ဖက်ဆစ်စစ်ကောင်စီမှ အကြမ်းဖက်သင်တန်းပေးပြီး လက်နက်တပ်ဆင်ပေးထားသော မူဆလင်အစွန်းရောက် လက်နက်ကိုင်များမှ ရက္ခိုင်ပြည်၊ ဘူးသီးတောင်မြို့နယ်၊ ဂန္ဓာရီကယ်ဆယ်ရေးစခန်းမှ ခမီလူမျိုး အပြစ်မဲ့ပြည်သူ (၇) ဦးအား အကြောင်းမဲ့ ရက်ရက်စက်စက် အကြမ်းဖက်ဖမ်းဆီးသတ်ဖြတ်
၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၂၁) ရက်
ရက္ခိုင်ပြည်၊ ဘူးသီးတောင်မြို့နယ်၊ အမှတ် (၄) ရပ်ကွက်၊ ဂန္ဓာရီကယ်ဆယ်ရေးစခန်းတွင် နေထိုင်ကြသော ခမီလူမျိုး (၇) ဦးတို့သည် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၁၈) ရက်နေ့၊ နံနက် (၁၁) နာရီအချိန်တွင် မျှစ်သွားချိုးရန် ထွက်သွားကြသည်။ အဆိုပါ (၇) ယောက်အုပ်စုသည် (၂၄) နာရီ (သို့မဟုတ်) တစ်ရက်ကြာမြင့်သည်အထိ ၎င်းတို့၏ နေအိမ်များအသီးသီးသို့ ပြန်လည်ရောက်ရှိလာခြင်းမရှိသောကြောင့် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၁၉) ရက်နေ့၊ နံနက် (၁၀) နာရီအချိန်တွင် ၎င်းတို့၏ မိသားစုဝင်များမှ အာရက္ခတပ်တော်အား သတင်းပို့လာသဖြင့် မိမိတို့လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဂန္ဓာရီရွာသားများစုပေါင်းပြီး ၎င်းတို့သွားရောက်နိုင်မည့်နေရာများနှင့် အနီးအနားကျေးရွာများကို လိုက်လံရှာဖွေခဲ့ကြပါသည်။
ဘူးသီးတောင်မြို့နယ်၊ လက်ပံရှည် (ခ) မော်နီကိုကျေးရွာအနီးတွင် လက်ပြန်ကြိုးတုတ်ပြီး သေနတ်ဒဏ်ရာများဖြင့် ရက်ရက်စက်စက် လူမဆန်စွာ သတ်ဖြတ်ခံထားရသော ဦးဦးလှထွန်း၊ ဦးကျော်လှ နှင့် ဦးမောင်ထွန်းတို့ (၃) ဦး၏ ရုပ်အလောင်းများအား ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၁၉) ရက်၊ မွန်းတည့် (၁၂) နာရီ အချိန်ခန့်တွင် ရှာဖွေတွေ့ရှိခဲ့ပါသည်။
ထို့အတူ အခြားသော (၄) ယောက် ဖြစ်ကြသော ဦးအောင်ကြီး၊ ဦးမောင်မောင်၊ ဦးထွန်းနိုင်ဦး နှင့် ဦးကြာထွန်းဦး တို့ကိုလည်း ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၂၀) ရက်၊ နေ့လယ် (၁) နာရီအချိန် ခန့်တွင် ဘူးသီးတောင်မြို့နယ်၊ လက်ပံရှည် (ခ) မော်နီကိုကျေးရွာအနီး၌ ဓါးဒဏ်ရာများနှင့် သေဆုံးနေသည်ကို ရှာဖွေတွေ့ရှိခဲ့ပါသည်။
ဂန္ဓာရီကယ်ဆယ်ရေးစခန်းတွင်နေထိုင်ကြသော ၎င်းအပြစ်မဲ့ပြည်သူ ခမီလူမျိုး (၇) ဦးတို့မှာ ရိုးရိုးသားသား လုပ်ကိုင်စားသောက်နေကြသူများဖြစ်ပြီး ဝမ်းရေးအတွက် ဟင်းရှာသွားကြစဉ်အတွင်း ဖက်ဆစ်စစ်ကောင်စီမှ အကြမ်းဖက်သင်တန်းပေးပြီး လက်နက်တပ်ဆင်ပေးထားသော မူဆလင်အစွန်းရောက် လက်နက်ကိုင်များ၏ ရက်ရက်စက်စက် အကြမ်းဖက်သတ်ဖြတ်မှုကို ခံခဲ့ရခြင်းဖြစ်သည်။ ၎င်းပြည်သူ (၇) ဦး၏ ရုပ်အလောင်းများအား မိမိတို့ အာရက္ခတပ်တော်မှ ရွာသူရွာသားများနှင့်ပူးပေါင်းကာ ကောင်းမွန်စွာ မြေမြှုပ်သင်္ဂြိုလ်ပေးခဲ့ပြီး လိုအပ်သော အကူအညီများကိုလည်း ဆက်လက်ပေးအပ်ခဲ့ပါသည်။ ဤကဲ့သို့ အကြမ်းဖက်ခံရ၍ သေဆုံးသွားခဲ့ရသော ဂန္ဓာရီကယ်ဆယ်ရေးစခန်းမှ အပြစ်မဲ့ပြည်သူ (၇) ဦး၏ မိသားစုများနှင့်ထပ်တူ မိမိတို့မှ ဝမ်းနည်းရပါသည်။
