ဦး သေဆုံးပြီး၊ နောက်ထပ် ဒဏ်ရာရသူတချို့လည်း ရှိခဲ့သည်။ ရန်သူသည် တောင်မော်ဦး (မယ်တော်တောင်)နှင့် ကြပ်စင်တံတားအနီး ယာယီတပ်စွဲထားသည့် နေရာမှ အနီးအနားရှိ ရပ်ရွာများသို့ လက်နက်ကြီးများဖြင့် (၂၅) ကြိမ်ခန့် ရမ်းသန်းလှမ်းပစ်နေခဲ့ရာ လက်နက်ကြီး ကျည်ကျရောက် ပေါက်ကွဲ၍ အပြစ်မဲ့ပြည်သူ (၆) ဦးလည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။
ယင်းအပြင် ရန်သူသည် အောက်တိုဘာလ (၇) ရက်နေ့ နံနက် (၁) နာရီ အချိန်ကလည်း မောင်တောမြို့နယ် မြောက်ပိုင်း ဝေလာတောင်တန်းတဝိုက်နေရာများ၌ ဂျက်တိုက်လေယာဉ် နှစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်မှုများကို လုပ်ဆောင်ခဲ့သေးသည်။
ထို့အတူ အထက်ဖော်ပြပါတိုက်ပွဲဖြစ်ပွားခဲ့သောနေရာများ၌ နှစ်ဖက်အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုများ နှင့်အတူ တိုက်ပွဲငယ်များမှာ ရံဖန်ရံခါရှိခဲ့သောကြောင့် အောက်တိုဘာလ၊ ပထမပတ်အတွင်း တိုက်ပွဲကြီး (၁၀) ကျော် နှင့် တိုက်ပွဲငယ် (၁၀) ကျော်ရှိခဲ့သည်။ ၎င်းတိုက်ပွဲများအတွင်း ရန်သူဖက်မှ (၄၀) ဦး သေဆုံးခဲ့ပြီး၊ နောက်ထပ် (၂၅) ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်။ မိမိတို့ဖက်မှလည်း ထိခိုက်ဒဏ်ရာရသူ အချို့နှင့် ကျဆုံးသူအချို့ရှိခဲ့သည်။ တိုက်ပွဲများအတွင်း ထူးချွန်ပြောင်မြောက်စွာ တိုက်ပွဲဝင်ခဲ့ကြသည့် အာရက္ခစစ်သည်တော်များအား လေးနက်စွာဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။
ရန်သူသည် လက်နက်ကြီးများကို -
(က) ဘူးသီးတောင်မြို့နယ်၊ လက်ဝဲဒက်ကျေးရွာ၏အနောက်တောင်ဖက် (၁.၂) ကီလိုမီတာခန့် အကွာအဝေး၌ရှိသော (၃၇၈) အမြောက် တပ်ရင်း၊
(ခ) ဘူးသီးတောင်မြို့နယ်၊ တင်ဆက်ရွာအနီးရှိ တပ်မ (၂၂) လက်အောက်ခံ၊ ခမရ (၂၁၀) တပ်ရင်း နှင့် ကြာညိုပြင်တံတားအနီးရှိ၊ တပ်မ (၂၂) လက်အောက်ခံ (၂၀၉) တပ်ရင်း၊
(ဂ) ဘူးသီးတောင်မြို့နယ်၊ လသာ (မူဆလင်) ကျေးရွာ၏ အနောက်ဖက်၊ မီတာ (၅၀၀) ခန့် အကွာအဝေး၌ရှိသော နခခ (၈) နှင့် နခခ (၆) အင်းဒင် နယ်ခြားစောင့်တပ်စခန်းများ၊
(ဃ) မောင်တောမြို့နယ်၊ ကြိမ်ချောင်း (၂၄) ဂိတ်၊
(င) ရသေ့တောင်မြို့နယ်၊ ရေစိုးချောင်းဗျူဟာကုန်း၊
(စ) ရသေ့တောင်မြို့နယ်၊ ချိန်ခါလိန်ကျေးရွာအတွင်းရှိ၊ နခခ (၄) လက်အောက်ခံ၊ ချိန်ခါလိန်ရဲစခန်း၊
(ဆ) ကျောက်တော်အခြေစိုက် ခမရ (၅၃၉) တပ်ရင်းနှင့် ဆနွင်းတောင်ကုန်း၊ စကခ (၉) ကျောက်တော်၊
(ဇ) မြောက်ဦးမြို့နယ်၊ သင်းကျစ်တောင်ဗျူဟာကုန်း၊
