Forwarded from Myanmar Wikimedia Community User Group
၂၀၀၄ ခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့မှာ စတင်ခဲ့တဲ့ မြန်မာဘာသာစကား ဝီကီပီးဒီးယားဟာ ဒီနေ့မှာ နှစ်ပေါင်း ၂၀ ပြည့်မြောက်ခဲ့ပါပြီ။
မြန်မာဝီကီပီးဒီးယားမှာ ဆောင်းပါးပေါင်း တစ်သိန်းကျော်ကို မြန်မာဘာသာနဲ့ https://my.wikipedia.org ကနေတဆင့် ဖတ်ရှုလေ့လာနိုင်ပါတယ်။
🎉🎉Happy 20th birthday, Myanmar Wikipedia!

❤6👍2
Forwarded from Myanmar Wikimedia Community User Group
စာအုပ်အနေနဲ့ ထုတ်ဝေထားပြီးဖြစ်တဲ့ မြန်မာအဘိဓာန်တွေမှာ ဖရုသဝါစာဖြစ်စေတဲ့ မြန်မာဝေါဟာရ စကားလုံးတွေကို ဖော်ပြထားခြင်းမရှိခဲ့ပေမယ့် အွန်လိုင်းအခမဲ့အဘိဓာန်ဖြစ်တဲ့ မြန်မာဝစ်ရှင်နရီမှာ မြန်မာ ဖရုသဝါစာ ဝေါဟာရအချို့ကို ပြုစုဖော်ပြပေးထားပါတယ်။
ဝေါဟာရတွေကို https://w.wiki/AyHR ကနေ ဝင်ရောက်လေ့လာလိုက်ပါ။
#Wiktionary
#BurmeseWiktionary
#MyanmarWiktionary
#mywiktionary
#MWCUG

👍5🐳1
Forwarded from Myanmar Wikimedia Community User Group
🌟 Exciting Announcement! 🌟
We are thrilled to share that the Tai Nüa Wikipedia, also known as Dehong Tai Wikipedia, will be launching soon! This marks the first Wikimedia project for the Tai Nüa language.
Tai Nüa Wikipedia will serve as a valuable resource for knowledge sharing and cultural expression in our language. We invite everyone to get involved and help build this important platform.
Stay tuned for more updates on our launch and how you can contribute!
Let’s celebrate our language and community together! 📚✨
#TaiNüaWikipedia #DehongTai #Wikimedia #WikimediaMyanmar #MWCUG

📣 Big News! 📣
We are excited to announce that Shan Wikinews will be launching soon! This project marks the fifth Wikimedia initiative in the Shan language and the thirteenth project of the Myanmar Wikimedia Community User Group.
Shan Wikinews aims to provide timely and reliable news coverage, giving a voice to the Shan community and promoting local stories. We invite everyone to join us in this effort and contribute to building a vibrant news source.
Stay tuned for updates on our launch and how you can get involved!
Let’s make our voices heard! 📰✨
#ShanWikinews #Wikimedia #WikimediaMyanmar #MWCUG #CommunityEngagement

ရှမ်းဘာသာစကားရဲ့ ပဉ္စမမြောက် ဝီကီမီဒီယာ ပရောဂျက်ဖြစ်တဲ့ Wikinews (ဝီႇၶီႇၶၢဝ်ႇ) ကို လွှင့်တင်ထားပြီး ဖြစ်ပါတယ်။ ဝီကီနယူးစ် ပရောဂျက်ဟာ ဝီကီမီဒီယာ ဖောင်ဒေးရှင်းရဲ့ ပရောဂျက်တွေထဲက တစ်ခုအပါအဝင်ဖြစ်ပြီး သတင်းအစီရင်ခံစာတွေ၊ သတင်းအနှစ်ချုပ်တွေကို ဘက်မလိုက်အမြင်ကနေ စုစည်းရေးသားထားရှိတဲ့ ပရောဂျက်ဖြစ်ပါတယ်။
ရှမ်းဘာသာစကား ဝီကီနယူးစ် ကို ၂၀၂၂ ခုနှစ် ဇွန်လမှ စမ်းသပ်ပရောဂျက်အဖြစ် စတင်ခဲ့ပြီးနောက် ဝီကီမီဒီယာ ဘာသာစကားကော်မတီရဲ့ အတည်ပြုချက်ရရှိခဲ့ကာ ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၂၄ ရက်နေ့မှာ ဒိုမိန်းအခွဲဖြစ်တဲ့ https://shn.wikinews.org မှာ လွှင့်တင်နိုင်ခဲ့ပါတယ်။
ရှမ်းဘာသာစကား ဝီကီနယူးစ်မှာ ကမ္ဘာတလွှား ဖြစ်ပျက်လျက်ရှိနေတဲ့ သတင်းအနှစ်ချုပ်တွေကို ရှမ်းဘာသာစကားနဲ့ ဖတ်ရှုနိုင်မှာ ဖြစ်ပါတယ်။
#Shan
#ShanWikinews
#WikimediaMyanmar

