အခြေခံစားသောက်ကုန်ပစ္စည်းများဝယ်၍ပြန်လာသော အရပ်သားကားတစ်စီးအား ARSA မူဆလင်အကြမ်းဖက်လက်နက်ကိုင်တပ်ဖွဲ့များမှ လမ်းတစ်လျှောက် အဆင့်ဆင့်အကြမ်းဖက် ပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သားအမျိုးသမီး (၁) ဦးသေဆုံးခဲ့ပြီး (၄) ဦး ဒဏ်ရာရရှိ
၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၇) ရက်
၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၆) ရက် ၊ ညနေ (၄) နာရီ (၁၅) မိနစ်အချိန်တွင် မောင်တောမြို့၊ တောင်ပြိုမှ အခြေခံစားသောက်ကုန်ပစ္စည်းများဝယ်၍ ပြန်လာသော ကားမောင်းသူ နှင့် အရပ်သား (၆) ဦးပါ တေဘာကားတစ်စီးအား ARSA မူဆလင်အကြမ်းဖက် လက်နက်ကိုင်တပ်ဖွဲ့များမှ လမ်းတစ်လျှောက် အဆင့်ဆင့် ခြုံခိုပစ်ခတ်တိုက်ခိုက်ခဲ့သည်။
ထိုသို့အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်မှုကြောင့် မောင်တောမြို့၊ အောင်မင်္ဂလာကျေးရွာမှ အသက် (၃၈) နှစ်အရွယ် ဒေါ်ဆန်းဆန်းဦးမှာ ဝဲဖက်နားထင်အား ကျည်ထိမှန်၍ သေဆုံးခဲ့ရပြီး အခြား (၄) ဦးမှာလည်း လက်နက်ငယ်ဒဏ်ရာများရရှိခဲ့ကြသည်။ လောလောဆယ်တွင် ဝမ်းဗိုက်တွင် ပြင်းထန် ဒဏ်ရာ ရရှိသူ (၁) ဦး နှင့် ဦးခေါင်းတွင် ပြင်းထန်ဒဏ်ရာရရှိသူ (၁) ဦးတို့အား အာရက္ခပြည်သူ့ကျန်းမာရေးဌာနမှ ဆေးကုသပေးလျက်ရှိသည်။
တစ်ပြိုင်နက်တည်းတွင် အပြစ်မဲ့အရပ်သားပြည်သူများအား အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်သွားခဲ့သော ARSA မူဆလင် အကြမ်းဖက်လက်နက်ကိုင်တပ်ဖွဲ့ဝင်များအား အာရက္ခတပ်တော်မှ လိုက်လံရှင်းလင်းလျက်ရှိသည်။
သတင်းနှင့်ပြန်ကြားရေး
အာရက္ခတပ်တော်

😢668🤬171👍122❤43🤣30🙏23👏5❤🔥4👎4👌2🌭1
အာရက္ခပြည်သူ့လုံခြုံရေး DLEPS တပ်ဖွဲ့ဝင်များ၊ အာရက္ခတပ်တော် တပ်ဖွဲ့ဝင်များနှင့်၊ ဒေသခံပြည်သူများ စုပေါင်း၍ ပျောက်ဆုံးနေသော အပြစ်မဲ့အရပ်သား (၄) ဦးအား ရှာဖွေလျက်ရှိပြီး ARSA , RSO မူဆလင်နက်ကိုင်တပ်ဖွဲ့များအား လိုက်လံရှင်းလင်းလျက်ရှိ
၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၇) ရက်
အာရက္ခဒေသ၊ မောင်တောမြို့နယ်၊ ကိုင်းကြီး မြိုရွာမှ ဦးဆိုင်ဝင်း (၄၅) နှစ်၊ ၎င်း၏သားများ ဖြစ်ကြသော မောင်လင်ကြီး (၁၅) နှစ်၊ မောင်အာမွန်း (၁၂) နှစ်နှင့် ၎င်း၏ တူဖြစ်သူ မောင်ဒီကော် (၁၄) နှစ်တို့သည် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၃၀) ရက်နေ့တွင် မေယုတောင်ခြေရင်း၌ရှိသော လက်ဝဲချောင်း(ဒေသအခေါ်) သို့ ငါးရှာရန်သွားရောက်စဉ်အတွင်း ARSA မူဆလင်အကြမ်းဖက်လက်နက်ကိုင်များမှ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရှိရသောကြောင့် အာရက္ခပြည်သူ့လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးဌာန (Department of Law Enforcement and Public Security- DLEPS) တပ်ဖွဲ့ဝင်များ၊ အာရက္ခတပ်တော် တပ်ဖွဲ့ဝင်များ နှင့် ဒေသခံပြည်သူများမှ စုပေါင်း၍ ပျောက်ဆုံးနေသောသူများကို ရှာဖွေလျက်ရှိပါသည်။
၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၆) ရက်နေ့၊ ညနေ (၃) နာရီ (၄၉) မိနစ်အချိန် တွင် ဘူးသီးတောင်မြို့နယ်၊ ရွှေထား(မူဆလင်) ရွာ၏ အနောက်ဘက် (၄.၉) ကီလိုမီတာ အကွာအဝေး၌ ARSA မူဆလင် အကြမ်းဖက် လက်နက်ကိုင်များ စခန်းချနေထိုင်နေသာ တပ်စခန်းတစ်ခုအား မိမိတို့မှ တိုက်ခိုက်ခဲ့ပြီး မီးရှို့ဖျက်ဆီးနိုင်ခဲ့သည်။
အဆိုပါ ARSA စခန်းအား သိမ်းပိုက်ရရှိခဲ့ပြီး လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းအချို့နှင့် ၎င်းတို့ထောင်ထားခဲ့သော စွန့်လွှတ်မိုင်းအချို့တိုကို သိမ်းဆည်းရမိခဲ့သည်။ မိမိတို့အနေဖြင့်လည်း ၎င်းစခန်းမှ ထွက်ပြေးလွတ်မြောက်နေသော ARSA တပ်ဖွဲ့ဝင်များကို ဆက်လက်၍ လိုက်လံရှင်းလင်းလျက်ရှိသည်။
အာရက္ခဒေသ၊ မောင်တောမြို့နယ်အတွင်း နယ်မြေလုံခြုံရေးအတွက် ကင်းလှည့်နေကြသော အာရက္ခတပ်တော်မှ တပ်ဖွဲ့ဝင်များနှင့် RSO မူလဆင်အကြမ်းဖက်လက်နက်ကိုင်တပ်ဖွဲ့ဝင်အချို့တို့သည် ယခင် ဖက်ဆစ်အကြမ်းဖက် စစ်ကောင်စီ၏ စခန်းဟောင်းဖြစ်ပြီး လက်ရှိအချိန်တွင်အာရက္ခတပ်တော်မှ သိမ်းပိုက်ရရှိထားသော "လိပ်ရစခန်း" အနီး၌ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၆) ရက်၊ နေ့လယ် (၁၂) နာရီ (၅၅) မိနစ် အချိန်တွင် မိနစ်အနည်းငယ်ကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။
RSO မူဆလင်အကြမ်းဖက်လက်နက်ကိုင်တပ်ဖွဲ့ဝင်များသည် လိပ်ရစခန်းအနီးတွင် စခန်းချနေထိုင်ခဲ့ကြပြီး မိမိတို့နှင့် မိနစ်အနည်းငယ်ခန့် ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးနောက် ၎င်းတို့ထံမှ -
(၁) MA-2 (၁) လက်
(၂) G3 (၂) လက်
(၃) ကြောပိုးအိတ် (၁၂) လုံး နှင့် စစ်အသုံးအဆောင်ပစ္စည်းအချို့ကို သိမ်းဆည်းရမိခဲ့သည်။
ARSA ၊ RSO တို့ကိုင်ဆောင်ထားသော လက်နက်ခဲယမ်းအများစုမှာ ဖက်ဆစ်အကြမ်းဖက် စစ်ကောင်စီ၏ ကပစ စက်ရုံထုတ် လက်နက်များဖြစ်ပြီး စစ်ကောင်စီကိုယ်တိုင် တပ်ဆင်ပေးထားသော လက်နက်များ၊ နင်းမိုင်း၊ မြေမြှုပ်မိုင်း၊ စွန့်လွှတ်မိုင်းများဖြစ်ကြသည်။
ARSA, RSO မူလဆင်အကြမ်းဖက်လက်နက်ကိုင်တပ်ဖွဲ့များသည် ယခုရက်များအတွင်း အကြမ်းဖက်လုပ်ရပ်များကို ခပ်စိပ်စိပ်ပြုလုပ်လာသောကြောင့် မိဘပြည်သူများအနေဖြင့် အကြမ်းဖက်လုံခြုံရေးဆိုင်ရာ သတိအပြည့်ဖြင့်နေထိုင်ကြရန်၊ မသွားမဖြစ်သွားလာရမည့်ခရီးများတွင် လုံခြုံရေးသတိအပြည့်ဖြင့် စောင့်ကြည့်ကြရန် သတိပေးတိုက်တွန်းလိုက်ပါသည်။

