Win Progress
79 subscribers
187 photos
3 videos
9 links
Commercial Truck Distributor

Hot Line : 09 977835758,09977835647
Facebook Page : https://www.facebook.com/umgwinprogress
Download Telegram
🌧 မိုးသည်းထန်စွာရွာသွန်းထားတဲ့ လမ်းမကြီးတွေမှာ မိုးရေကြောင့် လမ်းချော်တာ (Slip) ဖြစ်တတ်ပါတယ်။ ဒီလိုလမ်းမကြီးတွေမှာ ဘေးကင်းကင်းနဲ့ကားမောင်းနှင်နိုင်ဖို့အတွက် ကားတာယာတွေကောင်းဖို့ အရေးကြီးပါတယ်။

🛞 တာယာလေပေါင်ချိန်

မိုးရေစိုစွတ်နေတဲ့ လမ်းမကြီးမှာ တာယာလေပေါင်ချိန်ညီမျှမှုမရှိရင် အန္တရာယ်ကင်းစွာမောင်းနိုင်ဖို့ အဟန့်အတားဖြစ်စေနိုင်ပါတယ်။ တာယာလေပေါင်ကို စစ်ဆေးခြင်းမရှိဘဲ မိမိကြိုက်သလို လျှော့တာ၊ ဖြည့်တာမျိုးမလုပ်သင့်ပါ။ သတ်မှတ်ထားတဲ့တာယာလေပေါင်ချိန်အတိုင်းထားပေးပါ။ အပြင်မထွက်ခင်မှာ တာယာလေပေါင်ချိန်ကို စစ်ဆေးပေးသင့်ပါတယ်။

🛞 တာယာမျက်နှာပြင်

တာယာမျက်နှာပြင်မှာ ပန်းတွေစားနေပြီး လုံလောက်တဲ့ပန်းအနက်မရှိတော့ဘဲ ပြောင်ချောနေမယ်ဆိုရင် မိုးရေကြောင့် ချောနေတဲ့လမ်းမထက်မှာ စလစ် (Slip) ဖြစ်ပြီး ကားမတော်တဆမှုတွေ ဖြစ်စေနိုင်ပါတယ်။

🛞တာယာအမျိုးအစား

တာယာအမျိုးအစား ဘယ်လောက်ပဲကောင်းနေနေ မိမိကားနဲ့ မကိုက်ညီတဲ့တာယာဆိုရင် ရေရှည်မှာအဆင်မပြေနိုင်ပါဘူး။ ဒါကြောင့် ကျွမ်းကျင်သူတွေနဲ့ပြသပြီး ကားနဲ့ကိုက်ညီတဲ့တာယာအမျိုးအစားကိုသာ ရွေးချယ်အသုံးပြုသင့်ပါတယ်။ ပါးလွှာတဲ့တာယာ၊ သက်တမ်းကုန်နေတဲ့တာယာမျိုးတွေ မလဲလှယ်မိစေဖို့လည်း သတိပြုပါ။
1
🎉 August လမွေးဖွားသူများအတွက် မွေးနေ့ဆုမွန်လွှာ 🎊

မွေးနေ့မင်္ဂလာရက်မြတ်မှသည် နောင်နှစ်ပေါင်းများစွာတိုင် 🎂
🌟 ချစ်သော မိသားစု၊ မိတ်ဆွေအပေါင်းအသင်းများနှင့်အတူ
🌷 ကိုယ်စိတ်နှစ်ဖြာ၊ ကျန်းမာချမ်းသာစွာဖြတ်သန်းသွားနိုင်ပါစေ။
💫 ကြံစည်သမျှအောင်မြင်ပြီး
အလှူရေစက်လက်နှင့်မကွာ လှူတန်းနိုင်တဲ့ ပုဂ္ဂိုလ်တွေဖြစ်ကြပါစေ။
🪷 လိုအင်ဆန္ဒတွေလည်း တစ်လုံးတစ်ဝပြည့်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

#WInProgress
#Augustborn #Birthdaywish
ကားဝယ်ယူပြီးနောက်ပိုင်း After Sales Service ကောင်းကောင်းလေး လိုအပ်နေတဲ့ လူကြီးမင်းများအတွက် Win Progress ရှိပါတယ်။

Win Progress မှကားဝယ်ယူသွားတဲ့ လူကြီးမင်းများအတွက် လိုအပ်တဲ့ After Sales Service တွေကို ကျွမ်းကျင် Service Engineer များကိုယ်တိုင် အချိန်တိုအတွင်းမှာ အကောင်းဆုံးဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။

🛠 Original Spare parts တွေကို ✔️ ပစ္စည်းမှန်၊ ✔️ စျေးနှုန်းမှန်ကန်စွာဖြင့် ဝယ်ယူရရှိနိုင်တာဖြစ်လို့ After Sales Service လိုအပ်တဲ့အခါ Win Progress Service Center ကိုသာ လာခဲ့လိုက်ပါခင်ဗျာ...

