YayPyin (ရေပြင်)
7.42K subscribers
471 photos
34 videos
1 file
603 links
စစ်ကိုင်းတိုင်းဒေသကြီးမှ အစပြု၍ တနိုင်ငံလုံးအတွက် ရေလမ်း/ရေပြင် ကင်းထောက်တမန် https://t.me/YayPyinChat
Download Telegram
❝  တော်လှန်ရေးအဖွဲ့ဝင် ရဲဘော်များသို့ မေတ္တာရပ်ခံချက်


တော်လှန်ရေး ရဲဘော်များအနေဖြင့် အရေးကြီး ခရီးးသွားလာမည်ဆိုပါက လမ်းကြောင်း  ဘေးကင်းစွာဖြင့် လိုရာ ခရီး ချောချော မွေ့မွေ့ရောက်ရှိစေနိုင်ရန် နှင့် စကစ၊ပျူများ၏ အန္တရာယ်မှ ရှောင်ကွင်းနိုင်စေရန် အတွက် မိမိသွားရောက်မည့်ဒေသ၏ သက်ဆိုင်ရာ ပကဖ၊ပအဖ၊ပလဖ များနှင့် ကြိုတင်ချိတ်ဆက်ပြီးမှသာ ခရီးသွားလာခြင်းများ ပြုကြပါရန် မိမိတို့SSN မှ အနူးညွတ် မေတ္တာရပ်ခံအပ်ပါသည်။

#YayPyin
Sep 29, 3:50 PM
📫သတင်းပို့ရန် @Yaypyin0bot
👍31🥰2👌1
YayPyin (ရေပြင်) pinned «❝  တော်လှန်ရေးအဖွဲ့ဝင် ရဲဘော်များသို့ မေတ္တာရပ်ခံချက် ❞ တော်လှန်ရေး ရဲဘော်များအနေဖြင့် အရေးကြီး ခရီးးသွားလာမည်ဆိုပါက လမ်းကြောင်း  ဘေးကင်းစွာဖြင့် လိုရာ ခရီး ချောချော မွေ့မွေ့ရောက်ရှိစေနိုင်ရန် နှင့် စကစ၊ပျူများ၏ အန္တရာယ်မှ ရှောင်ကွင်းနိုင်စေရန် အတွက် မိ…»
ဧရာဝတီ ရေပြင်

စခပါ သံခွန်၂စီး မိုးကာအုပ်ကြီးမာလာရွာဖြတ်အောက်ဘက်စုန်သွားကြောင်းသတင်းရ။

#Yaypyin
Sep 29, 4:34 PM

📫သတင်းပို့ရန် @Yaypyin0bot
👍11
Forwarded from Sagaing Scout Network (သင်း ရနံ လှိုင်)
SSN ၏ တနင်္ဂနွေနေ့ စကားဝိုင်း အစီအစဉ်တွင်

"ပြည်သူ အခြေပြု တော်လှန်ရေး၊ ပြည်သူအခြေပြု နိုင်ငံရေး"

ခေါင်းစဉ်ဖြင့် ယနေ့ည (၈:၀၀)တိတိတွင်  ဆွေးနွေးကြမည်ဖြစ်ပြီး ပါဝင်ဆွေးနွေးပေးရန်အတွက်လည်း ဧည့်သည်ဆရာတဦးအား ဖိတ်ထားပါကြောင်း


နေ့ရက် -၂၉.၉.၂၀၂၄(တနင်္ဂနွေနေ့)
အချိန် -၂၀:၀၀
နေရာ - Sagaing Scout Network

ပါဝင်ဆွေးနွေးကြမည့်သူများ
၁။ Athame( စစ်ကောင်စီ အာဏာသိမ်းမှု မဖြစ်ခင်တွင် နိုင်ငံရေး၊ နိုင်ငံတကာဆက်ဆံရေး၊ နိုငိငံတကာ စီးပွား‌ရေးနှင့်
ဆိုင်‌ေသာဆောင်းပါးများ၊ စာတမ်းများရေးသားခဲ့ပြီး၊