(စျ) မင်းပြားမြို့နယ်၊ ကျိန်းတောင်ဘုရားကုန်း၊ တောင်ဦးစခန်းကုန်း၊ ကျီးကန်းတောင် ( ပွိုင့် ၇၁၉ ဗျူဟာကုန်း) နှင့် မင်းပြားမြို့ အခြေစိုက် ခမရ (၃၇၉) ၊ ခမရ (၃၈၀)၊ ခမရ (၅၄၁) တပ်ရင်းများ၊
(ည) ပလက်ဝမြို့နယ်၊ မီးချောင်းဗျူဟာကုန်း၊
(ဋ) စကခ (၉) ၊ (၁၅) လက်အောက်ခံ တပ်ရင်းဌာနချုပ်များရှိသည့်နေရာများ မှ ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

👍64❤27🥰4😁3👎2
စိတ်ဓာတ်ပိုင်းဆိုင်ရာ ယိုယွင်းပျက်စီးပြီး အနိမ့်ဆုံးအဆင့်သို့ ရောက်ရှိနေသော စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားနေသည့် နေရာများရှိ ၎င်းတို့၏ လှုပ်ရှားတပ်ရင်းများမှနေ၍ လက်နက်ကြီးများဖြင့် တိုက်ပွဲဖြစ်သည့်နေရာများသို့သာမက မည်သည့်တိုက်ပွဲ ဖြစ်ပွားခြင်းမျှ မရှိသည့်နေရာများသို့ပါ ပစ်ခတ်တိုက်ခိုက်လျက်ရှိသည်။
အောက်တိုဘာလ၊ ပထမပတ်အတွင်း ရန်သူ့ဖက်မှ မည်သည့်တိုက်ပွဲမျှ ဖြစ်ပွားခဲ့ခြင်းမရှိဘဲ လက်နက်ကြီးများဖြင့် အချိန်မတော် နေ့၊ ညမရွေး ရပ်ရွာများကိုပစ်မှတ်ထား ဦးတည်တိုက်ခိုက်မှုကြောင့် ရွာ (၁၃) ရွာထိခိုက်ခဲ့ကာ၊ အိမ် (၁၄) လုံးပျက်စီး၍ လူ (၁) ယောက် သေဆုံး၊ (၉)ယောက် ထိခိုက်ဒဏ်ရာရပြီး၊ နွား (၃) ကောင် သေဆုံးခဲ့ရသည်။
ယင်းအပြင် စစ်ရေး၊ နိုင်ငံရေး အဖက်ဖက်၌ ချွတ်ခြုံကျလျက်ရှိသော စစ်ကောင်စီတပ်သည် သံတွဲ၊ တောင်ကုတ်၊ မာန်အောင်၊ ရမ်းဗြဲ၊ ကျောက်ဖြူ၊ အမ်း စသည့်မြို့နယ်များမှ အပြစ်မဲ့အရပ်သား ပြည်သူများအား အပြစ်မရှိအပြစ်ရှာကာ အရှိန်အဟုန်မြှင့် ဖမ်းဆီးလျက် ရှိနေသည်။
စစ်ကောင်စီတပ်သည် ၎င်းတို့အထိနာတိုင်း လုပ်လေ့လုပ်ထရှိသော လုပ်ရပ်များကို ပြုလုပ်ရင်း စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်ခြင်း၊ လူ့အခွင့်အရေးချိုးဖောက်ခြင်းများကို ဆက်တိုက်ပြုလုပ်လျက်ရှိသည်။ ဖြတ်လေးဖြတ်ဟူသော ခေါင်းစဉ်အောက်တွင် ပြည်သူလူထုများ၏ စားဝတ်နေရေး၊ အခြေခံစားသုံးကုန်များ၊ ဆေးဝါးများအပါအဝင် မရှိမဖြစ်သော အခြေခံလူသုံးကုန် ပစ္စည်းများသယ်ယူခွင့်မရအောင် ကုန်းလမ်း၊ ရေလမ်းများအား တင်းကျပ်စွာပိတ်ဆို့လျက် ပြည်သူများ အငတ်ဘေး မဆိုက်ဆိုက်အောင် လုပ်ဆောင်လျက်ရှိသည်။
စစ်ကောင်စီတပ်၏ ယခုကဲ့သို့ ပြည်သူများအပေါ် လူမဆန်စွာ ဖမ်းဆီး နှိပ်စက်သတ်ဖြတ်ကျူးလွန်နေခြင်း၊ ပြည်သူလူထုများကို အဓိကပစ်မှတ်ထား၍ ဦးတည်တိုက်ခိုက်နေခြင်း၊ ရက္ခိုင်နှင့်ပလက်ဝရှိ ၎င်းတို့၏တပ်စခန်းများသို့ စစ်အင်အား၊ လက်နက်ခဲယမ်းများကို အဆမတန်ဖြည့်တင်းနေခြင်းတို့ကြောင့် ရှေ့ရက်များတွင်လည်း ရက္ခိုင်နှင့်ပလက်ဝဒေသများ၌ တိုက်ပွဲများမှာ နေရာအနှံ့ ဆက်လက် ဖြစ်ပွားလာနိုင်ပါသည်။
