AA Info Desk
55.1K subscribers
1.36K photos
89 videos
8 files
145 links
Download Telegram
❤303👍59🥰20❤‍🔥9🤣6😢5🔥2👎1🙏1😈1
မောင်တောမြို့သိမ်းတိုက်ပွဲနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ချက်

၂၀၂၄ ခုနှစ်၊ သြဂုတ်လ (၁၈) ရက်

အာရက္ခတပ်တော်သည် မောင်တောမြို့သိမ်းတိုက်ပွဲအား ဆင်နွှဲရန်အတွက် မောင်တောမြို့ခံ ပြည်သူလူထုများကို မောင်တောမြို့ထဲမှထွက်ခွာကြရန် ၂၀၂၄ ခုနှစ်၊ ဇွန်လ (၁၆) ရက်နေ့ကတည်းကပင် အသိပေးထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။ မောင်တောဒေသခံများထဲတွင် မိမိတို့ ထုတ်ပြန်ချက်ကို လိုက်နာပြီး မြို့ထဲမှထွက်ခွာကြသူများ ရှိကြသကဲ့သို့ လိုက်နာမှုမရှိကြဘဲ မောင်တောမြို့ထဲတွင် ဆက်လက် နေထိုင်ခဲ့ကြသူများလည်း ရှိကြပါသည်။

မိမိတို့၏ ထုတ်ပြန်ချက်အား မလိုက်နာဘဲ ပေကပ်နေထိုင်ကြသူများကို အုပ်စုခွဲကြည့်ပါက
(၁) ဖက်ဆစ် စစ်ကောင်စီ၏ လက်ကိုင်တုတ်များ၊ လက်သပ်မွေးထားသူများ၊
(၂) ဖက်ဆစ် စစ်ကောင်စီမှ လက်နက်တပ်ဆင်ပေးထားသော လက်နက်ကိုင်မူဆလင်အကြမ်းဖက်အုပ်စုများ၊
(၃) ARSA ၊ RSO ၊ ARA အစရှိသော အကြမ်းဖက်အဖွဲ့အစည်းများ၊
(၄) အထက်ဖော်ပြပါ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များနှင့် ပတ်သက်ဆက်နွယ်နေသော မိသားစုဝင်များ၊
(၅) ဖက်ဆစ်စစ်ကောင်စီ နှင့် ARSA ၊ RSO ၊ ARA အစရှိသော ဘာသာရေးအစွန်းရောက် အကြမ်းဖက် အဖွဲ့အစည်းများမှ လူသားဒိုင်းကာအဖြစ် အသုံးပြုရန် အတင်းအဓမ္မ ခေါ်ယူထားသော မောင်တောဒေသခံ ပြည်သူလူထုများ နှင့်
(၆) ပေကပ်နေထိုင်လိုကြသော သူများ စသည့်အုပ်စုများအဖြစ် တွေ့ရှိရသည်။

မောင်တောမြို့တစ်မြို့လုံးအား အဆင့်ဆင့်သော ခုခံစစ်များဖြင့် ပြင်ဆင်ထားသော စစ်ကောင်စီသည် မောင်တောမြို့၏ ရပ်ကွက် (၁)၊ ရပ်ကွက် (၂)၊ ရပ်ကွက် (၃)၊ ရပ်ကွက် (၄)၊ ကညင်တန်း ရပ်ကွက် အစရှိသည့် ရပ်ကွက်များအတွင်းရှိ စစ်ရေးအရ အရေးပါပြီး အချက်အချာကျသော အထပ်မြင့် အဆောက်အအုံများ၊ တိုက်တာအိုးအိမ်များ၊ စာသင်ကျောင်းများ အပါအဝင် အခြားသော နေရာများအား ၎င်းတို့၏ စစ်စခန်းများ အဖြစ် အသုံးပြုပြီး ခုခံစစ်ကိုဆင်နွှဲလျက်ရှိသည်။ ထို့အတူ မောင်တောမြို့အတွင်းသို့ ဆက်သွယ်ထားသော တံတားများထဲတွင် “ရွှေဇားတံတား”မှလွဲ၍ တံတားအားလုံးကို ဖောက်ခွဲ ဖျက်ဆီးထားခဲ့သည်။ ရွှေဇားတံတားအား ဖောက်ခွဲဖျက်စီးရန်ပြင်ဆင်နေစဉ်အတွင်း မိမိတို့မှ တိုက်ခိုက်နိုင်ခဲ့သောကြောင့် ယခုကဲ့သို့ မပျက်စီးဘဲ ကျန်ရှိခဲ့ခြင်းဖြစ်သည်။