၂၀၂၁ ခုနှစ် အာဏာသိမ်းမှု အပြီးမှာ မြန်မာတော်လှန်ကွန်ရက် (MTN) ကို ပူးတွဲတည်ထောင်ပြီး၊ယခုချိန်ထိ မြန်မာတော်လှန်ကွန်ရက်မှာ နိုင်ငံရေးသုံးသပ်မှုနှင့် ပြည်သူတွေ အတွက် အခြေခံ နိုင်ငံရေးသင်တန်းတွေ ပို့ချ ပေးလျက်ရှိပါသည်။)
👍8
အမေအိုလွမ်းခြင်း

အို...အမေ
ဆိုနေကျတေးသံအစား
ငိုနေတဲ့ဘဝတွေ
များနေပြီအမေ
အို...အမေ
အညာဆန်တဲ့
တောရွာများမှာ
ကျည်ဆံနဲ့ကစားနေသလား
ထင်မိတယ်အမေ
အို...အမေ
အညာနွေပူပူမှာ
တမာလေကိုရှုရင်း
ပြာပူတွေကြား
အတင်းတိုးဝင်ကာ
သံတိုသံစရှာရောင်း
စားရတာလဲ
အကျင့်ဖြစ်လို့နေပြီ
အမေ
အို...အမေ
အာဏာရှင်ဇာတ်သိမ်းလို့
စစ်မီးငြိမ်းတဲ့တနေ့မှာ
စနစ်သစ်ကိုပြုပြင်ရင်း
အမေပျိုးခဲ့တဲ့
ဒီမိုကရေစီပျိုးခင်းထဲမှာ
ဆိုးရွားခဲ့တဲ့
ဘဝတွေအကြောင်း
ပြန်ပြောင်းလို့ပြောပြချင်
သေးတယ်အမေ

ဇင်ယော်*ခ*ဥ*

မိမိတို့ ရင်တွင်းဖြစ် ကိုယ်တိုင်ရေး ကဗျာများကို @SagaingSNetworkbot သို့ ပေးပို့နိုင်ပါသည်။

https://t.me/PalmLetter
👍151
SSN ၏ တနင်္ဂနွေနေ့ စကားဝိုင်း အစီအစဉ်တွင်

"ပြည်သူ အခြေပြု တော်လှန်ရေး၊ ပြည်သူအခြေပြု နိုင်ငံရေး"

ခေါင်းစဉ်ဖြင့် ယနေ့ည (၈:၀၀)တိတိတွင်  ဆွေးနွေးကြမည်ဖြစ်ပြီး ပါဝင်ဆွေးနွေးပေးရန်အတွက်လည်း ဧည့်သည်ဆရာတဦးအား ဖိတ်ထားပါကြောင်း


နေ့ရက် -၂၉.၉.၂၀၂၄(တနင်္ဂနွေနေ့)
အချိန် -၂၀:၀၀
နေရာ - Sagaing Scout Network

ပါဝင်ဆွေးနွေးကြမည့်သူများ
၁။ Athame( စစ်ကောင်စီ အာဏာသိမ်းမှု မဖြစ်ခင်တွင် နိုင်ငံရေး၊ နိုင်ငံတကာဆက်ဆံရေး၊ နိုင်ငံတကာ စီးပွား‌ရေးနှင့်
ဆိုင်‌ေသာဆောင်းပါးများ၊ စာတမ်းများရေးသားခဲ့ပြီး၊

