AA Info Desk
48.8K subscribers
1.51K photos
94 videos
8 files
146 links
Download Telegram
အာရက္ခရေပိုင်နက်အတွင်းသို့ ကျူးကျော်ဝင်ရောက် ငါးခိုးဖမ်းခဲ့သော ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ရေလုပ်သား (၂၀) ဦးအား လိုအပ်သောခေါ်ယူစစ်ဆေးမှုများပြုလုပ်ပြီးနောက် ငါးခိုးဖမ်းသမားများအား ပြန်လည်လွှဲပြောင်းအပ်နှံခြင်းဆိုင်ရာ သတင်းထုတ်ပြန်ချက်

၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (၂၀) ရက်

၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (၅) ရက်နေ့တွင် အာရက္ခရေပိုင်နက်အတွင်းသို့ ကျူးကျော်ဝင်ရောက်ကာ ငါးခိုးဖမ်းနေသော ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ ငါးဖမ်းလှေ အစီး (၆၀) ခန့်ကို အာရက္ခတပ်တော်၊ ကမ်းခြေစောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ တွေ့ရှိခဲ့သဖြင့် ခေါ်ယူဖမ်းဆီးခဲ့ရာ ငါးဖမ်းလှေ (၁၅) စီး (စက်တပ်၍ ၂ စီး၊ စက်မပါဘဲ ၁၃ စီး) နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ရေလုပ်သား (၂၀) ဦးကို ဖမ်းဆီးရမိခဲ့သည်။ ၎င်းဘင်္ဂလားဒေ့ရှ်နိုင်ငံသား ရေလုပ်သား (၂၀) ဦးကို မိမိတို့ဘက်မှ (၂) ရက်ကြာ ထိန်းသိမ်းထားခဲ့သည်။ လိုအပ်သော စစ်ဆေးမေးမြန်းမှုများကို ပြုလုပ်ခဲ့ပြီးနောက် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (၇) ရက်နေ့တွင် ဘင်္ဂလာဒေ့ရှ် နယ်ခြားစောင့်တပ် (BGB) လက်ထဲသို့ ကောင်းမွန်စွာ ပြန်လည်အပ်နှံခဲ့ပြီးဖြစ်ပါသည်။

မိမိတို့စစ်ဆေးမေးမြန်းချက်များအရ ၎င်းဘင်္ဂလားဒေ့ရှ်နိုင်ငံသား ရေလုပ်သား ငါးခိုးဖမ်းနေကြသော သူများမှာ ဆင်းရဲနွမ်းပါးသူများဖြစ်ပြီး မိသားစုစားဝတ်နေရေးအကျပ်အတည်းများကို ငါးဖမ်းခြင်းဖြင့် အသက်မွေးဝမ်းကျောင်းပြုကာ ဖြေရှင်းနေကြသူများဖြစ်ကြောင်း သိရှိရသည်။ သို့သော်လည်း နောက်နောင် အာရက္ခပိုင်နက်ထဲသို့ ကျူးကျော်ဝင်ရောက်ပြီး ငါးဖမ်းခြင်းများမပြုလုပ်ရန် ခံဝန်ကတိလက်မှတ်ထိုးပြီးမှ လွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်သည်။

အခြားတစ်ဖက်တွင် မိမိတို့ အာရက္ခတပ်တော် အနေဖြင့် အကြိမ်ကြိမ် ငါးခိုးဖမ်းနေကြသော ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ရေလုပ်သားများ၏ မိသားစုစားဝတ်နေရေး အကျပ်အတည်းများကို ထောက်ထားငဲ့ညှာမှုနှင့်အတူ သက်ညှာပေးခဲ့ခြင်းဖြစ်သည်။ ထို့အပြင် ဘင်္ဂလားဒေ့ရှ်အစိုးရနှင့် မိမိတို့အဖွဲ့အစည်းအကြားရှိ နှစ်ဖက်နယ်စပ်ရေးရာကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်မှု ယခင်ထက် ပိုမိုအားကောင်းလာစေရန် ရည်ရွယ်၍ မည်သည့်ပြစ်ဒဏ်မျှပေးခြင်းမရှိဘဲ ငါးခိုးဖမ်းသမားများကို ချက်ချင်းပြန်လွှတ်ပေးခဲ့သော်လည်း ငါးခိုးဖမ်းလှေများကိုမူ ယနေ့တွင်မှ ပြန်လည်ပေးအပ်နိုင်ခဲ့သည်။