အာရက္ခတပ်တော်သည် မောင်တောမြို့အား ဝိုင်းရံပိတ်ဆို့ဖြတ်တောက်ထားသည်မှာ ကာလအတန်ကြာခဲ့ပြီ ဖြစ်သော်လည်း မောင်တောမြို့၏ မြောက်ဘက်ရှိ “ဟော်ရီတူလာရွာ” နှင့် တောင်ဘက်ရှိ “မောင်နီရွာ” တို့၌ တပ်စွဲစခန်းချထားသော စစ်ကောင်စီ၏ စစ်စခန်းနှစ်ခုအား ၂၀၂၄ ခုနှစ်၊ သြဂုတ်လ (၄) ရက်နေ့တွင် စတင်တိုက်ခိုက်ခဲ့ပြီး မောင်တောမြို့သိမ်းတိုက်ပွဲအဖြစ် စတင်ခဲ့သည်။ မောင်နီရွာရှိ စစ်ကောင်စီ၏ ရဲစခန်းအား ၎င်းနေ့ရက်၌ပင် သိမ်းပိုက်ရရှိခဲ့ပြီး ဟော်ရီတူလာရွာရှိ စစ်ကောင်စီ၏စခန်းအား သြဂုတ် (၆) ရက်နေ့တွင် သိမ်းပိုက်ရယူနိုင်ခဲ့သည်။ ထို့အတူ မောင်တောမြို့၊ (၃) မိုင် ကိုလည်း ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၉) နေ့တွင် သိမ်းပိုက်ရယူနိုင်ခဲ့သည်။

မောင်တောမြို့အား နေရာအနှံ့မှ ဝန်းရံပိတ်ဆို့ပြီးနောက်တွင် မြို့တွင်းထိုးစစ်ဆင်တိုက်ခိုက်မှုအား မိမိတို့မှ အရှိန်အဟုန်မြှင့် ပြုလုပ်ခဲ့သောကြောင့် သြဂုတ် (၄) ရက်နေ့နောက်ပိုင်းမှစ၍ မြို့တွင်းတိုက်ပွဲများမှာ ပိုမိုပြင်းထန် လာခဲ့သည်။ ဤကဲ့သို့ မြို့တွင်းတိုက်ပွဲများ ကျယ်ပြန့်လာသောကြောင့် စစ်ကောင်စီ၏ လူသားဒိုင်းကာအဖြစ် အသုံးပြုခြင်းခံနေရသော မောင်တောဒေသခံ ပြည်သူ နှစ်သောင်း (၂၀၀၀၀) နီးပါးအား အာရက္ခတပ်တော်မှ မြို့တွင်းတိုက်ပွဲများကြား၌ ကယ်ထုတ်ထားခဲ့ပြီးဖြစ်သည်။ ကယ်ထုတ်လာနိုင်သော သူများထဲတွင် နိုင်ငံတကာအဖွဲ့အစည်းအချို့၏ ဝန်ထမ်းများ၊ မိသားစုဝင်များ ပါဝင်ခဲ့သည်။ မိမိတို့အနေဖြင့် မောင်တောမြို့အတွင်း ပိတ်မိနေသောသူများကို ဆက်လက်ကယ်တင်နိုင်ရန် တိုက်ပွဲများကြားထဲမှ ဆက်လက် ကြိုးပမ်းလျက်ရှိသည်။

မောင်တောမြို့သိမ်းတိုက်ပွဲသည် နေ့တိုင်းဖြစ်ပွားလျက်ရှိပြီး အာရက္ခတပ်တော်အနေဖြင့် မောင်တောမြို့ထဲရှိ ရန်သူများထဲမှ အချို့ကို ချေမှုန်းထားနိုင်ပြီး ရန်သူစခန်းချတပ်စွဲထားသော နေရာအချို့ကို သိမ်းပိုက် ရရှိထားပြီး ဖြစ်သည်။ တစ်ပြိုင်နက်တည်းတွင် မောင်တောမြို့ထဲရှိ ရန်သူတပ်စွဲထားသောနေရာများကို တစ်ခုပြီး တစ်ခု လိုက်လံရှင်းလင်းနေစဉ်အတွင်း ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ (၁၅) ရက်၊ ညနေ (၄) နာရီအချိန်ခန့်တွင် မောင်တောမြို့၊ အမှတ် (၂) ရပ်ကွက်၊ အထက (၂) ကျောင်းအနီး အဆောက်အအုံတစ်ခု (လူနေအိမ်) ၌ စခန်းချနေရာယူထားသော စစ်ကောင်စီ အကြမ်းဖက်သင်တန်းဆင်း အစွန်းရောက် မူဆလင်လက်နက်ကိုင်အဖွဲ့ဝင်များနှင့် မိမိတို့တပ်ဖွဲ့ဝင်များအကြား တိုက်ပွဲဖြစ်ပွားခဲ့သည်။
👍475❤185🤣21❤‍🔥17👎9🥰5🙏3🎉2
မိနစ်လေးဆယ်ခန့် အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုအတွင်း ရန်သူများကို မိမိတို့မှ ချေမှုန်းနိုင်ခဲ့သော်လည်း ၎င်းတို့စခန်းချ တပ်စွဲထားသော အဆောက်အအုံမှာ နှစ်ဖက်တိုက်ပွဲအတွင်း လက်နက်ကြီး၊ လက်နက်ငယ်များကြောင့် ပျက်စီးမှုများရှိခဲ့သည်။ သို့သော် အကြမ်းဖက် မူဆလင်လက်နက်ကိုင်အချို့သည် ၎င်းတို့ ထွက်မပြေးမီ ၎င်းတို့စခန်းချတပ်စွဲထားသော အဆိုပါလူနေအိမ်အား မီးရှို့ ၍ ထွက်ပြေးသွားခဲ့သည်။ ဤကဲ့သို့ မီးရှို့မှုကြောင့် ၎င်းနေအိမ်အပါအဝင် အခြားသောလူနေအိမ် (၅) လုံးပါ မီးလောင်ပျက်စီးခဲ့ရသည်။ ဤတိုက်ပွဲအတွင်း မီးလောင်၍ သေဆုံးနေသော မူဆလင်လက်နက်ကိုင် အကြမ်းဖက်သမား အလောင်း (၂) လောင်းနှင့် လက်နက်ခဲယမ်းအချို့တို့အား မီးလောင်နေသော အိမ်အတွင်းမှ မိမိတို့မှ သိမ်းဆည်းရမိခဲ့သည်။

