Victoria Magazine 🌸
797 subscribers
208 photos
1 video
20 links
Top Management 💎 BL + Fic , BL Fic , ဗဟုသုတ ၊ lifestyle, Translate BL HCtoon , ကဗျာ နှင့် ရသစာစုများ ☑️🌸🌿💫🔞🍒
Download Telegram
"အိုမီခရွန်း"(B1.1.529) ကိုဗစ်ရောဂါပိုးအသစ်ကို အာဖရိကမှစတင်တွေ့ရှိပြီး ဟောင်ကောင်ထိ ‌ခရီးသွားနှစ်ဦးမှတစ်ဆင့် ပျံ့နှံ့နေပြီး ကူးစက်မြန်နှုန်း(၅၀၀)ရှိတယ်လို့ WHO က ထုတ်ပြန်ထားတာကို CNA မှာ Breaking Newအဖြစ်‌ဖေါ်ပြထားပါတယ်။အားလုံးဂရုစိုက်ကြပါ။အပြင်ထွက်တိုင်းMaskတပ်ပါ။ လက်ကိုစနစ်တကျဆေး‌ကြောပါ။

Nway Oo 🍁
Victoria Magazine 🌸
HC Management ☑️
@victoriamagazine
#BreakingNew #Covid19
"တရားခံ စံပယ်ပင်
စီရင်ချက် မချခင်
ဘာပြောချင်သလဲ"

"တရားသူကြီး ရှင့်
ရှိခြင်းရှိရင်
ပွင့်သမျှ ဖြူစင်ခဲ့ခြင်း အပြစ်သာ
ကျမမှာ ရှိပါလိမ့်မယ်..."

Reference :
မင်းကိုနိုင်
၂၉.၁၁.၂၀၂၁

မနက်ဖြန် တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်
Democracy Icon ၊ ကမ္ဘာ့ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် H.E Ms Aung San Suu Kyi / ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက စွပ်စွဲပြစ်တင်မူများ အတွက် အမူကို အမိန့်ချမယ်လို့ သိရပါတယ်။

Myanmar Beauties Association 🦚🇲🇲

https://t.me/MyanmarBeautiesAssociation
ဆောင်းညပုံပြင်


လူသူကင်းမဲ့နေသော ဆောင်းညရဲ့ လမ်းမထက်မှာ ဦးတည်ရာမဲ့ပြီး ပန်းတိုင်မရှိတဲ့ ခရီးကို အထီးကျန်စွာ လျှောက်လှမ်းနေမိသည်။ အရိုး၊အကြောတွေ စိမ့်နေအောင်အေးတဲ့ ဆောင်းလေပြေတို့က လှောင်ရယ်သလိုလိုနှင့် ပွတ်သပ်ကျီစယ်နေသည်။ နှင်းစက်တို့ စိုရွဲနေသော ပေတစ်ရာလမ်းမကြီးက မဲမှောင်နေသည်။ လမ်းဘေးမီးတိုင်အောက်မှာ ကြောင်တောင်တောင်နှင့် မှင်သက်ပြီး ရပ်နေမိသည်။ လင်းထက်ရဲ့ အတွေးအာရုံတို့ အတိတ်ဆီသို့ လွှင့်မျောသွားသည်။


လင်းထက်က သီချင်းတွေ နားထောင်ရတာကြိုက်သည်။ နားထောင်ရင်း လိုက်ဆိုရတာကို ပိုကြိုက်သည်။ လင်းထက်မှာ စိတ်ဒဏ်ရာတွေ များစွာရှိခဲ့ပါတယ်။ ဒဏ်ရာတွေကို မြိုသိပ်ရင်း လူအများနဲ့ နေထိုင်ခြင်းတွေရှောင်ခဲ့သည်။ လူတွေကို ရှောင်ရင်း အထီးကျန်လာသည်။ အနားကို ရောက်လာသူတိုင်းအား တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ မောင်းထုတ်တတ်သည်။ ဒီလိုပြုလုပ်ရခြင်းမှာ အကြောင်းအရင်းရှိသည်။ အရင်က စိတ်ဒဏ်ရာတွေ သက်သာအောင် ရင်းနှီးသူတစ်ချို့ကို ရင်ဖွင့်တာမျိုးတွေလုပ်ခဲ့သည်။ သို့သော် တစ်ချို့က ဂရုမစိုက်ပေ၊ တစ်ချို့က လှောင်ရယ်သည်၊ တစ်ချို့က အပြစ်တင်သည်၊ တစ်ချို့က အပုပ်ချ အတင်းပြောသည်။ အကြိမ်ဖန်များလာတော့ သည်းခံနိုင်စွမ်းမရှိတော့ဘဲ မြိုသိပ်ဖို့သာ ကြိုးစားခဲ့သည်။ စိတ်ဒဏ်ရာတွေ သက်သာမယ့်နည်းလမ်းက သီချင်းနားထောင်ခြင်း၊သီဆိုခြင်းသာရှိတော့သည်။ နွေးထွေးမှုမရှိသော မိသားစုကိုလည်း မခင်တွယ်တော့ပေ။ နားလည်မှုမရှိသော အပေါင်းအသင်းတွေလည်း မထားချင်တော့ပေ။ အားနည်းချက်ကို နင်းချေမည့် မိတ်ဆွေတွေလည်း မလိုချင်တော့ပေ။ စိတ်ဖိစီးမှုတွေ များလွန်း၍ လက်ရှိအသက်အရွယ်ထက်ပင် ပို၍ အိုမင်းနေလေပြီ။ သံယောဇဉ်သက်စရာ မည်သူမျှမရှိသော ခြောက်ကပ်ကပ်ဘဝကြီးပင်ဖြစ်နေလေပြီ။


လေလွှင့်နေသော ပျင်းစရာဘဝထဲကို မသိမသာရောက်လာခဲ့သူတစ်ယောက်ရှိလာခဲ့သည်။ အတန်းရဲ့နောက်ဆုံးတန်းမှာ ထိုင်နေတတ်သော "သူ" ၊ အပေါင်းသင်းပေါပြီး ဖော်ရွေတတ်သော "သူ" ၊ ရန်ပွဲတွေတိုင်းမှာ တွေ့ရတတ်သော "သူ"  ပြီးတော့ ခပ်နွဲ့နွဲ့ကောင်လေးတွေဆို စနောက်ချင်တဲ့ "သူ" ပေါ့။ ကျွန်တော် သူ့ကို သဘောကျနေတာလား၊ ချစ်မိနေတာလား၊ ခင်မင်မိနေတာလား သဲသဲကွဲကွဲမသိပါ။ ခပ်ဝါးဝါးအတွေးများနှင့် သူကတော့ ရောက်လို့နေပါပြီ။


ကျောင်းဖွင့်ရက် တစ်ပတ်အကြာမှာ သူ လင်းထက်တို့အဆောင်ကို ရောက်လာသည်။ သနပ်ခါးကို ပါးကွက်သေးလေးများအဖြစ်လိမ်းထားပြီး အဖြူ၊အစိမ်းအပေါ်က လက်ရှည်ထပ်ဝတ်ထားသည်။ သူ့ပုံစံသည်ပင်လျှင် ခပ်နွဲ့နွဲ့ဖြစ်နေသည်။ တကယ်တော့ ပဲအများလွန်ပြီး နွဲ့သယောင်ဖြစ်သွားသည်ထင်သည်။ ကျောင်းဖွင့်ရက်အစမှာတောင် ရန်ပွဲတွေကြားတွင်တွေ့ရသော ခပ်ဆိုးဆိုး fighterလေးက မနွဲ့ဘူးဆိုတာ ကျွန်တော်အသေအချာသိတာပေါ့။ မိန်းကလေးတွေ ကြိုက်အောင် ပြင်ရင်းဆင်ရင်းနှင့် ဖင်ချွန်းသွားသည် (overဖြစ်သွားသည်) ထင်သည်။ ၉တန်းအဆောင်ကြီး တစ်ဆောင်လုံးတွင် ရဲသူရ ဆိုလျှင် မသိသူမရှိပေ။ ဆရာ၊ဆရာမများ၏ အပြစ်ပေးခံရခြင်း၊ ရန်ခဏခဏဖြစ်ခြင်း၊ မိန်းကလေးများအားစနောက်ခြင်း တို့တွင် ကြေညာမောင်းခတ်စရာမလိုဘဲ လူသိများထင်ရှားသည်။ လူတွေအကြောင်း သိပ်စိတ်မဝင်စားသော ကျွန်တော်သည်ပင်လျှင် သူ့အကြောင်းကို စုံစမ်းစရာမလိုဘဲသိသည်။ ကျွန်တော်မသိသည်ကား သူ့ကိုဘာကြောင့်စိတ်ဝင်စားနေသည်ဆိုတာပင်ဖြစ်သည်။


" လင်းထက်အောင် အတန်းထဲမှာရှိလား "

" ဟုတ် ရှိပါတယ်ဆရာမ "

" အေး သားက Cအခန်းကနေ Aအခန်းကို ပြောင်းရမယ် သူ့လွယ်အိတ်ယူပြီး Aအခန်းထဲ သွားလိုက် "

" ဟုတ်ကဲ့ ဆရာမ "

ဘာကြောင့် အခန်းပြောင်းရသည် မသိပေ။ သူနှင့် တစ်ခန်းထဲမနေရတော့ ဝမ်းနည်းနေမိသည်။ ကျွန်တော် Aအခန်းထဲ မနေချင်ပါ။ စာကို အပြိုင်အဆိုင်ကြိုးစားနေကြသည့် ဒီအခန်းထဲတွင်နေရသည်မှာ အောက်ဆီဂျင်ပြတ်သော တွင်းထဲတွင် နေရသလိုပင်ဖြစ်သည်။ အဆောင်မှာ တစ်တန်းထဲနေရ၍ တော်သေးသည်ဟု မှတ်ယူရသည်။


နှစ်ဝက်လောက်ရောက်တော့ သူအဆောင်မှာအိပ်ရသည်။ သူ့အိမ်က အကြိုအပို့ခက်ခဲ၍ အဆောင်ထားသည်ဟုသိရသည်။ ညအိပ်တော့ ကျွန်တော်နှင့် ခြင်ထောင်တစ်ခုထဲအိပ်ရသည်။ ကျွန်တော် စိတ်လှုပ်ရှားနေခဲ့ပါတယ်။ မရိုးမသားစိတ်တို့က ကြီးစိုးနေသည်။ သို့သော် ခပ်တန်းတန်းနေခဲ့သည်။ ကျွန်တော်က ပုံမှန်လိုနေပေမယ့် သူ့ဘက်က ဘာအကြောင်းကြောင့်မသိ စ လာသည်။ ညဘက်အိပ်လျှင် ကျွန်တော့်ခေါင်းကို သူ့လက်မောင်းပေါ် ဆွဲတင်ကာအိပ်ခိုင်းသည်။ ကျွန်တော့်လက်ကို သူ့ရင်ဘက်ပေါ်တင်စေသည်။ သူပေးသော အကြောင်းပြချက်မှာ ဖက်လုံးမရှိ၍ဟု ဆိုသည်။ ကျွန်တော်သိတာပေါ့ ဒါက အကြောင်းပြချက် သက်သက်ပင်ဖြစ်သည်။ သူဘာတွေ ကြံစည်နေသည်မှာ ကျွန်တော်မသိပေ။


သီတင်းကျွတ်ကျောင်းပိတ်ရက် ကျွန်တော်ရွာကို ပြန်ပြီး အဆောင်ပြန်ရောက်တော့ သူ့ရဲ့ ဟိုမရောက်ဒီမရောက်စကားတွေစလာသည်။

" လင်းထက် ငါ မင်းကို သတိရနေတာ "

" ဘာလို့လဲ "

" ညညဆို ငါ အိပ်မပျော်ဘူး ဒီကျောင်းပိတ်ရက်အတွင်းမှာ "

" အိပ်ဆေးသောက်ပေါ့ကွာ "