ဤကဲ့သို့ ရက်အနည်းငယ်ကြန့်ကြာနေရခြင်းမှာ မောင်တောဒေသ၌ စစ်ရေးပြင်ထန်နေမှုများနှင့် ငါးဖမ်းလှေများထိန်းသိမ်းထားရာနေရာမှ ပြန်လည်ပေးအပ်မည့်နေရာသို့ ပို့ဆောင်ရာတွင် ဖက်ဆစ်အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်းရန်အန္တရာယ်ကို သတိထားနေရသောကြောင့် ပင်ဖြစ်သည်။

၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (၂၀) ရက်နေ့တွင်မှ အဆိုပါ ငါးဖမ်းလှေ (၁၅) စီး (စက်တပ်၍ ၂ စီး၊ စက်မပါဘဲ ၁၃ စီး) ထဲမှ (၇) စီးကို ဘင်္ဂလာဒေ့ရှ် နယ်ခြားစောင့်တပ် (BGP) သို့ ပြန်လည်လွှဲပြောင်းပေးနိုင်ခဲ့ပါသည်။ ကျန်ငါးဖမ်းလှေ (၈) စီးကိုလည်း လုံခြုံရေး အာမခံချက်ရှိသောအချိန်တွင် ဆက်လက်လွှဲပြောင်းပေးအပ်သွားမည်ဖြစ်သည်။

နောင်နောက်များ၌ မိမိတို့ အာရက္ခရေပိုင်နက်အတွင်းသို့ ယခုကဲ့သို့ ကျူးကျော်၍ ငါးခိုးဖမ်းရန် ဝင်ရောက်လာမည်ဆိုပါက မည်သူ့ကိုမဆို မိမိတို့၏ တရားဥပဒေနှင့်အညီ စစ်ဆေး၊ အပြစ်ပေး အရေးယူသွားမည်ဖြစ်သည်။

သတင်းနှင့်ပြန်ကြားရေး
အာရက္ခတပ်တော်
👍1.29K201🥰44❤‍🔥35🤣16👎15😁14🍾11🍌8🔥4🤡1
👍38285❤‍🔥11🥰9🤬9👎6😁6🔥4
အာရက္ခဒေသအတွင်း မြို့သိမ်းတိုက်ပွဲများထဲမှ တောင်ကုတ် မြို့သိမ်းတိုက်ပွဲနှင့်ပတ်သက်၍ သတင်း ထုတ်ပြန်ချက်

၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (၂၈) ရက်

အာရက္ခတပ်တော်သည် မိမိတို့ သိမ်းပိုက်ရန်ကျန်ရှိနေသေးသော မြို့များကို တစ်မြို့မကျန် ဆက်လက်သိမ်းပိုက်ရယူနိုင်ရန်အတွက် ၎င်းမြို့များရှိ ဖက်ဆစ်စစ်ကောင်စီ၏ တပ်စခန်းများကို တစ်ပြိုင်နက်တည်း ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်။ ယခုလများအတွင်း အမ်း၊ တောင်ကုတ်၊ ဂွ မြို့နယ်များအတွင်းရှိ ဖက်ဆစ်စစ်ကောင်စီ၏ စခန်းများကို အဓိကထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်။ ထို့အတူ မောင်တောမြို့ ၌ တစ်ခုတည်းကျန်ရှိနေသေးသော ရန်သူ၏ နခခ (၅) စခန်းကိုလည်း အပြီးသတ်သိမ်းပိုက်ရယူနိုင်ရေးအတွက် ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိသည်။

