အမ်းမြို့နယ်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) အား ထိုးစစ်ဆင်တိုက်ခိုက်နေစဉ်အတွင်း အာရက္ခတပ်တော်မှ သိမ်းပိုက်ထားပြီးဖြစ်သည့် အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီ၏ တပ်စခန်းများထဲမှ မှတ်တမ်းဓာတ်ပုံအချို့
❤874👍125🥰22🤣13🏆13🔥9👎6🙏6💯6❤🔥4🍾4
အာရက္ခ နှင့် ပလက်ဝဒေသစစ်ဆင်ရေး (၁) နှစ်ပြည့် သတင်းထုတ်ပြန်ချက်
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (၁၃) ရက်
၂၀၂၃ ခုနှစ် နိုဝင်ဘာလ (၁၃) ရက်နေ့မှစတင်၍ ဖြစ်ပွားလာခဲ့သော အာရက္ခဒေသအတွင်း တိုက်ပွဲများ မှာ ယနေ့ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (၁၃) ရက်နေ့သို့ရောက်သည့်တိုင်အောင် တိုက်ပွဲအရှိန်သည် လျော့ကျ သွားခြင်းမရှိဘဲ တိုက်ပွဲများမှာ နေ့စဉ်နှင့်အမျှ ဆက်လက်ပြင်းထန်လျက်ရှိပြီး တိုက်ပွဲကာလမှာ (၁) နှစ်တိတိ ပြည့်မြောက်ခဲ့ပြီးဖြစ်သည်။ ထိုးစစ်စတင်သည့်ရက်မှ တစ်နှစ်ပြည့်သည်အထိ တစ်ရက်မှ တိုက်ပွဲရပ်တန့်ခြင်း မရှိဟု ဆိုရလောက်သည်အထိ မိမိတို့၏ ရက်ဆက်ထိုးစစ်များ၊ မြို့သိမ်းတိုက်ပွဲများနှင့်အတူ ရန်သူ၏ ကြည်း၊ ရေ၊ လေ ခုခံစစ်၊ တန်ပြန်ထိုးစစ်များကြောင့် တိုက်ပွဲများမှာ အာရက္ခ နှင့် ပလက်ဝဒေသ တစ်ခွင်လုံး၌ ပြင်းထန်ခဲ့သည်။
အာရက္ခဒေသတစ်ခုလုံး အာရက္ခပြည်သူ့လက်ထဲသို့ အမြန်ဆုံးရောက်ရှိစေရေး၊ စစ်ကောင်စီတပ်ဖွဲ့ဝင် များ ကင်းစင်ရေး အစရှိသည့် ရည်မှန်းချက်များအတွက် ဖက်ဆစ်အကြမ်းဖက်စစ်ကောင်စီ၏ လက်ကျန် စခန်းများကို အာရက္ခတပ်တော်မှ တစ်ခုပြီးတစ်ခု ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်။ ထို့ကြောင့် အပြီးသတ် သိမ်းပိုက်ရန် လက်တစ်ကမ်းအလိုသို့ ရောက်ရှိနေပြီဖြစ်သော အမ်း၊ တောင်ကုတ်၊ ဂွ နှင့် မောင်တောမြို့များ၌ တိုက်ပွဲများ ဆက်လက်ပြင်းထန်လျက်ရှိသည်။ မောင်တောမြို့တွင်မူ မောင်တောမြို့တစ်ခုလုံးအား သိမ်းပိုက် ရယူထားနိုင်ပြီဟု ပြော၍ရသော်လည်း မြို့၏အပြင်စပ်၌ရှိသော နယ်ခြားစောင့် အမှတ် (၅)/နခခ(၅) စခန်း တစ်ခုသာကျန်ရှိနေပြီး အဆိုပါစခန်းအား မိမိတို့မှဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေဆဲဖြစ်သည်။
၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၂၇) ရက်နေ့တွင် ကိုးကန့်၊ တအာင်း၊ ရက္ခိုင် ပါဝင်သော ညီနောင်မဟာမိတ် (၃) ဖွဲ့တို့သည် ရှမ်းမြောက်တွင် "၁၀၂၇ စစ်ဆင်ရေး" ကို ဟန်ချက်ညီစတင်ခဲ့ကြသည်။ ထို့အတူ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) အဖွဲ့သည် “၁၁၁၁ စစ်ဆင်ရေး” အမည်ဖြင့် ကရင်နီ ဒေသအတွင်း၌ စစ်ဆင်ရေးကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၁) ရက်နေ့မှစတင်၍ အရှိန်အဟုန်မြှင့်ခဲ့သည်။
ဤကဲ့သို့သော စစ်ဆင်ရေးလှိုင်းလုံးကြားတွင် နွေဦးတော်လှန်ရေးထဲမှ ပေါက်ဖွားလာကြသော တော်လှန်ရေးအဖွဲ့အစည်းအချို့တို့သည် အတူပူးတွဲပါဝင်ကြသကဲ့သို့ ၎င်းတို့၏ နယ်မြေ၊ ဒေသများ၌လည်း ဖက်ဆစ်အကြမ်းဖက်စစ်ကောင်စီ၏ စခန်းကြီး၊ စခန်းငယ်၊ ရဲစခန်းများ၊ ကာကင်းစခန်းများအပါအဝင် စစ်ကောင်စီ၏ စစ်ရေးအရအားနည်းသောနေရာများကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြသည်။
အထူးသဖြင့် စခန်းသိမ်းတိုက်ပွဲများမှတစ်ဆင့် မြို့သိမ်းတိုက်ပွဲအဆင့်သို့ တက်လှမ်းခဲ့ကြသော ထိုးစစ်ဆင်တိုက်ပွဲများဖြစ်ကြသည့်အလျောက် အကြမ်းဖက်စစ်ကောင်စီ၏ တပ်ရင်း၊ တပ်မ၊ ဗျူဟာ၊ စကခဌာနချုပ်၊ ဒကစဌာနချုပ်၊ တိုင်းစစ်ဌာနချုပ်များကို တော်လှန်ရေးလက်နက်ကိုင်အဖွဲ့အစည်းများမှ သိမ်းပိုက်ရယူနိုင်ခဲ့ကြသည်။ တနည်းဆိုသော် မိမိတို့အဖွဲ့အစည်းအသီးသီး၏ စစ်ရေးရည်မှန်းချက်များမှာ အတိုင်းအတာတစ်ခုအထိ အထမြောက် အောင်မြင်ခဲ့သည်ဟု ပြော၍ရသည်။
အာရက္ခ နှင့် ပလက်ဝဒေသများ၌ စစ်ဆင်ရေးစတင်သည်နှင့်တစ်ပြိုင်နက်တည်းတွင် မိမိတို့သည် နဂိုသတ်မှတ်ထားသော ရန်သူ့ပစ်မှတ်များကို မဟာဗျူဟာမြောက် အလစ်အငိုက် ထိုးစစ်ဆင် တိုက်ခိုက်နိုင်ခဲ့ပြီး ရန်သူ၏ အားနည်းချက်ကို အပြည့်အဝရယူနိုင်ခဲ့သောကြောင့် အချိန်တိုတိုအတွင်း ယခုကဲ့သို့ အောင်မြင်မှု ရယူနိုင်ခဲ့ခြင်းဖြစ်သည်။ အခြားတစ်ဖက်တွင် ကျယ်ပြန့်သော နိုင်ငံအနှံ့ စစ်မျက်နှာပြင်ထက်တွင် စစ်ကောင်စီအား ဘုံရန်သူအဖြစ်သတ်မှတ်ထားသော ဘုံရည်မှန်းချက်တူညီသည့် ဘဝတူ တော်လှန်ရေးအဖွဲ့အစည်းများမှ တစ်ပြိုင်နက်တည်း (သို့) ရှေ့ဆင့်နောက်ဆင့် ဟန်ချက်ညီ တိုက်ခိုက်နိုင်ခဲ့ကြသည်။ ယခုအချိန်အထိလည်း ပြောက်ကျားစစ်၊ ထိုးစစ်များနှင့် မြို့သိမ်းတိုက်ပွဲများမှာ မြန်မာနိုင်ငံအနှံ့ရှိနေဆဲဖြစ်သည်။
