Victoria Magazine 🌸
797 subscribers
208 photos
1 video
20 links
Top Management 💎 BL + Fic , BL Fic , ဗဟုသုတ ၊ lifestyle, Translate BL HCtoon , ကဗျာ နှင့် ရသစာစုများ ☑️🌸🌿💫🔞🍒
Download Telegram
ပိုက်ဆံကြောင့် နာမည်ပျက်ရတာဟာ
သိပ်ရှက်စရာကောင်းပါတယ်

သူများပိုက်ဆံ ပြန်မပေးနိုင်တဲ့အခါ
လူလိမ်စာရင်းဝင်သွားရတတ်ပါတယ်

Black list ထဲရောက်သွားတဲ့
နာမည်တစ်ခုဟာ...အလုပ်လုပ်လို့
မကောင်းတော့ဘူး

ငွေနဲ့ပတ်သက်ရင် ကိုယ့်နာမည်ကိုတန်ဖိုးထားသင့်ပါတယ်

ငွေနဲ့ပတ်သက်ရင်
ကတိတည်ဖို့ အရမ်းအရေးကြီးပါတယ်

#ပိုက်ဆံက ပြန်ရှာလို့ရတယ် ယုံကြည်မှုက ပြန်ရှာလို့မရဘူး📩

credit Original one

Victoria Magazine 🌸🌈
@VictoriaMagazine
👍2
ခံစားချက်ကို အရမ်းအလေးထားတတ်တဲ့သူတွေက ဒီလိုမျိုးလေးတွေ ဖြစ်တတ်တယ်

1 . ကိစ္စတစ်ခုကို အကြာကြီးတွေးတတ်ပြီး မဟုတ်တာတွေစဉ်းစားတတ်တယ်

2 . ကျေနပ်လွယ်ပြီး ဒဏ်ရာရလွယ်တယ်

3 . အပယ်ခံထားရသလိုမျိုးကြီးတချိန်လုံးခံစားနေမိတယ်

4 . သံသယများတတ်တယ် ဒါပေမဲ့အမြဲတမ်းအကောင်းဘက်ကတွေးတတ်တယ်

5 . နည်းနည်းလေး ပြသာနာဖြစ်တာနဲ့ ယုံထင်ကြောင်ထင်တွေစဉ်းစားနေတတ်တယ်

6 . ဘာမှန်းမသိတဲ့အထီးကျန်ဆန်မှု ဘယ်လိုမှမခုခံနိုင်တဲ့ကြောက်ရွံ့မှုတွေရှိတတ်တယ်

7 . ကိုယ့်ကို ဘယ်သူကမှစိတ်ထဲမှာအလေးမထားကြဘူးလို့ အမြဲတွေးနေတတ်တယ်

8 . တကယ်စိတ်ပါလာတဲ့အခါ ဘာကိုမှဂရုမစိုက်ပဲလုပ်တတ်တယ်

9 . တခါတလေကျ လောကကြီးထဲပျောက်ကွယ်သွားချင်တဲ့စိတ်ကူးတွေရှိတတ်တယ်

10 . တစ်ယောက်တည်းလမ်းလျှောက်ရင်မြန်တယ်

11 . သူငယ်ချင်းတွေရှေ့မှာတော့ပျော်ပျော်နေတတ်ပြီး တစ်ယောက်တည်းရှိနေချိန်ဆို စိတ်ဓာတ်တွေကျနေတတ်တယ်