တောင်ကုတ်မြို့သိမ်းတိုက်ပွဲများအဖြစ် စစ်ကောင်စီ၏ တောင်ကုတ်မြို့ပြင်ပရှိစခန်းများဖြစ်သော-
(၁) တောင်ကုတ်တက္ကသိုလ် မောင်းတံဂိတ် နှင့် ရာဘာခြံ ရှိ စစ်ကောင်စီ၏ စခန်းများ၊
(၂) တောင်ကုတ်တက္ကသိုလ်ကျောင်းဝင်းတစ်ခုလုံးအတွင်း စစ်ကောင်စီမှ အခိုင်အမာစခန်းချနေထိုင်ခဲ့သော တက္ကသိုလ်ကျောင်းဆောင်များ၊
(၃) အာလိမ်ငါးဆင့်ဘုရားကုန်း၌ တပ်စွဲထားသော စစ်ကောင်စီ၏စခန်း၊
(၄) ဖုန်ညိုရွာ၊ ဘုန်းကြီးကျောင်းအနီးတောင်ကုန်း နှင့် ဖုန်ညိုတံတား အနီးပတ်ဝန်းကျင်၌ တပ်စွဲထားသော စစ်ကောင်စီ၏စခန်းများ၊
(၅) တောင်ကုတ်မြို့အဝင် စစ်ကောင်စီ၏ စကခ (၅) တပ်မဌာနချုပ် ဂိတ်စခန်း၊
(၆) တောင်ကုတ်မြို့၊ သိမ်တောင်ရပ်ကွက်၊ ဆုတောင်းပြည့်ဘုန်းကြီးကျောင်းဝင်းအတွင်း၌ တပ်စွဲထားသော စစ်ကောင်စီ၏စခန်း၊
(၇) ကြိုးကြာကွင်းဂိတ်ရှိ စစ်ကောင်စီ၏ စခန်း၊
(၈) ကိုင်းရှည်တံတားထိပ်ရှိ စစ်ကောင်စီ၏စခန်း၊
(၉) သီရိဆေးရုံ၊ ဂုဏ်နေဒေါက်ကျင်း၌ စခန်းချတပ်စွဲထားသော စစ်ကောင်စီ၏ စခန်းနှင့်
(၁၀) တောင်ကုတ်မြို့အတွင်းရှိ တောင်ကုတ်မြို့မ ရဲစခန်း တို့အား ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (၄) ရက် မှ (၂၀) ရက်အတွင်း (၁၇) ရက်ကြာ ထိုးစစ်အပြီးတွင် သိမ်းပိုက်ရရှိခဲ့ပြီး တောင်ကုတ်မြို့တစ်ခုလုံးအား ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (၂၄) ရက်နေ့တွင်မှ အလုံးစုံထိန်းချုပ်ထားနိုင်ခဲ့ခြင်းဖြစ်သည်။

တောင်ကုတ်မြို့ပတ်ဝန်းကျင်ရှိ ဖက်ဆစ်စစ်ကောင်စီ၏ စခန်းများအားလုံးကို သိမ်းပိုက်ရယူပြီးနောက် ဖက်ဆစ် စစ်ကောင်စီ၏ တောင်ကုတ်မြို့အခြေစိုက် အဓိကစခန်းကြီးများဖြစ်ကြသော စကခ (၅) တပ်မဌာနချုပ် နှင့် စကခ (၅) လက်အောက်ခံတပ်ရင်းများဖြစ်ကြသော ခမရ (၃၄၆) နှင့် ခမရ (၅၄၄) တပ်ရင်းဌာနချုပ် စခန်းများကို မိမိတို့မှ တစ်ပြိုင်နက်တည်းထိုးစစ်ဆင်တိုက်ခိုက်နေပြီဖြစ်သည်။

တောင်ကုတ်မြို့ရှိ ဖက်ဆစ်စစ်ကောင်စီ၏စခန်းများအား မိမိတို့အာရက္ခတပ်တော်မှ ထိုးစစ်ကိုမစတင်မီ ကတည်းကပင် တောင်ကုတ်မြို့အား ဝိုင်းရံပိတ်ဆို့ဖြတ်တောက်ထားပြီးဖြစ်သည်။ ထို့အပြင် မိမိတို့ တိုက်ခိုက်ထိုးစစ်ဆင်မည့် တောင်ကုတ်မြို့ရှိ ရန်သူ့ စခန်း အနီးပတ်ဝန်းကျင်၌ ဒေသခံပြည်သူလူထုများ ရှိပါက တိုက်ပွဲနှင့် ဘေးလွတ်ရာသို့ခေါ်ဆောင်ထားပြီး ဒေသခံပြည်သူလူထု အထိခိုက်အနည်းဆုံးဖြစ်အောင် စီစဉ်ဆောင်ရွက်ခဲ့ပြီးဖြစ်ပါသည်။ အခြားတစ်ဖက်တွင် တောင်ကုတ်မြို့ပြင်၊ မြို့အတွင်းမှ ဒေသခံ ပြည်သူလူထုများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းကြရန် ဆော်သြထားသကဲ့သို့ အများစုသော ပြည်သူထုထုများကိုလည်း တိုက်ပွဲနှင့်ကင်းလွတ်ရာနေရာများသို့ ရွှေ့ပြောင်းထားခဲ့ပြီးဖြစ်ပါသည်။