👍1
Did You Know?
သင် သိပါသလား။
၁၉၀၅ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့မှာ မြန်မာတစ်နိုင်ငံလုံးအတွက် မြန်မာစံတော်ချိန် (GMT+6:30) ကို စတင်သုံးစွဲဖို့ သတ်မှတ်ခဲ့ပေမယ့် ရန်ကုန်မြို့မှာတော့ ၁၈၇၇ ခုနှစ် နှောင်းပိုင်းမှာ စတင်သုံးစွဲခဲ့တဲ့ Rangoon Mean Time (GMT+6:24:40) ကို ၁၉၂၉ ခုနှစ်အထိ ဆက်လက်သုံးစွဲခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ မြန်မာစံတော်ချိန်ကို (Burma Standard Time) ကို ၁၉၀၅ ခုနှစ်ကနေ ၁၉၄၂ ခုနှစ်အထိ သုံးစွဲခဲ့ပြီး ၁၉၄၂ ခုနှစ် မေလ ၁ ရက်နေ့ကနေ ၁၉၄၅ ခုနှစ် မေလ ၂ ရက်နေ့အထိ ဂျပန်ကိုလိုနီ ကာလအတွင်းမှာ ဂျပန်စံတော်ချိန်ကို ပြောင်းလဲသုံးစွဲခဲ့ပါတယ်။ အဲဒီနောက် ၁၉၄၅ ခုနှစ် မေလ ၃ ရက်နေ့ကနေ ယနေ့အထိ မြန်မာစံတော်ချိန်ကို ဆက်လက်သုံးစွဲနေပါတယ်။
ဆက်လက် ဖတ်ရှုဖို့ ➡ https://w.wiki/BNkK
#DYK #DidYouKnow #mywiki #MyanmarWikipedia #MWCUG

❤1
Forwarded from Myanmar Wikimedia Community User Group
🎉 Wonderful News! 🎉
We are excited to announce the first-ever Rakhine language-focused Wikimedia project, Rakhine Wikipedia (Arakan Wikipedia), which will become available soon!
We are honored to be a part of this important effort to preserve and promote the Rakhine language and culture. The 14th Wikimedia project under the Myanmar Wikimedia Community User Group will be the Rakhine Wikipedia!
Join us in celebrating this new chapter in the world of free knowledge for the Rakhine-speaking community, and stay tuned for future updates on this exciting work! 💬✍️
Follow ➡️ https://www.facebook.com/arakanwikipediainfo
Visit test project ➡️ https://w.wiki/BQNU
#RakhineWikipedia #ArakanWikipedia #WikimediaMyanmar #FreeKnowledge #LanguageDiversity #RakhineLanguage #MWCUG

