Workflex Zone
7.25K subscribers
438 photos
2 videos
406 links
Find Your Dream Job, Build Your Future

Facebook
-https://www.facebook.com/share/19r2QedEgF/
Website
-www.workflexz.com
Download Telegram
WFH နှင့် အလုပ်ချိန်ပြင်ပ အလုပ်ခိုင်းစေခြင်း (အချိန်ခိုးယူခံရခြင်း) 🫠

WFH / Remote အလုပ်တွေဟာ နည်းပညာတိုးတက်လာတာနဲ့အမျှ ခေတ်စားပြီးလူကြိုက်များလာတဲ့ အလုပ်ပုံစံတစ်ခုဖြစ်လာကြတယ် ။ WFH / Remote ရဲ့ အကျိုးကျေးဇူးတွေလည်းရှိသလို စိတ်ပျက်စရာကောင်းတဲ့အခြေနေတွေလည်းရှိနေသေးပါတယ် ။
တယ်။ အထူးသဖြင့် အလုပ်ချိန်ပြင်ပ အလုပ်ခိုင်းစေခြင်း (အချိန်ခိုးယူခံရခြင်း) ဆိုတဲ့ ပြဿနာဟာ WFH လုပ်ကိုင်နေသူတွေအတွက် စိတ်ညစ်စရာကောင်းတဲ့ အချက်တွေထဲက တခုပါပဲ...

WFH နှင့် ကောင်းကျိုးများ

WFH ဆိုတဲ့အတွက် အလုပ်ကိုသွားရတဲ့လမ်းခရီးကြာချိန်ကိုလျော့ချနိုင်ပြီး အချိန်တစ်ခုပိုထွက်လာတယ် ။ ပိုမိုလွတ်လပ်စွာ အလုပ်လုပ်နိုင်စေတယ် ဒါကြောင့် စွမ်းဆောင်ရည်ပိုမိုမြင့်မားစေပြီး စိတ်ဖိစီးမှုကို လျော့ချနိုင်စေပါတယ် ။

WFH နှင့် ဆိုးကျိုးများ

WFH ရဲ့ အားနည်းချက်တစ်ခုကတော့ အလုပ်ချိန်ပြင်ပ အလုပ်ခိုင်းစေခြင်းပါပဲ။ သတ်မှတ်ထားတဲ့အလုပ်ချိန်ကျော်လွန်သွားနေတာတောင် urgent ဆိုတာမျိုးတွေ ၊ အလုပ်နဲ့ပတ်သက်တာတွေကို ညဘက်အချိန်တွေအထိပါလာရောက်ပြောဆို ခိုင်းစေနေတာမျိုးတွေ ပြုလုပ်တတ်ကြပါတယ်။ သတ်မှတ်ထားတဲ့ အလုပ်ချိန်ပြင်ပ အလုပ်ခိုင်းစေတာဟာ အလုပ်သမားတွေရဲ့ ကိုယ်ပိုင်အချိန်ကို ခိုးယူသလိုဖြစ်စေပြီး လုပ်ငန်းခွင်နဲ့ ပုဂ္ဂလိကဘဝကြား ဟန်ချက်ပျက်ယွင်းစေနိုင်ပါတယ်။
လူတစ်ယောက်ဟာ အလုပ်ချည်းပဲလုပ်နေလို့မရပါဘူး ။ မိသားစုကိစ္စ ၊ လူမှုကိစ္စ ၊ သူလုပ်ချင်တာတွေလုပ်နိုင်ဖို့ ကိုယ်ပိုင်အချိန်ဆိုတာမျိုးလိုအပ်ပါတယ် ။ ဒီလိုကိုယ်ပိုင်အချိန်တွေကိုပါ လုယူချင်တယ်ဆိုရင်တော့အလုပ်သမားတွေရဲ့ စိတ်ဖိစီးမှုကို မြင့်တက်စေပြီး လုပ်ငန်းခွင်စိတ်ကျေနပ်မှုကို လျော့ကျလာစေနိုင်သလို စွမ်းဆောင်ရည်တွေလည်းလျော့ကျလာနိုင်ပါတယ်။

