ZMN MM SUB Movie နိုင်ငံခြားဇာတ်ကားကောင်းများ
487 subscribers
20 photos
1 video
7 links
မြန်မာစာတန်းထိုး နိုင်ငံခြားဇာတ်ကားကောင်းများတင်ပေးမှာမို့ Channel လေးကို join ထားကြပါနော်
Download Telegram
Rush Hour ( 1998 )

ဂျက်ကီချန်းပရိတ်သတ်တွေ ဒီဇာတ်ကားလေးတွေကိုမမေ့ကြသေးဘူးမလား
1998 စတင်ထွက်ရှိခဲ့တဲ့ Rush Hour Series တွဲရဲ့ ပထမဆုံးသောဇာတ်ကားဖြစ်ပါတယ်……ဂျက်ကီနဲ့ ကာတာ စတင်ပြီးတွေ့ဆုံတဲ့
ကားပေါ့ဗျာ..မကြည့်သေးတာပဲဖြစ်ဖြစ်..ကြည့်ပြီးသွားတာပဲဖြစ်ဖြစ်..
နောက်ဆိုရင် ဒီလိုဇာတ်ကားမျိုးတွေ အကြည်နဲ့စာတန်းထိုးမှန်မှန် ရဖို့မလွယ်တော့လို့ သိမ်းသင့်ကြောင်းပါ……
မေ့နေမှာစိုးလို့ ဇာတ်လမ်းအကျဉ်း လေးနည်းနည်းပြန်ပြောလိုက်ပါမယ်….
အင်စပက်တာ လီဟာ တရုတ်နိုင်ငံမှာ အင်မတန်တော်တဲ့စုံထောက်အရာရှိတစ်ဦးပါ…..သူဟာ တရုတ်ကောင်စစ်ဝန်နားမှာအမြဲနေပြီး..ကောင်စစ်ဝန်ကလည်းအရေးပေးပါတယ်……တနေ့မှာ လီ ဦးဆောင်တဲ့ စုံထောက်အဖွဲ့ဟာတရုတ်တွေရဲ့ရှေးဟောင်းပစ္စည်းကို ခိုးထုတ်ပြီး မှောင်ခိုလုပ်ငန်းအကြီးအကျယ်လုပ်နေ တဲ့ ဂျွန်တာအို ရဲ့အဖွဲ့ကိုဖမ်းမိပါတယ်.
ခေါင်းဆောင်တော့မပါဘူးပေါ့….အဲ့အမှုပြီးတဲ့နောက်မှာတော့ ဂျွန်တာအိုဟာ အတော်ကြာခြေရာဖျောက်နေပါတယ်…….တရုတ်ကောင်စစ်ဝန်မှာသမီးလေးတစ်ယောက်ရှိ ပါတယ်..အဲ့သမီးလေးကို ဂျွန်တာအို ဟာ ပြန်ပေးဆွဲပြီး ကလဲ့စားပြန်လိုချင်တဲ့အခါမှာတော့……..တရုတ်ကောင်စစ်ဝန်ဟာ အမေရိက ကိုရောက်နေတာပါ…….ပြန်ပေးဆွဲတာလည်းအမေရိကမှာပဲဖြစ်ပါတယ်
FBI က သူတို့အကောင်းဆုံးလုပ်ပေးမယ်လို့ပြောပေမယ့် ကောင်စစ်ဝန်က ” လီ ” ကို ပါဝင်စေချင်လို့ တရုတ်ကနေလှမ်းခေါ်လိုက်ပါတယ်..
ဒါကို FBI က သဘောမကျပဲ တွဲဖက်တစ်ဦးတွဲပေးလိုက်ပါတယ်……အဲ့တွဲဖက်ရဲ့တာဝန်ကတော့ လီ ကို အမှုမှာ မပါဝင်စေဘဲ ပထုတ်ထားဖို့ပဲဖြစ်ပါတယ်…….တွဲဖက်ကတော့ LA ရဲ ဘက်ငှာန က ဂျိမ်းကာတာပဲဖြစ်ပါတယ်……ပေါက်ကရတွေလျှောက်ပြောပြီး အူကြောင်ကြောင်နိုင်လှတဲ့ ဒီရဲ အရာရှိနဲ့ တရုတ်စုံထောက် လီ တို့ပေါင်းမိပြီးဘာတွေဖြစ်ကြမလဲ…….ဘယ်လိုတွေစုံစမ်းမလဲ..ဘယ်လိုတွေအလွဲတွေ…..ဟာသတွေဖြစ်မလဲဆိုတာ ဆက်လက်စောင့်ကြည့်လိုက်ပါဦး

