ဝါ စိမ်း နီ
9.85K subscribers
29.6K photos
1.52K videos
141 files
486 links
သတင်းမှန်များထုတ်ပြန်ကြေငြာသွားရန်
Download Telegram
Media is too big
VIEW IN TELEGRAM
ရန်ကုန်တိုင်းဒေသကြီး အချိုမြိုနယ်များတွင် ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားမှုနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန် ရေးအဖွဲခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၏ ပြောကြားချက်
မူဆယ်ဘက်မှာ TNLA ပလောင် ဖင်ယားအဖွဲ့ကို SSPP/SSA အဖွဲ့
ခုလိုဖမ်းဆီးပြီး ပညာပြန်ပေးနေပြီ။

ဘိန်းစိုက်အကြမ်းဖက် TNLA ပလောင်တွေတော့ မကြာတော့ပါဘူး
တိုက်ပွဲသတင်းထုတ်ပြန်ချက်
ဇူလိုင် ၆ ရက်၊ ၂၀၂၄ ခုနှစ်။
======================

လားရှိုး
လားရှိုးမြို့နယ်၊ ၆ မိုင်စခန်းအား MNDAA သကသ အင်အား ၁၀၀ ခန့်က Drop Bomb အလုံး ၃၀ ကျော် ကြဲချပြီး လက်နက်ကြီး/ငယ်များဖြင့် ဝင်ရောက်တိုက်ခိုက်သောကြောင့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီး ရန်သူ အရှေ့ဘက်သို့ ဆုတ်ခွာသွားခဲ့။ ရန်သူဆုတ်ခွာရာနေရာအား မိမိ Drone များဖြင့် လိုက်လံချေမှုန်းခဲ့ကြောင်း သိရှိရ။ ဖြစ်စဉ်တွင် မိမိစစ်သည် ၁ ဦး ဒဏ်ရာရရှိပြီး MNDAA အလောင်း ၂ လောင်း၊ M-79 ဗုံးပစ်လောင်ချာ ၁ လက် သိမ်းဆည်းရရှိ။ (ဆုတ်ခွာရန်သူအား Drone ဖြင့် လိုက်လံချေမှုန်းမှုအား စုံစမ်းဆဲဖြစ်)
-
လားရှိုးမြို့နယ်၊ ကုန်းညောင်ဒေသရှိ ကာကင်းကုန်းတစ်ခုအား MNDAA သကသအဖွဲ့မှ အဝေးမှ Drone ဖြင့် Drop Bomb ချ တိုက်ခိုက်သဖြင့် ပြန်လည်ပစ်ခတ်ခဲ့ရ။ မိမိဘက် ထိခိုက်မှုမရှိဘဲ ရန်သူ့ Drone ၂ စီးအား ပစ်ချ ဖျက်ဆီး နိုင်ခဲ့ကြောင်း သိရှိရ။
-
MNDAA သကသအဖွဲ့သည် လားရှိုးမြို့၊ လူနေရပ်ကွက်များဖြစ်သော ရပ်ကွက်(၅) ရပ်ကွက်(၇)ပေါ်သို့ ရှော့တိုက်ဒုံးများဖြင့် ယုတ်မာစွာပစ်ခတ်မှုကြောင့် ဘုန်းတော်ကြီးကျောင်းနှင့် လူနေအိမ်အချို့ပျက်စီးပြီး ရဟန်း ရှင်လူ ပြည်သူများ ထိခိုက်သေဆုံးမှုများရှိနေကြောင်း သိရှိရ။
-
လားရှိုးမြို့နယ်ရှိ ဒေသအချို့နှင့် မူဆယ်ဘက်တွင်လည်း TNLA နှင့် SSPP/SSA (ဝမ်ဟိုင်း)အဖွဲ့တို့ အပြင်းအထန် တိုက်ပွဲများဖြစ်ပွားပြီး ၂ ဖက် သေဆုံးမှုများရှိကြောင်း သိရှိရ။
-
ဘန်းယဉ်
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဘန်းယဉ်ဒေသရှိ PNO (ပြည်သူ့စစ်) စခန်းနေရာအား KNDF/PNLA အကြမ်းဖက် ၄၀ ဦးခန့်က လာရောက်တိုက်ခိုက်သဖြင့် ထိတွေ့မှုဖြစ်ပွားပြီး ရန်သူဆုတ်ခွာသွားခဲ့။ ဖြစ်စဉ်တွင် မိမိဘက် ထိခိုက်မှု မရှိ၊ KNDF အလောင်း ၁ လောင်း သိမ်းဆည်းရရှိကြောင်း သိရှိရ။
-
ကယားပြည်နယ်
လွိုင်ကော်မြို့နယ်အတွင်း နယ်မြေရှင်းလင်းဆောင်ရွက်နေသော စစ်ကြောင်းသည် မိုင်းထောင်နေသည့် အကြမ်းဖက်သမား ၁ ဦးအား တွေ့ရှိသဖြင့် ပစ်ခတ်ဖမ်းဆီးရာ အကြမ်းဖက် အလောင်း ၁ လောင်း၊ မိုင်း ၂ လုံး၊ လက်ပစ်ဗုံး ၂ လုံး၊ စကားပြောစက် ၁ လုံး တို့အား သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရ။
-
KNPP/KNDF သကသအဖွဲ့များသည် လွိုင်ကော်မြို့နယ်အတွင်းသို့ အင်အားစုစည်း၍ တိုက်ကွက်ဖော်နိုင်ခြင်း မရှိတော့ဘဲ အဝေးမှ လက်နက်ကြီးဖြင့် နှောင့်ယှက်ပစ်ခတ်ခြင်း၊ ပြည်သူအသုံးပြုသည့် လမ်းများအား မိုင်းထောင် ခြင်း စသည်တို့ကို ရံဖန်ရံခါမှသာ ပြုလုပ်နိုင်တော့ကြောင်း သိရှိရ။
-
မန္တလေးတိုင်း
စဉ့်ကူးမြို့နယ်၊ ရွှေပြည်ရဲကင်းစခန်းအား အကြမ်းဖက်သမား ၁၀၀ ဦးခန့်သည့် Drop Bomb များ၊ လက်နက်ကြီး/ငယ်များဖြင့် လာရောက်တိုက်ခိုက်သဖြင့် လေကြောင်းပစ်ကူယူ၍ ပြန်လည်တိုက်ခိုက်ခဲ့ရာ ရန်သူဆုတ်ခွာသွားခဲ့။ အကြမ်းဖက်သမားများသည် သေဆုံးအလောင်းများအား ဆိုင်ကယ်များဖြင့် ဆွဲယူ ထွက်ပြေးမှုအား စခန်းမှ မျက်မြင်တွေ့မြင်ရပြီး M-22 သေနတ် ၁ လက်၊ Type-81 သေနတ် ၁ လက်၊ ကျည် ၂၀၀ ကျော်၊ ကျည်အိမ် ၄ ခု သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရ။
-
သပိတ်ကျင်းမြို့နယ်၊ ချောင်းကြီးရဲစခန်းအား တိုက်ခိုက်လျက်ရှိသော အကြမ်းဖက်သမားများသည် စခန်းမှ ရွပ်ရွပ်ချွံချွံတွန်းလှန်မှု၊ လေကြောင်းပစ်ကူ ထိရောက်မှုတို့ကြောင့် ဆုတ်ခွာထွက်ပြေးသွားပြီး ထွက်ပြေးရာ လမ်းတစ်လျောက်ရှိ လူနေအိမ်များအား မီးရှို့သွားကြောင်း သိရှိရ။