" ငါ အကောင်းပြောနေတာ မင်းကို ငါလွမ်းနေတာ "

" တော်စမ်းပါကွာ ငါ့ကို မင်းရည်းစားများအောက်မေ့နေလား "

" ငါ့ရည်းစားကိုတောင် အဲဒီလောက်မလွမ်းဘူး "

" သေလိုက် "
သူ ဘာရည်ရွယ်ချက်နှင့်ပြောသည်မှာ ကျွန်တော်မသိပေ။ သို့သော် သူ့ကို စိတ်ဝင်စားနေသော ကျွန်တော့်အဖို့ စိတ်လှုပ်ရှားစရာဖြစ်နေသည်။ စနောက်သည်ဟု မှတ်ယူကာ မေ့မေ့ပျောက်ပျောက်ထားလိုက်သည်။ ညအိပ်တော့ပိုဆိုးလာသည်ဟု ထင်သည်။ ကျွန်တော့်ကို အသက်ရှုကြပ်မတတ် ဖက်ထားသည်။ ကျွန်တော်ရုန်းတော့ လွှတ်ပေးပြီး ခါတိုင်းလိုပင် သူ့လက်မောင်းပေါ်အိပ်စေသည်။ ညနက်လာတော့ ကျွန်တော်အိပ်ပြီအထင်နှင့် ကျွန်တော့်နှုတ်ခမ်းများကို လာနမ်းသည်။ ကျွန်တော်သူ့ကို စိတ်ဝင်စားနေသည်မှာ မှန်သော်လည်း အခုလိုမျိုးပြုမူတော့ ရှက်မိသည်။ သူသိသွားမည်စိုး၍ ငြိမ်နေလိုက်သည်။ နောက်ပိုင်း ညတိုင်းလိုလို နမ်းသည်။ ကျွန်တော့်ရဲ့ခံယူချက်မှာ သူ၏ စနောက်ချင်သော ဉာဉ်ကြောင့် ဤသို့ပြုမူသည်ဟု ခံယူသည်။ သူ၏ ကောင်မလေးဆိုသူအား ကျွန်တောင်သိနေသောကြောင့်ဖြစ်သည်။ မထုတ်ဖော်ရသေးသော ခံစားချက်များက ပျက်ရယ်ပြုခဲ့သော သူ့အား ကျွန်တော်စိတ်ဆိုးမိသည်။


ကျောင်းပိတ်ရက်တို့ရောက်လာခဲ့ပါပြီ။ သစ်ရွက်ခြောက်တို့က တစ်ကျောင်းလုံး ပြန့်ကျဲနေသည်။ အားလပ်ရက်ရောက်လို့ ကျွန်တော်မပျော်နိုင်ခဲ့ပါဘူး။ စိတ်ထဲလွမ်းသလိုလို ဆွေးသလိုလိုဖြစ်နေသည်။ အဆောင်ရောက်တော့ သူ ပစ္စည်းတွေသိမ်းကာ အိမ်ပြန်ရန်ပြင်နေသည်။အဆောင်နောက်ဖေးတွင် ထိုင်နေသော ကျွန်တော့်ဆီလာပြီး စကားပြောသည်။


" ညကျရင် ငါဘယ်လိုရမှာလဲ လင်းထက်ရယ် "

" အိမ်မှာ ဖက်လုံးမရှိဘူးလား "

" မင်းနဲ့ အိပ်တာ‌လောက်တော့ ဘယ်တူပါမလဲဟ "

" အပိုတွေပြောမနေပါနဲ့ သူရရာ ပြန်မှာသာ ပြန်စမ်းပါ "

" မင်းကလည်း စိတ်ဓာတ်ပဲ "


သူကတော့ ပြန်သွားပြီ။ ကျွန်တော့်မှာတော့ သူကိုင်လှုပ်ခဲ့တဲ့ နှလုံးသားကို ပိုက်ပြီး ငိုင်နေရသည်။

" မင်းအတ္တကြီးလွန်းတယ် သူရ ရာ ငါကရော ညဘက်အိပ်ပျော်မယ်ထင်လို့လား မင်းအမှတ်တမဲ့နဲ့ ထွေးပွေ့ပြီးအိပ်ခဲ့တဲ့ ဆောင်းညတွေက ငါ့အတွက် ဘယ်တော့မှ မေ့နိုင်မှာမဟုတ်ပါဘူးကွာ ဇာတ်လမ်းလို့ ပြောလို့မရတဲ့ ငါတို့နှစ်ယောက်အကြောင်းက လူမသိတဲ့ ပုံပြင်တစ်ပုဒ်လိုပါပဲ "

" မင်းသိလား...ငါမင်းကို တကယ်ချစ်ခဲ့တယ်ဆိုတာ "


လမ်းမထက်က ဆောင်းလေပြည်တွေ ကျွန်တော့်အားသနား၍ ထင်သည် ရပ်တန့်သွားခဲ့ပြီ ။

အပြီးသတ်အထိ မစီးကျလိုက်ရတဲ့ မျက်ရည်တွေ ခြောက်သွေ့ကုန်ပြီ ။

" မင်းသိလား...ငါသန်းခေါင်ကျော်လို့တောင် အိပ်မရခဲ့ဘူးဆိုတာ "


အချစ်ဆိုတာ မင်းနဲ့မှငါသိလာခဲ့တယ်။ ဒါပေမယ့် ငါအပြည့်အဝမခံစားလိုက်ရဘူး။


:'(:'(:'(:'(:'(:'(:'(:'(:'(:'(:'(:'(:'(

ချစ်ကြသူတိုင်း ပေါင်းဖက်ကြရပါစေ။

ချစ်သော...ဂျန် 🐯


Short Story : this is based on real life and real life is more than that.

Author_Jan 🐯
MC_Jan 🐯

Victoria Magazine 🌸🌈 HC Management ☑️
@VictoriaMagazine
👍1
Forwarded from Top Management 💎
This media is not supported in your browser
VIEW IN TELEGRAM
ႁူမ်ၸူမ်းႁပ်ႉတွၼ်း
ပီႊမႂ်ႇတႆး ႒႑႑႖ ၼီႊ 🌸🙏🏻

ႁပ်တွၼ်ႈပီႊမႂ်ႇတႆး2116ၼီႈ🇱🇹🤍

သျှမ်းသက္ကရာဇ် ၂၁၁၆ ခု
သျှမ်းနှစ်သစ်ကူး အချိန်ခါသမယမှာ
တိုင်းရင်းသား ညီကိုမောင်နှမအားလုံး ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာကြပါစေ။

အာဏာရှင်စနစ်ဆိုး ၊ ကပ်ရောဂါဘေးဆိုး
သူယုတ်မာ နိုင်ငံတော်ပုန်ကန်သူ ကြီးကို
တိုက်ထုတ်နိုင်ပြီး ၊ ခေတ်မီသော ဒီမိုကရေစီ နိုင်ငံသစ်ကို အမြန်အောင်မြင်အောင် တိုက်နိုင်ပါစေ။

Top Management 💎
https://t.me/TopManagementOfficial
ခွန်းသမိုးညတင်ဖို မင်းမင်း doller 500 လိမ်ခံလိုက်ရလို့ရူးချင်နေသလိုဖြစ်နေတယ်အေတာကြောင့်မတင်ဖြစ် ဖြစ်သွားတာ
‌Title - မိုးည ရဲ့ ခွန်းသ အပိုင်း { 7 }


Type - လိင်တူ ၀တ္ထု

Author - လရောင် (La Yaung)

Victoria Magazine 🌸
HC Management ☑️
@victoriamagazine
Victoria Magazine 🌸
‌Title - မိုးည ရဲ့ ခွန်းသ အပိုင်း { 7 } Type - လိင်တူ ၀တ္ထု Author - လရောင် (La Yaung) Victoria Magazine 🌸 HC Management ☑️ @victoriamagazine
🍀💞 မိုးည ရဲ့ ခွန်းသ 💞🍀

အပ်ိုင်း (၇)

" နဒီ အမေ ဘာဖြစ်လို့လဲ "

" ငါလဲမပြောတက်ဘူး "
" ဆရာကျော်ဇင်က ခွန်းသ ကိုမြင်တော့
မင်း ကျော်စိုး သားလားမေလိုက်တာ အန်တီထားက ဦးကျော်စိုးအသံကြာတာနဲ့ ခုလို ဖြစ်သွားတာဘဲ "

အမေတစ်ခု သားတစ်ခု နဲ့ နေလားတဲ့ မိုးည အမေလဲ ခုလို ရုတ်တရက်လဲကြ‌ပြီ ဆေးရုံတင်လိုက်ရတယ် ဆိုတော့ စိတ်တွေက ရှုပ်ထွေကုန်တော့တာပေါ့ နောက်ပြီ ဦးကျော်စိုးက ရော ဘယ်သူလဲ ဦးကျော်စိုး နာမည်ကိုကြာတာနဲ့ ခုလို ဖြစ်တယ် ဆိုတော့ အမေနဲ့ ဦးကျော်စိုးက ဘယ်လိုပက်သက်ကြလို့လဲ မိုးည ရဲ့အတွေ တွေက လူကို ချောင်ပိတ်ရိုက်သလို ရုန်းထွက်လို့မရဖြစ်နေတော့တယ် ။

" နဒီ ဒါနဲ့ ခွန်းသ ကရော "
" ဘယ်ထွက်သွားလိုက်တာလဲ "

" ငါမသိဘူး မိုးည "

" ဟာ ဘာတွေဖြစ်နေတာလဲ ငါတော့ရူးချင်တော့တာဘာဘဲ "

မိုးည ခွန်းသကိုရှာဖိုလုပ်တော့ နဒီက

" မိုည နင်ဘယ်သွားမလို့လဲ "

" ငါ ခွန်းသကိုသွားရှာမလို့ "

" နင်ရူးနေလား "
"နင့်အမေတစ်ယောက်လုံးဆေးရုံပေါ်မှာဆိုတာ နင်မမေ့နဲ့ "
" မိုးည နင်ခေါင်းမှာနင်ဘာတွေတွေးနေတာလဲ "
" ဘာလဲ ခွန်းသ က နင့်အမေထက်အရေကြီးတယ်ဆိုတဲ့သဘောလား "
" နောက်ပြီ အပြင်မှာလဲ မိုတွေရွာနေတာ "

မိုးည နဒီ ရဲ့စကားတွေကြောင့်အရာအားလုံးရပ်ဆိုင်သွားတယ်

" အေ မပြင်မှာမိုးတွေကြောင့် ငါသူကိုရှာချင်တာ "
" အမေက အရေးကြီသလို သူလဲ ငါ့အတွက်အရေးပါတယ် "
" ဒီချိန် ဒီမိုးတွေကြာမှာ ဒီခလေးဘယ်ဒေါင့်မှာဘယ်လိုတွေငိုနေမလဲ ငါတွေးမိတယ် "
" ဒါကြောင့် ငါပိုစိတ်ပူတယ် "
" ငါဘာလုပ်တင့်လဲ နဒီ "

မိုးည ရဲ့အရူးတစ်ပိုင်ဖြစ်နေတဲ့ပုံကိုကြည့်ပြီ နဒီလဲခံစာသွားရတယ် ။
တစ်ဖတ်မှာတော့မိုးတွေနဲ့ အတူငိုရင် ခြေလှမ်တွေက ဘယ်ကိုဦးတည့်လို့ ဦးတည်မှန်မသိဘဲ တစ်‌ရွေ့ရွေ့နဲ့ သွားနေတဲ့ ခွန်းသ ကတစ်ဖြေးဖြေနဲ့ အိမ်ကြီဆီသို့ နီကပ်လာတော့တယ် အိမ်ရှေ့ရောက်တော့ တံခါရှေက ball ကိုတီးပြီအထဲက လူကို ခေါ်လိုက်တော့တာ် အန်တီကြီတစ်ယောက်ထီလေးနဲ့ တံခါလာဖွင့်တော့ အန်တီကြီလဲ တံခါဖွင် ခွန်းသ လဲအာအင်တွေကုန်ပြီ မိုးရေထဲမှာဘဲ လဲကျသွားတော့တယ် ။
အန်တီကြီလဲ မြတ်ခွန်းသ လဲကျသွားတာကိုမြင်တော့လန်ပြီ ထီးကိုလွှတ်ချကာ ခွန်သလေးကို ပြေဖတ်ထားလိုက်တယ်

