Victoria Magazine 🌸
796 subscribers
208 photos
1 video
20 links
Top Management 💎 BL + Fic , BL Fic , ဗဟုသုတ ၊ lifestyle, Translate BL HCtoon , ကဗျာ နှင့် ရသစာစုများ ☑️🌸🌿💫🔞🍒
Download Telegram
🍎 အချစ်ဦး အမည်ခံ... 🍎

🏞️ဇာတ်သိမ်းပိုင်း🌃

ဘုရားဖူးခရီးစဉ်

ကျောင်းကပြန်လာပြီး အိမ်ရောက်တော့ "ကောင်း" မိဘများထံ ဘုရားသို့လိုက်သွားရန် ခွင့်တောင်းကြည့်သည်။ မိဘများက ခွင့်ပြုသဖြင့် နောက်ရက်ကျောင်းတတ်ချိန်တွင် အစ်ကို"သူရိန်"အား ခွင့်ပြုကြောင်း အကြောင်းပြန်လိုက်သည်။ နောက်တစ်ပတ် Sunday ရောက်သော် "ကောင်း" ရဲ့အိမ်ကို "ကိုနိုင်" ၊ အစ်ကို"သူရိန်" ၊ အစ်ကို"ထက်ပိုင်ဇော်" တို့ ကားဖြင့်ရောက်လာကြသည်။ အားလုံးမှာ စတစ်အင်္ကျီ၊ ယောပုဆိုး ဝတ်ထားပြီး "ကောင်း" က ဘောင်းဘီရှည်အပေါ်မှာ အင်္ကျီဖားဖားကြီးဝတ်ထားသည်။( တရုတ်နိုင်ငံက လူငယ်တစ်ချို့ကြားမှာ Trends ဖြစ်တဲ့ ပုံစံဖြစ်ပါသည်။ Fashion ပိုင်းနှင့် ပတ်သက်ပြီး လေ့လာမှု အားနည်းသောကြောင့် သေချာပုံမဖော်ပြနိုင်တာကို တောင်းပန်ပါတယ်ဗျ။)"ကောင်း" ရဲ့ ပုံစံမှာ လူကြီးတွေကြားမှာရောက်နေတဲ့ ကလေးပေါက်စလိုပါပဲ။ ကတီပါဖိနပ်တွေကြားမှာ "ကောင်း" က cute boys လေးတွေစီးလေ့ရှိတဲ့ စွပ်ဖိနပ်ကိုစီးထားသည်။( ဖိနပ်အမျိုးအစားတွေလည်း သိပ်မသိပါဘူး။ ညှပ်ဖိနပ် နဲ့ ဘွတ်ဖိနပ် လောက်ပဲသိလို့ သည်းခံပြီး ပုံဖော်ပေးပါနော်။)"ကောင်း" ရဲ့ ပုံစံကို မြင်တော့ သုံးယောက်သား ငေးကြည့်နေမိသည်။ တကယ့်ကို ချစ်စရာကောင်းတဲ့ ကလေးလေးပါပဲ။ မိဘတွေကိုနှုတ်ဆက်ပြီး "ကောင်း" တစ်ယောက် "ကိုနိုင်" တို့နဲ့အတူ ဘုရားသွားရန် ထွက်လာခဲ့ပါတယ်။ ကားစီးလာရင်း လမ်းတစ်ဝက်ရောက်တော့ "ကောင်း" တစ်ယောက် ကားမူးပြီး အန်ချင်လာသည်။ "ကိုနိုင်" ကားကိုလမ်း‌ဘေးချရပ်ပြီး "ကောင်း" အဆင်ပြေအောင် ပြုစုပေးနေရသည်။ အစ်ကို"သူရိန်" နှင့် အစ်ကို"ထက်ပိုင်" က တစ်သျှူးပေးလိုက် ရေပေးလိုက် နှင့် အလုပ်ရှုပ်နေရတော့သည်။

" ကောင်လေး အဆင်ပြေရဲ့လား ကားမူးတတ်တာကို "ကိုနိုင်" ကိုကြိုပြောမှပေါ့ ကားမှန် ချပေးမှာပေါ့ ညီလေးက ကားမူးတတ်တော့ ကားထဲက အနံ့နဲ့ Aircon အနံ့နဲ့ ဆိုတော့ ပိုမူးတော့တာပေါ့ "

" ဟုတ်သားညီလေး‌ရာ အစ်ကို့ကိုကျောင်းမှာကတည်းကပြောရင် ဆိုင်ကယ်နဲ့ပဲလာကြိုမှာပေါ့ "