မိမိတို့၏ ကြိုတင်သတိပေးထားသောကြောင့် တိုက်ပွဲလွတ်ရာသို့ ရှောင်တိမ်းကြသော ပြည်သူများရှိသကဲ့သို့ ရှောင်တိမ်းခြင်းမရှိဘဲ နေအိမ်များတွင်ကျန်ရစ်ခဲ့သော သူများလည်းရှိခဲ့သည်။ ယခုအချိန်တွင် တောင်ကုတ် မြို့အတွင်း၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များ တစ်ယောက်မျှမရှိတော့ဘဲ အာရက္ခတပ်တော်မှထိန်းချုပ်လိုက်ပြီဖြစ် သော်လည်း တောင်ကုတ်ဒေသခံပြည်သူအချို့နှင့် ပြည်သူပိုင်ပစ္စည်းများကို ခိုးယူရန်ချောင်းနေကြသော တောကြောင်သူခိုးများသာ ကျန်တော့သည်။ မိမိတို့အနေဖြင့် အဆိုပါ လက်ကျန်ပြည်သူများ၏ အသက် အန္တရာယ်ကိုစိုးရိမ်သောကြောင့် ဘေးလွတ်ရာသို့ ဆက်လက်ရွေ့ပြောင်းဆောင်ရွက်လျက်ရှိသည်။
🥰432314👍189❤‍🔥11🤣8👎7🙏6💯5😍3🌭2🍓2
အာရက္ခတပ်တော်မှ တောင်ကုတ်မြို့အား အလုံးစုံမထိန်းချုပ်နိုင်စဉ်ကာလအတွင်း ဖက်ဆစ်အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် မြို့အတွင်းမှ ပြည်သူပိုင်ပစ္စည်းများကို ခိုးယူခြင်း၊ ဖျက်ဆီးခြင်း၊ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းတို့ကိုပြုလုပ်ခဲ့သောကြောင့် ပြည်သူပိုင်ပစ္စည်း၊ လူနေအိမ်၊ တိုက်တာအဆောက်အအုံအချို့မှာ ပျက်စီးသွားခဲ့ပြီးဖြစ်သည်။
မြိုတွင်းလူနေအိမ်များတွင် အိမ်ပိုင်ရှင်များမှ တစ်ပါတည်းယူဆောင်ရန် အဆင်မပြေခဲ့၍ ချန်ထားရစ်ခဲ့သော ပစ္စည်းများ၊ မီးခံသေတ္တာထဲထားခဲ့ကြသောအဖိုးတန် ရွှေ၊ ငွေလက်ဝတ် ရတနာပစ္စည်းများ၊ လေးလံသော အိမ်အသုံးအဆောင်ပစ္စည်းများ၊ ပရိဘောဂများ၊ တစ်ကိုယ်ရည် တစ်ကာယ လူ့အသုံး အဆောင်ပစ္စည်းများ၊ အဝတ် အထည်များ၊ မော်တော်ယာဉ်၊ ဆိုင်ကယ်၊ သုံးဘီးများ၊ ၎င်းယာဉ်ပါပစ္စည်းများထဲမှ ဖြုတ်၍ရပြီး ပြန်သုံး၍ရနိုင်သော ယာဉ်ပိုင်း ဆိုင်ရာပစ္စည်းများ၊ ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန် အစရှိသော အခြေခံ စားသောက်ကုန် ပစ္စည်းများနှင့် ကျွဲ၊ နွား၊ ကြက်၊ ဝက် အစရှိသော တိရစ္ဆာန်များ နှင့် ရောင်းစား၍ရနိုင်သော ပစ္စည်းများကို ၎င်းဒေသခံ ပြည်သူများထဲမှအချိုနှင့် ခိုးယူရန်ချောင်းနေကြသောသူများသည် ခိုးယူခြင်း သာမက ဖျက်ဆီးခြင်းတို့ကိုပြုလုပ်ခဲ့ကြသည်များကိုတွေ့ရှိရသည်။

