AA Info Desk
55.1K subscribers
1.36K photos
89 videos
8 files
145 links
Download Telegram
United League of Arakan

No. (16/2024)
Statement

August 7, 2024

The United League of Arakan/Arakan Army (ULA/AA) continues its offensive operations to completely capture the remaining camps of the terrorist military junta near Maungdaw along the Bangladesh-Arakan border. Since June 16, 2024, we have been urging civilians in Maungdaw town to evacuate as quickly as possible before the battle to capture the town began.

On the other hand, the military junta and extremist Muslim armed groups such as ARSA, RSO, and ARA are using weapons and manpower to intimidate and prevent innocent civilians from reaching safe places, in addition to coercion and persuasion based on Islamic religious extremism. At the same time, Muslims and non-Muslim minority civilians such as Rakhine, Hindu, and Khami trapped in Maungdaw town face daily threats, oppression, and killings from terrorists.

Additionally, we are saddened to learn from social media that in recent days, many Muslims fleeing the town have reportedly died from artillery or small arms fire, bombings, drownings, airstrikes, or massive explosions near the coast of Maungdaw, causing great distress. We respectfully announce that these deaths did not occur in areas under our control and are not related to our organization. We are investigating the details of these incidents and will promptly release information as soon as we have verified the facts.

The ULA/AA is an organization that, from the beginning of military training, has clearly instructed its members to adhere to military discipline, the soldier’s code of conduct, human rights laws, and international humanitarian laws during warfare. Our organization does not support terrorism and condemns all forms of violence against civilian population. We will not allow any terrorist groups to establish a foothold in the Arakan and will eliminate all terrorist organizations.

To ensure the safety of innocent civilians amidst the increasingly intensified battles around the capture of Maungdaw, we request every civilian to strictly adhere to the following guidelines:

1. All civilians should evacuate from Maungdaw town toward areas with the Arakan Army, which can provide safety, rather than venturing into dangerous areas.

2. Civilians unable to evacuate should take shelter in safe places in their vicinity, mark their locations with white flags, and stay as far away as possible from combat zones and terrorists.


3. Avoid staying in military junta’s roads, houses, and major buildings where defense positions and sniper posts are established, or where military junta personnel are stationed.

4. Stay as far away as possible from military junta and extremist groups like ARSA, RSO, and ARA to prevent being used as human shields.

5. If you encounter terrorists mingling with civilians while fleeing from the battlefield, promptly report to the nearest ULA/AA troops.

We urge the innocent civilians in Maungdaw to strictly follow these directives and recommendations to avoid harm and remain safe.

United League of Arakan


DISCLAIMER: The English version of this statement serves as a translation of the original Burmese text for informational purposes only. In case of any discrepancies, the Burmese original shall prevail.
👍530❤279🤣14👎13🥰12❤‍🔥7😁7🤬7🙏7💯6🥴2
သံတွဲအကျဉ်းထောင်၌ ဖက်ဆစ် စစ်ကောင်စီမှ နိုင်ငံရေးပုဒ်မဖြင့် မတရားဖမ်းဆီးထိန်းသိမ်းထားသည့် နိုင်ငံရေးအကျဉ်းသားများ အပါအဝင် ခိုးမှု၊ လုယက်မှု၊ လူသတ်မှု၊ မူးယစ်ဆေးဝါးမှုစသော ရာဇဝတ်မှုအသီးသီး ကျူးလွန်၍ ပြစ်ဒဏ်ကျခံနေကြသော အကျဉ်းသား (၃၇၂) ဦးကို အာရက္ခတပ်တော်မှ ဘေးလွတ်ရာသို့ ကယ်ထုတ်ခဲ့ပြီးနောက် နိုင်ငံရေးအကျဉ်းသားများအား ၎င်းတို့၏ မိသားစုနှင့် နေအိမ်များသို့ ပြန်လည်ပို့ဆောင်ပေး


၂၀၂၄ ခုနှစ်၊ ဩဂုတ် (၈) ရက်

အာရက္ခဒေသတွင်းရှိ သိမ်းပိုက်ရန်ကျန်ရှိနေသေးသည့် သံတွဲမြို့ရှိ စစ်ကောင်စီ၏ တပ်စခန်းများအားလုံး၊ ငပလီ (မဇင်လေဆိပ်)၊ သံတွဲဟိုတယ်ဇုန်အပါအဝင် နေရာအများစုတို့အား အာရက္ခတပ်တော်မှ ၂၀၂၄ ခုနှစ်၊ ဇူလိုင် (၁၆) ရက်နေ့၊ ညနေ (၅) နာရီ (၃၀) မိနစ်အချိန်၌ အပြီးသတ်သိမ်းပိုက်ရရှိပြီးနောက် သံတွဲမြို့အကျဉ်းထောင်တွင် ပိတ်မိနေသော အကျဉ်းသားများအားလုံး (၃၇၂) ဦးကို အာရက္ခတပ်တော်မှ ဘေးကင်းလုံခြုံရာသို့ ကယ်ထုတ်နိုင်ခဲ့ပါသည်။

