YayPyin (ရေပြင်)
7.43K subscribers
471 photos
34 videos
1 file
603 links
စစ်ကိုင်းတိုင်းဒေသကြီးမှ အစပြု၍ တနိုင်ငံလုံးအတွက် ရေလမ်း/ရေပြင် ကင်းထောက်တမန် https://t.me/YayPyinChat
Download Telegram
လေးစားရသော တော်လှန်ရဲဘော် များနှင့် တော်လှန်ပြည်သူများရှင့်


မိမိတို့ ဝေဟင် လေကြောင်း ကင်းထောက် အဖွဲ့ အနေဖြင့် မြေပြင် ပြည်သူများနှင့် ရဲဘော်များ ဘေးကင်း စေရန် ရည်ရွယ်ချက်ဖြင့် လေကြောင်း သတင်းများကို အချိန်နှင့် တပြေးညီ ဖြန့်ဖြူးပေးလျက် ရှိပါသည်။

မိမိတို့ အနေဖြင့် သတင်း စီးဆင်းမှု့ အားကောင်းစေရေး ကို ဦးစားပေး ဆောင်ရွက် လျက်ရှိပြီး ထိုသို့ သတင်းစီးဆင်းမှု့မြန်မှသာ ပြည်သူများ နှင့် ရဲဘော်များ ဘေးကင်းကြမည်ဟု လုံးဝ (လုံးဝ) ထင်မြင်မိပါသည်။

သို့အတွက် ကြောင့် မိမိတို့ ဝေဟင် အဖွဲ့ အနေဖြင့် သတင်းဖြန့် ဖြူးရာတွင် ငွေကြေး အဖိုးအခ တစုံတရာ ကောက်ခံခြင်း မရှိထားပါကြောင်းနှင့် ထိုသို့ ကောက်ခံသည်ဟု ကြားသိရပါက @WaiHinScout_Bot သို့ ဆက်သွယ် အသိပေး တိုင်းကြား နိုင်ပါကြောင်း လေးစားစွာ အသိပေးအပ်ပါသည်။

တော်လှန်ရေး ကာလအတွင်း သတင်း အမှောင်ချခြင်း၊ သတင်းထိန်ချန်ခြင်း၊ သတင်း ရပိုင်ခွင့်ကို တားဆီးပိတ်ပင်ခြင်းသည် မိမိ တို့ ပြည်သူ နှင့် ရဲဘော် များ၏ အသက်နှင့် စည်းစိမ်း များအပေါ် တန်ဖိုးမထား၊ အကျည်းတန်သော ဆောင်ရွက် ချက် တခုသာ ဖြစ်ပါပေမည်။


သတင်းစီးဆင်းမှု့ အဟန့်အတားများကို အတူတူ ကျော်ဖြတ်ရင်း ပြည်သူနှင့် ရဲဘော်များ အသက် အိုးအိမ် များကို အတတ်နိုင်ဆုံး ကာကွယ်စောင့်လျောက် ကြပါစို့ဟု

ဆန္ဒပြုလျက်

#WaiHin
ဝေဟင်

Nov 20,
📫သတင်းပို့ရန် @WaiHinScout_Bot
👍18
Forwarded from Sagaing Scout Network (.)
သို့

အညတရ သတင်း ဖြင့် အသက်ကယ် နေသည့်လူစွမ်းကောင်းများ

ရပ်ရွာ လုံခြုံရေး များအတွက် သတင်းမျှဝေပေးပြီး ရှောင်တိမ်းနိုင်ရန် အစီအမံများ ချထားဆောင်ရွက် မှု့များကြောင့် ပြည်သူများ ဘေးကင်းနေကြသည်မှာ မျက်မြင်ကိုယ်တွေ့ပါပဲရှင်။ ကျေးဇူးတင်ပါတယ် ရှင့်။