အာရက္ခ နှင့် ပလက်ဝဒေသများအတွင်း၌ အာရက္ခတပ်တော်၏ တစ်နှစ်တာကာလအတွင်း ထိုးစစ်များကို ဖော်ပြရသော်-
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၃) ရက်နေ့တွင် ရသေ့တောင်မြို့နယ်၊ ချိန်ခါလီနယ်ခြားစောင့်စခန်း အပါအဝင် ရန်သူ၏စစ်ရေးအရအရေးပါပြီး အားနည်းသည့် တပ်စခန်းများကို အာရက္ခတပ်တော်မှ ဗျူဟာမြောက်ထိုးစစ်ဆင်တိုက်ခိုက်မှုများနှင့်အတူ ရန်သူ့စခန်းများအား တစ်ခုပြီးတစ်ခု မရပ်မနားဆက်တိုက် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။ ထို့ကြောင့် ပလက်ဝဒေသ၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦး၊ ရသေ့တောင်၊ ဘူးသီးတောင်၊ ပုဏ္ဏားကျွန်း၊ ရမ်းဗြဲ၊ မြေပုံ၊ ပေါက်တော၊ သံတွဲ နှင့် ကျိန္တလီမြို့များရှိ ရန်သူ့စခန်းအားလုံးကို စစ်ဆင်ရေး (၁) နှစ် မပြည့်မီကာလအတွင်း သိမ်းပိုက်ထိန်းချုပ်ထားနိုင်ခဲ့ပြီးဖြစ်သည်။

❤668👍132🥰14🤣12❤🔥5🎉5👌4👎3🍾3🕊2💯1
အာရက္ခဒေသနှင့် နယ်မြေဆက်စပ်နေပြီး မိမိတို့အား ဆယ်စုနှစ်များစွာလက်နက်ကြီးများဖြင့် တောက်လျှောက်ခြိမ်းခြောက်နေခဲ့သည့်အပြင် တောက်လျှောက်ပစ်ခတ်တိုက်ခိုက်နေခဲ့သော ပလက်ဝဒေသ တစ်ခုလုံးရှိ စစ်ကောင်စီ၏ စခန်းများအားလုံးကို အာရက္ခတပ်တော်မှ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁၄) ရက်နေ့ တွင် စခန်းတစ်ခုမကျန် အပြီးသတ်သိမ်းပိုက်လိုက်နိုင်ပြီးနောက် ပလက်ဝဒေသသည် "စစ်ကောင်စီ ကင်းစင် သောနယ်မြေ” ဖြစ်လာခဲ့သည်။ ဆက်လက်၍ ရက္ခိုင်-ဘင်္ဂလာနယ်စပ် တစ်လျှောက်ရှိ ရန်သူ၏ အချက်အချာ ကျသော စခန်းကုန်းကြီးများ၊ တပ်စခန်းကြီး/ငယ်များနှင့် နယ်ခြားစောင့်တပ်စခန်းများအားလုံးကို မိမိတို့မှ စခန်းတစ်ခုပြီးတစ်ခု တိုက်ခိုက်သိမ်းပိုက်ရယူနိုင်ခဲ့သည်။
ထို့အတူ အာရက္ခဒေသစစ်ဆင်ရေး (၁) နှစ်ပြည့်ကာလအတွင်း မြို့သိမ်းတိုက်ပွဲ မှတ်တမ်းများအဖြစ်-
- ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁၄) ရက်နေ့တွင် ပလက်ဝဒေသတစ်ခုလုံးအား လည်းကောင်း၊
- ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁၉) ရက်နေ့တွင် ပေါက်တောမြို့အား လည်းကောင်း၊
- ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၃) ရက်နေ့တွင် ကျောက်တော်မြို့အား လည်းကောင်း၊
- ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၅) ရက်နေ့တွင် မြေပုံမြို့အား လည်းကောင်း၊
- ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၈) ရက်နေ့တွင် မြောက်ဦးမြို့အား လည်းကောင်း၊
- ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၆) ရက်နေ့တွင် မင်းပြားမြို့အား လည်းကောင်း၊
- ၂၀၂၄ ခုနှစ်၊ မတ်ချ်လ (၄) ရက်နေ့တွင် ပုဏ္ဏားကျွန်းမြို့အား လည်းကောင်း၊
- ၂၀၂၄ ခုနှစ်၊ မတ်ချ်လ (၁၁) ရက်နေ့တွင် ရမ်းဗြဲမြို့အား လည်းကောင်း၊
- ၂၀၂၄ ခုနှစ်၊ မတ်ချ်လ (၁၇) ရက်နေ့တွင် ရသေ့တောင်မြို့အား လည်းကောင်း၊
- ၂၀၂၄ ခုနှစ်၊ မေလ (၁၈) ရက်နေ့တွင် ဘူးသီးတောင်မြို့အား လည်းကောင်း၊
- ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၅) ရက်နေ့တွင် သံတွဲမြို့အား လည်းကောင်း အသီးသီး သိမ်းပိုက်ခဲ့ကြသည်။
အမ်းမြို့နယ် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ အကြမ်းဖက် ဖက်ဆစ်စစ်ကောင်စီ၏ တပ်စခန်းများထဲမှ စွေ့ချောင်းဗျူဟာ၊ တောဟိန်းတောင်ဗျူဟာ၊ မဲတောင်ဗျူဟာကုန်းကြီးများနှင့် ကာကင်းစခန်းများအပြင်-
၁။ ခမရ (၃၇၃)-အမှတ် (၃၇၃) ခြေမြန်တပ်ရင်း
၂။ အမတ (၃၇၄)-အမှတ် (၃၇၄) အမြောက်တပ်ရင်း
၃။ လလစ (၇၅၇)-အမှတ် (၇၅၇) လျှပ်စစ်အလုပ်ရုံတပ်ခွဲ
၄။ စနခ (၃၄၅)-အမှတ် (၃၄၅) စစ်လက်နက်ပစ္စည်းတပ်ခွဲ
၅။ တစသ (၈)- အမှတ် (၈) တိုက်ပွဲဝင်စည်းရုံးရေးသင်တန်းကျောင်း
၆။ တဆရ(၂/၃၀၀)-အမှတ်-၂ /ကုတင် ၃၀၀ တပ်မတော်စစ်ဆေးရုံ
၇။ လကရ-လေကြောင်းရန်ကာကွယ်ရေးတပ်
၈။ စရဖ-စစ်ဖက်ရေးရာလုံခြုံရေးတပ်တို့အား အာရက္ခတပ်တော်မှ သိမ်းပိုက်ရရှိထားပြီးဖြစ်သကဲ့သို့
ကျန်ရှိ နေသေးသောစခန်းများဖြစ်သည့် -
(၁) နပခ-အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်