Crd Original one

Victoria Magazine 🌸🌈
@VictoriaMagazine
❤1
မင်းမှ မင်း ဖြစ်နေမယ့် လူကိုစောင့်ပါ။

အသေးအဖွဲလေးက အစ
မင်းရဲ့ အတွေးအမြင်ကို လေးစားမယ့်လူကိုစောင့်ပါ။

မင်းပြောပြမဲ့ စကားတိုင်းအတွက်
တန်ဖိုးထား နားထောင်မယ့်လူကိုစောင့်ပါ။

မင်းရဲ့ စိတ်ပူပန်မှုတွေ၊ သဝန်တိုမှုတွေကို
မငြိုမငြင် နားလည်ပေးမယ့်လူကိုစောင့်ပါ။

မင်းအကြိုက်တွေကို
သတိတရ မှတ်သားထားမယ့်လူကို စောင့်ပါ။

မင်းမျက်နှာကို
တမေ့တမော ထိုင်ငေးချင်မယ့်လူကို စောင့်ပါ။

ဟက်ဟက်ပက်ပက် ရယ်တတ်တဲ့ မင်းရယ်သံတွေ
ပျောက်ဆုံးသွားမှာကြောက်မယ့် လူကိုစောင့်ပါ။

မင်းကိုဘယ်တော့မှ နာကြင်အောင်မလုပ်မဲ့လူကိုစောင့်ပါ။

မင်းကလွဲရင် ဘယ်အမျိုးသမီးအတွက်မှ
အချိန်မပေးနိုင်မယ့်လူကိုစောင့်ပါ။

ကုန်ကုန်ပြောရရင်
မင်းမှမင်းဖြစ်နေမယ့်လူကိုပဲစောင့်ပါ။❤

Crd Original one

Victoria Magazine 🌸🌈
@VictoriaMagazine
👍1
👍2
တစ်နွေကူးလို့ ကံကော်ပွင့်ကာ
ပိတောက်‌ဖူးတော့မယ် အမေ

ရက်တွေ လတွေကုန်ဆုံးပေမယ့်
တစ်ရက်မှမမေ့ခဲ့ပါဘူး ...

ဪ ... အမေအပြင်သွားတာ ကြာလိုက်တာ
လွမ်းလိုက်တာနော် ... 🌿🌸🌿

Victoria Magazine 🌸🌈
@VictoriaMagazine
😢6👍5
ချစ်ပြီ ဆိုရင် တကယ် ချစ်ပလိုက် ၊ တစ်ရက်ပဲ ချစ်ရချစ်ရ တစ်နာရီပဲ ချစ်ရ ချစ်ရ အချစ်စစ် ဆိုရင် တကယ် ချစ်ပစ်လိုက် ။

ချစ်ပြီဆို ကောင်းအတူ ဆိုးအဖက်ပဲ
သူကောင်းတာကော ဆိုးတာကိုကော လက်ခံနိုင်ရမယ် ၊ တစ်ခုတော့ရှိတယ်
ပြုပြင်ပေးပြီး ပိုမိုကောင်းမွန်လာတာလည်း အဲ့တာအချစ်စစ် တစ်ခုပါပဲ။

အချစ်အစစ်ပဲ လည်းလိုချင်ရင် ကိုယ်လည်း အစစ်ပဲပေး ။

တကယ်ချစ်ရင် တကယ်ပူလောင်ရတယ် ၊ ဒီလိုမျိုးပေါ့ အခုချိန်ဘာများလုပ်နေမလည်း ၊ ထမင်းကောစားပြီးပြီလား ၊ အေးနေတာကို ရေတွေချိုးနေတုန်းလား ။

အချစ်က ချစ်ရတာက နူးညံ့ပါတယ် ၊
မှန်တယ် အချစ်ဆိုတာ Sex 40% ပါရမယ် ၊ ဒါမှလည်း တပ်မက်တွယ်တာနေကြမယ်ဆိုတာလေ အဓိကကတော့ ဘာပဲ လုပ်လုပ် ကြည်လင်ရှင်းလင်းနေရမယ်။

မှောင်မိုက်နေကြတုန်းမှာလည်း ဒါက သူ့ကြောင့် ၊ သူကိုတပ်မက်တွယ်တာလို့ဆိုတဲ့ ဖြူစင်ခြင်း (sorry ဆိုလိုခြင်းက သူ့ကိုပဲတက်မက်လိုချင်လို့ ဖြစ်လာတဲ့ ဆန္ဒပဲဖြစ်ရမယ် ) လို့ဆိုသင့်တယ် ၊ရိုးသားပါစေ။

