Workflex Zone
7.25K subscribers
438 photos
2 videos
406 links
Find Your Dream Job, Build Your Future

Facebook
-https://www.facebook.com/share/19r2QedEgF/
Website
-www.workflexz.com
Download Telegram
DND Fansub အတွက် Complete Series ကိုင်ရန် Translator ခေါ်ယူလိုပါတယ်။

- ၁ ရက် ၁ ပိုင်း သို့ ၂ ရက် ၁ ပိုင်းပေးနိုင်ရပါမယ်။
- အတွေ့အကြုံရှိပြီး Genre မျိုးစုံ Tran နိုင်သူဖြစ်ရပါမယ်။
- အနိမ့်ဆုံး Jap N3 Level လေ့လာနေသူဖြစ်ရပါမယ်။
- မြန်မာစာ စာလုံးပေါင်းသတ်ပုံ အဖြတ်အတောက် မှန်ကန်သူဖြစ်ရပါမယ်။
- ဂျပန်စာလေ့လာနေသူများအား အထူးဦးစားပေးပါမယ်။
- Test ရှိပါမယ်။
- ၁ ပိုင်းလျှင် ၃,၀၀၀ ကျပ်အနိမ့်ဆုံးရရှိပါမယ်။

*ကြိုးစားရင် ကြိုးစားတဲ့အပေါ် သုံးသပ်ပြီး Bonus နှင့် Fees တိုးခြင်း ထပ်ရှိပါမယ်။*

Ch Link - https://t.me/dndtelechannel

စိတ်ပါဝင်စားသူများ Telegram - @FengXiaoWang တွင် လာပြောပေးထားပါ။
6
Senior video editor တစ်ယောက်ခေါ်ချင်ပါတယ်
ရုံးမတက်ရပါဘူး
တစ်ခါတစ်လေ meeting ကို အပြင်မှာလုပ်တဲ့ အချိန်မျိုးလာနိုင်ရပါမယ် (ရန်ကုန်)

မျှော်မှန်းလစာ ၊ အတွေ့ကြုံ ၊ ကိုယ်ရေးအချက်လတ် များနှင့် တကွ အောက်ပါမေးလ်းသို့

innovationwavemm@gmail.com


Facebook - https://www.facebook.com/share/19r2QedEgF

#workflexzone
#workfromhome #hybrid #videoediting #editor@Workflexzone
👍32
ကျွန်တော့် Go Go Marketing Agency အတွက် Freelance Graphic Designer လိုအပ်နေပါတယ်ခင်ဗျ။ Full-Time အလုပ်မလုပ်နေဘဲ Freelance သီးသန့်လုပ်တဲ့သူမျိုးဆို ပိုပြီး အဆင်ပြေပါတယ်ခင်ဗျာ။ Portfolio လေးနဲ့ Price Range လေးကို gogomarketinghouse@gmail.com ကို ပို့ပေးလို့ရပါတယ်။ Deadline မီပြီး Communication တော့ အဆင်ပြေတဲ့သူလိုချင်ပါတယ်ခင်ဗျာ။
4
1.Sales Executive-1post (WFH)

2. Education Content Writer -1post (WFH)

3. Video content creator - 1 post (Freelance)

1. Sales Executive (WFH)

Sales အပိုင်းနဲ့ ပတ်သတ်ပြီး အတွေ့အကြုံရှိသူ ဖြစ်ရမည်။

အချိန်နဲ့တပြေးညီ Customer များနဲ့ ဆက်သွယ်ပြောဆို နိုင်ရမည်။

Communication ကောင်းပြီး page တွင် ဝင်ရောက်စုံစမ်းသူများ ကို သေချာစွာရှင်းပြနိုင်မည်။

Education background ရှိသူကိုဦးစားပေးမည်။

WFH ဖြစ်တာကြောင့် ရုံးချိန် အတွင်း Stand By ရှိနေရမည်။

Myanmar ပြည်တွင်နေထိုင်သူ ဖြစ်ရမည်။
...............................................