တောင်ကုတ်မြို့တွင်း လုံခြုံရေး၊ ဒေသခံပြည်သူလူထုများ၏ တိုက်တာ၊ အိုးအိမ်အဆောက်အအုံများ နှင့် ၎င်းအဆောက်အအုံအတွင်း၌ ချန်ထားခဲ့သော ပစ္စည်းများ မပျောက်မပျက်စေရေး၊ ခိုးယူဖောက်ထွင်းမှုများ မဖြစ်ပေါ်စေရေး နှင့် အရပ်သားဒေသခံပြည်သူများ မြို့တွင်း၌ ခိုကပ်ရှိမနေစေရေးတို့အတွက် ဆောင်ရွက်နေ ကြသော အာရက္ခတပ်တော် တပ်ဖွဲ့ဝင်များနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လုံခြုံရေးဆောင်ရွက်နေမှုများ ကြား၌ပင် သူခိုးများကို ခိုးရာပါပစ္စည်းများနှင့်အတူ နေ့စဉ် ဖမ်းဆီးရမိလျက်ရှိသည်။ ဖမ်းဆီးရမိသော သူခိုးများနှင့် ခိုးရာပါပစ္စည်းများကို သူခိုးများထံမှ မေးမြန်းပြီး ပိုင်ရှင်အစစ်အမှန်များလက်ထဲသို့ အပ်နှံနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်သည်။ လောလောဆယ်တိုက်ပွဲများပြင်းထန်နေမှုကြောင့် အဆိုပါ ခိုးရာပါပစ္စည်းများကို မိမိတို့ လုံခြုံရေးတပ်ဖွဲ့ထံတွင် ကောင်းမွန်စွာသိမ်းဆည်းထားပါသည်။

အာရက္ခတပ်တော်မှ တောင်ကုတ်မြို့အား အလုံးစုံမသိမ်းပိုက်နိုင်သေးဘဲ တိုက်ပွဲများပြင်းထန်နေသော အချိန်ကာလအတောအတွင်းကို အခွင့်ကောင်းယူ၍ ခိုးယူမှုများဖြစ်ပွားခဲ့ကြောင်း မိမိတို့ ဖမ်းဆီးရမိသောသူခိုးများထံမှ သိရှိရသဖြင့် အဆိုပါသူခိုးများအား လိုက်လံရှာဖွေပြီး ဖမ်းဆီးအရေးယူသွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

သတင်းနှင့်ပြန်ကြားရေး
အာရက္ခတပ်တော်
1.33K👍366🥰51🤣32🙏21❤‍🔥12👎12💯11🏆10😍2🌭1
ဘူးသီးတောင်မြို့အတွင်းမှ လူမျိုးပေါင်းစုံ၏ပစ္စည်းများ ပြန်လည်အပ်နှံခြင်းနှင့် ပစ္စည်းများကို ပြန်လည် ယူဆောင်ခွင့်ပြုခြင်းဆိုင်ရာ သတင်းထုတ်ပြန်ချက်

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၃) ရက်

အာရက္ခတပ်တော်၏ အာရက္ခဒေသ မြို့သိမ်းတိုက်ပွဲများအတွင်း၌ မြို့သိမ်းတိုက်ပွဲများမစတင်မီ၊ မြို့တွင်းတိုက်ပွဲ ဖြစ်ပွားနေသောကာလ နှင့် မြို့အားသိမ်းယူပြီးစအခြေအနေများတွင် မြို့အသီးသီးမှ သူခိုးများသည် စစ်ပွဲများကြောင့် ဖြစ်ပေါ်နေသောအခွင့်အရေးများ နှင့် အာရက္ခပြည်သူ့ တော်လှန်ရေးအစိုးရ၏ အုပ်ချုပ်ရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူ့လုံခြုံရေး အစီအမံများကို ကောင်းမွန်စွာ မချထားနိုင်သေးသောအခိုက်အတန့်များကြား နှင့် ဟာကွက်များကြားမှ ဖြစ်ပေါ် နေသော အခွင့်အရေးများကို အမိအရဆုပ်ကိုင်ပြီး ၎င်းမြို့များပေါ်မှ သူခိုးများသည် လူမျိုးပေါင်းစုံ၏ လူနေအိမ်များထံမှ လွယ်ကူစွာ သယ်ယူ/ဖြုတ်ယူရရှိနိုင်သောပစ္စည်းများကို လစ်လျှင်လစ်သလို ခိုးယူသွားခြင်း၊ ဖျက်ဆီးသွားခြင်းများကို တွေ့ရှိရပါသည်။

