အာရက္ခဒေသ တိုက်ပွဲသတင်းများ

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၂၀) ရက်

အာရက္ခဒေသအတွင်း၌ အာရက္ခတပ်တော်မှ သိမ်းပိုက်ရန် ကျန်ရှိနေသည့် အဓိက မြို့ကြီးသုံးမြို့ ဖြစ်ကြသော စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်မြို့များထဲမှ စစ်တွေမြို့နှင့်အနီးတစ်ဝိုက်တွင် ဖက်ဆစ် အကြမ်းဖက် စစ်ကောင်စီသည် လက်နက်ကြီး၊ လက်နက်ငယ်၊ ဒရုန်း၊ စနိုက်ဘာများဖြင့် တောက်လျှောက် ပစ်ခတ်တိုက်ခိုက်နေသကဲ့သို့ လေကြောင်း၊ ရေကြောင်းများမှလည်း ရမ်းသန်းပစ်ခတ်တိုက်ခိုက်မှုများမှာ နေ့စဉ်နှင့်အမျှရှိနေခဲ့သည်။ အထူးသဖြင့် ဒရုန်းတိုက်ခိုက်မှု အပါအဝင် လေကြောင်းတိုက်ခိုက်မှုများမှာ ပိုမိုများပြားခဲ့သည်။

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၂၀) ရက်၊ နေ့လယ် (၁) နာရီ (၁၂) မိနစ်အချိန်တွင် ဖက်ဆစ်အကြမ်းဖက် စစ်ကောင်စီသည် စစ်တွေမြို့နယ်၊ ကံ့ကော်ကျွန်းရွာမှ ၎င်း၏တစ်ဖက်ကမ်းရှိ ဝါဘိုကျေးရွာအတွင်းသို့ ဒရုန်းများဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့သောကြောင့် ဝါဘိုကျေးရွာအတွင်းရှိ အရပ်သားလူနေအိမ်တချို့ မီးလောင်ပျက်စီးခဲ့ရသည်။

ဖက်ဆစ်အကြမ်းဖက်စစ်ကောင်စီ၏ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် နှင့် အမ်း၊ တောင်ကုတ်၊ ဂွမြို့ များမှ ၎င်းတို့၏ စစ်စခန်းများအားလုံးကို တစ်ခုမကျန် လက်လွှတ်လိုက်ရပြီးနောက်တွင် ရက္ခိုင်ရိုးမ နှင့် နယ်နိမိတ် ထိစပ်လျက်ရှိသော ရိုးမတောင်တန်း နှင့် ရက္ခိုင်-ပဲခူးအစပ်၊ ရက္ခိုင်-မကွေးအစပ်၊ ရက္ခိုင်-ဧရာဝတီတိုင်း အစပ် နှင့် ရက္ခိုင်ရိုးမ-ဧရာဝတီတိုင်းအစပ်တို့တွင် ဖက်ဆစ် အကြမ်းဖက်စစ်ကောင်စီ နှင့် အာရက္ခတပ်တော် တို့သည် တိုက်ပွဲများ ဆက်လက် ပြင်းထန်နေခဲ့သည်။

အမ်းမြို့နယ်အတွင်း ကမြင်းကန် (ကံမြင်ကန်)၊ ပိန်းရေစမ်း၊ ကြက်ရေစမ်း ကျေးရွာ အနီးပတ်ဝန်းကျင် (တစ်နည်းအားဖြင့်) အမ်း-ပဒါန်း ကားလမ်းမအနီး၌ အပြန်အလှန် ထိုးစစ်၊ ခံစစ်များနှင့်အတူ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေခဲ့သည်မှာ တစ်ပတ်ကျော်ခန့် ကြာမြင့်ခဲ့ပြီဖြစ်သည်။ တပ်မ (၈၈)၊ (၉၉) လက်အောက်ခံတပ်ရင်းများ၊ မကွေး၊ ကပစ မှ တပ်ဖွဲ့ဝင်များပါဝင်သည့် ရန်သူ့ တပ်ရင်းများနှင့် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၁၁) ရက်နေ့ ကတည်းကပင် စတင်ထိတွေ့ဖြစ်ပွားလျက်ရှိသည်။