အသေးစိတ်သိရှိလိုပါက:
Hotline - 09 977835758, 09 977835676 ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

⚜️ Win Progress Telegram Channel Link:
https://t.me/WinProgress

လိပ်စာ - အမှတ် (၁/၃)၊ ရန်ကုန်တိုးချဲ့စက်မှုဇုံ (၁)၊ မင်္ဂလာဒုံမြိုနယ်။
👉 Location
https://goo.gl/maps/B9rBhKibkod1dRTP6

#WinProgress #AfterSalesService
#OriginalSpareparts
ဒီအပတ်မှာတော့ ယာဥ်မောင်းသူများအတွက် ကားဘရိတ်စနစ်မှာ ဖြစ်တတ်တဲ့ပြဿနာတစ်ချိုကိုဗဟုသုတအနေနဲ့ ဖော်ပြပေးလိုက်ပါတယ်။

📌 အသံမြည်ခြင်း

ကားမောင်းနေရင်း ဘရိတ်ကိုနင်းလိုက်တဲ့အခါ ပုံမှန်အတိုင်း ရပ်တန့်တာမျိုးရှိ၊ မရှိ ဂရုပြုစစ်ဆေးတာမျိုးပြုလုပ်သင့်ပါတယ်။

📌 တစ်ဖက်ဆွဲခြင်း

ကားကို တစ်နာရီ မိုင် (၂၀) နှုန်းအထက် မောင်းနှင်ရင်းကနေ ရပ်တန့်ဖိုဘရိတ်နင်းလိုက်တဲ့အခါ ကားဘီးတွေက အခြားဦးတည်ရာဘက်ကို ဆွဲသွားတာမျိုးဖြစ်ပါတယ်။

📌 ဘရိတ်ဆီ လျော့နည်းခြင်း

ဘရိတ်ကို နင်းလိုက်တဲ့အခါ ပစ္စတင် (piston)ရဲ့ တွန်းအားနဲ့ ရော့တာ (rotor)ကို ပုံမှန်လှုပ်ရှားနိုင်ဖို ဘရိတ်ဆီကို ပိုမိုဆွဲယူရပါတယ်။ ဘရိတ်ဆီလိုအပ်တာထက်လျော့နည်းနေတာက ဘရိတ်စနစ်မှာ ပြဿနာတစ်ခုဖြစ်ပါတယ်။ ဘရိတ်ဆီက သတ်မှတ်တဲ့ပမာဏပြည့်မီဖို လိုအပ်သလို သတ်မှတ်တဲ့အရည်အသွေးပြည့်ဝဖိုလည်း လိုအပ်ပါတယ်။

📌 ဘရိတ်လိုင်းပြဿနာ

ရပ်တန့်ဖိုအတွက် ဘရိတ်ကို ပြင်းပြင်းလေးဖိနင်းနေရပြီဆိုရင် ဘရိတ်လိုင်း (brake lines)တွေ ပိတ်ဆိုနေတာကြောင့် ဖြစ်နိုင်ပါတယ်။ ဘရိတ်လိုင်းတွေကိုစစ်ဆေးပြီး ပျက်စီးတာ၊ ကျိုးပဲ့တာတွေကို ချက်ချင်းအသစ်လဲလှယ်ပေးဖို လိုပါတယ်။
👍2
မိသားစုသုံး၊ ကျောင်းသုံး၊ လုပ်ငန်းသုံးတွေအတွက် ဆီစားနှုန်းသက်သာပြီး ကျယ်ဝန်းသပ်ရပ်မှုရှိတဲ့မီနီဗန်ကားတစ်စီးရှာနေတဲ့မိတ်ဆွေများအတွက် အရည်အသွေးမြင့် KingLong Brand အမျိုးအစားထဲ (၁၅) ယောက်စီး  NEW KINGWIN-L မီနီဗန်ကားလေးနဲ့ ထပ်မံမိတ်ဆက်ပေးလိုက်ပါတယ်။ 