❤654👍241🙏15🥰14🤣14👎11😢7👏5❤🔥3⚡2🌚2
အာရက္ခဒေသအတွင်း တိုက်ပွဲသတင်းများ
၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၇) ရက်
အာရက္ခတပ်တော်သည် အာရက္ခဒေသအတွင်း၌ မိမိတို့သိမ်းပိုက်ရန်ကျန်ရှိနေသေးသော ဖက်ဆစ်အကြမ်းဖက် စစ်ကောင်စီ၏ တပ်စခန်းများအားလုံးကို တစ်ခုမကျန်ဆက်လက်သိမ်းပိုက်ရယူရန်အတွက် ကြိုးပမ်းလျက် ရှိသောကြောင့် မောင်တော၊ ကျိန္တလီ နှင့် အမ်းစသည့်ဒေသများအတွင်း၌ တိုက်ပွဲများမှာ ဆက်လက်ဖြစ်ပွားလျက်ရှိသည်။
မောင်တောမြို့သိမ်းတိုက်ပွဲ၏ တစ်ခုတည်းသောစခန်းဖြစ်သည့် ဖက်ဆစ်အကြမ်းဖက် စစ်ကောင်စီ၏ နခခ (၅) စခန်းအား အပြီးသတ်သိမ်းပိုက်ရယူရေးအတွက် ဆက်လက်ဆောင်ရွက်လျက်ရှိသည်။ တစ်ပြိုင်နက်တည်းတွင် ARSA၊ RSO မူဆလင်အကြမ်းဖက် လက်နက်ကိုင်အဖွဲ့အစည်းများ၏ မောင်တော၊ ဘူးသီးတောင်ဒေသများ၌ အတင့်ရဲစွာ ပြုလုပ်လျက်ရှိသောအကြမ်းဖက် လုပ်ငန်းများကို တိုက်ဖျက်ဆောင်ရွက်လျက်ရှိသည်။
ကျိန္တလီဒေသအတွင်း၌လည်း တိုက်ပွဲများဆက်လက်ပြင်းထန်လျက်ရှိသည်မှာ တစ်ပတ်ခန့်ကြာမြင့်ခဲ့ပြီးဖြစ်သည်။ ရန်သူသည် ကျိန္တလီပတ်ဝန်းကျင်၌လည်း ကြည်း၊ ရေ၊ လေ ခုခံနေသည့်ကြားမှ စစ်ရေးအရများစွာရှုံးနိမ့်နေသည့် အပြင် ကျိန္တလီချောင်းအား ဖြတ်သန်းတည်ဆောက်ထားသည့် ကုလားပြင်တံတားအား ၂၀၂၄ အောက်တိုဘာ (၇) ရက်၊ နံနက် (၂) နာရီ (၃၀) မိနစ်ခန့်အချိန်တွင် တံတားအလယ်အား ဖောက်ခွဲဖျက်ဆီးပြီး ဂွဖက်သို့ ဆုတ်ခွာ သွားခဲ့ပြီဖြစ်သည်။
အာရက္ခတပ်တော်မှ ကုလားပြင်တံတားထိပ်ရှိ ကိုင်းခုန်နှင့် ကံဂေါ်တောင် (ကံကော်တောင်)၌ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ၏ စခန်းများကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၆) ရက်နေ့တွင် သိမ်းပိုက်ရရှိခဲ့ပြီးနောက် ရန်သူသည် အဆိုပါတံတားအား ဖောက်ခွဲဖျက်ဆီးကာ ဆုတ်ခွာသွားခြင်းဖြစ်သည်။ မိမိတို့အနေဖြင့်လည်း ဆုတ်ခွာသွားသည့် ရန်သူများအား လိုက်လံချေမှုန်းတိုက်ခိုက်လျက်ရှိသည်။
အမ်းမြို့နယ်အတွင်း လက်ကျန်စခန်းများထဲမှ တစ်ခုဖြစ်သော မဲတောင်ဗျူဟာစခန်းတစ်ခုလုံးနှင့် ၎င်းအနီး ပတ်ဝန်းကျင်ရှိ ရန်သူ့စခန်းများအားလုံးကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၇) ရက်၊ ညနေ (၃) နာရီ (၅၀) မိနစ်တွင် အပြီးသတ်သိမ်းပိုက်ရယူနိုင်ခဲ့ပြီးဖြစ်သည်။ မဲတောင်ဗျုဟာကုန်း သည် အမ်း နပခ ဌာနချုပ်မှ အဖြောင့်တိုင်းလျှင် (၁၄) ကီလိုမီတာခန့်သာ ကွာဝေးသည်။