မတူတာ ဘေးဖယ်ထား၊ တူညီသည့် ဘုံရည်မှန်းချက် အပျောက်မခံဘဲ ပြည်သူများ အသက်ကို စွမ်းစွမ်း တမံကာကွယ်ပေးနေသော သတင်းဖြင့် အသက်ကယ်ပေးနေကြသူများအား ဤနေရာမှ ဂုဏ်ယူမိပါကြောင်းနှင့် ကျေးဇူး အရမ်းတင်မိပါကြောင်း ထပ်လောင်း ပြောကြားပါရစေရှင့်။


ငါတို့မှာငါတို့ပဲရှိတယ်။
သွေးမကွဲစေနဲ့။
စုစည်းမှု့ကိုပုံဖော်ကြပါစို့။

SSN Team


#SSN
Nov 21, 08:00 AM
📫သတင်းပို့ရန် @SagaingSNetworkBot
👍174
ဧရာဝတီ ရေပြင်

အောက်ဘက်မှ ဆန်တက်လာသော စခပါရိက္ခါတင်ဖလပ် ၁စီးသည် ပခုက္ကူနယ် ကွန်းရွာနားသို့ ရောက်ရှိကာ  အထက်ဘက်သို့ ဆက်လက် ဆန်တက်နေကြောင်းသိရ။

ချင်းတွင်းမြစ်ကြောင်းသို့ ဦးတည်နေ။

#Yaypyin
Nov 21 , 11:18AM

📫သတင်းပို့ရန် @Yaypyin0bot
👍7
YayPyin (ရေပြင်)
ဧရာဝတီ ရေပြင် အောက်ဘက်မှ ဆန်တက်လာသော စခပါရိက္ခါတင်ဖလပ် ၁စီးသည် ပခုက္ကူနယ် ကွန်းရွာနားသို့ ရောက်ရှိကာ  အထက်ဘက်သို့ ဆက်လက် ဆန်တက်နေကြောင်းသိရ။ ချင်းတွင်းမြစ်ကြောင်းသို့ ဦးတည်နေ။ #Yaypyin Nov 21 , 11:18AM 📫သတင်းပို့ရန် @Yaypyin0bot
ဧရာဝတီ ရေပြင်

အောက်ဘက်မှ ဆန်တက်လာသော စခရိက္ခါတင်ဖလပ်( ၁)စီးသည် ပခုက္ကူနယ် ကွန်းရွာ ရွှေတန့်တစ်ရေလယ်ခုံတွင်  ရပ်နေကြောင်းသိရ။


#Yaypyin
Nov 21, 11:23AM

📫သတင်းပို့ရန် @Yaypyin0bot
👍81
YayPyin (ရေပြင်)
ဧရာဝတီ ရေပြင် အောက်ဘက်မှ ဆန်တက်လာသော စခရိက္ခါတင်ဖလပ်( ၁)စီးသည် ပခုက္ကူနယ် ကွန်းရွာ ရွှေတန့်တစ်ရေလယ်ခုံတွင်  ရပ်နေကြောင်းသိရ။ #Yaypyin Nov 21, 11:23AM 📫သတင်းပို့ရန် @Yaypyin0bot
ဧရာဝတီ ရေပြင်/ချင်းတွင်း ရေပြင်

ပခုက္ကူနယ် ကွန်းရွာ ရွှေတန့်တစ်ရေလယ်ခုံတွင်  ရပ်နားခဲ့သော စခရိက္ခါတင်ဖလပ်သဘော် (၁)စီးသည် ချင်းတွင်း မြစ်ကြောင်း အတိုင်းအထက်ဘက်သို့ဆန်တက်နေကြောင်းသိရ။

#Yaypyin
Nov  21, 1:15PM

📫သတင်းပို့ရန် @Yaypyin0bot
👍17
လေးစားရသော တော်လှန်ရဲဘော် များနှင့် တော်လှန်ပြည်သူများရှင့်


မိမိတို့ ဝေဟင် လေကြောင်း ကင်းထောက် အဖွဲ့ အနေဖြင့် မြေပြင် ပြည်သူများနှင့် ရဲဘော်များ ဘေးကင်း စေရန် ရည်ရွယ်ချက်ဖြင့် လေကြောင်း သတင်းများကို အချိန်နှင့် တပြေးညီ ဖြန့်ဖြူးပေးလျက် ရှိပါသည်။

