ထို့အပြင် တချို့သောနေရာများ၌ ပိုင်ရှင်များဝှက်ထားခဲ့သော ရွှေ၊ ငွေ အစရှိသော အဖိုးတန် ပစ္စည်းများကို မိမိတို့တပ်ဖွဲ့ဝင်များမှ သွားရောက်ရှာဖွေပြီး တွေ့ရှိပါက ပိုင်ရှင်အစစ်အမှန်များ လက်ထဲသို့ ကောင်းမွန်စွာ ပြန်လည်အပ်နှံပေးခဲ့ပြီးဖြစ်ပါသည်။ ဥပမာ - ကျိန္တလီမြို့၊ အမှတ် (၂) ရပ်ကွက်ရှိ ခရစ်ယာန်ဘုရားရှိခိုးကျောင်းတစ်ခုတွင် ဘုရားကျောင်းပိုင် ရွှေ၊ ငွေ၊ လက်ဝတ်ရတနာပစ္စည်းတို့အား အသင်းတော်သူ/သားများမှ ဝှက်ထားခဲ့သည်ကို မိမိတို့ တပ်ဖွဲ့ဝင်များမှ သွားရောက်ရှာဖွေပြီး တွေ့ရှိခဲ့သောကြောင့် အဆိုပါ ပစ္စည်းများအားလုံးကို ကာယကံရှင်များလက်ထဲသို့ ကောင်းမွန်စွာ ပြန်လည်လွှဲပြောင်း အပ်နှံခဲ့ပြီး ဖြစ်ပါသည်။

ထို့ကြောင့် မိဘပြည်သူများအနေဖြင့် မိမိတို့၏ အဖိုးတန်ပစ္စည်းများ၊ ရွှေ၊ ငွေ၊ လက်ဝတ်ရတနာများသည် တိုက်ပွဲအတွင်း ရှာဖွေ၍မရအောင် ပျက်စီးဆုံးရှုံးသွားခြင်းမျိုးမဟုတ်ဘဲ အိမ်တွင်သိမ်းဆည်းထားခဲ့ခြင်း၊ ဝှက်ထားခဲ့သောပစ္စည်းများကို တွေ့ရှိခြင်းမရှိပါက မိမိတို့၏ သက်ဆိုင်ရာ ဒေသ၊ နယ်မြေ အုပ်ချုပ်ရေးမှူး များထံတွင် မှန်မှန်ကန်ကန် သတင်းပေးပို့ကြစေလိုပါသည်။ သတင်းများပေးပို့ကြပါရန်ကိုလည်း တိုက်တွန်း အပ်ပါသည်။

အာရက္ခတပ်တော်သည် တိုက်ပွဲများအတွင်း လိုက်နာကျင့်သုံးရမည့် အာရက္ခစစ်သည်တော်ကျင့်ဝတ်များ နှင့် ပြည်သူလူထုနှင့် ပြည်သူ့အသက်အိုးအိမ်၊ စည်းစိမ်များကို ကာကွယ်စောင့်ရှောက်ရမည့် ဝတ္တရားများကို တိကျစွာ ပြဋ္ဌာန်းထားပြီး လိုက်နာကျင့်သုံးကြရန် အဆင့်ဆင့်ညွှန်ကြားထားပြီးဖြစ်ပါသည်။ သို့ရာတွင် မိမိတို့၏ တပ်ဖွဲ့ဝင်နှင့် အုပ်ချုပ်ရေးဘက်မှ အကျင့်ပျက်ဝန်ထမ်းအချို့တို့သည် လုပ်ပိုင်ခွင့်၊ အာဏာတို့ကို အလွဲသုံးစားလုပ်ပြီး ပြည်သူ့စည်းစိမ်ဥစ္စာများကို ယူသုံးခြင်းများ ပြုလုပ်လျက်ရှိသောကြောင့် အဆိုပါ အကျင့်ပျက်ဝန်ထမ်းတိုင်းကို ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပါသည်။