NEW KINGWIN-L Mini Van ကားမှာဆိုရင်
🔸 ဂျပန်တိုယိုတာနည်းပညာကိုအသုံးပြုထားတဲ့အတွက် အရုန်းအဆွဲကောင်းစေတယ်။
🔸Driving System အနေနဲ့ DK4 (2500CC) Engine နဲ့ Manual 5 Speed Gear box တိုဖြင့် ဖွဲ စည်းထားလို ဆီစားနှုန်းသက်သာစေတယ်။
🔸 Power Steering ဖြစ်တဲ့အတွက် ပေါ့ပါး၊ ကြံ့ခိုင်ပြီး
🔸 ABS နဲ့ EBD Brake System ပေါင်းစပ်ပါဝင်တဲ့အတွက် Safety အတွက်အပြည့်အဝ စိတ်ချယုံကြည်နိုင်ပါတယ်။

Warranty အနေနဲ့ (3) Years (or) Kilometer (100,000) အာမခံပေးထားပြီး Original Spare parts တွေကိုလည်း စျေးနှုန်းသင့်တင့်စွာဖြင့် ဝယ်ယူနိုင်သလို....
After Sales Service အနေနဲ့ ကျွမ်းကျင် Service Engineer တွေရဲ့အကောင်းဆုံးဝန်ဆောင်မှုတွေ ရရှိမှာဖြစ်ပါတယ်။

💁‍♂️ NEW KINGWIN-L Mini Van ကားလေးက Stock in Hand ဖြစ်တဲ့အတွက် အချိန်စောင့်ဆိုင်းစရာမလိုဘဲ ကျွန်တော်တို Win Progress မှာ ရောင်းချပေးနေပါတယ်ခင်ဗျာ။
4
Win Progress
https://vt.tiktok.com/ZS2rXof6D/
Win Progress ရဲ့ Tik Tok account လေးဖွင့်ထားပါတယ်ခင်ဗျာ။ Like and Follow လေး လုပ်ပေးကြပါဦးခင်ဗျာ
7
မင်္ဂလာပါခင်ဗျာ....
အရုန်းအဆွဲလည်းကောင်း၊ ပစ္စည်းတွေလည်းများများတင်လိုရပြီး လမ်းကြမ်း၊ လမ်းချော စိတ်ကြိုက်မောင်းနှင်လိုရတဲ့ Kinglong Mini Van ကားကို ဝယ်ယူအားပေးသွားပါသော ကျေးဇူးရှင် Customer ကြီးကို ကျွန်တော်တို Win Progress Co., Ltd မှ လှိက်လှဲစွာ ကျေးဇူးတင်ရှိပါတယ်။

💛 Win Progress ကို အခုလို ယုံကြည်မှုအပြည့်နဲ့ ဝယ်ယူအားပေးသွားပါသော လုပ်ငန်းရှင် Customer များအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတွေနဲ့ပြည့်စုံပြီး စီးပွားလာဘ်လာဘတွေ တိုးပွားကြပါစေကြောင်း Win Progress မိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။
1👍1
လူကြီးမင်းတိုအနေနဲ့ ကြီးမားလေးလံတဲ့ အရာဝတ္ထုတွေကို သယ်ဆောင်ဖို 🚚 Truck ကားတစ်စီးရှာနေတယ်ဆိုရင်တော့ ဘယ်လိုနေရာဒေသမျိုးမှာမဆို ကြံ့ခိုင်မှုအပြည့်နဲ့ လွယ်ကူပေါ့ပါးစွာ သယ်ဆောင်ပေးနိုင်တဲ့ ပစ္စည်းအသင့်ရှိ SHACMAN F3000 Dump Truck နဲ့မိတ်ဆက်ပေးချင်ပါတယ်။

🇨🇳 တရုတ်နိုင်ငံရဲ့ နာမည်ကြီး SHACMAN - F3000 Truck မှာဆိုရင်
📌 Weichai Engine 400 HP ပါဝင်ပြီး ရှေ့ဂီယာ (၁၀) ချက်၊ နောက် (၂) ချက်ထိုးအသုံးပြုထားတဲ့အတွက် ရုန်းအားဆွဲအားကို ကောင်းစေပါတယ်။