တိုင်းလေဘာသာစကားအတွက် ပထမဆုံးသော ဝီကီမီဒီယာ စီမံကိန်းဖြစ်တဲ့ တိုင်းလေဝီကီပီးဒီးယား Tai Nuea Wikipedia ကို ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁၄ ရက်နေ့မှာ စတင်လွှင့်တင်ထားခဲ့ပါပြီ။ အသစ်လွှင့်တင်လိုက်တဲ့ တိုင်းလေဝီကီပီးဒီးယားမှာ ဆောင်းပါးပေါင်း ၄၀၀ ကျော်ကို တိုင်းလေဘာသာစကားနဲ့ လေ့လာနိုင်မှာ ဖြစ်သလို ဝီကီမီဒီယာ ဝဘ်ဆိုဒ်အသွင်အပြင်ကိုလည်း တိုင်းလေဘာသာစကားနဲ့ ပြောင်းလဲ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
တိုင်းလေဝီကီပီးဒီးယားကို ၂၀၂၂ ခုနှစ်မှာ စမ်းသပ်စီမံကိန်းအနေနဲ့ တက်တက်ကြွကြွ ပူးပေါင်းရေးသားခဲ့ကြတာကနေ ယခု ၂၀၂၄ ခုနှစ်မှာ ကိုယ်ပိုင်ဒိုမိန်းခွဲအနေနဲ့ လွှင့်တင်နိုင်ခဲ့ပါပြီ။ တိုင်းလေဝီကီပီးဒီးယား ဆက်လက်ဖွံ့ဖြိုးစေဖို့ ဝိုင်းဝန်းပံ့ပိုးပေးဖို့လည်း ဖိတ်ခေါ်လိုက်ပါတယ်။
လေ့လာရန် ➡ https://tdd.wikipedia.org
#TaiNüaWikipedia #DehongTai #tddwiki #Wikimedia #WikimediaMyanmar #MWCUG
တိုင်းလေဝီကီပီးဒီးယားကို ၂၀၂၂ ခုနှစ်မှာ စမ်းသပ်စီမံကိန်းအနေနဲ့ တက်တက်ကြွကြွ ပူးပေါင်းရေးသားခဲ့ကြတာကနေ ယခု ၂၀၂၄ ခုနှစ်မှာ ကိုယ်ပိုင်ဒိုမိန်းခွဲအနေနဲ့ လွှင့်တင်နိုင်ခဲ့ပါပြီ။ တိုင်းလေဝီကီပီးဒီးယား ဆက်လက်ဖွံ့ဖြိုးစေဖို့ ဝိုင်းဝန်းပံ့ပိုးပေးဖို့လည်း ဖိတ်ခေါ်လိုက်ပါတယ်။
လေ့လာရန် ➡ https://tdd.wikipedia.org
#TaiNüaWikipedia #DehongTai #tddwiki #Wikimedia #WikimediaMyanmar #MWCUG
Forwarded from Myanmar Wikimedia Community User Group
ဝီကီရင်းမြစ်ဟာ ဝီကီပီးဒီးယား၊ ဝစ်ရှင်နရီ စတဲ့ စီမံကိန်းတွေကို စီမံခန့်ခွဲနေတဲ့ အကျိုးအမြတ်မယူသော အဖွဲ့အစည်း ဝီကီမီဒီယာ ဖောင်ဒေးရှင်း Wikimedia Foundation ရဲ့ စီမံကိန်းတစ်ခုဖြစ်ပါတယ်။ အများပြည်သူပိုင်ဖြစ်နေတဲ့ စာပေမှတ်တမ်း ရင်းမြစ်စာသားတွေကို စုစည်းထားတဲ့ ဝီကီရင်းမြစ်ဟာ အခမဲ့အွန်လိုင်းစာကြည့်တိုက်တစ်ခုအနေနဲ့ ဆောင်ရွက်ပေးဖို့ ရည်ရွယ်ပါတယ်။
မြန်မာဘာသာနဲ့ လေ့လာဖတ်ရှုနိုင်မယ့် Myanmar Wikisource - မြန်မာဝီကီရင်းမြစ် ကို ၂၀၂၄ ခုနှစ် ဧပြီလမှာ လွှင့်တင်ခဲ့ပြီး ယခုအချိန်မှာ ခေတ်အဆက်ဆက်က ကျောက်စာ၊ ပေစာ၊ စာချုပ်စာတမ်း၊ ဥပဒေ၊ မိန့်ခွန်း၊ ကြေညာချက် စတဲ့ မြန်မာစာပေ မှတ်တမ်းအမျိုးမျိုး ၃၈၀၀ ကျော်ကို လေ့လာနိုင်မှာ ဖြစ်ပါတယ်။
Learn more ➡ https://my.wikisource.org
#BurmeseWikisource #MyanmarWikisource #WikimediaMyanmar #MWCUG #FreeLibrary
မြန်မာဘာသာနဲ့ လေ့လာဖတ်ရှုနိုင်မယ့် Myanmar Wikisource - မြန်မာဝီကီရင်းမြစ် ကို ၂၀၂၄ ခုနှစ် ဧပြီလမှာ လွှင့်တင်ခဲ့ပြီး ယခုအချိန်မှာ ခေတ်အဆက်ဆက်က ကျောက်စာ၊ ပေစာ၊ စာချုပ်စာတမ်း၊ ဥပဒေ၊ မိန့်ခွန်း၊ ကြေညာချက် စတဲ့ မြန်မာစာပေ မှတ်တမ်းအမျိုးမျိုး ၃၈၀၀ ကျော်ကို လေ့လာနိုင်မှာ ဖြစ်ပါတယ်။
Learn more ➡ https://my.wikisource.org
#BurmeseWikisource #MyanmarWikisource #WikimediaMyanmar #MWCUG #FreeLibrary
Forwarded from Myanmar Wikimedia Community User Group
"မင်းထိပ်ဦးနေ ဧချင်း" ဟာ ဝန်ကြီးပဒေသရာဇာ ရေးသားခဲ့တဲ့ ဧချင်းတစ်ပုဒ်ဖြစ်ပါတယ်။ ဧချင်းအဖွဲ့ခံမင်းသမီး မင်းထိပ်ဦးနေ ရဲ့ ခမည်းတော် အိမ်ရှေ့မင်း မဟာဓမ္မရာဇာ ရဲ့ အိမ်တော်တက်အခမ်းအနားကို ရေးဖွဲ့ထားတဲ့ ဧချင်းဖြစ်ပါတယ်။
ပိုဒ်ရေ ၃၂ ပိုဒ် ပါရှိပြီး မင်းဆက်ရာဇဝင်အဖွဲ့ ၆ ပိုဒ်နဲ့ မင်းထိပ်ဦးနေမင်းသမီးအဖွဲ့၊ ခမည်းတော်အဖွဲ့ နဲ့ မယ်တော်အဖွဲ့တို့ကို ပိုဒ်ရေ ၂၆ တို့နဲ့ ဖွဲ့ဆိုထားပါတယ်။
ဝန်ကြီးပဒေသရာဇာရဲ့ မင်းထိပ်ဦးနေ ဧချင်းအပြည့်အစုံကို မြန်မာဝီကီရင်းမြစ်စာမျက်နှာ https://w.wiki/ChMU မှာ ဝင်ရောက်လေ့လာဖတ်ရှုနိုင်ပါပြီ။