" ရေသောက်လိုက်ဦးညီလေး ရော့ "

" အစ်ကိုတို့လည်း "ကောင်း" ကြောင့် အလုပ်ရှုပ်နေပြီ "ကောင်း" သက်သာပါပြီ "

"ကောင်း" သက်သာတော့ ကားဆက်မောင်းလာခဲ့သည်။ "ကောင်း" ခေါင်းမူးနေသဖြင့် အစ်ကို"သူရိန်" ပုခုံးပေါ်မှီပြီး လမ်းတစ်လျှောက်အိပ်လာခဲ့ရသည်။ ကားမောင်းရင်း အရှေ့က ကားမှန်ထဲကနေကြည့်ပြီး သဝန်တိုနေသူကတော့ "ကိုနိုင်" ပေါ့။

ဘုရားပေါ်ဝယ် ချစ်စကားဆိုမယ်

" ညီလေး"သူရိန်" နဲ့ "ထက်ပိုင်" က အလှူခံ ဌာနကိုသွားပြီးအလှူငွေလှူလိုက် ပြီးရင်ငါးစာ၊ ခိုစာကျွေးလိုက် အစ်ကိုက "ကောင်းကောင်း" ကို ဘုရားဘက် လိုက်ပြလိုက်မယ် "

" ဟုတ် "ကိုနိုင်" "

တကယ်တော့ "ကိုနိုင်"က သူတို့ကို ပ ထုတ်လိုက်တာပါ။ "ကောင်း" ကို ဖွင့်ပြောဖို့ရန်အတွက် လွတ်လပ်အောင် လမ်းရှင်းလိုက်တာပါ။ ဘုရားဘက်ကို လိုက်ပြရင်း လူရှင်းတဲ့နေရာရောက်တော့ "ကိုနိုင်" စကားစသည်။

" ကောင်လေး "

" ဗျာ..."ကိုနိုင်" "

" အစ်ကို "ကောင်း" ကိုပြောစရာရှိတယ် "

" ဪ...အစ်ကိုရယ် ပြောမှာပဲ ပြောပေါ့ စကားပလ္လင်ခံနေသေးတယ် "

" ဒီစကားက သာမန်စကားမ‌ဟုတ်သလို အရေးကြီးတဲ့စကားမို့ပါ "

" ဟမ်...အစ်ကို ဘယ်နားမှာ ရတနာတိုက် တွေ့ထားလို့လဲ "

" ညီလေးကလည်း မနောက်ပါနဲ့ "

" ဟီး ဟီး "ကောင်း" မပြောင်တော့ဘူး ပြော "

" အစ်ကို ညီလေး ကို ချစ်တယ် "

" ဗျာ... "

" သာမန်မဟုတ်ဘူး အရေးကြီးတယ်ဆိုတာက လူပျို၊အပျို စကားလို့ပြောရအောင် အစ်ကိုက ဘွဲ့ရပြီးနေပြီ "ကောင်း" က ကလေးလေးပဲရှိသေးတယ်...ပြီးတော့ အစ်ကိုတို့က ယောက်ျားလေးချင်းဖြစ်နေတယ် "ကိုနိုင်" အရဲစွန့်ပြီး ပြောရတာပါ "ကောင်း" "ကိုနိုင်" ကို ရွံသွားမှာလည်းကြောက်တယ် ဆုံးရှုံးရမှာလည်းကြောက်တယ် "

" ဆုံးရှုံးရမှာပါ "ကိုနိုင်" နောက်လည်း ပတ်သက်လို့ရတော့မှာမဟုတ်ဘူး "ကောင်း" ကို ဘုရားခေါ်လာတာ ဒီလိုစကားတွေပြောဖို့လား ကောင်းလိုက်တာ အတော်ကောင်းလိုက်တာ ညီအစ်ကို နှစ်ယောက်ပေါင်းပြီး အခွင့်ရေးယူတာပေါ့ "ကိုနိုင်" ကို လူကြီးလူကောင်းတစ်ယောက်လို့ထင်နေခဲ့တာ အခုတော့ အားလုံးတစ်ခြားဆီပဲ အရမ်းဈေးပေါတယ် "ကောင်း" ကို အခုချက်ချင်းပြန်ပို့ပေးပါ "ကောင်း" ပြန်မယ် "