၂၀၂၁ ခုနှစ် အာဏာသိမ်းမှု အပြီးမှာ မြန်မာတော်လှန်ကွန်ရက် (MTN) ကို ပူးတွဲတည်ထောင်ပြီး၊ယခုချိန်ထိ မြန်မာတော်လှန်ကွန်ရက်မှာ နိုင်ငံရေးသုံးသပ်မှုနှင့် ပြည်သူတွေ အတွက် အခြေခံ နိုင်ငံရေးသင်တန်းတွေ ပို့ချ ပေးလျက်ရှိပါသည်။)

https://t.me/SggScoutNetwork?livestream=9a1f71e37d77d11e24
👍101
မင်္ဂလာမနက်ခင်းပါရှင်🍮

သွေးလွန်တုတ်ကွေး/ဝမ်းရောဂါတွေ ဖြစ်ပေါ်နေတယ်။

ရေများများသောက်ပါ
သန့်ရှင်းပါစေ မသန့်ရှင်းရင်
ကြိုချက်သောက်ပါ။

ကိုယ်ခံအားကောင်းအောင်
နေထိုင်ပါ။

မနက်စာများများစားပါ။

ကလေး/လူကြီး
မနက် ၁၀ နာရီမှ နေ့လည် ၂နာရီတွင်း ခြင်ကိုက်မခံပါနှင့်။

အားလုံးပဲ ကျန်းမာကြပါစေ။🙏

#YayPyin
👍14
နှလုံးသားကို အလှဆင်ပါ ခင်ပိုးပန်းချီ
<unknown>
မင်္ဂလာမနက်ခင်းပါရှင်🍮

သွေးလွန်တုတ်ကွေး/ဝမ်းရောဂါတွေ ဖြစ်ပေါ်နေတယ်။

ရေများများသောက်ပါ
သန့်ရှင်းပါစေ မသန့်ရှင်းရင်
ကြိုချက်သောက်ပါ။

ကိုယ်ခံအားကောင်းအောင်
နေထိုင်ပါ။

မနက်စာများများစားပါ။

ကလေး/လူကြီး
မနက် ၁၀ နာရီမှ နေ့လည် ၂နာရီတွင်း ခြင်ကိုက်မခံပါနှင့်။

အားလုံးပဲ ကျန်းမာကြပါစေ။🙏

#YayPyin
20👍7🥰3
(၂၉.၉.၂၀၂၄)စစ်ကောင်စီ၏ တရက်တာလေကြောင်းတိုက်ခိုက်မှု

▪️၀၈၁၂: ဖာပွန်နယ် တနေရာတွင်  ဂျက်တစီးဖြင့် လေကြောင်း တိုက်ခိုက်မှုပြုလုပ်။

▪️၀၈၁၅: ပင်လည်ဘူးနယ် တနေရာတွင်  Y12 တစီးဖြင့် လေကြောင်း တိုက်ခိုက်မှုပြုလုပ်။

▪️၁၂၁၆: ကန့်ဘလူနယ် တနေရာတွင်  ဂျက်ဖိုက်တာ တစီးဖြင့် လေကြောင်း တိုက်ခိုက်မှုပြုလုပ်။

▪️၁၃၃၀: ပင်လည်ဘူးနယ် တနေရာတွင်  Mi-35 တစီးဖြင့် လေကြောင်း တိုက်ခိုက်မှုပြုလုပ်။

▪️၁၃၃၀: ဖာပွန်နယ် တနေရာတွင်  Y12 တစီးဖြင့် လေကြောင်း တိုက်ခိုက်မှုပြုလုပ်။

▪️၁၅၃၀: သီပေါနယ် တနေရာတွင်  ဂျက်ဖိုက်တာ တစီးဖြင့် လေကြောင်း တိုက်ခိုက်မှုပြုလုပ်။

▪️၁၉‌၂၇: ကန့်ဘလူနယ် တနေရာတွင်  ဂျက(၂)စီးဖြင့် လေကြောင်း တိုက်ခိုက်မှုပြုလုပ်။

▪️၁၉‌၃၀: နွားထိုးကြီးနယ် တနေရာတွင်  ဂျက်တစီးဖြင့် လေကြောင်း တိုက်ခိုက်မှုပြုလုပ်။