၂၀၂၄ ခုနှစ်၊ ဩဂုတ်လ (၁၆) ရက်နေ့၌လည်း မောင်တောမြို့တွင်း၊ မောင်တောနာရီစင်နှင့် ၎င်းအနီး ပတ်ဝန်းကျင်၊ မောင်တောမြို့၏ အရှေ့တောင်ဘက်နှင့် မောင်တောမြို့အဝင် စသည့်နေရာများ၌ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိသည်။ ဤတိုက်ပွဲဖြစ်ပွားလျက်ရှိသောနေရာများထဲမှ ရန်သူ့အလောင်းအမြောက်အမြား နှင့် လက်နက်ခဲယမ်းအချို့ကို သိမ်းဆည်းရမိခဲ့သည်။

မောင်တောမြို့သိမ်းတိုက်ပွဲ ဆက်လက်ပြင်းထန်နေသည်နှင့်တစ်ပြိုင်နက်တွင် နိုင်ငံတကာရောက် လူ့အခွင့်အရေးအရေခြုံ လူပုဂ္ဂိုလ်တစ်ချို့တို့သည် မောင်တောမြို့သိမ်းတိုက်ပွဲနှင့်ပတ်သက်၍ သတင်းတု၊ သတင်းမှားများဖြင့် စွပ်စွဲပြောဆို ရေးသားနေကြသည်များကိုလည်း ဆက်တိုက်တွေ့ရှိနေရပါသည်။ ဤကဲ့သို့ သတင်းတု၊ သတင်းမှားများ ရေးသားပြောဆိုနေခြင်းသည် အာရက္ခဒေသအတွင်း လူမျိုးနှစ်ခုအကြား သဟဇာတဖြစ်မှုကို ထိခိုက်စေနိုင်ကြောင်း အလေးအနက် သတိပေးလိုပါသည်။

လက်ရှိအချိန်အထိ မောင်တောမြို့တွင်းတိုက်ပွဲများမှာ မြို့တွင်းနေရာအနှံ့တွင် တိုက်ပွဲဖြစ်ပွားလျက်ရှိပြီး မြို့တွင်း၌ ဖက်ဆစ်စစ်ကောင်စီ နှင့် ARSA ၊ RSO ၊ ARA အစရှိသော ဘာသာရေးအစွန်းရောက် အကြမ်းဖက် အဖွဲ့အစည်းများ၏ လူသားဒိုင်းကာအဖြစ် အသုံးပြုရန်ခေါ်ယူထားသော မောင်တောဒေသခံ ပြည်သူအချို့တို့မှာလည်း ရှိနေဆဲဖြစ်သည်။ မိမိတို့အနေဖြင့်လည်း အဆိုပါ ပြည်သူများကို နေ့စဉ်နှင့်အမျှ ကယ်ထုတ်နေရဆဲပင် ဖြစ်သည်။

ခေတ်ကာလအဆက်ဆက်၌ အာရက္ခဒေသအတွင်း ဖြစ်ပွားခဲ့သော အဓိကရုဏ်း၊ အကြမ်းဖက်ကိစ္စရပ်များ၊ လူမျိုးရေး၊ ဘာသာရေးပဋိပက္ခများ၏ အဓိက လက်သည်တရားခံများမှာ စစ်အစိုးရအဆက်ဆက် နှင့် မြန်မာ့တပ်မတော် တစ်ဖြစ်လဲ ဖက်ဆစ်စစ်ကောင်စီပင်ဖြစ်သည်။ ထို့အတူ ဤရက်သတ္တပတ်များ အပါအဝင် လွန်ခဲ့သောလများ၌ ဖြစ်ပျက်ခဲ့သည့် အကြမ်းဖက်မှုဖြစ်ရပ်တိုင်းသည် စစ်ကောင်စီ၏ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ချက်များသာဖြစ်ပြီး ၎င်းတို့နှင့်အတူ ARSA ၊ RSO ၊ ARA ဘာသာရေး အစွန်းရောက် အကြမ်းဖက်အဖွဲ့များကပါ အလိုတူအလိုပါ ပူးပေါင်းဆောင်ရွက်ခဲ့ကြသော လုပ်ဆောင်ချက်များပင်ဖြစ်သည်။

မောင်တောမြို့သိမ်းတိုက်ပွဲနှင့်ပတ်သက်၍ နောက်ဆုံးရသတင်းများကို ဆက်လက်တင်ပေးသွားပါမည်။

သတင်းနှင့်ပြန်ကြားရေး
အာရက္ခတပ်တော်
❤1.15K👍474🤣35❤‍🔥29👎19🥰18🎉4🔥3🍾2😢1🌚1
❤634👍163🥰23👎18🤣15❤‍🔥5🔥4🏆3🙏1😈1
အာရက္ခဒေသအတွင်းတိုက်ပွဲသတင်းများ