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရသည် ပြည်သူ့လုံခြုံရေး နှင့် တရားဥပဒေစိုးမိုးရေးအတွက် “Department of Law Enforcement and Public Security (DLEPS)” ပြည်သူ့လုံခြုံရေး နှင့် တရားဥပဒေစိုးမိုးရေးဌာနကိုဖွဲ့စည်းကာ တပ်ဖွဲ့ဝင်အသစ်များကို ခေါ်ယူပြီး ဌာနကို တိုးချဲ့ဖွဲစည်းသွားမည် ဖြစ်သည်။ ထို့အပြင် ပြည်သူလူထုများနှင့် ပူးပေါင်းပြီး ပိုမိုလုံခြုံစိတ်ချရသော အနေအထားမျိုး ရရှိလာစေရန်အတွက်ကိုလည်း ယခုထက်ပိုမို အားစိုက်ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေး ထုတ်ပြန်ကြေညာအပ်ပါသည်။


သတင်းနှင့်ပြန်ကြားရေး
အာရက္ခတပ်တော်
1.23K👍357🤣47🥰39🙏26💯16😁15👎13🏆12❤‍🔥9🎉6
အာရက္ခဒေသအတွင်း တိုက်ပွဲသတင်းများ

၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၂၇) ရက်

အာရက္ခပြည်၊ အမ်းမြို့နယ်၊ ကျောက်စကွဲကျေးရွာ၏ အနောက်ဘက် မီတာ (၄၀၀) ခန့်အကွာအဝေးတွင် ဖက်ဆစ်အကြမ်းဖက်စစ်ကောင်စီ၏ စကခ (၅) လက်အောက်ခံ ခမရ (၃၄၆/ ၃၇၃/ ၃၇၂) တပ်ရင်းများ စုပေါင်းထားသော အင်အား (၁၀၀) ခန့်ပါ စစ်ကြောင်းတစ်ခုနှင့် အာရက္ခတပ်တော်တို့သည် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၂၆) ရက်နေ့၊ နံနက် (၁၁) နာရီ (၅၀) မိနစ်တွင် စတင်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။ နှစ်နာရီနီးပါးကြာ အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုအတွင်း ရန်သူ့ဘက်မှ အလောင်း (၅) လောင်း၊ လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းတချို့ကို သိမ်းဆည်းရမိခဲ့သည်။

ထို့အတူ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၂၇) ရက်နေ့၊ နံနက် (၁၀) နာရီခန့်အချိန်တွင်လည်း ယမန်နေ့ တိုက်ပွဲဖြစ်ပွားခဲ့သောနေရာအနီး ပတ်ဝန်းကျင်၌ ထပ်မံထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။ ရန်သူသည် အထိအခိုက်အကျအဆုံးအချို့ဖြင့် နောက်ဆုတ်သွားခဲ့သည်။ ရန်သူ၏ စစ်အသုံးအဆောင်ပစ္စည်း၊ လက်နက်ခဲယမ်း၊ ခြင်းတောင်းအများအပြားတို့ကို ထပ်မံသိမ်းဆည်းရမိခဲ့သည်။

ဂွမြို့နယ်၊ ကျောက်ပါးစပ်ရွာအနီး၊ အရှေ့တောင်ဘက် မီတာ (၁၀၀၀) ခန့်အကွာ ကျိန္တလီကားလမ်းမအနီးရှိ တောင်ကုန်းတွင်လည်း စက်တင်ဘာလ (၂၄) ရက်နေ့၊ နေ့လယ် (၁) နာရီ (၅၀) မိနစ်မှ နေ့လယ် (၃) နာရီ (၂၀) မိနစ်အထိ နှစ်နာရီကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်။

မောင်တောမြို့အား အလုံးစုံသိမ်းပိုက်ရရှိရန်အတွက် မောင်တောမြို့အတွင်း၌ ကစဉ့်ကလျားထွက်ပြေးပြီး တိုက်တာအဆောက်အအုံ၊ လူနေအိမ်အချို့၌ အယောက်ကျထွက်ပြေးပုန်းခိုလွတ်မြောက်နေသေးသော ဖက်ဆစ်အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့၊ ၎င်းတို့သင်တန်းပေးထားသော မူဆလင်အကြမ်းဖက် အချို့ နှင့် ARSA၊ RSO၊ ARA အစရှိသော မူဆလင်အကြမ်းဖက်လက်နက်ကိုင်များအား လိုက်လံရှင်းလင်းလျက်ရှိသည်။

