"မင်းထိပ်ဦးနေ ဧချင်း" ဟာ ဝန်ကြီးပဒေသရာဇာ ရေးသားခဲ့တဲ့ ဧချင်းတစ်ပုဒ်ဖြစ်ပါတယ်။ ဧချင်းအဖွဲ့ခံမင်းသမီး မင်းထိပ်ဦးနေ ရဲ့ ခမည်းတော် အိမ်ရှေ့မင်း မဟာဓမ္မရာဇာ ရဲ့ အိမ်တော်တက်အခမ်းအနားကို ရေးဖွဲ့ထားတဲ့ ဧချင်းဖြစ်ပါတယ်။
ပိုဒ်ရေ ၃၂ ပိုဒ် ပါရှိပြီး မင်းဆက်ရာဇဝင်အဖွဲ့ ၆ ပိုဒ်နဲ့ မင်းထိပ်ဦးနေမင်းသမီးအဖွဲ့၊ ခမည်းတော်အဖွဲ့ နဲ့ မယ်တော်အဖွဲ့တို့ကို ပိုဒ်ရေ ၂၆ တို့နဲ့ ဖွဲ့ဆိုထားပါတယ်။
ဝန်ကြီးပဒေသရာဇာရဲ့ မင်းထိပ်ဦးနေ ဧချင်းအပြည့်အစုံကို မြန်မာဝီကီရင်းမြစ်စာမျက်နှာ https://w.wiki/ChMU မှာ ဝင်ရောက်လေ့လာဖတ်ရှုနိုင်ပါပြီ။

👍2❤1
သင်သိပါသလား။
ဝစ်ရှင်နရီ (Wiktionary) ဟာ သင်နေ့စဉ်သုံးနေကျ အဘိဓာန်တစ်ခုထက် အများကြီး ပိုမိုကျယ်ပြန့်ပါတယ်။ ၎င်းဟာ ကမ္ဘာတစ်ဝှမ်းက ဘာသာစကားပေါင်း ၄၀၀၀ ကျော်အတွက် ဝေါဟာရတွေကို စုစည်းထားတဲ့ ကမ္ဘာလုံးဆိုင်ရာ ဘာသာစကားဘဏ္ဍာတိုက်ကြီးတစ်ခု ဖြစ်ပါတယ်။
ဒီလို ကမ္ဘာလုံးဆိုင်ရာ ကြိုးပမ်းမှုရဲ့ အစိတ်အပိုင်းတစ်ခုအနေနဲ့ ကျွန်ုပ်တို့ရဲ့ မြန်မာဝီကီမီဒီယာ မိသားစုဝင်တွေဖြစ်တဲ့ မြန်မာဝစ်ရှင်နရီ၊ ရှမ်းဝစ်ရှင်နရီ၊ မွန်ဝစ်ရှင်နရီနဲ့ ပအိုဝ်းဝစ်ရှင်နရီ တို့ကလည်း မိခင်ဘာသာစကားရဲ့ ကြွယ်ဝမှု၊ နက်နဲမှုနဲ့ အလှတရားတွေကို မှတ်တမ်းတင်ဖို့ ကြိုးပမ်းလျက်ရှိပါတယ်။ စကားလုံးတစ်လုံးချင်းစီရဲ့ အဓိပ္ပာယ်၊ သဒ္ဒါ၊ ဇစ်မြစ်နဲ့ အသုံးကွဲတွေကို စုစည်းခြင်းအားဖြင့် မိခင်ဘာသာစကား စာပေရဲ့ အမွေအနှစ်ကို နောင်မျိုးဆက်တွေအတွက် ဆက်လက်ရှင်သန်အောင် ကူညီပေးနေတာ ဖြစ်ပါတယ်။
မြန်မာဝစ်ရှင်နရီ ➡ my.wiktionary.org
ရှမ်းဝစ်ရှင်နရီ ➡ shn.wiktionary.org
မွန်ဝစ်ရှင်နရီ ➡ mnw.wiktionary.org
ပအိုဝ်းဝစ်ရှင်နရီ ➡ blk.wiktionary.org

