နတ်မြစ်(အာရက္ခပြည်ဘက်အခြမ်း ရေပိုင်နက်) အတွင်း ရေကြောင်းခရီးသွားလာမှုများအား အချိန်၊ ရက် အကန့်အသတ်မရှိ ပိတ်ပင်တားမြစ်လိုက်ကြောင်း ထုတ်ပြန်ကြေညာချက်

၁၃၈၆ ခုနှစ်၊ နတ်တော်လဆန်း (၈) ရက်
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၈) ရက်
1.6K👍364🥰47🙏24👎21💯19❤‍🔥18😁17🍾13🎉12🥱5
Announcement Regarding the Indefinite Suspension of River Transportation in the Naf River (Arakan Side)

8th December 2024

On December 8, 2024, at 9:30 AM, the Arakan Army successfully captured and neutralized the last remaining outpost of the terrorist fascist military junta’s Border Guard Police Division (Nakhakha-5) located in the Maungdaw region of Rakhine State. However, the armed members of the terrorist fascist military junta, along with their allied militant groups, including the Islamic extremist armed groups RSO, ARSA, and ARA, some of whom were trained by the fascist military junta, are still fleeing the area, engaging in ambushes and criminal activities with weapons. As a result, clashes are still occurring, not only near the Nakhkha-5 area but also in other parts of the Maungdaw region.

On a different note, the members of the terrorist fascist military junta who fled from the Nakhakha-5 area, along with their allies, the Islamic extremist armed groups RSO, ARSA, ARA, and other armed members trained by the fascist military junta, are attempting to escape through the Naf River, across the Bangladesh-Arakan border, using motorboats, and canoes. Therefore, due to military necessities and public security concerns, all river transportation in the Naf River (Rakhine side) will be indefinitely suspended starting from 3:30 PM on December 8, 2024.

United League of Arakan

DISCLAIMER: The English version of this statement serves as a translation of the original Burmese text for informational purposes only. In case of any discrepancies, the Burmese original shall prevail.
👍912517🥰61🔥26🤣24🙏12🍾10❤‍🔥9😍93🎉2
Media is too big
VIEW IN TELEGRAM
အာရက္ခတပ်တော်မှ မောင်တောမြို့၊ အမှတ် (၅) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ (နခခ-၅) စခန်းသိမ်းတိုက်ပွဲ ရုပ်သံမှတ်တမ်း

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၁၀) ရက်
2.23K👍273🥰99🏆57👏32🍾31🔥21💯18🍓13❤‍🔥11🍌9
1.65K👍234🥰47🏆42😱29🍾21❤‍🔥19👏19🔥9🍓9🌚6
အာရက္ခပြည်၊ မောင်တောမြို့၏ အမှတ် (၅) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ (နခခ-၅) စခန်းကို အာရက္ခတပ်တော်မှ အပြီးသတ်သိမ်းပိုက်ပြီး မောင်တောဒေသတစ်ခုလုံးအား အလုံးစုံထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၁၀) ရက်

အာရက္ခဒေသအတွင်းမှ ဖက်ဆစ် အကြမ်းဖက် စစ်ကောင်စီ၏ စခန်းများ ၊ ဘင်္ဂလာဒေ့ရှ်-အာရက္ခ နယ်စပ်ရှိ စခန်းများ အားလုံးကို တစ်ခုမကျန် သိမ်းပိုက်ရယူနိုင်ရန်အတွက် အာရက္ခတပ်တော်သည် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၃) ရက်နေ့မှစတင်ပြီး ရန်သူ့စခန်းများအား ထိုးစစ်ဆင်တိုက်ခိုက်မှုများကို စတင်ပြုလုပ်ခဲ့သည်။ မောင်တောမြို့ရှိ ရန်သူ၏ "ချိန်ခါလီ၊ ဒုံးပိုက်"စခန်းများနှင့် ရသေ့တောင်၊ မင်းပြားမြို့ရှိ ရန်သူ့စခန်းများကို စတင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သောနေ့မှ ယနေ့အချိန်ထိ တစ်နှစ်ကျော်ကာလအတွင်း၌ အာရက္ခဒေသ နှင့် ပလက်ဝဒေသအတွင်းရှိ ရန်သူ့စခန်းအများစုကို မိမိတို့မှ သိမ်းပိုက် ရယူထားသည့်နည်းတူ မြို့အများစုကိုလည်း ထိန်းချုပ်ထားပြီးဖြစ်သည်။

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်အနေဖြင့်လည်း အာရက္ခပြည်သူတစ်ရပ်လုံး မျှော်မှန်းထားသော ရည်မှန်းချက်များကို အပြည့်အဝအကောင်အထည်ဖော်ရန်အတွက် ရပ်တန့်ခြင်းမရှိသောထိုးစစ်များကို ဆက်လက်ဆင်နွှဲလျက်ရှိသည်။ တစ်ဆက်တည်းတွင် မိမိတို့သိမ်းပိုက်ရယူရန် ကျန်ရှိနေသေးသော မောင်တော၊ အမ်း၊ တောင်ကုတ်၊ ဂွမြို့ များမှ ဖက်ဆစ်စစ်ကောင်စီ၏ စခန်းများကိုလည်း တစ်ခုပြီးတစ်ခု ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိနေခဲ့သည်။