(၂) ဆလအခွဲ (၉၄၆) - အမှတ် (၉၄၆) ဆောက်လုပ်ရေးအင်ဂျင်နီယာတပ်ခွဲ
(၃) ခမရ (၃၇၁) -အမှတ် (၃၇၁) ခြေမြန်တပ်ရင်း
(၄) ခမရ (၃၇၂) - အမှတ် (၃၇၂) ခြေမြန်တပ်ရင်း
(၅) လလစ (၇၅၇/၂) - အမှတ် (၇၅၇/၂) လျှပ်စစ်အလုပ်ရုံတပ်ခွဲ
(၆) ထပခ (၉၂၆) - အမှတ် (၉၂၆) ထောက်ပံ့နှင့်ပို့ဆောင်ရေးတပ်ခွဲ
(၇) ဆသလ (၉) - အမှတ် (၉) ဆက်သွယ်ရေးလုံခြုံမှုတပ်ရင်း
(၈) အဆရ (၈) - အမှတ် (၈) အဆင့်မြင့်ဆက်သွယ်ရေးတပ်ရင်း
(၉) တထခ (၁၀) - အမှတ် (၁၀) တပ်ထိန်းတပ်ခွဲ
(၁၀) စအရ (၉၁၉) - အမှတ် (၉၁၉) စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းများကို ထိုးစစ်ဆင်တိုက်ခိုက်လျက် ရှိသည့်နည်းတူ မိမိတို့သိမ်းပိုက်ရရှိထားပြီးသောစခန်းများမှ ထွက်ပြေးလွတ်မြောက်နေသော စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို လိုက်လံချေမှုန်းတိုက်ခိုက်လျက်ရှိသောကြောင့် အမ်း၊ နပခဌာနချုပ်ရှိရာ ပတ်ဝန်းကျင်၌ တိုက်ပွဲများ ဆက်လက်ပြင်းထန်နေခဲ့သည်။
အာရက္ခတပ်တော်မှ အလုံးစုံသိမ်းပိုက်ရရှိထားသည့် မြို့များတွင် တော်လှန်ရေးလောကဓံကို ကြံ့ကြံ့ခံ ရင်ဆိုင်နေကြသည့် အာရက္ခပြည်သူများ၏ လူမှုစားဝတ်နေထိုင်ရေးဖူလုံရေးနှင့် ပြည်သူ့ဝန်ဆောင်ရေး လုပ်ငန်းများကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအနေဖြင့် မပြီးပြတ်သေးသော ထိုးစစ်များကို ဆက်လက် ဆင်နွှဲရင်း တစ်ပြိုင်နက်တည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိနေသောကြောင့် လိုအပ်ချက်များရှိနေဆဲဖြစ်သည်။ ဤသည်ကို မိမိတို့အဖွဲ့အစည်းအနေဖြင့် ကောင်းစွာသိရှိနားလည်ပြီး လိုအပ်သည်များကို အနှေးနှင့်အမြန် ဖြည့်ဆည်းပေးသွားမည်ဖြစ်ပါသည်။
အာရက္ခဒေသနေ ပြည်သူလူထုနှင့် အာရက္ခတပ်တော်၏ အဓိက ရည်မှန်းချက်တစ်ခုဖြစ်သော အာရက္ခဒေသတွင်းရှိ “စစ်ကောင်စီတပ်ဖွဲ့များအားလုံး အလုံးစုံချုပ်ငြိမ်းစေရေး” ကို မိမိတို့သည် ဆက်လက် အကောင်အထည်ဖော်လျက်ရှိသည်။ တစ်နှစ်တာစစ်ဆင်ရေးကာလအတွင်း စခန်းသိမ်း၊ မြို့သိမ်းတိုက်ပွဲများ အတွင်း အသက်ပေးဆပ်စွန့်လွှတ်ခဲ့ကြသော အာရက္ခတပ်တော်နှင့် မိတ်ဖက်အဖွဲ့အစည်းအချို့မှ သတ္တိ ပြောင်မြောက်သော စစ်သည်တော်များ၊ ကိုယ်လက်အင်္ဂါပေးဆပ်ခဲ့ကြသော စစ်သည်တော်များနှင့် စစ်ဆင်ရေး ကို ပုံစံတစ်မျိုးမျိုးဖြင့် အထောက်အပံ့ဖြစ်စေသော ကျန်းမာရေးဝန်ထမ်းများအပါအဝင် သက်ဆိုင်သော သူများ အားလုံးကို မိမိတို့အဖွဲ့အစည်းမှ အလေးအနက်မှတ်တမ်းတင်ဂုဏ်ပြုပါသည်။

