အာရက္ခဒေသအတွင်း တိုက်ပွဲသတင်းများ

၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၆) ရက်

အာရက္ခတပ်တော်သည် သံတွဲမြို့နယ်အတွင်းမှ ဖက်ဆစ်စစ်ကောင်စီ၏ လက်ကျန်စခန်းကြီးတစ်ခုဖြစ်သော ရေတပ် ပင်မရေငုပ်နှင့်ဆယ်ယူရေးတပ်စခန်း (တပ်မတော်-ရေ) (တနည်းအားဖြင့်) Central Naval Diving And Salvage Deport (Myanmar Navy) CNDSD စခန်းနှင့် ၎င်းပတ်ဝန်းကျင်မှ အဆင့်ဆင့်ခုခံကြသော ရန်သူ့စစ်ကြောင်းများအား အာရက္ခတပ်တော်မှ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ (၇) နေ့တွင် စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။ မောင်ရွှေလေးရွာ နှင့် ကွင်းဝိုင်းရွာအကြား၌တည်ရှိသော ဤရေတပ်စခန်းအား တစ်လနီးပါး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရပြီး ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၅) ရက်နေ့၊ ညနေ (၆) နာရီအချိန်တွင်မှ အပြီးသတ်သိမ်းပိုက်ရယူနိုင်ခဲ့ခြင်းဖြစ်သည်။

မောင်ရွှေလေးရွာ၊ ကွင်းဝိုင်းရွာ၊ သပြုချိုင်ရွာ၊ ရေတပ်ပင်မရေငုပ်နှင့်ဆယ်ယူရေးတပ်(တပ်မတော်-ရေ) စခန်းနှင့် ၎င်းပတ်ဝန်းကျင်များ၌ စစ်ကောင်စီသည် အဆင့်ဆင့်သော ခုခံစစ်ကို လေကြောင်း၊ ရေကြောင်းပစ်ကူအများအပြားဖြင့် ခုခံခဲ့သော်လည်း အာရက္ခတပ်တော်၏ ရဲရင့်ပြောင်မြောက်ပြီး ဗျူဟာမြောက်ထိုးစစ်အောက်တွင် တစ်လအတွင်း အဆိုပါစခန်းအား လက်လွှတ်ဆုံးရှုံးခဲ့ရပြီးဖြစ်သည်။

ဤပင်မရေတပ်စခန်း CNDSD နှင့် ၎င်းပတ်ဝန်းကျင်၌ ရန်သူ စုစုပေါင်းအင်အား ၁၂၀၀ ကျော်ရှိခဲ့သည်။ ဤရေတပ်စခန်း နေရာသည် စစ်ရှုံး၍ နေရာစုံမှ ထွက်ပြေးလွတ်မြောက်လာကြသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ လောလောလတ်လတ် စစ်သင်တန်းဆင်းလာကြသော စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် အခြားသောနေရာများမှ စစ်ကူအမြောက်အမြားတို့ဖြင့် အင်အားဖြည့်တင်းထားသော နေရာလည်းဖြစ်သည်။ စစ်ကောင်စီသည် ဤစခန်းမကျစေရေးအတွက် ပင်လယ်ပြင် နှင့် စခန်းအတွင်းမှ လက်နက်ကြီးပစ်ကူ အမြောက်အမြားသုံးပြီး ခုခံကာကွယ်ခဲ့သော စခန်းကြီးတစ်ခုဖြစ်သည်။

ဤ ရေတပ်စခန်းအား မိမိတို့မှ ထိုးစစ်ဆင်တိုက်ခိုက်မှုအတွင်း ဖက်ဆစ် အကြမ်းဖက် စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် (၄၀၀) ကျော်အား သုတ်သင်ရှင်းလင်းနိုင်ခဲ့ပြီး ရန်သူ၏ စစ်အသုံးအဆောင်ပစ္စည်း၊ လက်နက်ခဲယမ်းအများအပြားကို သိမ်းဆည်းရမိခဲ့သည်။ ရန်သူသည် ၎င်းတို့၏ ဒဏ်ရာရ၊ ကျဆုံးသော သူများကို စစ်သင်္ဘောများဖြင့် သယ်ဆောင်ပြီး စစ်တွေ နှင့် ဧရာဝတီတိုင်းဖက်သို့ အကြိမ်ကြိမ်သယ်ယူရွှေ့ပြောင်းသွားနိုင်ခဲ့သည်။ ရန်သူ့အလောင်းများအား မိမိတို့မှ ကောင်းမွန်စွာ သင်္ဂြိုဟ်ပေးခဲ့ပြီးဖြစ်သည်။

ဤ ဖက်ဆစ် စစ်ကောင်စီ၏ ရေတပ်စခန်း ထိုးစစ်အတွင်း ထူးချွန်ပြောင်မြောက်သော အာရက္ခစစ်သည်တော်များ၊ ထိုးစစ်၏ ကဏ္ဍအသီးသီးတွင် တာဝန်ထမ်းဆောင်ခဲ့ကြသော သက်ဆိုင်ရာ တပ်ဖွဲ့ဝင်များ၊ အာရက္ခဆေးဘက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းများအား လေးနက်စွာ ဂုဏ်ပြု မှတ်တမ်းတင်အပ်ပါသည်။