ဖော်ပြပါမြို့ လေးမြို့ထဲမှ တစ်မြို့ဖြစ်သော မောင်တောမြို့တွင် နောက်ဆုံးလက်ကျန်စခန်းတစ်ခု အဖြစ် ကျန်ရှိနေသည့် အမှတ် (၅) နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲ (နခခ-၅) စခန်းကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၈) ရက်နေ့၊ နံနက် (၉) နာရီ (၃၀) မိနစ်အချိန်၌ အာရက္ခတပ်တော်မှ အပြီးသတ်ချေမှုန်းတိုက်ခိုက်နိုင်ခဲ့သောကြောင့် ယခုဆိုလျှင် မောင်တော ဒေသတစ်ခုလုံးအား အလုံးစုံ ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်သည်။ သို့သော်လည်း နခခ (၅) ထဲမှ ထွက်ပြေး လွတ်မြောက်နေသော ရန်သူအချို့ရှိသောကြောင့် ၎င်းတို့အားမိမိတို့မှ လိုက်လံရှာဖွေလျက် ရှိသည်။

အခြားတစ်ဖက်တွင် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၈) ရက်နေ့ကတည်းကပင် မောင်တောဒေသ၌ နခခ (၅) စခန်းတစ်ခုတည်းသာ ကျန်ရှိတော့ခြင်းဖြစ်ပြီး မောင်တောဒေသအတွင်းရှိ အခြားသော စခန်းများ အားလုံးကို မိမိတို့မှ ထိန်းချုပ်ထားနိုင်ခဲ့ပြီးဖြစ်သည်။ ထို့အတူ RSO၊ ARSA၊ ARA နှင့် အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီမှ သင်တန်းပေးထားသည့် အစ္စလာမ်မစ် အစွန်းရောက် စစ်သွေးကြွ လက်နက်ကိုင် တပ်ဖွဲ့ဝင်များမှ လာရောက်ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ကြိုကြားကြိုကြားတိုက်ပွဲများ မောင်တောဒေသအနှံ့၌ ရံဖန်ရံခါရှိခဲ့သည်။

နခခ (၅) စခန်းသည် မောင်တောမြို့၏ မြို့သူကြီးရပ်ကွက်တွင်တည်ရှိပြီး ရန်သူ အင်အား (၇၀၀) ကျော် စခန်းချတပ်စွဲထားသော စခန်းကြီးတစ်ခုဖြစ်သည်။ စခန်းပတ်ပတ်လည်အား သံဆူးကြိုး (၂) ထပ်ဖြင့် ကာရံထားပြီး တစ်ခုနှင့်တစ်ခုအကြားတွင် သတ်ကွင်းများကို ကောင်းစွာပြင်ဆင်ထားသည်။ အချို့နေရာများ၌ ပေ (၂၀) ခန့်ကျယ်သော ရေမြောင်းများကို ဖောက်လုပ်ထားပြီး စူးချွန်များ ထောင်ထားသည်။ ထောင့်မှန်စတုဂံ ပတ်လည်ပုံစံရှိပြီး လေးဖက်လေးတန်တွင် အခိုင်အမာ တည်ဆောက်ထားသော ဘန်ကာ (၂၀)ကျော်၊ ဘန်ကာအသေး၊ Overhead စုစုပေါင်း (၁၀၀) ကျော်ရှိကာ စခန်းအတွင်း၌ ခိုင်ခံ့ထူထပ်သော အဆောက်အအုံကြီး (၃၀) ကျော်လည်း ပါဝင်သည်။

သဘာဝတရား၏ အကာအရံအဖြစ် စခန်းရှေ့ပတ်ပတ်လည်နီးပါးတွင် ချောင်းတစ်ခု ကာဆီးထားပြီး အလွယ်တကူ ဖြတ်သန်းရန် မလွယ်ကူသောအနေအထားမျိုးဖြင့် တည်ရှိနေသည်။ မိမိတို့အာရက္ခစစ်သည်တော်များသည် တစ်လက်မချင်းတိုး၍ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရသည့် စခန်းကြီးဖြစ်ပြီး ဤစခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီထောင်ထားသော M14 မိုင်း ပေါင်း (၁၀၀၀) ကျော်ကို ရှင်းလင်းရရှိခဲ့သည်။ အာရက္ခမိုင်းရှင်းလင်းရေးစစ်သည်တော်အချို့လည်း အသက်နှင့်ကိုယ်လက်အင်္ဂါတို့ကို စွန့်လွှတ်ပေးဆပ်ခဲ့ရသည်။