▪️၂၀၀‌၅: ကန့်ဘလူနယ် တနေရာတွင်  Y12 တစီးဖြင့် လေကြောင်း တိုက်ခိုက်မှုပြုလုပ်။

▪️၂၀၁၉: ကောလင်းနယ် တနေရာတွင်  Y12 တစီးဖြင့် လေကြောင်း တိုက်ခိုက်မှုပြုလုပ်။

▪️၂၁၅၀: သပိတ်ကျင်းနယ် တနေရာတွင်  Y12 တစီးဖြင့် လေကြောင်း တိုက်ခိုက်မှုပြုလုပ်။

▪️၂၂၀၆: ကန့်ဘလူနယ် တနေရာတွင်  ဂျက်ဖိုက်တာ တစီးဖြင့် လေကြောင်း တိုက်ခိုက်မှုပြုလုပ်။

▪️၂၂၀၈: ကျွန်းလှနယ် တနေရာတွင်  ဂျက်ဖိုက်တာ တစီးဖြင့် လေကြောင်း တိုက်ခိုက်မှုပြုလုပ်။

လေကြောင်းတိုက်ခိုက်မှု အကြိမ်စုစုပေါင်း - (၁၃)ကြိမ်

(အထက်ပါလေကြောင်း တိုက်ခိုက်မှုသတင်းသည် ဝေဟင်သို့သတင်းပေးပို့လာသော သတင်းများထဲမှ ကောက်နုတ်ခြင်းဖြစ်ပါသဖြင့် ကျန်ခဲ့သည်များ ရှိနိုင်ပါသည်။ ထိုသို့ ကျန်ခဲ့သည့် လေကြောင်းတိုက်ခိုက်မှု သိရှိရသည်များကို @WaiHinScout_Bot သို့သတင်းပေးပို့နိုင်ပါရန်လည်း မေတ္တာရပ်ခံအပ်ပါသည်။)


‌#WaiHin
Sep 30,2024
👍21🙏1
ဧရာဝတီ ရေပြင်

အထက်ဘက်မှ စုန်ဆင်းလာသော စခပါ မိုးကာအုပ် သံခွန် ၁ စီးသည် လိပ်ကုန်းရွာသို့ ရောက်ရှိကာ အောက်ဘက်သို့ စုန်ဆင်းသွားကြောင်းသိရ။

#Yaypyin
Sep 30, 5:07PM

📫သတင်းပို့ရန် @Yaypyin0bot
👍12🙏3
Forwarded from Sagaing Scout Network (စဝ်မင်းထက်)
စစ်ကိုင်း တိုင်း ဒေသကြီး စစ်ကိုင်းယူနစ် အတွင်မှ မြေပြင်စစ်ကြောင်း သတင်းများ၊ တော်လှန်ရေး အဖွဲ့အစည်းများမှ ထုန်ပြန်ချက်များ၊ လမ်းကြောင်းဖွင့်ပိတ် ထုတ်ပြန်ချက်များ၊ အစစ်အဆေး အဖမ်းအဆီး သတင်းများ စသဖြင့် တွေ့ရှိကြားရှိသည်များကို @SagaingSNetworkBot သို့ပေးပို့ခြင်းအားဖြင့် သတင်းစီးဆင်းမှု့ကို မြင့်တင်နိုင်ပါပြီ


