တိုက်ပွဲသတင်းထုတ်ပြန်ကြေညာချက်

၂၀၂၂ ခုနှစ်၊ ဩဂုတ်လ (၃၁) ရက်

၂၀၂၂ ခုနှစ်၊ သြဂုတ်လ (၃၁) ရက်နေ့တွင် ရက္ခိုင်-ဘင်္ဂလာဒေ့ရှ် နယ်စပ်၊ မိုင်တိုင်အမှတ် (၄၀) အနီးရှိ စစ်ကောင်စီ၏ တပ်စခန်းတစ်ခုအား ရက္ခိုင့်တပ်တော်မှ အပြီးသတ်သိမ်းပိုက်ရယူနိုင်ခဲ့သည်။

အဆိုပါစခန်း ပတ်ဝန်းကျင်၌ တိုက်ပွဲများစတင်ဖြစ်ပွားနေခဲ့သည်မှာ သြဂုတ်လ (၂) ရက်နေ့ကတည်းကပင် ဖြစ်ပြီး အဆိုပါနေရာအပါအဝင် ပလက်ဝဒေသနှင့် အခြားနေရာများ၌ ရက်ဆက်တိုက်ပွဲများဖြစ်ပွားကာ ယခုဆိုလျှင်တစ်လနီးပါးအထိကြာမြင့်ခဲ့ပြီဖြစ်သည်။

နယ်စပ်မိုင်တိုင် အမှတ် (၃၇) မှ မိုင်တိုင် (၄၀) ပတ်ဝန်းကျင်အပြင် ဝေလာတောင်တန်းပေါ်၌ ရန်သူ့ဖက်မှ မိမိတို့အား ပိတ်ဆို့ဖြတ်တောက်ထားသည့်နည်းတူ မိမိတို့ဖက်မှလည်း ရန်သူ့စခန်းအချို့အား ၎င်းတို့နည်းတူ ပိတ်ဆို့ဖြတ်တောက်ထားသည့် အခင်းအကျင်းဖြစ်သည်။

ရန်သူသည် တစ်ရက်လျှင် လက်နက်ကြီး အရေအတွက် ခန့်မှန်း (၃၀၀/၄၀၀) အား ခမောင်းဆိပ်၊ မိုင်တိုင်အမှတ် (၃၄)၊ (၃၈)၊ နခခ (၇) ကြိမ်ချောင်းဗျူဟာ၊ မိုင်တိုင်အမှတ် (၃၈) နှင့် (၃၉) အကြားနေရာများ အပါအဝင် အနီးအနားရှိ ၎င်းတို့၏ တပ်စခန်းများမှ လက်နက်ကြီးများကို နေ့တိုင်းနီးပါး ပစ်ခတ် တိုက်ခိုက်နေသည့်အပြင် ယခုရက်များအတွင်း ရဟတ်ယာဉ်၊ ဂျက်တိုက်လေယာဉ်များဖြင့်ပါ ဗုံးကြဲ တိုက်ခိုက်နေသည့် ကြားမှ မိမိတို့ ရက္ခိုင့်တပ်တော်က,စစ်ကောင်စီ၏ မိုင်တိုင်အမှတ် (၄၀) အနီးရှိ အဆိုပါ အထိုင်ချ အခိုင်အမာစခန်း အား လက်တုံ့ပြန်သည့်အနေဖြင့် ယနေ့တွင် မိမိတို့မှ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး နံနက် (၉) နာရီ (၁၂) မိနစ်တွင် စခန်းတစ်ခုလုံးအား အပြီးသတ်သိမ်းပိုက် ရယူနိုင်ခဲ့သည်။ ဤစခန်းသည် ရက်ပေါင်းများစွာ အပြန်အလှန်တိုက်ပွဲဖြစ်ပွားနေသော နေရာများထဲမှ တစ်ခုဖြစ်သည်။