ဘူးသီးတောင်နှင့် မောင်တော ဒေသတွင် ဖက်ဆစ်စစ်ကောင်စီသည် မူဆလင်များအား အကြမ်းဖက်သင်တန်းပေးပြီး လက်နက်တပ်ဆင်ပေးခြင်းများကို ဆက်တိုက် ပြုလုပ်ပေးသည့် နောက်ပိုင်းတွင် အရပ်သားပြည်သူတို့အား အကြမ်းဖက်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးငွေညှစ်ခြင်း၊ အရပ်သားပြည်သူများသွားလာသည့်လမ်းများ၌ မိုင်းထောင်ခြင်း၊ ရပ်ရွာအချို့ကို မီးရှို့ဖျက်ဆီးခြင်း၊ အရပ်သားပြည်သူပိုင်အိမ်များအား ဖောက်ထွင်းလုယက်ခြင်းများ၊ ခြိမ်းခြောက်စာများကပ်ခြင်းတို့ကို ဆက်တိုက်ပြုလုပ်လာသောကြောင့် အရပ်သားပြည်သူများအနေဖြင့် ဟင်းရှာဖွေခြင်း၊ သွားလာခြင်း၊ နေထိုင်ခြင်းများကို အထူးဂရုပြုသွားလာကြရန် နှင့် သတိဖြင့်နေထိုင်ကြရန်သတိပေးလိုက်ပါသည်။
ဤအကြမ်းဖက်မှုကို ကျူးလွန်ခဲ့ကြသောသူများအား အာရက္ခတပ်တော်မှ အမြန်ဆုံးရှာဖွေဖော်ထုတ်ပြီး အရေးယူသွားမည်ဖြစ်သည်။ ထို့အပြင် အာရက္ခဒေသနေပြည်သူများ၏ အသက်၊ အိုးအိမ်၊ စည်းစိမ် နှင့် လုံခြုံရေးတို့အား နည်းမျိုးစုံဖြင့် ဒုက္ခပေးနေသော ဖက်ဆစ်စစ်ကောင်စီနှင့် အကြမ်းဖက်လက်နက်ကိုင် မူဆလင်များအား ထိုက်သင့်သော တုံ့ပြန်မှုမျိုးဖြင့် တုံ့ပြန်သွားမည်ဖြစ်သည်။
သတင်းနှင့်ပြန်ကြားရေး
အာရက္ခတပ်တော်

😢931👍318🤬176❤47🤣31🙏12👎9😱9🔥8❤🔥4😈2
BREAKING NEWS
အရေးပေါ် ရေဘေးအန္တရာယ် သတိပေးချက်
၂၀၂၄ ခုနှစ်၊ ဇူလိုင် (၂၇) ရက်၊ နံနက် (၁၀) နာရီ (၄၀) မိနစ်တွင် ထုတ်ပြန်သည်။
ယခုရက်များအတွင်း ရက္ခိုင်ဒေသအပါအဝင် မြန်မာနိုင်ငံအလယ်ပိုင်းဒေသများအတွင်း အဆက်မပြတ် သည်းထန်စွာရွာသွန်းလျက်ရှိသောမိုးများကြောင့် မိုးရေချိန်အမှတ်သည် စိုးရိမ်ရေမှတ်ကို ကျော်လွန်လာခဲ့ပြီဖြစ်သည်။ ယနေ့ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၂၇) ရက်၊ နံနက် (၁၀) နာရီ (၃၀) မိနစ်အချိန် တိုင်းတာချက်အရ ရက္ခိုင်ပြည်၊ သံတွဲမြို့၊ "သူဌေးချောင်း ဆည်"သည် လည်း စိုးရိမ်ရေမှတ် (အနီရောင်အဆင့်) ကို ကျော်လွန်လာနေပြီဖြစ်သည်။
ဆက်လက်၍လည်း ယခုထက်ပိုမိုသော မိုးရေချိန်အမှတ်သို့ ရောက်ရှိလာနိုင်ရန် အလားအလာများကို တွေ့နေရသောကြောင့် ၎င်းဆည်နှင့် အနီးပတ်ဝန်းကျင်၊ ဆည်ကျရေစီးဆင်းရာလမ်းကြောင်းရှိ ရွာများအနေဖြင့် နီးစပ်ရာ ကုန်းမြင့်၊ ရေဘေးလွတ်ရာနေရာများသို့ "အမြန်ဆုံး" ချက်ချင်း ရွှေ့ပြောင်းပေးကြပါရန် အရေးပေါ်ထုတ်ပြန်အပ်ပါသည်။