စစ်ရှုံးစစ်ကောင်စီသည် စခန်းများစွန့်လွှတ်ကျရှုံးသည့်အခါတိုင်း၌ ပြုလုပ်လေ့ရှိသည့်အတိုင်း အရပ်သားပြည်သူလူထုများရှိရာသို့ လက်နက်ကြီး၊ လေကြောင်းမှ တမင်တကာ ရည်ရွယ်ချက်ရှိရှိဖြင့် ပစ်ခတ်တိုက်ခိုက်ပြီး လူသားမျိုးနွယ်အပေါ်ပြစ်မှုကျူးလွန်ခြင်းနှင့် စစ်ရာဇဝတ်မှု၊ အကြမ်းဖက်မှုများကို ဆက်တိုက်ကျူးလွန်လျက်ရှိသည်။

၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၆) ရက်နေ့၊ နံနက် (၁၀) နာရီ (၄၇) မိနစ်အချိန်တွင် စစ်တွေမြို့ရှိ ဖက်ဆစ် စစ်ကောင်စီ၏ တပ်စခန်းတစ်ခုဖြစ်သော စစ်တွေ၊ အမှတ် (၁၂) ရဲတပ်ရင်း အတွင်းမှလည်းကောင်း၊ နံနက် (၁၀) နာရီ (၅၇) မိနစ်တွင် စစ်တွေ၊ ပွိုင့်ရေတပ်စခန်းမှ လည်းကောင်း စစ်ကောင်စီသည် ပေါက်တောမြို့အတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် ရပ်ရွာများအတွင်း ကျရောက်ပေါက်ကွဲခဲ့သည်။ ဤပစ်ခတ်တိုက်ခိုက်မှုအတွင်း အပြစ်မဲ့အရပ်သားပြည်သူ လူနေအိမ်အချို့ ပျက်စီးခဲ့ကြောင်းသိရှိရသည်။

မောင်တောမြို့သိမ်းတိုက်ပွဲသည်လည်း ယခင်ရက်များနည်းတူ ဆက်လက်ဖြစ်ပွားလျက်ရှိသည်။

နောက်ဆက်တွဲ တိုက်ပွဲသတင်းများထပ်မံရရှိပါက ဆက်လက်တင်ပေးသွားပါမည်။

သတင်းနှင့်ပြန်ကြားရေး
အာရက္ခတပ်တော်
1.83K👍440🏆52❤‍🔥40🥰36🙏34🍾23👎18🔥13🤩9🌚3
ရက္ခိုင်ပြည်၊ ပေါက်တောမြို့နယ်၊ ရှင်ရွာ ကျေးရွာရှိ စစ်သုံ့ပန်းများနှင့် အကျဉ်းသားများအား ဆေးကုသပေးနေသောနေရာကို ဖက်ဆစ်အကြမ်းဖက်စစ်ကောင်စီမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် (၁၇) ဦး သေဆုံးကာ ဒဏ်ရာရရှိသူ (၁၀) ဦးရှိ

၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၉) ရက်

၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၈) ရက်၊ ညနေ (၆) နာရီ (၅၀) မိနစ်နှင့် (၅၅) မိနစ်တို့တွင် ဖက်ဆစ် အကြမ်းဖက်စစ်ကောင်စီ မှ ရက္ခိုင်ပြည်၊ ပေါက်တောမြို့နယ်၊ ရှင်ရွာ ကျေးရွာရှိ စစ်သုံ့ပန်းများနှင့် အကျဉ်းသားများအား ဆေးကုသပေးနေသော နေရာတစ်နေရာအား ဂျက်တိုက်လေယာဉ်ဖြင့် (၂) ကြိမ် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် စုစုပေါင်း (၁၇) ဦး သေဆုံးခဲ့ပြီး အလတ်စား၊ အပြင်းစား၊ စိုးရိမ်ရ ဒဏ်ရာရရှိသူ စုစုပေါင်း (၁၀) ဦးအထိရှိခဲ့သည်။

၎င်းသေဆုံးသွားသည့်သူများထဲတွင် စစ်ကောင်စီ၏ သုံ့ပန်းများထဲမှ ကျန်းမာရေးဆိုးဝါး၍ ဆေးကုသရန် လိုအပ်လျက်ရှိသော အရာရှိကြီးတချို့၊ စစ်ကောင်စီ၏ သတင်းပေးများနှင့် မိမိတို့၏သတင်းများကို စစ်ကောင်စီထံပေးပို့နေသည်ဟူသော သံသယဖြင့် ဖမ်းဆီးစစ်ဆေးနေသူတချို့၊ ပြစ်ဒဏ်ကျခံနေရသူတချို့ ၊ ၎င်းအကျဉ်းစခန်း ထိန်းသိမ်းရေးတာဝန်ရှိသူတချို့၊ မိမိတို့၏ ကျန်းမာရေးဝန်ထမ်းတချို့ နှင့် ၎င်းအနီးပတ်ဝန်းကျင်ရှိ အရပ်သားပြည်သူ၊ ကလေးတချို့ပါဝင်ခဲ့သည်။

၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၆) ရက်နေ့တွင်လည်း စစ်တွေမြို့ရှိ ဖက်ဆစ် အကြမ်းဖက်စစ်ကောင်စီ၏ အမှတ် (၁၂) ရဲတပ်ရင်းနှင့် ပွိုင့်ရေတပ်စခန်းတို့မှ ပေါက်တောမြို့အတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူများ၏ နေအိမ်အချို့ပျက်စီးခဲ့သည်။