ဇာတ်ကားကြည့်ရန်နှိပ်ပါ👇👇

https://t.me/ZMNMMSUBMovie2003/78

မြန်မာစာတန်းထိုး အိန္ဒိယ ဇာတ်ကားကောင်းများကြည့်ရန် Channel Link 👇👇

https://t.me/ZMNMMSUBMovieIndia

မြန်မာစာတန်းထိုး ကာတွန်းကား ကောင်းများကြည့်ရန် Channel Link 👇👇

https://t.me/ZMNMMSUBMovieCartoon

နောက်ထပ် video ဇာတ်ကားများကို လည်းအမြဲတမ်း free တင်ပေးမှာ ဖြစ်လို့ Channel လေးကို join လုပ်ပြီးသူငယ်ချင်းမိတ်ဆွေများကို ရှဲပေးကြပါဦးနော် သဲတို့ရေ...😘😘😘
Rush Hour 2 ( 2001 )

စုံထောက်ကာတာ တရုတ်နိုင်ငံသို့ အလည်အပတ် ရောက်ရှိနေစဉ် အမေရိကန်သံရုံးဗုံးခွဲတိုက်ခိုက် ခံခဲ့ရပါတယ်။
ဒီတစ်ခေါက်တော့ အိမ်ရှင် အင်စပက်တာလီ က ဧည့်သည် စုံထောက်ကာတာ ကို ဘယ်လိုဧည့်ခံ မလဲ ဆိုတာနဲ့ စုံထောက်ကာတာရဲ့အလွဲလွဲအချော် ချော်လုပ်ရပ်တွေကို တဝါးဝါး ရယ်မောကြရမှာ သေချာပါတယ်။
ဗီလိန်အဖြစ် တရုတ် မင်းသမီးချောလေး Zhang Ziyi လည်း ပါဝင်ထား ပါတယ်။

ဇာတ်ကားကြည့်ရန်နှိပ်ပါ👇👇

https://t.me/ZMNMMSUBMovie2003/79

မြန်မာစာတန်းထိုး အိန္ဒိယ ဇာတ်ကားကောင်းများကြည့်ရန် Channel Link 👇👇

https://t.me/ZMNMMSUBMovieIndia

မြန်မာစာတန်းထိုး ကာတွန်းကား ကောင်းများကြည့်ရန် Channel Link 👇👇

https://t.me/ZMNMMSUBMovieCartoon

နောက်ထပ် video ဇာတ်ကားများကို လည်းအမြဲတမ်း free တင်ပေးမှာ ဖြစ်လို့ Channel လေးကို join လုပ်ပြီးသူငယ်ချင်းမိတ်ဆွေများကို ရှဲပေးကြပါဦးနော် သဲတို့ရေ...😘😘😘
Rush Hour 3 ( 2007 )

တရုတ်ကောင်စစ်ဝန် ဟန် လုပ်ကြံခံခဲ့ရခြင်းကြောင့် အင်စပက်တာလီ နဲ့ စုံထောက်ကာတာတို့နှစ်ဦး ပြန်လည်ပေါင်းစည်းကြဖို့အကြောင်းဖန်လာပြန်ပါတယ်။
ဒီတစ်ခေါက်တော့ ပဲရစ်မြို့မှာပါ။ ဗီလိန်အဖြစ် ဝါရင့် ဂျပန်မင်းသားကြီး Hiroyuki Sanada လည်း ပါဝင် ထားပါတယ်။