ရန်သူသည် မိမိတို့တပ်ဖွဲ့ဝင်များရှိရာနေရာသို့ အကြိမ်ကြိမ် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သော်လည်း အထိအခိုက် အကျအဆုံးများစွာဖြင့် ဆုတ်ခွာထွက်ပြေးရသည်မှာလည်း အကြိမ်ကြိမ်ရှိခဲ့ပြီဖြစ်သည်။ ဤတစ်ပတ်ကျော် ကြာတိုက်ပွဲများအတွင်း ရန်သူ့အလောင်းအမြောက်အမြားကို သိမ်းဆည်းရမိသကဲ့သို့ လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းအများအပြားတို့ကိုလည်း သိမ်းဆည်းရမိခဲ့ပြီး ရန်သူသုံ့ပန်းအချို့ကိုလည်း ဖမ်းဆီးရမိခဲ့သည်။

ရက္ခိုင်-ဧရာဝတီတိုင်း အစပ်၏ နေရာအချို့၊ ပွိုင့် (၃၆၉) ကုန်း နှင့် ဧရာဝတီတိုင်း၊ ရေကြည်မြို့၊ ချင်းစုကျေးရွာအနီးတွင်လည်း တိုက်ပွဲများဆက်လက်ဖြစ်ပွားနေခဲ့သည်။

နောက်ဆက်တွဲ တိုက်ပွဲသတင်းများရှိပါက ဆက်လက်တင်ပေးသွားပါမည်။

ပုံစာ - ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၁၃) ရက်မှ (၁၉) ရက်နေ့များတွင် အမ်းမြို့နယ်အတွင်း ကမြင်းကန် (ကံမြင်ကန်)၊ ပိန်းရေစမ်း၊ ကြက်ရေစမ်း ကျေးရွာအနီးပတ်ဝန်းကျင်တိုက်ပွဲများ၌ သိမ်းဆည်းရမိခဲ့သော လက်နက်ခဲယမ်းများ၊ စစ်အသုံးအဆောင်ပစ္စည်းများ၊ သုံ့ပန်း နှင့် ရန်သူ့အလောင်းတချို့

သတင်းနှင့်ပြန်ကြားရေး
အာရက္ခတပ်တော်
🥰1.1K👍762377👏48🤣35❤‍🔥32👎20🤬16😍16🔥9🥴9
အာရက္ခတပ်တော်၏ တိုက်ပွဲသတင်းများ

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၂၇) ရက်

အာရက္ခတပ်တော်သည် ရက္ခိုင်ရိုးမတောင်တန်းတစ်လျှောက်ရှိ ဖက်ဆစ်အကြမ်းဖက်စစ်ကောင်စီ၏ လက်ကျန်စခန်းများကို တစ်ခုပြီးတစ်ခု ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည့်နည်းတူ ရန်သူသည်လည်း ပဲခူးတိုင်းဖက်မှ မိမိတို့အား တန်ပြန်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသောကြောင့် ပဲခူးတိုင်း-ရက္ခိုင် အစပ်နေရာများနှင့် ရက္ခိုင်ရိုးမတောင်တန်းထက်တွင် တိုက်ပွဲများမှာ နေ့တိုင်းဖြစ်ပွားလျက်ရှိသည်။

ရက္ခိုင်ပြည်၊ တောင်ကုတ်မြို့နယ်အတွင်း (တနည်းအားဖြင့်) ရက္ခိုင်ရိုးမတောင်တန်းထက်ရှိ ဖက်ဆစ် အကြမ်းဖက်စစ်ကောင်စီ၏ စခန်းတစ်ခုဖြစ်သော မိုးထိတောင်စခန်းအား မိမိတို့မှ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၂၁) ရက်၊ နံနက် (၆) နာရီ (၃၀) မိနစ်တွင် စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။ ငါးရက်ခန့် အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်ပြီးနောက် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၂၆) ရက်၊ နံနက် (၁၁) နာရီ (၁၀) မိနစ်အချိန်တွင် အဆိုပါရန်သူ့စခန်းအား အပြီးသတ် သိမ်းပိုက်နိုင်ခဲ့သည်။ ရန်သူ၏ စစ်အသုံးအဆောင်၊ လက်နက်ခဲယမ်း၊ အလောင်းအချို့ကို သိမ်းဆည်းရမိခဲ့သည်။