တစ်ပြိုင်နက်တည်းတွင် မောင်တောမြို့ပြင်၌ တစ်ခုတည်းကျန်ရှိနေသော ဖက်ဆစ်အကြမ်းဖက် စစ်ကောင်စီ၏ နခခ (၅) စခန်းအား အပြီးသတ်သိမ်းပိုက်ရယူရေးအတွက် ထိုးစစ်များကို ဆက်လက်အရှိန်အဟုန်မြှင့်တင်သွားမည်ဖြစ်သည်။

ထို့အတူ အာရက္ခဒေသအတွင်းရှိ မိမိတို့ အပြီးသတ်သိမ်းပိုက်ရန် ကျန်ရှိနေသေးသော မပြီးပြတ်သေးသည့် ရန်သူ့လက်ကျန်စခန်းများအားလုံးကို တစ်ခုမကျန် သိမ်းပိုက်ရယူရေးအတွက် ထိုးစစ်များကို ဆက်လက်အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမည်ဖြစ်သည်။


သတင်းနှင့်ပြန်ကြားရေး
အာရက္ခတပ်တော်
1.33K👍427🥰44🤣28🙏19😁18💯13❤‍🔥12👏9🍌9🔥7
အခြေခံစားသောက်ကုန်ပစ္စည်းများဝယ်၍ပြန်လာသော အရပ်သားကားတစ်စီးအား ARSA မူဆလင်အကြမ်းဖက်လက်နက်ကိုင်တပ်ဖွဲ့များမှ လမ်းတစ်လျှောက် အဆင့်ဆင့်အကြမ်းဖက် ပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သားအမျိုးသမီး (၁) ဦးသေဆုံးခဲ့ပြီး (၄) ဦး ဒဏ်ရာရရှိ

၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၇) ရက်

၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၆) ရက် ၊ ညနေ (၄) နာရီ (၁၅) မိနစ်အချိန်တွင် မောင်တောမြို့၊ တောင်ပြိုမှ အခြေခံစားသောက်ကုန်ပစ္စည်းများဝယ်၍ ပြန်လာသော ကားမောင်းသူ နှင့် အရပ်သား (၆) ဦးပါ တေဘာကားတစ်စီးအား ARSA မူဆလင်အကြမ်းဖက် လက်နက်ကိုင်တပ်ဖွဲ့များမှ လမ်းတစ်လျှောက် အဆင့်ဆင့် ခြုံခိုပစ်ခတ်တိုက်ခိုက်ခဲ့သည်။

ထိုသို့အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်မှုကြောင့် မောင်တောမြို့၊ အောင်မင်္ဂလာကျေးရွာမှ အသက် (၃၈) နှစ်အရွယ် ဒေါ်ဆန်းဆန်းဦးမှာ ဝဲဖက်နားထင်အား ကျည်ထိမှန်၍ သေဆုံးခဲ့ရပြီး အခြား (၄) ဦးမှာလည်း လက်နက်ငယ်ဒဏ်ရာများရရှိခဲ့ကြသည်။ လောလောဆယ်တွင် ဝမ်းဗိုက်တွင် ပြင်းထန် ဒဏ်ရာ ရရှိသူ (၁) ဦး နှင့် ဦးခေါင်းတွင် ပြင်းထန်ဒဏ်ရာရရှိသူ (၁) ဦးတို့အား အာရက္ခပြည်သူ့ကျန်းမာရေးဌာနမှ ဆေးကုသပေးလျက်ရှိသည်။

တစ်ပြိုင်နက်တည်းတွင် အပြစ်မဲ့အရပ်သားပြည်သူများအား အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်သွားခဲ့သော ARSA မူဆလင် အကြမ်းဖက်လက်နက်ကိုင်တပ်ဖွဲ့ဝင်များအား အာရက္ခတပ်တော်မှ လိုက်လံရှင်းလင်းလျက်ရှိသည်။