ဇာတ်ကားကြည့်ရန်နိုပ်ပါ👇👇

https://t.me/ZMNMMSUBMovie2003/80

မြန်မာစာတန်းထိုး အိန္ဒိယ ဇာတ်ကားကောင်းများကြည့်ရန် Channel Link 👇👇

https://t.me/ZMNMMSUBMovieIndia

မြန်မာစာတန်းထိုး ကာတွန်းကား ကောင်းများကြည့်ရန် Channel Link 👇👇

https://t.me/ZMNMMSUBMovieCartoon

နောက်ထပ် video ဇာတ်ကားများကို လည်းအမြဲတမ်း free တင်ပေးမှာ ဖြစ်လို့ Channel လေးကို join လုပ်ပြီးသူငယ်ချင်းမိတ်ဆွေများကို ရှဲပေးကြပါဦးနော် သဲတို့ရေ...😘😘😘
တစ်ချိန်က အရမ်းကြိုက်ခဲ့တဲ့ ဇာတ်ကားကြီး 😍
King Kong (2005)
~ IMDb – 7.2/10, Rotten Tomatoes – 84% ~
Directed By “Peter Jackson”
” It was Beauty killed the Beast. “
ခြင်္သေ့နဲ့ ဘယ်လိုတိုက်တိုက် ဘီလူးနဲ့ ဘယ်လိုကိုက်ကိုက် ချစ်မိသူလောက်တော့ ဘယ်သူမှ လူမိုက်မမည်တဲ့။ အဲဒီခေတ်က နယူးယောက်ရဲ့ အမြင့်ဆုံးအဆောက်အဦးဖြစ်ခဲ့တဲ့ အင်ပါယာစတိတ်ပေါ် တက်ကြဲခဲ့တဲ့ အသိဉာဏ်အရှိဆုံး တိရိစ္ဆာန်ဘဝကနေ အမိုက်မဲဆုံးကောင်ဖြစ်သွားတဲ့ ကင်းကောင်ကြီးကို မသိတဲ့သူလည်းမရှိလောက်ဘူး။ အသိဉာဏ်ရှိနေလို့ပဲ အရူးမိုက်ဆုံးဖြစ်ခဲ့သလား မသိနိုင်ပေမဲ့ ထင်သာမြင်သာအရှိဆုံး အဆောက်အဦးပေါ်တက် ကျည်ချက်ပေါင်းများစွာခံရင်း ၁၀၂ထပ်အမြင့်ကနေ ထိုးဆင်းသွားခဲ့တယ်။
နယူးယောက်ရဲ့ကြမ်းပြင်မှာ အသက်မဲ့နေတဲ့ ကင်းကောင်ကြီးကို ကြည့်ပြီး “ဘာလို့ ဒီကောင် ဟိုးထိပ်ထိတက်ပြီး ချောင်ပိတ်မိခံလိုက်တာလဲ သူ့အန္တရာယ်သူမသိဘဲတော့မနေလောက်ဘူး” လို့ လူတစ်ယောက်က ပြောတယ်။ ဘေးကလူရဲ့အဖြေကတော့ “ဦးနှောက်မရှိတဲ့တိရိစ္ဆာန်ကြီးပဲကိုကွာ ဘာသိမှာလဲ” တဲ့။ ခဏလောက်တော့ တိတ်သွားကြတယ်။ ခဏနေတော့ ခုနဖြေခဲ့တဲ့လူကပဲ “သိသိမသိသိ ဘာအရေးလဲကွာ တိုက်လေယာဉ်စာမိသွားတာပဲမလား” လို့ပြောပြီး လှည့်ထွက်သွားတယ်။ အသိရခက်တဲ့မျက်နှာနဲ့ လူတစ်ယောက်ကတော့ “တိုက်လေယာဉ်ကြောင့်မဟုတ်ဘူး အလှတရားက သူ့ကို သတ်သွားတာ” လို့ ပြောရင်း ဆက်မကြည့်ချင်တော့သလို သူလည်း လှည့်ထွက်သွားခဲ့တယ်။
တချို့ကတော့ ကဗျာဟာ ဉာဏ်မမီသူတွေအတွက် မဟုတ်ဘူးလို့ ပြောကြတယ်။ တစ်ချို့ကတော့ လက်မခံကြဘူး။ အဲဒီဉာဏ်မီမမီဆိုတာကို ဘယ်လိုသတ်မှတ်ကြလဲဆိုတာနဲ့တင် တော်တော်အငြင်းပွားစရာဖြစ်နေပါပြီ။ ဒီထက်သေချာတာတစ်ခုတော့ရှိတယ်။ အချစ်ဟာ ဘာကြီးလို့ ဘယ်လိုပဲပြောပြော ဉာဏ်နည်းတဲ့လူတွေအတွက်တော့ မဟုတ်ဘူး။ အဲဒီဉာဏ်နည်းမနည်းဆိုတာလည်း သိခြင်းတတ်ခြင်းတွေနဲ့ မဆိုင်ဘူး။ ဘာနဲ့ဆိုင်လဲ မေးလာရင်လည်း ဖြေစရာတော့မရှိဘူး။ အိမ်ပြန်ချိန်တိုင်း လှနေမယ့် နေဝင်ချိန်တစ်ခုတော့ ရှိနေလိမ့်မယ်။ ဒါပေမဲ့ ခင်ဗျား ဘယ်လောက်ထိ ငေးခဲ့ဖူးပြီလဲ။
 