နခခ (၅) စခန်းထဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ၎င်းတို့နှင့် ပူးပေါင်းတိုက် ခိုက်နေကြသည့် အစ္စလာမ်မစ်အစွန်းရောက် စစ်သွေးကြွလက်နက်ကိုင်တပ်ဖွဲ့များ ဖြစ်ကြသော RSO၊ ARSA၊ ARA နှင့် အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီမှ သင်တန်းပေးထားသည့် အစ္စလာမ်မစ် အစွန်းရောက် စစ်သွေးကြွ လက်နက် ကိုင်တပ်ဖွဲ့ဝင်များအပြင် မောင်တောဒေသနှင့်ကပ်လျက်ရှိသော အခြားသောမြို့များရှိ စစ်ကောင်စီ၏စခန်းများမှ ထွက်ပြေးလွတ်မြောက်လာကြသည့် စစ်ကောင်စီတပ်ဖွဲ့ ဝင်များအားလုံးသည် နခခ (၅) ထဲမှ အဆင့်ဆင့်သော မြေပြင်ခုခံစစ်၊ လေကြောင်းပစ်ကူများဖြင့် မိမိတို့အား အပြင်းအထန် ခုခံတိုက်ခိုက်ခဲ့ကြသည်။
1.25K👍248🥰19❤‍🔥17😢14🍾14💯11👏7👎5🔥4😍4
မိမိတို့အနေဖြင့်လည်း နခခ (၅) စခန်းအား လွန်ခဲ့သော နှစ်လခန့်ကတည်းကပင် ဝိုင်းရံပိတ်ဆို့ထားကာ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၁၄) ရက်နေ့တွင်မှ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ထိုးစစ်ရက်ပေါင်း (၅၅) ရက် ခန့်ကြာမြင့်ခဲ့သည်။ နခခ (၅) ထိုးစစ်ကာလအတွင်း မိမိတို့အာရက္ခစစ်သည်တော်များအနေဖြင့် နည်းဗျူဟာမြောက်စွာ ထိုးစစ်ဆင်နိုင်ခဲ့သည့်အပြင် တပ်မဟာအချင်းချင်း ဟန်ချက်ညီ ပူးပေါင်းထိုးစစ် ဆင်နိုင်ခဲ့သည်။

ဤထိုးစစ်အတွင်း မှတ်တမ်းနှင့် သိမ်းဆည်းရမိသော အလောင်းများစာရင်းအရ ရန်သူ (၄၅၀) အထက် သေဆုံးနိုင်ခဲ့ပြီး ဘူးသီးတောင်မြို့၊ အမှတ် (၁၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၅) စကခမှူး ဗိုလ်မှူးချုပ် သူရိန်ထွန်း၊ ကြည်း/ ၂၆၈၉ရ ၊ စကခမှူး ကိုယ်ရေးအရာရှိ ဗိုလ်ကြီး ဝေလင်းအောင်၊ ကြည်း/၆၁၃၃၅ (တတိယတန်း ဦးစီးအရာရှိ) အပါအဝင် အရာရှိ၊ အကြပ်၊ စစ်သည်အမြောက်အမြားတို့ နှင့် RSO၊ ARSA၊ ARA နှင့် အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီမှ သင်တန်းပေးထားသည့် အစ္စလာမ်မစ် အစွန်းရောက် စစ်သွေးကြွ လက်နက်ကိုင်တပ်ဖွဲ့ဝင်များအား သုံ့ပန်းများအဖြစ် ဖမ်းဆီးရမိခဲ့သည်။ ထို့အပြင် လက်နက်ခဲယမ်းများနှင့် စစ်အသုံးအဆောင်ပစ္စည်းများကိုလည်း သိမ်းဆည်းရမိခဲ့သည်။

နခခ (၅) စခန်းအား အပြီးသတ်သိမ်းပိုက်ရရှိနိုင်ရေး ပြင်းထန်သည့် ထိုးစစ်များအတွင်း သတ္တိပြောင်မြောက်သော အာရက္ခစစ်သည် တော်များ၊ အသက်၊ ခန္ဓာပေးဆပ်စွန့်လွှတ်ခဲ့ကြသော အာရက္ခစစ်သည်တော်များအား လေးနက်စွာမှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။

သတင်းနှင့်ပြန်ကြားရေး
အာရက္ခတပ်တော်
2.97K👍594🥰69🙏66🍾49😢39👏38💯31❤‍🔥20🔥18😁16
Media is too big
VIEW IN TELEGRAM
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၁၆) ရက်နေ့ အမ်းမြို့နယ်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ၏ ပကတိ မြေပြင်အခြေအနေ

#AAInfoDesk
2.7K👍528🥰74🏆61🍾42🙏41😁30❤‍🔥19🔥17💔14🥴11
Media is too big
VIEW IN TELEGRAM
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၁၇) ရက်နေ့ အမ်းမြို့နယ်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ၏ ပကတိ မြေပြင်အခြေအနေ

#AAInfoDesk
2.13K👍380👏78🥰46🏆32🙏24🎉17🕊15❤‍🔥14🤔9🍾9
မောင်တော၊ နခခ (၅) မှ ထွက်ပြေးလွတ်မြောက်နေသော အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီတပ်၏ တမခ (၂၂) တပ်မမှူး ဗိုလ်မှူးကြီး အောင်နေမျိုးကို အသေဖမ်းမိ