မိမိတို့ အနေဖြင့် သတင်း စီးဆင်းမှု့ အားကောင်းစေရေး ကို ဦးစားပေး ဆောင်ရွက် လျက်ရှိပြီး ထိုသို့ သတင်းစီးဆင်းမှု့မြန်မှသာ ပြည်သူများ နှင့် ရဲဘော်များ ဘေးကင်းကြမည်ဟု လုံးဝ (လုံးဝ) ထင်မြင်မိပါသည်။

သို့အတွက် ကြောင့် မိမိတို့ ဝေဟင် အဖွဲ့ အနေဖြင့်  သတင်းဖြန့် ဖြူးရာတွင် ငွေကြေး အဖိုးအခ တစုံတရာ ကောက်ခံခြင်း မရှိထားပါကြောင်းနှင့် ထိုသို့ ကောက်ခံသည်ဟု ကြားသိရပါက @WaiHinScout_Bot သို့ ဆက်သွယ် အသိပေး တိုင်းကြား နိုင်ပါကြောင်း လေးစားစွာ အသိပေးအပ်ပါသည်။

တော်လှန်ရေး ကာလအတွင်း သတင်း အမှောင်ချခြင်း၊ သတင်းထိန်ချန်ခြင်း၊ သတင်း ရပိုင်ခွင့်ကို တားဆီးပိတ်ပင်ခြင်းသည် မိမိ တို့ ပြည်သူ နှင့် ရဲဘော် များ၏ အသက်နှင့် စည်းစိမ် များအပေါ် တန်ဖိုးမထား၊ အကျည်းတန်သော ဆောင်ရွက် ချက် တခုသာ ဖြစ်ပါပေမည်။


သတင်းစီးဆင်းမှု့ အဟန့်အတားများကို အတူတူ ကျော်ဖြတ်ရင်း ပြည်သူနှင့် ရဲဘော်များ အသက် အိုးအိမ် များကို အတတ်နိုင်ဆုံး ကာကွယ်စောင့်ရှောက် ကြပါစို့ဟု

ဆန္ဒပြုလျက်

#WaiHin
ဝေဟင်

Nov 22,
📫သတင်းပို့ရန် @WaiHinScout_Bot
16👍7
Forwarded from Sagaing Scout Network (𝚁𝚎𝚒𝚊)
အမှောင်ကျလည်း
ဦးနှောက်ထဲမှာလင်းနေပါစေ...
အဆက်အသွယ်မရလည်း
နှလုံးသားထဲမှာနွေးနေပါစေ..
ပြန်ဆုံမည့်ရက်
အရုဏ်တက်ကို
အသက်ဆွဲဆန့်ကြိုနိုင်ကြပါစေ...

▪️မောင်စိန်ဝင်း(ပုတီးကုန်း)

#SSN
Nov 23, 7:36AM
📫သတင်းပို့ရန် @SagaingSNetworkbot
👍253😱1
ဧရာဝတီ ရေပြင်

အထက်ဘက်မှ စုန်လာသော စခအင်အားပါသံခွန်(၁)စီးသည် မာလာရွာဖြတ်၍ အောက်ဘက်သို့  စုန်ဆင်းသွားကြောင်းသတင်းရ။

#Yaypyin
Nov 24, 1:57PM

📫သတင်းပို့ရန် @Yaypyin0bot
👍9
Forwarded from Sagaing Scout Network (𝚁𝚎𝚒𝚊)
Sagaing Scout Network (Live Stream) 🎞️📽️

2024, November 24

စတင်မည့်အချိန် (ယနေ့ညနေ ၇:၀၀)

SSN Live Stream လွှင့်မည်ဖြစ်ပါသဖြင့် မိဘပြည်သူများအနေဖြင့် ဝင်ရောက်နားဆင်ကြပါရန် ကြေညာအပ်ပါတယ်ခင်ဗျာ