၂၀၂၄ ခုနှစ်၊ ဩဂုတ်လ (၂၄) ရက်

အာရက္ခတပ်တော်သည် အာရက္ခဒေသတွင်းရှိ လက်ကျန်မြို့များထဲမှ မောင်တောမြို့ နှင့် ကျိန္တလီမြို့များရှိ စစ်ကောင်စီ၏ နောက်ဆုံးလက်ကျန်စခန်းများအား တစ်ခုမကျန်ထိုးစစ်ဆင်တိုက်ခိုက်ကာ အပြီးသတ် သိမ်းပိုက်ရယူနိုင်ရန် ကြိုးပမ်းလျက်ရှိသည်။ တစ်နည်းအားဖြင့် မောင်တော နှင့် ကျိန္တလီ မြို့သိမ်းတိုက်ပွဲအား ဆင်နွှဲနေခြင်းဖြစ်သည်။

မောင်တောမြို့သိမ်းတိုက်ပွဲသည် နှစ်ပတ်ခန့် ကြာမြင့်ခဲ့ပြီဖြစ်သည့်အလျောက် မောင်တောမြို့အတွင်း ခံစစ်ပြင်ဆင်ထားသော ဖက်ဆစ် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ စစ်ကောင်စီ သင်တန်းဆင်းပြီး ၎င်းတို့ လက်နက် တပ်ဆင်ပေးထားသည့် အကြမ်းဖက် မူဆလင်လက်နက်ကိုင်အဖွဲ့များအပြင် ARSA၊ RSO၊ ARA အကြမ်းဖက်တပ်ဖွဲ့ဝင်များသည် အာရက္ခတပ်တော်၏ ထိုးစစ်အောက်တွင် အထိအခိုက်၊ အကျအဆုံးများနှင့်အတူ ကစဉ့်ကလျားထွက်ပြေးခြင်း၊ လက်နက်ချအညံ့ခံခြင်းများကို ဆက်တိုက် ပြုလုပ်လာသောကြောင့် မောင်တောမြို့သည် အာရက္ခတပ်တော်၏ အလုံးစုံထိန်းချုပ်မှုအောက်သို့ ရောက်ရှိလာမည့် မြို့တစ်မြို့ဖြစ်လာတော့မည်ဖြစ်သည်။

၂၀၂၄ ခုနှစ်၊ ဩဂုတ်လ (၄) ရက်နေ့တွင် မောင်တောမြို့သိမ်းတိုက်ပွဲအား စတင်ခဲ့သော်လည်း မောင်တောမြို့ပတ်ဝန်းကျင်ရှိ စခန်းများအား တစ်ခုပြီးတစ်ခု သိမ်းပိုက်ရရှိရန်အတွက် ကြိုးပမ်းနေခဲ့သည်မှာ သုံးလခန့် ကြာမြင့်ခဲ့ပြီဖြစ်သည်။ မောင်တောမြို့သိမ်းတိုက်ပွဲစတင်ပြီး ရက်ပေါင်း နှစ်ဆယ်ကြာ အတောအတွင်း မောင်တောမြို့အတွင်းမှ ဖက်ဆစ် စစ်ကောင်စီ နှင့် အပေါင်းအပါများ၏ ခံစစ်နေရာများကို တစ်ခုပြီးတစ်ခု သိမ်းပိုက်ရရှိထားပြီးဖြစ်သကဲ့သို့ အနည်းငယ်မျှသာကျန်ရှိသည့် ခံစစ်နေရာများအားလုံးကို တစ်ခုမကျန် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်။ ထို့ကြောင့် မောင်တောမြို့သိမ်းတိုက်ပွဲမှာ ဆက်လက် ပြင်းထန်နေဆဲဖြစ်သည်။

မောင်တောမြို့ကိုလက်လွှတ်ရန် သေချာနေပြီဖြစ်သော ဖက်ဆစ် စစ်ကောင်စီသည် ၎င်းတို့၏ ယုတ်မာသောအကျင့်အတိုင်း မောင်တောမြို့အတွင်းရှိ လူနေအိမ်၊ အဆောက်အအုံများအား မီးရှို့ဖျက်ဆီးခြင်းများပြုလုပ်ပြီး တိုက်ပွဲများအတွင်းမှ ရသည့်နည်းလမ်းဖြင့် ထွက်ပြေး တိမ်းရှောင်လျက်ရှိနေပြီဖြစ်သည်။ မိမိတို့မှလည်း ထွက်ပြေးနေသူများအပါအဝင် ခုခံစစ်များကိုဆင်နွှဲနေသောသူများအား လိုက်လံချေမှုန်းလျက်ရှိသည်။

မောင်တောမြို့နှင့် အနီးဝန်းကျင်နေရာများသို့ ထွက်ပြေးလွတ်မြောက်နေသည့် ဖက်ဆစ် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ရန်သူ့ အကြမ်းဖက်သင်တန်းဆင်း မူဆလင်လက်နက်ကိုင်များ၊ ARA၊ ARSA၊ RSO အစွန်းရောက်လက်နက်ကိုင်မူဆလင်များနှင့် ၎င်းတို့လက်ပါးစေများကို ယခုရက်သတ္တပတ်များအတွင်း နေ့တိုင်းဖမ်းဆီးရမိသကဲ့သို့ ၎င်းတို့အလောင်းများနှင့်အတူ စစ်အသုံးအဆောင်ပစ္စည်းများ၊ လက်နက်ခဲယမ်းများကို ဆက်တိုက်သိမ်းဆည်းရမိခဲ့သည်။