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၁၈) ရက်

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၈) ရက်နေ့၊ နံနက် (၉) နာရီ (၃၀) မိနစ်အချိန်တွင် မောင်တောမြို့ ၌ တစ်ခုတည်းကျန်ရှိနေခဲ့သော နခခ (၅) စခန်းကြီးကို အာရက္ခတပ်တော်မှ အပြီးသတ်ချေမှုန်း တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီးဖြစ်သည်။ သို့သော်လည်း ၎င်းစခန်းမှ လက်နက်ချအညံ့မခံဘဲ ကစဉ့်ကလျား ထွက်ပြေးနေကြသော အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့် ၎င်းတို့နှင့်အပေါင်းအပါ အစ္စလာမ်မစ် အစွန်းရောက် စစ်သွေးကြွ လက်နက်ကိုင်တပ်ဖွဲ့ဝင်များကို အာရက္ခတပ်တော်မှ လိုက်လံရှင်းလင်းခဲ့ရာ ဘူးသီးတောင်မြို့၊ အမှတ် (၁၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၅) စကခမှူး ဗိုလ်မှူးချုပ် သူရိန်ထွန်းနှင့်အဖွဲ့ကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၈) ရက်နေ့ မောင်တော၊ ရွှေတောင်ကျေးရွာ အနောက်ဘက်တွင် အရှင် လက်ရဖမ်းဆီးရမိခဲ့သည်။

ထို့အတူ အမှတ် (၅) နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲ (နခခ-၅) မှ လက်နက်ချအညံ့မခံဘဲ ထွက်ပြေးလွတ်မြောက်နေသော အခြားသော တပ်မမှူးတစ်ဦးဖြစ်သည့် အမှတ် (၂၂) ခြေမြန်တပ်မဌာနချုပ် (တမခ-၂၂) တပ်မမှူး ဗိုလ်မှူးကြီး အောင်နေမျိုးကိုလည်း အခေါက်ရွှေတုံးအချို့၊ ရွှေထည်အချို့အပါအဝင် ငွေသားသိန်း (၈၀၀) ခန့်နှင့်အတူ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၁၇) ရက်နေ့၊ မွန်းတည့် (၁၂) နာရီအချိန်ခန့်တွင် မောင်တောမြို့နယ်၊ ရွှေဇားကပ္ပကောင်းချောင်းနား ပုစွန်ကန် တဲထဲ၌ အသေဖမ်းဆီးရမိခဲ့သည်။

တပ်မမှူးသည် အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီတပ်နှင့် ခေတ်အဆက်ဆက် ပူးပေါင်းလာခဲ့ကြသော ဒေသခံမူဆလင်များ၏ အကူအညီနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းသို့ ထွက်ပြေးလွတ်မြောက်ရန် ကြိုးစားခဲ့သော်လည်း အာရက္ခတပ်တော် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ကမ်းခြေစောင့်တပ်များ၏ အချိန်ပြည့် ဝိုင်းရံပိတ်ဆို့ ရှာဖွေမှုများအောက်တွင် လွတ်မြောက်ရန် အခွင့်အရေးမရခဲ့ဘဲ ၎င်းတို့ထောင်ထားသော မိုင်းကိုနင်းပြီးနောက် သွေးထွက်လွန်ကာ သေဆုံးခဲ့ရခြင်းဖြစ်သည်။

သတင်းနှင့်ပြန်ကြားရေး
အာရက္ခတပ်တော်
1.41K👍400👏53🤣24🍾19👎14❤‍🔥11🔥9😱8🙏8👌2
Media is too big
VIEW IN TELEGRAM
အာရက္ခဒေသတိုက်ပွဲသတင်းများ

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၁၈) ရက်

အာရက္ခတပ်တော်သည် မောင်တောမြို့ နှင့် တောင်ကုတ်မြို့ရှိ ဖက်ဆစ် အကြမ်းဖက် စစ်ကောင်စီ၏ တပ်စခန်းများအားလုံးကို တစ်ခုမကျန်သိမ်းပိုက်လိုက်ပြီးသည့်နောက်တွင် အမ်းမြို့ နှင့် ဂွမြို့ရှိ ရန်သူ့စခန်းများကို တရစပ် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာ အမ်းဒေသအတွင်းရှိ စစ်ကောင်စီ၏ စခန်းများအားလုံးထဲမှ အမ်း နပခဌာနချုပ်၊ တိုင်းစစ်ဌာနချုပ်ဂွင် (တိုင်းစစ်ရုံး)ထဲမှ အနည်းငယ်သော နေရာအချို့သာ ကျန်ရှိတော့ပြီ ဖြစ်သည်။ ဤတိုင်းစစ်ရုံးထဲမှ အင်အား ရာချီခန့်ရှိသေးသော ရန်သူတို့သည် မိမိတို့၏ ထိုးစစ်ကို အသည်းအသန် ခုခံကာကွယ်နေရသည်။ ထို့အပြင် ရန်သူသည် ရခိုင်ရိုးမတောင်တန်းထက်မှ လက်နက်ကြီးများဖြင့် တိုက်ပွဲရှိရာနေရာများသို့ အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်နေခဲ့သည်။ ဤကဲ့သို့ လက်နက်ကြီးပစ်ကူများကြောင့် တိုင်းစစ်ရုံးအတွင်းရှိ ဖက်ဆစ်အကြမ်းဖက်စစ်ကောင်စီ၏ တပ်ဖွဲ့ဝင်များထံ ထိမှန်ကျရောက်၍ သေဆုံး၊ ဒဏ်ရာရရှိမှုများရှိခဲ့သည်။