" ဟယ် သား မြတ်ခွန်းသ "
" အကိုလေးရေ ဒီမှာ ခွန်းလေလဲကျသွားလို့ လုပ်ပါအုန် "
" အကိုလေး ခွန်းလေးပြန်လာပြီ "

အန်တီကြီက စိတ်တွေပူပြီအိမ်ထဲမှာရှိ‌တဲ့ လူတွေကို လှမ်းခေါ်ကာခွန်းသကိုအိမ်ထဲတို့ ပွေ့ချီ သွားကြတယ် ။

" မေမေကြီ ခွန်းလေပြန်ရောက်နေပြီ "
" အိမ်ရှေမှာလဲကျနေလို့ ဆရာခေါ်ပြတာ စိုးရိမ် စရာမရှိဘာဘူးတဲ့ အားမရှိလို့ ဖြစ်တာတဲ့ "

" ကောင်းပြီ ညင်းသွားတော့ လုပ်စရာ ရှိတာလုပ် ငါသွားကြည့်မယ် "

အဖွားကြီက ခွန်းသ အခန်းကိုသွားပြီ ဘေနားမှာလဲ ဦးကျော်စိုးက ခွန်းသကို စောင့်ကြည့်နေတာတွေတော့

" နောက်ဆုံးတော့ ဒီဂျိုကောင် ငါ့အိမ်ဘဲ ရောက်လာတာဘဲ "

" အမေ ကျန်တော် ရှေ့မှာတော့ ကျန်တော်သားကို ဂျိုကောင်လို့ မပြောပါနဲ့ "

" ပြောတော့ ဘာဖြစ်လဲ "
" ဂျိုကောင်မို့လို့ ‌ဂျိုကောင်ပြောတာ "

" အမေ အမေ့အသက်လဲကြီပြီ ဘာလို့ အပြစ်မရှိ တဲ့ ခလေးကို ဒီလောက်တောင်မုန်းနေရတာလဲ "

" ဘာ အပြစ်မရှိဘူး ဟုပ်လား "
" နင့်ခြေထောင့်တစ်စုံလုံ ခလေးကြောင့် လှုပ်လို့မရ တာတောင် ခလေးက အပြစ်မရှိတေးဘူးလား "

" အမေ ဒါက ဒါရဲ့ ကံကြောင့်ပါလို့ သားပြောပြီပြီလေ "
" ဘာလို့ ဒီခလေးပေါ် အပြစ်ပုံချတာလဲ "

" နင်က ကံ ကိုပုံချနိုင် ဘေမယ့် ငါက ပုံမချနိုင်ဘူး "

" အမေ ကံပေါ်မပုံချချင်ဘူး ဆိုလဲ ခုတော့ ကျန်တော်သားကို နားခွင့်လေးတော့ ပေပါ အမေရယ် "
" ကျန်တော် တောင်ပန်တယ် "
" ဟုပ်ပြီလား သူနေကောင်မှ အမေ ပြောချင်သလောက် ပြောပါ "
" ခုတော့ နာခွင့်လေးပေပါ "

ဦးကျော်စိုးရဲ့ စကားကြောင် ခွန်းသ ရဲ့ အဖွားဖြစ်သူ ဒေါ်ခင်မာစိုး မျတ်နှာရှစ်ခေါက်ချိုးနဲ့ အခန်း တံခါကို စောက်ပိတ်ကာ ထွက်သွားတော့တယ် ။
ခွန်းသ လေးလဲ သူအဖေ ကျော်စိုးနဲ့ အဖွား ဒေါ်ခင်မာစိုး ပြောတဲ့ စကားတွေကို အဆုံ အကုန်ကြာသွားတော့တယ် ။

" တစ်ကယ်ဘဲ အဖေ ခြေထောင့်က ငါ့ကြောင့်လား "

အတွေးတွေ နဲ့ ပါးထပ်က မျတ်ရည်တွေက မထိမ်းနိုင်ဘဲ စီးကျလာတော့တယ် အဖေကို လဲ နိုးနေတော မပေသိချင်တာကြောင့် ကျိတ်မှိတ်ပြီ နေခဲ့တော့တယ် ။
မနတ်ရောက်တော့

" အန်တီကြည် သားဘာဝိုင်းကူရမလဲ "

" ဟယ် သား ခွန်းလေး နိုးလာပြီလား "
" သက်သာ သွားပြီလား "

" ဟုပ် သားသက်သာ သွားပြီ "

" လာအုန် အန်တီကြည့် စမ်းကြည်မယ် "

အန်တီကြည့်က နှဖူးပေါ်လက်တင်ပြီးစမ်းကြည့်တော့

" သက်သာ သွားပြီဘဲ ငါ့သားက သက်သာမြန်တာဘဲ "
" အေတာစို သားဘာစား ချင်လဲ ပြောအန်တီကြည် ချတ်ကျွေးမယ် "

" ရပါတယ် "
" အန်တီကြည်ချတ်တာ သားအကုန်ကြိုက် "

" ချွဲပြီ ခလေးက "

" ဒါနဲ့ အန်တီကြည် မေပါအုန် "
" သား အိမ်က ထွက်သွားပြီ ဘယ်မှာ နေနေတာလဲ "
" သားဖေရော မေမေကြီရော အန်တီတို့ အားလုံ ရှာနေတာ နှံနေရော "
" ဘယ်မှာမှ မတွေဘူး လူကြီတွေကို စိတ်ပူ အောင် လုပ်တယ် ဟုပ်လား "
" စိတ်ညစ် လို့ သွားမယ် ဆိုလဲ အန်တီကြည်ကိုတော့ ပြောသွားပေါ့ "
" ကိုတွေမှာတော့ စိတ်ပူလိုက်ရတာ "
" ခုတော့ သူမဟုတ်တဲ့ အတိုင်ဘဲ "
👍2❤1👏1
Victoria Magazine 🌸
‌Title - မိုးည ရဲ့ ခွန်းသ အပိုင်း { 7 } Type - လိင်တူ ၀တ္ထု Author - လရောင် (La Yaung) Victoria Magazine 🌸 HC Management ☑️ @victoriamagazine
" သားတောင်ပန်ပါတယ် "
" အန်တီကြည် တို့ ဖေကြီတို့ကို စိတ်ပူအောင် လုပ်မိလို့ "
" ဒါနဲ့ မေမေကြီ ရော သားကို ရှာတေးလား "

" အမ် "

" ဘာလဲ အသက်မပါတဲ့ အသံနဲ့ အန်တီကြည်ကလဲ "

" သား မေမေကြီ အကြောင်းလဲ သားမသိသာလဲမဟုတ်ဘဲနဲ့ "
" သားကို သူမရှာဘေမဲ့ သူစိတ်ထဲးမှာတော့ ပူနေမှာ အန်တီကြည့် သိတယ် "
" သားကို သူချစ်ပါတယ် "
" သူမထုပ်ပြတာဘဲ ရှိတယ်သား "

" သားသိပါတယ် သူအတွက်က သားက မရှိလေ ကောင်းလေ ဆိုတာ "
" သားကတာ ‌အများကြီ မျှော်လင့်မိနေတာပါ "

" အဲ့လို မဟုတ်ပါဘူး သားရယ် "
" သားအဖွားက သားကို ချစ်ပါတယ် "
" သား အဖွားကို သားမမုန်းရဘူး နော် "
" အန်တီကြည် ပြောတာ ကြားလား "

" ဟုပ်ကဲ့ပါ သားဘယ်တုန်ကမှ အဖွားကို မမုန်ခဲ့ပါဘူး "

" အေ ကောင်းတယ်သား "
" အန်တီကြည် ဟင်ချတ်အုန်မယ် "

" ခနလေး အန်တီကြည် "
" သားပြောလို့ မပြီတေးဘူး "
" သား မေစရာလေးရှိလို့ "

" ဘာမေမှာလဲ မေး "

" အန်တီကြည် ဒီအိမ်ကြီကို ရောက်နေတာ ဘယ်လောက်ကြာပြီလဲ "

" အင် တော်တော်ကြာပြီ သားတောင် မမွေးတေးဘူး ဆိုပါတော့ "

" အေတာဆို အဖွား ကျန်တော်ကို မုန်းတဲ့ အကြောင်ရင်လေး ပြောပြပါလား "

" ဟမ်း နေပါအုန် သားက ဘာလို့ ဒီအကြောင်တွေသိချင်ရတာလဲ "
" သားသိရတော့ ရောသားဘာတွေပြောင်လဲ နိုင်မှာမို့လို့လဲ "

" သားမပြောင်လဲ နိုင်ပါဘူး အနဲဆုံးတော့ ဘာကြောင့်လဲ ဆိုတာသား သိရ‌တာပေါ့ "
" သားအဖေလဲ ဒီအကြောင်း သားကို တစ်ခါမှ မပြောပြဘူး "
" သား အဖေကိုလဲ မမေးချင်ဘူး "
" လုပ်ပါ သားကို ပြောပြပါ "

" အန်တီကြည်လဲ သားကို ဘာကြောင့် မေမေကြီမုန်းလဲ ဆိုတာတော့ သေခြာမသိဘူး "
" အန်တီကြည် ဒီအိမ်ကြီကို မရောက်ခင်တော့ ဒီအိမ်မှာ အိမ်အကူ တစ်ရောက်ရှိတယ် "
" နာမည်တော့ အန်တီကြည်လဲ အသိကြမသိဘူး "
" အန်တီကြည် ကြား‌တာတော့ သားအဖေနဲ့ အဲအိမ်အကူနဲ့ မေတ္တာမျှသွားကြပြီ မကြာဘူး
အိမ်အကူမှာ ကိုဝန် ရသွားတယ်လို့ကြားတယ် "
" ဒါကို မေမေကြီက သိသွားတော့ အိမ်အကူ ကို ပိုင်းလုံးမ ဆိုပြီ အိမ်ကနေ မောင်လိုက်တယ် "
" သားအဖေကိုလဲ သူအသိမိတ်ဆွေ ဦးအောင်ရွှေရဲ့ သမီးနဲ့ အတင်ပေစာခဲ့တယ် "
" ပြီတော့ နှစ်ယောက်လုံး နိုက်ငံခြာ ထွက်သွားကြတယ် "
" အဆတ်သွယ်လဲ မရခဲကြတော့ဘူး "
" သား ၂ နှစ် အရွယ် လောက်မှာ သား အဖေသားကိုချီပြီ ပြန်လာတယ် "
" သားအမေကတော့ သားမီတွင်ထဲမှာဘဲ ဆုံးသွားတယ်လို့ သိရတယ် "
" အေချိန်မှာ မေမေကြီရဲ့ အမုန်က သားအပေါ်မများတေးဘူး "
" သူမြေးလေး အပေါ် အချစ်မရော့ ခဲ့ဘူး "
" ဘယ်မှာ မုန်သွားလဲ ဆိုတော့ သား ၅ နှစ်လောက်အရွယ် မှာ သားက သားအဖေ ကားစက်နိုးထားတဲ့ ကားပေါ်မှာဆော့နေရင် မထင်မှတ်ဘဲ ကားဂီယာကို နင်းမိလိုက်တယ် ကားက ထွက်သွားပြီ အရှေ့မှာရှိတဲ့ သားအဖေကို တိုက်မိသွားတယ် "
" သားက ဘာမသိဘဲ ကားဂီယာကို အဆုံနင်းထားတော့ အရှိန်က တော်တော်ပြင်သွားတယ် "
" သားအဖေ အောက်ပိုင်း လှုပ် မရတဲ့ အထိဘဲ "

" ဗျာ "
" ဖေကြီ ခြေထောင့်က တစ်ကယ်ဘဲ သားကြောင့်လား "