ထို့အပြင် ဧရာဝတီ-ရက္ခိုင်အစပ် (သို့) ဧရာဝတီတိုင်းအတွင်းရှိ အာရက္ခတပ်တော်မှ သိမ်းပိုက်ထားသော ပွိုင့် (၂၆၃) စခန်းအား ရန်သူသည် ယနေ့ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၂၇) ရက်၊ နေ့လယ် (၁) နာရီ (၃၈) မိနစ်၌ လေကြောင်း၊ လက်နက်ကြီးပစ်ကူများနှင့်အတူ ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသောကြောင့် တိုက်ပွဲများ ပြင်းထန်လျက်ရှိသည်။ အာရက္ခတပ်တော်သည် ပွိုင့် (၂၆၃) စခန်းအား ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၂၆ ) ရက်နေ့၊ နေ့လယ် (၂) နာရီ (၂၈) မိနစ်အချိန်တွင် အပြီးသတ်သိမ်းပိုက်ရရှိခဲ့ပြီး ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၂၁ ) ရက်နေ့၊ ညနေ (၅) နာရီ (၅၀) မိနစ်အချိန်တွင် ပွိုင့် (၃၆၉) စခန်းကို သိမ်းပိုက်ရရှိခဲ့သည်။

မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ဂုတ်စီးရိုးကျေးရွာအနီး (အမ်း-ပဒါန်း ကားလမ်းမထက်) တွင် ယနေ့ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၂၇) ရက်နေ့၌လည်း အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီ၏ တမခ (၉၉) လက်အောက်ခံ ခမရ (၄၁၉) ၊ (၁၄) တပ်ရင်းတို့ ပူးပေါင်းစစ်ကြောင်းနှင့် အာရက္ခတပ်တော်တို့သည် နာရီဝက်ခန့် တိုက်ပွဲဖြစ်ပွားခဲ့သည်။ မိမိတို့၏ တန်ပြန်ခုခံစစ်ကို မယှဉ်နိုင်သော ရန်သူသည် ဂုတ်စီးရိုးကျေးရွာဘက်သို့ ဆုတ်ခွာသွားခဲ့ရသည်။ ဆုတ်ခွာထွက်ပြေးသွားသော ရန်သူများအား လိုက်လံရှင်းလင်း တိုက်ခိုက်လျက်ရှိရာ ရန်သူ့အလောင်းနှင့် လက်နက်ခဲယမ်းအချို့ ကိုထပ်မံသိမ်းဆည်းရမိခဲ့သည်။

စစ်တွေမြို့အနီးပတ်ဝန်းကျင်၌ နှစ်ဖက် အပြန်အလှန် လက်နက်ကြီး၊ စနိုက်ပါ၊ ဒရုန်းပစ်ခတ်တိုက်ခိုက်မှုများမှာ နေ့တိုင်းရှိနေခဲ့သည်။

သတင်းနှင့်ပြန်ကြားရေး
အာရက္ခတပ်တော်
2.9K👍769🥰71👏69😍39😱37❤‍🔥36👎35🍾33🔥19🍌18
ဖက်ဆစ်အကြမ်းဖက် စစ်ရာဇဝတ်တပ် စစ်ကောင်စီ၏ ဝါဒဖြန့်ချီရေးရုပ်သံများ၊ သတင်းစာများနှင့် သတင်းဂျာနယ်များတွင် ၂၀၂၅ ခုနှစ်၊ မတ်လ (၁၈/၁၉) ရက်နေ့များ၌ ဖော်ပြနေသော မူးယစ်ဆေးဝါးဖမ်းဆီးရမိသည့် သတင်းနှင့်ပတ်သက်၍ အဆိုပါသတင်းမှာ မိမိတို့အဖွဲ့အစည်းနှင့် မည်သို့မျှ ပတ်သက်မှုမရှိပါကြောင်း ထုတ်ပြန်ကြေညာချက်

၁၃၈၆ ခုနှစ်၊ တပေါင်းလပြည့်ကျော် (၆) ရက်
၂၀၂၅ ခုနှစ်၊ မတ်လ (၁၉) ရက်
1.54K👍468🤣80💯53🥰35❤‍🔥18👎13😁12🙏11🔥4🥱3
Press Release
Regarding the news reports about drug seizures published in the propaganda videos, newspapers, and journals of the fascist terrorist military junta on March 18-19, 2025, we hereby declare that our organization has no connection whatsoever with these reports.


