၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၂၉) ရက်နေ့၊ မွန်းတည့် (၁၂) နာရီအချိန်တွင် ဂွမြို့အား အပြီးသတ်သိမ်းပိုက်ပြီးနောက် အာရက္ခစစ်သည်တော်များ၏ မှတ်တမ်းဓာတ်ပုံအချို့
❤1.65K👍219🥰41👏31❤🔥16👎15🏆13🍾11💯9😍8🕊7
အာရက္ခဒေသ တိုက်ပွဲသတင်းထုတ်ပြန်ချက်
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၂၉) ရက်
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၁၅) ရက်နေ့မှ စတင်ပြီး ဂွအခြေစိုက်တပ်ရင်းနှစ်ရင်းဖြစ်ကြသော ခမရ (၅၆၂) နှင့် ခမရ (၅၆၃) တပ်ရင်းတို့အား အာရက္ခတပ်တော်မှ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၂၉) ရက်နေ့၊ မွန်းတည့် (၁၂) နာရီအချိန်တွင် အဆိုပါ ဂွအခြေစိုက်တပ်ရင်းနှစ်ရင်းစလုံးအား ရှေ့ဆင့် နောက်ဆင့် တစ်ရက်တည်း၌ သိမ်းပိုက်ရရှိခဲ့သည်။
သို့သော်လည်း မိမိတို့သည် ဂွအခြေစိုက်တပ်ရင်းများအပြင် ဂွမြို့သို့စစ်ကူလာသော-
(၁) တပ်မ (၆၆) လက်အောက်ခံ၊ ခမရ (၄) တပ်ရင်း
(၂) တပ်မ (၁၁) လက်အောက်ခံ တပ်ရင်းများဖြစ်ကြသော ခမရ (၂၁၄) တပ်ရင်း၊ ခမရ (၂၁၅) တပ်ရင်း နှင့် ခမရ (၂၁၇) တပ်ရင်း
(၃) အနောက်တောင်တိုင်းစစ်ဌာနချုပ်-နတခ လက်အောက်ခံ ခလရ (၃၆) တပ်ရင်း၊ ခလရ (၃၈) တပ်ရင်း၊ ခလရ (၉၃) တပ်ရင်း၊ ခလရ (၂၇၁) တပ်ရင်းနှင့် ခမရ (၃၀၈) တပ်ရင်းတို့ကို တစ်ခုပြီးတစ်ခု မရပ်မနား ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရခြင်းဖြစ်သည်။
မိမိတို့ဖမ်းဆီးရမိသော စစ်သုံ့ပန်းများအား စစ်ဆေးချက်အရ တပ်မ (၁၁) တပ်မမှူး ဗိုလ်မှူးကြီး သန်းစိုးဝင်း ဦးဆောင်ပြီး ဗျူဟာမှူး နှစ်ဦးဖြစ်သော ဗိုလ်မှူးကြီး မျိုးညွန့်ဦး နှင့် ဗိုလ်မှူးကြီး ကျော်ဇင်ထိုက် တို့ဖြင့် အာရက္ခတပ်တော်၏ ထိုးစစ်အား ပုံစံအမျိုးမျိုး၊ နည်လမ်းအသွယ်သွယ်၊ သံချပ်ကာပစ်ကူ၊ လေကြောင်း၊ ရေကြောင်းပစ်ကူတို့အပြင် သံချပ်ကာ (၁၀) စီး၊ စစ်ကူ အမြောက်အမြားတို့ဖြင့် အသည်းအသန် ခုခံကာကွယ်ခဲ့သော်လည်း နှစ်ပတ်ကြာ ထိုးစစ်အပြီးတွင် ဂွမြို့သည် အာရက္ခတပ်တော်၏ ၂၀၂၄ ခုနှစ်အတွင်း နောက်ဆုံးသိမ်းပိုက်ရရှိခဲ့သော အာရက္ခဒေသ၏ တောင်ဖက်အကျဆုံး မြို့ဖြစ်လာခဲ့သည်။
ဖက်ဆစ် အကြမ်းဖက် စစ်ကောင်စီသည် ဂွမြို့အား အင်အား (၁၂၀၀) ကျော်ဖြင့်ခုခံကာကွယ်ခဲ့သော်လည်း နောက်ဆုံးတွင် အာရက္ခတပ်တော်၏ ထိုးစစ်အား မည်သို့မျှ ယှဉ်မရဘဲ လက်လွှတ်ဆုံးရှုံးခဲ့ရခြင်းဖြစ်သည်။
တပ်မ (၁၁) တပ်မမှူး ဗိုလ်မှူးကြီး သန်းစိုးဝင်း အပါအဝင် တပ်ရင်းမှူးအချို့သေဆုံးခဲ့ပြီး အခြားအဆင့်အမြောက်အမြားသေဆုံးခဲ့သည်။ တိုက်ပွဲကြောင့်ပျက်စီးသွားသော သံချပ်ကာအချို့၊ စစ်အသုံးအဆောင်လက်နက်ခဲယမ်းများနှင့် ရန်သူသုံ့ပန်းအများအပြားကို ဖမ်းဆီးရမိခဲ့သည်။
ဂွမြို့ ထိုးစစ်အစမှ အဆုံးအထိ တိုက်ပွဲအတွင်း ခန့်မှန်း ရန်သူ (၇၀၀) ထက်မနည်း သေဆုံးနိုင်ကြောင်း မြေပြင်အလောင်းများ၊ ဖမ်းဆီးရမိသုံ့ပန်းများ၏ ထွက်ဆိုချက်၊ သိမ်းဆည်းရမိ စာရွက်စာတမ်းများအရ သိရှိရသည်။