ခေတ်ပျက်ထဲကလူနေမှုဘဝများ  ❞

ခေါင်းစဉ်ဖြင့် ဆွေး နွေးကြမည်ဖြစ်ပြီး စိတ်ပါဝင်စားသူ မည်သူမဆို ဝင်ရောက် ဆွေးနွေး နိုင်သည့်အပြင် ကဗျာရွတ်ဖတ်ခြင်း အစီအစဉ်လည်း ရှိမည်ဖြစ်ပါသဖြင့် ကဗျာရွတ်ဖတ်ချင်သူများလည်း ကြိုတင်ပြင်ဆင်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

မိဘပြည်သူများအနေဖြင့် SSN Live Stream တွင်ဝင်ရောက်ပါဝင်ဆွေးနွေးပေးကြပါရန် အထူးဖိတ်ခေါ်အပ်ပါတယ်ခင်ဗျ



#SSN
Nov 24,3:16 PM

📫သတင်းပို့ရန် @SagaingSNetworkbot
👍14
Forwarded from Sagaing Scout Network
"အမျိုးသားနေ့ ဂုဏ်ပြုသဝဏ်လွှာ "

ယနေ့သည် မြန်မာတမျိုးသားလုံး၏ ပြည်ပကျူးကျော်မှုကို လက်မခံဘဲ ရရာ သပိတ်လက်နက်များဖြင့်စတင်၍ တဆင့်ချင်း တော်လှန်ခဲ့ကြသော လူထုတရပ်လုံး၏ တော်လှန်‌ ရေးအစပြုခဲ့သော အထိမ်းမှတ်နေ့စွဲကို ဂုဏ်ပြုခဲ့ကြသည့် အမျိုးသားနေ့ဖြစ်ပါသည်။

မြန်မာနိုင်ငံရှိ တိုင်းနှင့်ပြည်နယ်အားလုံးလူမျိုး၊ဘာသာအားလုံး တောင်တန်းမြေပြန့် မကျန် တွန်းလှန်၍ အမျိုးသားရေးစိတ်ဓာတ်များ ပြန်လည်နိုးကြားလာစေခဲ့ပြီး နယ်ချဲ့ဗြိတိသျှ အင်္ဂလိပ်တို့၏ ကျွန်ပညာရေးစနစ် ရန်ကုန်ယူနီဗာစီတီ အက်ဥပဒေကို စတင် တော်လှန်သပိတ်မှောက်ဆန့်ကျင်ရန် ဆုံးဖြတ်ဆောင်ရွက်ခဲ့သည့် မြန်မာသက္ကရာဇ် ၁၂၈၂ ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက် (၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၅ ရက်နေ့)ကို “အမျိုးသားနေ့” အဖြစ် သတ်မှတ်ခဲ့ကာ မြန်မာနိုင်ငံ သူ့ကျွန်ဘဝကလွတ် မြောက်သည်အထိ စည်းလုံးညီညွှတ်မှုကို ဖြစ်စေခဲ့ပါသည်။

ယ‌နေ့ အချိန်အခါတွင်လည်း မြန်မာပြည်တွင် စစ်တပ်၏ ဥပဒေမဲ့ မတရားအကြမ်းဖက် အာဏာသိမ်းခံရပြီး တိုင်းပြည်ပျက်စီး‌နေချိန်ဖြစ်သည့်အတွက် မြန်မာပြည်၏အဓိက တရားခံ စစ်အာဏာရှင်နှင့် စနစ်ဆိုးများကို အပြီးတိုင် ပြုတ်ကျစေရေးနှင့် မြန်မာနိုင်ငံရှိ လူမျိုး၊ဘာသာအားလုံး လိုလားသော ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံသစ်ပေါ်ထွန်းလာရေးအတွက် ရဟန်းရှင်၊လူ၊တိုင်းရင်းသားပြည်သူများအားလုံး ဝိုင်းဝန်းကြိုးစားနေကြသောကာလဖြစ်ပါသည်။