သတင်းနှင့်ပြန်ကြားရေး
အာရက္ခတပ်တော်
😢668🤬171👍12243🤣30🙏23👏5❤‍🔥4👎4👌2🌭1
အာရက္ခပြည်သူ့လုံခြုံရေး DLEPS တပ်ဖွဲ့ဝင်များ၊ အာရက္ခတပ်တော် တပ်ဖွဲ့ဝင်များနှင့်၊ ဒေသခံပြည်သူများ စုပေါင်း၍ ပျောက်ဆုံးနေသော အပြစ်မဲ့အရပ်သား (၄) ဦးအား ရှာဖွေလျက်ရှိပြီး ARSA , RSO မူဆလင်နက်ကိုင်တပ်ဖွဲ့များအား လိုက်လံရှင်းလင်းလျက်ရှိ

၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၇) ရက်

အာရက္ခဒေသ၊ မောင်တောမြို့နယ်၊ ကိုင်းကြီး မြိုရွာမှ ဦးဆိုင်ဝင်း (၄၅) နှစ်၊ ၎င်း၏သားများ ဖြစ်ကြသော မောင်လင်ကြီး (၁၅) နှစ်၊ မောင်အာမွန်း (၁၂) နှစ်နှင့် ၎င်း၏ တူဖြစ်သူ မောင်ဒီကော် (၁၄) နှစ်တို့သည် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၃၀) ရက်နေ့တွင် မေယုတောင်ခြေရင်း၌ရှိသော လက်ဝဲချောင်း(ဒေသအခေါ်) သို့ ငါးရှာရန်သွားရောက်စဉ်အတွင်း ARSA မူဆလင်အကြမ်းဖက်လက်နက်ကိုင်များမှ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရှိရသောကြောင့် အာရက္ခပြည်သူ့လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးဌာန (Department of Law Enforcement and Public Security- DLEPS) တပ်ဖွဲ့ဝင်များ၊ အာရက္ခတပ်တော် တပ်ဖွဲ့ဝင်များ နှင့် ဒေသခံပြည်သူများမှ စုပေါင်း၍ ပျောက်ဆုံးနေသောသူများကို ရှာဖွေလျက်ရှိပါသည်။

၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၆) ရက်နေ့၊ ညနေ (၃) နာရီ (၄၉) မိနစ်အချိန် တွင် ဘူးသီးတောင်မြို့နယ်၊ ရွှေထား(မူဆလင်) ရွာ၏ အနောက်ဘက် (၄.၉) ကီလိုမီတာ အကွာအဝေး၌ ARSA မူဆလင် အကြမ်းဖက် လက်နက်ကိုင်များ စခန်းချနေထိုင်နေသာ တပ်စခန်းတစ်ခုအား မိမိတို့မှ တိုက်ခိုက်ခဲ့ပြီး မီးရှို့ဖျက်ဆီးနိုင်ခဲ့သည်။

အဆိုပါ ARSA စခန်းအား သိမ်းပိုက်ရရှိခဲ့ပြီး လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းအချို့နှင့် ၎င်းတို့ထောင်ထားခဲ့သော စွန့်လွှတ်မိုင်းအချို့တိုကို သိမ်းဆည်းရမိခဲ့သည်။ မိမိတို့အနေဖြင့်လည်း ၎င်းစခန်းမှ ထွက်ပြေးလွတ်မြောက်နေသော ARSA တပ်ဖွဲ့ဝင်များကို ဆက်လက်၍ လိုက်လံရှင်းလင်းလျက်ရှိသည်။

အာရက္ခဒေသ၊ မောင်တောမြို့နယ်အတွင်း နယ်မြေလုံခြုံရေးအတွက် ကင်းလှည့်နေကြသော အာရက္ခတပ်တော်မှ တပ်ဖွဲ့ဝင်များနှင့် RSO မူလဆင်အကြမ်းဖက်လက်နက်ကိုင်တပ်ဖွဲ့ဝင်အချို့တို့သည် ယခင် ဖက်ဆစ်အကြမ်းဖက် စစ်ကောင်စီ၏ စခန်းဟောင်းဖြစ်ပြီး လက်ရှိအချိန်တွင်အာရက္ခတပ်တော်မှ သိမ်းပိုက်ရရှိထားသော "လိပ်ရစခန်း" အနီး၌ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၆) ရက်၊ နေ့လယ် (၁၂) နာရီ (၅၅) မိနစ် အချိန်တွင် မိနစ်အနည်းငယ်ကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။