" ဒါဘေမယ့် သားအဖေက ဘယ်တုန်ကမှ သားကြောင့်လို့ မပြောခဲ့ဘူး "
" သူကံ ကြောင့်လို့ဘဲ အမြဲ ပြောခဲ့တယ် "
" ထားနဲ့ ခွဲခဲတုန်က လိုပေါ့ "

" ဘယ်လို "
" ထား "
" ဟုပ်လား အန်တီကြည် "

" အင် "
" အေလေ မင်း အဖေရဲ့ အချစ်ဦး ခုနက အန်တီကြည်ပြောတဲ့ အိမ်အကူ ခုမှ နာမည်မှတ်မိသွားလို့ "

" ဒါဆို "
" ဒါဆို "
" ကိုမိုးည နဲ့ ကျန်တော်က "

အပိုင်း (၈) မျှော်
LaYaung

@victoriamagazine

ကျန်တော် စိတ်ရှုပ်စရာတွေ တော်တော်များနေလို့ မရေး ဖြစ်တာ တော်တော်ကြာသွားတယ် တစ်ကယ် တောင်ပန်ပါတယ် 😔🙏
👍1
‌Title - မိုးည ရဲ့ ခွန်းသ အပိုင်း { 8 }


Type - လိင်တူ ၀တ္ထု

Author - လရောင် (La Yaung)

Victoria Magazine 🌸
HC Management ☑️
@victoriamagazine
👍2
Victoria Magazine 🌸
‌Title - မိုးည ရဲ့ ခွန်းသ အပိုင်း { 8 } Type - လိင်တူ ၀တ္ထု Author - လရောင် (La Yaung) Victoria Magazine 🌸 HC Management ☑️ @victoriamagazine
🍀💞 မိုးည ရဲ့ ခွန်းသ 💞🍀

အပိုက်း (၈)

" ဒါဆို ကိုမိုးည နဲ့ ကျန်တော်က "

" ဘယ်က မိုးညလဲသား "

" အော် "
" ဘာမဟုတ်ဘာဘူး အန်တီကြည် လုပ်စရာရှိတာလုပ်တော့ "

အန်တီကြည်ရဲ့ စကားတွေ ကြားပြီ ခွန်းသ စိတ်နဲ့ လူနဲ မကတ်တော့ဘဲ မီဖိုချောင်အခန်းက နေထွက်လာကာ အဖေဖြစ်သူ ဦးကျော်စိုးကို ဒုက္ခသအဖြစ်နဲ့ မြင်တော့ မျတ်ရည်တွေအလိုလိုကျကာ ငိုရင်း ပြေဖတ်လိုက်တော့တယ် ။

" ဘာဖြစ်တာလဲ သား "
" ဘာဖြစ်လို့ လဲ မင်းအဖွား မင်းကို ဘာပြောလိုက်လို့လဲ "

" အဖွားဘာမပြောပါဘူး "
" သားတောင်ပန်ပါတယ် "
" သားကြောင့် "

" ဘာအတွက်တောင်ပန်တာလဲ "
" ဘာကို သားကြောင့်လဲ "

" သားကြောင့် ဖေကြီ ခုလို ဒုက္ခသ ဖြစ်နေရတာ "

" သားကြောင့် မဟုတ်ဘာဘူး "
" ဘယ်သူ ပြောတာလဲ သားကြောင့်လို့ "
" အဖေ ခုလို ဖြစ်တာ ဘယ်သူကြောင့်မှ မဟုတ်ဘူး "
" အဖေကိုတိုင်ကြောင့်ဘဲ "
" ကားပေါ်မှာ ခလေးရှိနေတာကို သတိမထားဘဲ ကားစက်နှိုးတဲ့ အဖေကိုတိုင် ကြောင့် "
" ဒီအတွက် သားစိတ်ထဲ မှာ ဘာမှ မထား ထားနဲ့ "
" သား ပျော်နေတာကိုဘဲ အဖေ မြင်ချင်တယ် "
" ဘဝမှာသား အမှားတွေ အများကြီ လုပ်လို့ရတယ် "
" သားမှာပြီရင် သားကို သား ပါ့ကြောင့် ဆိုပြီး အပြစ်မတင်နဲ့ "
" သားကိုသား အပြစ်တင်နေမဲ့ အစား အေအမှားကနေ သား သင်ခန်စာ ပြန်ယူ
ဖေကြီ ပြောနေတာ ကြားလား "

" ဟုပ်ကဲ့ "

" အေ သွားနာတော့ ငိုမနေနဲ့ "
" နေလဲ ကောင်းတေးတာ မဟုတ်ဘူး "
" အော် ဒါနဲ့ ဖေကြီ သားးကို မေအုန်မယ် "

" ဟုပ် "

" သား အိမ်က နေထွက်သွားပြီ ဘယ်မှာ သွားနေတာလဲ "
" ဘယ်သူ အိမ်လဲ "

" အော် အေတာလား "
" သားအသိ တစ်ယောက်အိမ်ပါ "

" အဖေနဲ့ ရောသိလား "

" ဗျာ "

ဦးကျော်စိုးရဲ့ စကားတစ်ခွန်းကြောင့် ခွန်းသ ဘာဖြေရ မှန်မသိဘဲ ညိမ်သွာတော့တယ် ။

" သား "
" ခွန်းသ ဘာဖြစ်လို့ ညိမ်သွားတာလဲ "
" ဖေကြီပြောနေတာကိုရော ကြားလား "

" ဗျာ "

" မင်းကို ကြည့်ရတာလဲ စိတ်နဲ့ လူနဲ့ မကပ်သလိုဘဲ "
" ဘာမဟုတ်တော့ဘူး "
" သွားတော့ "
" နေအုန် မသွားခင် ငါ့ကို အခန်ထဲပို့ပေအုန် "

" ဟုပ်ကဲ့ "

" မိုးည ဘယ်လိုလဲ အန်တီ ထား သက်သာလား "

" အင် သက်သာတယ် "
" ခုဘဲ ဆေး သောက်ပြီ ပြန်အိပ်သွားတာ "

" နင်လဲ နားရင် နာလေ "
" အန်တီထားကို ငါကြည့်ထားပေမယ် "

" ရပါတယ် ငါအဆင်ပြေပါတယ် "
" ဒါနဲ့ နဒီ နင် ခွန်းသ သတင် ဘာကြားတေးလဲ "

" ခွန်းသ သတင်းလား "
" ဘာမကြား မိဘူး "
" သူရော နင့်ကို မဆတ်သွယ်ဘူးလား "

" ထွက်သွားတဲ့ နေ့ကတဲက မဆတ်သွယ်ဘူး "
" ငါစိတ်ပူတာက ငါနဲ့ စတွေ့တဲ့ နေက လို ဖြစ်မှာကိုဘဲ "

" နင်လဲ အရာ အားလုံ စိတ်ထဲ ထားမနေနဲ့ "
" သူအဆင်ပြေမှာဘာ "
" ငါကတော့ နင့်ကို ပိုစိတ်ပူတယ် မိုးည "

" နဒီ နင့်ငါ အပေါ် ခံစာချက် ရှိတာ ငါသိပါတယ် "
" ဒါဘေမယ့် "
" တစ်ခါတစ်လေမှာ အချစ်ဆိုတာမျိုးက တစ်ယောက်ထဲ တွက် မွေးဖွားလာတာမျိုး "
" နင့် အပေါ် နင်ချစ်သလိုမျိုး ချစ်နိုင်မဲ့ သူ တစ်နေ့ တော့ တွေ့မှာပါ "

" မိုးည နင် ခုနက ပြောသလို ဘဲ ငါ့အချစ်ကလဲ နင့် တစ်ယောက်ထဲ တွက် မွေးဖွားလာ တယ်ဆိုရင်ရော "
" ထားပါ နင်က ခုချိန်မှာမီးပုံဘဲ မှိုင်းဝနေတုန် ကောင်းကင်မှာ ပျော်ပျော်ပါပါ လွင့်ပါ "
" မှိုင်းကုန်လို့ မြေပြင်ပေါ် ကြတဲ့ တစ်နေ့တော့ ငါကို ကောက်ခွင့်ပြု မိုးည "
" နင့် အနားမှာ ငါအမြဲ ရှိနေမယ် အရင်ကလဲ ရှိခဲ့တယ် အခုလဲ ရှိနေတယ် နောက်လဲ ရှိနေအုန်မယ် မိုးည "


နဒီ မိုးည အပေါ် ထားတဲ့ ခံစာချက်တွေကို မိုးည သိလိုက်ရ တော့ နဒီ ကို စကားဖြစ် ပြန်မပြော နိုင်ဘဲ ခေါင်းလေးဘဲ ညှိတ်ရင် နဒီ ရဲ့ ခံစာချက်တွေကို နာထောင်ခဲ့တယ် ။
အေးအချိန်မှာ မြတ်ခွန်းသ ရောက်လာပြီ

" အကို "

မိုးည ငုတ်နေတဲ့ ခေါင်းလေး အပေါ်ကို မော့ပြီး ခွန်းသကိုမြင်တော့ ရင်ခွင်ထဲ ဆွဲဖတ်လိုက်ကာ

" ခွန်းသ "
" ဘယ်တွေ သွားနေတာလဲ ကိုဖြစ် စိတ်ပူ လိုက်ရတာ "

ခွန်းသ က အတင်းဖတ်ထားတဲ့ မိုးည ကို လက်နဲ့ တွန်းဖယ်ပြီ

" ညီ အန်တီကို လာကြည့်တာ "
" အမနဒီလဲ ရှိနေတာဘဲ "
" အန်တီ သက်သာလား "

" အင် "
" မေကြီ သက်သာတယ် "
" ညီ အမေနဲ့ စကားပြောအုန်မလား "

" မပြောတော့ ဘာဘူး "
" ညီမျတ်နှာ မြင်ရင် အန်တီရောဂါတိုးနေအုန်မယ် "
" ညီ အန်တီ သက်သာလား သတင်လာမေတာဘဲ "

" အေ ဒါနဲ့ ညီ အဆင်ပြေလား "
" ဘယ်မှာနေ‌ နေတာလဲ "

" ညီအတွက် စိတ်မပူပါနဲ့ "
" ညီ အခု ညီအိမ်မှာ ညီ ပြန်နေနေတယ် "

" ညီမျတ်နှာ ကိုကြည့်ရတာ တိပ်အဆင်မပြေနေသလိုဘဲ "
" ဘာဖြစ်လို့လဲ "
" ကို့ကို ပွင့်ပွင့်လင်းလင် ပြော ညီ "

ခွန်းသ ဝမ်းနည်းနေတဲ့ မျတ်လုံတွေက မိုးညကို စကားတွေ ပြောနေတော့တယ်

" ညီ ဦီကိုလာတာ အကြောင်းရင်နှစ်ခုရှိတယ် "
" တစ်ခုက အန်တီ သတင်း မေပြီ "
" နောက်တစ်ခုက "

" နောက်တစ်ခုက ဘာလဲ "
" ကို့ကို ပြော "

နဒီက သူရှိနေလို့ ခွန်းသ မပြောချင်တာကို ရိတ်မိလိုက်တယ်

" မိုးည နင်တို့ နှစ်ယောက် အပြင် ဆိုင်တစ်ဆိုင် မှာအေဆေး သွားပြောကြပါလား "
" ငါအန်တီကို ကြည့်ထားပေမယ် "

" အေတာဆို ကျေးဇူဘဲ နဒီ "

" ရပါတယ် "

" ညီ ကိုတို့ ဆိုင်တစ်ဆိုင်သွားကြရအောင် "

" ဟုပ် "