၂၀၂၂ ခုနှစ်၊ သြဂုတ်လ (၂၈) ရက်နေ့တွင် စစ်ကောင်စီသည် အပြစ်မဲ့ အာရက္ခပြည်သူများကို လက်နက်ကြီး များဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့သည့် ဖြစ်စဉ်တစ်ခုရှိခဲ့သည်။ ၎င်းနေ့တွင် စစ်ကောင်စီတပ်၏ စကခ (၉) လက်အောက်ခံ၊ မြောက်ဦးအခြေစိုက် ခမရ (၃၇၇)၊ ခမရ (၃၇၈)၊ ခမရ (၅၄၀) တို့အပြင် ၎င်းတို့တပ်စွဲ ထားသော တိမ်ညို၊ သင်းကျိုက်တောင်၊ လင်းမြီတောင် စသည့်နေရာများမှ မြောက်ဦးမြို့နယ် အတွင်းရှိ ကင်းဆိပ်၊ ဘူးရွက်မညှိုး၊ အောက်သကန်၊ ကူးတို၊ ချောင်းနား၊ လက္ကာ၊ ဝေသာလီ စသည့်ရွာများသို့ ရည်ရွယ်ချက်ရှိရှိ တမင်တကာ လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့သောကြောင့် အသက် (၅) နှစ်အရွယ် မောင်မြတ်သူလင်း အပါအဝင် ဦးလှအောင်သိန်း (အသက် ၃၈ နှစ်)၊ ဒေါ်အေးယဉ်နု (အသက် ၆၉ နှစ်) တို့ လက်နက်ကြီးကျည်ထိမှန်သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ (၉) ဦးအထိရှိခဲ့သည်။ ဤဖြစ်စဉ်အပေါ်ချက်ချင်း လက်တုံ့ပြန်သည့်အနေဖြင့် စစ်ကောင်စီ၏ မိုင်တိုင်အမှတ် (၄၀) စခန်းအား မိမိတို့မှ ယခုကဲ့သို့ တိုက်ခိုက် သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

မိုင်တိုင်အမှတ်(၄၀) တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များထဲမှ ပြင်းထန်ဒဏ်ရာရရှိပြီး လောလောဆယ် အသက်မသေသေးသော ဒုတပ်ကြပ် သက်ကိုဦး တစ်ယောက်မှလွဲ၍ “ရဲအုပ် စိုးစိုးပိုင်” အပါအဝင် စုစုပေါင်း (၁၉) ယောက်သေဆုံးခဲ့ပြီး လက်နက် ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းအမြောက်အမြားကို မိမိတို့မှ သိမ်းဆည်းရမိခဲ့သည်။ ယခင်ရက်များအတွင်း၌ ဤစခန်းအတွင်းမှ သေဆုံးသူများအား စခန်း အတွင်းမြှုပ်နှံထားသော အလောင်းအမြောက်အမြားကိုလည်းတွေ့ရှိရသည်။ မိမိတို့ဖက်မှလည်း ဤစခန်းသိမ်းတိုက်ပွဲအတွင်း အထိအခိုက်၊ အကျအဆုံး တချို့ရှိခဲ့သည်။

ယမန်နေ့ဖြစ်သော သြဂုတ်လ (၃၀) ရက်၊ ညနေ(၆) နာရီ (၃၈) မိနစ်တွင် ရသေ့တောင်မြို့နယ်၊ မညင်းတောင်ရွာအနောက်ဘက် ၊ မီတာ (၇၀၀) အကွာအဝေးရှိကားလမ်းမအနီး၌လည်း ထိတွေ့ တိုက်ခိုက်မှုရှိခဲ့သည်။ ရန်သူ့ဖက်မှ ထိခိုက်ဒဏ်ရာရသူတချိုရှိခဲ့ပြီး မိမိတို့ဖက်မှလည်း ဒဏ်ရာရရှိသူ အချို့ရှိခဲ့သည်။

ထိုအတူ သြဂုတ်လ( ၃၁) ရက်၊ နေ့လယ် (၂) နာရီ (၄၀) မိနစ်အချိန်၌လည်း ပလက်ဝမြို့နယ်၊ မြိတ်ဝကျေးရွာ၏ အနောက်ဖက် မီတာ (၅၀၀) ခန့်အကွာအဝေးတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီးရန်သူ့ဖက်မှ (၁၀) ဦး မျက်မြင်ကျဆုံးခဲ့သည်။ တိုက်ပွဲသည် ညနေ (၅) နာရီအထိနှစ်ဖက်အပြန်အလှန် တိုက်ခိုက်မှုများနှင့်အတူ ဆက်လက်ရှိနေခဲ့သည်။

အာရက္ခတိုင်းပြည်နှင့် လူမျိုးအတွက် အသက်ပေးဆပ်စွန့်လွှတ်ခဲ့ရသော အာရက္ခစစ်သည်တော်များ ၊ ထူးချွန်မြောင်မြောက်စွာတိုက်ပွဲဝင်ခဲ့သော အာရက္ခစစ်သည်တော်များကို မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။