March 19th 2025
🥰659450👍286🤣46❤‍🔥19😁12💯12👎6👏5🍌5😍4
1.19K👍297🤣67💯22🥰21🙏17👎14❤‍🔥9🥴9🤬2🤔1
630👍84🥰20🏆11🔥8🍌5🕊4👏3🤩3🥴2💔1
ဖက်ဆစ် စစ်ကောင်စီမှ အာရက္ခတပ်တော်အား ကြည်း၊ ရေ၊ လေဖြင့် နေ့စဉ်ရက်ဆက်တိုက်ခိုက်လျက်ရှိသော တိုက်ပွဲသတင်းများ
 
၂၀၂၅ ခုနှစ်၊ ဧပြီလ (၅) ရက်
 
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ အာရက္ခတပ်တော်သည် ၂၀၂၅ ခုနှစ်၊ ဧပြီလ (၁) ရက်နေ့မှစတင်ပြီး ညီနောင် မဟာမိတ်များဖြစ်ကြသော ကိုးကန့်၊ တအာင်းအဖွဲ့အစည်းများနှင့်အတူ တစ်လတာ တစ်ဖက်သတ် အပစ်ရပ်စဲကြောင်း ကြေညာခဲ့သည်။ ဤသို့ တစ်ဖက်သတ်အပစ်ခတ်ရပ်ရခြင်းမှာ ၂၀၂၅ ခုနှစ် မတ်လ (၂၈) နေ့ရက်တွင် လှုပ်ခတ်ခဲ့သည့် (၇.၇) ရစ်(ခ်) တာစကေးအဆင့်ရှိသော အင်အားပြင်းငလျင်ကြီးတစ်ခုနှင့် နောက်ဆက်တွဲငလျင်ငယ်များကြောင့် ပျက်စီးဆုံးရှုံးသွားခဲ့ရသည့် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်၊ ပဲခူးတိုင်းနှင့် နေပြည်တော်များအပါအဝင် အခြားသော ဒေသအချို့မှ ငလျင်ဒဏ်သင့်ပြည်သူ လူထုများကို လူသားချင်းစာနာထောက်ထားသောစိတ်၊ ပြည်ထောင်စုစိတ်ဓာတ်အပြည့် ရှိသောကြောင့် ဖြစ်သည်။
 
ထို့ကြောင့် မိမိတို့သည် ထုတ်ပြန်ချက်ထုတ်ပြီးသည်နှင့်တစ်ပြိုင်နက်တည်းတွင် ထိုးစစ်များ၊ တိုက်ပွဲများကို ဆက်လက်မပြုလုပ်တော့ဘဲ ချက်ချင်းရပ်တန့်ခဲ့ပါသည်။ သို့သော်လည်း ဖက်ဆစ်စစ်ကောင်စီသည် ၎င်းတို့ကိုယ်တိုင် တစ်ဖက်သတ်အပစ်ရပ်စဲကြောင်း ကြေညာသည့် ၂၀၂၅ ခုနှစ်၊ ဧပြီလ (၂) ရက်နေ့နှင့် ၎င်းနေ့ရက်မတိုင်မီရက်များတွင်လည်း ရက္ခိုင်ပြည်၊ ကျောက်ဖြူမြို့နှင့် စစ်တွေမြို့ပတ်ဝန်းကျင်ရှိ အာရက္ခ တပ်တော်တပ်ဖွဲ့ဝင်များအား လက်နက်ကြီး၊ ဒရော့ဗုံး၊ လေကြောင်းနှင့်၊ စစ်သင်္ဘောများပေါ်မှ ပစ်ခတ် တိုက်ခိုက်ခြင်းများကို ယနေ့အထိ နေ့တိုင်း ဆက်တိုက်ပြုလုပ်နေခဲ့သည်။ ထို့အပြင်  စစ်ကောင်စီသည် ပဲခူးတိုင်း၊ ဧရာဝတီတိုင်းနှင့် အခြားသောနေရာများမှ အာရက္ခတပ်တော်၏ စစ်ကြောင်းများကိုလည်း နေ့တိုင်း တန်ပြန်ထိုးစစ်များ ဆင်နွှဲလျက်ရှိသည်။
 