RSO မူဆလင်အကြမ်းဖက်လက်နက်ကိုင်တပ်ဖွဲ့ဝင်များသည် လိပ်ရစခန်းအနီးတွင် စခန်းချနေထိုင်ခဲ့ကြပြီး မိမိတို့နှင့် မိနစ်အနည်းငယ်ခန့် ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးနောက် ၎င်းတို့ထံမှ -
(၁) MA-2 (၁) လက်
(၂) G3 (၂) လက်
(၃) ကြောပိုးအိတ် (၁၂) လုံး နှင့် စစ်အသုံးအဆောင်ပစ္စည်းအချို့ကို သိမ်းဆည်းရမိခဲ့သည်။

ARSA ၊ RSO တို့ကိုင်ဆောင်ထားသော လက်နက်ခဲယမ်းအများစုမှာ ဖက်ဆစ်အကြမ်းဖက် စစ်ကောင်စီ၏ ကပစ စက်ရုံထုတ် လက်နက်များဖြစ်ပြီး စစ်ကောင်စီကိုယ်တိုင် တပ်ဆင်ပေးထားသော လက်နက်များ၊ နင်းမိုင်း၊ မြေမြှုပ်မိုင်း၊ စွန့်လွှတ်မိုင်းများဖြစ်ကြသည်။

ARSA, RSO မူလဆင်အကြမ်းဖက်လက်နက်ကိုင်တပ်ဖွဲ့များသည် ယခုရက်များအတွင်း အကြမ်းဖက်လုပ်ရပ်များကို ခပ်စိပ်စိပ်ပြုလုပ်လာသောကြောင့် မိဘပြည်သူများအနေဖြင့် အကြမ်းဖက်လုံခြုံရေးဆိုင်ရာ သတိအပြည့်ဖြင့်နေထိုင်ကြရန်၊ မသွားမဖြစ်သွားလာရမည့်ခရီးများတွင် လုံခြုံရေးသတိအပြည့်ဖြင့် စောင့်ကြည့်ကြရန် သတိပေးတိုက်တွန်းလိုက်ပါသည်။

သတင်းနှင့်ပြန်ကြားရေး
အာရက္ခတပ်တော်
654👍241🙏15🥰14🤣14👎11😢7👏5❤‍🔥32🌚2
အာရက္ခဒေသအတွင်း တိုက်ပွဲသတင်းများ

၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၇) ရက်

အာရက္ခတပ်တော်သည် အာရက္ခဒေသအတွင်း၌ မိမိတို့သိမ်းပိုက်ရန်ကျန်ရှိနေသေးသော ဖက်ဆစ်အကြမ်းဖက် စစ်ကောင်စီ၏ တပ်စခန်းများအားလုံးကို တစ်ခုမကျန်ဆက်လက်သိမ်းပိုက်ရယူရန်အတွက် ကြိုးပမ်းလျက် ရှိသောကြောင့် မောင်တော၊ ကျိန္တလီ နှင့် အမ်းစသည့်ဒေသများအတွင်း၌ တိုက်ပွဲများမှာ ဆက်လက်ဖြစ်ပွားလျက်ရှိသည်။

မောင်တောမြို့သိမ်းတိုက်ပွဲ၏ တစ်ခုတည်းသောစခန်းဖြစ်သည့် ဖက်ဆစ်အကြမ်းဖက် စစ်ကောင်စီ၏ နခခ (၅) စခန်းအား အပြီးသတ်သိမ်းပိုက်ရယူရေးအတွက် ဆက်လက်ဆောင်ရွက်လျက်ရှိသည်။ တစ်ပြိုင်နက်တည်းတွင် ARSA၊ RSO မူဆလင်အကြမ်းဖက် လက်နက်ကိုင်အဖွဲ့အစည်းများ၏ မောင်တော၊ ဘူးသီးတောင်ဒေသများ၌ အတင့်ရဲစွာ ပြုလုပ်လျက်ရှိသောအကြမ်းဖက် လုပ်ငန်းများကို တိုက်ဖျက်ဆောင်ရွက်လျက်ရှိသည်။