အချစ်ဆိုတာ အပြန်လှန်ယုံကြည်မူ ၊
အပြန်လှန် နားလည်ပေးနိုင်မူ ၊ အပြန်အလှန် စာနာပေးနိုင်မူ ၊ အပြန်လှန်ဖေးမကူညီခြင်း ‌စတာတွေနဲ့ ဒွန်တွဲနေတယ်။

Victoria Magazine 🌸🌈
@VictoriaMagazine
👍3❤2
90 ခုနှစ်တွင် သက်၀င်လူပ်ရှားခြင်း

ရေးသားသူ - Russell
Bl Fic .

အပိုင်း - ၁
https://t.me/VictoriaMagazine/428

အပိုင်း - ၂
https://t.me/VictoriaMagazine/429

အပိုင်း - ၃
https://t.me/VictoriaMagazine/431

အပိုင်း - ၄
https://t.me/VictoriaMagazine/433

အပိုင်း - ၅
https://t.me/VictoriaMagazine/435

အပိုင်း - ၆
https://t.me/VictoriaMagazine/437

Victoria Magazine 🌸🌈
@VictoriaMagazine
👏2
Part 1

ညီညီနေနိုင် အဖေ နဲ့ အမေ က နိုင်ငံခြားမှာ ဘွဲ့ရပြီး ပြန်လာတဲ့ မိန်းခလေး နဲ့ လက်ထပ်ပေးဖို့ မိဘချင်း သဘောတူပြီးသား …..

မယူရင် အမွေဖြတ်မယ်ဆိုတော့ ညီညီနေနိုင် က အခက်တွေ့နေရပြီ ။

ပိုင်ဇေရဲထွန်းက အရမ်းချစ်တတ်ပေမယ့် ဆိူးတယ် ၊ အနိုင်ယူတယ် ၊ ဘယ်သူနဲ့မှ ရန်ဖြစ်ဖို့ ဝန်မလေး ။

မိုင်းမိုင်က စာတော်ပေမယ့် ဆင်းရဲတော့ အလိုလို အားငယ်စိတ်ဖြစ် ၊ ညီညီနေနိုင် ကို ကျူတာ ပြန်လုပ်ရင်းနဲ့မှ အနေနီးပြိီး ကြိုက်သွားကြ ။

ညီညီနေနိုင်က ဘာဆက်လုပ်မှာလဲ ? Come Out လုပ်မှာလား ?
ဒါမှမဟုတ် မိဘသဘောကျ အစစ်မနဲ့ပဲ ယူလိုက်မလား ?

လား လား လား လား ???

Victoria Magazine 🌸🌈
@VictoriaMagazine
👍12❤2
Part 2

အချစ် အကြောင်းကို မသိသေးတဲ့ မှီးကောင်ပေါက်မလေး လဲ့လဲ့ .

နိုင်ငံခြားမှာပဲ ကျောင်းပြီးပြီးချင်း မိဘတွေ သဘောတူတဲ့သူနဲ့က ဓာတ်ပုံပဲမြင်ဖူးပေမယ့် ညီညီနေနိုင်က ပါးချိုင့်လေးနဲ့မို့ သူ့ဘက်က ဖိတ်စာ တစ်ဝက် ကြိုရိုက်သားပီးသား ။

ဝိတ်လည်းချထားတယ် ၊ မင်္ဂလာဆောင်နေ့မှာ အလှဆုံးဖြစ်နေအောင်လို့ ။

ရည်းစားမထားဖူးပေမယ့်သူ့ဘဝရဲ့ ပထမဆုံး ချစ်သူမို့ မိဘစေရာ လိုက်နာမယ့် သမီးကောင်း ။

ပထမဆုံး Date မယ့်နေ့မှာ ညီညီနေနိုင်က ချစ်စကားပြောမလား ၊ သူ့ဘဝ အရှိကို အရှိအတိုင်း ဖွင့်ပြောတော့မလား ဆ်ိုတာ ….