ဘူးသီးတောင်မြို့အား အာရက္ခတပ်တော်မှ အပြီးသတ်သိမ်းပိုက်ထိန်းချုပ်ထားနိုင်ခဲ့ပြီးဖြစ်သော ၂၀၂၄ ခုနှစ်၊ မေလ (၁၈ ) ရက်နေ့နောက်ပိုင်းမှစတင်ပြီး ဘူးသီးတောင်မြို့ပေါ်ရပ်ကွက်များမှ လူနေအိမ်၊ တိုက်တာ အဆောက်အအုံများအား တမင်တကာ ရည်ရွယ်ချက် ရှိရှိဖြင့် မီးရှို့ဖျက်ဆီးခဲ့သောသူများ နှင့် သူခိုးများကို မိမိတို့ ၏ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူ့လုံခြုံရေး တပ်ဖွဲ့ဝင်များမှ လိုက်လံရှာဖွေဖမ်းဆီးပြီး သက်သေခံပစ္စည်းများ၊ ထွက်ဆိုချက်များအပေါ် အခြေခံ၍တရားဥပဒေနည်းလမ်း ကျကျ စစ်ဆေးကာ အပြစ်ပေး အရေးယူလျက်ရှိပါသည်။

ရာချီသော သူခိုးများနှင့် ခိုးရာပါပစ္စည်းလက်ခံထားသူများကို မိမိတို့ လုံခြုံရေးတပ်ဖွဲ့မှဖမ်းဆီးကာ တရားနည်းလမ်းကျကျ စစ်ဆေးပြီးနောက် အပြစ်ပေးအရေးယူထားပြီးဖြစ်သည်။ မိမိတို့ ဖမ်းဆီးအပြစ်ပေးထားသော သူခိုးအများစုမှာ ဘူးသီးတောင်မြို့မှ ဘင်္ဂလီမူဆလင်များဖြစ်ကြပြီး ၎င်းတို့သည် ဖက်ဆစ်အကြမ်းဖက်စစ်ကောင်စီမှ သင်တန်းဆင်းထားကြသောသူများ၊ အကြမ်းဖက် မီးရှို့ဖျက်ဆီးကြသောသူများ၊ ARSA၊ RSO၊ ARA နှင့်ဆက်စပ်နေကြသောသူများဖြစ်ကြသည်။

ထို့အပြင် အာရက္ခဒေသ၏ စစ်ပွဲကာလများအတွင်း ဘူးသီးတောင်မြို့ပေါ်ရှိ လူမျိုးပေါင်းစုံနေအိမ်များမှ ခိုးယူသွားခြင်းခံခဲ့ရသော ပိုင်ရှင်အစစ်အမှန်များ၏ တိုင်တန်းချက်များအရ ဘူးသီးတောင်မြို့ လုံခြုံရေးတပ်ဖွဲ့မှ ရှာဖွေတွေ့ရှိခဲ့သည့် ပစ္စည်းများကို မူလပိုင်ရှင်များလက်ထဲသို့ တရားဝင်အခမ်းအနားဖြင့် ပြန်လည်အပ်နှံခြင်းတို့ကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (၃၀) နေ့တွင် ဘူးသီးတောင်မြို့တစ်နေရာ၌ ပြုလုပ်ခဲ့ပြီး ၎င်းနေ့တစ်ရက်တည်း၌ ပိုင်ရှင်အစစ်အမှန် (၃၁) ဦး လက်ထဲသို့ ၎င်းတို့၏ ပစ္စည်းများကို ပထမအကြိမ်အနေဖြင့် ကောင်းမွန်စွာအပ်နှံထားခဲ့ပြီးဖြစ်သည်။