📫သတင်းပို့ရန် @SagaingSNetworkBot
👍6😢1
YayPyin (ရေပြင်) pinned «ဧရာဝတီ မြစ်ကမ်းပါးဘေးဒေသတွင် နေထိုင်ကြသော ရဲဘော်ပြည်သူများရှင့် 🌊 ညီအကိုမောင်နှမများ၏ သတင်းပေးမှုကြောင့် အောင်မြင်မှု့တွေ အများကြီး ရရှိနေတာ အားလုံးအမြင်ပါပဲနော်။ 🌊ဧရာဝတီမြစ်ကမ်းဘေးဒေသရှိ ပြည်သူများအနေဖြင့် မိမိတို့ မြင်ရ/ကြားရသည့် စစ်ကောင်စီ၏ ရေကြောင်းလှုပ်ရှားမှု…»
Forwarded from YayPyin (ရေပြင်) (သင်း ရနံ လှိုင်)
ဧရာဝတီ မြစ်ကမ်းပါးဘေးဒေသတွင် နေထိုင်ကြသော ရဲဘော်ပြည်သူများရှင့်

🌊 ညီအကိုမောင်နှမများ၏ သတင်းပေးမှုကြောင့် အောင်မြင်မှု့တွေ အများကြီး ရရှိနေတာ အားလုံးအမြင်ပါပဲနော်။

🌊ဧရာဝတီမြစ်ကမ်းဘေးဒေသရှိ ပြည်သူများအနေဖြင့် မိမိတို့ မြင်ရ/ကြားရသည့် စစ်ကောင်စီ၏ ရေကြောင်းလှုပ်ရှားမှု သတင်းများကို ပေးပို့ယုံဖြင့် မြစ်ကမ်း‌နံဘေးနေ ကျေးရွာပြည်သူများနှင့် ရဲဘော်များ၏ ‌အသက်ဘေးကို ကယ်တင်နိုင်ပါပြီ‌ရှင်။

🌊ပြည်နယ်/တိုင်းဒေသကြီးများရှိ ရဲဘော်များလည်း အချင်းချင်း သတင်းဖလှယ်ရင်း သတင်းပေးပို့ ပေးနိုင်ကြပါရန် ကျမတို့ရေပြင်မှ အထူးအနူးညွတ် မေတ္တာရပ်ခံလိုပါသည်။

ရေပြင်သို့ ချိတ်ဆက်သတင်းပေးချင်ပါက @Yaypyin0bot သို့ဆက်သွယ်နိုင်ပါသည်။

သတင်းများ ကြည့်ရှုရန်- https://t.me/YayPyin


မတူတာတွေ ဘေးဖယ်ထားကာ တူညီသော ဘုံ ရည်မှန်းချက်ပန်းတိုင်သို့ တူတူ လျောက်လှမ်းကြပါစို့


#တူတူ
#ရေပြင်
👍73
လေးစားရပါသော တော်လှန်ကလောင်၀ါသနာရှင်များရှင့်

တော်လှန်ရေးခရီးလမ်းမယ် လက်နက်ကိုင်တော်လှန်နိုင်သူက လက်နက်ကိုင်နေကြပြီး ထောက်ပို့နိုင်သူများကလည်း ထောက်ပို့တာဝန်ယူခြင်းအားဖြင့် တော်လှန်နေကြတာ အားလုံးအမြင်ပါပဲရှင့်။ သင်ကြားရေး ဝါသနာပါသူများကလည်း သင်ကြားရေးကဏ္ဍတွင် အားဖြည့်နေသလို မိဘပြည်သူများမှလည်း စကစအမိန့်ကို နာမခံခြင်းအားဖြင့် တော်လှန်နေကြတာလည်း အားလုံးသိမြင်ကြားကြမည် ထင်ပါတယ်ရှင့်။

တော်လှန် ပြည်သူနှင့် ရဲဘော်များအတွက် လိုအပ်သော စာပေနှင့် ယဉ်ကျေးမှု့ကဏ္ဍအတွက် လေးစားရသော ကလောင်ရှင်များ၏ ပူးပေါင်းတော်လှန် မှု့များလည်း လိုအပ်နေပါပြီရှင့်။


သုတစာပေ ရသစာပေ ဆိုတာ လူမျိုးတမျိုး၊ တိုင်းပြည်တခု၏ အဆင့်အတန်းကို ဖော်ပြရာ ရောက်သလို အနာဂါတ်ပုည်‌ပြည်ထောင်စုတွင် အဖိုးတန် လူ့အရင်းအမြစ်များပေါ်ထွန်းလာရေး အတွက်လည်း အရမ်း အရေးကြီးလှပါတယ်ရှင့်။