နောက်ဆက်တွဲတိုက်ပွဲသတင်းများကို ဆက်လက်ဖော်ပြပေးသွားပါမည်။

သတင်းနှင့်ပြန်ကြားရေး
ရက္ခိုင့်တပ်တော်
113👍55🥰9👏6🔥4👎1
212👍90🥰11👏9🔥8🤩8😱7
Media is too big
VIEW IN TELEGRAM
အိန္ဒိယ-မြန်မာ နယ်စပ်တွင် စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့်ရမ်းသန်းပစ်ခတ်တိုက်ခိုက်ခြင်း၊ ဂျက်တိုက်လေယာဉ်များဖြင့်ဗုံးကြဲတိုက်ခိုက်ခြင်းများကြောင့် မြိတ်ဝ ရွာသူ၊ ရွာသားများ နယ်စပ်ဘက်ကို စစ်ဘေးရှောင်လာကြသောအခြေအနေ

၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ (၂) ရက်

Website Link: https://bit.ly/3Rylmmr
VK Link: https://vk.com/arakanarmyinfodesk
😢89👍3115👏5👎2
Media is too big
VIEW IN TELEGRAM
အိန္ဒိယ-မြန်မာ နယ်စပ်တွင် စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့်ရမ်းသန်းပစ်ခတ်တိုက်ခိုက်ခြင်း၊ ဂျက်တိုက်လေယာဉ်များဖြင့်ဗုံးကြဲတိုက်ခိုက်ခြင်းများကြောင့် မြိတ်ဝ ရွာသူ၊ ရွာသားများ အိန္ဒိယနိုင်ငံဘက်သို့ စစ်ဘေးရှောင်လာကြသောအခြေအနေ

Website Link: https://bit.ly/3RyITn1
VK Link: https://vk.com/arakanarmyinfodesk
😢76👍30🔥5
ထုတ်ပြန်ကြေညာချက်

အမှတ်၊ (၁၂/၂၀၂၂)
၁၃၈၄ ခုနှစ်၊ တော်သလင်းလဆန်း (၁၁) ရက်
၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ (၅) ရက်

Website Link: https://bit.ly/3KLYnSH
VK Link: https://vk.com/arakanarmyinfodesk
108👍67👏5😁2🙏1
တိုက်ပွဲသတင်းထုတ်ပြန်ချက်

၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ (၁၀) ရက်

၂၀၂၂ ခုနှစ်၊ ဩဂုတ်လ (၃၁) ရက်နေ့တွင် ရက္ခိုင်-ဘင်္ဂလားနယ်စပ်၊ မိုင်တိုင်အမှတ် (၄၀) အနီးရှိ စစ်ကောင်စီတပ်၏ တပ်စခန်းတစ်ခု ကို ရက္ခိုင့်တပ်တော်မှ အပြီးသတ်သိမ်းပိုက်ရယူနိုင်ခဲ့ပြီးနောက် စစ်ကောင်စီတပ်သည် ၎င်းစခန်းအားပြန်လည်ရယူရန်ကြိုးစားလျက် ရှိကြောင်းထုတ်ပြန်ခဲ့ပြီး စစ်အင်အားများတိုးချဲ့ကာ လေကြောင်းတိုက်ခိုက်မှုများ၊ လက်နက်ကြီးပစ်ကူများဖြင့် ၎င်းစခန်းအနီးတဝိုက် အပြင် တခြားရက္ခိုင်နှင့်ပလက်ဝရှိ နေရာများကိုပါ ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်နေခဲ့သည်မှာ တစ်ပတ်ကျော် ကြာမြင့်ခဲ့ပြီဖြစ်သည်။

ထိုသို့ စစ်ကောင်စီတပ်မှ လူအင်အားတိုးချဲ့ကာ လေကြောင်းတိုက်ခိုက်မှုများ၊ လက်နက်ကြီးပစ်ကူများဖြင့် အပြင်းအထန် ထိုးစစ်ဆင်နေချိန် ယနေ့ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ (၁၀) ရက်၊ နံနက် (၆)နာရီ (၁၇) မိနစ်ခန့်တွင် မိုင်တိုင်အမှတ် (၄၀) မှ ဝေးကွာသောနေရာဖြစ်သည့် မောင်တောမြို့နယ်၊ လောင်းဒုံ(မြို)ရွာ (ခ) ဂြိတ်ချောင်းကျေးရွာ၏ အရှေ့တောင်ဘက် (၃) ကီလိုမီတာခန့်အကွာ ဂုတ်ပီကျော်လမ်း(ပဲရွမ်းတောင်)ရှိ စစ်ကောင်စီတပ်၏ ခမရ (၃၅၂) တပ်ရင်း စခန်းကုန်းတစ်ခုကို ရက္ခိုင့်တပ်တော်မှ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ နံနက် (၇) နာရီ (၂၂) မိနစ်အချိန်၌ အဆိုပါ စခန်းကုန်းအား အောင်မြင်စွာ သိမ်းပိုက်ရရှိခဲ့သည်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖက်မှ အများအပြားသေဆုံးပြီး လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရမိကာ စစ်ကောင်စီတပ်သားအချို့ကိုလည်း သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့သည်။ စစ်ကောင်စီတပ်မှ ၎င်းစခန်းကုန်းနေရာအနီးတဝိုက်သို့ ရဟတ်ယာဉ်များ၊ ဂျက်တိုက်လေယာဉ်များဖြင့် တစ်နေကုန်လာရောက်တိုက်ခိုက်နေခဲ့သည်။