တစ်ပြိုင်နက်တည်းတွင် သံတွဲမြို့နှင့်ကပ်လျက်ရှိသော ကျိန္တလီ၊ မောင်ရွှေလေး၊ ကွင်းဝိုင်း အစရှိသော နေရာများတွင်လည်း တိုက်ပွဲများ ဆက်လက်ပြင်းထန်လျက်ရှိသည်။ ဤတိုက်ပွဲနေရာများ၌ ရန်သူ့ဘက်မှ ကြည်း၊ ရေ၊ လေ စုပေါင်းကာ ပြန်လည်ခုခံလျက်ရှိသောကြောင့် ဤနေရာများ၌ ဖြစ်ပွားနေသော တိုက်ပွဲများသည်လည်း တစ်ရက်ပြီးတစ်ရက် ပိုမိုပြင်းထန်လျက်ရှိသည်။

အာရက္ခတပ်တော်အနေဖြင့် ယခင်စစ်ရေးရည်မှန်းချက်အတိုင်း အာရက္ခဒေသအတွင်း လက်ကျန်မြို့များကို မြို့သိမ်းတိုက်ပွဲဆင်နွှဲရင်း လက်နက်ချအညံ့မခံဘဲ မိမိတို့အား ခုခံနေသည့် ရန်သူ့စခန်းတိုင်းကို ဆက်လက်ချေမှုန်းသွားမည်ဖြစ်သည်။ နောက်ဆုံးရတိုက်ပွဲသတင်းများရှိပါက ဆက်လက်တင်ပေးသွားပါမည်။

သတင်းနှင့်ပြန်ကြားရေး
အာရက္ခတပ်တော်
❤1.13K👍357🏆32👎21🤣15💯10❤‍🔥7🔥5🥰5🍾3🍌2
အာရက္ခဒေသအတွင်းတိုက်ပွဲသတင်းများ

၂၀၂၄ ခုနှစ်၊ ဩဂုတ်လ (၂၆) ရက်

အာရက္ခတပ်တော်သည် မောင်တောမြို့သိမ်းတိုက်ပွဲအား ဆက်လက်ဆင်နွှဲလျက်ရှိသောကြောင့် မောင်တောမြို့အတွင်း၌ တိုက်ပွဲများမှာ ယနေ့အထိ ဆက်လက်ဖြစ်ပွားလျက်ရှိသည်။ မောင်တောမြို့၊ အမှတ် (၂) ရပ်ကွက်၊ (ဖေဇီရွာ နှင့် မောင်နီရွာ) အတွင်းမှ အဆင့်ဆင့်ခုခံစစ်ဆင်နွှဲနေခဲ့သော ဖက်ဆစ်စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၊ စစ်ကောင်စီ သင်တန်းဆင်းပြီး ၎င်းတို့လက်နက် တပ်ဆင်ပေးထားသည့် အကြမ်းဖက် မူဆလင် လက်နက်ကိုင်အဖွဲ့များအပြင် ARSA၊ RSO၊ ARA အကြမ်းဖက်တပ်ဖွဲ့ဝင်များ၏ ခံစစ်နေရာ အများစုအား အာရက္ခတပ်တော်မှ တစ်ခုပြီးတစ်ခု သိမ်းပိုက်ရရှိထားခဲ့ပြီးဖြစ်သည်။

မိမိတို့သိမ်းပိုက်ရရှိထားသောနေရာများမှ ရန်သူ စစ်ကောင်စီ နှင့် အကြမ်းဖက် မူဆလင်တပ်ဖွဲ့ဝင်များ၏ အလောင်းများ၊ သုံ့ပန်းများနှင့် လက်နက်ခဲယမ်းများကို သိမ်းဆည်းရမိခဲ့သည်။ ဩဂုတ် (၂၄/၂၅/၂၆) သုံးရက်အတွင်း ရန်သူ နှင့် အပေါင်းအပါ အလောင်း (၁၀၀) ကျော်အား ကောင်းမွန်စွာ မြေမြှုပ်ပေးနိုင်ခဲ့သကဲ့သို့ သုံ့ပန်းအချို့ကိုလည်း မောင်တော မြို့တွင်း၊ မြို့ပြင်များမှ ဖမ်းဆီးရမိခဲ့သည်။

တစ်ပြိုင်နက်တည်းတွင် လက်နက်ကိုင်ပြီး ထွက်ပြေးသော ရန်သူများအား လိုက်လံချေမှုန်းလျက်ရှိပြီး ရန်သူ၏ လက်ကျန်ခံစစ်စခန်းများကိုလည်း ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိသောကြောင့် မောင်တောမြို့၏ အခြားနေရာအချို့ ၌လည်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်။

သံတွဲမြို့နယ်၊ မောင်ရွှေလေးရေတပ် နှင့် ဂွမြို့နယ်၊ ကျိန္တလီမြို့အနီး ကျောက်ပါးစပ်ကျေးရွာ အနီးတို့တွင်လည်း ဖက်ဆစ်စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော်တို့ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားလျက်ရှိသည်။ ရန်သူသည် စစ်သင်္ဘော (၈) စီးဖြင့် ရေကြောင်းမှ တိုက်ပွဲဖြစ်ပွားရာနေရာများသို့ လက်နက်၊ လူအင်အား ဖြည့်တင်းနေခြင်း၊ စစ်သင်္ဘောများပေါ်မှ လက်နက်ကြီးများဖြင့် ဆက်တိုက် ပစ်ခတ်တိုက်ခိုက်နေသောကြောင့် တိုက်ပွဲများဆက်လက်ပြင်းထန်လျက်ရှိသည်။