ထို့အတူ လေကြောင်းမှလည်း မရပ်မနား တောက်လျှောက် ပစ်ခတ်တိုက်ခိုက်နေသောကြောင့် အမ်း၊ နပခ ၌ မြေပြင်တိုက်ပွဲထက် ရန်သူ့ လက်နက်ကြီး၊ လေကြောင်းပစ်ခတ်တိုက်ခိုက်မှုများကြောင့် တိုက်ပွဲမှာ ပြင်းထန်နေရခြင်းဖြစ်သည်။

အခြားတစ်ဖက်တွင် ယနေ့၌လည်း အမ်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ဝန်းကျင်တွင် လက်နက်ချ အလင်းဝင်ရောက်သူများ ဆက်လက်ရှိနေဆဲဖြစ်ပါသည်။ ထို့ကြောင့်

“စောစော အလံဖြူထောင်လျှင်
စောစော အသက်ရှင်ကျန်ရစ်စေမယ်
မိသားစု၊ ဆွေမျိုးတို့နှင့် စောစော တွေ့ဆုံရလိမ့်မယ်”


လက်နက်ချ အညံ့ခံ အလံဖြူထောင်သောသူတိုင်း၏ အသက်ကို အာရက္ခတပ်တော်မှ အာမခံပါသည်။

ဂွမြို့တွင်းတိုက်ပွဲသည်လည်း ယခင်ရက်များနည်းတူ ဆက်လက်ပြင်းထန်လျက်ရှိသည်။ ယနေ့တွင်လည်း ဂွမြို့တွင်းတိုက်ပွဲအတွင်းမှ ရန်သူ့အလောင်း၊ လက်နက်ခဲယမ်း အမြောက်အမြားတို့ကို ထပ်မံသိမ်းဆည်းရမိ ခဲ့သည်။

သတင်းနှင့်ပြန်ကြားရေး
အာရက္ခတပ်တော်
1.85K👍446🏆34🥰32🙏19❤‍🔥18😁16👎11😍11🔥9🥴8
Media is too big
VIEW IN TELEGRAM
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၁၈) ရက်နေ့တွင် အမ်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) မှ လက်နက်ချ အလင်းဝင်လာသော ရန်သူများအား လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုများကြားမှ အာရက္ခတပ်တော် ကယ်ထုတ်နေသည့် မြင်ကွင်းများ

#AAInfoDesk
December 19, 2024
2.27K👍460❤‍🔥35🥰33👏32🤣32🏆29🍾28💯21🔥11👎5
အာရက္ခဒေသ၊ နပခ (အမ်း) ဒုတိုင်းမှူး ဗိုလ်မှူးချုပ် သောင်းထွန်း နှင့် တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်းတို့အား အာရက္ခတပ်တော်မှ အရှင်လက်ရဖမ်းဆီးရမိပြီးနောက် အမ်းမြို့ နှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တို့အား အပြီးသတ်သိမ်းပိုက်ရရှိ

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၂၀) ရက်

အာရက္ခဒေသ အမ်းမြို့နယ်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၏ နောက်ဆုံးတစ်ခုတည်းသာ ကျန်ရှိတော့သည့် နပခ ဌာနချုပ် တိုင်းစစ်ရုံးအတွင်းမှ လက်ကျန်နေရာအားလုံးကို ထိုးစစ်ဆင်တိုက်ခိုက်နေခဲ့သည်မှာ နှစ်ပတ်ခန့် ကြာမြင့်ခဲ့ပြီဖြစ်သည်။ မိမိတို့ အာရက္ခတပ်တော်အနေဖြင့်လည်း ရန်သူ၏ မရပ်မနားသော လေကြောင်း၊ လက်နက်ကြီးပစ်ကူများအပြင် ရဟတ်ယာဉ်များဖြင့် လေကြောင်းမှ စုစုပေါင်းအင်အား (၁၅၀) ခန့်စီအား သုံးကြိမ်တိုင်တိုင် စစ်ကူလာချပေးနေသည့်ကြားမှ နပခဌာနချုပ် (အမ်း) အား ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၂၀) ရက်နေ့၊ မွန်းတည့် (၁) နာရီ (၄၀) မိနစ်တွင် အာရက္ခတပ်တော်မှ အပြီးသတ်သိမ်းပိုက် နိုင်ခဲ့ပြီဖြစ်သည်။

ထို့ကြောင့် အမ်းမြို့နယ်တစ်ခုလုံးအား ယနေ့တွင် အလုံးစုံ သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီ ဖြစ်သောကြောင့် အမ်းမြို့သည် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရမှ အပြည့်အဝ အလုံးစုံထိန်းချုပ်ထားနိုင်သော (၁၄) မြို့မြောက် မြို့ဖြစ်လာခဲ့ပြီဖြစ်သည်။

ယခင်သိမ်းပိုက်ထားသော (၁၃) မြို့မှာ ပလက်ဝမြို့၊ ပေါက်တောမြို့၊ မင်းပြားမြို့၊ မြောက်ဦးမြို့၊ ကျောက်တော်မြို့၊ မြေပုံမြို့၊ ပုဏ္ဏားကျွန်းမြို့၊ ရမ်းဗြဲမြို့၊ ရသေ့တောင်မြို့၊ ဘူးသီးတောင်မြို့၊ သံတွဲမြို့၊ တောင်ကုတ်မြို့ နှင့် မောင်တောမြို့တို့ ဖြစ်ကြသည်။