📌 တောင့်တင်းကြံ့ခိုင်မှုရှိပြီး လေးလံသောအရာများကို အလွယ်တကူသယ်ဆောင်နိုင်တဲ့ T700 High Strength Steel Dump Body ပါရှိပါတယ်။
📌 လျင်မြန်စွာလည်ပတ်နိုင်ဖို Handle Man နည်းပညာကို အသုံးပြုထုတ်လုပ်ထားတဲ့ တောင့်တင်းခိုင်မာသော Axles တိုဖြင့် ဖွဲစည်းထားပါတယ်။

🔰 အရည်အသွေးကောင်း SHACMAN F3000 Dump Truck ကို Warranty (1) နှစ် (သို) Unlimited Kilometer အာမခံပေးထားပါတယ်။

💯 After Sales Service ကိုလည်း ကျွမ်းကျင်ပညာရှင်တွေက အကောင်းဆုံးဆောင်ရွက်ပေးပြီး Original Spare parts တွေကို စျေးနှုန်းသက်သာစွာဖြင့်ရရှိမှာဖြစ်လို ကျွန်တော်တို့Win Progress မှာ အခုပဲလာရောက်ဝယ်ယူလိုက်ပါခင်ဗျာ။
1👍1
ကားမောင်းသူများအနေနဲ့ မိမိရဲ့ကားကို မောင်းရုံသာမက ပုံမှန်ထိန်းသိမ်းစစ်ဆေးမှုများပြုလုပ်ပေးသင့်ပါတယ်။ ကားတစ်စီးပြုပြင်ထိန်းသိမ်းမှုက အရေးကြီးတာကြောင့် အောက်ပါအမှားလေးတွေ မလုပ်မိစေဖို ဖော်ပြပေးလိုက်ပါတယ်။

⚠️ စက်သုံးဆီကိုသာ စစ်ဆေးခြင်း

ကားထဲမှာ ဓာတ်ဆီ၊ ဒီဇယ်တွေကိုသာ ဘယ်လောက်ရှိတယ်ဆိုတာကို အမြဲလိုလိုသတိထားကြည့်ကြပေမဲ့ ဘရိတ်ဆီ၊ အင်ဂျင်အအေးပေးရာတွင် အသုံးပြုတဲ့အရည် (Coolant)၊ အင်ဂျင်ဝိုင်များ၊ မှန်ကြည် ဆေးရည်များ ရှိ၊ မရှိစစ်ဆေးဖိုကိုတော့ မေ့နေတတ်ပါတယ်။

⚠️ ကားဘီးလေမစစ်ဘဲ မောင်းခြင်း

ကားသမားတော်တော်များများ လုပ်လေ့ရှိတဲ့အမှားတစ်ခုဖြစ်ပါတယ်။ ကားဘီးတွေ လေလျော့နေတာကို မစစ်ဘဲမောင်းရင် ကားဘီးပေါက်ပြီး မလိုလားအပ်တဲ့ အန္တရာယ်တွေဖြစ်လာနိုင်ပါတယ်။

⚠️ သတ်မှတ်အင်ဂျင်ဝိုင် အသုံးမပြုခြင်း

ကားအင်ဂျင် အလုပ်ကောင်းကောင်းလုပ်နိုင်ဖိုဆိုတာ အင်ဂျင်ဝိုင်က အဓိကဖြစ်ပြီး မိမိကားရဲ့ အင်ဂျင်ပါဝါအလိုက် သုံးစွဲရမဲ့အင်ဂျင်ဝိုင်ကိုမသုံးဘဲ စေးပျစ်ပျစ်အင်ဂျင်ဝိုင်ဖြစ်ရင် ပြီးရောဆိုပြီး အဆင်ပြေရာကို သုံးလိုက်တာမျိုးတွေရှိတက်ပါတယ်။

ကားမောင်းသူများ မှားလေ့မှားထရှိတဲ့အချက်လေးတွေကို ရှောင်ကြဥ်ပြီး သတိထားဖိုမျှဝေပေးခဲ့တာဖြစ်ပါတယ်။
1
💛 Happy Birthday to September Born 💛