 
King Kong လို့ဆိုလိုက်ရင် မသိတဲ့လူမရှိခဲ့လောက်အောင် ကင်းကောင်ဟာ နာမည်ကျော်တဲ့ကာရိုက်တာတစ်ခုပါပဲ။ ၁၉၃၃မှာ သူ့ကို ပိတ်ကားပြင်ထက် စအသက်သွင်းပြီးချိန်ကစလို့ ဒီနေ့ထက်ထိတိုင်အောင်ပဲ ဇာတ်လမ်းအမျိုးမျိုးနဲ့ ပြန်ရိုက်ကြတဲ့အထိကို အောင်မြင်ခဲ့တယ်။ ဒီ 2005 ရဲ့ King Kong ကို ရိုက်တဲ့သူကတော့ ပီတာဂျက်ဆန်ပါ။ ပီတာဂျက်ဆန်ဆိုတဲ့လူကိုတော့ အားလုံးသိကြမှာပါ။ The Lord of the Rings နဲ့ The Hobbit အတွဲလိုက်ကြီးနဲ့ Fantasy Genre မှာ မှတ်တမ်းရေးထိုးခဲ့သူပါ။
သူနဲ့ ဒီကင်းကောင်က တော်တော်လည်း ရေစက်ပါပါတယ်။ ၁၉၃၃ မူရင်း ကင်းကောင်ကားကို သူစကြည့်တဲ့အချိန်မှာ ကိုးနှစ်သားပီတာဂျက်ဆန်လေးဟာ ကင်းကောင်ကြီး အင်ပါယာစတိတ်က ပြုတ်ကျတဲ့အခန်းမှာ မျက်ရည်လည်ရွှဲဖြစ်ခဲ့ရဖူးတယ်။ အသက်၁၂နှစ်မှာတော့ သူ့မိဘတွေရဲ့ကင်မရာကိုသုံးပြီး ဒီကားကိုပြန်ရိုက်ဖို့ ကြိုးစားကြည့်ဖူးတယ်။ ၁၉၃၃ ကင်းကောင်ကို ရိုက်တဲ့အကြောင်းစာအုပ်တွေဖတ်ခဲ့သလို အမှတ်တရပစ္စည်းတွေလည်း ဝယ်ခဲ့တယ်။ သူရိုက်ခဲ့တဲ့ Braindead မှာလည်း Skull Island ကို Zombie Plague ရဲ့ ရင်းမြစ်နေရာအဖြစ် Tribute ခဲ့ဖူးတယ်။ ဒီကားကိုလည်း သူ LoTR နဲ့ ယှဉ်ရွေးရင်း လက်လွှတ်ခဲ့ရဖူးတယ်။
အမှန်ဆို ဒီကားက ၁၉၉၈ကတည်းက ထွက်ဖို့လုပ်ခဲ့တယ်။ အဲဒီတုန်းကသာဆို ပီတာဂျက်ဆန်ကြီးလည်း ရိုက်ခွင့်မရနိုင်တော့သလို အဲဒီတုန်းကရိုက်ဖြစ်ခဲ့ရင်လည်း LoTR တွေရိုက်ပြီး အထာနပ်နေတဲ့ ပီတာဂျက်ဆန်ရဲ့ အခုလက်ရာလောက် ကောင်းမယ်တော့မထင်လှဘူး။ ဒါလည်းကံပါပဲ။
ကင်းကောင်ကိုချစ်ခဲ့တဲ့ ပီတာဂျက်ဆန်လက်ထဲ ကင်းကောင်ဟာ ကံသီစွာနဲ့ပဲ အချိန်ကိုက်အခါကိုက်ရောက်လာခဲ့တယ်။ ကင်းကောင်ဟာ ရုပ်ရှင်သမိုင်းရဲ့ အထင်ကရဇာတ်ကောင်တစ်ကောင်ဖြစ်နေသလို၊ ကင်းကောင်ရုပ်ရှင်တွေဟာ သမိုင်းမှာ အခမ်းနားဆုံးရုပ်ရှင်တွေဖြစ်ခဲ့ဖူးသလို ပီတာဂျက်ဆန်ကလည်း အဲဒီခမ်းနားမှုကို မလျော့စေဘဲ လှလှပပရိုက်သွားခဲ့တယ်။
“တစ်ခုခုကို ကိုယ်တကယ်ချစ်ရင် စကြဝဠာကြီးက ကိုယ့်လက်ထဲရောက်အောင်ပို့ပေးလိမ့်မယ်” ဆိုတဲ့ စကားဟောင်းတစ်ခုတောင် အမှတ်ရမိပါ‌သေးရဲ့။ ဒီလိုနဲ့ ကင်းကောင်ဟာ ပီတာဂျက်ဆန်လက်ထဲ လှပစွာ ရောက်ရှိလာခဲ့တယ်။ ပီတာဂျက်ဆန်ကလည်း ကင်းကောင်ကို အားလုံးဆီ လှပစွာ ပြန်ပို့နိုင်ခဲ့ပါတယ်။