သံတွဲအကျဉ်းထောင်ထဲမှ အကျဉ်းသား စုစုပေါင်း (၃၇၂) ဦးအနက် (၇) ဦးမှာ ကယ်ထုတ်နေစဉ်အတွင်း ဖက်ဆစ်စစ်ကောင်စီ၏ လက်နက်ကြီးစထိမှန်ပြီး (၅) ဦးသေဆုံးခဲ့ကာ ကျန် (၂) ဦးသည်လည်း ပြင်းထန်သော ဒဏ်ရာများဖြင့် ဆေးကုသမှုခံယူနေစဉ်မှာပင် သေဆုံးသွားခဲ့သည်။ မိမိတို့ ကယ်ထုတ်လာခဲ့သော အကျဉ်းသားများထဲတွင် နိုင်ငံရေးအကျဉ်းသား (၄၃) ဦးပါဝင်ပြီး ထိုအထဲမှ (၂) ဦးမှာ ကယ်ထုတ်နေစဉ်အတွင်း အသက်ဆုံးရှုံးသွားခဲ့ရပါသည်။ ကျန်နိုင်ငံရေးအကျဉ်းသား (၄၁) ဦးထဲတွင် ရောဂါ၊ ဒဏ်ရာဖြင့်ပါလာသူများနှင့် ကျန်းမာရေးစောင့်ရှောက်ရန် အရေးတကြီး လိုအပ်နေသောသူ (၁၇) ဦးတို့ကို မိမိတို့မှ ကောင်းမွန်စွာ ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိပါသည်။

ယခင်ရက်များ၌ ရန်သူ၏ ပင်လယ်ပြင်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်နေခြင်း အပြင် လက်နက်ဖြင့် ထွက်ပြေးလွတ်မြောက်နေသော စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့အား လိုက်လံရှင်းလင်း နေရခြင်းနှင့် လတ်တလော ရေကြီးနေမှုများကြောင့် နိုင်ငံရေးအကျဉ်းသားများအားလုံးကို ဘေးကင်းလုံခြုံရာတွင် ခေတ္တနေရာချထားခဲ့ရသည်။ ယခုအချိန်တွင် လုံခြုံရေးအာမခံချက် အတိုင်းအတာတစ်ခုထိ ရှိပြီဖြစ်သောကြောင့် ၎င်းနိုင်ငံရေးအကျဉ်းသားများအားလုံးကို ၎င်းတို့၏ နေအိမ်များနှင့် မိသားစုများထံသို့ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ (၆) ရက်နေ့မှစတင်ပြီး ပြန်လည်ပို့ဆောင်ပေးနေပြီဖြစ်သည်။

အဆိုပါ အကျဉ်းသား (၄၁) ဦးအား ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) ၏ ရဲဘက်၊ အုပ်ချုပ်ရေးဘက်ဆိုင်ရာ တာဝန်ရှိသူများမှ အချက်အလက်များ ကောက်ယူစိစစ်ပြီး လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ စံနှုန်းများအရ လိုအပ်သည့် ကျန်းမာ‌ရေးစောင့်ရှောက်မှုများနှင့် အရေးပေါ် လိုအပ်လျက်ရှိသော စားဝတ်နေရေး ထောက်ပံ့ကူညီမှုများကိုလည်း လုပ်ဆောင်ပေးခဲ့ပါသည်။

ထို့အတူ ရာဇဝတ်မှုကျုးလွန်ထားသော အကျဉ်းသားများအား မိမိတို့အနေဖြင့် ဆက်လက် ထိန်းသိမ်းထားလျက်ရှိကာ ၎င်းတို့ ကျူးလွန်ခဲ့သော ပြစ်မှုများကို ပြန်လည်စစ်ဆေးလျက်ရှိပြီး တရားနည်းလမ်းကျကျ ကိုင်တွယ်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