🎁 စက်တင်ဘာလမှာ မွေးဖွားတဲ့မွေးနေ့ရှင်များအားလုံး
🎂 မွေးနေ့မှစ၍ ချစ်ရတဲ့မိသားစုနဲ့အတူတူ
🎊 ကျန်းမာပျော်ရွှင်စွာဖြင့် သက်ဆုံးတိုင်နေထိုင်သွားနိုင်ကြပါစေ၊
🎁 ပျော်ရွှင်ချမ်းမြေ့သော ဘဝခရီးလမ်းကို လျှောက်လှမ်းနိုင်ပါစေ၊
🥳 ဆန္ဒနဲ့ ဘ၀တစ်ထပ်တည်းကျပါစေကြောင်း Win Progress မိသားစုမှ မွေးနေ့ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။
3
မင်္ဂလာပါခင်ဗျာ....
မိတ်ဆွေတိုရဲ့ ကုန်စည်သယ်ယူပိုဆောင်ရေးလုပ်ငန်းများအတွက် မြိုတွင်းမောင်းနှင်ရန် ကျစ်လျစ်သိပ်သည်းတဲ့အရွယ်အစားနဲ့ သွားလာရလွယ်ကူစေရန် ဒီဇိုင်းထုတ်လုပ်ထားတဲ့ In Stock အသင့်ရှိ JMC Used Box Truck ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ 🥰

🚚 JMC Box Truck တွေက တရုတ်နိုင်ငံတွင်ရောင်းအားအကောင်းဆုံးသော Truck ကားအမျိုးအစားဖြစ်ပြီး Isuzu နည်းပညာဖြင့်ထုတ်လုပ်ထားပါတယ်။ ကုန်စည်အမြောက်အမြားကို ဘေးကင်းလုံခြုံစွာသယ်ယူနိုင်ဖို ကျယ်ဝန်းတဲ့သိုလှောင်နိုင်စွမ်းရှိပါတယ်။ ခေါင်းခန်းမှာ Air-con system ပါရှိပြီး ယာဥ်မောင်းသူများသက်သောင့်သက်သာရှိစေပါတယ်။

JMC Box Truck (10 ft)

Model  - 2012
Engine Power - 2771 CC
Body length -10 ft
Gearbox - ရှေ့ ၅ ချက် ၊ နောက် ၁ ချက်
Brake - Drum Brake
Vehicle weight - 1.9 ton
GVW - 3.8 ton
ရောက်ရှိ Kilometer - 9****

After Sales Service ဝန်ဆောင်မှုကို ကျွမ်းကျင် Service Engineer များမှ အကောင်းဆုံးဆောင်ရွက်ပေးမှာဖြစ်ပါတယ်။ ဒါ့အပြင် 🛠 Spare part များကို အလွယ်တကူရရှိနိူင်တာဖြစ်လို JMC Box truck ကို ဝယ်ယူလိုတဲ့လူကြီးမင်းများကို Win Progress Showroom ကနေ အသင့်စောင့်ကြိုလျက်နေပါတယ်ခင်ဗျာ။
1
စတီယာတိုင်ကောင်းကောင်းအလုပ်မလုပ်တဲ့အခါ ကားမောင်းရတာအခက်အခဲဖြစ်သလို အသက်အန္တရာယ်ကိုလည်း ထိခိုက်စေနိုင်ပါတယ်။ ဒီလိုမဖြစ်စေဖို ယာဥ်မောင်းသူများအတွက် စတီယာတိုင်မှာပြဿနာဖြစ်တဲ့အခါ သိနိုင်တဲ့အချက်လေးတွကို ဖော်ပြပေးလိုက်ပါတယ်။

စတီယာဝှီး တစ်ဖက်တည်းကပ်နေခြင်း၊ ကားလှည့်တဲ့အချိန်မှာ အသံဆူဆူတွေထွက်လာခြင်း၊ vibration(တုန်ခါမှု)တွေဖြစ်ခြင်း၊ လှည့်တဲ့အခါ ခပ်လျော့လျော့ဖြစ်နေခြင်း၊ မောင်းနေတဲ့အချိန်မှာ ကွေ့ဖိုခက်ခဲနေခြင်း စတဲ့အချက်တွေက စတီယာတိုင်(steering wheel)မှာ ပြဿနာရှိနေတာဖြစ်ပါတယ်။

✔️ စတီယာပန့် (Power Steering pump)
စတီယာပန့်က သင့်တော်တဲ့ဖိအားကိုထုတ်ပေးပြီး စတီယာတိုင်ကို ချောမွေ့စွာလည်ပတ်စေပါတယ်။ စတီယာပန့်မကောင်းတဲ့အခါ စတီယာတိုင်လှည့်ရတာပိုခက်ခဲစေပါတယ်။