ထို့အတွက်ကြောင့် ဦးဆောင်သူ နိုင်ငံရေးခေါင်း‌ဆောင်များအားလုံးသည်လည်း စည်းလုံးညီညွှတ်ပြီး ဘုံသဘောတူညီချက်များ ရရှိကာ နိုင်ငံရေးလမ်းကြောင်းများ ဖော်ဆောင်၍ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ကျဆုံးစေရန် တော်လှန်နေသော ပြည်သူများ၏ အမျိုးသားရေး စိတ်ဓါတ်များ ညီညွှတ်စွာ ပေါ်ထွက်လာရေး ဆောင်ရွက်ကြဖို့ လိုအပ်နေပြီဖြစ်ကြောင်း အမျိုးသားရေးစိတ်ဓာတ်နှင့် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

ကျွန်ုပ်တို့ SSN/WaiHinမှလည်း တိုင်းရင်းသားရဲဘော် ပြည်သူများနှင့်တသားတည်း အကြမ်းဖက် စစ်ကောင်စီပြုတ်ကျသည်အထိ ကျရာနေမှ တော်လှန်သွားပါမည်ဖြစ်ကြောင်း ကတိပြုရင်း ယနေ့ကျရောက်သော အမျိုးသားနေ့အား ဂုဏ်ပြုအပ်ပါသည်။

#SSN
#WaiHin
7👍4
Forwarded from Sagaing Scout Network
👍9
ဧရာဝတီ ရေပြင်

စခ သင်္ဘော ၁ စီးစစ်ကိုင်းမြို့နယ်၊ မြစ်သာရွာဖြတ်၍ စုန်သွားကြောင်း သတင်းရ။

#Yaypyin
Nov 26, 4:20PM

📫သတင်းပို့ရန် @Yaypyin0bot
👍81
ဧရာဝတီ ရေပြင်

  စခ သင်္ဘော ၁ စီးသည် မြင်းမူနယ်၊ ပုလဲတန်ရွာ ဖြတ်၍ ဆက်စုန်သွားကြောင်း သတင်းရ။

#Yaypyin
Nov 26, 4:25PM

📫သတင်းပို့ရန် @Yaypyin0bot
👍11
ဧရာဝတီ ရေပြင်

 အထက်မှ စုန်လာသော စခ သင်္ဘော ၁ စီးသည် မြောင်နယ်၊ ဆီမီးခုံဆိပ်ကမ်းသို့ ကမ်းကပ်သွားကြောင်း သတင်းရ။

#Yaypyin
Nov 26, 8:22 PM

📫သတင်းပို့ရန် @Yaypyin0bot
👍101
ဧရာဝတီ ရေပြင်

ဆီမီးခုံဆိပ်ကမ်းသို့ ကမ်းကပ်သွား‌သော စခ သင်္ဘောတစီးသည် အထကဖက်သို့ ပြန်လည်ဆန်တက်ရာ တထောင်ကျွန်းသို့ ရောက်ရှိကြောင်း သတင်းရ။

#Yaypyin
Nov 27, 8:04 AM

📫သတင်းပို့ရန် @Yaypyin0bot
👍101
ဧရာဝတီ ရေပြင်

ဆီမီးခုံဆိပ်ကမ်းသို့ ကမ်းကပ်သွား‌သော စခ သင်္ဘောတစီးသည် အထက်ဖက်သို့ ပြန်လည်ဆန်တက်ရာ မြောင်နယ်၊ဂျပန်ကျွန်းသို့ ရောက်ရှိကြောင်း သတင်းရ။

#Yaypyin
Nov 27, 9:26 AM

📫သတင်းပို့ရန် @Yaypyin0bot
👍111
ဧရာဝတီ ရေပြင်

အထက်ဘက်မှ စုန်လာသော စခပါဖလပ် (၂)စီး နှင့် သံခွန် (၁ )စီး သည် မာလာရွာဖြတ်၍ အောက်ဘက်သို့  စုန်ဆင်းသွားကြောင်းသတင်းရ။

#Yaypyin
Nov 27, 10:25AM

📫သတင်းပို့ရန် @Yaypyin0bot
👍111
❝  တော်လှန်ရေးအဖွဲ့ဝင် ရဲဘော်များသို့ မေတ္တာရပ်ခံချက်