သတင်းနှင့်ပြန်ကြားရေး
အာရက္ခတပ်တော်
❤770👍218🙏19🥰16👎13👏7🤣7❤‍🔥6🎉5🌚3🍌2
Media is too big
VIEW IN TELEGRAM
ရက္ခိုင်ပြည်၊ မောင်တောမြို့ထဲတွင် စစ်ကောင်စီ၏ လူသားဒိုင်းကာအဖြစ်ခေါ်ယူထားသော ပြည်သူလူထုများနှင့် မောင်တောမြို့အတွင်း ပိတ်မိနေကြသော ပြည်သူလူထုများကို အာရက္ခတပ်တော်မှ အသုတ်လိုက်၊ အသုတ်လိုက် ဘေးလွတ်ရာသို့ ရွေ့ပြောင်းကယ်တင်ခြင်းများကို ဆက်တိုက် ပြုလုပ်လျက်ရှိပါသည်။ မောင်တောမြို့အတွင်းရှိ ပြည်သူများမှလည်း ၎င်းတို့နည်း ၎င်းတို့ဟန်ဖြင့် ထွက်ပြေးလာကြသောသူများလည်း လွန်ခဲ့သော ရက်သတ္တပတ်များအတွင်း ရှိခဲ့သည်။ ယခုဖော်ပြပါ ဗီဒီယိုမှတ်တမ်းသည် ၂၀၂၄ ခုနှစ်၊ သြဂုတ်လ (၇) ရက်နေ့ ၌ မောင်တော၊ လသာရွာ မှ ရွာသူရွာသားများအား အာရက္ခတပ်တော်မှ ကယ်ထုတ်လာခဲ့သော ရုပ်သံမှတ်တမ်း ဖြစ်ပါသည်။

The Arakan Army has been continuously rescuing civilians who were forced to serve as human shields by the military council in Maungdaw Township, as well as those trapped inside Maungdaw Town. Some residents have also managed to escape the town on their own over the past few weeks. The video documentation presented here is footage of villagers from Latha Village, Maungdaw, being rescued by the Arakan Army on August 7, 2024.

#AAInfoDesk
August 8, 2024
❤892👍211🙏18🤣18💯15👎12😁10👏8🤡6🔥3🤔3
Media is too big
VIEW IN TELEGRAM
အာရက္ခတပ်တော်မှ မောင်တောမြို့ရှိ စစ်ကောင်စီ၏ လက်ကျန်စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည့်နည်းတူ မောင်တောမြို့သိမ်းတိုက်ပွဲကိုဆင်နွှဲလျက်ရှိသည်။ ထို့ကြောင့် မောင်တောမြို့နှင့် ၎င်းပတ်ဝန်းကျင်အနီးကျေးရွာများမှ ရွာသူရွာသားများကို တိုက်ပွဲနှင့်လွတ်ရာနေရာများသို့ တိမ်းရှောင်လာကြစေရန် အသိပေးကြေညာချက်အား ၂၀၂၄ ခုနှစ်၊ ဇွန်လ (၁၆) ရက် နှင့် ဩဂုတ်လ (၇) ရက်နေ့တို့တွင် အသိပေးထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။

ထို့နောက်တွင် ဖက်ဆစ် စစ်ကောင်စီ၊ လက်နက်ကိုင်မူဆလင်များ၊ အကြမ်းဖက်မူဆလင်အဖွဲ့များသည် မူဆလင်ရွာများမှ ရွာသူရွာသားများကို ထွက်ခွာခွင့်မပြုဘဲ လူသားဒိုင်းကာအဖြစ် အသုံးပြုရန်ခေါ်ဆောင်ထားခဲ့သည်။

ရက္ခိုင်ပြည်၊ မောင်တောမြို့နယ်၊ ဗိုလ်မှူး(မူဆလင်)ရွာမှ မူဆလင် သက်ကြီးရွယ်အိုများ၊ အမျိုးသား၊ အမျိုးသမီးများနှင့် ကလေးသူငယ်များကို ဖက်ဆစ် စစ်ကောင်စီနှင့် လက်နက်ကိုင်မူဆလင်များက လူသားဒိုင်းကာအဖြစ် ဖမ်းဆီး ပိတ်လှောင်ထားခြင်းကို ခံနေခဲ့ရသည်။ ထို့အတူ အချို့မှာ စားနပ်ရိက္ခာများပြတ်တောက်ကာ အစာရေစာပြတ်လပ်မှုဒဏ်ကို ခံစားခဲ့ရသည်။ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ (၈) ရက်၊ ကြာသပတေးနေ့၊ နေ့လယ် (၁) နာရီ အချိန်ခန့်တွင် အာရက္ခတပ်တော် (AA) သည် တိုက်ပွဲကြားထဲ ဗိုလ်မှူး(မူဆလင်)ရွာမှ ပြည်သူ (၃၀၀) ခန့်တို့အား ဘေးကင်းလုံခြုံရာနေရာသို့ အောင်မြင်စွာ ကယ်ထုတ်လာခဲ့သည်။