ကျိန္တလီဒေသအတွင်း၌လည်း တိုက်ပွဲများဆက်လက်ပြင်းထန်လျက်ရှိသည်မှာ တစ်ပတ်ခန့်ကြာမြင့်ခဲ့ပြီးဖြစ်သည်။ ရန်သူသည် ကျိန္တလီပတ်ဝန်းကျင်၌လည်း ကြည်း၊ ရေ၊ လေ ခုခံနေသည့်ကြားမှ စစ်ရေးအရများစွာရှုံးနိမ့်နေသည့် အပြင် ကျိန္တလီချောင်းအား ဖြတ်သန်းတည်ဆောက်ထားသည့် ကုလားပြင်တံတားအား ၂၀၂၄ အောက်တိုဘာ (၇) ရက်၊ နံနက် (၂) နာရီ (၃၀) မိနစ်ခန့်အချိန်တွင် တံတားအလယ်အား ဖောက်ခွဲဖျက်ဆီးပြီး ဂွဖက်သို့ ဆုတ်ခွာ သွားခဲ့ပြီဖြစ်သည်။

အာရက္ခတပ်တော်မှ ကုလားပြင်တံတားထိပ်ရှိ ကိုင်းခုန်နှင့် ကံဂေါ်တောင် (ကံကော်တောင်)၌ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ၏ စခန်းများကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၆) ရက်နေ့တွင် သိမ်းပိုက်ရရှိခဲ့ပြီးနောက် ရန်သူသည် အဆိုပါတံတားအား ဖောက်ခွဲဖျက်ဆီးကာ ဆုတ်ခွာသွားခြင်းဖြစ်သည်။ မိမိတို့အနေဖြင့်လည်း ဆုတ်ခွာသွားသည့် ရန်သူများအား လိုက်လံချေမှုန်းတိုက်ခိုက်လျက်ရှိသည်။

အမ်းမြို့နယ်အတွင်း လက်ကျန်စခန်းများထဲမှ တစ်ခုဖြစ်သော မဲတောင်ဗျူဟာစခန်းတစ်ခုလုံးနှင့် ၎င်းအနီး ပတ်ဝန်းကျင်ရှိ ရန်သူ့စခန်းများအားလုံးကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၇) ရက်၊ ညနေ (၃) နာရီ (၅၀) မိနစ်တွင် အပြီးသတ်သိမ်းပိုက်ရယူနိုင်ခဲ့ပြီးဖြစ်သည်။ မဲတောင်ဗျုဟာကုန်း သည် အမ်း နပခ ဌာနချုပ်မှ အဖြောင့်တိုင်းလျှင် (၁၄) ကီလိုမီတာခန့်သာ ကွာဝေးသည်။

မဲတောင်ဗျူဟာကုန်းတွင် စစ်ကိုင်းတိုင်း၊ ကလေး၊ မော်လိုက်၊ ဟုမ္မလင်းအခြေစိုက် စကခ (၁၀) လက်အောက်ခံ တပ်ရင်းများဖြစ်ကြသော ခမရ (၃၆၂/၃၆၅/၃၆၉) တပ်ရင်းများ၊ အမ်း၊ နပခ ဌာနချုပ်လက်အောက်ခံ တပ်ရင်းအချို့ နှင့်စကခ (၅) လက်အောက်ခံ ခမရ (၃၄၆/ ၃၇၃/ ၃၇၂) တပ်ရင်းများ စုပေါင်းထားသော တပ်ရင်းများပါဝင်ပြီး မဲတောင် နှင့် အမ်းဌာနချုပ်ပတ်ဝန်းကျင်၌ လှုပ်ရှားကြသည်။ မဲတောင်ဗျုဟာ ကုန်းသိမ်းတိုက်ပွဲအတွင်းမှ ရန်သူ့ လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့သည်။