2. Education Content Writer
(WFH)

Education ပိုင်းနဲ့ ပတ်သတ်ပြီး Knowledge ရှိပြီး စိတ်ဝင်စားသူဖြစ်ရမည်။

လက်ရှိ နိုင်ငံတကာ ပညာရေးနယ်ပယ် နဲ့ပတ်သတ်သော Content များ ကို Creative ကောင်းကောင်း နှင့် ရေးသားပုံဖော်နိုင်ရမည်။

WFH ဖြစ်တာကြောင့် ရုံးချိန် အတွင်း Stand By ရှိနေရမည်။

Digital team , Sales team , Production Team များနဲ့ ညှိနှိုင်းပြီး လုပ်ဆောင်နိုင်သူ ဖြစ်ရမည်။

BKK or Myanmar မည်သည့်နေရာတွင်နေထိုင်သူ မဆို လျှောက်ထားနိုင်သည်။

.............................................

3. Video content creator ( Freelance)

Presentation ပိုင်း ဝါသနာပါသူ ဖြစ်ရမည်။

ကိုယ်ပိုင် content များ create လုပ် ရိုက်ကူးကာ Company ထံသို့ ပြန်လည်ပေးပို့ရမည်။

Education Knowledge sharing ပိုင်းနဲ့ ပတ်သတ်ပြီး ပိုင်ပိုင် နိုင်နိုင် ပြောဆို တင်ဆက်နိုင်သူ ဖြစ်ရမယ်။

Communication ကောင်းပြီး Team နဲ့အတူ ပျော်ရွှင် ညှိနှိုင်းတက်ကြွစွာ လုပ်ကိုင် နိုင်သူ ဖြစ်ရမည်။

လက်ခံထားသည့် Video များကို Deadline အမှီ ပေးပို့ နိုင်ရမည်။

လက်ရှိ ဘန်ကောက်တွင် နေထိုင်နေသော မောင်လေး ၊ ညီမလေး များ သာ လျှောက်ထားပေးပါ နော် ...

.........................................

WFH position များအတွက်
ရုံးချိန်- 10:00AM to 6:00PM (BKK Time)

စိတ်ဝင်စားလို့ လျှောက်ထား လိုပါက
maroonburmac@gmail.com
သို့ လျှောက်ထားနိုင်ပါသည်။

အင်တာဗျူးပါသူများ ကို ဆက်သွယ် ပေးပါမယ်နော် 🫶
15👍2😁1
Apple Orchard Tales

Novel Translation အတွက် ဘာသာပြန်လေးတွေ ခေါ်နေပါတယ်

ခရီးသွားလို့ မအား၊ နေမကောင်း၊ ကျောင်းတက် ၊ စာမေးပွဲ စတာတွေ ခွင့်တိုင်လို့ ရပေမယ့် အက်မင်တို့ Team မှာ စည်းကမ်းချက်တွေ ရှိပြီး စည်းကမ်းလေးတွေ အတိုင်း လိုက်နာနိုင်ရပါမယ်။ ⚠️

စိတ်ဝင်စားရင် Google Doc လေး ကြည့်ပြီး လျှောက်ပေးပါနော်။👇

https://docs.google.com/forms/d/1DqkXrmXirg90NnXv681wTiqaLtPospWBYvJ8m7AMBAA/
18👍1
အလုပ်အင်တာဗျူးမှာ သူများတွေထက်ခြေတစ်လှမ်းသာနေဖို့....

1. ကုမ္ပဏီ နှင့် အလုပ်အကြောင်း လေ့လာထားပါ။
- အင်တာဗျူးမသွားခင် မိမိသွားရောက်‌ လျှောက်ထားမည့် ကုမ္ပဏီ၏ အကြောင်းအရာ ၊ လုပ်ငန်းပုံစံ တို့ကို လေ့လာပါ။
- Website/ Social Media တို့တွင် အချက်အလက်များ ကြိုတင်ကြည့်ရှုထားပါ။