မဲတောင်ဗျူဟာကုန်းတွင် စစ်ကိုင်းတိုင်း၊ ကလေး၊ မော်လိုက်၊ ဟုမ္မလင်းအခြေစိုက် စကခ (၁၀) လက်အောက်ခံ တပ်ရင်းများဖြစ်ကြသော ခမရ (၃၆၂/၃၆၅/၃၆၉) တပ်ရင်းများ၊ အမ်း၊ နပခ ဌာနချုပ်လက်အောက်ခံ တပ်ရင်းအချို့ နှင့်စကခ (၅) လက်အောက်ခံ ခမရ (၃၄၆/ ၃၇၃/ ၃၇၂) တပ်ရင်းများ စုပေါင်းထားသော တပ်ရင်းများပါဝင်ပြီး မဲတောင် နှင့် အမ်းဌာနချုပ်ပတ်ဝန်းကျင်၌ လှုပ်ရှားကြသည်။ မဲတောင်ဗျုဟာ ကုန်းသိမ်းတိုက်ပွဲအတွင်းမှ ရန်သူ့ လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့သည်။
မဲတောင်ဗျူဟာစခန်းကုန်းနှင့် ၎င်းနှင့်ဆက်စပ်စခန်းကုန်းများအား အာရက္ခတပ်တော်မှ ဝိုင်းရံပိတ်ဆို့ ဖြတ်တောက်ထားသည်မှာ ကာလအတန်ကြာမြင့်ခဲ့ပြီးဖြစ်သည်။ အမ်းမြို့နယ်၊ ကျောက်စကွဲကျေးရွာ၏ အနောက်ဘက် မီတာ (၄၀၀) ခန့်အကွာအဝေး၌ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၂၆) ရက်နေ့၊ နံနက် (၁၁) နာရီ (၅၀) မိနစ်တွင် စတင်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် မဲတောင်ဗျူဟာကုန်း၏ စခန်းများအား တစ်ခုပြီးတစ်ခု သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။
စစ်ရေးအရ အရေးနိမ့်နေသော ဖက်ဆစ်အကြမ်းဖက်စစ်ကောင်စီသည် ရှုံးမဲမဲကာ အရပ်သားပြည်သူ လူထုများအား လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်ခြင်းကို ပြုလုပ်လျက်ရှိပြီး စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်ခြင်းများကို ဆက်တိုက်ပြုလုပ်လျက်ရှိသည်။
၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၇) ရက်နေ့၊ ည (၁၁) နာရီ (၁၀) မိနစ်ခန့်အချိန်တွင် တောင်ကုတ်၊ ရွာမမြို့အတွင်းသို့ ဖက်ဆစ် အကြမ်းဖက် စစ်ကောင်စီ၏ လေကြောင်းမှ လာရောက်ဗုံးကြဲတိုက်ခိုက်မှုကြောင့် လူနေအိမ်များပျက်စီးကာ အပြစ်မဲ့အရပ်သားပြည်သူအချို့ ထိခိုက်သေဆုံး၊ ဒဏ်ရာရရှိမှုများရှိခဲ့သည်။
ဖက်ဆစ်အကြမ်းဖက်စစ်ကောင်စီ၏ တောင်ကုတ်၊ စကခ (၅) လက်အောက်ခံတပ်ရင်းများဖြစ်ကြသော ခမရ (၃၄၆/၅၄၄) တပ်စခန်းများ နှင့် အခြားသော စခန်းများကိုလည်း ဝိုင်းရံပိတ်ဆို့ထားပြီး အပြီးသတ် သိမ်းပိုက်ရယူနိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

❤1K👍262🤣25👏22❤🔥14🏆12🔥9🥰9👎7🍌7😁4
လူပျောက်ရှာဖွေရန်ထွက်လာသော DLEPS ၏ အာရက္ခပြည်သူ့လုံခြုံရေးအထောက်အကူပြုအဖွဲ့မှ တပ်ဖွဲ့ဝင်များအား ARSA မူဆလင်အကြမ်းဖက်လက်နက်ကိုင်အဖွဲ့၏ ခြုံခိုတိုက်ခိုက်ခြင်းကိုခံရ၍ တစ်ဦးကျဆုံး၊ နှစ်ဦးဒဏ်ရာရ
၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၈) ရက်
၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၇) ရက်နေ့၊ နံနက် (၈) နာရီခန့်အချိန်တွင် အာရက္ခဒေသ၊ ဘူးသီးတောင်မြို့၊ အမှတ် (၂) ရပ်ကွက်၊ ရွာသစ်တွင်နေထိုင်ကြသော (ဘ) ဦးဖိုးမြစိန် - (မိ)ဒေါ်လှဝါဖြူ တို့၏သား ဦးစံရွှေမောင် (၆၇) နှစ် နှင့် (ဘ) မောင်သာပွင့် - (မိ) ဒေါ် စိန်မြညို ၏သား မောင်မြအောင် အသက် (၆၅) နှစ် တို့ နှစ်ဦးသည် အိမ်ဆောက်လုပ်ရန်အတွက် ဘူးသီးတောင်မြို့နယ် ဂုံးနားကျေးရွာဘက်သို့ ဝါးခုတ်ရန် ထွက်သွားခဲ့ကြသည်။
၎င်းတို့နှစ်ဦးသည် နေ့လယ်အချိန်အထိ အိမ်ပြန်မရောက်လာသဖြင့် ဘူးသီးတောင်မြို့နယ်၊ ရွာမကျေးရွာရှိ အာရက္ခပြည်သူ့လုံခြုံရေး အထောက်အကူပြုအဖွဲ့ထံသို့ အသိပေး အကြောင်းကြားလာသောကြောင့် မိမိတို့၏ လုံခြုံရေးတပ်ဖွဲ့ဝင် (၃) ဦးတို့သည် ပျောက်ဆုံးနေသူနှစ်ဦးအားရှာဖွေရန် နေ့လယ် (၁) နာရီ (၃၀) မိနစ်တွင် ထွက်လာခဲ့ကြသည်။
ထွက်လာ၍ (၅) မိနစ်အကြာ၊ နေ့လယ် (၁) နာရီ (၃၅) မိနစ်အချိန်တွင် ဘူးသီးတောင်မြို့နယ်၊ ဂုံးနားမူဆလင်ကျေးရွာ အဝင်ဝအနီးသို့ ရောက်ရှိချိန်၌ ARSA မူဆလင်အကြမ်းဖက်လက်နက်ကိုင်အဖွဲ့မှ ခြုံခိုတိုက်ခိုက်ခံရ၍ မိမိတို့၏ လုံခြုံရေးတပ်ဖွဲ့ဝင် (၁) ဦးမှာ ဦးခေါင်းနှင့် ဝမ်းဗိုက်တွင် သေနတ်ကျည် ထိမှန်ကာကျဆုံးပြီး ကျန်နှစ်ဦးမှာ ဒဏ်ရာရရှိခဲ့သည်။ ထို့အပြင် ၎င်းတို့စီးလာသော ဆိုင်ကယ်မှာလည်း အဆိုပါ ခြုံခိုတိုက်ခိုက်ခံရသည့်နေရာ၌ပင် မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရသည်။
ဤခြုံခိုတိုက်ခိုက်ခံရမှုဖြစ်စဉ်အတွင်း ကျဆုံးခဲ့ရသောသူမှာ အသက် (၄၁) နှစ်အရွယ် (ဘ) ဦးကျော်သာစိန် -(မိ) ဒေါ်မသိန်း တို့၏သား ဦးဇော်မြင့်ဦး (ခ) ချက်ဖား ဖြစ်ပြီး အုတ်တောင်ကျေးရွာဇာတိဖြစ်သည်။
ခြုံခိုတိုက်ခိုက်ခဲ့သော ARSA မူဆလင်အကြမ်းဖက်လက်နက်ကိုင်အဖွဲ့အား မိမိတို့ အာရက္ခပြည်သူ့လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အာရက္ခတပ်တော်တို့သည် လိုက်လံဖမ်းဆီလျက်ရှိသည့်နည်းတူ ပျောက်ဆုံးနေသူ ရွာသားနှစ်ဦးအားလည်း ရှာဖွေလျက်ရှိသည်။
အာရက္ခတပ်တော်သည် အာရက္ခဒေသအတွင်း မည်သည့်အကြမ်းဖက်အဖွဲ့ကိုမှ အခြေချခွင့် ပြုမည်မဟုတ်သကဲ့သို့ အကြမ်းဖက်သမားနှင့် အကြမ်းဖက်အဖွဲ့အစည်းတိုင်းကို ရှင်သန်ခွင့်မပြုဘဲ အမြန်ဆုံးနှိမ်နင်းဆောင်ရွက်သွားမည်ဖြစ်သည်။

😢640👍247🤬124❤55🤣25💯15👏7🥰5🔥4😈3🍌2
အာရက္ခရေပိုင်နက်အတွင်းသို့ ကျူးကျော်ဝင်ရောက်ငါးဖမ်းခဲ့သော ဘင်္ဂလာဒေ့ရှ်နိုင်ငံသား၊ ရေလုပ်သား (၅) ဦးတို့အား ဘင်္ဂလာဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ထံသို့ ပြန်လည်လွှဲပြောင်းအပ်နှံခြင်းဆိုင်ရာ သတင်းထုတ်ပြန်ချက်
၂၀၂၄ ခုနှစ်၊ အောက်တိုဘာ (၁၀) ရက်
၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၇) ရက်၊ နံနက် (၁၁) နာရီ (၄၃) မိနစ်အချိန်၌ ဘင်္ဂလာဒေ့ရှ်နယ်စပ်အနီး အာရက္ခရေပိုင်နက် (နတ်မြစ်) အတွင်းသို့ ဝင်ရောက်ငါးဖမ်းခဲ့သော စက်လှေနှစ်စီးအနက် တစ်စီးအား အာရက္ခတပ်တော်၊ ကမ်းခြေစောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ အချိန်မီ ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ပါသည်။ အဆိုပါကျူးကျော်ဝင်ရောက်လာသည့် စက်လှေနှစ်စီးထဲမှ တစ်စီးမှာ ဘင်္ဂလာဒေ့ရှ်ရေပိုင်နက်အတွင်းသို့ ဦးလှည့်ထွက်ပြေးသွားပြီး ကျန်တစ်စီးမှ ဘင်္ဂလာဒေ့ရှ်နိုင်ငံသား၊ ရေလုပ်သား (၅) ဦး ဖြစ်ကြသည့်
(၁) Abdur Rahim (၂၂) နှစ်
(၂) Md Rasel Mia (၂၃) နှစ်
(၃) Md Saiful Mia (၁၇) နှစ်
(၄) Borhan Uddin (၁၉) နှစ် နှင့်
(၅) Md Rashed (၂၄) နှစ် တို့အား အာရက္ခတပ်တော်၊ ကမ်းခြေစောင့်လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ၎င်းတို့အား လုပ်ထုံးလုပ်နည်း များနှင့်အညီ လုံခြုံရေးအရ ခေါ်ယူစစ်ဆေးမေးမြန်းရန် ယာယီထိန်းသိမ်းခဲ့ပါသည်။
လက်ရှိအချိန်တွင် အာရက္ခတပ်တော်မှ အလုံးစုံသိမ်းပိုက်ထားပြီးဖြစ်သည့် ဘူးသီးတောင်မြို့နယ်နှင့် လက်ကျန်မြို့သိမ်းတိုက်ပွဲ ဆင်နွှဲလျက်ရှိသော မောင်တောမြို့နယ်များရှိ မိမိတို့လုံခြုံရေးတပ်ဖွဲ့ဝင်များ လက်လှမ်းမမီနိုင်သေးသည့် နေရာအချို့တွင် ARSA၊ RSO နှင့် ARA ကဲ့သို့သော စစ်ကောင်စီ အကြမ်းဖက်သင်တန်းဆင်း အစွန်းရောက်အကြမ်းဖက်အုပ်စုများသည် အပြစ်မဲ့ ဒေသခံလမ်းသွားလမ်းလာများ၊ ကုန်ရောင်းကုန်ဝယ်ပြုလုပ်နေသူများ၊ ဝမ်းရေးအတွက် ဟင်းစားရှာဖွေနေသူများအား ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ခြုံခိုတိုက်ခိုက်ခြင်းတို့ကို အလစ်အငိုက်ချောင်းကာ ခပ်စိပ်စိပ်ပြုလုပ်လာလျက်ရှိသည်။
တစ်ပြိုင်နက်တည်းတွင် ဘင်္ဂလာဒေ့ရှ် - အာရက္ခ နယ်စပ် နှင့် နတ်မြစ်တစ်လျှောက်တွင် တရားမဝင် နယ်စပ်ဖြတ်ကျော်၊ ဝင်ရောက်၊ ခိုးဝင်၊ ခိုးထွက်နေခြင်းများမှာလည်း ဆက်လက်ရှိနေဆဲဖြစ်ပါသည်။ ထိုဖြစ်စဉ်များထဲတွင် ARSA၊ RSO နှင့် ARA အစွန်းရောက်အကြမ်းဖက်လက်နက်ကိုင်အဖွဲ့ဝင်များသည် နတ်မြစ်ကြောင်းတစ်လျှောက်၌ ငါးဖမ်းသမားများအဖြစ် ဟန်ဆောင်ပြီး အကြမ်းဖက်မှုများကို ရံဖန်ရံခါ ပြုလုပ်ခဲ့သော သာဓကဖြစ်စဉ်များလည်း ရှိခဲ့ပါသည်။