ကရင်ဘာသာစကား ဝီကီပီးဒီးယားများ ဖြစ်မြောက်ရေးအတွက် Karen Dictionary Team က ဦးဆောင်စီစဉ်ပြီး Myanmar Wikimedia Community User Group က ပါဝင်ပံ့ပိုးပေးထားတဲ့ ကရင်ဘာသာစကား ဝီကီပီးဒီးယားများဆီသို့ "Road to Karen Wikipedia" အစီအစဉ်ကို အောက်ပါအတိုင်း ပြုလုပ်သွားမှာ ဖြစ်ပါတယ်။
• နေ့ရက် ။ ။ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂၉ ရက် (သောကြာနေ့)
• အချိန် ။ ။ မြန်မာစံတော်ချိန် ည ၇:၀၀ နာရီ
• နေရာ ။ ။ Zoom Meeting
Meeting ID: 643 816 5409
Passcode: 1234asdf
ကရင်ဘာသာစကား ဝီကီပီးဒီးယားများ ဖြစ်ပေါ်လာစေရေးအတွက် စိတ်ပါဝင်စားသူ မည်သူမဆို တက်ရောက်လေ့လာနိုင်ပါတယ်။
#MWCUG #WikimediaMyanmar
#Karen #KarenWikipedia #Karenwiki #kswwiki #kjpwiki #pwowiki

ရခိုင်ဘာသာစကား ဝီကီပီးဒီးယားကို စတင်လွှင့်တင်လိုက်ပြီ ဖြစ်တဲ့အကြောင်း ဝမ်းမြောက်စွာ အသိပေးအပ်ပါတယ်။
ယခုအခါတွင် ရခိုင်ဘာသာစကားဖြင့် ရေးသားထားသော ဆောင်းပါးပေါင်း ၉၆၆ ပုဒ်ကို စတင်ဖတ်ရှုလေ့လာနိုင်ပါပြီ။
ရခိုင်ဝီကီပီးဒီးယားဟာ Myanmar Wikimedia Community User Group ရဲ့ ဆဋ္ဌမမြောက် ဝီကီပီးဒီးယား ပရောဂျက်ဖြစ်ပြီး၊ မြန်မာနိုင်ငံအတွက် (၁၄) ခုမြောက် ဝီကီမီဒီယာ ပရောဂျက်တစ်ခုလည်း ဖြစ်ပါတယ်။
ရခိုင်ဘာသာစကားနဲ့ အသိပညာဗဟုသုတများကို ဒီဂျစ်တယ်ကမ္ဘာတွင် ရှင်သန်ကြီးထွားစေရန်အတွက် စိတ်ပါဝင်စားသူများအားလုံး ဝင်ရောက်ဖတ်ရှုကြဖို့နှင့် အတူတကွ ပူးပေါင်းပါဝင်၍ ဆောင်းပါးများ ရေးသားတည်းဖြတ်ကြဖို့ လေးစားစွာ ဖိတ်ခေါ်အပ်ပါတယ်။
ရခိုင်ဝီကီပီးဒီးယားသို့ ဝင်ရောက်ကြည့်ရှုရန် လိပ်စာမှာ - 🌐 rki.wikipedia.org