2. အင်တာဗျူးတွင် မေးနိုင်သည့် မေးခွန်းများကိုကြိုတင်ပြင်ဆင်လေ့ကျင့်ထားပါ။
- ကိုယ့်ကိုယ်ကို မိတ်ဆက်ပေးပါ။
- သင့်အတွေ့အကြုံအကြောင်း ပြောပြပါ။
- ဒီအလုပ်ကိုဘာကြောင့်စိတ်ဝင်စားတာလဲ?
- သင့်ကိုဘာကြောင့်အလုပ်ခန့်သင့်သလဲ?
- သင့်ရဲ့ အလုပ်မှာ အားနည်းချက် အားသာချက် တစ်ခုစီပြောပြပါ။
- မိမိလျှောက်မည့် position အလိုက် Job Description များကိုသေချာနားလည်အောင်လုပ်ထားပါ။

3. Interviewer ၏အကြည့်များကိုမရှောင်ဘဲ ယုံကြည်မှုရှိရှိ ပြန်လည်ပြောဆိုပါ ။ ပြုံးပြပါ ။ မိမိမေးလိုသိလိုသောအကြောင်းရာများကိုလည်း ပြန်လည်မေးမြန်းနိုင်ရန် ကြိုပြင်ဆင်ထားပါ ။

4 . Dress ကို သင့်တင့်စွာရွေးချယ်ပါ ။
- သင့်တော်သောအဝတ်အစားများကို ဝတ်ဆင်ပါ ။ ဘောင်းဘီတို ၊ အကျီမသပ်မရပ် ခေါင်းစုတ်ဖွား ပုံစံမျိုးကိုရှောင်ပါ ။ Interview အခန်းထဲဝင်လိုက်သည်နှင့် confidence ရှိစွာ ကျကျနန၊ သပ်သပ်ရပ်ရပ်ပုံစံမျိုးတည်‌ဆောက်ပါ။ (First impression ကောင်းရန်အလွန်လိုအပ်ပါသည်။)

5. အင်တာဗျူးနေ့မတိုင်ခင် ကြိုတင်ပြင်ဆင်ထားပါ။
- CV , Portfolio, Certificates တို့ကို Print ထုတ်ထားပါ။
- Location ကြိုရှာထားပါ ။ အချိန်နောက်ကျခြင်းမဖြစ် စေရန်အထူးဂရုစိုက်ပါ။
- Online Interview ဆိုပါက Camera, Microphone ကြိုတင်စမ်းသပ်ထားပါ ။

ကဲ ဒီလောက်ဆိုရင်တော့ Interview အတွက်သိသင့်သလောက်အချက်အလက်လေးတွေလည်းသိပြီလို့ထင်ပါတယ်... Interview တွေမှာအဆင်ပြေချောမွေ့နိုင်ပြီးအလုပ်ကိုင်ကောင်းတွေရနိုင်ကြပါစေနော်...🤗

အလုပ်အကိုင်အခွင့်လမ်းများစွာကို Workflex နဲ့အတူရှာဖွေပါ
Facebook - https://www.facebook.com/share/19r2QedEgF
Telegram - https://t.me/Workflexzone

#Workflexzone #Interview #opportunity #knowledge
9👍4
1👍1
Full time content writer ( work from home)

tone of voice တွေ writing style တွေ content တွေ ကျောင်းဘက်လိုချင်တဲ့ပုံစံမျိုးနဲ့ align မိအောင် တစ်လလောက်တော့ on campus ဆင်းပေးရပါမယ်။

salary negotiate လုပ်နိုင်ပါတယ်။

Education နဲ့ပတ်သက်တဲ့ (အထူးသဖြင့် preschool, international school, English language center ပိုင်းနဲ့သက်ဆိုင်တဲ့ Content sample တွေနဲ့အတူ ပေးပို့လျှောက်ထားနိုင်ပါတယ်။ မသက်ဆိုင်နဲ့ cosmetic product ပိုင်းတွေမပို့ပါနဲ့နော်။

Viber/Telegram: 09783371222
email: victoriaacademyhr@gmail.com
သို့ပေးပို့နိုင်ပါတယ်ရှင်