တရားဥပဒေစိုးမိုးရေး နှင့် ပြည်သူ့လုံခြုံရေးဌာနမှ သိမ်းဆည်းရရှိထားသော ပိုင်ရှင်မဲ့ပစ္စည်းများကိုလည်း ပြည်သူပိုင်ပစ္စည်းအဖြစ်သတ်မှတ်ပြီး ပြည်သူများ၏ လက်ရှိစားဝတ်နေရေးအခက်အခဲများကို ဖြေရှင်းနိုင်ရန်အတွက် ဤကဲ့သို့သော တရားဝင်အခမ်းအနားမျိုးကျင်းပပြီး ပြည်သူလူထုများထံသို့ လွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်ပါသည်။

ထို့အပြင် မိမိတို့ထံတွင် ကျန်ရှိနေသေးသည့် အခြားသော ပစ္စည်းများကိုလည်း ပိုင်ရှင်အစစ်အမှန်များ လက်ထဲသို့ ရောက်ရှိရေးအတွက် လုံခြုံရေးအာမခံချက်ရှိသော အခြေအနေနှင့် နေ့ရက်များတွင် ဆက်လက်အပ်နှံသွားမည်ဖြစ်ပါသည်။

ဘူးသီးတောင်မြို့မှ ကာယကံရှင်ပိုင်ရှင်များ၏ လက်ရှိရာသီဥတု၊ ကျန်းမာရေး၊ အထွေထွေအခက်အခဲ၊ အကျပ်အတည်းလိုအပ်ချက်များကြောင့် ဖြေရှင်းပေးပါရန် မိမိတို့အုပ်ချုပ်ရေးအဖွဲ့များထံ တင်ပြတောင်းဆိုလာမှုများလည်းရှိခဲ့သည်။ ထို့ကြောင့်တိုက်ပွဲများအတွင်း မပျောက်မပျက်ဘဲ နဂိုအတိုင်းကျန်ရှိနေခဲ့သော ရှိရင်းစွဲပစ္စည်းများ၊ တိုက်ပွဲများအတွင်း ပျက်စီးသွားခြင်းမှ ကာကွယ်ရန်အတွက် မိမိတို့ အာရက္ခ စစ်သည်တော်များ၊ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ဝင်များမှ လုံခြုံသည့်နေရာများသို့ ရွေ့ပြောင်းထားနိုင်ခဲ့သော ပစ္စည်းများကိုလည်း ၎င်းတို့ပိုင်ရှင်စစ်များ ကိုယ်တိုင်ကိုယ်ကျပြန်လည်ယူဆောင်ခွင့်အား အကန့်အသတ်ဖြင့် ခွင့်ပြုပေးလျက်ရှိသည်။

အထက်ဖော်ပြပါသတင်းနှင့်ပတ်သက်သော နောက်ဆက်တွဲသတင်းများ ရရှိပါက ဆက်လက် တင်ပြပေးသွားပါမည်။


သတင်းနှင့်ပြန်ကြားရေး
အာရက္ခတပ်တော်

ပုံစာ - ဘူးသီးတောင်မြို့ရှိ လူမျိုးပေါင်းစုံနေအိမ်များမှ သူခိုးများခိုးယူထားသော သက်သေခံပစ္စည်းများအား ပိုင်ရှင်များထံသို့ ပြန်လည်အပ်နှံနေစဉ်
1.13K👍294🤣39😁30🥰27🙏18👏9❤‍🔥6🤬6🍌5🥱2
အမ်းမြို့နယ်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ဌာနချုပ်အတွင်းမှ နေရာအများစု (နပခဌာနချုပ်ဂွင်တစ်ခုသာကျန်) နှင့် အမ်းလေဆိပ်တို့အား အာရက္ခတပ်တော်မှ အပြီးသတ်သိမ်းပိုက်ပြီးနောက် အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီ၏ အမ်း၊ ရုံးဌာနများရှေ့တွင် တွေ့ရသော အာရက္ခစစ်သည်တော်များ
1.1K👍167🥰37🏆27🍾17❤‍🔥13🤣12🙏10🔥8🤬5🎉5