လက်ရှိအချိန်၌လည်း ဂွမြို့နယ်အတွင်းရှိ ရန်သူများအား အာရက္ခတပ်တော်မှ ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိပြီး ဂွမြို့၏ ဒေသခံတပ်ရင်းများနှင့် စစ်ကူလာသော ရန်သူ၏ တပ်မ (၁၁) လက်အောက်ခံ တပ်ရင်းများ၊ အခြားသော တပ်ရင်းပေါင်း များစွာတို့ဖြင့် ပြင်းထန်စွာ ဖြစ်ပွားလျက်ရှိသည်။ ဂွမြို့၏ သုံးပုံနှစ်ပုံခန့်ကိုလည်း မိမိတို့မှ သိမ်းပိုက်ရရှိထားပြီးဖြစ်သည်။

ထို့ကြောင့် ဂွမြို့အား အပြီးသတ်သိမ်းပိုက်ပြီးပါက အာရက္ခဒေသအတွင်း၌ မိမိတို့ဆက်လက်သိမ်းပိုက်ရန် စစ်တွေ၊ ကျောက်ဖြူ နှင့် မာန်အောင် (၃) မြို့သာ ကျန်ရှိတော့မည်ဖြစ်သည်။

ယခုလိုအောင်မြင်မှုအသီးအပွင့်များမှာ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် တစ်ခုတည်း၏ ကြိုးပမ်းမှုတစ်ခုတည်းသာမဟုတ်ဘဲ အာရက္ခပြည်သူတစ်ရပ်လုံး၏ ဝန်းရံပံ့ပိုးမှု၊ မဟာမိတ်အဖွဲ့အစည်း များ၏ ပူးပေါင်းပါဝင်မှုများနှင့် အမည်ဖော်ပြ၍မရသေးသော မိတ်ဆွေတစ်ချို့တို့၏ ဝန်းရံပံ့ပိုးမှုများကြောင့် ဖြစ်သည်ကို အမြဲနှလုံးသွင်းမှတ်ယူထားပြီး သက်ဆိုင်သော အဖွဲ့အစည်းတိုင်းနှင့် လူပုဂ္ဂိုလ်တိုင်းကို အလေးအနက် အထူးကျေးဇူးတင်အပ်ပါသည်။

စစ်မြေပြင်အောင်မြင်မှုများ၏ အခြားတစ်ဖက်တွင် ရဲဘော်ရဲဘက်များ၏ အသက်၊ ကိုယ်လက်ခန္ဓာ၊ ဘဝတို့ ပေးဆပ်စွန့်လွှတ် အနစ်နာခံမှု၊ အာရက္ခဒေသအတွင်းနေထိုင်ကြသော ဒေသခံပြည်သူလူထုတစ်ရပ်လုံး၏ ဆင်းရဲဒုက္ခအမျိုးမျိုးကို နှစ်ရှည်လများ အတူတူရင်ဆိုင် ခါးစည်းခံရပ်တည်မှုများကလည်း များစွာ အထောက်အကူပြုခဲ့သောကြောင့် ဤအောင်မြင်မှုအသီးအပွင့်နှင့် ဆက်စပ်ပတ်သက်နေသော သူများအားလုံးကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်မှ အထူးအလေးနက်ထား မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။

ယနေ့အောင်မြင်မှုများမှာ ရက္ခိုင်ပြည်သူတစ်ရပ်လုံး၏ အောင်မြင်မှုသာမဟုတ်ဘဲ ဖက်ဆစ်အကြမ်းဖက်စစ်ကောင်စီအား တော်လှန်နေကြသော တော်လှန်ရေးအဖွဲ့အစည်းများ တော်လှန်သော ပြည်သူတစ်ရပ်လုံး၏ အောင်မြင်မှုအဖြစ် မျှဝေဂုဏ်ပြုအပ်ပါသည်။

သတင်းနှင့်ပြန်ကြားရေး
အာရက္ခတပ်တော်
2.8K👍506🍾65🏆60👏54🙏33🥰28😍20🔥16😱12❤‍🔥11
ဘူးသီးတောင်မြို့၊ အမှတ် (၄) ရပ်ကွက် မီးလောင်မှုဖြစ်စဉ်နှင့်ပတ်သက်၍ သတင်းထုတ်ပြန်ချက်

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၂၁) ရက်

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၂၀) ရက်နေ့၊ ညနေ (၄) နာရီ (၂၇) မိနစ်ခန့်အချိန်တွင် ဘူးသီးတောင်မြို့၊ အမှတ် (၄) ရပ်ကွက်ရှိ အာလီဂျူဟ၏ နေအိမ်၌ မီးစတင်လောင်ကျွမ်းခဲ့ပြီး ယင်းမှတစ်ဆင့် အနီးဝန်းကျင်ရှိ လူနေအိမ်တချို့သို့ မီးကူးစက်ခဲ့သောဖြစ်စဉ်တစ်ခုရှိခဲ့ပါသည်။