စစ်ကောင်စီမှ တစ်ဖက်သတ်အပစ်ရပ်ထုတ်ပြန်ခြင်းအား မထုတ်ပြန်သေးသောအချိန် (တစ်နည်းအားဖြင့်) အင်အားပြင်းငလျင်မလှုပ်ခတ်မီအချိန်တွင်သာ မိမိတို့သည် စစ်ကောင်စီအား ထိုးစစ်၊ တန်ပြန်ထိုးစစ်၊ တုံ့ပြန်တိုက်ခိုက်မှုမျိုးကိုပြုလုပ်ခဲ့သည်။ သို့သော် တစ်ဖက်သတ်အပစ်ရပ်ကြောင်း မိမိတို့မှ ထုတ်ပြန် ကြေညာပြီးသည့်နေ့မှစ၍ ယနေ့အထိ စစ်ကောင်စီ၏ ကြည်း၊ ရေ၊ လေ တိုက်ခိုက်မှုများကို မိမိတို့အနေဖြင့် မည်သည့်တုံ့ပြန်မှုမျိုးမှ မပြုလုပ်ဘဲ ဒဏ်ရာရ၊ အသက်စွန့်လွှတ်ခဲ့ရသော စစ်သည်တော်များရှိသည့်တိုင် ထုတ်ပြန်ထားသည့် ထုတ်ပြန်ချက်ပါအတိုင်း တိကျစွာလိုက်နာခဲ့သည်။
 
၂၀၂၅ ခုနှစ်၊ ဧပြီလ (၂) ရက်နေ့တွင် စစ်ကောင်စီသည် ရက္ခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်အတွင်းရှိ သပြုတောင် ကျေးရွာ၊ ပြားတဲကျေးရွာ၊ ပြင်ရှည်ကျေးရွာအနီးပတ်ဝန်းကျင်များသို့ လက်နက်ကြီး၊ ဒရုန်းများဖြင့် အဓိက ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ စစ်ကောင်စီ၏ သစ်ပုတ်တောင်ရေတပ်စခန်း၊ ဒိုးတန်းတောင် အမှတ် (၃၂) ရဲတပ်ရင်း၊ မြေပြင်စစ်ကြောင်းများမှ အဓိကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဧပြီလ (၂) ရက်တစ်ရက်တည်းတွင် Drop Bomb အရေအတွက် (၉၀) ကြိမ်ခန့် နှင့် လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှု (၆၀) ကြိမ်ထက်မက ရှိခဲ့သည်။
 
ထို့အတူ နှစ်ဖက်ရင်ဆိုင်တပ်များရှိသော စစ်တွေမြို့နှင့် ပုဏ္ဏားကျွန်းမြို့ဘက်တွင် စစ်ကောင်စီ၏ ရွှေမင်းဂံ ဆိပ်ကမ်းဘက်မှ ပေါက်တောမြို့၊ ငပြီကျွန်းဘက်သို့ (၁၂၀) မမ လက်နက်ကြီးများဖြင့် (၆) ကြိမ်တိုင်တိုင် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
 
၂၀၂၅ ခုနှစ်၊ ဧပြီလ (၂)  ရက်နေ့တွင် ပဲခူးတိုင်း၊ ညောင်ကျိုးဗျူဟာစခန်းကုန်းအား အာရက္ခတပ်တော်မှ အလုံးစုံသိမ်းပိုက်ရရှိနိုင်ခဲ့သည်။ ၂၀၂၅ ခုနှစ်၊ မတ်လ (၁၇) ရက်နေ့မှ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး (၁၆) ရက်ကြာအောင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရခြင်းဖြစ်သည်။ မိမိတို့အနေဖြင့် ကစဉ့်ကလျား ဆုတ်ခွာထွက်ပြေး နေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်၍ရသော အခွင့်အရေးရှိခဲ့သော် လည်း တစ်ဖက်သတ်အပစ်ရပ်ခဲ့သောကြောင့် အဆိုပါနေရာများအား ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်မှု မပြုလုပ်‌တော့ဘဲ ထိုးစစ်များကို ရပ်တန့်ကာ မိမိတို့၏ ထုတ်ပြန်ချက်ကို လေးစားလိုက်နာကြောင်း ပြသခဲ့သည်။
 