သတင်းနှင့်ပြန်ကြားရေး
အာရက္ခတပ်တော်
❤1.28K👍412🥰32🙏22👏18👎17😁12🔥9😍6🎉5😈4
အာရက္ခဒေသအတွင်းတိုက်ပွဲသတင်းများ

၂၀၂၄ ခုနှစ်၊ ဩဂုတ်လ (၂၉) ရက်

မောင်တောမြို့တွင်းမှ ခုခံစစ်ဆင်နွှဲနေခဲ့သော ဖက်ဆစ်စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ စစ်ကောင်စီ သင်တန်းဆင်းပြီး ၎င်းတို့လက်နက် တပ်ဆင်ပေးထားသည့် အကြမ်းဖက်မူဆလင်လက်နက်ကိုင်အဖွဲ့များ အပြင် ARSA၊ RSO၊ ARA အကြမ်းဖက်တပ်ဖွဲ့ဝင်များ နှင့် အာရက္ခတပ်တော်တို့သည် ယနေ့အချိန်အထိ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိသည်။

အာရက္ခတပ်တော်သည်လည်း မောင်တောမြို့အား အလုံးစုံသိမ်းပိုက်ရရှိရေးအတွက် မောင်တောမြို့အတွင်းရှိ ရန်သူ၏ အဆင့်ဆင့်ခုခံတားဆီးထားသော နေရာများကို တစ်ခုပြီးတစ်ခု ရှင်းလင်းတိုက်ခိုက်လျက်ရှိသည်။ မိမိတို့သည် မောင်တောမြို့အတွင်းမှ ရန်သူ၏ ခံစစ်နေရာအများစုအား တစ်ခုပြီးတစ်ခု သိမ်းပိုက်ရရှိထားခဲ့ပြီးဖြစ်သည်။

တစ်ပြိုင်နက်တည်းတွင် မောင်တောမြို့တွင်း၌ စစ်ကူမဲ့၊ အခြေအနေဆိုးဝါးစွာဖြင့် အစုလိုက်၊ အစုလိုက် ကစဉ့်ကလျားထွက်ပြေးနေကြသော ရန်သူများကို မိမိတို့မှ လိုက်လံရှင်းလင်းတိုက်ခိုက်လျက်ရှိသောကြောင့် မောင်တောမြို့တွင်းတိုက်ပွဲများမှာ မြို့တွင်း၏နေရာအချို့ ၌ ဆက်လက်ဖြစ်ပွားနေခဲ့သည်။

၂၀၂၄ ခုနှစ်၊ ဩဂုတ်လ (၂၇/၂၈/၂၉) နေ့တွင်လည်း မိမိတို့ ထပ်မံသိမ်းပိုက်ရရှိထားသော မောင်တောမြို့၏ နေရာအနှံ့အပြားမှ ရန်သူ စစ်ကောင်စီ နှင့် အကြမ်းဖက် မူဆလင်တပ်ဖွဲ့ဝင်များ၏ အလောင်းများအပြင် သုံပန်းများနှင့် လက်နက်ခဲယမ်းများကို ထပ်မံသိမ်းဆည်းရမိခဲ့သည်။

ဖက်ဆစ်စစ်ကောင်စီနှင့် အပေါင်းအပါများသည် မောင်တောမြို့ပြင်၌ တစ်ခုတည်းကျန်ရှိနေသော ၎င်းတို့၏ နခခ (၅) စခန်းအတွင်းသို့ ဆုတ်ခွာသွားပြီး ၎င်းစခန်းမှ လက်နက်ကြီးများအပြင် ဓာတုအဆိပ်ဓာတ်ငွေ့များပါသော ဗုံးများအား အသုံးပြု၍ တိုက်ခိုက်ခြင်းများကို ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ (၂၈) ရက်နေ့တွင် ပြုလုပ်ခဲ့သည်။ ထို့အပြင် မောင်တောမြို့အတွင်းမှ ဆုတ်ခွာထွက်ပြေးနေစဉ်အတွင်း၌လည်း ၎င်းတို့စခန်းချကာ ခုခံစစ်ဆင်နွှဲခဲ့သော တိုက်တာအဆောက်အဦးတို့အား မီးရှို့ဖျက်ဆီးခဲ့ကြသည်။

မောင်တောမြို့သိမ်းတိုက်ပွဲအတွင်း ဖက်ဆစ်စစ်ကောင်စီနှင့် အကြမ်းဖက် မူဆလင်လက်နက်ကိုင်များမှ လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခေါ်ဆောင်ထားသော အပြစ်မဲ့အရပ်သား ပြည်သူလူထုများအား အာရက္ခတပ်တော်မှ တိုက်ပွဲများအတွင်း အရေအတွက် နှစ်သောင်းခြောက်ထောင်(၂၆၀၀၀) နီးပါးကို ကယ်ထုတ်ထားနိုင်ခဲ့ပြီးဖြစ်သည်။