သတင်းနှင့်ပြန်ကြားရေး
အာရက္ခတပ်တော်
❤817👍207🥰51👎10🤣10😍9👏4🎉4😁3😢2🤡1
Media is too big
VIEW IN TELEGRAM
မောင်တောမြို့၊ အမှတ် (၈) ရပ်ကွက်၊ ကညင်တန်းရွာတွင် အကြမ်းဖက်စစ်ကောင်စီ နှင့် လက်နက်ကိုင်မူဆလင်များမှ လူသားဒိုင်းကာအဖြစ် ပိတ်လှောင်ထားသော မူဆလင် (၅၀၀) ဦးခန့်အား ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ (၈) ရက်နေ့၊ ညနေ (၃) နာရီအချိန်ခန့်တွင် အာရက္ခတပ်တော်မှ လုံခြုံရာနေရာသို့ ကယ်ထုတ်လာသည့် ရုပ်သံမှတ်တမ်း

This is a video documenting that the Arakan Army (AA) rescued about 500 Muslim civilians from Ka Nyin Tan Village of Ward-No (8) in Maungdaw who were trapped as human shields by the terrorist military junta and Muslim militants into a safe area at 03:00 PM on 8th August 2024.

#AAInfoDesk
August 9, 2024
❤865👍216🥰33🙏29🤣20👎12😢7💯6😁5❤‍🔥4🌚3
အရပ်သားပြည်သူများနေထိုင်သည့် မြောက်ဦးမြို့ပေါ် လူနေရပ်ကွက်အတွင်းသို့ ဖက်ဆစ် စစ်ကောင်စီမှ ဂျက်လေယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် အပြစ်မဲ့ပြည်သူ (၆) ဦးသေဆုံးပြီး ဒဏ်ရာရသူ (၁၀) ဦးရှိ

၂၀၂၄ ခုနှစ်၊ ဩဂုတ်လ (၁၀) ရက်

၂၀၂၄ ခုနှစ်၊ ဩဂုတ်လ (၁၀) ရက်၊ နေ့လယ် (၁၂) နာရီခွဲအချိန်တွင် အရပ်သားပြည်သူများနေထိုင်သည့် မြောက်ဦးမြို့ပေါ် လူနေရပ်ကွက်အတွင်းသို့ စစ်ကောင်စီသည် ဂျက်လေယာဉ်တစ်စီးဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ဤကဲ့သို့ ဖက်ဆစ် စစ်ကောင်စီ၏ လေကြောင်းမှ အကြမ်းဖက်တိုက်ခိုက်ခဲ့မှုကြောင့် မြောက်ဦးဟိုတယ် အနီးအနားပတ်ဝန်းကျင်နှင့် လမ်းမပေါ်သို့ ကျရောက်ပေါက်ကွဲထိမှန်ခဲ့သောကြောင့် အနှေးယာဉ် (တုတ်တုတ်) တစ်စီးပေါ်တွင် လိုက်ပါလာသော ခရီးသွားပြည်သူများနှင့် ၎င်းအနီးပတ်ဝန်းကျင်ရှိ အပြစ်မဲ့အရပ်သားပြည်သူ (၆) ဦး သေဆုံးခဲ့ပြီး (၁၀) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ဖက်ဆစ် စစ်ကောင်စီသည် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ (၆) ရက်နေ့၊ ည (၂) နာရီခွဲအချိန်ခန့်ကလည်း အရပ်သားပြည်သူများကို ဆေးကုသပေးနေသော မြောက်ဦးမြို့ရှိ ဆေးရုံတစ်ခုအား ဗုံးကြဲတိုက်ခိုက်ခဲ့သေးသည်။ မြောက်ဦးမြို့သည် လက်ရှိအချိန်တွင် စစ်ကောင်စီကင်းစင်သော မြို့တစ်မြို့ဖြစ်ပြီး တိုက်ပွဲမဖြစ်ပွားခဲ့သည်မှာ ရက်‌ပေါင်း (၁၈၅) ရက်ရှိခဲ့ပြီ ဖြစ်သည်။

နိုင်ငံတစ်ဝန်းမှ တော်လှန်ရေးအဖွဲ့အစည်းများထိန်းချုပ်ထားသော တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် နေရာဒေသများရှိ စာသင်ကျောင်း၊ ဆေးရုံ၊ ဆေးခန်း၊ ဘာသာရေးအဆောက်အအုံ၊ ဈေးများနှင့် လူနေထူထပ်သည့်နေရာများကို စစ်ရှုံး ဖက်ဆစ် စစ်ကောင်စီသည် လေကြောင်းမှ ရော့ကတ်၊ ဖျက်အားပြင်းဗုံးများဖြင့် ကြဲချတိုက်ခိုက်နေပြီး စစ်ရာဇဝတ်မှုများကို ရှုံးမဲမဲကာ ဆက်တိုက် ကျူးလွန်လျက်ရှိသည်။