❤2👍2
၁၇၅၆ ခုနှစ် မေလ ၇ ရက်နေ့မှာ မြန်မာဘုရင် အလောင်းမင်းတရားက ဗြိတိန်ပြည့်ရှင် ဒုတိယမြောက် ဂျော့ဘုရင်ထံ လန်ဒန်မြို့သို့ ပေးပို့ခဲ့တဲ့ မြန်မာဘာသာနဲ့ ရေးသားထားတဲ့ ရွှေသားလက်ရေးမူကို ဂျာမနီနိုင်ငံ ဟန်နိုဗာမှာရှိတဲ့ Gottfried Wilhelm Leibniz စာကြည့်တိုက်မှာ ထိန်းသိမ်းထားပါတယ်။ ၂၀၁၅ ခုနှစ် အောက်တိုဘာလမှာ ရွှေပေစာကို မြန်မာ၊ ဂျာမနီနှင့် ဗြိတိန်တို့ရဲ့ ဘုံအမွေအနှစ်အနေနဲ့ ယူနက်စကို ကမ္ဘာ့မှတ်တမ်းအမွေအနှစ် အဖြစ် စာရင်းဝင်ခဲ့ပါတယ်။
ရွှေပေစာအကြောင်း လေ့လာဖို့ - https://w.wiki/EM2v
ရွှေပေစာပေါ်က စာသားများ - https://w.wiki/EM2e
#MWCUG
#WikimediaMyanmar
#MyanmarWikisource
#MyanmarWikipedia