မိမိတို့အနေဖြင့် လွန်ခဲ့သောရက်များ၏ မိုးရွာသွန်းမှု၊ မိုးရေချိန်အမှတ်များကြောင့် စိုးရိမ်ရေမှတ် ရောက်လာနိုင်သည့်အတွက် ကြိုတင်အသိပေးထားခဲ့ပါသည်။ ယနေ့တွင် စိုးရိမ်ရေမှတ်အထက်ကို ကျော်လွန်လာနေပြီဖြစ်သောကြောင့် ယခုကဲ့သို့ အရေးပေါ်ချက်ချင်းထုတ်ပြန်ရခြင်းဖြစ်သည်။
မိဘပြည်သူများအနေဖြင့်လည်း မိမိတို့ ကယ်ဆယ်ရေး စေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်းဆောင်ရွက်ပေးကြရန်ကိုလည်း အလေးအနက် တိုက်တွန်းအပ်ပါသည်။
သတင်းနှင့်ပြန်ကြားရေး
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်

❤870👍315🙏100🤣26❤🔥21😱11👌8😁6👏5🍾5🤩2
ဘူးသီးတောင်၊ မောင်တော ဒေသ၏ မြေပြင်ပကတိအခြေအနေနှင့်ပတ်သက်၍ ထုတ်ပြန်ကြေညာချက်
၁၃၈၆ ခုနှစ်၊ ဝါခေါင်လဆန်း (၃) ရက်
၂၀၂၄ ခုနှစ်၊ ဩဂုတ်လ (၇) ရက်
၁၃၈၆ ခုနှစ်၊ ဝါခေါင်လဆန်း (၃) ရက်
၂၀၂၄ ခုနှစ်၊ ဩဂုတ်လ (၇) ရက်
👍713❤404🥰34🤣27👎17💯14🙏9🏆8😍5🌚5❤🔥3
ထုတ်ပြန်ကြေညာချက်
၁၃၈၆ ခုနှစ်၊ ဝါခေါင်လဆန်း (၃) ရက်
၂၀၂၄ ခုနှစ်၊ ဩဂုတ်လ (၇) ရက်
၁၃၈၆ ခုနှစ်၊ ဝါခေါင်လဆန်း (၃) ရက်
၂၀၂၄ ခုနှစ်၊ ဩဂုတ်လ (၇) ရက်
👍518❤297😁15🤣11❤🔥10👎8🥰6😍5🤬4🥴2🌚2
United League of Arakan
No. (16/2024)
Statement
August 7, 2024
The United League of Arakan/Arakan Army (ULA/AA) continues its offensive operations to completely capture the remaining camps of the terrorist military junta near Maungdaw along the Bangladesh-Arakan border. Since June 16, 2024, we have been urging civilians in Maungdaw town to evacuate as quickly as possible before the battle to capture the town began.
On the other hand, the military junta and extremist Muslim armed groups such as ARSA, RSO, and ARA are using weapons and manpower to intimidate and prevent innocent civilians from reaching safe places, in addition to coercion and persuasion based on Islamic religious extremism. At the same time, Muslims and non-Muslim minority civilians such as Rakhine, Hindu, and Khami trapped in Maungdaw town face daily threats, oppression, and killings from terrorists.
Additionally, we are saddened to learn from social media that in recent days, many Muslims fleeing the town have reportedly died from artillery or small arms fire, bombings, drownings, airstrikes, or massive explosions near the coast of Maungdaw, causing great distress. We respectfully announce that these deaths did not occur in areas under our control and are not related to our organization. We are investigating the details of these incidents and will promptly release information as soon as we have verified the facts.