အတွေးအမြင့်၊ ဘာသာရေး၊ သုတ၊ရသ၊နိုင်ငံရေး၊စီးပွားရေး၊ ကဗျာ၊ သိပ္ပံနှင့် တီထွင်မှု့ စသဖြင့် ဆောင်းပါများ၊စာမူများကို မိမိတို့ SSN times မှ လက်ခံနေပြီး မိမိရဲ့ ကလောင် ဖြင့် အနာဂါတ်ပြည်ထောင်စု အတွက် အဖိုးတန်လူ့အရင်းအမြစ်များပေါ်ထွန်းလာစေဖို့ တူတူကြိုးစားပေးကြပါအုံးရှင့်

စကစ ကို တော်လှန်ယုံနှင့် မလုံလောက်ပါ။ စကစ ရိုက်ချိုးခဲ့သည် စာပေ ယဉ်ကျေးမှု့ ကိုလည်း ပြန်လည် အစပျိုးတည်ထောင်ကြပါစို့။

📫စာမူများပေးပို့ရန် @SagaingSNetworkBot
8👍6
ခွေးမောင်းပွဲ

ပလ္လင်ပေါ် ခွေးတက်တော့
သွေးထွက်ပေါ့ ပြည်သူတွေ
မကြည်ဖြူ ပုန်ကန်တဲ့ခေတ်မှာ
အစုန် အဆန် ဧရာဝတီမြစ် ကမ်းပါးဟာလည်း
နွမ်းပါးသူ မချည့်စရာ မြင်ကွင်း‌တွေနဲ့
ရှင်ခြင်း‌တွေ ကလည်း မပျော်သာ ။

ခေတ်ဆိုးယုတ်မာ ကာလထဲ
ထာဝရ ခွဲသွားသူတွေလည်း ရှိခဲ့
မကြာခဏ ခွဲခဲ့ရတဲ့ သူတွေလည်း ရှိခဲ့
အသိမဲ့ အိမ်အပြန်လမ်းထဲ
တစ်လှမ်းချင်း လျှောက်စရာ
ခြေထောက်မပါသူတွေလည်း ရှိခဲ့ ။

ရွာအပြန် ပြာတွေဖုံးလို့
သကာလို ချိုအပြုံးတွေ ပျောက်ရှ
တောက်ပမဲ့ အနာဂါတ်တွေကိုလည်း ရင်းခဲ့ရ
သင်းသတ်ခံရတဲ့တောလို အရိပ်မဲ့
အတိတ်ရဲ့ ကြည်နူးစရာတွေ ပြန်ရဖို့
ခံချမယ်ဟဲ့လို့ တို့သူရဲကောင်းတွေ
ဇွဲကောင်းနေလိုက်ပုံများ... ။

ပလ္လင်ပေါ်က ခွေးဆိုးကိုလည်း မောင်းမယ်
အကြွေးအတိုးကိုလည်း တောင်းမယ်
သွေးမျက်ရည် ဗြောင်းဆန်အောင် ကျခဲ့သမျှ
မလှမပ စနစ်ဆိုးကို အမြစ်ချိုးမဲ့ ဒီပွဲမှာ
အရိုင်း စစ်မိစ္ဆာ စနစ်ဆိုးကိုမောင်းထုတ်မှ
သမိုင်းအသစ်မှာ ဒေါင်းအလံ စိုက်ဖို့
မောင်းပြန်ပိုက်ထားတဲ့ တို့လူငယ်တွေ
အားစိုက်ကာ ညီညာ ရုန်းကြမယ်
အပြုံးတွေနဲ့ လှပမဲ့ မနက်ဖြန် ...။