တော်လှန်ရေး ရဲဘော်များအနေဖြင့် အရေးကြီး ခရီးးသွားလာမည်ဆိုပါက လမ်းကြောင်း  ဘေးကင်းစွာဖြင့် လိုရာ ခရီး ချောချော မွေ့မွေ့ရောက်ရှိစေနိုင်ရန် နှင့် စကစ၊ပျူများ၏ အန္တရာယ်မှ ရှောင်ကွင်းနိုင်စေရန် အတွက် မိမိသွားရောက်မည့်ဒေသ၏ သက်ဆိုင်ရာ ပကဖ၊ပအဖ၊ပလဖ များနှင့် ကြိုတင်ချိတ်ဆက်ပြီးမှသာ ခရီးသွားလာခြင်းများ ပြုကြပါရန် မိမိတို့ YayPyin မှ အနူးညွတ် မေတ္တာရပ်ခံအပ်ပါသည်။

#YayPyin
Nov 27, 1:45 PM
📫သတင်းပို့ရန် @YayPyin0Bot
👍9
မိမိတို့ ဝေဟင် ချန်နယ်သည် ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၅ ရက်တွင် SSNSpace အဖြစ်စတင်ပေါ်ပေါက်လာကာ နောက်ပိုင်းတွင် တတိုင်းပြည်လုံး လေကြောင်းသတင်းများ ထောက်လှမ်း တင် ပြပေး နိုင်ရန် ရည်ရွယ်လျက် ဝေဟင် (WaiHin) အဖြစ် အမည်ပြောင်းလဲခဲ့ပြီး ‌Telegram, Facebook နှင့် မြေပြင် ဖြန့်ဖြူးရေးများကို တတပ်တအား အားဖြည့် ကူညီတော်လှန်ပေး‌နေသော အဖွဲ့အစည်းငယ် တခုဖြစ်ပါသည်။


မိမိတို့ ဝေဟင် ချန်နယ် အနေဖြင့် ကိုယ်ပိုင်ထောက်လှမ်းသတင်းများကို တင်ပေးယုံသာမက ပြည်သူများ အဆင်ပြေချောမွေ့စွာ သတင်း ရယူကြည့်ရူနိုင်ရန် ရည်ရွယ်ချက်ဖြင့် အခြားသတင်းဌာနများမှ သတင်းများကိုလည်း မူရင်းအာဘော်မပျက် ဒီမိုကရေစီစံနှုန်းတခုဖြစ်သော Intellectual Property Right (ဉာဏမူပိုင်ခွင့်) အား လေးစားသောအားဖြင့် Source Credit ပေး တင်ပြပေးလျက်ရှိပါသည်။


မိမိ‌တို့ ဝေဟင် အနေဖြင့် လေကြောင်းသတင်းများကို ပိုမို ထောက်လှမ်းတင်ဆက်ပေးနိုင်အောင် အမြဲကြိုးစားလျှက်ရှိပြီး သတင်းပေးသူများ၊ သတင်းယူသူများ၊ သတင်းဖြန့်ဝေပေးသူများကို အမြဲကျေးဇူးတင်ရှိ‌လျက်ရှိနေပါကြောင်းနှင့် လေကြောင်းသတင်းများအတွက် T.me/WaiHin (WaiHin ) ချန်နယ် တခုသာ ရှိပြီး အခြား ဝေဟင် အမည်ဖြင့် ထပ်မံဖွင့်လှစ်တည်ထောင်ထားခြင်း မရှိပါကြောင်း လေးစားစွာ အသိပေးအပ်ပါသည်။

မိဘ ပြည်သူများ၊ တော်လှန်ရေး ညီအကို မောင်နှမများ အနေဖြင့် တော်လှန်ရေး မြန်မြန်အောင်နိုင်ဖို့ လေကြောင်းသတင်းများကို ဝေဟင် ချန်နယ်တွင်ကြည့်ရှူပြီး မူရင်းအာဘော်မပျက် ဖြန့်ဝေပေးနိုင်ပါကြောင်းနှင့် @WaiHinScout_Bot သို့ ဆက်သွယ်သတင်းပေးပို့နိုင်ပါကြောင်း အသိပေး အပ်ပါသည်။