သံတွဲမြို့နယ်၊ မောင်ရွှေလေးရေတပ် နှင့် ဂွမြို့နယ်၊ ကျိန္တလီမြို့အနီး ကျောက်ပါးစပ်ကျေးရွာ အနီးတို့တွင်လည်း ဖက်ဆစ်စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော်တို့ တိုက်ပွဲများမှာ ယခင်ရက်များနည်းတူ ပြင်းထန်စွာ ဖြစ်ပွားလျက်ရှိသည်။

ရန်သူသည်လည်း မောင်ရွှေလေးရေတပ်မကျစေရေးအတွက် စစ်ကူများ၊ လက်နက်အင်အား၊ ရေတပ်စစ်သင်္ဘောအရေအတွက်များကို ထပ်မံဖြည့်တင်းပြီး ကြည်း၊ ရေ၊ လေ ပူးပေါင်း၍ အသည်းအသန် ခုခံလျက်ရှိသည့်နည်းတူ အာရက္ခတပ်တော်မှလည်း အဆက်မပြတ် ထိုးစစ်ဆင်တို က်ခိုက်လျက်ရှိသောကြောင့် ကျိန္တလီ၊ ဂွ နှင့် အဆိုပါဒေသများနှင့်ဆက်စပ်နေသော နေရာများ၌ တိုက်ပွဲများပြင်းထန်နေခဲ့သည်။

နောက်ဆက်တွဲတိုက်ပွဲသတင်းများရရှိပါက ထပ်မံတင်ပေးသွားပါမည်။

သတင်းနှင့်ပြန်ကြားရေး
အာရက္ခတပ်တော်
❤1.11K👍346🥰25🤣21🍾18❤‍🔥11🙏10💯10👏9🕊8💋4
Media is too big
VIEW IN TELEGRAM
မောင်တောမြို့သိမ်းတိုက်ပွဲ ရုပ်သံမှတ်တမ်းအချို့နှင့် တိုက်ပွဲအတွင်းဖမ်းဆီးရမိသော ARSA၊ RSO၊ ARA အကြမ်းဖက် မူဆလင်လက်နက်ကိုင် တပ်ဖွဲ့ဝင်များ၊ ဖက်ဆစ်စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ၎င်းတို့မှ စစ်သင်တန်းပေးပြီး လက်နက်တပ်ဆင်ပေးထားသော မူဆလင် အကြမ်းဖက် လက်နက်ကိုင်များ

၂၀၂၄ ခုနှစ်၊ ဩဂုတ်လ (၃၀) ရက်

This video showcases the battles of Maungdaw, and features footage of SAC troops, ARSA, RSO, ARA, and Muslim militants trained by the SAC.

August 30, 2024

#AA Info Desk
https://www.arakanarmy.net
https://vk.com/arakanarmyinfodesk
❤1.28K👍388🥰203🙏25😁18🔥17😱16❤‍🔥14💯14🤣14👏12
အာရက္ခဒေသအတွင်း တိုက်ပွဲသတင်းများ

၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၆) ရက်

အာရက္ခတပ်တော်သည် သံတွဲမြို့နယ်အတွင်းမှ ဖက်ဆစ်စစ်ကောင်စီ၏ လက်ကျန်စခန်းကြီးတစ်ခုဖြစ်သော ရေတပ် ပင်မရေငုပ်နှင့်ဆယ်ယူရေးတပ်စခန်း (တပ်မတော်-ရေ) (တနည်းအားဖြင့်) Central Naval Diving And Salvage Deport (Myanmar Navy) CNDSD စခန်းနှင့် ၎င်းပတ်ဝန်းကျင်မှ အဆင့်ဆင့်ခုခံကြသော ရန်သူ့စစ်ကြောင်းများအား အာရက္ခတပ်တော်မှ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ (၇) နေ့တွင် စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။ မောင်ရွှေလေးရွာ နှင့် ကွင်းဝိုင်းရွာအကြား၌တည်ရှိသော ဤရေတပ်စခန်းအား တစ်လနီးပါး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရပြီး ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၅) ရက်နေ့၊ ညနေ (၆) နာရီအချိန်တွင်မှ အပြီးသတ်သိမ်းပိုက်ရယူနိုင်ခဲ့ခြင်းဖြစ်သည်။

မောင်ရွှေလေးရွာ၊ ကွင်းဝိုင်းရွာ၊ သပြုချိုင်ရွာ၊ ရေတပ်ပင်မရေငုပ်နှင့်ဆယ်ယူရေးတပ်(တပ်မတော်-ရေ) စခန်းနှင့် ၎င်းပတ်ဝန်းကျင်များ၌ စစ်ကောင်စီသည် အဆင့်ဆင့်သော ခုခံစစ်ကို လေကြောင်း၊ ရေကြောင်းပစ်ကူအများအပြားဖြင့် ခုခံခဲ့သော်လည်း အာရက္ခတပ်တော်၏ ရဲရင့်ပြောင်မြောက်ပြီး ဗျူဟာမြောက်ထိုးစစ်အောက်တွင် တစ်လအတွင်း အဆိုပါစခန်းအား လက်လွှတ်ဆုံးရှုံးခဲ့ရပြီးဖြစ်သည်။