တိုက်ပွဲနောက်ဆက်တွဲ သတင်းများကို ဆက်လက်ထုတ်ပြန်သွားမည်ဖြစ်သည်။

သတင်းနှင့်ပြန်ကြားရေး
ရက္ခိုင့်တပ်တော်

Website Link: https://bit.ly/3DiNYfo
VK Link: https://vk.com/arakanarmyinfodesk
123👍95👏21
Media is too big
VIEW IN TELEGRAM
၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ (၁၀) ရက်၊ နံနက် (၇) နာရီ (၂၂) မိနစ်ခန့်တွင် မောင်တောမြို့နယ်၊ လောင်းဒုံ(မြို) ရွာ (ခ) ဂြိတ်ချောင်းကျေးရွာ၏ အရှေ့တောင်ဘက် (၃) ကီလိုမီတာခန့်အကွာ ဂုတ်ပီကျော်လမ်း (ပဲရွမ်းတောင်)ရှိ စစ်ကောင်စီတပ်၏ ခမရ (၃၅၂) တပ်ရင်း စခန်းကုန်းကို တိုက်ခိုက်သိမ်းပိုက်စဉ် စစ်ကောင်စီတပ်ထံမှ ရက္ခိုင့်တပ်တော် သိမ်းဆည်းရမိခဲ့သော လက်နက်ခဲယမ်းများနှင့် စစ်အသုံးအဆာင်ပစ္စည်းများ

၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ (၁၁) ရက်

Website Link: https://bit.ly/3RBXiPI
VK Link: https://vk.com/arakanarmyinfodesk
154👍60👏16
အရေးပေါ်ထုတ်ပြန်ကြေညာချက်

အမှတ်၊ (၁၃/၂၀၂၂)
၁၃၈၄ ခုနှစ်၊ တော်သလင်းလပြည့်ကျော် (၅) ရက်
၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ (၁၄) ရက်

Website Link: https://bit.ly/3LezxuH
VK Link: https://vk.com/arakanarmyinfodesk
145👍83🥰8👏7
ထုတ်ပြန်ကြေညာချက်

အမှတ်၊ (၁၄/၂၀၂၂)

၁၃၈၄ ခုနှစ်၊ တော်သလင်းလပြည့်ကျော် (၈) ရက်
၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ (၁၇) ရက်

Website Link: https://bit.ly/3LezxuH
VK Link: https://vk.com/arakanarmyinfodesk
112👍57😢11🕊7🥰5
👍38
တိုက်ပွဲသတင်းထုတ်ပြန်ချက်

၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ (၁၈) ရက်

ပလက်ဝမြို့နယ်၊ နှမဒါရွာ၏ တောင်ဘက်၊ အရှေ့မြောက်ဘက်နှင့်သူဌေးကုန်းရွာ အနောက်မြောက်ဘက် စသည့်နေရာ (၃) နေရာတို့တွင် မြန်မာစစ်တပ်သည် ရက္ခိုင့်တပ်တော်အား လေကြောင်း၊ လက်နက်ကြီးပစ်ကူများအပါအဝင် မြေပြင်၊ ဝေဟင်ပူးပေါင်း၍ ထိုးစစ်ဆင်တိုက်ခိုက် နေခဲ့သည်မှာ တစ်လနီးပါးကြာမြင့်ခဲ့ပြီဖြစ်သည်။