"ကောင်း" ပြောလိုက်တဲ့စကားတွေကြောင့် "ကိုနိုင်" အတော်ခံစားသွားရပါတယ်။ ရင်ဘက်ကို ဓားနဲ့အစိမ်းလိုက်ခွဲပြီး ဆားနဲ့ပတ်လိုက်သလို၊ ငရဲမီးထဲကို တွန်းချခံလိုက်ရသော ငရဲသားလို၊ ရေအောက်ကို အနှစ်ခံလိုက်ရတဲ့ လူတစ်ယောက်လို နာကျင်ပူလောင်ပြီး အသက်ရှုကျပ်သွားပါတယ်။ ဘေးဆီမှာ လှုပ်ရှားသွားလာနေတဲ့လူတွေကို မျက်လုံးထဲမှာသေချာ မမြင်တော့ပါဘူး မျက်ရည်မိုးတွေ အိုင်ထွန်းအောင် ရွာနေပါပြီ။ "သူရိန်" နှင့် "ထက်ပိုင်" ရောက်လာပြီး ခန္ဓာကိုယ်ကို လှုပ်ရမ်းပြီး ခေါ်မှ သတိပြန်လည်လာသည်။ "ကောင်း" ကတော့ ပြောချင်တာတွေပြောပြီး ကားဆီကိုပြေးထွက်သွားခဲ့လေပြီ။ "သူရိန်" နှင့် "ထက်ပိုင်" မေးသမျှကို ဘာမှ မဖြေနိုင်တော့ပါဘူး ‌"ကောင်း" နောက် ကိုပြေးလိုက်သွားသည်။

အချစ်ဦး အမည်ခံ...

" ညီလေး အစ်ကို့စကားကို ပြန်ရုတ်သိမ်းပါတယ် အစ်ကို့ကိုတော့ မမုန်းလိုက်ပါနဲ့နော် "
❤‍🔥1
" ခင်ဗျားဆီမှာ ဒီစိတ်တွေရှိနေတာကို ကျနော်က ဘယ်လိုဆက်ပြီး ဆက်ဆံနေရမှာလဲ ခင်ဗျား ဘာမှထပ်မပြောနဲ့တော့ ကျနော့်ကို အိမ်ပြန်ပို့ "

ဆက်ပြောလျှင် "ကောင်း" ပို မုန်းသွားမည်စိုးသောကြောင့် ‌"ကိုနိုင်" ဆက်မပြောနိုင်တော့ပါဘူး။ ကားပေါ်ကိုတတ်လိုက်သည်။ "ကောင်း" ကားတံခါးကိုဖွင့်ပြီး ဝင်ထိုင်လိုက်သည်။ "သူရိန်" နှင့် "ထက်ပိုင်" လည်း နားမလည်နိုင်စွာနဲ့ ကားပေါ်လိုက် တတ်လိုက်သည်။

နောက်တစ်ကြိမ် ပြန်လာလို့ မရတော့တဲ့ ကားလမ်းမပေါ်မှာ ကားဖြူဖြူလေးက မလှိမ့်တလှိမ့်နှင့် တရွေ့ရွေ့သွားနေပါတယ်။ ပူလောင်ခြင်းတစ်မျိုးဆီလောင်မြိုက်နေကြတဲ့ "ကောင်း" နဲ့ "ကိုနိုင်" အပြင် "သူရိန်" နဲ့ "ထက်ပိုင်" ပါ စကားတစ်ခွန်းမှ မပြောဘဲ တိတ်ဆိတ်လို့သာနေပါတော့တယ်။