Balance ဖြစ်တဲ့လုပ်ငန်းခွင်တစ်ခုဖြစ်ဖို့အတွက်ဆို
အလုပ်ချိန်ကိုသေချာစွာသတ်မှတ်ထားပြီး အလုပ်သမားတွေအနေနဲ့လည်း အလုပ်ချိန်အတွင်းအလုပ်ကိုပြီးအောင်ကြိုးစားလုပ်ပေးဖို့လိုအပ်သလို အလုပ်ရှင်တွေအနေနဲ့လည်း အလုပ်သမားတွေရဲ့ကိုယ်ပိုင်အချိန်ကိုလေးစားပေးဖို့လိုအပ်ပါတယ် ။

WFH မှမဟုတ်ဘဲ ပြင်ပလုပ်ငန်းခွင်တွေမှာလည်း Healthy Working Environment ဖြစ်ဖို့ဆိုရင် အလုပ်ရှင်နဲ့ အလုပ်သမားနှစ်ဖက်စလုံးက အချင်းချင်း respect ရှိဖို့နဲ့ တဖက်ကိုတဖက် တွေးပေးဖို့ လိုအပ်ပါတယ် ။
34👍6🔥5💘1
translator လိုလို့ပါ

YouTube Channel အတွက် 10min စာ ကာတွန်းဇာတ်လမ်းလေးတွေ ပြန်ဖို့ပါ

စကားပြောခန်းလေးတွေနဲ့
ဇာတ်လမ်းပုံစံရေးပေးရမှာပါ
ဇာတ်လမ်းအပုဒ်ရေကန့်သတ်မထားပါဘူး
များများ ပေးနိုင်လဲ ရပါတယ်နော် ❤️
လကုန်မှရှင်းချင်လည်းရ
နေ့ချင်းရှင်းချင်လည်းရပါတယ်

လိုချင်တဲ့Fees‌ လေးပို့ပြီး
Cbကနေ လာရောက်ဆက်သွယ်လို့ရပါတယ်
2minလောက်တော့sampleပြန်ပြ ရပါမယ်

https://www.facebook.com/share/19cU7qX7Dp/
24👍4
Urgent ထပ်လိုလို့ပါ

We're Hiring Senior Graphic Designer WFH (2)QTY

အတွေ့အကြုံရှိ Graphic Designer 1 ဥ◌ီးလိုနေပါတယ်

လိုအပ်တဲ့အချက်အလက်တွေကတော့

🤞🏻Senior ဆိုတဲ့အတိုင်း အတွေ့အကြုံ(၄)နှစ်နှင့်အထက်ရှိရမှာဖြစ်ပြီး

🤞🏻Marketing Agency ဖြစ်တာကြောင့် Business Industry အစုံအတွက်

🤞🏻Social Media Design , Printing Design များကို Quality တစ်ခုရှိအောင် Deadline အမီဆွဲပေးနိုင်တယ်ဆိုရင်တော့

မျှော်မှန်းလစာနဲ့အတူ CV, Portfolio များကို

Viber - +959 977165616
Email - visuala.dmagency@gmail.com သို့ တိုက်ရိုက်ပေးပို့ထားလို့ရပါတယ်

Urgent Position ဖြစ်တာမလို့ အင်တာဗျူးပြီးအဆင်ပြေရင်တန်းခန့်သွားမှာပါ

Agency အတွေ့အကြုံရှိသူများကိုဦးစားပေးခန့်သွားပါမယ်
7👍2
🐾 Pet Relocation Company တစ်ခုအတွက် Sales and Business Development အလုပ် ခေါ်ယူနေပါတယ်❗️🚨

ဒီနေ့မှာတော့ ထိုင်းရောက် မြန်မာအလုပ်သမားတွေအတွက် Thailand မှာရှိတဲ့ Purrfect Pilots ကနေ Sales and Business Development အလုပ်ခေါ်ယူနေတဲ့အကြောင်းလေးကို ပြောပေးသွားမှာဖြစ်ပါတယ်။