ဇာတ်ကားကြည့်ရန်နှိပ်ပါ 👇👇

https://t.me/ZMNMMSUBMovie2003/81

မြန်မာစာတန်းထိုး အိန္ဒိယ ဇာတ်ကားကောင်းများကြည့်ရန် Channel Link 👇👇

https://t.me/ZMNMMSUBMovieIndia

မြန်မာစာတန်းထိုး ကာတွန်းကား ကောင်းများကြည့်ရန် Channel Link 👇👇

https://t.me/ZMNMMSUBMovieCartoon

နောက်ထပ် video ဇာတ်ကားများကို လည်းအမြဲတမ်း free တင်ပေးမှာ ဖြစ်လို့ Channel လေးကို join လုပ်ပြီးသူငယ်ချင်းမိတ်ဆွေများကို ရှဲပေးကြပါဦးနော် သဲတို့ရေ...😘😘😘
The Hobbit ( 1 ) : An Unexpected Journey

2012 ‧ Fantasy/Adventure

ဇာတ်လမ်းအကျဉ်း
===========
Three Rings for the Elven-kings under the sky,
Seven for the Dwarf-lords in their halls of stone,
Nine for Mortal Men doomed to die,
One for the Dark Lord on his dark throne
In the Land of Mordor where the Shadows lie.
One Ring to rule them all, One Ring to find them,
One Ring to bring them all, and in the darkness bind them,
In the Land of Mordor where the Shadows lie.
ဒါကတော့ LotR ဇာတ်လမ်းကြီးကို စတင်ခဲ့တဲ့ ဂန္ဓဝင်ကဗျာကြီးပါပဲ။
Dark Lord ဆော်ရွန်ဟာ နတ်သူငယ်တွေအတွက် လက်စွပ် ၃ ကွင်း၊ လူပု ဘုရင် ၇ ပါးအတွက် လက်စွပ် ၇ ကွင်း၊ လူတွေအတွက် ၉ ကွင်းကို ထုလုပ်စေခဲ့ပြီး ပေးအပ်ခဲ့ပါတယ်။
လက်စွပ်ကိုယ်စီဟာ စွမ်းအားရှိတာမို့ သူတို့တွေ လက်ခံခဲ့ကြတယ်။
ဒါပေမယ့် ဆော်ရွန်ဟာ လက်စွပ်ရှင်အားလုံးကို လွှမ်းမိုးနိုင်တဲ့ လက်စွပ်အားလုံးရဲ့ ဘုရင် တစ်ခုတည်းသော လက်စွပ်ကို ထုလုပ်ခဲ့ပြီး အားလုံးကိုချုပ်ကိုင်ဖို့ ကြိုးစားပါတော့တယ်။
ဒါပေမယ့် မဟာမိတ်တွေနဲ့ နောက်ဆုံးစစ်ပွဲမှာ ရှုံးနိမ်ခဲ့ပြီး လက်စွပ်ကိုလည်းလက်လွှတ်လိုက်ရပါတယ်။
နှစ်ပေါင်းများစွာကြာပြီးနောက် လက်စွပ်ပြန်ပေါ်လာချိန် ဆော်ရွန်လည်းအင်အားကြီးလာချိန်မှာ