❤786👍193🤣16🎉8🕊6💯6❤🔥5⚡3🙏3🥰2😁1
ထို့အတူ ရက္ခိုင်အမျိုးသားလှုပ်ရှားမှု၊ အာရက္ခပြည်သူ့တော်လှန်ရေးကာလအတွင်း အဘက်ဘက်မှ ပုံစံအမျိုးမျိုးဖြင့် ပူးပေါင်းပါဝင်ခဲ့ကြသော အာရက္ခဒေသနေပြည်သူများ၊ မိမိတို့ အဖွဲ့အစည်းနှင့် မိမိတို့လူမျိုးကို အားပေးထောက်ခံကြသော ပြည်သူများ၊ မဟာမိတ်အဖွဲ့အစည်းများ၊ မိတ်ဖက်အဖွဲ့အစည်းအချို့နှင့် ကျေးဇူး တင်ထိုက်သော သူများအားလုံးကိုလည်း လေးနက်စွာ ကျေးဇူးအထူးတင်ရှိအပ်ပါသည်။
သတင်းနှင့်ပြန်ကြားရေး
အာရက္ခတပ်တော်
သတင်းနှင့်ပြန်ကြားရေး
အာရက္ခတပ်တော်
❤893👍118🥰45🤣15❤🔥10🎉6🤩3😁2🥱2🔥1
၁၉/၁၁
KIA ဌာနချုပ်နယ်မြီအတွင်းဟိ ဝေကြိုင်ဘွမ်၊ ဗိုလ်သင်တန်းကျောင်း၌ စစ်ပညာသင်ယူနီကတ်သော အာရက္ခတပ်တော်မှ ဗိုလ်လောင်း (၈) ဦးနန့် အခြားသောတိုင်းရင်းသားတော်လှန်ရီးလက်နက်ကိုင် အဖွဲ့အစည်းအချို့မှ ဗိုလ်လောင်းများအပါအဝင် စုစုပေါင်းဗိုလ်လောင်း (၂၃) ဦးရို့သည် ၂၀၁၄ ခုနှစ်၊ နိုဗမ်ဘာလ (၁၉) ရက်နိတွင် အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့် အလစ်အငိုက်အကောက်ကြံ ပစ်ခတ်တိုက်ခိုက်ခမှုကြောင့် အဆိုပါ KIA ဗိုလ်သင်တန်းကျောင်းဝင်းတနီရာ၌ တပြိုင်နက်တည်း အသက်ကြွီလွင့်ခရသည်။
ဂနိ ၂၀၂၄ ခုနှစ်၊ နိုဗမ်ဘာလ (၁၉) ရက်နိဆိုလျှင် အဆိုပါ ဗိုလ်လောင်းများ တိုင်းပြည်နန့် လူမျိုးအတွက် တာဝန်ထမ်းဆောင်ယင်း အသက်ပီးဆပ်ခရသည်မာ (၁၀) နှစ်တင်းတင်းပြည့်မြောက်ခဗျာယ်ဖြစ်သည်။ အာရက္ခတပ်တော် အနီဖြင့် နိုဗမ်ဘာလ (၁၉) ရက်နိကို ရောက်တိုင်း အဆိုပါ ဗိုလ်လောင်းများအတွက် ဝမ်းနည်းအောက်မိဖွယ် အထိမ်းအမှတ် အခမ်းအနားကို စစ်ရီး၊ နိုင်ငံရီး အခြေအနီပေါ်မူတည်၍ပြုလုပ်ခြင်း၊ ဗိုလ်လောင်းများလဲလျောင်းရာ အာဇာနည်ကုန်းတွင် လွမ်းသူ့ပန်းခွေများချကာ ဂါရဝပြုခြင်း၊ တပ်စခန်းများတွင် အောင်လံတဝက်လွှင့်ခြင်းများကို နှစ်စဉ်နှစ်တိုင်းပြုလုပ်ခသည်။