ဤပင်မရေတပ်စခန်း CNDSD နှင့် ၎င်းပတ်ဝန်းကျင်၌ ရန်သူ စုစုပေါင်းအင်အား ၁၂၀၀ ကျော်ရှိခဲ့သည်။ ဤရေတပ်စခန်း နေရာသည် စစ်ရှုံး၍ နေရာစုံမှ ထွက်ပြေးလွတ်မြောက်လာကြသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ လောလောလတ်လတ် စစ်သင်တန်းဆင်းလာကြသော စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် အခြားသောနေရာများမှ စစ်ကူအမြောက်အမြားတို့ဖြင့် အင်အားဖြည့်တင်းထားသော နေရာလည်းဖြစ်သည်။ စစ်ကောင်စီသည် ဤစခန်းမကျစေရေးအတွက် ပင်လယ်ပြင် နှင့် စခန်းအတွင်းမှ လက်နက်ကြီးပစ်ကူ အမြောက်အမြားသုံးပြီး ခုခံကာကွယ်ခဲ့သော စခန်းကြီးတစ်ခုဖြစ်သည်။

ဤ ရေတပ်စခန်းအား မိမိတို့မှ ထိုးစစ်ဆင်တိုက်ခိုက်မှုအတွင်း ဖက်ဆစ် အကြမ်းဖက် စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် (၄၀၀) ကျော်အား သုတ်သင်ရှင်းလင်းနိုင်ခဲ့ပြီး ရန်သူ၏ စစ်အသုံးအဆောင်ပစ္စည်း၊ လက်နက်ခဲယမ်းအများအပြားကို သိမ်းဆည်းရမိခဲ့သည်။ ရန်သူသည် ၎င်းတို့၏ ဒဏ်ရာရ၊ ကျဆုံးသော သူများကို စစ်သင်္ဘောများဖြင့် သယ်ဆောင်ပြီး စစ်တွေ နှင့် ဧရာဝတီတိုင်းဖက်သို့ အကြိမ်ကြိမ်သယ်ယူရွှေ့ပြောင်းသွားနိုင်ခဲ့သည်။ ရန်သူ့အလောင်းများအား မိမိတို့မှ ကောင်းမွန်စွာ သင်္ဂြိုဟ်ပေးခဲ့ပြီးဖြစ်သည်။

ဤ ဖက်ဆစ် စစ်ကောင်စီ၏ ရေတပ်စခန်း ထိုးစစ်အတွင်း ထူးချွန်ပြောင်မြောက်သော အာရက္ခစစ်သည်တော်များ၊ ထိုးစစ်၏ ကဏ္ဍအသီးသီးတွင် တာဝန်ထမ်းဆောင်ခဲ့ကြသော သက်ဆိုင်ရာ တပ်ဖွဲ့ဝင်များ၊ အာရက္ခဆေးဘက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းများအား လေးနက်စွာ ဂုဏ်ပြု မှတ်တမ်းတင်အပ်ပါသည်။

စစ်ရှုံးစစ်ကောင်စီသည် စခန်းများစွန့်လွှတ်ကျရှုံးသည့်အခါတိုင်း၌ ပြုလုပ်လေ့ရှိသည့်အတိုင်း အရပ်သားပြည်သူလူထုများရှိရာသို့ လက်နက်ကြီး၊ လေကြောင်းမှ တမင်တကာ ရည်ရွယ်ချက်ရှိရှိဖြင့် ပစ်ခတ်တိုက်ခိုက်ပြီး လူသားမျိုးနွယ်အပေါ်ပြစ်မှုကျူးလွန်ခြင်းနှင့် စစ်ရာဇဝတ်မှု၊ အကြမ်းဖက်မှုများကို ဆက်တိုက်ကျူးလွန်လျက်ရှိသည်။

၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၆) ရက်နေ့၊ နံနက် (၁၀) နာရီ (၄၇) မိနစ်အချိန်တွင် စစ်တွေမြို့ရှိ ဖက်ဆစ် စစ်ကောင်စီ၏ တပ်စခန်းတစ်ခုဖြစ်သော စစ်တွေ၊ အမှတ် (၁၂) ရဲတပ်ရင်း အတွင်းမှလည်းကောင်း၊ နံနက် (၁၀) နာရီ (၅၇) မိနစ်တွင် စစ်တွေ၊ ပွိုင့်ရေတပ်စခန်းမှ လည်းကောင်း စစ်ကောင်စီသည် ပေါက်တောမြို့အတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် ရပ်ရွာများအတွင်း ကျရောက်ပေါက်ကွဲခဲ့သည်။ ဤပစ်ခတ်တိုက်ခိုက်မှုအတွင်း အပြစ်မဲ့အရပ်သားပြည်သူ လူနေအိမ်အချို့ ပျက်စီးခဲ့ကြောင်းသိရှိရသည်။

မောင်တောမြို့သိမ်းတိုက်ပွဲသည်လည်း ယခင်ရက်များနည်းတူ ဆက်လက်ဖြစ်ပွားလျက်ရှိသည်။

နောက်ဆက်တွဲ တိုက်ပွဲသတင်းများထပ်မံရရှိပါက ဆက်လက်တင်ပေးသွားပါမည်။

သတင်းနှင့်ပြန်ကြားရေး
အာရက္ခတပ်တော်
❤1.83K👍440🏆52❤‍🔥40🥰36🙏34🍾23👎18🔥13🤩9🌚3