ရက္ခိုင့်တပ်တော်သည် ရက္ခိုင်၊ ပလက်ဝဒေသအတွင်းရှိ မြန်မာစစ်တပ်၏ အထိုင်ချတပ်စခန်းအချို့ နှင့် ၎င်းတို့၏ လှုပ်ရှားစစ်ကြောင်းအချို့အား ဖြတ်တောက်ပိတ်ဆို့ ဝိုင်းထားသောကြောင့် မြန်မာစစ်တပ်အနေဖြင့် ၎င်းတို့၏ အထိုင်ချတပ်စခန်းများ၊ လှုပ်ရှားစစ်ကြောင်းများ၏ ရိက္ခာ၊ ထောက်ပို့၊ ဒဏ်ရာရလူနာသယ်ယူပို့ဆောင်ရေးလမ်းကြောင်းများ ပွင့်နိုင်ရေးအတွက် အထူးကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ထို့ကြောင့် ၎င်းတို့ကို ပိတ်ဆို့ထားသော မိမိတို့၏ စစ်ကြောင်းများကို လေကြောင်း၊ လက်နက်ကြီးပစ်ကူများဖြင့် နေ့တိုင်းနီးပါး မရရအောင် အသည်းအသန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့်ကြားမှ ရက္ခိုင့်တပ်တော် တပ်ဖွဲ့ဝင်များသည် ရန်သူအား ဆက်လက်ပိတ်ဆို့ထားဆဲဖြစ်သည်။

ရက္ခိုင်-ဘင်္ဂလားနယ်စပ်ရှိ ရန်သူ၏ မိုင်တိုင်အမှတ် (၄၀) အနီးရှိစခန်းအား တစ်လနီးပါးကြာ ဖြတ်တောက် ပိတ်ဆို့လျက် ၂၀၂၂ ခုနှစ်၊ သြဂုတ် (၃၁) ရက်နေ့၌ ရက္ခိုင့်တပ်တော်မှ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီး ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ (၁၀) ရက်နေ့တွင် ခမရ (၃၅၂) တပ်ရင်း စခန်းကုန်းတစ်ခုကို ထပ်မံသိမ်းပိုက်နိုင်ခဲ့သည်။ ထို့အပြင် ရန်သူ၏ သံတောင်ဗျူဟာ စခန်းကုန်းကိုလည်း (၃) လကျော်ကြာ ဖြတ်တောက်ထားနိုင်ခဲ့ကာ ၎င်းသံတောင်ဗျူဟာ စခန်းကို ရက္ခိုင့်တပ်တော်မှ ယခုအချိန်တွင် သိမ်းပိုက်ထားနိုင်ခဲ့ပြီး ဖြစ်သည်။ ရန်သူသည် ၎င်းတို့၏ နယ်စပ်ရှိ စခန်း မြောက်မြားစွာကို စွန့်လွှတ်ထားရပြီးဖြစ်သည်။

မိမိတို့သည် ရန်သူ၏ နောက်ထပ်စခန်းအချို့ကိုလည်း ယခုနည်းတူဖြတ်တောက်ပိတ်ဆို့ထားဆဲ ဖြစ်သည်။ ထိုအထဲတွင် အိန္ဒိယ-ဘင်္ဂလာ-မြန်မာ သုံးနိုင်ငံနယ်စပ်အနီးရှိ "မြိတ်ဝ စခန်း"လည်း ပါဝင်သည်။

တစ်ပြိုင်နက်တည်းတွင် ပလက်ဝမြို့နယ်၊ နှမဒါရွာ၏ တောင်ဘက် (၂) ကီလိုမီတာခန့်အကွာရှိ မိမိတို့တပ်ဖွဲ့ဝင်များရှိရာနေရာသို့ မြန်မာစစ်တပ်သည် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်မှာ ယခုဆိုလျှင် တစ်လနီးပါးခန့်ကြာမြင့်ခဲ့ပြီး တိုက်ပွဲများမှာ ၎င်းပတ်ဝန်းကျင်၌ နေ့စဉ်ရက်ဆက် ဖြစ်ပွားနေခဲ့သည်။

၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ (၁၈) ရက်၊ နေ့လယ် (၁) နာရီ (၄၈) မိနစ်မှစ၍ နှမဒါရွာ၏တောင်ဘက် (၂) ကီလိုမီတာအကွာအဝေးရှိ မိမိတို့တပ်ဖွဲ့ဝင်များရှိရာနေရာသို့ ရန်သူသည် ဂျက်တိုက်လေယာဉ် (၃) စီး၊ စစ်ရဟတ်ယာဉ် (၂) စီးဖြင့် ညနေ (၃) နာရီခန့်အထိ တစ်လှည့်စီ လာရောက်ပစ်ခတ် တိုက်ခိုက်ခဲ့သည်။ ယနေ့ ရန်သူ့လေကြောင်းတိုက်ခိုက်မှုအတွင်း ဂျက်တိုက်လေယာဉ် (၃) စီးမှ ဗုံး၊ ရော့ကတ် (၁၁) ကြိမ်တိုင်တိုင် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး တစ်ပြိုင်နက်တည်း တောက်လျှောက် မရပ်မနားဘဲ မိနစ် (၃၀) ခန့်ကြာ ဆက်တိုက် အကြိမ်အများဆုံး တိုက်ခိုက်ခဲ့ခြင်းလည်း ဖြစ်သည်။ ထို့နောက် စစ်ရဟတ်ယာဉ် (၂) စီးဖြင့် နာရီဝက်ကျော်ခန့် တစ်လှည့်စီ လာရောက်ပစ်ခတ်တိုက်ခိုက် ခဲ့သည်။ ရန်သူ၏ မီးဝဗျူဟာနှင့် မြေပြင်မှ လက်နက်ကြီးပစ်ကူများမှာလည်း အဆိုပါနေရာသို့ တောက်လျှောက် ပစ်ခတ်တိုက်ခိုက်နေခဲ့သည်။ ထို့ကြောင့် မိမိတို့ဖက်မှ မီးဝဗျူဟာအား လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

ရန်သူသည် အဆိုပါနေရာအား ယနေ့ကဲ့သို့သော လက်နက်ကြီးပစ်ကူ၊ လေကြောင်းပစ်ကူများနှင့် အတူ မြေပြင်မှ ထိုးစစ်ဆင်တိုက်ခိုက်မှုကို (၇) ကြိမ်တိုင်တိုင်ပြုလုပ်ခဲ့ပြီးဖြစ်သော်လည်း ရက္ခိုင့်တပ်တော်တပ်ဖွဲ့ဝင်များသည် ပြောင်မြောက်သောသတ္တိ၊ ကြံ့ခိုင်သောတိုက်ပွဲစိတ်ဓာတ်၊ အမိန့်နာခံမှု၊ အတက်အဆုတ်ကောင်းကောင်းဖြင့် ရန်သူ့ထိုးစစ်ကို ဆက်လက်ကြံ့ကြံ့ခံ တိုက်ပွဲဝင်လျက်ရှိသည်။

အမိန့်နာခံမှုကောင်းကောင်းဖြင့် သတ္တိပြောင်မြောက်စွာတိုက်ပွဲဝင်နေကြသော အာရက္ခစစ်သည်တော်များအား လေးနက်စွာဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။

သတင်းနှင့်ပြန်ကြားရေး
ရက္ခိုင့်တပ်တော်

Website Link: https://bit.ly/3Uv4bEC
VK Link: https://vk.com/arakanarmyinfodesk
183👍82🏆14🙏12👏11😁8
151👍56🕊11🙏5😁3🤩2
Media is too big
VIEW IN TELEGRAM
စစ်ကောင်စီတပ်မှ ၎င်းတို့၏ တပ်ဖွဲ့ဝင်များအသက်အန္တရာယ်နှင့် ရင်ဆိုင်နေရချိန် ရဲဘော်ရဲဘက်စိတ်ကင်းမဲ့စွာဖြင့် စွန့်ပစ်ကာ သစ္စာဖောက်သောလုပ်ရပ်အပေါ် စစ်သုံ့ပန်းတစ်ဦးဖြစ်သူ တပ်ကြပ်အောင်အောင် (ကပအမ - တ/၂၁၈၃၄၂) ၏ ဖွင့်ဟပြောကြားချက်

Website Link: https://bit.ly/3BQ36yI
VK Link: https://vk.com/arakanarmyinfodesk
55👍39👌5
စစ်ကောင်စီတပ်၏ ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက်သေဆုံး၊ ဒဏ်ရာရ ၎င်းတို့၏ တပ်ဖွဲ့ဝင်များနှင့်ပတ်သက်သောသတင်းထုတ်ပြန်ချက်

၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ (၂၈) ရက်

ရက္ခိုင်နှင့်ပလက်ဝဒေသတို့တွင် ရက္ခိုင့်တပ်တော်နှင့်စစ်ကောင်စီတပ်တို့အကြားတိုက်ပွဲများမှာ ယခုလအတွင်းတစ်ရက်ထက်တစ်ရက် ပိုမိုပြင်းထန်လာနေပြီး တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖက်မှ အထိအခိုက် အကျအဆုံး များပြားခြင်း၊ စခန်းစွန့်ခွာရမှုများခြင်းနှင့်အတူ စစ်ကောင်စီတပ်၏ တပ်ဖွဲ့ဝင်များမှာ ဆက်လက်တာဝန်ထမ်းဆောင်လိုစိတ်မရှိတော့သဖြင့် ရက္ခိုင်၊ ပလက်ဝ စစ်မြေပြင်များ၌ ထွက်ပြေးမှု(တပ်ပြေးမှု)များမှာ တစ်ရက်ထက်တစ်ရက် ပိုမိုများပြားလျက်ရှိသည်။ ထို့အတူ ဤကဲ့သို့ စစ်ကောင်စီတပ်မှ တပ်ပြေးမှုများမှာ တစ်နိုင်ငံလုံးနီးပါး၌ပင် ဖြစ်ပေါ်လျက်ရှိသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မိမိတို့ ရက္ခိုင်ပြည်သူ့အာဏာပိုင်အဖွဲ့ ၊ ရက္ခိုင့်တပ်တော်သို့ နီးစပ်ရာမှတစ်ဆင့် လက်နက် (သို့မဟုတ်) လက်နက်မပါဘဲ ဝင်ရောက်လာကြသူများနှင့် မိမိတို့မှ ဖမ်းဆီးရမိထားသော စစ်ကောင်စီတပ်ပြေးများမှာ ယခုအချိန်တွင် အရေအတွက် (၁၅၀) ကျော်အထိ ရှိခဲ့ပြီးဖြစ်သည်။ မိမိတို့အနေဖြင့် ၎င်းတို့ကို ကောင်းမွန်စွာ ထိန်းသိမ်းထားကာ ၎င်းတို့ထဲမှ အချို့ကို ၎င်းတို့သွားလိုသည့်နေရာသို့ အန္တရာယ်ကင်းစွာ ပို့ဆောင်ထားပြီးဖြစ်သည်။

၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ (၂၃) ရက်၊ ည (၁၁) နာရီတွင် စစ်ကောင်စီတပ်မှ ဂျက်တိုက်လေယာဉ် (၃) စီးဖြင့် နာရီဝက်ကြာ ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် မောင်တောမြို့နယ်အတွင်းရှိ လက်ပံတောင်ကြောပေါ် မှ မိမိတို့၏ အကျဉ်းထောင် (၂) ခုအား ထိမှန်ကာ ယင်းအကျဉ်းထောင်ရှိ စစ်ကောင်စီတပ်သား၊ နယ်ခြားစောင့်တပ်ဖွဲ့ဝင်နှင့် အခြားသောအကျဉ်းသားအချို့သေဆုံး၊ ဒဏ်ရာရရှိမှုများရှိခဲ့သည်။

စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိသွားခဲ့သော နယ်ခြားစောင့်ရဲတချို့နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ကို မိမိတို့မှ လူသားချင်းစာနာထောက်ထားကာ ဆေးကုသပေးထားသော်လည်း ဆေးဝါးအခက်အခဲတချို့ကြောင့် တချို့မှာ အသက်သေဆုံးသွားပြီး တချို့မှာဂျက်တိုက်လေယာဉ်မှ ဗုံးထိမှန်၍ရရှိသော ပြင်းထန်ဒဏ်ရာများကြောင့် ဆက်လက်အသက်ရှင်ရန် မျှော်လင့်ချက် နည်းနေသေးသည်။ ၎င်းတို့အသက်ရှင်ရေးအတွက် ၎င်းတို့၏သက်ဆိုင်ရာမိခင်အဖွဲ့အစည်းမှ တာဝန်ရှိပုဂ္ဂိုလ်များထံသို့ ၎င်းပြင်းထန်လူနာများကို အမြန်ဆုံးလာယူရန် အသိပေး အကြောင်းကြား ခဲ့ပြီးဖြစ်သည်။

သို့သော်လည်း စစ်ကောင်စီတပ်သည် တပ်ဖွဲဝင် စိတ်ဓါတ်၊ ရဲဘော်ရဲဘက်စိတ်ဓါတ် ကင်းမဲ့စွာဖြင့် လျစ်လျူရှုထားဆဲဖြစ်သည်။ ယခုအချိန်၌ အဆိုပါ ပြင်းထန်ဒဏ်ရာရသူများမှာ (၅) ရက် ကြာပြီဖြစ်သော်လည်း ၎င်းတို့၏ ရဲဘော်ရဲဘက်များ၏ အသက်ကို ကယ်တင်ရန် ၎င်းတို့၏ မိခင်အဖွဲ့အစည်းမှ ဆက်သွယ်လာခြင်းမရှိသေးသောကြောင့် ထပ်မံသေဆုံးသူ (၁) ဦးရှိခဲ့သည်။