❤5🐳1
Forwarded from Myanmar Wikimedia Community User Group
သင်သိပါသလား။
ဝစ်ရှင်နရီ (Wiktionary) ဟာ သင်နေ့စဉ်သုံးနေကျ အဘိဓာန်တစ်ခုထက် အများကြီး ပိုမိုကျယ်ပြန့်ပါတယ်။ ၎င်းဟာ ကမ္ဘာတစ်ဝှမ်းက ဘာသာစကားပေါင်း ၄၀၀၀ ကျော်အတွက် ဝေါဟာရတွေကို စုစည်းထားတဲ့ ကမ္ဘာလုံးဆိုင်ရာ ဘာသာစကားဘဏ္ဍာတိုက်ကြီးတစ်ခု ဖြစ်ပါတယ်။
ဒီလို ကမ္ဘာလုံးဆိုင်ရာ ကြိုးပမ်းမှုရဲ့ အစိတ်အပိုင်းတစ်ခုအနေနဲ့ ကျွန်ုပ်တို့ရဲ့ မြန်မာဝီကီမီဒီယာ မိသားစုဝင်တွေဖြစ်တဲ့ မြန်မာဝစ်ရှင်နရီ၊ ရှမ်းဝစ်ရှင်နရီ၊ မွန်ဝစ်ရှင်နရီနဲ့ ပအိုဝ်းဝစ်ရှင်နရီ တို့ကလည်း မိခင်ဘာသာစကားရဲ့ ကြွယ်ဝမှု၊ နက်နဲမှုနဲ့ အလှတရားတွေကို မှတ်တမ်းတင်ဖို့ ကြိုးပမ်းလျက်ရှိပါတယ်။ စကားလုံးတစ်လုံးချင်းစီရဲ့ အဓိပ္ပာယ်၊ သဒ္ဒါ၊ ဇစ်မြစ်နဲ့ အသုံးကွဲတွေကို စုစည်းခြင်းအားဖြင့် မိခင်ဘာသာစကား စာပေရဲ့ အမွေအနှစ်ကို နောင်မျိုးဆက်တွေအတွက် ဆက်လက်ရှင်သန်အောင် ကူညီပေးနေတာ ဖြစ်ပါတယ်။
မြန်မာဝစ်ရှင်နရီ ➡ my.wiktionary.org
ရှမ်းဝစ်ရှင်နရီ ➡ shn.wiktionary.org
မွန်ဝစ်ရှင်နရီ ➡ mnw.wiktionary.org
ပအိုဝ်းဝစ်ရှင်နရီ ➡ blk.wiktionary.org

သင်ဟာ ဝီကီပီးဒီးယားမှာ တက်ကြွစွာပါဝင်တည်းဖြတ်နေသူတစ်ယောက်လား။ ဒါဆိုရင်တော့ သင့်အတွက် သတင်းကောင်းတစ်ခုရှိပါတယ်။ ဝီကီပီးဒီးယားစာကြည့်တိုက်ကနေ ကမ္ဘာ့ထိပ်တန်း သုတေသနဒေတာဘေ့စ်တွေ၊ သတင်းစာတွေ၊ ဂျာနယ်တွေနဲ့ စာအုပ်ပေါင်းများစွာကို အခမဲ့ရယူသုံးစွဲနိုင်ပြီ ဖြစ်ပါတယ်။
ဝီကီပီးဒီးယားစာကြည့်တိုက်ဟာ ဝီကီပီးဒီးယားတည်းဖြတ်သူတွေကို ယုံကြည်စိတ်ချရတဲ့ သတင်းအချက်အလက်တွေနဲ့ ချိတ်ဆက်ပေးဖို ဖန်တီးထားတဲ့ ပလက်ဖောင်းတစ်ခုဖြစ်ပါတယ်။ ပုံမှန်အားဖြင့် လစဉ်ကြေးပေးသွင်းပြီးမှသာ သုံးစွဲနိုင်တဲ့ အဖိုးတန်သတင်းရင်းမြစ်ပေါင်း ၁၀၀ ကျော်ကို အခမဲ့ရယူနိုင်မှာဖြစ်ပါတယ်။
ဒီစာကြည့်တိုက်ကနေတစ်ဆင့် သင်ဝင်ရောက်ကြည့်ရှုနိုင်မယ့် နမူနာအချိုကတော့:
NewspaperARCHIVE
SpringerLink
Wiley
American Medical Association Journals
JSTOR
ဝီကီပီးဒီးယားစာကြည့်တိုက်ကို အလိုအလျောက်သုံးစွဲခွင့်ရဖိုအတွက် အောက်ပါအချက်တွေနဲ့ ကိုက်ညီဖိုလိုအပ်ပါတယ်:
အနည်းဆုံးတည်းဖြတ်မှု အကြိမ် ၅၀၀ ပြုလုပ်ပြီးဖြစ်ရပါမယ်။
တည်းဖြတ်သက်တမ်း အနည်းဆုံး ၆ လရှိရပါမယ်။
လွန်ခဲ့တဲ့ ရက် ၃၀ အတွင်း အနည်းဆုံးတည်းဖြတ်မှု ၁၀ ကြိမ်ပြုလုပ်ထားရပါမယ်။
ပိတ်ပင်ခံထားရခြင်း (block) မရှိရပါဘူး