The ULA/AA is an organization that, from the beginning of military training, has clearly instructed its members to adhere to military discipline, the soldier’s code of conduct, human rights laws, and international humanitarian laws during warfare. Our organization does not support terrorism and condemns all forms of violence against civilian population. We will not allow any terrorist groups to establish a foothold in the Arakan and will eliminate all terrorist organizations.
To ensure the safety of innocent civilians amidst the increasingly intensified battles around the capture of Maungdaw, we request every civilian to strictly adhere to the following guidelines:
1. All civilians should evacuate from Maungdaw town toward areas with the Arakan Army, which can provide safety, rather than venturing into dangerous areas.
2. Civilians unable to evacuate should take shelter in safe places in their vicinity, mark their locations with white flags, and stay as far away as possible from combat zones and terrorists.
3. Avoid staying in military junta’s roads, houses, and major buildings where defense positions and sniper posts are established, or where military junta personnel are stationed.
4. Stay as far away as possible from military junta and extremist groups like ARSA, RSO, and ARA to prevent being used as human shields.
5. If you encounter terrorists mingling with civilians while fleeing from the battlefield, promptly report to the nearest ULA/AA troops.
We urge the innocent civilians in Maungdaw to strictly follow these directives and recommendations to avoid harm and remain safe.
United League of Arakan
DISCLAIMER: The English version of this statement serves as a translation of the original Burmese text for informational purposes only. In case of any discrepancies, the Burmese original shall prevail.