နဒီကို ခွန်သက ခေါင်းလေး ငုတ်ပြီ သွားလိုက်အုန်မယ် ဆိုတဲ့ ပုံလေးနဲ့ နှုတ်ဆတ်ပြီး မိုးညက ခွန်းသ လက်ကိုဆွဲကာ ဆေးရုံရှေက လမ်းထိပ်လေးရောက်တော့ ခွန်းသက မိုးည ဆွဲထားတဲ့ လက်ကို ဖြုတ်ပြီး
👍3
Victoria Magazine 🌸
‌Title - မိုးည ရဲ့ ခွန်းသ အပိုင်း { 8 } Type - လိင်တူ ၀တ္ထု Author - လရောင် (La Yaung) Victoria Magazine 🌸 HC Management ☑️ @victoriamagazine
" အကို ဒီမှာ ဘဲ ပြောကြရအောင် "

" ဘာဖြစ်လို့လဲ "
" လမ်းမကြီမှာ လာပါ ဆိုင်တစ်ဆိုင်ထဲ ဝင်ရအောင် "

" ရပါတယ် ဒီမှာဘဲ ပြောတော့မယ် "
" ညီတို့ လမ်းခွဲးကြရအောင် "

မိုးည ခန ညိမ်သွားပြီ ခွန်းသ စီက လွမ်းခွဲရအောင်လို့ ပြောတဲ့ စကားကို မယုံနိုင် ဖြစ်သွားတော့တယ်

" ဘယ်လို "
" လမ်းခွဲး ရအောင် ဟုပ်လား "
" ဘာကြောင့်လဲ အကြောင်းရင်က ဘာလဲ ခွန်းသ "

" အကြောင်းရင်က ညီတို့ နှစ်ယောက် ဘယ်လိုမှ မဖြစ်နိုင်ဘူး "

" ဘာကြောင့် မဖြစ်နိုင်ရတာလဲ "
" ကို့ ‌အမေ ကြောင့်လား "

" မဟုတ်ဘာဘူး အန်တီနဲ့ ဘာမှ မဆိုင်ဘာဘူး "

" ဒါဆို ဘယ်သူကြောင့်လဲ ကို့ ကြောင့်လား "

" ကို့ကြောင့်လဲ မဟုတ်ဘူး "
" ညီကိုတိုင်က ညီတို့ နှစ်ယောက်လုံး ရှေဆတ်ဘို့ မဖြစ်နိုင်တာသိလို့ "
" လမ်းခွဲဖို့ ပြောတာ "

" ခွန်းသ ကိုမင်း အပေါ်ထားတဲ့ ကို့ရဲ့ ခံစားချက်တွေကို မင်းမယုံတာလား "
" ဒါမှ မဟုတ်မ မြင်တာလား "

" ညီ မြင်တယ် အကို ညီကို ချစ်တာလဲ ညီသိတယ် ညီလဲ အကို့ ကို ချစ်ခဲ့တယ် "
" ဒါဘေမယ့် "
" ခုက ညီတို့ က ဘယ်လိုမှ မဖြစ်နိုင်တော့လို့ မဖြစ်နိုင်တဲ့ အကြောင်းရင်ကလဲ "
" ညီနဲ့ ကိုနဲ့က "

ခွန်းသ စကားတွေ ရပ်သွားပြီး မိုးညလဲငိုနေတဲ့ ခွန်းသကို ရင်ခွင်ထဲ ထည့်ဖတ်လိုက်တယ်

" ညီအကို့ကို မမုန်ဘူး ညီကိုလဲ မမုန်းစေချင်ဘူး အကိုမုန်းမှာ ညီသေမှာထက်ပို ကြောက်တယ် "
" ညီဘာလုပ်ရမလဲ "

မိုးည က ဘာမှ ထပ်မမေ ထပ်မပြောဘဲ ခွန်းသ ကို ဖတ်မြဲ ဖတ်ထားတော့တယ်

" အကို "
" ညီ အကို့ ကို တစ်ခု လောက် မေးမယ် "
" ကို အမှန်တိုင်ဖြေနော် "

မိုးည မျန်ဝန်းမှာ မျတ်ရည်တွေစိုနေတာကိုခွန်သကို မမြင်စေချင်တာနဲ့ ဖတ်ထားရင် ခေါင်လေး ညိတ် လိုက်တယ်

" အကို အကို အဖေကို မုန်းလား "

မိုးည အဖေဆိုတဲ့ အသံကို ကြာတော့ ဖတ်ထားတဲ့ ခွန်းသကို ခွါကာ ခွန်းသရဲ့ ပုခုံး နှစ်ဖက်ကို ကိုက်ပြီ ခွန်းသ ရဲ့ မျတ်လုံတွေကို သေခြာကြည့်ကာ

" ဒီမှာ ညီ "
" ကို ကို့ အဖေ ကို မမုန်ဘူး "
" လိုအပ်လား မေရင် ကို မလိုအပ်ဘူး "

" ကို့ အဖေကို ကို အပြစ်ရှိတယ်လိုရော ထင်လား "

" ညီ ဘာကြောင့် ကို့ကို ဒီစကားတွေ လာပြောနေတာလဲ "

" ညီသိချင်လို့ "
" ညီမေတာဘဲ ဖြေပါ "
" ကို့ အဖေ ကို့ ပေါ် အပြစ်ရှိတယ် အပြစ်လုပ်သွားတယ်လို့ ကို ထင်လား "


" ညီ ဒီအကြောင်းတွေတွက် ကို့မှာ ဖြေစရာ အဖြေ မရှိဘူး "
" ညီ ဒီတိုင်းဆတ်မေနေရင် ကိုသွားတော့မယ် "
" ကို့သိတာက ကို့ဘဝမှာ အဖေဆိုတဲ့ နာမည်
တစ်ခါမှ ခေါ်ခွင့်မရှိခဲ့ဘူး "
" ကိုက ဒီချိန်မှာ ဆယ်ကျော်သက် ဆိုရင်တော့ အဖေကို တောင်သ ရင် တောင်သမိမှာ "
" ဒါဘေမယ့် ကို့ အသက်က အခု သုံးဆယ်ပြည့်တော့မယ် "
" သူတာ အကို့ကို တွေ့ ချင်တယ်ဆိုရင် အစောကြီ ကတဲက ကိုတို့ တွေပြီးရောပေါ့ "
" ကို့ကို မတွေ့ ချင်လို့ ရှောင်နေတဲ့ သူကို ကိုလဲ ရှာဖို့ စိတ်ကူးမရှိဘူး "
" ကို အမေကို ထားခဲ့ တာကြာနေပြီ ကိုသွားတော့မယ် "

အဖေမရှိဘဲ ကြီးပြင်လာတဲ့ မိုးည တစ်ယောက် ရုပ်တစ်ရက် အဖေ ဆိုတဲ့ အသံကို ကြားလိုက်တော့ ခေါင်းထဲ အဖေအကြောင်းတွေ မတွေ ဘဲ မနေနိုင်ဖြစ်သွားတော့တယ် သူဘယ်လို ပုံလဲ
ဘာကြောင့်လဲ အတွေးပေါင်းများစွား မေခွန်းပေါင်းများစွားနဲ့ လမ်းအကူ အနောက်က လာနေတဲ့ ကားကို မမြင်ဘဲ လမ်းအကူးမှာ

" အကို အနောက်မှာ ကား "

ခွန်းသက အပြေလာပြီ မိုးညကို တွန်းလိုက်တော့ မိုးညကို တိုက်မဲ့ ကားက ခွန်းသကို အရှိန်နဲ တိုက်သွားတော့တယ် ။

" ဒိန်း "

အပိုင်း (၉) မျှော် 😘

La Yaung
@victoriamagazine
👍6
* အတိတ်များဆီသို့... *


နေဝင်ချိန်ရောက်တိုင်း ထွက်ပေါ်လာတဲ့

ဖုန်းမြည်သံလေး...

အခုများတော့ တိတ်ဆိတ်သွားခဲ့ပြီ။

ဖုန်းလာချိန်လေး အပြေးသွားခဲ့ရတဲ့

ကွင်းပြင်လေး...

အခုများတော့ အထီးကျန်သွားခဲ့ပြီ။

တစ်ချိန်ချိန် အပြင်မှာတွေ့ကြမယ်ဆိုတဲ့

ကတိစကားလေး...

အခုများတော့ လေထဲမှာပျောက်ကွယ်သွားခဲ့ပြီ။

Keyကြောင်နေတဲ့ ငါ့ရဲ့သီချင်းသံတွေကို

မင်းမုန်းသွားပြီ ထင်ပါရဲ့။

သဲသဲကွဲကွဲမရှိတဲ့ ငါ့ရဲ့စကားဝဲဝဲသံကို

မင်းငြီး‌ငွေ့သွားပြီ ထင်ပါရဲ့။

နာခံမှုမရှိတဲ့ ငါ့ရဲ့ဂျစ်ကပ်ကပ်ပုံစံကို

မင်းစိတ်ကုန်သွားပြီ ထင်ပါရဲ့။

Happy Ending မဖြစ်ခဲ့ပေမယ့် မင်းကိုချစ်ခဲ့ပါတယ်။

ရန်တွေခဏခဏ ဖြစ်ခဲ့ပေမယ့် မင်းကိုလေးစားခဲ့ပါတယ်။

အတိတ်တွေက ပြန်မရနိုင်တော့ဘူးဆိုပေမယ့် တစ်ခါတစ်လေတော့လွမ်းမိသား။

နောင်တမရခဲ့ပေမယ့် တွဲခဲ့တဲ့ အချိန်ခဏလေးမှာ ဂရုစိုက်ပေးခဲ့တဲ့ မင်းကို ကျေးဇူးတင်ပါတယ်။


                     ဂျန်





Poet_Jan 🐯
MC_Jan 🐯

Victoria Magazine 🌸🌈 HC Management ☑️
@VictoriaMagazine
👍3
“အမျိုးသား‌တွေအတွက် တစ်ကိုယ်ရည်အာသာဖြေတဲ့အကျင့်က ပေးတဲ့ ကောင်းကျိုးနဲ့ဆိုးပြစ်များ”
အရွယ်ရောက်သူတိုင်း လိင်စိတ်ဆန္ဒဆိုတာ ရှောင်လွှဲလို့မရတဲ့ ဇီဝဖြစ်စဉ်တစ်ခုပါပဲ။ လိင်စိတ်သာယာမှုကို လူ့သဘာဝအလျောက် ဖြေဖျောက်ကြတဲ့နည်းတွေထဲမှာ လူတိုင်းလိုလို လုပ်လေ့ရှိတာက Masturbation လို့ခေါ်တဲ့ တစ်ကိုယ်ရည်အာသာဖြေမှုပဲ ဖြစ်ပါတယ်။ တစ်ကိုယ်ရည်အာသာဖြေမှုနဲ့ပတ်သက်ပြီး ဟိုပြောဒီပြော ကောလာဟာလတွေလည်း အများကြီးရှိပါတယ်။

*ကျန်းမာရေးအကျိုးတွေ*

ကောင်းတဲ့ဘက်က ကြည့်ရင် အာသာဖြေဖျောက်ခြင်းဟာ ဦးနှောက်အတွက် ခံစားမှု ကောင်းမွန်တဲ့ ဒိုဖာမိန်း ၊ အန်‌ဒိုဖင်းစ် ၊ အောက်ဆီတိုစင် ၊ တက်စတိုစတီးရုန်းနဲ့ ပရိုလတ်စတင်းလို ဟော်မုန်းတွေကို ဦးနှောက်က ထုတ်ပေးနိုင်စွမ်းရှိတယ်လို့ ဆိုပါတယ်။ Happy Hormones လို့ ခေါ်တဲ့ ဒိုဖာမိန်း ၊ အန်ဒိုဖင်းနဲ့ အောက်ဆီတိုစင်တို့ ထွက်လာတာကြောင့် စိတ်ဖိစီးမှု ပြေလျော့ပြီး စိတ်သက်သာရာရလာပါတယ်။ တက်စတိုစတီးရုန်းထွက်တာကြောင့် လိင်စိတ်ကျေနပ်မှုရပြီး ခံစားမှုနဲ့ သက်လုံကောင်းလာစေနိုင်ပါတယ်။ ပရိုလတ်စတင်းကတော့ Mood နဲ့ ကိုယ်ခံအားစနစ်ပေါ် လွှမ်းမိုးမှုရှိပြီး စိတ်တည်ငြိမ်အေးချမ်းလာနိုင်ပါတယ်။