ထို့ကြောင့် မြန်မာ့တပ်မတော်သားများအနေဖြင့် ၎င်းတို့ အသက်စွန့်၍ တာဝန်ထမ်းဆောင် ခဲ့ကြပါသော်လည်း ဒဏ်ရာရလျက် အသက် အန္တရာယ်နှင့် ရင်ဆိုင်ကြုံတွေ့နေရသည့်အချိန်တွင် မိခင်အဖွဲ့အစည်းမှ ၎င်းတို့၏ တပ်ဖွဲ့ဝင်များအပေါ်ရဲဘော်ရဲဘက်စိတ်ကင်းမဲ့စွာ စွန့်ပစ်သည့်လုပ်ရပ်မှာ မြန်မာ့တပ်မတော်ဟုခေါ်သော စစ်ကောင်စီမှ ၎င်းတို့တပ်ဖွဲဝင်များအပေါ်ထားသော သဘောထားအမှန်ပင်ဖြစ်သည်။ တနည်း မိမိရဲဘော်ရဲဖက်အပေါ် တာဝန်ယူမှုမရှိခြင်းပင်ဖြစ်သည်။

လက်ရှိတွင် အဆိုပါဒဏ်ရာရ နယ်ခြားစောင့်ရဲတချို့ နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ အသက်ဆက်လက်ရှင်သန်ရေးအတွက် မိမိတို့ ရက္ခိုင့်တပ်တော်မှ မိမိတို့တွင်ရှိသော ဆေးဝါးများဖြင့် အကောင်းဆုံးကြိုးစား ဆေးကုသပေးလျက်ရှိပါသည်။

တာဝန်ခံမှု၊ တာဝန်ယူမှုမရှိသော စစ်ကောင်စီတပ်(မြန်မာ့တပ်မတော်)ထဲတွင် ဆက်လက်တာဝန်ထမ်းဆောင်လိုစိတ်မရှိသော မြန်မာ့တပ်မတော်သားများအနေဖြင့် မိမိတို့နှင့် အနီးဆုံးနေရာသို့ အမြန်ဆုံးဆက်သွယ်နိုင်ပါသည်။

သတင်းနှင့် ပြန်ကြားရေး
ရက္ခိုင့်တပ်တော်

Website Link: https://bit.ly/3BQ36yI
VK Link: https://vk.com/arakanarmyinfodesk
👍10844😢10👎1
Media is too big
VIEW IN TELEGRAM
စစ်ကောင်စီတပ်မှ ၎င်းတို့၏ တပ်ဖွဲ့ဝင်များ အသက်အန္တရာယ်နှင့်ရင်ဆိုင်နေရချိန် ရဲဘော်ရဲဘက်စိတ်ကင်းမဲ့စွာဖြင့် စွန့်ပစ်ကာ သစ္စာဖောက်သောလုပ်ရပ်အပေါ် စစ်အကျဉ်းသားတစ်ဦးဖြစ်သူ တပ်သားမြင့်ဆွေ(ကပအမ - လ/၄၀၄၁၉) ၏ ဖွင့်ဟပြောကြားချက်

Website Link: https://bit.ly/3BQ36yI
VK Link: https://vk.com/arakanarmyinfodesk
👍11953👌6🔥4👎3🎉3👏2😢1
Media is too big
VIEW IN TELEGRAM
၂၀၁၉ - ၂၀၂၀ ခုနှစ်အတွင်း ရက္ခိုင်၊ ပလက်ဝဒေသများတွင်ဖြစ်ပွားခဲ့သော တိုက်ပွဲကာလများအတွင်းတွင်လည်း စစ်ကောင်စီတပ်သည် ၎င်းတို့၏ တပ်ဖွဲ့ဝင်များအပေါ် အသက်အန္တရာယ်နှင့်ရင်ဆိုင်နေရချိန် ရဲဘော်ရဲဘက်စိတ်ကင်းမဲ့စွာဖြင့် စွန့်ပစ်ကာ သစ္စာဖောက်ခဲ့သော လုပ်ရပ်အား ယင်းကာလ၌ သုံ့ပန်းတစ်ချို့၏ ဖွင့်ဟပြောကြားခဲ့မှုများ

အပိုင်း (၁)

Website Link: https://bit.ly/3e1hTys
VK Link: https://vk.com/arakanarmyinfodesk
👍9021😁3🤔1