❤3🐳1
Forwarded from Myanmar Wikimedia Community User Group
ကရင်ဘာသာစကား ဝီကီပီးဒီးယားများ ဖြစ်မြောက်ရေးအတွက် Karen Dictionary Team က ဦးဆောင်စီစဉ်ပြီး Myanmar Wikimedia Community User Group က ပါဝင်ပံ့ပိုးပေးထားတဲ့ ကရင်ဘာသာစကား ဝီကီပီးဒီးယားများဆီသို့ "Road to Karen Wikipedia" အစီအစဉ်ကို အောက်ပါအတိုင်း ပြုလုပ်သွားမှာ ဖြစ်ပါတယ်။
• နေ့ရက် ။ ။ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂၉ ရက် (သောကြာနေ့)
• အချိန် ။ ။ မြန်မာစံတော်ချိန် ည ၇:၀၀ နာရီ
• နေရာ ။ ။ Zoom Meeting
Meeting ID: 643 816 5409
Passcode: 1234asdf
ကရင်ဘာသာစကား ဝီကီပီးဒီးယားများ ဖြစ်ပေါ်လာစေရေးအတွက် စိတ်ပါဝင်စားသူ မည်သူမဆို တက်ရောက်လေ့လာနိုင်ပါတယ်။
#MWCUG #WikimediaMyanmar
#Karen #KarenWikipedia #Karenwiki #kswwiki #kjpwiki #pwowiki

🐳2
Forwarded from Myanmar Wikimedia Community User Group
ရခိုင်ဘာသာစကား ဝီကီပီးဒီးယားကို စတင်လွှင့်တင်လိုက်ပြီ ဖြစ်တဲ့အကြောင်း ဝမ်းမြောက်စွာ အသိပေးအပ်ပါတယ်။
ယခုအခါတွင် ရခိုင်ဘာသာစကားဖြင့် ရေးသားထားသော ဆောင်းပါးပေါင်း ၉၆၆ ပုဒ်ကို စတင်ဖတ်ရှုလေ့လာနိုင်ပါပြီ။
ရခိုင်ဝီကီပီးဒီးယားဟာ Myanmar Wikimedia Community User Group ရဲ့ ဆဋ္ဌမမြောက် ဝီကီပီးဒီးယား ပရောဂျက်ဖြစ်ပြီး၊ မြန်မာနိုင်ငံအတွက် (၁၄) ခုမြောက် ဝီကီမီဒီယာ ပရောဂျက်တစ်ခုလည်း ဖြစ်ပါတယ်။
ရခိုင်ဘာသာစကားနဲ့ အသိပညာဗဟုသုတများကို ဒီဂျစ်တယ်ကမ္ဘာတွင် ရှင်သန်ကြီးထွားစေရန်အတွက် စိတ်ပါဝင်စားသူများအားလုံး ဝင်ရောက်ဖတ်ရှုကြဖို့နှင့် အတူတကွ ပူးပေါင်းပါဝင်၍ ဆောင်းပါးများ ရေးသားတည်းဖြတ်ကြဖို့ လေးစားစွာ ဖိတ်ခေါ်အပ်ပါတယ်။
ရခိုင်ဝီကီပီးဒီးယားသို့ ဝင်ရောက်ကြည့်ရှုရန် လိပ်စာမှာ - 🌐 rki.wikipedia.org