စစ်ရှုံး ဖက်ဆစ် အကြမ်းဖက် စစ်ကောင်စီသည် နိုင်ငံတဝန်း တော်လှန်ရေးတပ်များထိန်းချုပ်ထားသော မြို့ရွာများရှိ စာသင်ကျောင်း၊ ဆေးရုံ၊ ဆေးခန်း၊ ဘာသာရေးအဆောက်အအုံများ၊ ဈေးများ အစရှိသည့် နေရာများအား တိုက်လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူ ကလေးငယ်များ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် သက်ကြီးရွယ်အိုများမှာ အစုလိုက်အပြုံလိုက် သေဆုံးသောဖြစ်စဉ်များ မြန်မာနိုင်ငံအနှံ့ နေ့စဉ်ရက်ဆက် ဖြစ်ပျက်လျက်ရှိသည်။

သတင်းနှင့်ပြန်ကြားရေး
အာရက္ခတပ်တော်
😢891🤬152👍11028🤣19😁11👎84🔥4😈3🤔2
Media is too big
VIEW IN TELEGRAM
ဖက်ဆစ်အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အာရက္ခတပ်တော် ဖမ်းဆီးထားသော ဖက်ဆစ်စစ်ကောင်စီတပ်ဖွဲ့ဝင်များစွာအပါအဝင် အခြားသော အကျဉ်းသားအမြောက်အမြား သေဆုံးခဲ့ရသည့် ဖြစ်စဉ်နှင့်ပတ်သက်၍ သတင်းထုတ်ပြန်ချက်

၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၁၀) ရက်

၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၉) ရက်၊ ည (၉) နာရီ (၃၀) မိနစ်ခန့်အချိန်တွင် ဖက်ဆစ် အကြမ်းဖက်စစ်ကောင်စီ တပ်၏ လေကြောင်းမှ ဂျက်တိုက်လေယာဉ်နှစ်စီးဖြင့် နှစ်ကြိမ်တိုင်တိုင် လာရောက်ဗုံးကြဲတိုက်ခိုက်မှုကြောင့် မောင်တောမြို့၊ လေးမိုင် (နခခ-၂) စခန်း၌ ခေတ္တထိန်းသိမ်းထားသော စစ်သုံ့ပန်း၊ အရပ်သား အကျဉ်းသားများထဲမှ--

(၁) မောင်တောမြို့သိမ်းတိုက်ပွဲအတွင်း ဖမ်းဆီးရမိထားသော စစ်သုံ့ပန်းများ၊
(၂) ARSA ၊ RSO အကြမ်းဖက် မူဆလင်လက်နက်ကိုင်တပ်ဖွဲ့ဝင်များ၊
(၃) ဖက်ဆစ် အကြမ်းဖက် စစ်ကောင်စီသင်တန်းဆင်း မူဆလင်အကြမ်းဖက်လက်နက်ကိုင်များ၊
(၄) ဖက်ဆစ် အကြမ်းဖက် စစ်ကောင်စီ၏ လက်ကိုင်တုတ်များ၊
(၅) ၎င်းတို့လေ့ကျင့်ထားသော သတင်းပေးများ၊
(၆) ULA/AA အဖွဲ့အစည်း နှင့် ရက္ခိုင့်အမျိုးသားတော်လှန်ရေးကို အနှောင့်အယှက်ပေးပြီး ဖျက်ဆီးရန် ကြိုးစားအားထုတ်၍ ဖမ်းဆီးစစ်ဆေးနေသောသူများ၊
(၇) ALP နှင့် ဆက်စပ်နေသောသူများ
(၈) သံသယအမျိုးမျိုးဖြင့် စစ်ဆေးမေးမြန်းရန် ဖမ်းဆီးထားသောသူအချို့အပါအဝင်
စုစုပေါင်း အကျဉ်းသား (၅၀) ကျော်သည် အဆိုပါ အကျဉ်းစခန်းနေရာ၌ပင် ပွဲချင်းပြီး သေဆုံးခဲ့ကာ မြောက်မြားစွာ ဒဏ်ရာရရှိခဲ့သည်။ ထို့အတူ ပြင်းထန်ဒဏ်ရာဖြင့် အသက်အန္တရာယ်စိုးရိမ်ရသူ များစွာတို့သည်လည်း ဆက်လက်ရှိနေဆဲ ဖြစ်သည်။

ထို့အပြင် အကြမ်းဖက် စစ်ကောင်စီသည် နခခ (၂) အား ပစ်ခတ်တိုက်ခိုက်မှုမတိုင်ခင် ည (၈) နာရီ (၂၀) မိနစ် နှင့် (၈) နာရီ (၂၃) မိနစ်တို့တွင်လည်း မောင်တောမြို့၊ (၃) မိုင် နှင့် ဝေသာလီ ရွာအတွင်းရှိ UN အဆောက်အအုံ တို့အား လေကြောင်းမှ ဂျက်လေယာဉ် (၁) စီးဖြင့် ဦးစွာလာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်။

ဖက်ဆစ်အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်ခဲ့သော စခန်းသည် ၎င်းတို့၏ စခန်းဟောင်းဖြစ်ပြီး အာရက္ခတပ်တော်မှ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၆) ရက်နေ့ တွင် အပြီးသတ်သိမ်းပိုက်ရရှိထားသော စခန်းတစ်ခုဖြစ်သည်။