ဂနိ (၁၀) နှစ်ပြည့်နိတွင်လည်း စစ်ရီးအခြေအနီအရ ကျဆုံးဗိုလ်လောင်းများအတွက် ဝမ်းနည်းအောက်မိဖွယ် အထိမ်းအမှတ် အခမ်းအနားကို အကျဉ်းချုပ်မျှသာ ပြုလုပ်နိုင်ခသည်။ အာရက္ခတပ်တော်အနီဖြင့် နိုဗမ်ဘာလ (၁၉) ရက်နိကို ဇာခါလေ့သင့် မိလိမ့်မည်မဟုတ်ပေ။ ထို့အပြင် အဆိုပါ ဗိုလ်လောင်းများ၏ တိုင်းပြည်နန့် လူမျိုးအတွက် အသက်ပီးဆပ်ခမှုများကိုလေ့ အမြဲတမ်း သတိရနီကတ်မည်ဖြစ်သည်။
၂၀၂၄ ခုနှစ်၊ နိုဗမ်ဘာလ (၁၉) ရက်
#19/11

😢1.36K👍192❤109🙏73🕊64😁41💔41👎10🥰7❤🔥4🔥3
အာရက္ခရေပိုင်နက်အတွင်းသို့ ကျူးကျော်ဝင်ရောက် ငါးခိုးဖမ်းခဲ့သော ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ရေလုပ်သား (၂၀) ဦးအား လိုအပ်သောခေါ်ယူစစ်ဆေးမှုများပြုလုပ်ပြီးနောက် ငါးခိုးဖမ်းသမားများအား ပြန်လည်လွှဲပြောင်းအပ်နှံခြင်းဆိုင်ရာ သတင်းထုတ်ပြန်ချက်
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (၂၀) ရက်
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (၅) ရက်နေ့တွင် အာရက္ခရေပိုင်နက်အတွင်းသို့ ကျူးကျော်ဝင်ရောက်ကာ ငါးခိုးဖမ်းနေသော ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ ငါးဖမ်းလှေ အစီး (၆၀) ခန့်ကို အာရက္ခတပ်တော်၊ ကမ်းခြေစောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ တွေ့ရှိခဲ့သဖြင့် ခေါ်ယူဖမ်းဆီးခဲ့ရာ ငါးဖမ်းလှေ (၁၅) စီး (စက်တပ်၍ ၂ စီး၊ စက်မပါဘဲ ၁၃ စီး) နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ရေလုပ်သား (၂၀) ဦးကို ဖမ်းဆီးရမိခဲ့သည်။ ၎င်းဘင်္ဂလားဒေ့ရှ်နိုင်ငံသား ရေလုပ်သား (၂၀) ဦးကို မိမိတို့ဘက်မှ (၂) ရက်ကြာ ထိန်းသိမ်းထားခဲ့သည်။ လိုအပ်သော စစ်ဆေးမေးမြန်းမှုများကို ပြုလုပ်ခဲ့ပြီးနောက် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (၇) ရက်နေ့တွင် ဘင်္ဂလာဒေ့ရှ် နယ်ခြားစောင့်တပ် (BGB) လက်ထဲသို့ ကောင်းမွန်စွာ ပြန်လည်အပ်နှံခဲ့ပြီးဖြစ်ပါသည်။