👍530❤279🤣14👎13🥰12❤🔥7😁7🤬7🙏7💯6🥴2
သံတွဲအကျဉ်းထောင်၌ ဖက်ဆစ် စစ်ကောင်စီမှ နိုင်ငံရေးပုဒ်မဖြင့် မတရားဖမ်းဆီးထိန်းသိမ်းထားသည့် နိုင်ငံရေးအကျဉ်းသားများ အပါအဝင် ခိုးမှု၊ လုယက်မှု၊ လူသတ်မှု၊ မူးယစ်ဆေးဝါးမှုစသော ရာဇဝတ်မှုအသီးသီး ကျူးလွန်၍ ပြစ်ဒဏ်ကျခံနေကြသော အကျဉ်းသား (၃၇၂) ဦးကို အာရက္ခတပ်တော်မှ ဘေးလွတ်ရာသို့ ကယ်ထုတ်ခဲ့ပြီးနောက် နိုင်ငံရေးအကျဉ်းသားများအား ၎င်းတို့၏ မိသားစုနှင့် နေအိမ်များသို့ ပြန်လည်ပို့ဆောင်ပေး
၂၀၂၄ ခုနှစ်၊ ဩဂုတ် (၈) ရက်
အာရက္ခဒေသတွင်းရှိ သိမ်းပိုက်ရန်ကျန်ရှိနေသေးသည့် သံတွဲမြို့ရှိ စစ်ကောင်စီ၏ တပ်စခန်းများအားလုံး၊ ငပလီ (မဇင်လေဆိပ်)၊ သံတွဲဟိုတယ်ဇုန်အပါအဝင် နေရာအများစုတို့အား အာရက္ခတပ်တော်မှ ၂၀၂၄ ခုနှစ်၊ ဇူလိုင် (၁၆) ရက်နေ့၊ ညနေ (၅) နာရီ (၃၀) မိနစ်အချိန်၌ အပြီးသတ်သိမ်းပိုက်ရရှိပြီးနောက် သံတွဲမြို့အကျဉ်းထောင်တွင် ပိတ်မိနေသော အကျဉ်းသားများအားလုံး (၃၇၂) ဦးကို အာရက္ခတပ်တော်မှ ဘေးကင်းလုံခြုံရာသို့ ကယ်ထုတ်နိုင်ခဲ့ပါသည်။
သံတွဲအကျဉ်းထောင်ထဲမှ အကျဉ်းသား စုစုပေါင်း (၃၇၂) ဦးအနက် (၇) ဦးမှာ ကယ်ထုတ်နေစဉ်အတွင်း ဖက်ဆစ်စစ်ကောင်စီ၏ လက်နက်ကြီးစထိမှန်ပြီး (၅) ဦးသေဆုံးခဲ့ကာ ကျန် (၂) ဦးသည်လည်း ပြင်းထန်သော ဒဏ်ရာများဖြင့် ဆေးကုသမှုခံယူနေစဉ်မှာပင် သေဆုံးသွားခဲ့သည်။ မိမိတို့ ကယ်ထုတ်လာခဲ့သော အကျဉ်းသားများထဲတွင် နိုင်ငံရေးအကျဉ်းသား (၄၃) ဦးပါဝင်ပြီး ထိုအထဲမှ (၂) ဦးမှာ ကယ်ထုတ်နေစဉ်အတွင်း အသက်ဆုံးရှုံးသွားခဲ့ရပါသည်။ ကျန်နိုင်ငံရေးအကျဉ်းသား (၄၁) ဦးထဲတွင် ရောဂါ၊ ဒဏ်ရာဖြင့်ပါလာသူများနှင့် ကျန်းမာရေးစောင့်ရှောက်ရန် အရေးတကြီး လိုအပ်နေသောသူ (၁၇) ဦးတို့ကို မိမိတို့မှ ကောင်းမွန်စွာ ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိပါသည်။
ယခင်ရက်များ၌ ရန်သူ၏ ပင်လယ်ပြင်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်နေခြင်း အပြင် လက်နက်ဖြင့် ထွက်ပြေးလွတ်မြောက်နေသော စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့အား လိုက်လံရှင်းလင်း နေရခြင်းနှင့် လတ်တလော ရေကြီးနေမှုများကြောင့် နိုင်ငံရေးအကျဉ်းသားများအားလုံးကို ဘေးကင်းလုံခြုံရာတွင် ခေတ္တနေရာချထားခဲ့ရသည်။ ယခုအချိန်တွင် လုံခြုံရေးအာမခံချက် အတိုင်းအတာတစ်ခုထိ ရှိပြီဖြစ်သောကြောင့် ၎င်းနိုင်ငံရေးအကျဉ်းသားများအားလုံးကို ၎င်းတို့၏ နေအိမ်များနှင့် မိသားစုများထံသို့ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ (၆) ရက်နေ့မှစတင်ပြီး ပြန်လည်ပို့ဆောင်ပေးနေပြီဖြစ်သည်။