လိပ်စာ။အမှတ်47၊ပိတောက်လမ်းသွယ်(2)၊အေးရိမ်မွန်အိမ်ရာ၊လှိုင်မြို့နယ်။
(သီရိမင်္ဂလာစျေးသစ်)
5👍2
Helen Vlogs Page က video editor ထပ်ခေါ်နေပါတယ်

Job description below:

- 2 years and above video editing experience
- Passionate about video editing and social media trends
- Understanding on storytelling on social media and what makes an engaging, shareable story
- Reliable internet access to handle large file downloads
- Fluency in English with good grammar and punctuation skills (for subtitle work)
- Ability to generate attractive thumbnails
- Horizontal and vertical videos for multiple platforms (YouTube, reels etc)

ဒါ remote position ပါ၊ part time or အစမှာ freelance ပုံစံမျိုးနဲ့သွားပြီး အဆင်ပြေရင် full time ဆက်သွားတာလဲရပါတယ်။

**တကယ် အလုပ်အတွက် အချိန်ပေးနိုင်ပြီး serious ဖြစ်မှလျှောက်ပေးပါ။

အရင်ကလျှောက်ဖူးခဲ့တဲ့သူတွေလဲပြန်လျှောက်လို့ရပါတယ် ။

If this sounds like you, please email your CV, video project portfolio, reason you want to work with Helen, alongside your expected salary to helenvlogsteam@gmail.com
11👍3
𝐀𝐞𝐬𝐭𝐡𝐞𝐭𝐢𝐜𝐬 ဆေးခန်းတစ်ခုအတွက် 𝐅𝐫𝐞𝐞𝐥𝐚𝐧𝐜𝐞 𝐆𝐫𝐚𝐩𝐡𝐢𝐜 တစ်ယောက်လောက်ရှာချင်ပါတယ်

𝐂𝐫𝐞𝐚𝐭𝐢𝐯𝐞 ကောင်းကောင်းနဲ့ 𝐒𝐨𝐜𝐢𝐚𝐥 𝐌𝐞𝐝𝐢𝐚 𝐏𝐨𝐬𝐭 များ၊𝐁𝐫𝐚𝐧𝐝𝐢𝐧𝐠 𝐃𝐞𝐬𝐢𝐠𝐧𝐬 များတီထွင်ဖန်တီးနိုင်သူ
𝐃𝐞𝐚𝐝𝐥𝐢𝐧𝐞 အမှီအလုပ်အပြီးသတ်နိုင်သူ
𝐀𝐞𝐬𝐭𝐡𝐞𝐭𝐢𝐜𝐬 𝐂𝐥𝐢𝐧𝐢𝐜 နဲ့ပက်သက်ပြီး 𝐈𝐝𝐞𝐚 ကောင်းကောင်းနဲ့ 𝐋𝐮𝐱𝐮𝐫𝐲 𝐃𝐞𝐬𝐢𝐠𝐧 များဖန်တီးနိုင်သူ

အတူလက်တွဲလုပ်ကိုင်လိုသော 𝐆𝐫𝐚𝐩𝐡𝐢𝐜 𝐅𝐫𝐞𝐞𝐥𝐚𝐧𝐜𝐞𝐫 များဆက်သွယ်လို့ရပါတယ်

ဆက်သွယ်ရန် 09402946167 𝐕𝐢𝐛𝐞𝐫 ကနေဆက်သွယ်လို့ရပါတယ်
11👍2🔥1
Junior Illustrator (Contract / WFH / Hybrid)

We are looking for a Junior Illustrator to create high-quality illustrations and storyboards for various media projects. You will collaborate with our creative team to develop visual concepts while ensuring deadlines are met.

Responsibilities:
• Create detailed illustrations and storyboards based on project briefs.
• Work closely with designers and animators to visualize concepts.
• Revise artwork according to feedback and project requirements.
• Ensure timely delivery of illustrations while maintaining quality.

Requirements:
• Proficiency in Adobe Illustrator, Photoshop, or similar tools.
• Strong portfolio showcasing illustration and storyboard skills.
• Ability to work under tight deadlines and manage multiple tasks. •
Good understanding of composition, perspective, and visual storytelling.