✔️ စတီယာချောဆီ (Power Steering Fluid)
ပါဝါဆီနည်းနေတာကတော့ စတီယာတိုင်ပြဿနာထဲမှာ အဖြစ်အများဆုံးပဲဖြစ်ပါတယ်။

✔️ စတီယာကွင်း (Steering rack)
Steering wheel နဲ့ steering rack ကို အစိတ်အပိုင်းအများကြီးနဲ့ ဆက်ထားတာဖြစ်ပြီး နေ့စဉ်ကားမောင်းနှင်ခြင်းဟာ အထဲကဂျွိင့်တွေနဲ့ ပြွန်တွေကို ပိုပြီးမြန်မြန်ထိခိုက်စေပါတယ်။ အချိန်ကြာလာတာနဲ့အမျှ စတီယာတိုင်လှည့်ရတာ ပိုကျပ်စေပါတယ်။
1
မိတ်ဆွေတိုရဲ့ လုပ်ငန်းခွင်အတွက် အင်ဂျင်ပါဝါကြီးနဲ့ ဘယ်လမ်းခရီးမဆို အဆင်ပြေချောမွေ့စွာမောင်းနှင်နိုင်တဲ့ စွမ်းဆောင်မြင့် ကားတစ်စီးကိုလိုအပ်နေတယ်ဆိုရင်တော့ In Stock အသင့်ရရှိနိုင်တဲ့ JMC Dump Truck ကိုသာ ရွေးချယ်လိုက်ပါခင်ဗျာ။ 🤩

🇯🇵 ဂျပန်နိုင်ငံရဲ့နည်းပညာကိုအသုံးပြုပြီး တရုတ်နိုင်ငံမှထုတ်လုပ်တပ်ဆင်ထားတဲ့ အရည်အသွေးမြင့် JMC Dump Truck မှာဆိုရင်
✔️ Model Year - 2013
✔️ Engine Power - 2771 CC
✔️ Gearbox - ရှေ့ ၅ ချက် ၊ နောက် ၁ ချက်
✔️ Brake - Drum Brake
✔️ နောက် body dump - 45 degree အထိမြှင့်တင်နိုင်ခြင်း
✔️ Dump Body - ( 3900 * 1900*90) mm 2 ကျင်းဆန့်ခြင်း
✔️ ရောက်ရှိ Kilometer - 1**** ကျော်

ဆောက်လုပ်ရေးလုပ်ငန်းသုံး၊ စိုက်ပျိုးရေးနဲ့ သယ်ယူပိုဆောင်ရေးလုပ်ငန်းတွေအတွက် အထူးထုတ်လုပ်ထားတာဖြစ်ပါတယ်။ 🛠 Original Spare parts တွေကိုလည်း စျေးနှုန်းသက်သာစွာဖြင့် ဝယ်ယူရရှိနိုင်တဲ့အပြင် After Sales Service ဝန်ဆောင်မှုတွေကိုလည်း 🧑‍🔧 Technicians တွေက ဆောင်ရွက်ပေးမှာဖြစ်လို JMC Dump Truck ကို ကျွန်တော်တို Win Progress Showroom မှာ အချိန်စောင့်စရာမလိုဘဲ လာရောက်ဝယ်ယူနိုင်ပါတယ်ခင်ဗျာ။
1
တော်သတင်းလပြည့်နေ့ (ဂရုဓမ္မ အခါတော်နေ့)

🌕 တော်သလင်းလပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်တို၏အလေးအမြတ်ထားရာ နေ့ထူးနေ့မြတ်တစ်ရက်ဖြစ်ပါတယ်။ ဗုဒ္ဓမြတ်စွာဟောကြားတော်မူခဲ့သော ငါးရာငါးဆယ်ဇာတ်နိပါတ်တော်တွေထဲက ကုရုဓမ္မဇာတကကို အကြောင်းပြုပြီး "တော်သလင်းလပြည့်နေ့" ကို "ဂရုဓမ္မ အခါတော်နေ့" ဟုသတ်မှတ်ကြခြင်းဖြစ်ပါတယ်။

🪷 ယနေ့ တော်သလင်းလပြည့် "ဂရုဓမ္မအခါတော်နေ့" တွင် ခုနစ်သား၊ သမီးများအားလုံး ကောင်းကျိုးလိုအင်ဆန္ဒတွေနဲ့ပြည့်စုံပြီး လုပ်ငန်းစီးပွားများ တိုးတက်အောင်မြင်ကြပါစေကြောင်း Win Progress မိသားစုမှ ဆုတောင်းမေတ္တာပိုသပေးလိုက်ပါတယ်။