အဆိုပါ အကျဉ်းသား (၄၁) ဦးအား ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) ၏ ရဲဘက်၊ အုပ်ချုပ်ရေးဘက်ဆိုင်ရာ တာဝန်ရှိသူများမှ အချက်အလက်များ ကောက်ယူစိစစ်ပြီး လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ စံနှုန်းများအရ လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများနှင့် အရေးပေါ် လိုအပ်လျက်ရှိသော စားဝတ်နေရေး ထောက်ပံ့ကူညီမှုများကိုလည်း လုပ်ဆောင်ပေးခဲ့ပါသည်။
ထို့အတူ ရာဇဝတ်မှုကျုးလွန်ထားသော အကျဉ်းသားများအား မိမိတို့အနေဖြင့် ဆက်လက် ထိန်းသိမ်းထားလျက်ရှိကာ ၎င်းတို့ ကျူးလွန်ခဲ့သော ပြစ်မှုများကို ပြန်လည်စစ်ဆေးလျက်ရှိပြီး တရားနည်းလမ်းကျကျ ကိုင်တွယ်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

❤770👍218🙏19🥰16👎13👏7🤣7❤🔥6🎉5🌚3🍌2
Media is too big
VIEW IN TELEGRAM
ရက္ခိုင်ပြည်၊ မောင်တောမြို့ထဲတွင် စစ်ကောင်စီ၏ လူသားဒိုင်းကာအဖြစ်ခေါ်ယူထားသော ပြည်သူလူထုများနှင့် မောင်တောမြို့အတွင်း ပိတ်မိနေကြသော ပြည်သူလူထုများကို အာရက္ခတပ်တော်မှ အသုတ်လိုက်၊ အသုတ်လိုက် ဘေးလွတ်ရာသို့ ရွေ့ပြောင်းကယ်တင်ခြင်းများကို ဆက်တိုက် ပြုလုပ်လျက်ရှိပါသည်။ မောင်တောမြို့အတွင်းရှိ ပြည်သူများမှလည်း ၎င်းတို့နည်း ၎င်းတို့ဟန်ဖြင့် ထွက်ပြေးလာကြသောသူများလည်း လွန်ခဲ့သော ရက်သတ္တပတ်များအတွင်း ရှိခဲ့သည်။ ယခုဖော်ပြပါ ဗီဒီယိုမှတ်တမ်းသည် ၂၀၂၄ ခုနှစ်၊ သြဂုတ်လ (၇) ရက်နေ့ ၌ မောင်တော၊ လသာရွာ မှ ရွာသူရွာသားများအား အာရက္ခတပ်တော်မှ ကယ်ထုတ်လာခဲ့သော ရုပ်သံမှတ်တမ်း ဖြစ်ပါသည်။
The Arakan Army has been continuously rescuing civilians who were forced to serve as human shields by the military council in Maungdaw Township, as well as those trapped inside Maungdaw Town. Some residents have also managed to escape the town on their own over the past few weeks. The video documentation presented here is footage of villagers from Latha Village, Maungdaw, being rescued by the Arakan Army on August 7, 2024.