တိုက်ပွဲသတင်းစုံ
သိန်းနီ၊ ကွတ်ခိုင် ဘက် အဆိုးဆုံးလို့ သိရှိရ

KT
Forwarded from News Reporter
7.7.2024

လားရှိုး

အင်တာနက် wifi လုံးဝသုံးမရလောက်တဲ့အခြေနေမှာ ရှိနေပါတယ်  ....

ယခုသတင်းရေးသားချိန်ထိMNDAဖက်က လက်နက်ကြီးများ ဆက်တိုက်ဆိုသလို ပစ်နေပါတယ်ရပ်ကွက်ထဲကို..
ပြီး ယနေ့ နံနက် (7-7-2024) 6:00 Am အချိန်မှစ၍ ရှော့တိုက်ဒုံးများ နေရာအနှံ့ ဆက်တိုက်ကျနေတာတွေ့ရပါတယ် ၊ လူထိခိုက်မှု နေအိမ်ပျက်စီးမှုများဆက်တိုက်ဖြစ်ပွားနေပါတယ်။

လားရှိုးမြို့ရက်ကွက် ၇ ကွက်သစ်ဖက် ပိုဆိုးရွားနေကြောင်း ကိုယ်တိုင် မျက်မြင်တွေ့ခဲ့သူတယောက်ကပြောပါတယ်..