👩🏽‍💻 အလုပ်လုပ်ရမယ့်နေရာ -
* Work from home

💼 လုပ်ဆောင်ရမယ့် အရာများကတော့ -
* Thai-speaking market အတွက် sales strategy တစ်ခု တည်ဆောက်ပြီး Sale Target များကို ပြည့်မီအောင် (သို့) ကျော်လွန်အောင် စွမ်းဆောင်ရန်။
* Market Research များ ပြုလုပ်ပြီး အခွင့်အလမ်း နှင့် Trend များကို Identify ပြုလုပ်ပေးခြင်း။
* ဆွဲဆောင်မှုရှိသော ရောင်းချမှုပုံစံများကို ပြင်ဆင်ပြီး Potential Client များအား တင်ဆက်ပြသခြင်း။
* စာချုပ်ချုပ်ခြင်းများ နှင့် ညှိနှိုင်းမှုများ ပြုလုပ်ခြင်း။
* Meeting များ၊ Workshop များ၊ ပြပွဲများ၌ ပါဝင် ဆင်နွှဲခြင်း။
* Sales Performance များအား Manager သို့ တင်ပြခြင်း။
* Manager နှင့် အခြား Team Member များနှင့် ပူပေါင်းဆောင်ရွက်၍ အရောင်းပြည့်မီအောင် ကြံဆောင်ခြင်း။

🎯 လိုအပ်တဲ့အရည်အချင်းများ -
* Thai နှင့် English ကို ကျွမ်းကျင်စွာ ပြောဆို၊ ရေးသားနိုင်သူ ဖြစ်ရမယ်။
* Communication Skill ကောင်းမွန်သူ။
* အိမ်မွေးတိရစ္ဆာန်လေးများကို ချစ်တတ်သူ။
* အတွေ့အကြုံ ရှိဖို့ မလိုသော်လည်း စည်းကမ်းကောင်းပြီး ကြိုးစားလုပ်ကိုင်လိုစိတ်ရှိရပါမယ်။

📪 လျှောက်ထားရန် -
* CV/Resume ကို fly@purrfectpilots.com သို့ ပေးပို့၍ လျှောက်ထားနိုင်ပါတယ်။
10👍1
Script Writer - 3 Post

လူငယ်များနှင့် ဖွဲ့စည်းထားတဲ့ ကျွန်မတို့စီမှာ ဇာတ်လမ်း၊ ဇာတ်ညွှန်းကောင်းကောင်းလေးတွေ ရေးသား ဖန်တီးနိုင်တဲ့ သူများလိုအပ်နေပါတယ်...

- ဇာတ်လမ်းတို (၁)မိနစ် (၂)မိနစ်စာ Tiktok video များရိုက်ကူးနိုင်ရန်အတွက် ခေတ်နဲ့အညီ ဆန်းသစ်သော အတွေးအခေါ်များနှင့် ရေးသားနိုင်ရမည်။

Job Type - Digital Marketing Agency
Full time (Work From home)
Working Hours - 9:00 AM to 5:00 PM
Sat / Sun / Public Holiday- Off
Salary- Negotiation
Location- Yankin, Bouk Htaw
Viber - 09452597951
Mail - hr@ideacapsule.com
12
Hello ကျွန်တော် Editor တစ်ယောက်လိုချင်လို့ပါဗျ Thai language video class လုပ်ဖို့အတွက်ပါ idea ကောင်းပီး တီထွင်ဖန်တီးနိုင်တဲ့သူဆို ကြိုက်ပါတယ် ဗျ။
လိုအပ်ချက်များ
Skill ရှိဖို့နဲ့ စကားပြောယဉ်ကျေးဖို့ပါ
ခံစားခွင့်များ
Thai video class free တက်ခွင့်
ပညာကြေးကတော့ ညှိနှိုင်းပါဗျ
စိတ်ဝင်စားလို့အလုပ်လျှောက်ချင်တယ်ဆိုရင်
superstar99562@gmail.com ဒီ Gamil ကို
Title မှာ Thai Editor လို့ရေးပီး Cv form နှင့်တကွ edit လုပ်ထားတဲ့ video 2ပုဒ်ပို့ပေးပါဗျား Cv form မရှိတဲ့ သူများက‌‌ေတာ့ ဆက်သွယ်ရမယ့် ဖုန်းနံပါတ်နဲ့ Fb acc link ပါအတူပူးတွဲပို့ပေးပါဗျား ကျေးဇူးပါဗျ
9👍2
Motion Designer Freelancer 1 ယောက်လိုချင်လို့ပါဗျ..