ပိတ်ကားထက်မှာ စောင့်ကြည့်ပါရှင် 🙏

Victoria Magazine 🌸🌈
@VictoriaMagazine
👍3😁1
👍1
Part 3

ယမင်းကိုကိုက ညီညီနေနိုင်ရဲ့ မွေးစားညီမ ။

ငယ်ငယ်ထဲက မွေးစားသမီးပေမယ့် မကြီးစိုးတို့က အရမ်းဂရုစိုက် အလိုလိုက်ပေးတော့ သမီးလေးက နည်းနည်းဆိုးချင်နေတာ ။

သူလိုချင်တာဆို ဘဝမှာ မရခဲ့တာ ဘာမှမရှိရအောင်လည်း ကိုရန်လေးတို့က အလိုလိုက်ထားတာ ။

ယမင်း အသက် ၁၇ ကျော်လာတဲ့အချိန်မှာ အပျိုဖော်ဝင်လာတော့ ပါတ်ဝန်းကျင်က ကာလသားတွေ အတွက်တော့ နတ်သမီးတစ်ပါးလိုလှနေတာ ။

သူကတော့ ယောကျ်ားလေးတိုင်းကို စိတ်မဝင်စား ၊ သူဌေးသားတိုင်း ပြန်ငြင်းခဲ့တာ သူမိဘတွေ ခဏခဏ မျက်နှာပျက်ရများပြီ ။

ဒါပေမယ့် သူ့စိတ်ထဲမှာ အပေါ်ယံ တွေထက် ဘဝအကြောင်း ကောင်းကောင်းနားလည်တဲ့ ဘဝနာတဲ့ မိုင်းမိုင် ကိုမှ သူ့ရင်ခွင်ထဲမှာ နေရာ ပေးထားချင်နေတော့တယ် ။

ယမင်းဘဝမှာ မိဘ၊အကို၊ အလှတရား ၊ ငွေကြေးဥစ္စာ အကုန်ပြည့်စုံနေတဲ့ အခါ လိုအပ်နေတာက ရိုးသားမှု ။

ယမင်းက သူ့ဘဝသူသိပါတယ် ၊ ဆင်းရဲတဲ့ ဘဝ ကနေလာတာဆိုတော့ ဆင်းရဲတဲ့သူ အချင်းချင်း ကိုယ်ချင်းစာတယ် ။

ဘဝမှာ ပြန်ဆင်းရဲရမှာကို သူလုံးဝမကြောက်တဲ့အတွက် သူ့ရင်ထဲမှာ ရိုးသားပြီး စိတ်ထားဖြူစင်တဲ့ မိုင်းမိုင်ကို နေရာပေးမိနေတာ ယမင်းမမှားဘူး ။

ယမင်း လာမည့် ၁၈ ပြည့်ကျရင် ဖေဖေတို့ ခြံထဲမှာ မွေးနေ့လုပ်ရင်း မိုင်းမိုင်ကို သူချစ်ခွင့်ပန်မယ်လို့ စိတ်ကူးထားလေရော့တယ် ။

၁၈ နှစ်ပြည့်မွေးနေ့မှာ ယမင်း ဘဝ …. ပျော်ရွှင်ရမလား ၊ စိတ်ညစ်ရမှာလား ? ????