Forwarded from Shan Wikinews
တီႈ ဝီႇၶီႇၶၢဝ်ႇတႆး တႄႇထွမ်ႇပႃး သဵင်ဢၢၼ်ႇၶၢဝ်ႇ လႆႈယဝ်ႉ
-
ဝီႇၶီႇၶၢဝ်ႇ ၽႃႇသႃႇတႆး (http://shn.wikinews.org/) ၼႆႉ ၶဝ်ႈပႃး ၼႂ်း ၶူင်းၵၢၼ်ဝီႇၶီႇတႆး ဢၼ်ၼိုင်ႈယဝ်ႈ။ ဝီႇၶီႇၶၢဝ်ႇဢၼ်ဝႃႈၼႆႉတႄႉ ပဵၼ်ၼႃႈလိၵ်ႈၶၢဝ်ႇ ဢၼ်လွတ်ႈလႅဝ်းထၢင်ႇႁၢင်ႈ ဢၼ်လုၵ်ႉတီႈ ၾွင်ႇတေးသျိၼ်း ဝီႇၶီႇမီႇတီႇယႃႇ ပိုၼ်တၢင်ႇဝႆႉပၼ်ၼၼ်ႉယဝ်ႉ။
-
ၶူင်းၵၢၼ်ဝီႇၶီႇၶၢဝ်ႇ ၽႃႇသႃႇတႆးၼႆႉ ပေႃးဢဝ်ၼႂ်းမိူင်းဝႃႈၵေႃႈ ပဵၼ်ဢၼ်လႆႈဢွၼ်တၢင်းသုတ်းပိူၼ်ႈသေ တေႃႇထိုင်ယၢမ်းလဵဝ်ၵေႃႈ တိုၵ်ႉမီး ၽႃႇသႃႇတႆး ဢၼ်လဵဝ်ၵူၺ်း။
-
သင်ၸိူဝ်ႉဝႃႈ ၽူႈလႂ်ၽႂ် ၶႂ်ႈဢဝ် ၶၢဝ်ႇပိုၼ်ႉတီႈတၢင်ႇလႄႈသင်၊ ဢမ်ႇၼၼ် ၶႂ်ႈဢဝ်ၶၢဝ်ႇၵူႈမိူင်းမိူင်းတၢင်ႇလႄႈသင် ၸၢင်ႈႁူမ်ႈမိုဝ်းၵၼ်သေ တႅမ်ႈတၢင်ႇလႆႈ လွတ်ႈလွတ်ႈလႅဝ်းလႅဝ်းယူႇၶႃႈ။
-
ယၢမ်းလဵဝ်တႄႉၵေႃႈ လုၵ်ႉတီႈ ႁွင်ႈၵၢၼ်ၽၢႆႇဝီႇၶီႇၶၢဝ်ႇႁဝ်းၶႃႈ လႆႈတႄႇၽိုၵ်းပၼ် လုၵ်ႈဢွၼ်ႇၵူၼ်းၼုမ်ႇႁဝ်းၶဝ် တႃႇႁႂ်ႈမေႃဢၢၼ်ႇၶၢဝ်ႇဢွၵ်ႇသဵင်ၼႆလႄႈ ႁဝ်းၶႃႈ လႆႈတႄႇသႂ်ႇပႃး သဵင်မၼ်း ၼႆၶႃႈဢေႃႈ။ ပေႃး ဢမ်ႇမီးၶၢဝ်းယၢမ်းဢၢၼ်ႇလိၵ်ႈၵေႃႈ ပိုတ်ႇသဵင်မၼ်းသေ ထွမ်ႇငိၼ်းလႆႈယူႇ။ ယွၼ်ႉပိူဝ်ႈဝႃႈ တိုၵ်ႉပဵၼ် ၽွင်းၽိုၵ်းၵၼ်လႄႈ သင်ဝႃႈ သဵင်ဢၢၼ်ႇၶၢဝ်ႇမၼ်း ပႆႇတႅတ်ႈတေႃးလီၼႆၵေႃႈ ၶႅၼ်းတေႃႈ ပွင်ႇၸႂ်ပၼ်သေၵမ်း။ ၽူႈလႂ် သူင်ၽၢႆႇလႂ်ၵေႃႈ ယိၼ်းႁူမ်ၸူမ်း ႁပ်ႉတွၼ်ႈ တႃႇႁူမ်ႈမိုဝ်းၸွမ်းၵၼ်ယူႇၶႃႈ။
#shan #ShanLanguage #WikiNEWS

shn.wikinews.org
ဝီႇၶီႇၶၢဝ်ႇ
❤1
We are pleased to announce that the 2025 Annual Report of the Myanmar Wikimedia Community User Group is now available.
This report highlights our activities from January 1 to December 31, 2025. You can read the full report at the link below.
🔗 Read here: https://meta.wikimedia.org/wiki/Myanmar_Wikimedia_Community_User_Group/Reports/2025
A special thank you to everyone who contributed to the Community's work during this period.