*skill ပေါ်မူတည်ပြီး fees ညှိနှိုင်းတောင်းနိုင်ပါတယ်ဗျ*

- brand နဲ့ ကိုက်ညီတဲ့ Motion Graphic ဖန်တီးပေးနိုင်ရပါမယ်၊
- Creative ဖြစ်ပြီး competitor brand တွေနဲ့ ပြင်ပ motion video များကို inspire ယူ လေ့လာကာ ဖန်တီးပေးလိုစိတ်ရှိရပါမယ်၊

(Creative & Modernize ဖြစ်ဖို့၊ brand နဲ့ တသားထဲ ဖြစ်နိုင်မယ့်သူများ လျှောက်ထားနိုင်ပါတယ်ခင်ဗျ)

လျှောက်ထားရန်စိတ်ဝင်စားသူများအနေနဲ့
@warsooo98
အထက်ပါ Telegram ကို မိမိတို့ဖန်တီးဖူးသော Motion Video နမူနာ ၂ ပုဒ်ပေးပို့ကာ၊

သတ်မှတ်သော တစ်ပုဒ်ချင်း fees နဲ့တကွ လျှောက်ထားပေးနိုင်ပါတယ်။ အသေးစိတ်ကိုတော့ Conversation မှာ Negotiate လုပ်နိုင်ပါတယ်ခင်ဗျ၊ ကျေးဇူးပါ။
6👍3
တပတ်4ရက်ပဲ ရုံးတက်ပြီး design လေးအေးဆေးဆွဲနေချင်တယ်ဆိုရင်တော့ Graphic​ Designer​ position လာလျောက်လို့ရပါပြီ။

Photoshop​ အဓိကသုံးတတ်ရမယ်။
Social media​ design ပိုင်ရမယ်။

Consumer brand တွေအဓိကဆွဲရမှာဖြစ်လို့ အရင်ဆွဲထားဖူးတဲ့အတွေ့အကြုံရှိရင်ပိုကောင်းပါတယ်။

Color theory, design theory ပိုင်ရပါမယ်။
Brand တွေများလို့ Portfolio​ ကောင်းကောင်းတခုရဖို့အာမခံပါတယ်။

လျောက်ထားရန် mail : ahr.evogroup@gmail.com

Location​ : North Okkalapa
8👍1
Graphic Designer & Video Editor
Position များအတွက် အလုပ်ခေါ်ယူပါမယ်ခင်ဗျာ…

New Generation Myanmar - NGM (Online Private School) မှာ တာဝန်ထမ်း​ဆောင်ရမှာဖြစ်ပြီး Work from Home လုပ်​ကိုင်ရမှာဖြစ်ပါတယ်…

အလုပ်ခေါ်ယူခြင်းနဲ့ပတ်သက်တဲ့ အချက်အလက်များကို အောက်ပါဖောင်မှာ ဝင်​ရောက်ကြည့်ရှုပြီး
လျှောက်ထားနိုင်ပါတယ်…

https://forms.gle/wr66inCrV57KaU6Y9

HR ဌာနက လျှောက်ထားသူများအနက်မှ
Interview ခေါ်ယူပါလိမ့်မယ်ခင်ဗျ…

*** Educational Content များကို ဖန်တီးရမှာဖြစ်တာ​ကြောင့် သက်ဆိုင်ရာနယ်ပယ်တွင် ကျွမ်းကျင်ရုံသာမက မြန်မာစာနှင့် အင်္ဂလိပ်စာ စာလုံး​ပေါင်းသတ်ပုံ (Error Free) ဂရုတစိုက်​ တာဝန်ယူဆောင်ရွက်နိုင်သူများကိုသာ ရွေးချယ်ပါမယ်ဗျ…

NGM နဲ့အတူ လက်တွဲလုပ်ကိုင်လိုပါက
အခုပဲ လျှောက်ထားလိုက်ပါခင်ဗျာ…
8
DND Fansub အတွက် Complete Series ကိုင်ရန် Translator ခေါ်ယူလိုပါတယ်။