#WinProgress
#တော်သတင်းလပြည့်နေ့
လူကြီးမင်းအနေနဲ့ လောင်စာဆီသယ်ယူပိုဆောင်ရေးလုပ်ငန်းအတွက် အရည်အသွေးကောင်းမွန်ပြီး ဆီဂါလံများများဝင်ဆန့်နိုင်‌ သော နောက်တွဲ Aluminium ဆီဘောက်ဆာ ရှာနေပြီဆိုရင်တော့ ပရီမီယံပစ္စည်းတွေကိုအသုံးပြုထားပြီး ခိုင်ခံ့ပေါ့ပါးမှုအပြည့်ရှိတဲ့ 50000 Liter ဆံ့ CIMC Aluminium Trailer နဲ့မိတ်ဆက်ပေးလိုက်ပါတယ်။ 🫶

💥 CIMC Aluminium Trailer 💥

📌 စုစုပေါင်းဝင်ဆန့်နိုင်မှု - 50000 လီတာနဲ့
📌 အခန်းတစ်ခန်းကို 8,330 လီတာဝင်ဆံ့နိုင်ခြင်း
📌 အလူမီနီယံသတ္တုဆီဘောက်ဆာရဲ့ကိုယ်ထည်ကို အခန်း (၆) ခန်းဖြင့်ဖွဲစည်းထားခြင်း
📌 Anti-wave thickness (6) mm ပါရှိတာကြောင့် ဟန်ချက်တည်ငြိမ်စေခြင်း
📌 ဆီဘောက်ဆာအတွင်းမျက်နှာပြင်ကို သံချေးတက်ခြင်း၊ ယိုစိမ့်ခြင်းများမရှိအောင် ခေတ်မီနည်းပညာတွေနဲ့တည်ဆောက်ထားတာဖြစ်ပါတယ်။

💯 After Sales Service ကိုလည်း Skillful Technician တွေကိုယ်တိုင်ဆောင်ရွက်ပေးမှာဖြစ်လို In Stock အသင့်ရှိတဲ့ 50000 Liter ဆံ့ CIMC Aluminium Trailer ကို Win Progress Showroom မှာ စိတ်ချလက်ချသာလာရောက်ဝယ်ယူလိုက်ပါခင်ဗျာ။
သင့်လုပ်ငန်းအတွက် အရုန်းအဆွဲအားကောင်းကောင်းနဲ့ ခရီးလမ်းမှာသက်သောင့်သက်သာစီးနင်းနိုင်တဲ့ ကားတစ်စီးရှာနေလား?‼️

⛳️ ဒါဆိုရင်တော့ King Long မီနီဗန်အမျိုးအစားထဲက စွမ်းဆောင်ရည်မြင့် NEW KINGWIN-L Minivan (၁၅) ယောက်စီးကားလေးကို Win Progress Showroom မှာ အချိန်စောင့်စရာမလိုဘဲ In Stock အသင့်နဲ့ရရှိနိုင်ပါတယ်။

🔸 လုပ်ငန်းအတွက်ပဲသုံးသုံး၊ ရုံးပဲသုံးသုံး ရုန်းအားကောင်းတဲ့အင်ဂျင်ပါဝါကြောင့် ဘယ်လိုလမ်းမျိုးကိုမဆို အဆင်ပြေပြေသွားလာနိုင်တဲ့ကားတစ်စီးဖြစ်ပါတယ်။ အတွင်းခန်းကျယ်ဝန်းပြီး တစ်ယောက်ထိုင်ခုံတွေဖြစ်တာကြောင့် လူဦးရေ (၁၅) ယောက်အထိ သက်တောင့်သက်သာစီးနင်းနိုင်ပါတယ်။

After Sales Service အတွက်လည်း Warranty (3) နှစ် (သို) ကီလိုမီတာ (10,000) အာမခံပေးထားပြီး Original Spare parts တွေလည်း စျေးနှုန်းသင့်တင့်စွာနဲ့ဝယ်ယူရရှိနိုင်မှာဖြစ်လို NEW KINGWIN-L Minivan ကားလေးကို စိတ်ချစွာဝယ်ယူလိုက်ပါခင်ဗျာ။
Media is too big
VIEW IN TELEGRAM
ြမ်းတမ်းတဲ့တောလမ်းခရီးတွေမှာတောင် လေးလံတဲ့မြေစိုင်မြေခဲတွေကိုသယ်ဆောင်ပြီး ကြံ့ခိုင်သန်စွမ်းမှုရှိရှိနဲ့ ပေါ့ပါးမြန်ဆန်စွာပိုဆောင်နိုင်တဲ့ SHACMAN F3000 Super Edition Dump Truck ရဲ့ လုပ်ဆောင်ပုံတွေကို အောက်ပါ video လေးမှာ အသေးစိတ်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ။