မဲတောင်ဗျူဟာစခန်းကုန်းနှင့် ၎င်းနှင့်ဆက်စပ်စခန်းကုန်းများအား အာရက္ခတပ်တော်မှ ဝိုင်းရံပိတ်ဆို့ ဖြတ်တောက်ထားသည်မှာ ကာလအတန်ကြာမြင့်ခဲ့ပြီးဖြစ်သည်။ အမ်းမြို့နယ်၊ ကျောက်စကွဲကျေးရွာ၏ အနောက်ဘက် မီတာ (၄၀၀) ခန့်အကွာအဝေး၌ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၂၆) ရက်နေ့၊ နံနက် (၁၁) နာရီ (၅၀) မိနစ်တွင် စတင်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် မဲတောင်ဗျူဟာကုန်း၏ စခန်းများအား တစ်ခုပြီးတစ်ခု သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

စစ်ရေးအရ အရေးနိမ့်နေသော ဖက်ဆစ်အကြမ်းဖက်စစ်ကောင်စီသည် ရှုံးမဲမဲကာ အရပ်သားပြည်သူ လူထုများအား လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်ခြင်းကို ပြုလုပ်လျက်ရှိပြီး စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်ခြင်းများကို ဆက်တိုက်ပြုလုပ်လျက်ရှိသည်။

၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၇) ရက်နေ့၊ ည (၁၁) နာရီ (၁၀) မိနစ်ခန့်အချိန်တွင် တောင်ကုတ်၊ ရွာမမြို့အတွင်းသို့ ဖက်ဆစ် အကြမ်းဖက် စစ်ကောင်စီ၏ လေကြောင်းမှ လာရောက်ဗုံးကြဲတိုက်ခိုက်မှုကြောင့် လူနေအိမ်များပျက်စီးကာ အပြစ်မဲ့အရပ်သားပြည်သူအချို့ ထိခိုက်သေဆုံး၊ ဒဏ်ရာရရှိမှုများရှိခဲ့သည်။

ဖက်ဆစ်အကြမ်းဖက်စစ်ကောင်စီ၏ တောင်ကုတ်၊ စကခ (၅) လက်အောက်ခံတပ်ရင်းများဖြစ်ကြသော ခမရ (၃၄၆/၅၄၄) တပ်စခန်းများ နှင့် အခြားသော စခန်းများကိုလည်း ဝိုင်းရံပိတ်ဆို့ထားပြီး အပြီးသတ် သိမ်းပိုက်ရယူနိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

သတင်းနှင့်ပြန်ကြားရေး
အာရက္ခတပ်တော်
1K👍262🤣25👏22❤‍🔥14🏆12🔥9🥰9👎7🍌7😁4
လူပျောက်ရှာဖွေရန်ထွက်လာသော DLEPS ၏ အာရက္ခပြည်သူ့လုံခြုံရေးအထောက်အကူပြုအဖွဲ့မှ တပ်ဖွဲ့ဝင်များအား ARSA မူဆလင်အကြမ်းဖက်လက်နက်ကိုင်အဖွဲ့၏ ခြုံခိုတိုက်ခိုက်ခြင်းကိုခံရ၍ တစ်ဦးကျဆုံး၊ နှစ်ဦးဒဏ်ရာရ

၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၈) ရက်

၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၇) ရက်နေ့၊ နံနက် (၈) နာရီခန့်အချိန်တွင် အာရက္ခဒေသ၊ ဘူးသီးတောင်မြို့၊ အမှတ် (၂) ရပ်ကွက်၊ ရွာသစ်တွင်နေထိုင်ကြသော (ဘ) ဦးဖိုးမြစိန် - (မိ)ဒေါ်လှဝါဖြူ တို့၏သား ဦးစံရွှေမောင် (၆၇) နှစ် နှင့် (ဘ) မောင်သာပွင့် - (မိ) ဒေါ် စိန်မြညို ၏သား မောင်မြအောင် အသက် (၆၅) နှစ် တို့ နှစ်ဦးသည် အိမ်ဆောက်လုပ်ရန်အတွက် ဘူးသီးတောင်မြို့နယ် ဂုံးနားကျေးရွာဘက်သို့ ဝါးခုတ်ရန် ထွက်သွားခဲ့ကြသည်။