သတင်းနှင့်ပြန်ကြားရေး
အာရက္ခတပ်တော်
😢950🤬150👍135❤42🤣20💔13👎8😁7🙏6👏5😈5
အာရက္ခဒေသ၊ မောင်တောမြို့အတွင်းနှင့် ၎င်းအနီးပတ်ဝန်းကျင်နေရာဒေသများမှ တိုက်ပွဲရှောင်ပြည်သူလူထုများ၏ ဝမ်းပျက်၊ ဝမ်းလျှော ရောဂါအပါအဝင် အခြား အထွေထွေရောဂါများအတွက် အရေးတကြီးလိုအပ်လျက်ရှိသော ဆေးဝါးများ အရေးပေါ်အကူအညီတောင်းခံခြင်း

၁၃၈၆ ခုနှစ်၊ ဝါခေါင်လဆန်း (၁၂) ရက်
၂၀၂၄ ခုနှစ်၊ ဩဂုတ်လ (၁၆) ရက်
🥰496❤221🙏176👍126😢37🤣28😁9🌚4🍌4👎3🤨3
DEPARTMENT OF HEALTH

August 16, 2024

Emergency Appeal for Essential Medicines for Displaced Persons in Maungdaw Town and Surrounding Areas

The Arakan Army, while engaged in the battle for Maungdaw town, is also actively facilitating the evacuation of local residents trapped in Maungdaw and the surrounding areas to safer locations away from the conflict. Currently, nearly 20,000 displaced persons have been evacuated, and these operations are continuing.

The rainy season has led to increased occurrences of dysentery and diarrhea in some areas. Additionally, previous flooding in the Arakan region has resulted in contamination of drinking water, contributing to a higher rate of these waterborne diseases. In recent days, the incidence of dysentery and diarrhea has risen, with up to five reported fatalities.

The Arakan People’s Revolutionary Government is providing medical care to the people of Arakan using the medicines available, regardless of ethnicity or religion. However, the simultaneous impact of conflict and flooding in the region has created significant medical supply needs. There is an urgent requirement for medicines related to dysentery and diarrhea, as well as essential medicines for general illnesses among the displaced persons from Maungdaw.

Therefore, the Arakan Department Of Health, on behalf of those in need, urgently requests assistance from neighboring countries, international organizations, civil society groups, and humanitarian aid organizations to provide the essential medicines needed for these patients.

Department Of Health

Email: HDCO.ula@outlook.com
🙏395❤252👍122🥰24🤣23😢9🍌7❤‍🔥4😁3🎉3🥴3
❤303👍59🥰20❤‍🔥9🤣6😢5🔥2👎1🙏1😈1
မောင်တောမြို့သိမ်းတိုက်ပွဲနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ချက်

၂၀၂၄ ခုနှစ်၊ သြဂုတ်လ (၁၈) ရက်

အာရက္ခတပ်တော်သည် မောင်တောမြို့သိမ်းတိုက်ပွဲအား ဆင်နွှဲရန်အတွက် မောင်တောမြို့ခံ ပြည်သူလူထုများကို မောင်တောမြို့ထဲမှထွက်ခွာကြရန် ၂၀၂၄ ခုနှစ်၊ ဇွန်လ (၁၆) ရက်နေ့ကတည်းကပင် အသိပေးထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။ မောင်တောဒေသခံများထဲတွင် မိမိတို့ ထုတ်ပြန်ချက်ကို လိုက်နာပြီး မြို့ထဲမှထွက်ခွာကြသူများ ရှိကြသကဲ့သို့ လိုက်နာမှုမရှိကြဘဲ မောင်တောမြို့ထဲတွင် ဆက်လက် နေထိုင်ခဲ့ကြသူများလည်း ရှိကြပါသည်။