လူကြီးမင်းတိုအနေနဲ့ လုပ်ငန်းအတွက် Dump Truck ကားကောင်းတစ်စီးရှာနေတယ်ဆိုရင်တော့ Win Progress ကို ဆက်သွယ်လိုက်ပါခင်ဗျာ။

Hotline - 09 977835758, 09 977835676
Showroom လိပ်စာ - အမှတ် (၁/၃)၊ ရန်ကုန်တိုးချဲ့စက်မှုဇုံ (၁)၊ မင်္ဂလာဒုံမြိုနယ်၊ ရန်ကုန်။
CT - UD Quester ကားများအတွက်
Original Spare parts တွေလိုအပ်နေပြီလား?
--------------------------------------------------------------------------------

UD Quester ကားကြီးတွေအတွက် အပိုပစ္စည်း (Spare parts) လိုအပ်နေတဲ့ လူကြီးမင်းများအတွက် Win Progress မှာ လိုသလောက်ဝယ်ယူရရှိနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။

UD Quester ကားတွေအတွက် မူလအရည်အသွေးမပျက် Original Spare parts တွေဖြစ်တဲ့
✔️ Bumber
✔️ Instrument cluster
✔️ Clutch servo repair kit ရရှိနိုင်ပါတယ်။

🛠 အပိုပစ္စည်းဝယ်ယူပြီးတဲ့အခါ 🧑‍🔧 ကျွမ်းကျင် Service Engineer များကိုယ်တိုင် သေချာလဲလှယ်တပ်ဆင်ပေးမှာဖြစ်လို Win Progress ကိုသာစိတ်ချစွာ လှမ်းခဲ့ပါခင်ဗျာ။🫶
CT - ဝယ်ယူပြီးနောက်ပိုင်း အကောင်းဆုံးဆောင်ရွက်ပေးနေတဲ့
After Sales Service
--------------------------------------------------------------------

💁‍♂️ လူကြီးမင်းတိုရဲ့ကားကျန်းမာရေးအတွက် After Sales Service ဆို စိတ်ကျေနပ်မှုအပြည့်ရရှိအောင်ဆောင်ရွက်ပေးတဲ့ Service Center လေးဆိုရင်တော့ Win Progress ရှိပါတယ်။

ကျွန်တော်တို Win Progress မှ ဝယ်ယူထားတဲ့ကားတွေအတွက် လိုအပ်တဲ့ After Sales Service ဝန်ဆောင်မှုတွေကို ကျွမ်းကျင်ဝါရင့် Skillful Technicians တွေက အမြန်ဆုံးနဲ့အကောင်းဆုံးဖြစ်အောင် ကူညီဆောင်ရွက်ပေးနေပါတယ်။

ဒါ့အပြင် 🛠 ကားအတွက်လိုအပ်တဲ့ Original Spare parts တွေကိုလည်း စျေးနှုန်းသင့်တင့်စွာနဲ့ဝယ်ယူရရှိနိုင်မှာဖြစ်လို Win Progress Service Center ကိုလာခဲ့လိုက်ပါခင်ဗျာ။
🎂🎉 Happy October Birthday!! 🎂🎉

🎊 ပျော်ရွှင်ကြည်နူးဖွယ်မွေးနေ့လေးဖြစ်ပါစေ။
🌟 မွေးနေ့မှစ၍ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းတွေနဲ့ပြည့်စုံပြီး
😍 အများအကျိုး ဘာသာအကျိုး သာသနာအကျိုးကို
ဆထက်တပိုး သယ်ပိုးဆောင်ရွက်နိုင်ကြပါစေ။
💛 ပျော်ရွှင်ချမ်းမြေ့သာယာတဲ့ဘဝလေးကို ပိုင်ဆိုင်နိုင်ကြပါစေကြောင်း
Win Progress မိသားစုမှ ဆုမွန်ပြုလိုက်ပါတယ်။