"ကောင်း" "ကိုနိုင်" ကို ချစ်တာပေါ့...။ ချစ်တာထက်ကို ပိုခဲ့တာပေါ့...။ကြင်နာတတ်သူကြီး၊ ချစ်တတ်သူကြီး၊ ဂရုစိုက်တတ်သူကြီး ကို ဘယ်သူက မချစ်ဘဲနေမလဲ...။အရမ်းချစ်တာပေါ့...။"ကောင်း" အိပ်နေတုန်း ခိုးနမ်းနေခဲ့တာ "ကောင်း" သိတာပေါ့...။"ကောင်း" ထမင်းစားနေတုန်း အကြင်နာမျက်လုံး‌ကြီးတွေနဲ့ ကျွတ်ကျမတတ်ကြည့်နေခဲ့တာ သိတာပေါ့...။"ကောင်း" ကိုဘယ်လောက်ချစ်လဲ ဆိုတာကို "ကိုနိုင်" မဖွင့်ပြော‌ခင်ကတည်းက သိတာပေါ့...။"ကောင်း" က အရွယ်ရောက်သေးတဲ့သူ တစ်ယောက်မဟုတ်သေးဘူးလေ...။ပတ်ဝန်းကျင်ကိုရင်ဆိုင်ဖို့ ခွန်အားတွေမရှိသေးဘူးလေ...။"ကိုနိုင်" လို လူကြီး လူကောင်းတစ်ယောက်ကို ခိုးကြောင်ခိုးဝှက် မထင်မပေါ် မချစ်ဝံ့ပါဘူး...။မပတ်သက်ဖို့ပြောတာကလည်း မုန်းလို့မဟုတ်ပါဘူး "ကိုနိုင်" အသက်အရွယ်နဲ့ဆိုရင် အိမ်ထောင်ပြုဖို့ နောက်ကျတော့မယ့် အရွယ်ဖြစ်နေပြီလေ...။ "ကောင်း" ကိုစောင့်နေမယ်ဆိုရင် အရွယ်တွေလွန်ပြီး မဖြစ်သင့်တာတွေ ဖြစ်လာမှာ "ကောင်း" မလိုလားဘူး...။အဓိက က ချစ်နေဖို့ပဲဆိုပေမယ့် ဒီအခြေအနေက ခက်ခဲနေတယ်လေ...။"ကောင်း" လောကကြီးရဲ့ အကြောင်းကို အများကြီးသင်ယူချင်သေးတယ်။ "ကောင်း" ကို စိတ်နာနာနဲ့ မေ့ပစ်ပြီး ပိုကောင်းတဲ့ ဘဝတစ်ခုကို ဖန်တီးလိုက်ပါ "ကိုနိုင်" ရယ်...။ "ကိုနိုင်" ပင်ပန်းနေတာကို "ကောင်း" မမြင်ချင်ဘူး...။

"ကိုနိုင်" ဟာ "ကောင်း" အတွက် အချစ်ဦး အမည်ခံ ထားတဲ့ မချစ်လိုက်ရတဲ့သူပါ...။ အိမ်မြန်မြန်ရောက်ဖို့ ဆုတောင်းရင်း "ကောင်း" မျက်လုံးထဲက အိုင်ထွန်းနေတဲ့ မျက်ရေတွေကျမလာအောင် မျက်လုံးတို့ စုံမှိတ်ကာ ထိုင်ခုံပေါ်မှီချလိုက်တော့သည်။ နောက်ဘဝမှာဆုံဖြစ်ခဲ့ရင် "ကောင်း" တို့ ပေါင်းဖက်ချင်ပါတယ် "ကိုနိုင်" ရေ...။



🏞️ပထမဦးဆုံး စရေးသော  Fic လေးမို့ အမှားများပါခဲ့ရင် ခွင့်လွှတ်စေချင်ပါတယ်...။နောက်ထပ်လည်း ပိုကောင်းသော Fic တွေ ကြိုးစားပြီး ဖန်တီး သွားမှာဖြစ်ကြောင်း အသိပေးရင်း စာဖတ်သူတို့ ကျန်းမာပြီး မိမိတို့ဖြစ်ချင် လုပ်ချင်တာတွေ ဖြစ်နိုင်လုပ်နိုင်ပါစေကြောင်း ဆုတောင်းပေးလိုက်ရပါတယ်...။🌃