- ၁ ရက် ၁ ပိုင်း သို့ ၂ ရက် ၁ ပိုင်းပေးနိုင်ရပါမယ်။
- အတွေ့အကြုံရှိပြီး Genre မျိုးစုံ Tran နိုင်သူဖြစ်ရပါမယ်။
- အနိမ့်ဆုံး Jap N3 Level လေ့လာနေသူဖြစ်ရပါမယ်။
- မြန်မာစာ စာလုံးပေါင်းသတ်ပုံ အဖြတ်အတောက် မှန်ကန်သူဖြစ်ရပါမယ်။
- ဂျပန်စာလေ့လာနေသူများအား အထူးဦးစားပေးပါမယ်။
- Test ရှိပါမယ်။
- ၁ ပိုင်းလျှင် ၃,၀၀၀ ကျပ်အနိမ့်ဆုံးရရှိပါမယ်။

*ကြိုးစားရင် ကြိုးစားတဲ့အပေါ် သုံးသပ်ပြီး Bonus နှင့် Fees တိုးခြင်း ထပ်ရှိပါမယ်။*

Ch Link - https://t.me/dndtelechannel

စိတ်ပါဝင်စားသူများ Telegram - @FengXiaoWang တွင် လာပြောပေးထားပါ။
6
Senior video editor တစ်ယောက်ခေါ်ချင်ပါတယ်
ရုံးမတက်ရပါဘူး
တစ်ခါတစ်လေ meeting ကို အပြင်မှာလုပ်တဲ့ အချိန်မျိုးလာနိုင်ရပါမယ် (ရန်ကုန်)

မျှော်မှန်းလစာ ၊ အတွေ့ကြုံ ၊ ကိုယ်ရေးအချက်လတ် များနှင့် တကွ အောက်ပါမေးလ်းသို့

innovationwavemm@gmail.com


Facebook - https://www.facebook.com/share/19r2QedEgF

#workflexzone
#workfromhome #hybrid #videoediting #editor@Workflexzone
👍32
ကျွန်တော့် Go Go Marketing Agency အတွက် Freelance Graphic Designer လိုအပ်နေပါတယ်ခင်ဗျ။ Full-Time အလုပ်မလုပ်နေဘဲ Freelance သီးသန့်လုပ်တဲ့သူမျိုးဆို ပိုပြီး အဆင်ပြေပါတယ်ခင်ဗျာ။ Portfolio လေးနဲ့ Price Range လေးကို gogomarketinghouse@gmail.com ကို ပို့ပေးလို့ရပါတယ်။ Deadline မီပြီး Communication တော့ အဆင်ပြေတဲ့သူလိုချင်ပါတယ်ခင်ဗျာ။
4
1.Sales Executive-1post (WFH)

2. Education Content Writer -1post (WFH)

3. Video content creator - 1 post (Freelance)

1. Sales Executive (WFH)

Sales အပိုင်းနဲ့ ပတ်သတ်ပြီး အတွေ့အကြုံရှိသူ ဖြစ်ရမည်။

အချိန်နဲ့တပြေးညီ Customer များနဲ့ ဆက်သွယ်ပြောဆို နိုင်ရမည်။

Communication ကောင်းပြီး page တွင် ဝင်ရောက်စုံစမ်းသူများ ကို သေချာစွာရှင်းပြနိုင်မည်။

Education background ရှိသူကိုဦးစားပေးမည်။

WFH ဖြစ်တာကြောင့် ရုံးချိန် အတွင်း Stand By ရှိနေရမည်။

Myanmar ပြည်တွင်နေထိုင်သူ ဖြစ်ရမည်။
...............................................

2. Education Content Writer
(WFH)

Education ပိုင်းနဲ့ ပတ်သတ်ပြီး Knowledge ရှိပြီး စိတ်ဝင်စားသူဖြစ်ရမည်။

လက်ရှိ နိုင်ငံတကာ ပညာရေးနယ်ပယ် နဲ့ပတ်သတ်သော Content များ ကို Creative ကောင်းကောင်း နှင့် ရေးသားပုံဖော်နိုင်ရမည်။

WFH ဖြစ်တာကြောင့် ရုံးချိန် အတွင်း Stand By ရှိနေရမည်။

Digital team , Sales team , Production Team များနဲ့ ညှိနှိုင်းပြီး လုပ်ဆောင်နိုင်သူ ဖြစ်ရမည်။

BKK or Myanmar မည်သည့်နေရာတွင်နေထိုင်သူ မဆို လျှောက်ထားနိုင်သည်။

.............................................