အာရက္ခစစ်သည်တော်များ၊ ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ကမ်းခြေစောင့်တပ်ဖွဲ့ဝင်များသည် မိမိတို့ အာရက္ခဒေသနေ အပြစ်မဲ့ အရပ်သားပြည်သူများအား လူမျိုးမရွေး၊ ဘာသာမရွေး ခွဲခြားဘက်လိုက်မှုမရှိဘဲ ၎င်းတို့၏ အသက်၊ အိုးအိမ်၊ စည်းစိမ်နှင့် လုံခြုံရေးတို့ကို အထူးအလေးထားသကဲ့သို့ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် နတ်မြစ်ကြောင်းတစ်လျှောက်တွင် အကြမ်းဖက်သမားများ ခိုအောင်းကျက်စားနိုင်မှုမရှိစေရေးတို့အတွက် ဒေသခံပြည်သူလူ ထုများနှင့် ပူးပေါင်းကာ အကောင်းဆုံး ကြိုးပမ်းဆောင်ရွက်လျက်ရှိနေပါသည်။ ထို့အပြင် လက်နက်ကိုင်ဆောင်၍ ထွက်ပြေး လွတ်မြောက်နေသေးသည့် အစွန်းရောက်အကြမ်းဖက်လက်နက်ကိုင်တပ်ဖွဲ့ဝင်အချို့တို့ကိုလည်း မိမိတို့၏ လုံခြုံရေးတပ်ဖွဲ့ဝင် များမှ လိုက်လံဖမ်းဆီးလျက်ရှိသည်။
ဘင်္ဂလာဒေ့ရှ်နိုင်ငံ၊ ရေပိုင်နက်ဖက်ခြမ်းမှ အကြောင်းအမျိုးမျိုးကြောင့် ယခုကဲ့သို့ ကျူးကျော်ဝင်ရောက်လာသူများ၊ မုန်တိုင်း ကြောင့် စက်လှေပျက် (သို့မဟုတ်) တိမ်းမှောက်ကာ မိမိတို့ရေပိုင်နက်ထဲသို့ ဆိုက်ကပ်ရောက်ရှိလာခဲ့ကြသူများအား မိမိတို့အနေဖြင့် မည်သည့်အချိန်၊ မည်သည့်နေရာတွင်မဆို ကောင်းမွန်စွာ ကယ်ဆယ်ထားပြီး ဘင်္ဂလာဒေ့ရှ် အာဏာပိုင်များထံ သို့ လွှဲပြောင်းအပ်နှံပေးခဲ့သော ဖြစ်ရပ်အချို့လည်း ရှိခဲ့ပြီးဖြစ်ပါသည်။
ယခုဖြစ်စဉ် အပါအဝင် ယခင်ဖြစ်စဉ်အချို့၌လည်း မိမိတို့မှ ဘင်္ဂလာ - အာရက္ခနယ်စပ်၊ နတ်မြစ်ကြောင်းတစ်လျှောက်တွင် နေထိုင်ကြသော အရပ်သားပြည်သူလူထုများ၏ နယ်စပ်ဖြတ်ကျော်ပြီးမှ ဝမ်းစာရှာဖွေရေးလုပ်ငန်းများကို လုပ်ကိုင်နေကြရမှု များကို သဘောထားကြီးစွာဖြင့် ညှာတာထောက်ထား၍ ပြန်လည်လွှတ်ပေးခဲ့သည်များရှိပါသည်။ ဘင်္ဂလာဒေ့ရှ် အာဏာပိုင်များ၏ ညှိနှိုင်းတောင်းဆိုချက်များအား အသိအမှတ်ပြုအလေးထားသည့်အနေဖြင့် အာရက္ခ ရေပိုင်နက် (နတ်မြစ်) အတွင်းသို့ ကျူးကျော်ဝင်ရောက်ငါးဖမ်းခဲ့သော ဘင်္ဂလားဒေ့ရှ်နိုင်ငံသား၊ ရေလုပ်သား (၅) ဦးတို့အား မိမိတို့မှ ခေတ္တ ခေါ်ယူ စစ်ဆေးမေးမြန်းပြီးနောက် ဆက်လက်ထိန်းသိမ်းထားခြင်းမပြုတော့ဘဲ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၉) ရက်၊ နေ့လည် (၁၂) နာရီ (၅၀) မိနစ် အချိန်တွင် ဘင်္ဂလာဒေ့ရှ် - အာရက္ခ ရေပိုင်နက် နယ်စပ်မျဉ်း၊ တက္ကနာ-မောင်တော ရေပြင်တစ်နေရာ၌ နောက်နောင်များတွင် ဤကဲ့သို့ကျူးကျော်ငါးဖမ်းခြင်းများ ထပ်မပြုလုပ်ရန် ခံဝန်ကတိလက်မှတ်ထိုး၍ ပြန်လည်လွှတ်ပေးခဲ့ပါ သည်။ ထို့အပြင် မိမိတို့ ခေါ်ယူစစ်မေးနေသည့်အချိန်တွင်လည်း အတင်းအဓမ္မ စစ်ဆေးမေးမြန်းခြင်းများ၊ ရိုက်နှက်ခြင်းများ မပြုလုပ်ခဲ့ကြောင်းကိုလည်း ကာယကံရှင်များကိုယ်တိုင်မှ ထုတ်ဖော် ပြောကြားခဲ့ပြီးဖြစ်ပါသည်။

👍423❤81❤🔥36🤣16🥰10🔥1👏1🌚1