လက်ရှိ လားရှိုးမြို့ပေါ်မှာ ငြိမ်သလိုလိုရှိနေပေမဲ့ ရက်ကွက်အချို့တွေထဲမှာမှ ရက်ကွက် ၅ နှင့်
ရက်ကွက် ၇ တောင်ပေါ်ဖက်တွေမှာ ဆက်လက်တိုက်ပွဲတွေပြင်းထန်နေပါတယ်။

ယခုလက်ရှိသတင်းရေးသားနေချိန်ထိ ရှော့တိုက်ဒုံးများ ရက်ကွက် ၇ နေရာအနှံ့တွင် ဆက်တိုက်
ကျရောက် ပေါက်ကွဲမှုတွေဖြစ်နေကြောင်း
သိရပါတယ်

သတင်းများကို အဆင်ပြေရင်ပြေသလို...
တင်ပေးသွားပါမယ်နော်။

လားရှိုးသား
မိုးသည်းထန်စွာရွာသွန်း၍ဧရာဝတီမြစ် ရေကြီးမှုကြောင့် မြစ်ကြီးနားမြို့နယ်၊မြစ်ဆုံအထက်တီယန်ဇွပ်ရွာကြား  ကားလမ်းပြိုကျမှုများဖြစ်ပေါ်သွားခဲ့သဖြင့်မြစ်ကြီးနား-ပူတာအိုလမ်းပိုင်း မော်တော်ယာဥ်သွားလာမှုပြတ်တောက်သွားခဲ့ရကြောင်း၊သက်ဆိုင်ရာမှပြုပြင်ဖောက်လုပ်ပြီးမှသာလမ်းပန်းဆက်သွယ်ရေးအဆင်ချောမွေ့နိုင်မည်ဖြစ်ကြောင်းသတင်းရရှိပါသည်။
စစ်ကို ဘယ်ပြည်သူမှမလိုလားကြပါဘူး
တပ်မတော်မရှိရင် ဘာဖြစ်မယ်ညာဖြစ်မယ်မပြောဘူး လက်တွေ့ပဲကြည့်ကြ ပြည်သူတွေအမှန်မြင်လာပြီ
ပူတာအို - မချမ်းဘော မလိခမြစ်ကူးတံတားသည်ဒေသတွင်း ရွာ(၅၀)ကျော် ချိတ်ဆက်အဆင်ပြေနေဟုဆို

ယခုနှစ်အတွင်း တည်ဆောက်ပြီးစီးခဲ့သည့် ပူတာအို - မချမ်းဘောဒေသအတွင်းရှိ မလိခမြစ်ကူးတံတားကြောင့် ဝေးလံခေါင်ဖျားသည့် ဒေသအတွင်း ကျေးရွာပေါင်း (၅၀)ကျော် လမ်းပန်း ဆက်သွယ်ရေး အဆင်ပြေမှုများရှိလာခဲ့ကြောင်း အဆိုပါ တံတားအား ဦးဆောင်ပါဝင်တည်‌ဆောက်သူတစ်ဦးကပေါ်ပြူလာနယူးစ်သို့ ပြောသည်။

အဆိုပါ တံတားအား တစ်ဦးတည်းအလှူရှင်က ကျပ်သိန်း (၂၆၃၀) အကုန် အကျခံတည်ဆောက်ပေးခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။

"တံတားက ဖွင့်ပေးလိုက်တာ လေးလလောက်ရှိပြီ။ အရင်က ပူတာအိုမြို့နဲ့ မချမ်းဘောမြို့ကို သွားဖို့က လမ်းပန်း ဆက်သွယ်ရေး အရမ်းခက်ခဲခဲ့တာ။ အခု တံတားကြောင့် ဒေသတွင်း အများကြီးအကျိုးရှိခဲ့ပြီလေ။ ဟိုဘက်ခြမ်း ဒီဘက်ခြမ်း နှစ်ခုပေါင်း ကျေးရွာ (၅၀)လောက်က ဒီတံတားကိုပဲ မှီခိုသွားလာနေကြတာပေါ့။ တောင်ယာလုပ်သူတွေ အသွား အလာ အရမ်းကို အဆင်ပြေရတယ်" ဟု ၎င်းက ရှင်းပြသည်။