မြန်မာစာ ရေးတဲ့အခါ မှားလေ့ရှိတဲ့ စာလုံးပေါင်းများ
ကျွန်တော်တို့ နေ့စဉ်အသုံးပြုနေတဲ့ မြန်မာစာလုံးပေါင်းတွေထဲမှာ မှားနေမှန်းမသိ မှားပြီး ရေးမိနေတာတွေ အများကြီးရှိပါတယ်။
မြန်မာ ဝီကီပီးဒီးယားရဲ့ စာလုံးပေါင်း ပြင်ဆင်ချက်မှတ်တမ်းတွေအရ အမှားအများဆုံးတွေ့ရတဲ့ စာလုံးပေါင်း (၂၀) ကို အမှား နှင့် အမှန် ယှဉ်တွဲပြီး ဖော်ပြပေးလိုက်ပါတယ်။ မိမိကိုယ်တိုင် ဘယ်နှလုံးလောက် မှန်အောင် ရေးနိုင်သလဲဆိုတာ စစ်ဆေးကြည့်လိုက်ပါဦး။
ဒီလိုမျိုး အမှားအမှန် သတ်ပုံတွေအကြောင်း အသေးစိတ် သိချင်တယ်ဆိုရင် မြန်မာစာလုံးပေါင်းတွေ၊ အဓိပ္ပာယ်ဖွင့်ဆိုချက်တွေနဲ့ ဝေါဟာရ ရင်းမြစ်တွေကို အချိန်မရွေး အခမဲ့ ရှာဖွေနိုင်ဖို့ Myanmar Wiktionary ရှိပါတယ်။
Myanmar Wiktionary ဆိုတာ လူတိုင်း ပါဝင်တည်းဖြတ်နိုင်တဲ့ အွန်လိုင်း အဘိဓာန်တစ်ခုဖြစ်ပြီး မြန်မာစာပေနဲ့ ဘာသာစကား မှန်ကန်စေဖို့အတွက် စုပေါင်းတည်ဆောက်ထားတာ ဖြစ်ပါတယ်။ သင်ကိုယ်တိုင်လည်း ဝေါဟာရအသစ်တွေ ဖြည့်စွက်ရင်း မြန်မာစာပေလောကအတွက် တစ်ဖက်တစ်လမ်းက ပါဝင်အားဖြည့်နိုင်ပါတယ်။
ဝင်ရောက်လေ့လာရန်: https://my.wiktionary.org
မြန်မာစာကို မှန်ကန်စွာ ရေးသားပြီး မိခင်ဘာသာစကားကို အတူတူ ထိန်းသိမ်းကြပါစို့။ ❤️

အခမဲ့ သတင်းအချက်အလက်တွေကို ဝီကီပုံစံနဲ့ စုပေါင်းရေးသားခဲ့ကြတဲ့ ဝီကီသတင်း Wikinews စီမံကိန်းဟာ ၂၁ နှစ်ကြာ ခရီးစဉ်အပြီးမှာ ရပ်နားသွားခဲ့ပါပြီ။ ဝီကီမီဒီယာဖောင်ဒေးရှင်းရဲ့ ဆုံးဖြတ်ချက်အရ ၂၀၂၆ ခုနှစ် မေလ ၄ ရက်နေ့က စတင်ကာ ကမ္ဘာတစ်ဝန်းရှိ Wikinews စာမျက်နှာအားလုံးကို အပြီးတိုင် ပိတ်သိမ်းလိုက်ပါတယ်။
ဒီစီမံကိန်းအောက်မှာ ဘာသာစကားအမျိုးမျိုးနဲ့ လည်ပတ်နေတဲ့ သတင်းဆိုက်ပေါင်း ၃၁ ခု ရှိတာပြီး ရှမ်းဘာသာစကားလည်း တစ်ခုအပါအဝင် ဖြစ်ခဲ့တာမို့ ပိုပြီးတော့ နှမြောဖို့ကောင်းပါတယ်။
ပိတ်သိမ်းရတဲ့ အကြောင်းရင်းကတော့ ပါဝင်ကူညီတဲ့ စေတနာ့ဝန်ထမ်း တည်းဖြတ်သူ အရေအတွက်က အရမ်းနည်းသွားပြီး ပိတ်သိမ်းတဲ့အချိန်မှာ ဘာသာစကား ၃၁ မျိုးလုံးအတွက် တည်းဖြတ်သူ ၇၀၀ လောက်ပဲ ကျန်တော့တာဖြစ်သလို၊ ဝီကီပီးဒီးယားပေါ်မှာပဲ သတင်းတွေကို သွားဖတ်ကြတာ ပိုများလာလို့ အခုလို ဆုံးဖြတ်လိုက်ရတာလို့ ဆိုပါတယ်။
အခုဆိုရင် မေလ ၄ ရက်နေ့ကစပြီး Wikinews စာမျက်နှာတွေအားလုံးကို အသစ်ပြင်လို့၊ ရေးလို့ မရတော့ဘဲ ဖတ်လို့ရရုံ (Read-only) အဆင့်ပဲ ထားရှိတော့မှာပါ။
ရှမ်းဘာသာစကားအပါအဝင် ဘာသာစကားအစုံနဲ့ ကြိုးစားခဲ့ကြတဲ့ ဝီကီအဖွဲ့သားတွေအားလုံးရဲ့ လုပ်ဆောင်ချက်တွေကတော့ အမှတ်တရအဖြစ် ကျန်နေခဲ့မှာပါပဲ။