လက်ရှိအချိန်တွင် ဖက်ဆစ်အကြမ်းဖက်စစ်ကောင်စီသည် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ယခင်ကထက် ပိုမို ခပ်စိပ်စိပ်လုပ်ဆောင်လျက်ရှိသည်။ လူနေထူထပ်သော နေရာများ၊ ဆေးရုံ၊ စာသင်ကျောင်း၊ စျေး၊ ဘုန်းကြီးကျောင်း၊ ခရစ်ယာန်ဘုရားကျောင်း၊ လူနေအဆောက်အဦးကြီး၊ အစိုးရအဆက်ဆက်လက်ထက် အသုံးပြုခဲ့သော ဌာနဆိုင်ရာ အဆောက်အအုံများ အပါအဝင် ၎င်းတို့ စွန့်လွှတ်ခဲ့ရသော စခန်းများပါမကျန် ဗုံးကြဲတိုက်ခိုက်လျက်ရှိသောကြောင့် အဆိုပါနေရာများတွင် သတိထားသွားလာကြရန်၊ လေကြောင်းအန္တရာယ်ကို ပိုမိုသတိထားကြရန် နှင့် မိုင်းအန္တရာယ်ကိုလည်း သတိထားကြပါရန် ထပ်မံ၍ သတိပေးလိုက်ပါသည်။

သတင်းနှင့်ပြန်ကြားရေး
အာရက္ခတပ်တော်
😢595👍276🤬44🤣2721🔥6🙏6👎3🤔21
Media is too big
VIEW IN TELEGRAM
၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၉) ရက်၊ ည (၉) နာရီ (၃၀) မိနစ်အချိန်တွင် ဖက်ဆစ်အကြမ်းဖက် စစ်ကောင်စီမှ ဂျက်တိုက်လေယာဉ် နှစ်စီးဖြင့် မောင်တော၊ (၄) မိုင် (နခခ-၂) စခန်း (စစ်သုံ့ပန်းများနှင့် တခြားအကျဉ်းသားများအား ခေတ္တထိန်းသိမ်းထားသည့်နေရာ) ကို လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် အဆိုပါနေရာရှိ မိမိတို့ ထိန်းသိမ်းထားသော -

(၁) မောင်တောမြို့သိမ်းတိုက်ပွဲအတွင်း ဖမ်းဆီးရမိထားသော စစ်သုံ့ပန်းများ၊
(၂) ARSA ၊ RSO အကြမ်းဖက် မူဆလင်လက်နက်ကိုင်တပ်ဖွဲ့ဝင်များ၊
(၃) ဖက်ဆစ် အကြမ်းဖက် စစ်ကောင်စီသင်တန်းဆင်း မူဆလင်အကြမ်းဖက်လက်နက်ကိုင်များ၊
(၄) ဖက်ဆစ် အကြမ်းဖက် စစ်ကောင်စီ၏ လက်ကိုင်တုတ်များ၊
(၅) ၎င်းတို့လေ့ကျင့်ထားသော သတင်းပေးများ၊
(၆) ULA/AA အဖွဲ့အစည်း နှင့် ရက္ခိုင့်အမျိုးသားတော်လှန်ရေးကို အနှောင့်အယှက်ပေးပြီး ဖျက်ဆီးရန် ကြိုးစားအားထုတ်၍ ဖမ်းဆီးစစ်ဆေးနေသောသူများ၊
(၇) ALP နှင့် ဆက်စပ်နေသောသူများ
(၈) သံသယအမျိုးမျိုးဖြင့် စစ်ဆေးမေးမြန်းရန် ဖမ်းဆီးထားသောသူအချို့အပါအဝင်
စုစုပေါင်း အကျဉ်းသား (၅၀) ကျော် ပွဲချင်းပြီး သေဆုံးခဲ့ကာ မြောက်မြားစွာ ဒဏ်ရာရရှိခဲ့သော ရုပ်သံမှတ်တမ်း နှင့် အသက်မသေဘဲကျန်ရှိခဲ့ပြီး ဒဏ်ရာရသူသောသူများအား ဆေးကုသမှုပေးနေသော ရုပ်သံမှတ်တမ်း

၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၁၁) ရက်

#AAInfoDesk
😢565👍386🤬4941😁23😱14👏11🥰10🙏8💯7👎6
454👍107😁19🥰11💯8❤‍🔥6👎4🔥1
အာရက္ခဒေသ၏ မြို့သိမ်းတိုက်ပွဲများကာလအတွင်း ပြည်သူ့ စည်းစိမ်၊ ဥစ္စာ၊ ရွှေ၊ ငွေ၊ လက်ဝတ်ရတနာ နှင့် လူ့အသုံးအဆောင်ပစ္စည်းများကို သက်ဆိုင်ရာတာဝန်ရှိသူများထံသို့ အပ်နှံခြင်းမပြုဘဲ အလွဲသုံးစားလုပ်ထား ကြသော သူများအား အပြစ်ပေးအရေးယူထားပြီး မိမိတို့ထိန်းသိမ်းထားသောပစ္စည်းများကို ကာယကံရှင်များ လက်ထဲသို့ ပြန်လည်ပေးအပ်ခြင်း ဆိုင်ရာ သတင်းထုတ်ပြန်ချက်

၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၁၃) ရက်

အာရက္ခတပ်တော်သည် အာရက္ခဒေသအတွင်းမှ မြို့များဖြစ်ကြသော ပေါက်တော၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ မြေပုံ၊ ပုဏ္ဏားကျွန်း၊ ရမ်းဗြဲ၊ ရသေ့တောင်၊ ဘူးသီးတောင်၊ သံတွဲမြို့များအပြင် ပလက်ဝဒေသတို့အား အပြီးသတ်သိမ်းပိုက်ရရှိထားခဲ့ပြီးဖြစ်သည်။ အာရက္ခဒေသနှင့် ပလက်ဝဒေသ များအတွင်း၌ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၃) ရက်မှ စတင်ခဲ့သော တိုက်ပွဲများနှင့်အတူ အာရက္ခတပ်တော်၏ မြို့သိမ်းတိုက်ပွဲကာလမှာ ယနေ့ဆိုလျှင် ဆယ်လတိတိပြည့်ခဲ့ပြီဖြစ်သည်။ တစ်ပြိုင်နက်တည်းတွင် အာရက္ခတပ်တော်သည် မိမိတို့သိမ်းပိုက်ရန် ကျန်ရှိနေသေးသော လက်ကျန်မြို့များထဲမှ မောင်တောမြို့ အပါအဝင် တောင်ကုတ်၊ ကျိန္တလီ၊ ဂွ၊ အမ်း၊ စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်မြို့များအားလုံးကို တစ်မြို့မကျန် အလုံးစုံသိမ်းပိုက်ရရှိရေးအတွက် ထိုးစစ်များကို ဆက်လက်ဆင်နွှဲလျက်ရှိသည်။

အာရက္ခဒေသတစ်ခုလုံး ဖက်ဆစ်စစ်ကောင်စီတပ်ကင်းစင်ရေးသည် မိမိတို့၏ ပထမဆုံးသော စစ်ရေး ရည်မှန်းချက်ဖြစ်သည့်အပြင် မြန်မာတစ်နိုင်ငံလုံးမှ အဖိနှိပ်ခံပြည်သူလူထုတစ်ရပ်လုံး၏ တော်လှန်ရေး ရည်မှန်းချက်လည်းဖြစ်လိမ့်မည်ဟု မိမိတို့ အပြည့်အဝယုံကြည်ပါသည်။

အထက်ဖော်ပြပါ မြို့သိမ်းတိုက်ပွဲ များကို ဆင်နွှဲကြသည့်အခါများ၌ မိမိတို့သည် အာရက္ခဒေသနေ မိဘပြည်သူလူထုတို့၏ အခြေခံ တိုက်တာအဆောက်အအုံ၊ လူနေအိမ်၊ အရပ်သားပြည်သူလူထုများကို အထိအခိုက်၊ အပျက်အစီး မရှိစေရန် ထိခိုက်ပျက်စီးမှု အနည်းဆုံးဖြင့် အလေးထား ဂရုပြုဆောင်ရွက်လေ့ရှိသော်လည်း ဖက်ဆစ်စစ်ကောင်စီသည် မိမိတို့ ပြည်သူလူထုများ၏ လူနေအိမ်၊ ဆေးရုံ၊ စာသင်ကျောင်း၊ ဘုရားကျောင်းကန်၊ တန်ဆောင်း၊ သာသနိကအဆောက်အအုံများအပြင် ယခင်အစိုးရ အဆက်ဆက်လက်ထက် အသုံးပြုခဲ့ကြသော ဌာနဆိုင်ရာ အသီးသီးတို့၏ အဆောက်အအုံများကို တိုက်ပွဲများအတွင်း၌သာမက တိုက်ပွဲဖြစ်ပွားခြင်းမရှိသော နေ့ရက်များ၌ပါ လက်နက်ကြီးများဖြင့် ကုန်းကြောင်း၊ ရေကြောင်း၊ လေကြောင်းများမှ ပစ်ခတ်တိုက်ခိုက်ခြင်း များကို ယနေ့အထိ ယုတ်မာစွာ ပြုလုပ်လျက်ရှိသည်။

မိမိတို့သိမ်းပိုက်ရရှိထားပြီးဖြစ်သော မြို့များတွင် အချို့မြို့များ၌ မြို့တွင်းတိုက်ပွဲများ ပြင်းထန်ခဲ့ပြီး အချို့မြို့များ၌ မြို့တွင်းတိုက်ပွဲ အနည်းငယ်သာရှိခဲ့သည်။ ထိုအထဲတွင် မြို့တွင်းတိုက်ပွဲ ပြင်းထန်ခဲ့သော ပေါက်တော၊ ရမ်းဗြဲ၊ ဘူးသီးတောင်၊ မောင်တောမြို့ (နခခ-၅ တစ်ခုတည်းသာကျန်) များ၌ တိုက်ပွဲကာလများ အတွင်း လူနေအဆောက်အအုံ ပျက်စီးမှု ပိုမိုများပြားခဲ့သည်။ စစ်ကောင်စီသည် အဆိုပါမြို့များမှ ဒေသခံ မြို့သူ မြို့သားများကို လူသားဒိုင်းကာများအဖြစ်အသုံးပြုကာ ခံစစ်များပြုလုပ်၍ ခုခံကာကွယ်ခဲ့ကြသည်။ ထို့အပြင် လူနေအိမ်၊ တိုက်တာ အဆောက်အအုံအများစုမှာလည်း ဖက်ဆစ်စစ်ကောင်စီ၏ လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ မှုများကြောင့် ပျက်စီးရသည်က ပိုများခဲ့သည်။