ဂွမြို့သိမ်းတိုက်ပွဲအတွင်း သတ္တိပြောင်မြောက်စွာတိုက်ပွဲဝင်ခဲ့ကြသော အာရက္ခစစ်သည်တော်များ၊ အသက်၊ ခန္ဓာပေးဆပ်စွန့်လွှတ်ခဲ့ကြသော အာရက္ခစစ်သည်တော်များအား လေးနက်စွာမှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။
သတင်းနှင့်ပြန်ကြားရေး
အာရက္ခတပ်တော်

❤2.92K👍617🏆65👏51🥰48🍾41❤🔥25🕊24🤩20🔥19🌚14
ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာအား အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီမှ လေယာဉ်ဖြင့်ဗုံးကြဲတိုက်ခိုက်မှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ချက်
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၁၀) ရက်
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၈) ရက်နေ့၊ နေ့လယ် (၁) နာရီ (၂၀) မိနစ်တွင် ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာကို အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီမှ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် ရွာတောင်ပိုင်းရပ်ကွက်၊ ရွာအလယ်ပိုင်းရပ်ကွက်နှင့် မြောက်ပိုင်းရပ်ကွက်တို့ကို မီးအပြင်းအထန်လောင်ကျွမ်းခဲ့သည်။ နေအိမ်ပေါင်း (၃၉၈) လုံး မီးလောင်ကျွမ်းသွားခဲ့ပြီး သက်ကြီးရွယ်အိုများနှင့် ကလေးငယ်အများအပြား မီးထဲပါသွားခဲ့သည်။
လက်ရှိအချိန်အထိ မိမိတို့ ပြုစုနေသောစာရင်းများအရ သေဆုံးသူ (၂၆) ဦး နှင့် အလတ်စား၊ ပြင်းထန်ဒဏ်ရာရသူ (၁၂) ဦး နှင့် အသေးစား(အပေါ့စား)ဒဏ်ရာရရှိသူ (၁၅) ဦးအထက်ရှိခဲ့သည်။ ထို့အပြင် အလောင်းရှာမတွေ့ဘဲ ပျောက်ဆုံးနေသော သူများရှိနေသေးသောကြောင့် သေဆုံး ဒဏ်ရာရသူများ အရေအတွက် ထပ်မံတိုးလာနိုင်ပါသည်။ နောက်ထပ် သေဆုံး ဒဏ်ရာရသူများစာရင်း ရရှိပါက ထပ်မံဖော်ပြပေးသွားပါမည်။
အာရက္ခဒေသတွင် စစ်ရှုံးနေသော အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီသည် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် နေရာများတွင် ပြည်သူများကို ပစ်မှတ်ထားပြီး ဆေးရုံများ၊ ဆေးခန်းများ၊ စာသင်ကျောင်းများ၊ ဘာသာရေးအဆောက်အအုံများ၊ ဈေးများ၊ လမ်းတံတားများ နှင့် လူနေရပ်ကွက်များကို လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုများကို သူရဲဘောကြောင်စွာဖြင့် နေစဉ်နှင့်အမျှ ပြုလုပ်လျက်ရှိပြီး စစ်ရာဇဝတ်မှုများကို ပြောင်ပြောင်တင်းတင်း ချိုးဖောက် ကျူးလွန်လျက်ရှိသည်။
ပုံစာ- ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၈) ရက်နေ့၊ နေ့လယ် (၁) နာရီ (၂၀) မိနစ်တွင် ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာကို အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီမှ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် သေဆုံးသူများနှင့် ဒဏ်ရာရသူအချို့

😢808👍99🤬60🤣29❤28😁5🔥2👏2🍾2👎1🥰1