Popular News
❝RFA သတင်းထောက်က အသက်မပြည့်တဲ့ မိန်းကလေးတစ်ဦး အဓမ္မပြုကျင့်ပြီး စစ်တပ်ကိုလွှဲချနေတယ်လို့ ဒေသခံတွေပြော❞

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ မွာလ်ပီးရွာမှာ RFA သတင်းဌာနကို နယ်မြေသတင်းတွေ ရောင်းစားနေတဲ့ ဒေသခံ အမျိုးသားတစ်ဦးက အသက် ၁၅ နှစ်ဝန်းကျင်သာရှိသေးတဲ့ မိန်းကလေးငယ်ကို အဓမ္မပြုကျင့်ပြီး စစ်တပ်ကိုလွှဲချနေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ အဲဒီဒေသခံတွေက MHT ကိုပြောပါတယ်။

❝RFA သတင်းထောက်က ကောင်မလေးကိုမုဒိန်းကျင့်တယ်။ ပြီးတော့ စစ်တပ်က မုဒိန်းကျင့်ပါတယ်ဆိုပြီး အဲဒီ RFA ကိုသတင်းပို့တာ။ RFA ကလည်း သူ့သတင်းထောက်ပေးတဲ့အတိုင်း သတင်းတင်တာပေါ့။ အဲဒီကောင်က မွာလ်ပီးရွာသားပဲ။ အမှန်တကယ်က အဲဒီကောင်မလေးကို သူပဲ မုဒိန်းကျင့်နေတာ။ တစ်ခါ၊ နှစ်ခါထောင်မကတော့ဘူး။ ကောင်မလေးက စိတ်လည်းသိပ်မနှံ့သလို သူ့မှာ မအေကြီးတစ်ယောက်ပဲရှိတော့တာ။ အဲဒီ သူ့အမေကလည်း မျက်စိမမြင်တော့ လုပ်ချင်သလိုလုပ်နေတာ တစ်ရွာလုံးသိတယ်။ အဲဒါကြောင့် အမှန်အတိုင်းသိရအောင် ပြောပြတာပါ။❞ လို့ ဒေသခံတစ်ဦးက ပြောပြခဲ့တာပါ။

နယ်မြေတည်ငြိမ်မှုမရှိတဲ့ အဲဒီဒေသတွေမှာ ယခုလို RFA အပါအဝင် ပြည်ဖျက်မီဒီယာအုပ်စုတွေက ဒေသခံတွေကို ငွေပေးပြီး လုပ်ကြံသတင်းတွေ ဖန်တီးခိုင်းနေတာ အများအပြားရှိတယ်လို့လည်း အဲဒီဒေသခံတွေကပဲ ပြောပြကြပါတယ်။

❝ရွာတွေမှာ အဲဒီ RFA တို့ DVB တို့ ခေတ်သစ်တို့ကနေ ငွေပေးပြီး သတင်းလိမ်ခိုင်းနေတဲ့ သူတို့ရဲ့ သတင်းထောက်တွေ အများကြီးရှိတယ်။ ရွာသားသတင်းထောက်တွေပေါ့။ အခုလဲကြည့်လေ။ ရွာကိုစစ်ကြောင်းဝင်လာပြီး စစ်ကြောင်းက ကောင်မလေးကို မုဒိန်းကျင့်တယ်လုပ်ထားတာ။ တကယ်က ဘယ်စစ်ကြောင်းမှမလာဘူး။ သူတို့သတင်းထောက်ကိုယ်တိုင် မုဒိန်းကျင့်နေတာ ကြာပေါ့။❞ ဆိုပြီး ပြောပြသွားတာပါ။

ဒီသတင်းနဲ့ပတ်သက်လို့ သက်သေအထောက်အထား ခိုင်ခိုင်မာမာရရှိဖို့ MHT အနေနဲ့ ဒေသခံတွေဆီ အကူအညီတောင်းခံခဲ့ပေမယ့် အသတ်ခံရမှာကြောက်တယ်ဆိုပြီး ဒေသခံတွေက ငြင်းဆိုနေကြတဲ့အတွက် အခြားစုံစမ်းမှုတွေ ထပ်မံပြုလုပ်ပြီး တင်ပြပေးသွားပါမယ်။
MHT