မြောက်ဦး၊ ကျောက်တော်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း အစရှိသော မြို့များမှ ဒေသခံပြည်သူလူထုများမှာ တိုက်ပွဲမဖြစ်ခင်ကတည်းက တိုက်ပွဲလွတ်ရာနယ်မြေများသို့ ကြိုတင်ရှောင်ရှားနိုင်ခဲ့ခြင်းကြောင့် အသက်၊ အန္တရာယ်ဆုံးရှုံးမှုများ လျော့နည်းခဲ့ရသည်။ အခြားတစ်ဖက်တွင် ဤကဲ့သို့ ကြိုတင်တိုက်ပွဲရှောင်နိုင်ခဲ့ ခြင်းကြောင့် အဆိုပါမြို့များမှ ဒေသခံပြည်သူလူထုများသည် ၎င်းတို့ပိုင်ဆိုင်သော ဆိုင်ကယ်၊ ကား၊ မီးခံသေတ္တာ၊ အစရှိသော လေးလံပြီး ရွှေ့ပြောင်းသယ်ယူရန် အဆင်မပြေသော ထုထည်ကြီးပစ္စည်းများ၊ လုံခြုံရေးအရ မယူဆောင်ဘဲ မိမိအိမ်တွင် ဝှက်ထားချန်ရစ်ခဲ့သော ရွှေ၊ ငွေ အချို့တို့သည် တိုက်ပွဲအတွင်း ပျက်စီးဆုံးရှုံးခဲ့ရ သည်သာမက ပျောက်ဆုံးမှုများရှိကြသည်များကို စိတ်မကောင်းဖွယ် ကြားသိရပါသည်။

ထို့အတူ ဒေသခံပြည်သူတချို့၏ ရွှေ၊ ငွေ၊ လက်ဝတ်ရတနာများမှာ တိုက်ပွဲများအတွင်း နှင့် တိုက်ပွဲများ ပြီးဆုံးသည့်အချိန်တွင် ပျောက်ဆုံးမှုများ ရှိခဲ့သည်ကို ကာယကံရှင်များ၏ တိုင်တန်းချက် နှင့် မိမိတို့ ထောက်လှမ်းရေးအဖွဲ့များ၏ စုံစမ်းစစ်ဆေးချက်များအရ သိရှိလာရပါသည်။

ထို့ကြောင့် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရသည် ခိုးမှုများကိုကျူးလွန်ခဲ့သောသူများအား သေချာစွာ စုံစမ်းစစ်ဆေးပြီး အပြစ်ကျူးလွန်ခဲ့ကြောင်း ထင်ရှားသောသူများကို ထိုက်တန်သောအပြစ်များပေး၍ အရေးယူထားပြီး ဖြစ်သကဲ့သို့ ခိုးယူထားသောပစ္စည်းများကို ပြန်လည်သိမ်းဆည်းရမိပါက ပိုင်ရှင်အစစ်အမှန်များ လက်ထဲသို့ ပေးအပ်ထားခဲ့ပြီးဖြစ်ပါသည်။ မပြီးပြတ်သေးသော ပျောက်ဆုံးမှုများကို ဆက်လက် စစ်ဆေးနေဆဲဖြစ်ပါသည်။
527👍143🤣28👏10🙏6🥰5❤‍🔥4👎4🔥1
ထို့အပြင် တချို့သောနေရာများ၌ ပိုင်ရှင်များဝှက်ထားခဲ့သော ရွှေ၊ ငွေ အစရှိသော အဖိုးတန် ပစ္စည်းများကို မိမိတို့တပ်ဖွဲ့ဝင်များမှ သွားရောက်ရှာဖွေပြီး တွေ့ရှိပါက ပိုင်ရှင်အစစ်အမှန်များ လက်ထဲသို့ ကောင်းမွန်စွာ ပြန်လည်အပ်နှံပေးခဲ့ပြီးဖြစ်ပါသည်။ ဥပမာ - ကျိန္တလီမြို့၊ အမှတ် (၂) ရပ်ကွက်ရှိ ခရစ်ယာန်ဘုရားရှိခိုးကျောင်းတစ်ခုတွင် ဘုရားကျောင်းပိုင် ရွှေ၊ ငွေ၊ လက်ဝတ်ရတနာပစ္စည်းတို့အား အသင်းတော်သူ/သားများမှ ဝှက်ထားခဲ့သည်ကို မိမိတို့ တပ်ဖွဲ့ဝင်များမှ သွားရောက်ရှာဖွေပြီး တွေ့ရှိခဲ့သောကြောင့် အဆိုပါ ပစ္စည်းများအားလုံးကို ကာယကံရှင်များလက်ထဲသို့ ကောင်းမွန်စွာ ပြန်လည်လွှဲပြောင်း အပ်နှံခဲ့ပြီး ဖြစ်ပါသည်။