လား လား လား လား

Victoria Magazine 🌸🌈
@VictoriaMagazine
👍7❤1
Part 4

ဦးရန်အောင်ကလည်း သူ့သား နဲ့ မိုင်းမိုင် အခြေအနေကို ရိပ်မိတော့ မိုင်းမိုင်ကို ၃ လစာပိုက်ဆံပေးပြီး ကျူတာနေရာကနေ ထုတ်ပြစ်လိုက်တယ် ။

မိုင်းမိုင်မှာ မာန ရှိပေမယ့် သူ့အမေ ချဲထိုးတာ များပြီး ဂေါက်သွားလို့ စိတ်ရောဂါ ဆေးကုဖို့အတွက် ပိုက်ဆံလိုနေတော့ လက်မခံပဲ နေလို့မရတော့တဲ့ အခြေအနေမို့ လက်ထဲမှာ ၅၀၀ တန် အထပ်လိုက်ကို ကြွပ်ကြွပ်အိတ်နဲ့ သေချာပတ် သားရေပင်းနဲ့ နှစ်ထပ်ကျစ်ကျစ်ပါအောင် ဆုပ်ပီးအိမ်ပြန်လာ ( ဘတ်စားစီးရမှာမို့ ) ။

မသွားခင် ဦးရန်အောင်ကပြောလိုက်တယ် “ ငါ့သားနဲ့ လုံးဝ မပတ်သတ်ပါနဲ့ ၊ လမ်းတွေ့ရင်တောင် မခေါ်ပါနဲ့ “ ဆိုပြီးကျိမ်းထားတော့ မိုင်းမိုင်က ညီညီနေနိုင်ကို ကျောင်းမှာ စပြီး ရှောင်ပါလေရော ။ ညီညီနေနိူင်က ဒေါသတွေဖြစ် ၊ အကြောင်းရင်းလဲ သေချာမသိရတော့ စိတ်တွေ အလိုလိုတို ၊ တွေ့သမျှ လူ၊ခွေး အကုန်ပစ်ကန်တာ ။

ပိုင်ဇေရဲထွန်း ကမေးတော့လည်း သူမဖြေရဲ ၊ မိုင်းမိုင် အထိုးခံရမှာစိုးလို့လေ ။

နောက်မှ plot twist က မိုင်းမိုင် အဖေ ( ဆုံးသွား ) က ကိုရန်လေး ရဲ့ ငယ်ချစ်ဦး ဖြစ်နေရော ။

မိုင်းမိုင် အဖေက အကြောင်း အမျိုးမျိုးကြောင့် မိန်းမယူလိုက်ရတဲ့ အခါ ကြေကွဲဝမ်းနည်းပြီး အိမ်က သဘောတူထားတဲ့ မကြီးစိုးကို ကောက်ယူချလိုက်ရော ။

မကြီးစိုး နဲ့ကလည်း တစ်ကြိမ်ပဲ ဟိုဒင်းဟိုဟာ ပြုခဲ့ဖူးတာ ( မူးနေတော့ မိုင်းမိုင် အဖေ အမှတ်နဲ့ ) ။ အမူးပြေမှ မကြီးစိုး မှန်းသိရ ၊ နောက်ကျသွား ၊ ၉-၁၀ အကြာ ညီညီနေနိုင် ကိုမွေး ။

သိပ်မကြာဘူး မိုင်းမိုင်ကိုမွေး ။

မိုင်းမိုင်ရဲ့ အဖေဟာ ကိုရန်လေး ငယ်ချစ်ဦးဆိုတာ သိခဲ့ရင် ???

သူ့ရဲ့ငယ်ချစ်ဦးဟာ သူမကြိုက်တဲ့ ဆေးလိပ်နဲ့ပဲ အသက်ဆုံးပါးသွားခဲ့ရတာ ကိုရန်လေး သိခဲ့ရင် ???