#AAInfoDesk
August 8, 2024

❤892👍211🙏18🤣18💯15👎12😁10👏8🤡6🔥3🤔3
Media is too big
VIEW IN TELEGRAM
အာရက္ခတပ်တော်မှ မောင်တောမြို့ရှိ စစ်ကောင်စီ၏ လက်ကျန်စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည့်နည်းတူ မောင်တောမြို့သိမ်းတိုက်ပွဲကိုဆင်နွှဲလျက်ရှိသည်။ ထို့ကြောင့် မောင်တောမြို့နှင့် ၎င်းပတ်ဝန်းကျင်အနီးကျေးရွာများမှ ရွာသူရွာသားများကို တိုက်ပွဲနှင့်လွတ်ရာနေရာများသို့ တိမ်းရှောင်လာကြစေရန် အသိပေးကြေညာချက်အား ၂၀၂၄ ခုနှစ်၊ ဇွန်လ (၁၆) ရက် နှင့် ဩဂုတ်လ (၇) ရက်နေ့တို့တွင် အသိပေးထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။
ထို့နောက်တွင် ဖက်ဆစ် စစ်ကောင်စီ၊ လက်နက်ကိုင်မူဆလင်များ၊ အကြမ်းဖက်မူဆလင်အဖွဲ့များသည် မူဆလင်ရွာများမှ ရွာသူရွာသားများကို ထွက်ခွာခွင့်မပြုဘဲ လူသားဒိုင်းကာအဖြစ် အသုံးပြုရန်ခေါ်ဆောင်ထားခဲ့သည်။
ရက္ခိုင်ပြည်၊ မောင်တောမြို့နယ်၊ ဗိုလ်မှူး(မူဆလင်)ရွာမှ မူဆလင် သက်ကြီးရွယ်အိုများ၊ အမျိုးသား၊ အမျိုးသမီးများနှင့် ကလေးသူငယ်များကို ဖက်ဆစ် စစ်ကောင်စီနှင့် လက်နက်ကိုင်မူဆလင်များက လူသားဒိုင်းကာအဖြစ် ဖမ်းဆီး ပိတ်လှောင်ထားခြင်းကို ခံနေခဲ့ရသည်။ ထို့အတူ အချို့မှာ စားနပ်ရိက္ခာများပြတ်တောက်ကာ အစာရေစာပြတ်လပ်မှုဒဏ်ကို ခံစားခဲ့ရသည်။ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ (၈) ရက်၊ ကြာသပတေးနေ့၊ နေ့လယ် (၁) နာရီ အချိန်ခန့်တွင် အာရက္ခတပ်တော် (AA) သည် တိုက်ပွဲကြားထဲ ဗိုလ်မှူး(မူဆလင်)ရွာမှ ပြည်သူ (၃၀၀) ခန့်တို့အား ဘေးကင်းလုံခြုံရာနေရာသို့ အောင်မြင်စွာ ကယ်ထုတ်လာခဲ့သည်။

❤817👍207🥰51👎10🤣10😍9👏4🎉4😁3😢2🤡1
Media is too big
VIEW IN TELEGRAM
မောင်တောမြို့၊ အမှတ် (၈) ရပ်ကွက်၊ ကညင်တန်းရွာတွင် အကြမ်းဖက်စစ်ကောင်စီ နှင့် လက်နက်ကိုင်မူဆလင်များမှ လူသားဒိုင်းကာအဖြစ် ပိတ်လှောင်ထားသော မူဆလင် (၅၀၀) ဦးခန့်အား ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ (၈) ရက်နေ့၊ ညနေ (၃) နာရီအချိန်ခန့်တွင် အာရက္ခတပ်တော်မှ လုံခြုံရာနေရာသို့ ကယ်ထုတ်လာသည့် ရုပ်သံမှတ်တမ်း
This is a video documenting that the Arakan Army (AA) rescued about 500 Muslim civilians from Ka Nyin Tan Village of Ward-No (8) in Maungdaw who were trapped as human shields by the terrorist military junta and Muslim militants into a safe area at 03:00 PM on 8th August 2024.