Please sent your portfolio to imagix.mm@gmail.com
2
Junior Motion Graphics Designer (Contract / WFH / Hybrid)

We are seeking a Junior Motion Graphics Designer to create engaging motion graphics and animations. The role includes designing storyboards, animating visuals, and ensuring timely project delivery.

Responsibilities:
• Develop motion graphics and animations based on project requirements.
• Create and refine storyboards to visualize motion sequences.
• Work closely with illustrators, editors, and creative leads.
• Deliver projects on time while maintaining quality and consistency.

Requirements:
• Proficiency in Adobe After Effects, Premiere Pro, and Illustrator.
• Experience in storyboard creation and animation workflow.
• Strong sense of timing, movement, and visual composition.
• Ability to handle multiple projects under tight deadlines.

Please sent your portfolio to imagix.mm@gmail.com
4
ငလျှင်လှုပ်တာနေရာအနှံ့မှာ အတော်ပြင်းသွားတယ် ။ အားလုံးဂရုစိုက်ကြပါ တိုက်အထပ်မြင့်ကလူတွေပိုပြီးသတိထားကြပါ ။
45🍓5🕊1
အားလုံးပဲအဆင်ပြေကြတယ်မလားဗျ ကျွန်တော်တို့ဘက်မှာတော့အပျက်စီးသိပ်မများပေမယ့် တခြားနေရာတွေမှာ ပျက်စီးဆုံးရှုံးမှုတွေတအားများခဲ့ရသလို အခုထိလဲနောက်ဆက်တွဲတွေခံစားနေကြရတုန်းပါ မီးတွေလည်းပျက်နေတော့ဖုန်းအားလေးတွေလည်းချွေတာကြပါ အားလုံးပဲဂရုစိုက်ကြပါ နေကောင်းကျန်းမာမှအလုပ်တွေလဲလုပ်နိုင်မယ်မလား ❤️
36🐳1
ငလျင်ဒဏ်ကြောင့် အများကြီးဒုက္ခရောက်နေတဲ့လူတွေအတွက် နည်းများမဆို လှူပေးကူပေးကြတဲ့လူတစ်ယောက်စီတိုင်းကို Workflex Zone က ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ

လှူပေးကြတဲ့လူတွေရဲ့ အင်အားနဲ့ ကျနော်တို့ စုစုပေါင်း 597,445 ကျပ် ရရှိပါတယ်
အလှူခံတာကိုတော့ ရပ်လိုက်ပါပြီခင်ဗျာ

ရရှိတဲ့ငွေတွေ‌ကိုတော့ ဆေးနီ၊ ပတ်တီး၊ အရက်ပျံ၊ ဓာတ်ဆား၊ခြင်ဆေးခွေ၊ ခေါက်ဆွဲထုပ်တွေ ဝယ်ပြီးစစ်ကိုင်းကိုသွားမယ့် မြေပြင်အဖွဲ့ဆီ ဒီနေ့လယ်သွားပေးဖို့စီစဥ်ထားပါတယ်

ဝယ်တဲ့ကုန်ကျငွေနဲ့ စာရင်းအတိအကျကိုတော့ ညမှ တခါ တင်ပြပေးပါမယ်ခင်ဗျာ
ပါဝင်ပေးခဲ့တဲ့ တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ
17👍2
စာရင်းနဲ့ သေသေချာချာကတော့ ညမှတခေါက်ထပ်တင်ပေးမယ်ဗျာ လောလောဆယ်တော့ပို့ခဲ့ပြီးပါပြီ တစ်နေကုန်ဝယ်ခြမ်းအခုမှပြန်ရတာမလို့ပါ မနက်ဖြန်မနက်၅နာရီလောက်ထွက်မယ်ပြောပါတယ် နီးလို့ကိုယ်တိုင်သွားချင်ရင် နောက်ဆုံးပုံထဲကလိပ်စာကိုသွားပို့လှူနိုင်ပါတယ်
21