❤1🐳1
သင်သိပါသလား?
အင်ဒရိုမီဒါ ဂလက်ဆီသည် ကျွန်ုပ်တို့၏ အနီးဆုံး အိမ်နီးချင်း ဂလက်ဆီ ဖြစ်ကြောင်း သင်သိပါသလား။ ကြည်လင်သောညတွင် သာမန်မျက်စိဖြင့် မြင်နိုင်လောက်အောင် ကြီးမားပြီး M31 ဟုလည်းသိကြသော ဤခရုပတ်ပုံဂလက်ဆီသည် ကမ္ဘာမှ အလင်းနှစ် ၂.၅ သန်းခန့် ကွာဝေးသည်။ ၎င်းတွင် ကြယ်ပေါင်း တစ်ထရီလီယံမျှ ရှိပြီး ကျွန်ုပ်တို့၏ မစ်ကီဝေးဂလက်ဆီ နှင့် အခြားသေးငယ်သော ဂလက်ဆီ ၄၄ ခုခန့်ပါဝင်သော ကျွန်ုပ်တို့၏ Local Group တွင် အကြီးဆုံးဂလက်ဆီ ဖြစ်သည်။
ဆက်လက်ဖတ်ရှုရန် ➡️ https://w.wiki/FKdZ

❤3👍1🐳1
Forwarded from Myanmar Wikimedia Community User Group
We are pleased to announce that the 2025 Annual Report of the Myanmar Wikimedia Community User Group is now available.
This report highlights our activities from January 1 to December 31, 2025. You can read the full report at the link below.
🔗 Read here: https://meta.wikimedia.org/wiki/Myanmar_Wikimedia_Community_User_Group/Reports/2025
A special thank you to everyone who contributed to the Community's work during this period.

❤2
🛣 မြန်မာနိုင်ငံရဲ့ လမ်းမကြီးများအကြောင်း သင်သိပါသလား။
မြန်မာနိုင်ငံတစ်ဝန်း ကုန်စည်စီးဆင်းမှုနဲ့ ခရီးသွားလာမှုတွေအတွက် အဓိကကျတဲ့ "မြန်မာနိုင်ငံရှိ လမ်းမကြီးများ" ကွန်ရက်မှာ လမ်းအမျိုးအစား (၅) မျိုး ပါဝင်ပါတယ်။
၁။ အမြန်လမ်းမကြီးများ (Expressways)
မြို့ကြီးတွေကို အချိန်တိုအတွင်း ဆက်သွယ်ပေးထားတဲ့ အဓိက သွေးကြောကြီးတစ်ခုပါပဲ။
၂။ ပြည်ထောင်စုလမ်းမကြီးများ (National Highways)
ပြည်နယ်နဲ့ တိုင်းဒေသကြီးအသီးသီးကို ချိတ်ဆက်ပေးထားတဲ့ လမ်းမကြီးတွေ ဖြစ်ပါတယ်။
၃။ အာရှ (အာဆီယံ) လမ်းမကြီးများ (Asian/ASEAN Highways)
နိုင်ငံတကာနဲ့ ကုန်သွယ်မှုပြုဖို့အတွက် အိမ်နီးချင်းနိုင်ငံတွေနဲ့ ချိတ်ဆက်ထားတဲ့ လမ်းမကြီးတွေဖြစ်ပါတယ်။
၄။ အဓိကလမ်းမကြီးများ (Main Arterials)
မြို့ကြီးတွေနဲ့ ဒေသအလိုက် အချက်အချာကျတဲ့ နေရာတွေကို ဆက်သွယ်ပေးတဲ့ လမ်းမကြီးများ ဖြစ်ပါတယ်။
၅။ လမ်းခွဲငယ်များ (Sub Arterials)
ဒေသတွင်း ဆက်သွယ်ရေး ပိုမိုကောင်းမွန်အောင် အဓိကလမ်းမကြီးတွေကနေတစ်ဆင့် ခွဲထွက်သွားတဲ့ လမ်းများ ဖြစ်ပါတယ်။
📌 ပိုမိုပြည့်စုံတဲ့ အချက်အလက်တွေကို အောက်ပါ လင့်ခ် မှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။
မြန်မာ 👉 https://w.wiki/J347
အင်္ဂလိပ် 👉 https://w.wiki/J34L