Minn Thin, 15,sep, 2024

ကလောင်ရှင် မင်းသွင် (Minn Thwin) ၏ ကဗျာ‌ကို SSN Times မှ ဂုဏ်ယူစွာ တင်ပြအပ်ပါသည်။


စာမူပေးပို့ရန် @SagaingSNetworkBot
👍192🙏1
ချင်းတွင်း ရေပြင်

အောက်ဘက်မှ ဆန်တက်လာသော စစ်သင်္ဘောများ တာဝါတိုင်ကျွန်းကျော်ကာ မုံရွာဘက်ဆက်ဆန်တက်ကြောင်း သတင်းရ။

#Yaypyin
Sep 30, 11:00 AM

📫သတင်းပို့ရန် @Yaypyin0bot
16👍8
ဧရာဝတီ ရေပြင်

အောက်ဘက်မှ ဆန်တက်လာသော စခသံခွန် ၂ စီးသည် မာလာရွာသို့ ရောက်ရှိကာ အထက်သို့ ဆက်လက် ဆန်တက်နေကြောင်းသိရ။

#Yaypyin
Oct 2, 11:59AM

📫သတင်းပို့ရန် @Yaypyin0bot
👍9
ဧရာဝတီ ရေပြင်

အောက်ဘက်မှ ဆန်တက်လာသော စခသံခွန် ၂ စီးသည် ကွန်းရွာနားသို့ ရောက်ရှိကာ အထက်သို့ ဆက်လက် ဆန်တက်နေကြောင်းသိရ။

ချင်းတွင်းမြစ်ကြောင်းဘက်သို့ ဦးတည်နေ။

#Yaypyin
Oct 2, 12:24PM

📫သတင်းပို့ရန် @Yaypyin0bot
👍183
ရခိုင်ပြည်နယ်နှင့် မြန်မာပြည်ဒေသအသီးသီးမှ ရေကြောင်းသတင်းများပေးပို့ပြီး ပြည်သူများနှင့် တော်လှန်ရေးရဲဘော်များကို ကူညီနိုင်ပါပြီ

ရက္ခိုင်ပြည်နန့် မြန်မာပြည်နိန့်ရာဒေသအသီးသီးက ရီကြောင်းသီတင်းများပီးပို့ပြီး တော်လှန်ရီးရဲဘော်များနန့် ပြည်သူများကို ကူညီနိုင်ပါရေ အမျိုးတို့။

📫သီတင်းပီးရန် @YayPyin0Bot
10👍4
မင်္ဂလာ မနက်ခင်းလေးပါရှင့်🌹

ကမ်းနီး ကမ်းဝေး ပြည်သူများနှင့်
ဒေသအသီးသီးမှ ပြည်သူများအားလုံး နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။

သန့်ရှင်းသော ရေများသောက်သုံးပေးပါ။

သန့်ရှင်းသောရေဟု ခေါ်ဆိုရာမှာ
ရေသန့်ဗူးကို ပြောတာမဟုတ်ပါဘူးနော်။

မြစ်ချောင်း အင်းအိုင်များမှ
ရေများနှင့် အဖုံးမပါ
ပိုးလောက်လန်းများပါသော
ရေများ ဖြစ်တယ်ဆိုလျင်
အမြဲတမ်း ကြိုချက်၍သာ သောက်သုံးပေးကြပါရှင့်။

ကျန်းမာကြပါစေ။

#YayPyin
👍248
ဧရာဝတီ ရေပြင်

အထက်ဘက်မှ စုန်ဆင်းလာသော စခအင်အားပါ ဇာက်သင်္ဘော ၁ စီးသည် တောင်သာနယ်၊ မာလာရွာဖြတ်ကာ အောက်ဘက်သို့ ဆက်လက် စုန်ဆင်းသွားကြောင်း သိရ။

#Yaypyin
Oct 3, 8:20AM

📫သတင်းပို့ရန် @Yaypyin0bot
👍24