ချစ်သော...ဂျန် 🐯



Author_Jan👤
MC_Jan

Victoria Magazine 🌸🌈 HC Management ☑️
@VictoriaMagazine
❤‍🔥1
💐 Season (2) 💐


💗အချစ်ဦး အမည်ခံ...(ရှင်သန်နေဆဲ အချစ်)💗


🥀အပိုင်း(၁)🌹


👥 ခံစားချက်များနှင့် သူတို့ 👥


စာမေးပွဲတွေ ဖြေခါနီး ဆောင်းအကုန် နွေအကူး နွေဦးရာသီလေးရောက်လာပါပြီ။ သစ်ရွက်အသစ်တွေရှင်သန်ဖို့ သစ်ရွက်အဟောင်းတွေက နေရာကနေ ဖယ်ရှားပေးနေဆဲ ရာသီလေးပေါ့။ 2015မှာစပြီး (၈)တန်း ကို အစိုးရစစ်အဖြစ်ပြောင်းလဲပစ်လိုက်သောကြောင့် "ကောင်း" နှင့် သူငယ်ချင်းတစ်စု အစွမ်းကုန် စာကြိုးစားနေကြရပါတယ်။ "သူရိန်" လည်း All D မှန်းထားလို့ အသေအလဲကြိုးစားနေရပါတယ်။ "ကိုနိုင်" ကတော့ ညီလေးကို ဂရုတစိုက်ပြုစုပေးနေရင်း အလုပ်များကတစ်ဖက် နှင့် "ကောင်း" ကို နေ့တိုင်းညတိုင်းလိုလို သတိရလွမ်းဆွတ်နေမိပါတယ်။ "သူရိန်" လည်း အကြောင်းစုံကို "ကိုနိုင်" မပြောပြပေမယ့် စိတ်ထဲမှာသိနေပါတယ်။ ဘာကြောင့်လဲဆိုတော့ "ကောင်း" ကလည်း "သူရိန်" ကိုအတွေ့မခံ ရှောင်ဖယ် ရှောင်ဖယ် လုပ်နေသောကြောင့်ဖြစ်သည်။ "ကောင်း" တော်တော် ပိန်ကျသွားတာကိုတော့ "သူရိန်" သတိထားမိပါတယ်။ မိမိလည်း ရည်းစားထားဖူးတော့ ဒီအခြေအနေကို သတိထားမိပါတယ်။ အခုချိန်က ဒီလို ကိစ္စတွေကို ကြားဝင်ဖြေရှင်းပေးလို့မရတဲ့ အခြေအနေဖြစ်နေသော ကြောင့် "သူရိန်" စာကိုသာအာရုံ‌စိုက်နေရပါတယ်။ အစ်ကိုဖြစ်သူ "ကိုနိုင်" ကတော့ ရင့်ကျက်သူပီပီ ခံစားချက်တွေကို ဖုံးဖိထားနိုင်ပါတယ်။ "ကောင်းကောင်းလေး" ကတော့ ကလေးပဲရှိသေးတော့ စာဒဏ်၊ အချစ်ဒဏ်ကို အလူးအလဲ ခံနေရတာပေါ့။