#AAInfoDesk
August 9, 2024

❤865👍216🥰33🙏29🤣20👎12😢7💯6😁5❤🔥4🌚3
အရပ်သားပြည်သူများနေထိုင်သည့် မြောက်ဦးမြို့ပေါ် လူနေရပ်ကွက်အတွင်းသို့ ဖက်ဆစ် စစ်ကောင်စီမှ ဂျက်လေယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် အပြစ်မဲ့ပြည်သူ (၆) ဦးသေဆုံးပြီး ဒဏ်ရာရသူ (၁၀) ဦးရှိ
၂၀၂၄ ခုနှစ်၊ ဩဂုတ်လ (၁၀) ရက်
၂၀၂၄ ခုနှစ်၊ ဩဂုတ်လ (၁၀) ရက်၊ နေ့လယ် (၁၂) နာရီခွဲအချိန်တွင် အရပ်သားပြည်သူများနေထိုင်သည့် မြောက်ဦးမြို့ပေါ် လူနေရပ်ကွက်အတွင်းသို့ စစ်ကောင်စီသည် ဂျက်လေယာဉ်တစ်စီးဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ဤကဲ့သို့ ဖက်ဆစ် စစ်ကောင်စီ၏ လေကြောင်းမှ အကြမ်းဖက်တိုက်ခိုက်ခဲ့မှုကြောင့် မြောက်ဦးဟိုတယ် အနီးအနားပတ်ဝန်းကျင်နှင့် လမ်းမပေါ်သို့ ကျရောက်ပေါက်ကွဲထိမှန်ခဲ့သောကြောင့် အနှေးယာဉ် (တုတ်တုတ်) တစ်စီးပေါ်တွင် လိုက်ပါလာသော ခရီးသွားပြည်သူများနှင့် ၎င်းအနီးပတ်ဝန်းကျင်ရှိ အပြစ်မဲ့အရပ်သားပြည်သူ (၆) ဦး သေဆုံးခဲ့ပြီး (၁၀) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ဖက်ဆစ် စစ်ကောင်စီသည် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ (၆) ရက်နေ့၊ ည (၂) နာရီခွဲအချိန်ခန့်ကလည်း အရပ်သားပြည်သူများကို ဆေးကုသပေးနေသော မြောက်ဦးမြို့ရှိ ဆေးရုံတစ်ခုအား ဗုံးကြဲတိုက်ခိုက်ခဲ့သေးသည်။ မြောက်ဦးမြို့သည် လက်ရှိအချိန်တွင် စစ်ကောင်စီကင်းစင်သော မြို့တစ်မြို့ဖြစ်ပြီး တိုက်ပွဲမဖြစ်ပွားခဲ့သည်မှာ ရက်ပေါင်း (၁၈၅) ရက်ရှိခဲ့ပြီ ဖြစ်သည်။
နိုင်ငံတစ်ဝန်းမှ တော်လှန်ရေးအဖွဲ့အစည်းများထိန်းချုပ်ထားသော တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် နေရာဒေသများရှိ စာသင်ကျောင်း၊ ဆေးရုံ၊ ဆေးခန်း၊ ဘာသာရေးအဆောက်အအုံ၊ ဈေးများနှင့် လူနေထူထပ်သည့်နေရာများကို စစ်ရှုံး ဖက်ဆစ် စစ်ကောင်စီသည် လေကြောင်းမှ ရော့ကတ်၊ ဖျက်အားပြင်းဗုံးများဖြင့် ကြဲချတိုက်ခိုက်နေပြီး စစ်ရာဇဝတ်မှုများကို ရှုံးမဲမဲကာ ဆက်တိုက် ကျူးလွန်လျက်ရှိသည်။

😢950🤬150👍135❤42🤣20💔13👎8😁7🙏6👏5😈5