3. Video content creator ( Freelance)

Presentation ပိုင်း ဝါသနာပါသူ ဖြစ်ရမည်။

ကိုယ်ပိုင် content များ create လုပ် ရိုက်ကူးကာ Company ထံသို့ ပြန်လည်ပေးပို့ရမည်။

Education Knowledge sharing ပိုင်းနဲ့ ပတ်သတ်ပြီး ပိုင်ပိုင် နိုင်နိုင် ပြောဆို တင်ဆက်နိုင်သူ ဖြစ်ရမယ်။

Communication ကောင်းပြီး Team နဲ့အတူ ပျော်ရွှင် ညှိနှိုင်းတက်ကြွစွာ လုပ်ကိုင် နိုင်သူ ဖြစ်ရမည်။

လက်ခံထားသည့် Video များကို Deadline အမှီ ပေးပို့ နိုင်ရမည်။

လက်ရှိ ဘန်ကောက်တွင် နေထိုင်နေသော မောင်လေး ၊ ညီမလေး များ သာ လျှောက်ထားပေးပါ နော် ...

.........................................

WFH position များအတွက်
ရုံးချိန်- 10:00AM to 6:00PM (BKK Time)

စိတ်ဝင်စားလို့ လျှောက်ထား လိုပါက
maroonburmac@gmail.com
သို့ လျှောက်ထားနိုင်ပါသည်။

အင်တာဗျူးပါသူများ ကို ဆက်သွယ် ပေးပါမယ်နော် 🫶
15👍2😁1
Apple Orchard Tales

Novel Translation အတွက် ဘာသာပြန်လေးတွေ ခေါ်နေပါတယ်

ခရီးသွားလို့ မအား၊ နေမကောင်း၊ ကျောင်းတက် ၊ စာမေးပွဲ စတာတွေ ခွင့်တိုင်လို့ ရပေမယ့် အက်မင်တို့ Team မှာ စည်းကမ်းချက်တွေ ရှိပြီး စည်းကမ်းလေးတွေ အတိုင်း လိုက်နာနိုင်ရပါမယ်။ ⚠️

စိတ်ဝင်စားရင် Google Doc လေး ကြည့်ပြီး လျှောက်ပေးပါနော်။👇

https://docs.google.com/forms/d/1DqkXrmXirg90NnXv681wTiqaLtPospWBYvJ8m7AMBAA/
18👍1
အလုပ်အင်တာဗျူးမှာ သူများတွေထက်ခြေတစ်လှမ်းသာနေဖို့....

1. ကုမ္ပဏီ နှင့် အလုပ်အကြောင်း လေ့လာထားပါ။
- အင်တာဗျူးမသွားခင် မိမိသွားရောက်‌ လျှောက်ထားမည့် ကုမ္ပဏီ၏ အကြောင်းအရာ ၊ လုပ်ငန်းပုံစံ တို့ကို လေ့လာပါ။
- Website/ Social Media တို့တွင် အချက်အလက်များ ကြိုတင်ကြည့်ရှုထားပါ။

2. အင်တာဗျူးတွင် မေးနိုင်သည့် မေးခွန်းများကိုကြိုတင်ပြင်ဆင်လေ့ကျင့်ထားပါ။
- ကိုယ့်ကိုယ်ကို မိတ်ဆက်ပေးပါ။
- သင့်အတွေ့အကြုံအကြောင်း ပြောပြပါ။
- ဒီအလုပ်ကိုဘာကြောင့်စိတ်ဝင်စားတာလဲ?
- သင့်ကိုဘာကြောင့်အလုပ်ခန့်သင့်သလဲ?
- သင့်ရဲ့ အလုပ်မှာ အားနည်းချက် အားသာချက် တစ်ခုစီပြောပြပါ။
- မိမိလျှောက်မည့် position အလိုက် Job Description များကိုသေချာနားလည်အောင်လုပ်ထားပါ။

3. Interviewer ၏အကြည့်များကိုမရှောင်ဘဲ ယုံကြည်မှုရှိရှိ ပြန်လည်ပြောဆိုပါ ။ ပြုံးပြပါ ။ မိမိမေးလိုသိလိုသောအကြောင်းရာများကိုလည်း ပြန်လည်မေးမြန်းနိုင်ရန် ကြိုပြင်ဆင်ထားပါ ။