အဆိုပါ မီးလောင်မှုဖြစ်စဉ်အတွင်း ဘူးသီးတောင်မြို့၊ အမှတ် (၄) ရပ်ကွက်မှ-
၁။ အာလီဂျူဟ ၏ နေအိမ်၊
၂။ လာလာမော်ဒီလ် ၏ နေအိမ်၊
၃။ အီနုစ် ၏ နေအိမ်၊
၄။ အဒူရှော်ရှိ ၏ နေအိမ်၊
၅။ ဒေါ်လူ ၏ နေအိမ်၊
၆။ ဆော်လိုမာနီ၏ နေအိမ်၊
၇။ အီနုစ် ၏ နေအိမ်၊
၈။ ကာဘူ ၏ နေအိမ်၊
၉။ ဆိုက်ထူရော်မန် ၏ နေအိမ်
၁၀။ ရော်ဖိတ် ၏ နေအိမ်၊
၁၁။ ရော်မန် ၏ နေအိမ်၊
၁၂။ အဒူလာဇီ ၏ နေအိမ်၊
၁၃။ ဖိရုစ် ၏ နေအိမ်၊
၁၄။ အဒူလ္လာ ၏ နေအိမ်၊
၁၅။ တာကေရ်၏ နေအိမ်၊
၁၆။ မစောခင် ၏ နေအိမ်၊
၁၇။ ဆော်လိမ် ၏ နေအိမ်၊
၁၈။ ဆွေတာမိန်၏ နေအိမ်၊
၁၉။ ဆုလ်တန် ၏ နေအိမ်၊
၂၀။ ဆော်ဒူဇာဟာဆောင်း၏ နေအိမ်၊
၂၁။ မာမောက် ၏ နေအိမ်၊
၂၂။ အဘူနော်ဆောင်း၏ နေအိမ်၊
၂၃။ အာဘူဖွေယော့၏သား ဇူဟာရ်ရူး၏ နေအိမ်၊
၂၄။ မလှစိန် ၏ နေအိမ်
၂၅။ ဟာဘီရော်မာန်၏ နေအိမ်၊
၂၆။ အမည် (စုံစမ်းဆဲ) တို့၏ နေအိမ်များ မှာ မီးကူးစက်လောင်ကျွမ်းသွားခဲ့သည်။ စုစုပေါင်း (၂၆) အိမ်ခန့် မီးလောင်ကျွမ်းခဲ့ပါသည်။

မိမိတို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် ( ULA/AA) တပ်ဖွဲ့ဝင်များ သည် ဒေသခံပြည်သူ လူထုနှင့် ပူးပေါင်း၍ ဝိုင်းဝန်းမီးငြိမ်းသတ်ခဲ့မှုကြောင့် ယင်းနေ့ ညနေ (၆) နာရီခန့်၌ပင် မီးငြိမ်းသွားပြီး ဖြစ်ပါသည်။

၎င်းမီးလောင်မှုဖြစ်စဉ်နှင့်ပတ်သက်၍ ရက္ခိုင်ပြည်သူ့အာဏာပိုင်အဖွဲ့မှ စုံစမ်းစစ်ဆေးလျက်ရှိပါကြောင်း နှင့် နောက်ဆက်တွဲသတင်းများရရှိပါက ထပ်မံအသိပေးထုတ်ပြန်သွားပါမည်။

သတင်းနှင့်ပြန်ကြားရေး
အာရက္ခတပ်တော်
928👍415😢218🥰62🙏33😁14👎12🤨6❤‍🔥5🤔4👌2
အာရက္ခဒေသ၊ ဂွ တိုက်ပွဲသတင်း

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၂၁) ရက်

အာရက္ခဒေသအတွင်း၌ အကြမ်းဖက် ဖက်ဆစ် စစ်ရှုံး စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ တစ်နှစ်ကျော်ကြာ ဖြစ်ပွားနေခဲ့ပြီး ယနေ့အချိန်ထိလည်း ဆက်လက်ဖြစ်ပွားနေသော တိုက်ပွဲများ၌ မည်သည့်တိုက်ပွဲတွင်မဆို အရှုံးများနှင့် ရင်ဆိုင်နေရပြီး စခန်းတစ်ခုပြီးတစ်ခု၊ မြို့များ တစ်မြို့ပြီးတစ်မြို့ လက်လွှတ် ဆုံးရှုံးနေရသော အကြမ်းဖက် ဖက်ဆစ် စစ်ရှုံး စစ်ကောင်စီသည် ဖက်ဆစ်စစ်တပ်တို့၏ လုပ်နေကျ ဝသီအကျင့်စရိုက်အတိုင်း စစ်ရေးပစ်မှတ်မဟုတ်သော ဆေးရုံများ၊ ဆေးခန်းများ၊ စာသင်ကျောင်းများ၊ ဘာသာရေးအဆောက်အအုံများ၊ စစ်ရှောင်စခန်းများ နှင့် အပြစ်မဲ့ပြည်သူများနေထိုင်ရာ ရပ်ရွာများကို လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းတို့အပြင် ရပ်ရွာများကို မီးရှို့ခြင်း၊ တံတားများကို မိုင်းခွဲဖျက်ဆီးခြင်းတို့ကို နေ့စဉ်နေ့တိုင်းပြုလုပ်ကာ မထူးဇာတ်ခင်းလျက်ရှိကြသည်။ ဖက်ဆစ် စစ်ကောင်စီ၏ ဤကဲ့သို့သော လုပ်ရပ်များမှာ အာရက္ခဒေသတစ်ခုအတွင်း၌သာမက မြန်မာတစ်နိုင်ငံလုံးအနှံ့တွင် နေ့တိုင်းနီးပါး ပြုလုပ်နေသည့် လုပ်ရပ်များပင်ဖြစ်သည်။