ထို့ကြောင့် မိဘပြည်သူများအနေဖြင့် မိမိတို့၏ အဖိုးတန်ပစ္စည်းများ၊ ရွှေ၊ ငွေ၊ လက်ဝတ်ရတနာများသည် တိုက်ပွဲအတွင်း ရှာဖွေ၍မရအောင် ပျက်စီးဆုံးရှုံးသွားခြင်းမျိုးမဟုတ်ဘဲ အိမ်တွင်သိမ်းဆည်းထားခဲ့ခြင်း၊ ဝှက်ထားခဲ့သောပစ္စည်းများကို တွေ့ရှိခြင်းမရှိပါက မိမိတို့၏ သက်ဆိုင်ရာ ဒေသ၊ နယ်မြေ အုပ်ချုပ်ရေးမှူး များထံတွင် မှန်မှန်ကန်ကန် သတင်းပေးပို့ကြစေလိုပါသည်။ သတင်းများပေးပို့ကြပါရန်ကိုလည်း တိုက်တွန်း အပ်ပါသည်။

အာရက္ခတပ်တော်သည် တိုက်ပွဲများအတွင်း လိုက်နာကျင့်သုံးရမည့် အာရက္ခစစ်သည်တော်ကျင့်ဝတ်များ နှင့် ပြည်သူလူထုနှင့် ပြည်သူ့အသက်အိုးအိမ်၊ စည်းစိမ်များကို ကာကွယ်စောင့်ရှောက်ရမည့် ဝတ္တရားများကို တိကျစွာ ပြဋ္ဌာန်းထားပြီး လိုက်နာကျင့်သုံးကြရန် အဆင့်ဆင့်ညွှန်ကြားထားပြီးဖြစ်ပါသည်။ သို့ရာတွင် မိမိတို့၏ တပ်ဖွဲ့ဝင်နှင့် အုပ်ချုပ်ရေးဘက်မှ အကျင့်ပျက်ဝန်ထမ်းအချို့တို့သည် လုပ်ပိုင်ခွင့်၊ အာဏာတို့ကို အလွဲသုံးစားလုပ်ပြီး ပြည်သူ့စည်းစိမ်ဥစ္စာများကို ယူသုံးခြင်းများ ပြုလုပ်လျက်ရှိသောကြောင့် အဆိုပါ အကျင့်ပျက်ဝန်ထမ်းတိုင်းကို ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပါသည်။

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရသည် ပြည်သူ့လုံခြုံရေး နှင့် တရားဥပဒေစိုးမိုးရေးအတွက် “Department of Law Enforcement and Public Security (DLEPS)” ပြည်သူ့လုံခြုံရေး နှင့် တရားဥပဒေစိုးမိုးရေးဌာနကိုဖွဲ့စည်းကာ တပ်ဖွဲ့ဝင်အသစ်များကို ခေါ်ယူပြီး ဌာနကို တိုးချဲ့ဖွဲစည်းသွားမည် ဖြစ်သည်။ ထို့အပြင် ပြည်သူလူထုများနှင့် ပူးပေါင်းပြီး ပိုမိုလုံခြုံစိတ်ချရသော အနေအထားမျိုး ရရှိလာစေရန်အတွက်ကိုလည်း ယခုထက်ပိုမို အားစိုက်ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေး ထုတ်ပြန်ကြေညာအပ်ပါသည်။


သတင်းနှင့်ပြန်ကြားရေး
အာရက္ခတပ်တော်
1.23K👍357🤣47🥰39🙏26💯16😁15👎13🏆12❤‍🔥9🎉6
အာရက္ခဒေသအတွင်း တိုက်ပွဲသတင်းများ

၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၂၇) ရက်

အာရက္ခပြည်၊ အမ်းမြို့နယ်၊ ကျောက်စကွဲကျေးရွာ၏ အနောက်ဘက် မီတာ (၄၀၀) ခန့်အကွာအဝေးတွင် ဖက်ဆစ်အကြမ်းဖက်စစ်ကောင်စီ၏ စကခ (၅) လက်အောက်ခံ ခမရ (၃၄၆/ ၃၇၃/ ၃၇၂) တပ်ရင်းများ စုပေါင်းထားသော အင်အား (၁၀၀) ခန့်ပါ စစ်ကြောင်းတစ်ခုနှင့် အာရက္ခတပ်တော်တို့သည် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၂၆) ရက်နေ့၊ နံနက် (၁၁) နာရီ (၅၀) မိနစ်တွင် စတင်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။ နှစ်နာရီနီးပါးကြာ အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုအတွင်း ရန်သူ့ဘက်မှ အလောင်း (၅) လောင်း၊ လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းတချို့ကို သိမ်းဆည်းရမိခဲ့သည်။

ထို့အတူ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၂၇) ရက်နေ့၊ နံနက် (၁၀) နာရီခန့်အချိန်တွင်လည်း ယမန်နေ့ တိုက်ပွဲဖြစ်ပွားခဲ့သောနေရာအနီး ပတ်ဝန်းကျင်၌ ထပ်မံထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။ ရန်သူသည် အထိအခိုက်အကျအဆုံးအချို့ဖြင့် နောက်ဆုတ်သွားခဲ့သည်။ ရန်သူ၏ စစ်အသုံးအဆောင်ပစ္စည်း၊ လက်နက်ခဲယမ်း၊ ခြင်းတောင်းအများအပြားတို့ကို ထပ်မံသိမ်းဆည်းရမိခဲ့သည်။