Masturbation ဟာ ဦးနှောက်ရဲ့ အာရုံစူးစိုက်မှုကို ပိုမြှင့်တင်ပေးနိုင်စွမ်းရှိတယ်လို့ ဆိုကြပါတယ်။ ဒီအချက်အပေါ် သိပ္ပံနည်းကျ ဖြေရှင်းချက်တွေ ထွက်မလာသေးပေမယ့် လူတချို့ကတော့ တစ်ကိုယ်ရည်အာသာဖြေခြင်းဟာ စိတ်အာရုံစူးစိုက်နိုင်စွမ်းကို ပိုကောင်းမွန်စေနိုင်တယ်လို့ ယူဆကြပါတယ်။ စိတ်ဖိစီးမှုနဲ့ စိတ်ရှုပ်ထွေးမှုတွေ ဖြစ်ခြင်းကိုလည်း တစ်ကိုယ်ရည်စိတ်ဖြေခြင်းက သက်သာရာ ရစေနိုင်ပါတယ်။

နောက်ထပ် လူအတော်များများ လက်ခံထားတာက အာသာဖြေတာဟာ အိပ်ပျော်စေနိုင်တယ် ဆိုတဲ့ အချက်ပါပဲ။ တစ်ကိုယ်ရည်အာသာဖြေမှုလုပ်ခြင်းကနေ အောက်ဆီတိုစင်နဲ့ အင်ဒိုဖင်းတွေ ထွက်ပြီး လူကို ပြေလျော့အနားရစေတာကြောင့် အိပ်ပျော်လွယ်သွားတာလည်း ဖြစ်နိုင်ပါတယ်။ လိင်မှုကိစ္စနဲ့ပတ်သက်ပြီးလည်း မလွန်ကဲတဲ့ Masturbation အလေ့အကျင့်ဟာ သာယာပျော်ရွှင်မှုကို ပေးနိုင်ပါတယ်။

*ဘေးထွက်ဆိုးကျိုးတွေ*

တစ်ကိ
ုယ်ရည်စိတ်ဖြေမှုက အသွားနှစ်ဖက်ပါတဲ့ ဓါးတစ်လက်လို့ ဆိုရမှာပါ။ တစ်ကိုယ်ရည်အာသာဖြေခြင်းကို တချို့ဘာသာရေးနဲ့ လူ့အဖွဲ့အစည်းတွေအကြားမှာ မကောင်းမှုဒုစရိုက်တစ်ခုသဖွယ် သဘောထားကြပါတယ်။ ဒါကြောင့်ပဲ တင်းကြပ်တဲ့ ဘာသာရေးဘောင်တွေနဲ့ နေထိုင်သူတွေမှာ သွေးသားလှုံ့ဆော်မှုအရ အာသာဖြေပြီးတဲ့နောက် ကိုယ့်ကိုယ်ကိုယ် အပြစ်ရှိသူလိုခံစားရပြီး ရှက်ရွံ့သိမ်ငယ်တာမျိုး ဖြစ်နေတတ်ပါတယ်။

ကျန်းမာရေးဘက်က ကြည့်ရင် Masturbation လုပ်လွန်းရင် လိင်စိတ်ကျလာတာ ၊ လိင်တံမထောင်မတ်နိုင်တော့တာ ၊ ပန်းညှိုးတာ အပြင် Masturbation လုပ်ရတာကို စွဲသွားတာမျိုး ဖြစ်လာနိုင်ပါတယ်။ ၂၀၀၈ ခုနှစ်က လေ့လာမှုတစ်ခုမှာ အသက် ၂၀ နဲ့ ၃၀ တစ်ဝိုက်လူငယ်တွေမှာ မကြာခဏ အာသာဖြေလွန်းရင် ဒါမှမဟုတ် လိင်ဆက်ဆံမှု လုပ်လွန်းရင် ဆီးကျိတ်ကင်ဆာဖြစ်နိုင်ခြေ ပိုမြင့်တယ်လို့ ဆိုပါတယ်။
ဘာပဲဖြစ်ဖြစ် မလွန်ကဲအောင် ထိန်းနိုင်ရင် တစ်ကိုယ်ရည်အာသာဖြေတာဟာ အမျိုးသားတွေအတွက် သင့်တော်တယ်လို့ပဲ ပြောရမှာ ဖြစ်ပါတယ်။

Nway Oo (နွေဦး) 🍁
Victoria Magazine 🌸
HC Management ☑️
@VictoriaMagazine
👍1👏1
Forwarded from Top Management 💎
နှစ်သစ်မှာ ရွင်လန်းချမ်းမြေ့ကြပါစေ။

ကပ်ရောဂါဘေး ၊ မင်းဆိုး အာဏာရှင် ဘေး မှ အလျှင်မြန်ကင်းဝေးပြီး ဒီမိုကရေစီ ခေတ်သစ်ကို ရောက်ပါစေ ၊

မင်မင်တို့ ချန်နယ် အားလုံးရဲ့ Subscriber များအားလုံး ကိုယ်စိတ်နှလုံး သုံးပါး သောကကင်းပြီး
စိတ်ချမ်းသာ ကိုယ်ကျန်းမာ ရှိကြပါစေကြောင်း မင်မင်တို့ Top Management 💎 Channels LTD မှ ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်။

Top Management 💎 Channels LTD
https://t.me/TopManagementOfficial
ဂျန် Fic တွေပြန်ရေးရင် အရင်လို ဖတ်ပေးဦးမလား 🥰
👍4❤1
Romeo Saved Me ဆိုတဲ့ Fic လေးကို မနက်ဖြန်ကစပြီး တင်ပေးမယ်နော် 💕

Admin_Jan
💕 Romeo Saved Me 💕

💮 Episode - 1 💮

👤 လူထူးဆန်းမဟုတ်သော လူထူးဆန်း 👤


ကျွန်တော်ဟာ လူတွေကို ကြောက်တတ်တဲ့ ကောင်လေးတစ်ယောက်ပါ။ လူတွေနဲ့ ရောရောနှောနှော မနေထိုင်တတ်ပါဘူး။ ကျွန်တော်က တစ်ယောက်ထဲနေရတာကို သဘောကျပါတယ်။ သီချင်းတွေအပြည့်ရှိတဲ့ ဖုန်းတစ်လုံးနဲ့ earphones တစ်ခုရှိရင် ကျွန်တော်အဆင်ပြေပါတယ်။ ပန်းခြံလို လူရှုပ်တဲ့နေရာတွေက ကျွန်တော့်အတွက် အပန်းပြေစရာ နေရာတစ်ခုလို့မထင်ပါဘူး။ လူသူလေးပါးကင်းမဲ့တဲ့ ကွင်းပြင်ကျယ်လိုနေရာမျိုး (သို့မဟုတ်) လေညှင်းတို့ တိုးဝှေ့ဆော့ကစားနေတဲ့ တောင်ကုန်းလိုနေရာမျိုးတွေကို ကျွန်တော်သဘောကျတယ်။ လူတွေပြည့်နှက်နေတဲ့ ရုပ်ရှင်ရုံလိုနေရာမျိုးထက် နာမည်မရှိတဲ့ ပင်လယ်ကမ်းခြေလို နေရာမျိုးမှာ ခရုခွံတွေလိုက်စုရတာကို သဘောကျသည်။ ကောင်းကင်ပြာပြာထက်မှ တိမ်လွှာဖြူဖြူများကို စိတ်ကူးပန်းချီကားတစ်ချပ်အဖြစ် ပြောင်းလဲပစ်ရတာမျိုးကို သဘောကျသည်။  မီးရောင်စုံထွန်းထားသည့်အခန်းထက် မှောင်မိုက်နေသော အခန်းမျိုးကို သဘောကျသည်။ လူအများကြီးနဲ့ စကားမပြောချင်ပါဘူး။ ကျွန်တော့်ကို သဘောကျတဲ့သူနဲ့ပဲ စကားတွေအများကြီးပြောချင်သည်။ ကျွန်တော် အဆင်မပြေခဲ့ပါဘူး။ အဆင်မပြေမှု့တွေကြားမှာ နေသားကျသွားတာပါ။ ကျွန်တော်ဟာ မည်သည့်အချိန်မှာ ပေါက်ကွဲမည်မသိသော လေများထပ်ခါထပ်ခါထည့်သွင်းခံနေရသည့် ပူစီပေါင်းနှင့်တူနေသည်။ ပေါက်ကွဲခဲ့ဖူးပါသည်။ ထည့်သွင်းခံထားသည့်လေများက လေထုထဲပျောက်ကွယ်ပေမယ့် ပေါက်ပြဲပျက်စီးနေခဲ့ရတာ ကျွန်ုပ်ပင်ဖြစ်သည်။ ထို့ကြောင့် ကျွန်တော်ဟာ ခဲမှန်ဖူးသောစာသူငယ်လို နှစ်ခါမနာလို၍ အဆုံးအစွန်ထိ တောင့်ခံနေခြင်းဖြစ်သည်။


" ဒုန်း ဒုန်း ဒုန်း "

အခန်းတံခါးထံမှ ထွက်ပေါ်လာသည့် ကျွန်တော်မကြားချင်ဆုံးအသံပင်ဖြစ်သည်။ ၎င်းနှင့်တစ်ပါတည်း အမေရဲ့အသံထွက်ပေါ်လာသည်။

" သက်ထူးမောင် ဒီနေ့ ကျောင်းစတတ်ရမယ့်နေ့နော် အခုအချိန်ထိ မထသေးဘူးလား "

" ကျွန်တော် နိုးနေပြီ "

" အေး အဲဒါဆို ထွက်ခဲ့တော့ နင့်အဖေလိုက်ပို့မှာ ပြင်ဆင်ပြီးရင် မနက်စာစားပြီးသွားတော့ "

" ကျွန်တော့်စက်ဘီးနဲ့ သွားလို့အဆင်ပြေပါတယ် လိုက်မပို့နဲ့ "

" အပိုတွေထပ်မပြောနဲ့ ပြင်ပြီးရင် ထွက်ခဲ့တော့ "

ဒီနေ့က ကျွန်တော် တက္ကသိုလ်စတတ်ရမည့်နေ့ပင်ဖြစ်သည်။ သို့သော် ကျွန်တော် တတ်ကြွမှုမရှိပါဘူး။ ကျောင်းမှာ လူအများကြီးကို ထပ်တွေ့ရဦးမည်။ စိတ်မပါလက်မပါနှင့် အခန်းထဲမှ ထွက်လာသည်။ နောက်ဖေးမီးဖိုခန်းထဲသို့ ဝင်သွားပြီး အုပ်ဆောင်းကိုလှပ်လိုက်သည်။ မိမိကြိုက်သည့် မုန့်ဟင်းခါးသည်ပင် ဒီနေ့မှာ အရသာမရှိလှ။ ထိုစဉ် ကျွန်တော်နှင့် မည်သည့်အခါမှအပေါက်အလမ်းမတည့်သော စိတ်ညစ်စရာကောင်းသည့် ကျွန်တော့်အစ်ကိုဝင်လာသည်။

" အငယ်ကောင် ကျောင်းစတတ်တဲ့နေ့ သူငယ်ချင်းတွေရအောင်လုပ်ခဲ့နော် စီနီယာတွေကိုလည်း လေးစား အထက်တန်းကျောင်းလို လုပ်လို့မရဘူး တက္ကသိုလ်ဆိုတာ စာပေပညာတင်မကဘူး ကဏ္ဍပေါင်းစုံက ပညာတွေသင်ယူရတဲ့နေရာ "

" ကျွန်တော့်ကို လာဆရာလုပ်မနေပါနဲ့ ခင်ဗျားကျောင်းစတတ်နေ့ ခင်ဗျားကိုဘယ်သူဆရာလုပ်ခဲ့လဲ ဒီလိုပဲ အဆင်ပြေသွားခဲ့တာ မဟုတ်ဘူးလား "