ရင် ရင် ရင် ရင်

Victoria Magazine 🌸🌈
@VictoriaMagazine
👍5❤3
Part 5

မိုင်းမိုင် ကို မေ့လောက်ပီ အထင်နဲ့ ညီညီ က ပိုင်ပိုင်နဲ့ အပေးအယူလုပ်လိုက်တယ် ။

အခုအချိန် စီးပွါးရေးအရ မိဘပေးစားတဲ့သူနဲ့ ယူမယ် ၊ အချိန်တန်ရင် ကွာပြီး ပိုင်ပိုင် နဲ့ပဲ ရိုးမြေကြပေါင်းဖက်ဖို့ ခွင့်တောင်းတယ် ။ လဲ့လဲ့ နဲ့လည်း ကလေး မယူပါဘူးလို့ ကတိပေးတယ် ။

အဲ့အချိန်မှာ ဘာမှ မတတ်နိုင်တဲ့အဆုံး သတို့သားအရန် လုပ်ပေးဖို့ ပိုင်ပိုင်က သဘောတူလိုက်တယ် ။

မိဘ သဘောတူ
ကြည်လဲ့လဲ့ဦး နဲ့ မင်္ဂလာဆောင်မယ့် နေ့မှာ ညီညီ က ပျောက်နေရော ။ ဖုန်းခေါ်လို့လည်း မရ ၊ ညီညီသွားနေကျ နေရာမှာလည်း မရှိ ၊ အဲ့တာနဲ့ နောက်ဆုံးမှာ ကျူတာပီးရင် မိုင်းမိုင် ကို ပြန်လိုက်ပို့ပေးနေကြ တောင်ကုန်းလေးမှာ ပိုင်ပိုင် တစ်ယောက် ညီညီ့ကို တွေ့တယ် ။

ချက်ချင်း ပြန်လိုက်လာဖို့ ခေါ်တယ် ၊ ညီညီက ညင်းတယ် ၊ ရန်တွေဖြစ်ကြတယ် ၊ ပါတ်ဝန်းကျင်ကပါ လာဆွဲရတဲ့ အထိဖြစ်ကြတယ် ။ နောက်တော့ မိုင်းမိုင် ကို မရတော့ဘူးဆိုတာ ညီညီ လက်ခံလိုက်ရင်း ပိုင်ပိုင့်ကို ဖက်ပြီး ငိုတယ် ။

သူ့ဘဝ မှာ သူများကြောင့် ငိုရတာ ဒါ ပထမဆုံးပဲ ။ ဒိီလိုနဲ့ ပြန်ချော့ရင်း သတို့သား ဝတ်စုံကို ပိုင်ပိုင် ကိုယ်တိုင် ဝတ်ပေးလိုက်တော့တယ် ။

အခါတော်ပေးတွေလည်း ခါးတွေညောင်း ၊ ဧည့်သည်တွေကိုလည်း ကျွေးစရာ ရေခဲမုန့်တောင် ပြောင်ပြီ သတို့သား စောင့်နေရင်း ။ ကိုရန်လေး နဲ့ မကြီးစိုး တို့ကတော့ ဆိုင်ရာပိုင်ရာတွေကို လိုက်ဧည့်ခံပေါ့လေ ၊ မချိပြုံးတွေနဲ့ ၊ ရင်ထဲမှာတော့ တောမိီးလောင်နေ ။

အဲ့အချိန်မှာ သတို့သားရောက်လာတယ် ၊ သတို့သမီးလည်း မျက်ရည်တွေဝဲလို့ ပြုံးပြလိုက်တယ် ( မော်စကော် ဆရာတွေက သတို့သားရောက်မလာကြာလို့ ပွဲပျက်ပီ အထင်နဲ့ ပြန်သွားပီမို့ သတို့သမီးမှာ အဝ ငိုလို့မရ ၊ toucu up လုပ်မယ့်သူမရှိရင် ဂွမ်းမယ်လေ ) ။

အဲ့တာနဲ့ လက်ချင်းချိတ် ၊ အခါတော်ပေးစပြီး သူတို့နှစ်ယောက် ခန်းမထဲကထွက်လာမှ မကြီးစိုးလည်း ဟင်းခနဲသက်ပျင်းချနိုင်တော့တယ် ။

နောက် သူတို့နှစ်ယောက်စဉ်ပေါ်ရောက်သွားတဲ့ အခါမှာ ဝိတ်တာကောင်လေးက မိုင်းမိုင် ဖြစ်နေတော့တာ သတိထားမိတယ် ။

ဘာဆက်ဖြစ်ကြမှာလည်း ????