သတင်းနှင့်ပြန်ကြားရေး
ရက္ခိုင့်တပ်တော်
Website Link: https://bit.ly/3yn7wvQ

ARAKAN ARMY
၂ဝ၂၂ ခုနှစ်၊ အောက်တိုဘာလ ပထမ အပတ်အတွင်း ရက္ခိုင်၊ ပလက်ဝဒေသ တိုက်ပွဲများနှင့် မြေပြင်အခြေအနေများ
(၂၀၂၂ ခုနှစ်၊ အောက်တိုဘာ (၇) ရက်၊ သောကြာနေ့ထုတ်ပြန်သည်) ရက္ခိုင်၊ ပလက်ဝစစ်မျက်နှာ၌ အထိနာနေသော စစ်ကောင်စီတပ် နှင့် ရက္ခိုင့်တပ်တော်တို့သည် အဆိုပါဒေသများ၌ တိုက်ပွဲများမှာ နေ့စဉ်ရက်ဆက် ဆက်တိုက်ဖြစ်ပွားလျက်ရှိသည်။ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ပထမအပတ်အတွင်း…
👍153❤59👏10😁5🥱4👎2
တိုက်ပွဲသတင်းထုတ်ပြန်ချက်
၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ (၁၀) ရက်
ရက္ခိုင်ဒေသအတွင်း၌ စစ်ကောင်စီတပ်မှ လက်နက်ကြီးများကို နေ့၊ ညအချိန်မရွေးပစ်ခတ် တိုက်ခိုက်နေသောကြောင့် အပြစ်မဲ့ပြည်သူလူထုများ ထိခိုက်ဒဏ်ရာရ၊ သေဆုံးမှုများ၊ လူနေအိမ်များ လက်နက်ကြီးထိမှန်၍ ပျက်စီးမှုများမှာ ဆက်တိုက်ရှိနေခဲ့ပြီး တိုက်ပွဲများသည်လည်း ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်။
၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ (၉) ရက်၊ ညနေ (၈) နာရီမှ (၁၀) နာရီအတွင်း စစ်ကောင်စီ၏ ကျောက်တော်၊ တပ်မဌာနချုပ် နှင့် ရုပ်သားရွာအနီးစခန်းချထားသော ရန်သူ့တပ်စခန်းမှ မည်သည့်တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းအလျဉ်းမရှိဘဲ လက်နက်ကြီး (၃၀) ကျော်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
ပြည်သူကို လက်နက်ကြီးများဖြင့် ခြိမ်းခြောက်အနိုင်ကျင့်နေသည်သာမက မြို့၊ ရွာ၊ ပြည်သူလူထုကို ပြန်ပေးဆွဲထားသည့်နှယ် အနိုင်ကျင့်နေသော စစ်ကောင်စီ၏ နယ်ခြားစောင့်တပ်စခန်းတစ်ခုဖြစ်သော မောင်တောမြို့နယ်အတွင်းရှိ လိပ်ရနယ်ခြားစောင့်တပ်စခန်းအား ရက္ခိုင့်တပ်တော်မှ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ (၁၀) ရက်၊ နံနက် (၄) နာရီခန့်မှစတင်ပြီး တိုက်ခိုက်ခဲ့သည်။ အဆိုပါစခန်းတွင် နယ်ခြားစောင့်ရဲများနှင့်အတူ စစ်ကောင်စီတပ်ဖွဲ့ဝင်များပါ ပူးတွဲနေထိုင်ကြသည့်စခန်းဖြစ်သည့်အပြင် လက်နက်ကြီးများကို နေ့၊ ညအချိန်မရွေး ရမ်းသန်းပစ်ခတ်တိုက်ခိုက်နေသည့် စခန်းများထဲမှ တစ်ခုလည်းဖြစ်သည်။