မိမိတို့၏ ထုတ်ပြန်ချက်အား မလိုက်နာဘဲ ပေကပ်နေထိုင်ကြသူများကို အုပ်စုခွဲကြည့်ပါက
(၁) ဖက်ဆစ် စစ်ကောင်စီ၏ လက်ကိုင်တုတ်များ၊ လက်သပ်မွေးထားသူများ၊
(၂) ဖက်ဆစ် စစ်ကောင်စီမှ လက်နက်တပ်ဆင်ပေးထားသော လက်နက်ကိုင်မူဆလင်အကြမ်းဖက်အုပ်စုများ၊
(၃) ARSA ၊ RSO ၊ ARA အစရှိသော အကြမ်းဖက်အဖွဲ့အစည်းများ၊
(၄) အထက်ဖော်ပြပါ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များနှင့် ပတ်သက်ဆက်နွယ်နေသော မိသားစုဝင်များ၊
(၅) ဖက်ဆစ်စစ်ကောင်စီ နှင့် ARSA ၊ RSO ၊ ARA အစရှိသော ဘာသာရေးအစွန်းရောက် အကြမ်းဖက် အဖွဲ့အစည်းများမှ လူသားဒိုင်းကာအဖြစ် အသုံးပြုရန် အတင်းအဓမ္မ ခေါ်ယူထားသော မောင်တောဒေသခံ ပြည်သူလူထုများ နှင့်
(၆) ပေကပ်နေထိုင်လိုကြသော သူများ စသည့်အုပ်စုများအဖြစ် တွေ့ရှိရသည်။

မောင်တောမြို့တစ်မြို့လုံးအား အဆင့်ဆင့်သော ခုခံစစ်များဖြင့် ပြင်ဆင်ထားသော စစ်ကောင်စီသည် မောင်တောမြို့၏ ရပ်ကွက် (၁)၊ ရပ်ကွက် (၂)၊ ရပ်ကွက် (၃)၊ ရပ်ကွက် (၄)၊ ကညင်တန်း ရပ်ကွက် အစရှိသည့် ရပ်ကွက်များအတွင်းရှိ စစ်ရေးအရ အရေးပါပြီး အချက်အချာကျသော အထပ်မြင့် အဆောက်အအုံများ၊ တိုက်တာအိုးအိမ်များ၊ စာသင်ကျောင်းများ အပါအဝင် အခြားသော နေရာများအား ၎င်းတို့၏ စစ်စခန်းများ အဖြစ် အသုံးပြုပြီး ခုခံစစ်ကိုဆင်နွှဲလျက်ရှိသည်။ ထို့အတူ မောင်တောမြို့အတွင်းသို့ ဆက်သွယ်ထားသော တံတားများထဲတွင် “ရွှေဇားတံတား”မှလွဲ၍ တံတားအားလုံးကို ဖောက်ခွဲ ဖျက်ဆီးထားခဲ့သည်။ ရွှေဇားတံတားအား ဖောက်ခွဲဖျက်စီးရန်ပြင်ဆင်နေစဉ်အတွင်း မိမိတို့မှ တိုက်ခိုက်နိုင်ခဲ့သောကြောင့် ယခုကဲ့သို့ မပျက်စီးဘဲ ကျန်ရှိခဲ့ခြင်းဖြစ်သည်။

အာရက္ခတပ်တော်သည် မောင်တောမြို့အား ဝိုင်းရံပိတ်ဆို့ဖြတ်တောက်ထားသည်မှာ ကာလအတန်ကြာခဲ့ပြီ ဖြစ်သော်လည်း မောင်တောမြို့၏ မြောက်ဘက်ရှိ “ဟော်ရီတူလာရွာ” နှင့် တောင်ဘက်ရှိ “မောင်နီရွာ” တို့၌ တပ်စွဲစခန်းချထားသော စစ်ကောင်စီ၏ စစ်စခန်းနှစ်ခုအား ၂၀၂၄ ခုနှစ်၊ သြဂုတ်လ (၄) ရက်နေ့တွင် စတင်တိုက်ခိုက်ခဲ့ပြီး မောင်တောမြို့သိမ်းတိုက်ပွဲအဖြစ် စတင်ခဲ့သည်။ မောင်နီရွာရှိ စစ်ကောင်စီ၏ ရဲစခန်းအား ၎င်းနေ့ရက်၌ပင် သိမ်းပိုက်ရရှိခဲ့ပြီး ဟော်ရီတူလာရွာရှိ စစ်ကောင်စီ၏စခန်းအား သြဂုတ် (၆) ရက်နေ့တွင် သိမ်းပိုက်ရယူနိုင်ခဲ့သည်။ ထို့အတူ မောင်တောမြို့၊ (၃) မိုင် ကိုလည်း ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၉) နေ့တွင် သိမ်းပိုက်ရယူနိုင်ခဲ့သည်။