၎င်းတို့နှစ်ဦးသည် နေ့လယ်အချိန်အထိ အိမ်ပြန်မရောက်လာသဖြင့် ဘူးသီးတောင်မြို့နယ်၊ ရွာမကျေးရွာရှိ အာရက္ခပြည်သူ့လုံခြုံရေး အထောက်အကူပြုအဖွဲ့ထံသို့ အသိပေး အကြောင်းကြားလာသောကြောင့် မိမိတို့၏ လုံခြုံရေးတပ်ဖွဲ့ဝင် (၃) ဦးတို့သည် ပျောက်ဆုံးနေသူနှစ်ဦးအားရှာဖွေရန် နေ့လယ် (၁) နာရီ (၃၀) မိနစ်တွင် ထွက်လာခဲ့ကြသည်။

ထွက်လာ၍ (၅) မိနစ်အကြာ၊ နေ့လယ် (၁) နာရီ (၃၅) မိနစ်အချိန်တွင် ဘူးသီးတောင်မြို့နယ်၊ ဂုံးနားမူဆလင်ကျေးရွာ အဝင်ဝအနီးသို့ ရောက်ရှိချိန်၌ ARSA မူဆလင်အကြမ်းဖက်လက်နက်ကိုင်အဖွဲ့မှ ခြုံခိုတိုက်ခိုက်ခံရ၍ မိမိတို့၏ လုံခြုံရေးတပ်ဖွဲ့ဝင် (၁) ဦးမှာ ဦးခေါင်းနှင့် ဝမ်းဗိုက်တွင် သေနတ်ကျည် ထိမှန်ကာကျဆုံးပြီး ကျန်နှစ်ဦးမှာ ဒဏ်ရာရရှိခဲ့သည်။ ထို့အပြင် ၎င်းတို့စီးလာသော ဆိုင်ကယ်မှာလည်း အဆိုပါ ခြုံခိုတိုက်ခိုက်ခံရသည့်နေရာ၌ပင် မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရသည်။

ဤခြုံခိုတိုက်ခိုက်ခံရမှုဖြစ်စဉ်အတွင်း ကျဆုံးခဲ့ရသောသူမှာ အသက် (၄၁) နှစ်အရွယ် (ဘ) ဦးကျော်သာစိန် -(မိ) ဒေါ်မသိန်း တို့၏သား ဦးဇော်မြင့်ဦး (ခ) ချက်ဖား ဖြစ်ပြီး အုတ်တောင်ကျေးရွာဇာတိဖြစ်သည်။

ခြုံခိုတိုက်ခိုက်ခဲ့သော ARSA မူဆလင်အကြမ်းဖက်လက်နက်ကိုင်အဖွဲ့အား မိမိတို့ အာရက္ခပြည်သူ့လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အာရက္ခတပ်တော်တို့သည် လိုက်လံဖမ်းဆီလျက်ရှိသည့်နည်းတူ ပျောက်ဆုံးနေသူ ရွာသားနှစ်ဦးအားလည်း ရှာဖွေလျက်ရှိသည်။

အာရက္ခတပ်တော်သည် အာရက္ခဒေသအတွင်း မည်သည့်အကြမ်းဖက်အဖွဲ့ကိုမှ အခြေချခွင့် ပြုမည်မဟုတ်သကဲ့သို့ အကြမ်းဖက်သမားနှင့် အကြမ်းဖက်အဖွဲ့အစည်းတိုင်းကို ရှင်သန်ခွင့်မပြုဘဲ အမြန်ဆုံးနှိမ်နင်းဆောင်ရွက်သွားမည်ဖြစ်သည်။

သတင်းနှင့်ပြန်ကြားရေး
အာရက္ခတပ်တော်
😢640👍247🤬12455🤣25💯15👏7🥰5🔥4😈3🍌2