၂၀၂၅ ခုနှစ်၊ ဧပြီလ (၃/၄/၅) ရက်နေ့များတွင်လည်း စစ်ကောင်စီသည်  သစ်ပုတ်တောင်ရေတပ်စခန်း၊ ဒိုးတန်းတောင်၊ အမှတ် (၃၂) ရဲတပ်ရင်းနှင့် မြေပြင်စစ်ကြောင်းများမှအပြင် စစ်သင်္ဘော၊ ဂျက်တိုက်လေယာဉ် များကိုပါအသုံးပြုပြီး ကျောက်ဖြူမြို့နယ်အတွင်းရှိ ကြတ်တိန် (ကြတ္တိန်)၊ သပြုတောင်၊ ပျားတဲ၊ ပြင်ရှည်၊ လိပ်ခမော်၊ ကုလားဘာ၊ ဟင်းခပ်ပြင်ကျေးရွာပတ်ဝန်းကျင်များသို့ လက်နက်ကြီး၊ ဒရော့ဗုံးများအပြင် ဂျက်တိုက်လေယာဉ်၊ စစ်သင်္ဘောကြီးများပေါ်မှလည်း ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
 
၂၀၂၅ ခုနှစ်၊ ဧပြီလ (၅) ရက်တစ်ရက်တည်း၌ Drop Bomb အကြိမ်အရေအတွက် (၆၀) ကျော် နှင့် လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှု (၅၀) ကြိမ်အထက်ရှိခဲ့သည်။ စစ်တွေမြို့နယ်၊ ချောင်းနွယ်၊ မင်းဂံရွာမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် စစ်တွေမြို့နယ်၊ မင်းလှရွာရှိ မိမိတို့ တပ်ဖွဲ့ဝင်များအား ဒရုန်းများဖြင့် နံနက် (၉) နာရီ (၂၇) မိနစ်မှ စတင်ပြီး (၂) ကြိမ်တိုင်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
 
👍621314🤣33❤‍🔥21🙏17🥰13🔥6🕊4👏32
၂၀၂၅ ခုနှစ်၊ ဧပြီလ (၅) ရက်၊ ညနေ (၃) နာရီ (၄၅) မိနစ်အချိန်တွင် ရက္ခိုင်ရိုးမတောင်တန်းထက်ရှိ မိမိတို့ တပ်ဖွဲ့ဝင်များရှိရာနေရာသို့ စစ်ကောင်စီသည် Y12 ဂျက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
 
စစ်ကောင်စီမှ ၎င်းတို့ကိုယ်တိုင် တစ်ဖက်သတ်ထုတ်ပြန်ထားသော အပစ်ရပ်ဆိုင်ရာပါ အကြောင်းအရာများ ကို လေးစားလိုက်နာခြင်းမရှိဘဲ ကြည်း၊ ရေ၊ လေတိုက်ခိုက်မှုများဖြင့် အဆက်မပြတ် တိုက်ခိုက်နေသည့် သတင်းများနှင့် နောက်ဆက်တွဲတိုက်ပွဲသတင်းများကို ဆက်လက်တင်ပေးသွားပါမည်။
 
သတင်းနှင့်ပြန်ကြားရေး
အာရက္ခတပ်တော်
1.16K👍365🤣55🙏52🥰26🔥14😁14🕊13❤‍🔥10🍌10🌚7
၁၆_နှစ်မြောက်_အာရက္ခတပ်တော်နေ့_သဝဏ်လွှာ_3bro.jpg
1.7 MB
၁၆ -နှစ်မြောက် အာရက္ခတပ်တော် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် သို့ ပေးပို့သည့် ညီနောင်မဟာမိတ်အဖွဲ့ဝင် MNTJP/MNDAA နှင့် PSLF/TNLA တို့၏ ဂုဏ်ပြုသဝဏ်လွှာ

၂၀၂၅ ခုနှစ်၊ ဧပြီလ၊ (၁၀)ရက်
1.47K👍187🥰61🤣19🎉18❤‍🔥12🍾12👎6🔥5🤬2🌚2
(၁၆) နှစ်မြောက် အာရက္ခတပ်တော်နေ့ အခမ်းအနားသို့ တော်လှန်ရေးအဖွဲ့အစည်းအသီးသီးမှ ပေးပို့လာကြသော သဝဏ်လွှာများ - ၁

၂၀၂၅ ခုနှစ်၊ ဧပြီလ (၁၀) ရက်
1.4K👍129🥰51❤‍🔥50🙏31🤣22🍾13💯12🏆9🔥5👎4