ဂွမြို့နယ်၊ ကျောက်ပါးစပ်ရွာအနီး၊ အရှေ့တောင်ဘက် မီတာ (၁၀၀၀) ခန့်အကွာ ကျိန္တလီကားလမ်းမအနီးရှိ တောင်ကုန်းတွင်လည်း စက်တင်ဘာလ (၂၄) ရက်နေ့၊ နေ့လယ် (၁) နာရီ (၅၀) မိနစ်မှ နေ့လယ် (၃) နာရီ (၂၀) မိနစ်အထိ နှစ်နာရီကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်။

မောင်တောမြို့အား အလုံးစုံသိမ်းပိုက်ရရှိရန်အတွက် မောင်တောမြို့အတွင်း၌ ကစဉ့်ကလျားထွက်ပြေးပြီး တိုက်တာအဆောက်အအုံ၊ လူနေအိမ်အချို့၌ အယောက်ကျထွက်ပြေးပုန်းခိုလွတ်မြောက်နေသေးသော ဖက်ဆစ်အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့၊ ၎င်းတို့သင်တန်းပေးထားသော မူဆလင်အကြမ်းဖက် အချို့ နှင့် ARSA၊ RSO၊ ARA အစရှိသော မူဆလင်အကြမ်းဖက်လက်နက်ကိုင်များအား လိုက်လံရှင်းလင်းလျက်ရှိသည်။

တစ်ပြိုင်နက်တည်းတွင် မောင်တောမြို့ပြင်၌ တစ်ခုတည်းကျန်ရှိနေသော ဖက်ဆစ်အကြမ်းဖက် စစ်ကောင်စီ၏ နခခ (၅) စခန်းအား အပြီးသတ်သိမ်းပိုက်ရယူရေးအတွက် ထိုးစစ်များကို ဆက်လက်အရှိန်အဟုန်မြှင့်တင်သွားမည်ဖြစ်သည်။

ထို့အတူ အာရက္ခဒေသအတွင်းရှိ မိမိတို့ အပြီးသတ်သိမ်းပိုက်ရန် ကျန်ရှိနေသေးသော မပြီးပြတ်သေးသည့် ရန်သူ့လက်ကျန်စခန်းများအားလုံးကို တစ်ခုမကျန် သိမ်းပိုက်ရယူရေးအတွက် ထိုးစစ်များကို ဆက်လက်အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမည်ဖြစ်သည်။


သတင်းနှင့်ပြန်ကြားရေး
အာရက္ခတပ်တော်
1.33K👍427🥰44🤣28🙏19😁18💯13❤‍🔥12👏9🍌9🔥7
အခြေခံစားသောက်ကုန်ပစ္စည်းများဝယ်၍ပြန်လာသော အရပ်သားကားတစ်စီးအား ARSA မူဆလင်အကြမ်းဖက်လက်နက်ကိုင်တပ်ဖွဲ့များမှ လမ်းတစ်လျှောက် အဆင့်ဆင့်အကြမ်းဖက် ပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သားအမျိုးသမီး (၁) ဦးသေဆုံးခဲ့ပြီး (၄) ဦး ဒဏ်ရာရရှိ

၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၇) ရက်

၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၆) ရက် ၊ ညနေ (၄) နာရီ (၁၅) မိနစ်အချိန်တွင် မောင်တောမြို့၊ တောင်ပြိုမှ အခြေခံစားသောက်ကုန်ပစ္စည်းများဝယ်၍ ပြန်လာသော ကားမောင်းသူ နှင့် အရပ်သား (၆) ဦးပါ တေဘာကားတစ်စီးအား ARSA မူဆလင်အကြမ်းဖက် လက်နက်ကိုင်တပ်ဖွဲ့များမှ လမ်းတစ်လျှောက် အဆင့်ဆင့် ခြုံခိုပစ်ခတ်တိုက်ခိုက်ခဲ့သည်။

ထိုသို့အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်မှုကြောင့် မောင်တောမြို့၊ အောင်မင်္ဂလာကျေးရွာမှ အသက် (၃၈) နှစ်အရွယ် ဒေါ်ဆန်းဆန်းဦးမှာ ဝဲဖက်နားထင်အား ကျည်ထိမှန်၍ သေဆုံးခဲ့ရပြီး အခြား (၄) ဦးမှာလည်း လက်နက်ငယ်ဒဏ်ရာများရရှိခဲ့ကြသည်။ လောလောဆယ်တွင် ဝမ်းဗိုက်တွင် ပြင်းထန် ဒဏ်ရာ ရရှိသူ (၁) ဦး နှင့် ဦးခေါင်းတွင် ပြင်းထန်ဒဏ်ရာရရှိသူ (၁) ဦးတို့အား အာရက္ခပြည်သူ့ကျန်းမာရေးဌာနမှ ဆေးကုသပေးလျက်ရှိသည်။

တစ်ပြိုင်နက်တည်းတွင် အပြစ်မဲ့အရပ်သားပြည်သူများအား အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်သွားခဲ့သော ARSA မူဆလင် အကြမ်းဖက်လက်နက်ကိုင်တပ်ဖွဲ့ဝင်များအား အာရက္ခတပ်တော်မှ လိုက်လံရှင်းလင်းလျက်ရှိသည်။

သတင်းနှင့်ပြန်ကြားရေး
အာရက္ခတပ်တော်
😢668🤬171👍12243🤣30🙏23👏5❤‍🔥4👎4👌2🌭1