အာရက္ခတပ်တော်မှ တစ်ပြိုင်နက်တည်း ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သော မြို့လေးမြို့အနက် လက်ရှိအချိန်တွင် ဂွတစ်မြို့သာ ကျန်ရှိတော့ပြီဖြစ်သည်။ မိမိတို့၏ ဂွမြို့သိမ်းတိုက်ပွဲတွင်လည်း အကြမ်းဖက် ဖက်ဆစ် စစ်ရှုံး စစ်ကောင်စီတပ်ဖွဲ့ဝင်များ နေ့စဉ်နှင့်အမျှ အကျအဆုံးများကာ စခန်းများတစ်ခုပြီးတစ်ခု လက်လွှတ်ပေးနေရပြီးဖြစ်သည်။ အာရက္ခတပ်တော်တပ်ဖွဲ့ဝင်များမှလည်း ဂွ မြို့ သိမ်းတိုက်ပွဲအတွက် ထိုးစစ်များကို အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းအပါအဝင် နေရာအစုံမှ စစ်ကူတပ်များအား မည်သို့ပင် ဖြည့်တင်းနေစေကာမူ အတင်းအဓမ္မစုဆောင်းထားသော တပ်သားသစ်များဖြင့် ဖွဲ့စည်းထားသည့် စိတ်ဓာတ်ပျက်ပြားနေပြီး ညွန့်ပေါင်း တပ်အစုအပေါင်းတစ်ခုကဲ့သို့ ဖြစ်နေသော အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ မှာ တိုက်တိုင်းရှုံးပြီး ကစဉ့်ကလျားထွက်ပြေးနေမှုများနှင့်အတူ ဂွမြို့သည်လည်း မကြာခင်ရက်များအတွင်း ကျိန်းသေ လက်လွှတ်ဆုံးရှုံးရတော့မည့် အာရက္ခဒေသ၏ တောင်ဖက်အကျဆုံး မြို့ဖြစ်သည်။

ထို့ကြောင့် အကြမ်းဖက် ဖက်ဆစ် စစ်ရှုံး စစ်ကောင်စီတပ်သည် ဂွမြို့ရှိ ကျေးရွာများ နှင့် လူနေအိမ်များကိုလည်း မီးရှို့ဖျက်ဆီးခြင်း၊ တံတားများအား မိုင်းခွဲဖျက်ဆီးခြင်းတို့ကို ဆက်တိုက် လုပ်ဆောင်ပြီး ဆုတ်ခွာထွက်ပြေးလျက်ရှိသည်။ ဧရာဝတီတိုင်းအတွင်းသို့ တစ်ဆင့်ချင်းတစ်ဆင့်ချင်း ဆုတ်ခွာထွက်ပြေးနေသော ရန်သူများကို မိမိတို့မှလည်း အဆက်မပြတ် လိုက်စစ်ဆင် တိုက်ခိုက်လျက် ရှိသောကြောင့် ဂွတိုက်ပွဲသည်လည်း နေ့စဉ်ရက်ဆက် ပြင်းထန်လျက်ရှိသည်။

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၁၇/၁၈) ရက်နေ့များတွင် အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီတပ်မှ ဂွမြို့နယ်၊ "အလယ်ရွာ"ကိုလည်းကောင်း၊ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၂၁) ရက်နေ့တွင်လည်း နံနက် (၇) နာရီအချိန်ခန့်မှ စတင်ကာ ၎င်းတို့အခြေစိုက်ရာ ခမရ (၅၆၃) အနီးအနားမှ လူနေအိမ်များကိုလည်းကောင်း မီးရှို့ဖျက်ဆီးခဲ့သည်။ စစ်ကောင်စီ၏ ဤကဲ့သို့ မီးရှို့ဖျက်ဆီးမှုများကြောင့် အပြစ်မဲ့ပြည်သူလူထု၏ နေအိမ်အများအပြားမှာ မီးလောင်ပျက်စီးခဲ့ရသည်။

အကြမ်းဖက် ဖက်ဆစ် စစ်ရှုံး စစ်ကောင်စီ၏ ယခုကဲ့သို့သော စစ်ရာဇဝတ်ကျူးလွန်နေမှုများကို အာရက္ခတပ်တော်အနေဖြင့် သေချာစွာ မှတ်တမ်းတင်ထားပြီး ကျူးလွန်ခဲ့သော တပ်ရင်း၊ တပ်မများ နှင့် အမိန့်ပေး၊ ညွှန်ကြားချက်ပေးသူများကို ဖမ်းဆီးရမိပါက ၎င်းပြစ်မှုများနှင့်ထိုက်တန်သော ပြစ်ဒဏ်များကို စီရင်ချမှတ်သွားမည်ဖြစ်သည်။

သတင်းနှင့်ပြန်ကြားရေး
အာရက္ခတပ်တော်
1.63K👍520🥰42❤‍🔥28🤣28🙏26🎉14🔥10🌚5🍌53