နတ်သူငယ်တွေ၊ လူတွေ၊ လူပုတွေ၊ ဟော့ဘစ်လေးတွေဟာ ဆော်ရွန်ကို တားဆီးဖို့နဲ့ လက်စွပ်ဖို့ ဖျက်ဆီးဖို့ ကြိုးစားကြရပါတော့တယ်……….
ဒီလောက်ဆို ဒီရုပ်ရှင်တွေကို ဆက်ပြီးခံစားဖို့ လုံလောက်မှာပါ။
LotR ဇာတ်လမ်းမှာ အရေးပါခဲ့တဲ့ ကဗျာတစ်ခုကိုလည်း ဖော်ပြပေးလိုက်ပါတယ်။
All that is gold does not glitter
Not all those who wander are lost;
The old that is strong does not wither,
Deep roots are not reached by the frost.
From the ashes, a fire shall be woken,
A light from the shadows shall spring;
Renewed shall be blade that was broken,
The crownless again shall be king
ရွှေအဆင်းအတိနဲ့အရာဟာ တစ်လက်လက် တောက်ပမနေတတ်ပါဘူး
လှည့်လည်နေသူတိုင်းဟာလည်း လမ်းပျောက်နေကြတာမဟုတ်ပါ
အိုမင်းပေမယ့် ကြံ့ခိုင်သူဟာ ဆွေးမြေ့မလာတတ်ပါ
နက်ရှိုင်းလွန်းတဲ့ အမြစ်တွေဟာ သစ်တောနဲ့ အလှမ်းကွာစမြဲ
ပြာပုံကြားကနေ မီးတောက်နိုးထလာချိန်
အမှောင်တွေထဲက အလင်းတန်းတစ်ခု ဖြန်းပက်လာရင်း
ကျိုးပဲ့သွားခဲ့တဲ့ဓားကို ပြန်လည်ပြုပြင်ပြီးချိန်မှာ
သရဖူမဲ့နေခဲ့သူဟာ ဘုရင်ပြန်လည်ဖြစ်လာမှာပါ။
The Hobbit ဇာတ်ကားတွေကတော့ LotR ရဲ့နောက်မှ ထွက်ရှိခဲ့ပေမယ့် တကယ်တော့ LoTR မစခင်က အခြေအနေတချို့ကို ဇာတ်အိမ်တည်ပြီးရိုက်ကူးထားတာဖြစ်ပါတယ်။

ဇာတ်ကားကြည့်ရန်နိုပ်ပါ👇👇
https://t.me/ZMNMMSUBMovie2003/83
မြန်မာစာတန်းထိုး နိုင်ငံခြား ဇာတ်ကားကောင်းများကြည့်ရန် Channel Link👇👇
https://t.me/ZMNMMSUBMovie411
မြန်မာစာတန်းထိုး အိန္ဒိယ ဇာတ်ကားကောင်းများကြည့်ရန် Channel Link 👇👇
https://t.me/ZMNMMSUBMovieIndia
မြန်မာစာတန်းထိုး ကာတွန်းကား ကောင်းများကြည့်ရန် Channel Link 👇👇
https://t.me/ZMNMMSUBMovieCartoon
နောက်ထပ် video ဇာတ်ကားများကို လည်းအမြဲတမ်း free တင်ပေးမှာ ဖြစ်လို့ Channel လေးကို join လုပ်ပြီးသူငယ်ချင်းမိတ်ဆွေများကို ရှဲပေးကြပါဦးနော် သဲတို့ရေ...😘😘😘
The Hobbit ( 2 ) : The Desolation of Smaug