Victoria Magazine 🌸🌈
@VictoriaMagazine
👍4
👍2😁1
Part 6

ဇာတ်သိမ်း ( part 1 က စရှာဖတ်ပါ )

မင်္ဂလာဆောင်မှာ မိုင်းမိုင်က သတို့သား ညီညီ ကို ငေးကြည့်နေတုန်း မန်နေဂျာ ကဆူတာခံလိုက်ရတော့ မသိသလိုပဲ ဟန်ဆောင်ရင်း ဟိုတယ် အနောက်က အမှိုက်ပုံမှာ ပြေးငိုလေရော ။ ဒိီလိုနဲ့ စိတ်နာပြီး ဆရာဒေဗစ်လာနောက် တရားနာလိုက်ရင်းနဲ့ ဘုရားတရားသမားဖြစ်သွားလေရဲ့ ။ Aခြော် တွေ ငရဲကျမယ်လို့ ကျမ်းစာမှာဟောထားတော့ သူလည်း လုံးဝ စိတ်နာပြိီး ဘာသာရေးသမားဖြစ်သွားတော့တယ်။

ယမင်းကိုကို ကတော့ မိုင်းမိုင်ကို မရတော့ ဘာသာရေးပဲ ဖိလုပ်ရင်း သီရိသုဓမ္မသိဂ္ဂီဖြစ်သွားလေရဲ့ ။

ကြည်လဲ့လဲ့ဦးကတော့ မင်္ဂလာဆောင်ပြီး မကြာ ညီညိီက ကျမ်းမာရေးအရ ကွာရှင်းလိုက်ရပြီး မြန်မာတွေစိတ်နာပြီး မြန်မာပြည်က အပြီးထွက်ခွါသွားလေရဲ့ ။

ပိုင်ဇေရဲထွန်းကတော့ ညီညီနေနိုင့်ကို စောင့်ရင်း မစောင့်နိုင်တော့လို့ မင်္ဂလာဆောင်ချလိုက်တာ ကလေးပါရ ။

ရန်အောင်လည်း မိုင်းမိုင်ရဲ့ အဖေ အကြောင်း သိသွားပြီး ရှင်သာမဏေ အဖြစ်နဲ့ ဘဝဆုံးတိုင် အရိုးထုတ်သွားလေရဲ့ ။

မကြီးစိုးကတော့ ရန်အောင် ကကွာရှင်းတုန်းက ရထားတဲ့ နစ်နာကြေး ပိုက်ဆံတွေသုံးပြီး casino ပိုင်ရှင်ဖြစ်သွားလေရဲ့ ။

ညီညီနေနိုင်ကတော့ သူ့ မင်္ဂလာဆောင်မှာတုန်းက လက်စွပ်ကိုင် ring boy ရပ်ဆဲလ် ဆိုသူကလေးနဲ့ မတော်တဆ ပြန်တွေ့ဆုံပြီး ဦး နဲ့ ကလေး အဖြစ် သက်ဆုံးတိုင် ပေါင်းသင်းသွားကြလေရဲ့ ။

အနှစ်ကတော့ အချစ်စစ်ကိုရချင်ရင် စောင့်သင့်စောင့်ရပါတယ်ရှင့် ။

ချစ်ချင်သူတွေ ချစ်ချင်သလို လွပ်လွပ်လပ်လပ် ချစ်နိုင်ကြပါစေ 😊

Victoria Magazine 🌸🌈
@VictoriaMagazine

Russell ရေးသားသည်။
👍8❤2