အောင်နိမိတ်တွေ မြင်နေရပီ
WaiHin (ဝေဟင်)
11👍6
Forwarded from Sagaing Scout Network (𝚁𝚎𝚒𝚊)
Sagaing Scout Network (Live Stream) 🎞️📽️

2024, November 27

စတင်မည့်အချိန် (ယနေ့ညနေ ၇:၃၀)

SSN Live Stream လွှင့်မည်ဖြစ်ပါသဖြင့် မိဘပြည်သူများအနေဖြင့် ဝင်ရောက်နားဆင်ကြပါရန် ကြေညာအပ်ပါတယ်ခင်ဗျာ

❝  ရဲဘော်များနှင့် ဆွေးနွေးခြင်း  ❞

ခေါင်းစဉ်ဖြင့် ဆွေး နွေးကြမည်ဖြစ်ပြီး စိတ်ပါဝင်စားသူ မည်သူမဆို ဝင်ရောက် ဆွေးနွေး နိုင်သည့်အပြင် ကဗျာရွတ်ဖတ်ခြင်း အစီအစဉ်လည်း ရှိမည်ဖြစ်ပါသဖြင့် ကဗျာရွတ်ဖတ်ချင်သူများလည်း ကြိုတင်ပြင်ဆင်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

မိဘပြည်သူများအနေဖြင့် SSN Live Stream တွင်ဝင်ရောက်ပါဝင်ဆွေးနွေးပေးကြပါရန် အထူးဖိတ်ခေါ်အပ်ပါတယ်ခင်ဗျ


#SSN
Nov 27,5:19 PM

📫သတင်းပို့ရန် @SagaingSNetworkbot in
👍13
Forwarded from Sagaing Scout Network
တော်လှန်ရေးလုပ်တယ်ဆိုတာ
စနစ်ကိုဖြိုချတာဖြစ်ပါတယ်။

အနစ်နာခံမှု ပြိုင်နေတာ မဟုတ်။

ရဲဝံ့မှု ပြိုင်နေတာ မဟုတ်။

အာဏာရှင်ကို တော်လှန်နေတာ ဖြစ်တယ်။

ကိုယ်နိုင်သလောက် ဝန်ကို ဝင်ထမ်းပါ။

ဘေးလူကို ငါ့လောက်မထမ်းနိုင်လို့ဆိုပြီး အပြစ်မတင်နဲ့။ တစ်ယောက်နဲ့တစ်ယောက် ဘဝအခြေအနေ၊ ခံယူချက်၊
ရဲဝံ့မှု မတူတတ်ဘူး။

အသုံးဝင်ပုံလည်း မတူကြသလို
အသုံးဝင်တဲ့နေရာချင်းလဲ မတူကြဘူး။

အပြေးကျွမ်းသူဟာ သူ့လောက်မပြေးနိုင်ရကောင်းလားလို့ ရေကူးကျွမ်းတဲ့ရေကူးသမားကို သွားအပြစ် တင်နေလို့မရဘူး။
ကိုယ့်အတွက် အိမ်ကွင်းဖြစ်နေပေမယ့် သူ့အတွက် အဝေးကွင်းဖြစ်ချင်ဖြစ်နိုင်တယ်။

ထင်သာမြင်သာမဟုတ်တိုင်း
မရှိဘူးမထင်သင့်ဘူး။ 
သူ့နေရာနဲ့သူရှိပါတယ်။

ဒါကြောင့် သွေးမကွဲနဲ့၊
ကြောက်တတ်ရန်ကောလို့ အပြစ်မတင်နဲ့။ ဓမ္မ အဓမ္မ ခွဲသိရင်ကို ချီးကျူးဖို့
ကောင်းနေပြီ။

ဆရာကြီး ဦးဝင်းတင်မှာတာ သတိရပါ။
- စိတ်ဓာတ် မကျိုးပဲ့စေနဲ့
- စုဖွဲ့မှု မကျိုးပဲ့စေနဲ့
- ကျန်းမာရေး မကျိုးပဲ့စေနဲ့ တဲ့။

#ဒေါ်အောင်ဆန်းစုကြည်
#SSN
20👍13😱2👌2