🕊1
Forwarded from Myanmar Wikipedia
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ကျွန်းစုတွင် တည်ရှိသော လန်ပိကျွန်းအဏ္ဏဝါအမျိုးသားဥယျာဉ်သည် မြန်မာနိုင်ငံ၏ တစ်ခုတည်းသော အဏ္ဏဝါအမျိုးသားဥယျာဉ် ဖြစ်သည်။ ၁၉၉၆ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ကျွန်းမကြီးနှင့်တကွ ပတ်ဝန်းကျင်ရှိ ကျွန်းငယ်လေးများကိုပါ ထိန်းသိမ်းထားခြင်း ဖြစ်သည်။ ဤဒေသသည် ဒီရေတောများ၊ သန္တာကျောက်တန်းများ၊ ပင်လယ်မြက်ခင်းများနှင့် ရှားပါးရေနေသတ္တဝါများ ပေါကြွယ်ဝရာ နယ်မြေဖြစ်သည့်အပြင် "ပင်လယ်ဂျစ်ပစီ" ဟု လူသိများသော ဆလုံတိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှုများကိုပါ လေ့လာနိုင်သည့် အဖိုးတန် သဘာဝနယ်မြေတစ်ခု ဖြစ်သည်။
#LampiMarineNationalPark #MyeikArchipelago #MyanmarWikipedia #mwcug #DYK #DidYouKnow

Myanmar Wikisource - မြန်မာဝီကီရင်းမြစ် သည် အင်တာနက်ကွန်ရက်ပေါ်တွင် လွတ်လပ်စွာ ဖတ်ရှုနိုင်သော မြန်မာစာအုပ်စာပေများနှင့် သမိုင်းဝင်မှတ်တမ်းများ စုစည်းရာ ဒီဂျစ်တယ်စာကြည့်တိုက်တစ်ခု ဖြစ်သည်။ ယင်းသည် ဝီကီမီဒီယာ ဖောင်ဒေးရှင်း (Wikimedia Foundation ) ၏ အရေးပါသော စီမံကိန်းများအနက် တစ်ခုအပါအဝင်ဖြစ်ပြီး၊ မူပိုင်ခွင့်ကင်းလွတ်သော သို့မဟုတ် အများပြည်သူပိုင် (Public Domain) ဖြစ်သွားသော စာပေအမွေအနှစ်များကို အခမဲ့ လေ့လာနိုင်ရန် စုဆောင်းသိမ်းဆည်းထားခြင်း ဖြစ်သည်။ မြန်မာ့စာပေများကို ဒီဂျစ်တယ်နည်းပညာဖြင့် ရေရှည်တည်တံ့စေရန်နှင့် မည်သူမဆို အလွယ်တကူ လက်လှမ်းမီနိုင်စေရန် မြန်မာဝီကီရင်းမြစ်က ဆောင်ရွက်လျက်ရှိသည်။
#BurmeseWikisource #MyanmarWikisource #WikimediaMyanmar #MWCUG #FreeLibrary
#BurmeseWikisource #MyanmarWikisource #WikimediaMyanmar #MWCUG #FreeLibrary
Forwarded from Myanmar Wikipedia
တိဗက်ကုန်းပြင်မြင့်မှ မြစ်ဖျားခံ၍ မြန်မာနိုင်ငံ အရှေ့ပိုင်းကို ဖြတ်သန်းကာ ကပ္ပလီပင်လယ်သို့ စီးဝင်သော သံလွင်မြစ်သည် အရှည်ကီလိုမီတာ ၃,၂၈၉ ခန့် ရှည်လျားသည်။ ဤမြစ်ကြီး၏ အကြီးမားဆုံး ထူးခြားချက်မှာ အာရှတိုက်တွင် ရေကာတာကြီးများ ပိတ်ဆို့တည်ဆောက်ထားခြင်းမရှိဘဲ သဘာဝအတိုင်း လွတ်လပ်စွာ စီးဆင်းနေဆဲဖြစ်သော အရှည်ဆုံးမြစ်ကြီး (Free-flowing river) ဖြစ်သည်။ သံလွင်မြစ်ကြောင်း တစ်လျှောက်တွင် ထူးခြားသော ဇီဝမျိုးကွဲများစွာကို တွေ့ရှိရပြီး တိုင်းရင်းသားလူမျိုးစုပေါင်းများစွာ၏ အသက်မွေးဝမ်းကျောင်းနှင့် ရိုးရာယဉ်ကျေးမှုများ မှီခိုရှင်သန်ရာ တန်ဖိုးမဖြတ်နိုင်သော သဘာဝမြစ်ကြီး ဖြစ်သည်။
#SalweenRiver #FreeFlowingRiver #MyanmarWikipedia #DYK #DidYouKnow #MWCUG