4 . Dress ကို သင့်တင့်စွာရွေးချယ်ပါ ။
- သင့်တော်သောအဝတ်အစားများကို ဝတ်ဆင်ပါ ။ ဘောင်းဘီတို ၊ အကျီမသပ်မရပ် ခေါင်းစုတ်ဖွား ပုံစံမျိုးကိုရှောင်ပါ ။ Interview အခန်းထဲဝင်လိုက်သည်နှင့် confidence ရှိစွာ ကျကျနန၊ သပ်သပ်ရပ်ရပ်ပုံစံမျိုးတည်‌ဆောက်ပါ။ (First impression ကောင်းရန်အလွန်လိုအပ်ပါသည်။)

5. အင်တာဗျူးနေ့မတိုင်ခင် ကြိုတင်ပြင်ဆင်ထားပါ။
- CV , Portfolio, Certificates တို့ကို Print ထုတ်ထားပါ။
- Location ကြိုရှာထားပါ ။ အချိန်နောက်ကျခြင်းမဖြစ် စေရန်အထူးဂရုစိုက်ပါ။
- Online Interview ဆိုပါက Camera, Microphone ကြိုတင်စမ်းသပ်ထားပါ ။

ကဲ ဒီလောက်ဆိုရင်တော့ Interview အတွက်သိသင့်သလောက်အချက်အလက်လေးတွေလည်းသိပြီလို့ထင်ပါတယ်... Interview တွေမှာအဆင်ပြေချောမွေ့နိုင်ပြီးအလုပ်ကိုင်ကောင်းတွေရနိုင်ကြပါစေနော်...🤗

အလုပ်အကိုင်အခွင့်လမ်းများစွာကို Workflex နဲ့အတူရှာဖွေပါ
Facebook - https://www.facebook.com/share/19r2QedEgF
Telegram - https://t.me/Workflexzone

#Workflexzone #Interview #opportunity #knowledge
9👍4
1👍1
Full time content writer ( work from home)

tone of voice တွေ writing style တွေ content တွေ ကျောင်းဘက်လိုချင်တဲ့ပုံစံမျိုးနဲ့ align မိအောင် တစ်လလောက်တော့ on campus ဆင်းပေးရပါမယ်။

salary negotiate လုပ်နိုင်ပါတယ်။

Education နဲ့ပတ်သက်တဲ့ (အထူးသဖြင့် preschool, international school, English language center ပိုင်းနဲ့သက်ဆိုင်တဲ့ Content sample တွေနဲ့အတူ ပေးပို့လျှောက်ထားနိုင်ပါတယ်။ မသက်ဆိုင်နဲ့ cosmetic product ပိုင်းတွေမပို့ပါနဲ့နော်။

Viber/Telegram: 09783371222
email: victoriaacademyhr@gmail.com
သို့ပေးပို့နိုင်ပါတယ်ရှင်

လိပ်စာ။အမှတ်47၊ပိတောက်လမ်းသွယ်(2)၊အေးရိမ်မွန်အိမ်ရာ၊လှိုင်မြို့နယ်။
(သီရိမင်္ဂလာစျေးသစ်)
5👍2
Helen Vlogs Page က video editor ထပ်ခေါ်နေပါတယ်

Job description below:

- 2 years and above video editing experience
- Passionate about video editing and social media trends
- Understanding on storytelling on social media and what makes an engaging, shareable story
- Reliable internet access to handle large file downloads
- Fluency in English with good grammar and punctuation skills (for subtitle work)
- Ability to generate attractive thumbnails
- Horizontal and vertical videos for multiple platforms (YouTube, reels etc)

ဒါ remote position ပါ၊ part time or အစမှာ freelance ပုံစံမျိုးနဲ့သွားပြီး အဆင်ပြေရင် full time ဆက်သွားတာလဲရပါတယ်။

**တကယ် အလုပ်အတွက် အချိန်ပေးနိုင်ပြီး serious ဖြစ်မှလျှောက်ပေးပါ။

အရင်ကလျှောက်ဖူးခဲ့တဲ့သူတွေလဲပြန်လျှောက်လို့ရပါတယ် ။

If this sounds like you, please email your CV, video project portfolio, reason you want to work with Helen, alongside your expected salary to helenvlogsteam@gmail.com
11👍3