မိမိတို့စစ်ဆေးမေးမြန်းချက်များအရ ၎င်းဘင်္ဂလားဒေ့ရှ်နိုင်ငံသား ရေလုပ်သား ငါးခိုးဖမ်းနေကြသော သူများမှာ ဆင်းရဲနွမ်းပါးသူများဖြစ်ပြီး မိသားစုစားဝတ်နေရေးအကျပ်အတည်းများကို ငါးဖမ်းခြင်းဖြင့် အသက်မွေးဝမ်းကျောင်းပြုကာ ဖြေရှင်းနေကြသူများဖြစ်ကြောင်း သိရှိရသည်။ သို့သော်လည်း နောက်နောင် အာရက္ခပိုင်နက်ထဲသို့ ကျူးကျော်ဝင်ရောက်ပြီး ငါးဖမ်းခြင်းများမပြုလုပ်ရန် ခံဝန်ကတိလက်မှတ်ထိုးပြီးမှ လွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်သည်။
အခြားတစ်ဖက်တွင် မိမိတို့ အာရက္ခတပ်တော် အနေဖြင့် အကြိမ်ကြိမ် ငါးခိုးဖမ်းနေကြသော ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ရေလုပ်သားများ၏ မိသားစုစားဝတ်နေရေး အကျပ်အတည်းများကို ထောက်ထားငဲ့ညှာမှုနှင့်အတူ သက်ညှာပေးခဲ့ခြင်းဖြစ်သည်။ ထို့အပြင် ဘင်္ဂလားဒေ့ရှ်အစိုးရနှင့် မိမိတို့အဖွဲ့အစည်းအကြားရှိ နှစ်ဖက်နယ်စပ်ရေးရာကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်မှု ယခင်ထက် ပိုမိုအားကောင်းလာစေရန် ရည်ရွယ်၍ မည်သည့်ပြစ်ဒဏ်မျှပေးခြင်းမရှိဘဲ ငါးခိုးဖမ်းသမားများကို ချက်ချင်းပြန်လွှတ်ပေးခဲ့သော်လည်း ငါးခိုးဖမ်းလှေများကိုမူ ယနေ့တွင်မှ ပြန်လည်ပေးအပ်နိုင်ခဲ့သည်။
ဤကဲ့သို့ ရက်အနည်းငယ်ကြန့်ကြာနေရခြင်းမှာ မောင်တောဒေသ၌ စစ်ရေးပြင်ထန်နေမှုများနှင့် ငါးဖမ်းလှေများထိန်းသိမ်းထားရာနေရာမှ ပြန်လည်ပေးအပ်မည့်နေရာသို့ ပို့ဆောင်ရာတွင် ဖက်ဆစ်အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်းရန်အန္တရာယ်ကို သတိထားနေရသောကြောင့် ပင်ဖြစ်သည်။
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (၂၀) ရက်နေ့တွင်မှ အဆိုပါ ငါးဖမ်းလှေ (၁၅) စီး (စက်တပ်၍ ၂ စီး၊ စက်မပါဘဲ ၁၃ စီး) ထဲမှ (၇) စီးကို ဘင်္ဂလာဒေ့ရှ် နယ်ခြားစောင့်တပ် (BGP) သို့ ပြန်လည်လွှဲပြောင်းပေးနိုင်ခဲ့ပါသည်။ ကျန်ငါးဖမ်းလှေ (၈) စီးကိုလည်း လုံခြုံရေး အာမခံချက်ရှိသောအချိန်တွင် ဆက်လက်လွှဲပြောင်းပေးအပ်သွားမည်ဖြစ်သည်။
နောင်နောက်များ၌ မိမိတို့ အာရက္ခရေပိုင်နက်အတွင်းသို့ ယခုကဲ့သို့ ကျူးကျော်၍ ငါးခိုးဖမ်းရန် ဝင်ရောက်လာမည်ဆိုပါက မည်သူ့ကိုမဆို မိမိတို့၏ တရားဥပဒေနှင့်အညီ စစ်ဆေး၊ အပြစ်ပေး အရေးယူသွားမည်ဖြစ်သည်။

👍1.29K❤201🥰44❤🔥35🤣16👎15😁14🍾11🍌8🔥4🤡1