မောင်တောမြို့အား နေရာအနှံ့မှ ဝန်းရံပိတ်ဆို့ပြီးနောက်တွင် မြို့တွင်းထိုးစစ်ဆင်တိုက်ခိုက်မှုအား မိမိတို့မှ အရှိန်အဟုန်မြှင့် ပြုလုပ်ခဲ့သောကြောင့် သြဂုတ် (၄) ရက်နေ့နောက်ပိုင်းမှစ၍ မြို့တွင်းတိုက်ပွဲများမှာ ပိုမိုပြင်းထန် လာခဲ့သည်။ ဤကဲ့သို့ မြို့တွင်းတိုက်ပွဲများ ကျယ်ပြန့်လာသောကြောင့် စစ်ကောင်စီ၏ လူသားဒိုင်းကာအဖြစ် အသုံးပြုခြင်းခံနေရသော မောင်တောဒေသခံ ပြည်သူ နှစ်သောင်း (၂၀၀၀၀) နီးပါးအား အာရက္ခတပ်တော်မှ မြို့တွင်းတိုက်ပွဲများကြား၌ ကယ်ထုတ်ထားခဲ့ပြီးဖြစ်သည်။ ကယ်ထုတ်လာနိုင်သော သူများထဲတွင် နိုင်ငံတကာအဖွဲ့အစည်းအချို့၏ ဝန်ထမ်းများ၊ မိသားစုဝင်များ ပါဝင်ခဲ့သည်။ မိမိတို့အနေဖြင့် မောင်တောမြို့အတွင်း ပိတ်မိနေသောသူများကို ဆက်လက်ကယ်တင်နိုင်ရန် တိုက်ပွဲများကြားထဲမှ ဆက်လက် ကြိုးပမ်းလျက်ရှိသည်။

မောင်တောမြို့သိမ်းတိုက်ပွဲသည် နေ့တိုင်းဖြစ်ပွားလျက်ရှိပြီး အာရက္ခတပ်တော်အနေဖြင့် မောင်တောမြို့ထဲရှိ ရန်သူများထဲမှ အချို့ကို ချေမှုန်းထားနိုင်ပြီး ရန်သူစခန်းချတပ်စွဲထားသော နေရာအချို့ကို သိမ်းပိုက် ရရှိထားပြီး ဖြစ်သည်။ တစ်ပြိုင်နက်တည်းတွင် မောင်တောမြို့ထဲရှိ ရန်သူတပ်စွဲထားသောနေရာများကို တစ်ခုပြီး တစ်ခု လိုက်လံရှင်းလင်းနေစဉ်အတွင်း ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ (၁၅) ရက်၊ ညနေ (၄) နာရီအချိန်ခန့်တွင် မောင်တောမြို့၊ အမှတ် (၂) ရပ်ကွက်၊ အထက (၂) ကျောင်းအနီး အဆောက်အအုံတစ်ခု (လူနေအိမ်) ၌ စခန်းချနေရာယူထားသော စစ်ကောင်စီ အကြမ်းဖက်သင်တန်းဆင်း အစွန်းရောက် မူဆလင်လက်နက်ကိုင်အဖွဲ့ဝင်များနှင့် မိမိတို့တပ်ဖွဲ့ဝင်များအကြား တိုက်ပွဲဖြစ်ပွားခဲ့သည်။
👍475❤185🤣21❤‍🔥17👎9🥰5🙏3🎉2
မိနစ်လေးဆယ်ခန့် အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုအတွင်း ရန်သူများကို မိမိတို့မှ ချေမှုန်းနိုင်ခဲ့သော်လည်း ၎င်းတို့စခန်းချ တပ်စွဲထားသော အဆောက်အအုံမှာ နှစ်ဖက်တိုက်ပွဲအတွင်း လက်နက်ကြီး၊ လက်နက်ငယ်များကြောင့် ပျက်စီးမှုများရှိခဲ့သည်။ သို့သော် အကြမ်းဖက် မူဆလင်လက်နက်ကိုင်အချို့သည် ၎င်းတို့ ထွက်မပြေးမီ ၎င်းတို့စခန်းချတပ်စွဲထားသော အဆိုပါလူနေအိမ်အား မီးရှို့ ၍ ထွက်ပြေးသွားခဲ့သည်။ ဤကဲ့သို့ မီးရှို့မှုကြောင့် ၎င်းနေအိမ်အပါအဝင် အခြားသောလူနေအိမ် (၅) လုံးပါ မီးလောင်ပျက်စီးခဲ့ရသည်။ ဤတိုက်ပွဲအတွင်း မီးလောင်၍ သေဆုံးနေသော မူဆလင်လက်နက်ကိုင် အကြမ်းဖက်သမား အလောင်း (၂) လောင်းနှင့် လက်နက်ခဲယမ်းအချို့တို့အား မီးလောင်နေသော အိမ်အတွင်းမှ မိမိတို့မှ သိမ်းဆည်းရမိခဲ့သည်။