2013 ‧ Fantasy/Adventure

ဇာတ်ကားကြည့်ရန်နိုပ်ပါ👇👇

https://t.me/meowmeowor/1428

မြန်မာစာတန်းထိုး နိုင်ငံခြား ဇာတ်ကားကောင်းများကြည့်ရန် Channel Link👇👇
https://t.me/ZMNMMSUBMovie411
မြန်မာစာတန်းထိုး အိန္ဒိယ ဇာတ်ကားကောင်းများကြည့်ရန် Channel Link 👇👇
https://t.me/ZMNMMSUBMovieIndia
မြန်မာစာတန်းထိုး ကာတွန်းကား ကောင်းများကြည့်ရန် Channel Link 👇👇
https://t.me/ZMNMMSUBMovieCartoon
နောက်ထပ် video ဇာတ်ကားများကို လည်းအမြဲတမ်း free တင်ပေးမှာ ဖြစ်လို့ Channel လေးကို join လုပ်ပြီးသူငယ်ချင်းမိတ်ဆွေများကို ရှဲပေးကြပါဦးနော် သဲတို့ရေ...😘😘😘
The Hobbit ( 3 ) : The Battle of the Five Armies

2014 ‧ Adventure/Fantasy

ဇာတ်ကားကြည့်ရန်နိုပ်ပါ👇👇

https://t.me/meowmeowor/1430

မြန်မာစာတန်းထိုး နိုင်ငံခြား ဇာတ်ကားကောင်းများကြည့်ရန် Channel Link👇👇
https://t.me/ZMNMMSUBMovie411
မြန်မာစာတန်းထိုး အိန္ဒိယ ဇာတ်ကားကောင်းများကြည့်ရန် Channel Link 👇👇
https://t.me/ZMNMMSUBMovieIndia
မြန်မာစာတန်းထိုး ကာတွန်းကား ကောင်းများကြည့်ရန် Channel Link 👇👇
https://t.me/ZMNMMSUBMovieCartoon
နောက်ထပ် video ဇာတ်ကားများကို လည်းအမြဲတမ်း free တင်ပေးမှာ ဖြစ်လို့ Channel လေးကို join လုပ်ပြီးသူငယ်ချင်းမိတ်ဆွေများကို ရှဲပေးကြပါဦးနော် သဲတို့ရေ...😘😘😘
Train To Busan ( 2016 )

အားလုံးပဲ ပြန်ကြည့်ရအောင်တင်ပေးလိုက်ပါတယ် အသည်းကြီး မာဒုံဆော့ရဲ့ တီးချက်တွေကိုလည်း ပြန်လည်ရှုစားကြပါအုန်း

ဆော့ဝူ(Gong Yoo) ဟာ သူ့သမီးလေးနဲ့အတူ ဘူဆန်မြို့ကိုသွားဖို့အတွက် ရထားစီးပြီးထွက်ခဲ့ကြပါတယ် အဲ့ဒီအချိန်မှာပဲ ကိုရီးယားရဲ့ တခြားနေရာတွေကတော့ အမျိုးအမည်မသိတဲ့ တိုက်ခိုက်မှုတွေကြောင့် ဆူပူမှုတွေဖြစ်ပေါ်နေတာပါ။

အဲ့ဒီဆူပူမှု တွေရဲ့ အရင်းခံဖြစ်တဲ့ zombie virus ကူးစက်ခံရသူတစ်ယောက် ရထားပေါ်ပါလာခဲ့တဲ့အခါမှာတော့ ရထားပေါ်မှာပါလာတဲ့ သူအားလုံး ဘေးကင်းနိုင်ပါ့မလား။

သူတို့သွားလိုတဲ့ခရီးဖြစ်တဲ့ ဘူဆန်ကိုရောရောက်နိုင်ပါ့မလားဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရှူရမှာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ဆော့ဝူရဲ့ သမီးလေးကို ကာကွယ်ဖို့ကြိုးစားတဲ့ ဖခင်မေတ္တာနဲ့ ကြိုးစားမှုတွေကို‌ပါတွေ့မြင်ရမှာဖြစ်ပါတယ်။

⚠️ Copyright DisclaimerNo copyright infringement intended. I do not own any of the video or music. Use only for the entertainment purpose only under the principal of Fair Use. All rights reserved goes to its rightful owner