ရန်သူသည် လက်နက်ကြီးပစ်ကူများအား နေရာအနှံ့မှ ပစ်ကူပေးသည့်ကြားမှ တစ်နာရီခန့်ကြာ ထိုးစစ်ဆင် တိုက်ခိုက်မှုအပြီးတွင် အဆိုပါ လိပ်ရစခန်းအား ရက္ခိုင့်တပ်တော်မှ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သည်။
ရန်သူ့စစ်သုံပန်း (၃) ဦး၊ ရန်သူ့အလောင်းအချို့၊ လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့သည်။ မိမိတို့ဖက်မှ အာရက္ခစစ်သည်တော်တစ်ဦး တိုင်းပြည်နှင့်လူမျိုးအတွက် အသက်ပေးဆပ်စွန့်လွှတ်ခဲ့ရသည်။ ယခုတိုက်ပွဲသည် အချိန်တိုတိုအတွင်း မိမိတို့ဖက်မှ အထိအခိုက်အနည်းဆုံးဖြင့် သိမ်းပိုက်ရရှိခဲ့သောစခန်းသိမ်းတိုက်ပွဲဖြစ်ခဲ့သည်။
စခန်းသိမ်းနိုင်သည်အထိ ထူးချွန်ပြောင်မြောက်စွာတိုက်ပွဲဝင်နိုင်ခဲ့သော အာရက္ခစစ်သည်တော်များအား လေးနက်စွာမှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။
သတင်းနှင့်ပြန်ကြားရေး
ရက္ခိုင့်တပ်တော်
Website Link: https://bit.ly/3Cffqsc

❤203👍94🏆15👏12😁9🥰7❤🔥2🔥2🙏2👎1💩1
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်
၁၃၈၄ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် (၁၁) ရက်
၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ (၂၀) ရက်
မှုခင်းသတင်းထုတ်ပြန်ချက်
၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ (၁) ရက်နေ့၊ မွန်းလွဲ (၁) နာရီ မိနစ် (၃၀) ခန့်တွင် ရက္ခိုင့်တပ်တော်မှ တပ်သားအဆင့်ရှိ ရဲဘော် (၂) ယောက်သည် ရက္ခိုင်ပြည်၊ ဘူးသီးတောင်မြို့နယ်၊ ကျောင်းတောင်ကျေးရွာအုပ်စုနေ အသက် (၃၀) အရွယ် အိမ်ထောင်သည် အမျိုးသမီးတစ်ဦးအား ၎င်း၏ နေအိမ်၌ လက်နက်အားကိုးဖြင့် အဓမ္မပြုကျင့်ခဲ့သည်ဟု ကျူးလွန်ခံရသူမှ တိုင်တန်းလာသောကြောင့် ရက္ခိုင့်တပ်တော်အနေဖြင့် ယင်းအမှုအား စစ်ခုံရုံးဖွဲ့၍ စနစ်တကျ စုံစမ်းစစ်ဆေးခဲ့ပါသည်။
ရက္ခိုင့်တပ်တော်၊ စစ်ခုံရုံးအဖွဲ့မှ ကျူးလွန်သူတရားခံနှစ်ဦး၊ ကျူးလွန်ခံရသူမိသားစု၊ အခင်းဖြစ်ပွားရာအနီး ပတ်ဝန်းကျင်မှ သက်သေ အချို့အား ဆယ်ရက်ခန့် သေချာစွာစစ်ဆေးပြီးနောက် ပြစ်မှုကျူးလွန်သူ (၂) ဦးစလုံးမှာ ပြစ်မှုမြောက်ကြောင်း ထင်ရှားသည့်အပြင် တပ်ဖက်ဆိုင်ရာ စည်းကမ်းထိန်းသိမ်းရေး အထူးတားမြစ်ချက်ကိုပါ ချိုးဖောက်ထားကြောင်း တွေ့ရှိရပါ သည်။ အဆိုပါတပ်သား (၂) ယောက်မှလည်း ၎င်းနေ့ရက်၌ ၎င်းတို့သည် ခွင့်ပြုချက်မရဘဲ အရက်သေစာသောက်စားမူးယစ်ပြီးနောက် အမှန်တကယ် အဓမ္မပြုကျင့်ခဲ့ကြောင်း နှစ်ယောက်စလုံးမှ ကိုယ်တိုင်ဝန်ခံ ထွက်ဆိုထားကြသည်။