" ဟာ ဒီကောင် အကြီးကပြောပြနေတာကို "

" ကဲ စောစောစီးစီး ကိုက်မနေကြနဲ့ စားစရာရှိတာစား ပြီးရင် သွားကြတော့ "

ကျွန်တော်လည်း မကုန်သေးသော စားလက်စ မုန့်ဟင်းခါးပန်ကန်ကို ဘေစင်ထဲသွန်လိုက်ပြီး မီးဖိုခန်းထဲမှထွက်လာခဲ့လိုက်သည်။ ဧည့်ခန်းထဲတွင် ယနေ့ထုတ်သီတင်းစာအား ထိုင်ဖတ်နေသော အဖေ့ကိုတွေ့သည်။

" ကျွန်တော် အဆင်သင့်ဖြစ်ပြီ "

" ကဲ အဲဒါဆို သွားကြစို့ "

အဖေ့ရဲ့ ကားပေါ်က အနံ့ကို ကျွန်တော်မကြိုက်ပါ။ ကားနောက်ခန်းထဲကို ဝင်ထိုင်လိုက်ပြီး တစ်ပါတည်းယူလာခဲ့သည့် ရှူဆေးဗူးနှစ်ဗူးကို နှာခေါင်းထဲထိုးသွင်းထားလိုက်သည်။ ကားထိုင်ခုံပေါ်မှီလိုက်ပြီး မှိန်းနေလိုက်သည်။ ကျွန်တော့်ကို အစအဆုံးကြည့်ပြီး အဖေပြုံးနေသည်ကို ကျွန်တော်သိသည်။ ကျွန်တော့်မိသားစုထဲတွင် ကျွန်တော်သဘောကျသောသူဆိုလို့ အဖေတစ်ယောက်ထဲရှိသည်။ အဖေက ကျွန်တော့်ကို နားလည်ပေးနိုင်သည်။ လမ်း‌တစ်လျှောက်လုံး ကျွန်တော့်တို့ သားအဖ စကားမပြောဖြစ်ကြပါဘူး။ ကျောင်းရှေ့ကိုရောက်တော့ ကားကိုရပ်လိုက်သည်။ ကျွန်တော်ကားပေါ်က ဆင်းလိုက်သည်။

" ငါ့သား မင်းဖြစ်ချင်သလိုတာ လိုက်လုပ် စိတ်ချမ်းသာအောင်နေ fighting "

" ဟုတ်ကဲ့ အဖေ "

အဖေပြောချင်သည့်အရာကို ကျွန်တော်နားလည်သည်။ ကျွန်တော်ဖြစ်ချင်တာတွေက ပြသနာတွေမဟုတ်တာကို အဖေနားလည်သည်။ ကျွန်တော် စိတ်ညစ်နေတာကြောင့် စိတ်ချမ်းသာအောင် နေစေချင်သည်။ ဒီနေ့က အရာရာကို မည်သူ့အကူအညီမှမပါဘဲ ရင်ဆိုင်ရမည်ဖြစ်သည်။ သာမန်ကျောင်းသားတစ်ယောက်အတွက် ဘာမှမဟုတ်ပေမယ့် လူကြောက်သည့် ကျွန်တော့်အတွက်တော့ စိန်ခေါ်မှု တစ်ခုဖြစ်သည်။ အဖေ့ရဲ့စကားက ကျွန်တော့်အတွက် အားတတ်စရာမဟုတ်ပေမယ့် အားရှိသည်။ မုံရွာတက္ကသိုလ်ကြီးက ကျွန်တော့်ကို ရှေ့မှဆီးကြိုနေသည်။ ဘွဲ့နှင်းသ‌ဘင် လမ်းမကြီးအတိုင်းလျှောက်သွားကာ ဥပဒေအဆောင်ကို လိုက်ရှာသည်။ ကံကောင်းစွာဖြင့် ပထမဆုံးအဆောင်သည် ဥပဒေအဆောင်ဖြစ်နေသည်။ အဆောင်ထဲသို့ ဝင်လိုက်ပြီး ‌တွေ့ရာအခန်းကို ဝင်ထိုင်လိုက်သည်။ အခန်း၏ နောက်ဆုံးတန်းကို ဝင်ထိုင်လိုက်ပြီး earphones ကိုနားမှာတပ်ပြီး
👍4
Spotify မှ This is Taylor Swift playlist အား နားထောင်ရင်း ခုံပေါ်မှောက်အိပ်နေလိုက်သည်။ ဘေးနားတွင် လာဝင်ထိုင်သော ငနဲနှစ်ယောက်မှာ မိမိ၏ မျက်နှာအနေအထားကို ကြည့်ပြီး စကားမပြောကြ။ ပထမဆုံးနေမို့ ဆရာ၊ဆရာမတွေက စာမသင်ကြဘဲ Introduce လုပ်သည်ဆိုပြီး စကားတွေသာများကြသည်။ တက္ကသိုလ် ပထမနေ့တွင် တက္ကသိုလ်ဆိုသည်မှာ ပျင်းစရာကောင်းသော နေရာများထဲမှ တစ်ခုဟု မှတ်ချက်ပြုမိတော့သည်။

ကျွန်တော်ရဲ့ပုံစံက သူများတစ်ကာထက် ထူးပြီးဖြစ်တည်နေသည်ဟု ခံစားမိသည်။ လူအများစု လက်ခံယုံကြည် ကျင့်သုံးနေသည့် အရေးကိစ္စများကို လွယ်လွယ်ကူကူလက်ခံဖို့ ခက်ခဲနေသည်။ ထို့ကြောင့် ကျွန်တော်ဟာ လူ့ဂွစာဟု အမည်ကင်ပွန်းတပ်ခြင်း ခံခဲ့ရသည်ဟုထင်သည်။ မည်သို့ပင်ဖြစ်စေ ကျွန်တော့်ကို သဘောကျလက်ခံပြီး ကျွန်တော့်ရဲ့ မှားယွင်းသော ယူဆချက်အချို့ကို ပြုပြင်ပြောင်းလဲပေးနိုင်မည့်သူ ရှိလာဦးမည်ဟု ယုံကြည်သည်။ ကျွန်တော်က စကားကျယ်ကျယ်ပြောသူတွေ၊ ဆရာလုပ်သူတွေ၊ မိမိမှတစ်ပါး သိတဲ့သူ တတ်တဲ့သူမရှိဟု ယုံကြည်သူတွေ၊ အမှားကို လက်မခံဘဲ အဆုံးထိတင်းခံနေသူတွေကို သဘောမကျပါဘူး။ ကျွန်တော်က စကားမပြောတတ်တာမဟုတ်ပါဘူး။ ကျွန်တော်သဘောကျတဲ့သူနဲ့ဆို စကားတွေဖောင်နေအောင်ပြောတတ်သည်။ မိမိစကားကို နားလည်နိုင်မည့် ဉာဏ်ရည်တူသောသူနှင့်ပြောမှ အဆင်ပြေသည်မဟုတ်ပါလား။ ဆရာလုပ်သူနှင့် လမ်းညွှန်ဆုံးမသူ အများကြီးကွာခြားပါတယ်။ ဆရာလုပ်သူတွေက လက်တွေ့ဘဝမှာ သူတို့ကိုယ်တိုင်တောင် မလုပ်နိုင်သည့်အရာများကိုသာ ပြောကြသည်။ တစ်ဖက်လူ၏အခြေအနေကို ကောင်းကောင်းနားမလည်နိုင်ဘဲနှင့် ရမ်းသမ်းဆရာလုပ်ကြသည်။ လမ်းညွှန်ဆုံးမသူများက သူတို့တွေ့ကြုံခဲ့ဖူးသောအရာများကို ရင်ဆိုင်ကျော်ဖြတ်ခဲ့ကြပုံများအား ကျိုးကြောင်းပြပြောဆိုတတ်ကြသည်။ " မင်းဒီလိုလုပ်ပါလားထက်၊ ငါ့တုန်းကဒီလိုလေးလုပ်ခဲ့တာပဲ " ဟု ပြောဆိုတတ်ကြသည်။ ရင်ဆိုင်ပုံကိုပြောပြပြီး အတင်းအကြပ်မလုပ်ခိုင်းပါဘူး။ လမ်းကြောင်းပေးသည့် သဘောမျိုးကိုသာ လိုဆိုကြသည်။ တစ်ချို့သောသူများက မိမိယုံကြည်နေသာအမှန်၊ မိမိပြောဆိုနေသာသည်သာအမှန် ဆိုပြီး လက်တွေ့မကျသောအမှားများကို လက်ခံထားကြသည်။ အမှားမှန်းသိနေခဲ့သော်လည်း ပြင်ဆင်ပြောင်းလဲခြင်းမရှိဘဲ ဇီဝိန်ချုပ်ငြိမ်းသည်အထိ အမှားများကို ဆုပ်ကိုင်သွားကြသည်။ လူတစ်ကိုယ်စိတ်တစ်မျိုးဟု ဆိုသော်ငြားလည်း ကောင်းမွန်သော စိတ်ထားများရှိမှသာ လူဟု ခေါ်ထိုက်သည်မဟုတ်ပါလား။ လူတိုင်းဟာ အပြစ်မကင်းစင်ကြပါဘူး။ သို့သော် အပြစ်တွေချည်းလုပ်နေဖို့တော့ မသင့်တော်ဘူးဟု ကျွန်တော်ယူဆသည်။ ကျွန်တော်ကိုယ်တိုင်ကလည်း အပြစ်ကင်းစင်နေသော လူသားတစ်ယောက်မဟုတ်သောကြောင့် မည်သူ့ကိုမျှ အပြစ်တင်မပြောဆိုချင်ပါ။ ထို့ကြောင့် ကျွန်တော် နှုတ်ဆိတ်လာခဲ့သည်။ တစ်ယောက်ထဲနေသော အချိန်တွေများလာသည်။ ကျွန်တော် အထီးမကျန်ပါဘူး။ ကျွန်တော် အဆင်ပြေနေခဲ့ပါတယ်။


👤 ရင့်ကျက်သော တာဝန်ကျေသူ 👤


" အစ်ကိုရေ ကျွန်တော့်ကို ကြက်ဖင်စီဘူးနဲ့ ပဲပြားလေးကင်ပေးပါဦး "

" အေး အေး ညီလေး ရွေးလိုက် "

" အစ်ကို ညီမကိုလည်း ငုံးဥနဲ့ အာလူးရယ် ပြီးတော့ အပ်မှိုလေးပါ ကင်ပေးပါနော် "

" ဟုတ်ပြီ ညီမလေး ခဏစောင့်နော် "

" ညီလေးရေ ထုံစံအတိုင်းဟေ့ "

" ဟုတ်ပြီ အစ်ကိုရေ "

" သား တီချယ်လည်း ခါတိုင်းလိုပဲနော် အချဉ်ကို အစပ်မပါတာလေးလုပ်ပေး "