၂၀၂၄ ခုနှစ်၊ ဩဂုတ်လ (၁၆) ရက်နေ့၌လည်း မောင်တောမြို့တွင်း၊ မောင်တောနာရီစင်နှင့် ၎င်းအနီး ပတ်ဝန်းကျင်၊ မောင်တောမြို့၏ အရှေ့တောင်ဘက်နှင့် မောင်တောမြို့အဝင် စသည့်နေရာများ၌ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိသည်။ ဤတိုက်ပွဲဖြစ်ပွားလျက်ရှိသောနေရာများထဲမှ ရန်သူ့အလောင်းအမြောက်အမြား နှင့် လက်နက်ခဲယမ်းအချို့ကို သိမ်းဆည်းရမိခဲ့သည်။

မောင်တောမြို့သိမ်းတိုက်ပွဲ ဆက်လက်ပြင်းထန်နေသည်နှင့်တစ်ပြိုင်နက်တွင် နိုင်ငံတကာရောက် လူ့အခွင့်အရေးအရေခြုံ လူပုဂ္ဂိုလ်တစ်ချို့တို့သည် မောင်တောမြို့သိမ်းတိုက်ပွဲနှင့်ပတ်သက်၍ သတင်းတု၊ သတင်းမှားများဖြင့် စွပ်စွဲပြောဆို ရေးသားနေကြသည်များကိုလည်း ဆက်တိုက်တွေ့ရှိနေရပါသည်။ ဤကဲ့သို့ သတင်းတု၊ သတင်းမှားများ ရေးသားပြောဆိုနေခြင်းသည် အာရက္ခဒေသအတွင်း လူမျိုးနှစ်ခုအကြား သဟဇာတဖြစ်မှုကို ထိခိုက်စေနိုင်ကြောင်း အလေးအနက် သတိပေးလိုပါသည်။

လက်ရှိအချိန်အထိ မောင်တောမြို့တွင်းတိုက်ပွဲများမှာ မြို့တွင်းနေရာအနှံ့တွင် တိုက်ပွဲဖြစ်ပွားလျက်ရှိပြီး မြို့တွင်း၌ ဖက်ဆစ်စစ်ကောင်စီ နှင့် ARSA ၊ RSO ၊ ARA အစရှိသော ဘာသာရေးအစွန်းရောက် အကြမ်းဖက် အဖွဲ့အစည်းများ၏ လူသားဒိုင်းကာအဖြစ် အသုံးပြုရန်ခေါ်ယူထားသော မောင်တောဒေသခံ ပြည်သူအချို့တို့မှာလည်း ရှိနေဆဲဖြစ်သည်။ မိမိတို့အနေဖြင့်လည်း အဆိုပါ ပြည်သူများကို နေ့စဉ်နှင့်အမျှ ကယ်ထုတ်နေရဆဲပင် ဖြစ်သည်။

ခေတ်ကာလအဆက်ဆက်၌ အာရက္ခဒေသအတွင်း ဖြစ်ပွားခဲ့သော အဓိကရုဏ်း၊ အကြမ်းဖက်ကိစ္စရပ်များ၊ လူမျိုးရေး၊ ဘာသာရေးပဋိပက္ခများ၏ အဓိက လက်သည်တရားခံများမှာ စစ်အစိုးရအဆက်ဆက် နှင့် မြန်မာ့တပ်မတော် တစ်ဖြစ်လဲ ဖက်ဆစ်စစ်ကောင်စီပင်ဖြစ်သည်။ ထို့အတူ ဤရက်သတ္တပတ်များ အပါအဝင် လွန်ခဲ့သောလများ၌ ဖြစ်ပျက်ခဲ့သည့် အကြမ်းဖက်မှုဖြစ်ရပ်တိုင်းသည် စစ်ကောင်စီ၏ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ချက်များသာဖြစ်ပြီး ၎င်းတို့နှင့်အတူ ARSA ၊ RSO ၊ ARA ဘာသာရေး အစွန်းရောက် အကြမ်းဖက်အဖွဲ့များကပါ အလိုတူအလိုပါ ပူးပေါင်းဆောင်ရွက်ခဲ့ကြသော လုပ်ဆောင်ချက်များပင်ဖြစ်သည်။

မောင်တောမြို့သိမ်းတိုက်ပွဲနှင့်ပတ်သက်၍ နောက်ဆုံးရသတင်းများကို ဆက်လက်တင်ပေးသွားပါမည်။

သတင်းနှင့်ပြန်ကြားရေး
အာရက္ခတပ်တော်
❤1.15K👍474🤣35❤‍🔥29👎19🥰18🎉4🔥3🍾2😢1🌚1
❤634👍163🥰23👎18🤣15❤‍🔥5🔥4🏆3🙏1😈1