ထို့ကြောင့် အဆိုပါပြစ်မှုကျူးလွန်ခဲ့သူ တပ်သား (၂) ယောက်အား တပ်တော်၏ စစ်ဥပဒေနှင့်အညီ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ (၂၀) ရက်နေ့တွင် ၎င်းပြစ်မှုနှင့်ထိုက်တန်သည့် ပြစ်ဒဏ်ကို နစ်နာခဲ့ရသည့် မိသားစုဝင်များ၊ ကျေးရွာခေါင်းဆောင်အချို့ နှင့် ဘာသာရေးခေါင်းဆောင်အချို့တို့၏ ရှေ့မှောက်၌ အလုပ်ကြမ်းနှင့် ထောင်ဒဏ် အနှစ် (၂၀) အပြင်၊ ကြိမ်ဒဏ်ကြီး အချက် (၃၀) ကိုပါ ချမှတ်၍ "ကြိမ်ဒဏ်"ကို စီရင်ပြီးဖြစ်ပါကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။
ရက္ခိုင်ပြည်သူ့အစိုးရသည် အာရက္ခဒေသအတွင်း "တရားမျှတ၊ ပြည်အာရက္ခ" ဆောင်ပုဒ်နှင့်အညီ အာရက္ခပြည်သူလူထုများ၏ တရားမျှတမှုရရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ ထို့အတူ ပြစ်မှုကျူးလွန်သည့် မည်သူ့ကိုမဆို ကျောသား ရင်သား၊ လူမျိုး၊ ဘာသာ မခွဲခြားဘဲ သတ်မှတ်ပြဋ္ဌာန်းထားသော ဥပဒေနှင့်အညီ စီရင်ဆောင်ရွက်လျက်ရှိပါကြောင်း အများပြည်သူသိရှိစေရန် ထုတ်ပြန်အပ်ပါသည်။
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်
Website Link: https://bit.ly/3MQ9mvd

👍207❤46👌14😁10👎6🤬6🍓4🥰1🙏1
တရုတ်ကွန်မြူနစ်ပါတီ၏ (၂၀) ကြိမ်မြောက် ပြည်လုံးကျွတ်ပါတီညီလာခံကြီး အောင်မြင်စွာကျင်းပနိုင်ခဲ့ခြင်းအပေါ် ညီနောင်မဟာမိတ် (၃) ဖွဲ့မှ ဂုဏ်ပြုသဝဏ်လွှာပေးပို့ခြင်း
၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ (၂၄) ရက်
VK Link: https://vk.com/mndaa_tnla_aa
Website Link: https://bit.ly/3Tt75c7
၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ (၂၄) ရက်
VK Link: https://vk.com/mndaa_tnla_aa
Website Link: https://bit.ly/3Tt75c7
❤84👍54😁7🥰5🤔1
စစ်ကောင်စီ၏ ဂျက်တိုက်လေယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် အသက်ဆုံးရှုံးခဲ့ရသော အပြစ်မဲ့ပြည်သူလူထုများ၊ အနုပညာရှင်များနှင့် KIO/KIA စစ်ဖက်၊ အရပ်ဖက် ဝန်ထမ်းများအတွက် ဝမ်းနည်းကြောင်းသဝဏ်လွှာ
၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ (၂၄) ရက်
VK Link: https://vk.com/mndaa_tnla_aa
၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ (၂၄) ရက်
VK Link: https://vk.com/mndaa_tnla_aa
😢163👍55❤13💔12🤣6😁5🕊5🙏2
ရက္ခိုင်ပြည်သူ့အစိုးရ၏ တရားဥပဒေရီးရာဌာန သို့ Telegram Account ကတဆင့် အမှုများကို