ဘင်္ဂလာဒေ့ရှ်နိုင်ငံ၏ သက်ဆိုင်ရာတာဝန်ရှိသူများသည်လည်း ဘင်္ဂလာဒေ့ရှ်နိုင်ငံ၊ နယ်ခြားစောင့်တပ်ဖွဲ့ (Border Guard Bangladesh-BGB) မှ တာဝန်ရှိသူများမှ ၎င်းတို့ နိုင်ငံသား (၅) ဦးတို့အား ကောင်းမွန်စွာ လွှဲပြောင်းလက်ခံရရှိသည့်ကိစ္စနှင့် ပတ်သက်၍ အဆိုပါကိစ္စကို သတင်းစာရှင်းလင်းပွဲပြုလုပ်၍ အသိပေးထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။
သတင်းနှင့်ပြန်ကြားရေး
အာရက္ခတပ်တော်
သတင်းနှင့်ပြန်ကြားရေး
အာရက္ခတပ်တော်
👍449❤88🥰28🤣15❤🔥9🔥1
Media is too big
VIEW IN TELEGRAM
အာရက္ခဒေသ၊ ဘူးသီးတောင်မြို့၊ အမှတ် (၂) ရပ်ကွက်၊ ရွာသစ်မှ ဝါးခုတ်ရန်သွားရင်း ပျောက်ဆုံးနေသည့် အရပ်သား ပြည်သူ (၂) ဦးအား ARSA မူဆလင်အကြမ်းဖက်လက်နက်ကိုင်တပ်ဖွဲ့ဝင်များမှ ခေါင်းဖြတ်သတ်ဖြတ်ကာ မြေမြှုပ်ထားခဲ့သောရုပ်အလောင်းများအား ရှာဖွေတွေ့ရှိ မှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ချက်
၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၁၀) ရက်
၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၇) ရက်နေ့၊ နံနက် (၈) နာရီခန့်အချိန်တွင် အိမ်ဆောက်လုပ်ရန်အတွက် ဘူးသီးတောင်မြို့နယ် ဂုံးနားကျေးရွာဘက်သို့ ဝါးခုတ်ရန် ထွက်သွားခဲ့ကြသော အာရက္ခဒေသ၊ ဘူးသီးတောင်မြို့၊ အမှတ် (၂) ရပ်ကွက်၊ ရွာသစ်တွင်နေထိုင်ကြသော (ဘ) ဦးဖိုးမြစိန် - (မိ)ဒေါ်လှဝါဖြူ တို့၏သား ဦးစံရွှေမောင် (၆၇) နှစ် နှင့် (ဘ) မောင်သာပွင့် - (မိ) ဒေါ် စိန်မြညို တို့၏သား ဦးမောင်မြအောင် အသက် (၆၅) နှစ် တို့ နှစ်ဦး၏ ရုပ်အလောင်းအား ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၁၀) ရက်၊ နံနက် (၇) နာရီ (၄၀) မိနစ်အချိန်တွင် ဘူးသီးတောင်မြို့နယ်၊ ဂုံးနား (မူဆလင်) ရွာရှိ “ဖာရုပ်” ၏ နေအိမ်ခြံဝင်းအတွင်း ၌ ဦးခေါင်းကိုဖြတ်၍ မြေမြှုပ်ထားခဲ့သည်ကို တွေ့ရှိခဲ့ရပါသည်။
အဆိုပါရုပ်အလောင်းနှစ်လောင်းအား အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၊ DLEPS ၏ အာရက္ခပြည်သူ့ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးဘက်ဆိုင်ရာဝန်ထမ်းများ နှင့် မှုခင်းဆိုင်ရာ ဆေးဘက်ဝန်ထမ်းများ ပါဝင်သော ပူးပေါင်းအဖွဲ့မှ သွားရောက်တူးဖော်ပြီး လိုအပ်သော စစ်ဆေးမှုများကိုပြုလုပ်ခဲ့ပါသည်။ ထို့နောက် အသက်ဆုံးပါးသွားခဲ့ရသောသူနှစ်ဦး၏ မိသားစုဝင်များကို အကြောင်းကြားပြီး အလောင်းတွေ့ရှိခဲ့ သောနေရာအနီး၌ပင် ကောင်းမွန်စွာ ပြန်လည်မြေမြှုပ်သင်္ဂြိုဟ်ပေးခဲ့ပါသည်။
မိမိတို့အနေဖြင့်လည်း ဤအပြစ်မဲ့ရွာသားနှစ်ဦးအား သတ်ဖြတ်သွားခဲ့သော ARSA မူဆလင်အကြမ်းဖက် လက်နက်ကိုင်တပ်ဖွဲ့ဝင်များကို လိုက်လံရှာဖွေလျက်ရှိကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။
သတင်းနှင့် ပြန်ကြားရေး

😢650🤬173👍119🤣34❤16👎15😁6🍌4🍾2😈2🔥1