ညနေ ဒီလို ကျောင်းဆင်းချိန် ၊ duty brake ချိန်တွေဆို ကိုမင်းနောင်ရဲ့ သုံးဘီး အကင်ဆိုင်လေးက လက်မလည်အောင်ရောင်းရသည်။ အကင်မီးဖိုရဲ့ အပူရှိန်ကြောင့် မျက်နှာတွင် ချွေးပေါက်တွေသီးနေသည်။ လာဝယ်သူများက အလျင်စလို မရှိကြပေမယ့် စောင့်ဆိုင်းနေသော လူအုပ်ကြီးကို အားနာ၍ တစ်ယောက်ထဲ ပြာယာခတ်နေသည်။ ခါတိုင်းဆို ညီမလေးက ကျောင်းကပြန် လာကူနေကျဖြစ်သည်။ ဒီနေ့တော့ နေမကောင်းဖြစ်နေသဖြင့် ကျောင်းတောင်မသွားနိုင်ပါဘူး။ ထို့ကြောင့် တစ်ယောက်ထဲ လက်မလည်ဖြစ်နေသည်။ ညနေမှောင်ရီပျိုးချိန်ရောက်တော့ အကင်တွေလည်း ကုန်သလောက်ဖြစ်နေပြီ။ သိမ်းစရာရှိတာများကို အကုန်သိမ်းပြီး အိမ်ပြန်ခဲ့သည်။ ခုနက အကင်မီးဖိုရဲ့အရှိန်ကြောင့်ရော အလုပ်လုပ်နေသည့်ဇောကြောင့်ပါ မအေးသော်လည်း အခုလို ညနေခင်းအချိန် သုံးဘီဆိုင်ကယ်စီးတော့ အအေးဓာတ်လေးကိုခံစားမိသည်။ ပါးစပ်ကလည်း မျိုးကြီးရဲ့ " အိမ်ပြန်ချိန်တောင်မသိတော့ဘူး..." အရှိသည့် သီချင်းကို vocal အပြည့်နှင့် အော်ဆိုနေမိသည်။ သီချင်းပေါင်းစုံကို mash up လုပ်ပြီး ပေါက်ကရတွေ ဆိုသည့်အခါမျိုးလည်းရှိသည်။ ဒီအချိန်လေးကသာ မင်းနောင်အတွက် အပန်းပြေစရာအချိန်လေးဖြစ်သည်။ မိုးလင်း၊မိုးချုပ် ဝမ်းရေးအတွက် လုပ်ကိုင်နေရသည်မှာ ‌ပင်ပန်းသည်ဟု မယူဆချင်သော်လည်း လက်တွေ့မှာ စိတ်ရော လူပါ ပင်ပန်းနေသည်။ တစ်ခါတစ်လေ အိပ်မက်ထဲအထိတောင် အကင်များလက်မလည်အောင် ရောင်းနေရသည်။ အိပ်မက်တောင် ဇိမ်ကျကျအိပ်မက်မျိုး မမက်နိုင်ပေ။ သီချင်းတွေအော်ဆိုရင်းပင် ရွာကိုလှမ်းမြင်နေရလေပြီ။ တက္ကသိုလ်ကျောင်းပေါက်နှင့် ရွာမှာ နှစ်မိုင်ခန့်ဝေးသည်။ ရွာမှာပဲ ရောင်းလျှင်လည်း ရောင်းကောင်းသည်။ သို့သော် အကြွေးကျသည်။ မနက်ဖြန် အရင်းအတွက်အခက်အခဲရှိသည်။
👍3
အိမ်ပြန်ရောက်သော် နိစ္စဒူဝ အလုပ်တွေ လုပ်ရပြန်သည်။ ပထမဆုံး ထမင်း၊ ဟင်း ချက်ရန် မီးဖိုခန်းထဲဝင်သွားလိုက်သည်။ ထမင်း၊ ဟင်းတွေက ကျက်နေလေပြီ။ မီးဖိုခန်းကလည်း ရှင်းလင်းသပ်ရပ်နေသည်။

" အငယ်မ နေမကောင်းဘဲ ထမင်း၊ ဟင်း‌တွေ ချက်ထားတာလား "

" ဘယ်ကသာ သမီးမချက်နိုင်ပါဘူး အစ်ကိုရဲ့အပျိုကြီးမမ လာချက်ပေးသွားတာ "

" ဘာကို ငါ့ရဲ့ အပျိုကြီးလဲ စကားကို ပေါက်ကရလျှောက်ပြောမနေနဲ့ အားနာစရာကောင်းအောင်လို့ နင်ဘာလို့ချက်ခိုင်းတာလဲ ငါပြန်လာရင် ချက်ရနေတာကို "

" ဒီနေ့ ခြံတံခါးဖွင့်ထားလို့ ဝင်လာတာထင်တယ် သမီးကနေမကောင်းဘူးဆိုလို့ သူ့ဖာသာ ဝင်ချက်သွားတာ သမီးဖို့ ဆန်ပြုတ်လည်း‌ပြုတ်သွားပေးသေးတယ် သမီးက မလုပ်ပါနဲ့လို့ပြောသေးတယ် ပြီးတော့ မီးဖိုချောင်က ရှုပ်ပွနေလို့ ရှင်းသွားသေးတယ် "

" အေးပါ ပြီးမှ ခြံထဲက အရွက်လေးနည်းနည်းခူးပြီးပေးလိုက်မယ် နင်သွားပို့လိုက် "

မင်းနောင်မှာ မိဘတွေမရှိကြတော့ပါဘူး။ အဖေဖြစ်သူက မင်းနောင်ငယ်ငယ်ကတည်းက ငှက်ဖျားနှင့်ဆုံးပါးသွားခဲ့ပြီဖြစ်သည်။ မင်းနောင်ရဲ့အမေဖြစ်သူက ညီမလေး အေးမြတ်သူ ဆယ်တန်းဖြေပြီးခါစက ဆုံးပါးခဲ့သည်။ ထို့ကြောင့် မင်းနောင် တက္ကသိုလ်နောက်ဆုံးနှစ်ကို ဆက်မတတ်ဘဲ ညီမဖြစ်သူကို ပံ့ပိုးခဲ့သည်။ မင်းနောင် အသက် ၂၃ နှစ်ဖြင့် အိမ်ထောင်မပြုရဘဲ အိမ်ဦးနတ်နေရာကို ရောက်ခဲ့ရသည်။ ညီမဖြစ်သူတောင် master တန်းကိုဆက်တတ်နေလေပြီ။ အသက်တစ်နှစ်ပြီး တစ်နှစ်ကြီးလာတာနှင့်အမျှ ဘဝပေးလမ်းကြောင်းအရရော ရင်ဆိုင်တွေ့ရသည့် အတွေ့အကြုံများအရ ရင့်ကျက်သင့်သလောက် ရင့်ကျက်ခဲ့သည်။ မင်းနောင်တို့က အရမ်းမဆင်းရဲကြပါဘူး။ အတော်အတန်ကျယ်တဲ့ ခြံဝန်းလေးထဲမှာ အုတ်တစ်ထပ်တိုက်ကလေးဆောက်ထားပြီး အိမ်ရဲ့တောင်ဖက်တွင် ပန်းပေါင်းစုံစိုက်ထားပြီး အိမ်ရဲ့မြောက်ဖက်တွင် ဟင်းသီး၊ ဟင်းရွက်များကိုစိုက်ထားသည်။ အိမ်နောက်ဖေးတွင် မီးဖိုခန်းကို သီးသန့်ဆောက်ထားသည်။ ရေချိုးခန်းနှင့် toilet အားခြံထောင့် တွင် သီးခြားတွဲလျက်ဆောက်ထားသည်။ မိဘတွေရှိစဉ်က ဤမျှလောက် မပြည့်စုံသော်လည်း မင်းနောင်၏ ကြိုးစားအားထုတ်မှုကြောင့် အိမ်လေးမှာ နေချင်စဖွယ်လေးဖြစ်လာခဲ့သည်။ မိမိမှာ ယောက်ျားသားဖြစ်သောကြောင့် ဖြစ်သလိုနေ၍ ရသော်လည်း ညီမဖြစ်သူအတွက် စဉ်းစားကာ အစ်ကိုကြီး အဖရာ ပီသစေခဲ့သည်။

ထမင်း၊ ဟင်းများက ကျက်နေပြီ ဖြစ်၍ သုံးဘီးပေါ်မှ ပစ္စည်းပစ္စယများကိုချကာ ဆေးကြောစရာရှိတာများကို ဆေးကြောသည်။ မနက်ဖြန်အတွက် ပြင်ဆင်စရာရှိတာများကို ပြင်ဆင်သည်။ မနက်ဈေးတွင် ဝယ်ခြမ်းရမည့် ပစ္စည်းများကို စာရင်းလုပ်သည်။ ခြံထဲဆင်းပြီး မုန်ညှင်းနှင့် ကိုက်လန်ရွက်အချို့ကို ခူးပြီး ‌အိမ်ဘေးက အပျိုကြီးမပုအိမ်အား ညီမဖြစ်သူကို သွားပေးခိုင်းလိုက်သည်။ အလုပ်များပြီးသည့်နောက် ရေမိုးချိုးပြီး ထမင်းစားရန်ပြင်လိုက်သည်။

" အစ်ကို နေဦး အစ်မပုက ဝက်သားချိုဟင်းပေးလိုက်တယ် "

" ဟင် ဘာလို့ယူလာတာလဲ အားနာလို့ အရွက်သွားပေးခိုင်းတာကို ဟင်းတွေပြန်ယူလာတယ် နင်ကတော့ "

" သမီးက ငြင်းပါတယ် အစ်မပုက အတင်းပေးလိုက်တာ "

" ကဲပါ ထားတော့ အဖျားကျပြီ မဟုတ်လား မနက်ဖြန်ကျောင်းသွားမှာ မလား "

" ဟုတ်သွားမှာ "

" ပြီးရော အိပ်ရင် အိပ်တော့ "

" ဟုတ်ကဲ့ "

ညီမဖြစ်သူကို တမင်နှင်လိုက်ခြင်းဖြစ်သည်။ ဝက်သားချိုဟင်းနှံ့က နှာခေါင်းထဲတိုးဝင်လာသည်။ ဟန်မဆောင်နိုင်တော့ဘဲ ထမင်းကို တစ်လုတ်ပြီးတစ်လုတ် အဆက်မပြတ် ခွံ့ပြီး ဗိုက်ကားအောင်စားလိုက်သည်။ ထမင်းစားပြီး လမ်းလျှောက်တတ်သည့်အကျင့် ရှိသော မင်းနောင်တစ်ယောက် အိမ်ရှေ့ မြေတလင်းမှာ ခေါက်တုံ့ခေါက်ပြန်လျှောက်ရင်း မိမိဘဝအကြောင်းကို ပြန်တီးခေါက်နေမိပြန်သည်။ ဒီညလသာသည်။ အေးချမ်းသည်။ သာယာသည်။ မင်းနောင်ဖြတ်သန်း ခဲ့ရသော ဘဝလမ်းတစ်လျှောက်ကတော့ ပူဆွေးမှုတွေ ရှိခဲ့သည်။ စိတ်အနှောက်ယှက်များရှိခဲ့သည်။ ရင့်ကျက်ပြီး တာဝန်သိတတ်သော လူတစ်ယောက်ဖြစ်လာဖို့ရန် မလွယ်ကူခဲ့ပါ။ မိမိလုပ်နိုင်သည်များကို အကောင်းဆုံးဖြစ်အောင်ကြိုးစားရင်း ဘဝကိုရပ်တည်ခဲ့ရသည်။ မိမိလေးစားအားကျရသူ၊ အတုယူရသူ ဆိုသော ပုဂ္ဂိုလ်တွေမရှိခဲ့။ မိမိကိုယ်သာ ကိုးကွယ်ရာ၊ မိမိကိုယ်သာ အားထားရာ ဆိုပြီး မလဲကျအောင် ဟန်ချက်ညီညီထိန်းရင်း တစ်လမ်းသွား ဘဝလမ်းပေါ်လျှောက်လှမ်းခဲ့သည်။ ကိုယ့်ဘဝလမ်းကို ကိုယ်တိုင်လျှောက်လှမ်းနေချိန် မည်သူနှင့်မျှ နှိုင်းယှဉ်မှုမရှိခဲ့ပါ။မှောင်မိုက်သော ညတွေ ရှိခဲ့သော်ငြားလည်း အန်တုပြီး အလင်းရောင်ရှိရာကို ရှာဖွေခဲ့သည်။ မင်းနောင် အဆင်မပြေခဲ့ပေမယ့် အကောင်းဆုံးကြိုးစားခဲ့ပါတယ်။ ကြိုးစားမှုကြောင့် ရလာသော ရလာဒ်ကိုလည်း ကျေနပ်သည်။

Author_Jan 🐯
Coming Soon Episode (2)


Victoria Magazine 🌸🌈 HC Management ☑️
@VictoriaMagazine
👍12