ပြန်လည်တိုင်ကြားနိုင်ဗျာယ်ဖြစ်ကြောင်း မိဖပြည်သူများသို့ လေးစားစွာဖြင့် အသိပီးခြင်း
၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ (၂၇) ရက်
ရက္ခိုင်ပြည်သူ့အစိုးရ၏ တရားဥပဒေရီးရာဌာနသည် အာရက္ခပြည်သူပြည်သားရို့၏ တရားရီး၊ ဥပဒေရီးရာနန့်သက်ဆိုင်သော အမှုအခင်းကိစ္စရပ်များ၊ ရပ်ရွာ၊ မြို့နယ်များအတွင်း ဖြစ်ပွားနီသော ပြဿနာများကို အချိန်နန့်တဗြီးညီ တိုင်ကြားနိုင်ရန်၊ အမှုအခင်းပြဿနာများကို အမြန်ဆုံးဖြေယှင်းပီးနိုင်ရန်၊ ပြည်သူ့အသံများကို နားထောင်နိုင်ရန်၊ အမှုသည်များနန့် တိုက်ရိုက်ချိတ်ဆက် အလုပ်လုပ်ကိုင်နိုင်ရန်အတွက် မြီပြင်တွင် သက်ဆိုင်ရာ နီမြီအလိုက် တာဝန်ခံများထားဟိပြီး ရုံးများဖွင့်လှစ်၍ အမှုများစစ်ဆီးပီးခြင်းဖြင့် တရားဥပဒေရီးရာဌာနအား အကောင်းဆုံးလည်ပတ်နိုင်အောင် ကြိုးပမ်းဆောင်ရွက်လျက်ဟိပါသည်။ ထို့အပြင် အမှုအခင်းများကို Online မှတဆင့် တိုက်ရိုက်တိုင်ကြားနိုင်ရန်အတွက် Justice For Arakan အမည်ဖြင့် Telegram Account တခုကိုဖွင့်ပြီး တရားဥပဒေရီးရာဝန်ဆောင်မှုများကိုလည်း အယင်ကပီးခပါသည်။
သို့သော်လည်း ယင်း Justice For Arakan အမည်ဟိ Telegram Account မှာ ၂၀၂၂ ခုနှစ်၊ ဩဂတ်စ်လ (၂၁) ရက်နိမှစ၍ နည်းပညာပိုင်းဆိုင်ရာ မတော်တဆချို့ယွင်းမှုကြောင့် ၎င်း Telegram Account ကို နှစ်လကျော် သုံးစွဲခြင်းမဟိဘဲ ရပ်နားထားခပါသည်။ အဂုအချိန်မှာ မိမိရို့ တရားဥပဒေရီးရာဌာန မှ Justice For Arakan အမည်ဖြင့် Telegram Account အကောင့်သစ်တခုကို ဒေနိ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ (၂၇) ရက်နိတွင် အသစ်ထပ်မံ ဖွင့်လှစ်ထားဗျာယ်ဖြစ်၍ အယင်ကကဲ့သို့ ပြန်လည်တိုင်ကြားနိုင်ဗျာယ်ဖြစ်ပါသည်။
မိဖပြည်သူများအနီဖြင့် Justice For Arakan အကောင့်၏ Username: @justice4arakan ကို Telegram တွင် အလွယ်တကူ ရိုက်နှိပ်ရှာဖွေနိုင်ပြီး မိမိရို့ တရားဥပဒေရီးရာဌာနသို့ တိုက်ရိုက်ဆက်သွယ်ကာ အမှုများကို တိုင်တန်းနိုင်သည့်အပြင် Email: arakan.jus@protonmail.com မှ တဆင့်လေ့ တိုင်တန်းနိုင်ဗျာယ်ဖြစ်ပါကြောင်း လေးစားစွာအသိပီးအပ်ပါသည်။
တရားဥပဒေရီးရာဌာန
ရက္ခိုင်ပြည်သူ့အစိုးရ
Telegram Account: Justice For Arakan (Username: @justice4arakan)
Email: arakan.jus@protonmail.com
VK: https://vk.com/justiceforarakanland
Twitter: Justice For Arakan (Username: @justice4arakan)

❤155👍82🥰11🙏11😁5🎉4🥴3🍾3😍1