ဒီလိုနှင့် စာမေးပွဲတွေပြီးလို့ နွေရာသီကို ရောက်လာခဲ့ပါတယ်။ "ကောင်း" ရဲ့ မိဘတွေက "ကောင်း" စာတွေပိလို့ စိတ်တွေဖိစီးပြီး လူကပိန်ကျသွားတယ်ဆိုပြီး "ကောင်း" ရဲ့ ဘိုးဘွားများရှိရာ ပြင်ဦးလွင်မြို့ကို စိတ်အပန်းဖြေဖို့ရန်အတွက် ပို့လိုက်ကြပါတယ်။ "ကောင်း" လည်း စာမေးပွဲ‌တွေပြီးလို့ စိတ်သက်သာရာရပေမယ့် "ကိုနိုင်" ကိုတော့ မေ့မရနိုင်ခဲ့ပါဘူး။ စိတ်သက်သာရာ ရလိုရငြား မိဘတွေ စီစဉ်ပေးတဲ့ ပြင်ဦးလွင်ခရီးကို ထွက်လာခဲ့ပါတယ်။ အဘိုး နဲ့ အဘွား က အကြိုလွှတ်လိုက်လို့ ‌"ကောင်း" ရဲ့ မိဘတွေတော့မပါ ပါဘူး။ "ကောင်း" အဆင်ပြေဖို့ မျှော်လင့်ရင်း ကားသမားနှင့် "ကောင်း" နှစ်ယောက်ထဲပါတဲ့ ကားလေးပေါ်မှာ လိုက်ပါခဲ့ပါတယ်။ ကားမူးတတ်သောကြောင့် ကားမူးပျောက်ဆေးကို အာခေါင်ထဲပစ်ထည့်ပြီး ရေမြန်မြန်သောက်လိုက်သည်။ ရုတ်တရက် "ကိုနိုင်" ဆေးသောက်သင်ပေးတာကို သတိရသွားသည်။ "ကောင်း" ကားမူးသောကြောင့် ပြုစုပေးနေသော "ကိုနိုင်" ရဲ့ ပုံရိပ်တွေ မြင်ယောင်လာသည်။ ပြင်ဦးလွင် တောင်တတ်လမ်းတွေ ၊ ကား ပေါ်ကမြင်နေရတဲ့ တောင်ပေါ်ကရှုခင်းတွေ ၊ အနီးစခန်းရောက်တော့ စတင်ခံစားမိလာတဲ့ အအေးဓာတ် ၊ ထင်းရှုးပင်ကြီးတွေ အစရှိသဖြင့် ရင်သပ်ရှုမောဖွယ်ကောင်းတဲ့ မြင်ကွင်း ၊ ခံစားမှုတွေကြောင့် "ကောင်း" မြေပြန့်က ခံစားချက်အချို့ကို ခဏတာ မေ့ပျောက်သွားသည်။ အတော်ကြာတော့ ကားက ခြံဝန်းတစ်ခုထဲ ဝင်သွားသည်။ နှစ်ထပ်တိုက်လှလှကြီး နှင့်အတူ ပန်းပေါင်းစုံစိုက်ပျိုးထားသော ခြံကြီးဖြစ်သည်။ ဒါက အဘိုး နဲ့ အဘွား ရဲ့ ခြံကြီးလား ... "ကောင်း" သဘောကျလိုက်တာ...တိုက်လှလှကြီးကြောင့် မဟုတ်ပါဘူး။ ကောင်းအရမ်းချစ်တဲ့ ပန်းတွေ ရှိနေလို့ပါ။ မြက်ခင်းစိမ်းစိမ်းကြီးလည်းရှိသည်။ "ကောင်း" က မေမေရဲ့ အမျိုးတွေနဲ့ တူသည် ထင်သည်။ မေမေရော "ကောင်း"ပါ ပန်းတွေကို သဘောကျနှစ်သက်ပါတယ်။ မေမေက အမျိုးသမီးဖြစ်လို့ ပန်းကိုနှစ်သက်တာထက် ပန်းတွေကိုချစ်တာပါ။ အမျိုးသမီးတိုင်းကလည်း ပန်းတွေကို မကြိုက်ပါဘူး။ ထို့ကြောင့် ယောက်ျားလေးဆိုပြီး ပန်းတွေကို မကြိုက်ရဘူးဆိုတဲ့ ဥပဒေ မရှိပါဘူး။ ပန်းကြိုက်တဲ့ ယောက်ျားလေးတွေကိုလည်း အပြစ်တင်လို့မရပါဘူး။ အဓိက က စိတ်သဘောထား နူးညံ့မှု၊မနူးညံ့မှုနဲ့ ဆိုင်တာပါ။ ကိုယ်ချင်းစာတရားရှိပြီး သဘာဝတရားကို ချစ်မြတ်နိုးသူတိုင်း စိတ်သဘောထား နူးညံ့ကြတာပဲလေ။ ပန်းလေးတွေကလည်း သဘာဝတရားကို အလှဆင်ပြီး လူတွေကိုစိတ်ကြည်နူးမှုပေးနေတာပါ။ "ကောင်း" ကတော့ ပန်းလေးတွေကိုချစ်တယ် တန်ဖိုးထားတယ်။ ပြီးတော့ "ကောင်း" သီချင်းလေးတွေကို ပန်းများနည်းတူ ချစ်တယ် တန်ဖိုးထားတယ်။ ခြံထဲကို ကားဝင်လာတော့ ဘိုးဘိုး နှင့် ဘွားဘွား ထွက်လာပြီး ကြိုဆိုသည်။

" ငါ့‌မြေးလေး ကြည့်စမ်းပါဦး ထွားလာလိုက်တာ မတွေ့ရတာ မမြင်ရတာကြာတော့ မမှတ်မိချင်တော့ဘူး ကြည့်ပါဦး သမီးလေးနဲ့တူတော့ ချစ်ဖို့ကောင်းနေတာများ "

" ဟုတ်ပါ့ မင်း ဘွားဘွား ငယ်ငယ်တုန်းကလိုပဲ အသားလေးကဝင်းလို့ မျက်နှာပြည့်ပြည့် မျက်ခုံးကောင်းကောင်းနဲ့မို့ အဘိုးဆို မြင်မြင်ချင်း မင်း ဘွားဘွားကို ချစ်သွားခဲ့တာပဲ "

" တော်ကလည်း ကလေးရှေ့မှာ ဘာတွေလျှောက်ပြောနေတာလဲ လာ လာ ငါ့မြည်းလေး ခရီးပန်းလာပြီ မြေးလေး အခန်းပြင်ထားတယ် အပေါ်ထပ်မှာသွားနားလိုက် ပြီးရင် ရေမိုးချိုးပြီး ထမင်းစားအောင်ဆင်းခဲ့ "

" ဟုတ် ဘွားဘွား သားလည်း ကားမူးလာလို့ နားချင်နေပြီ ဘွားဘွား လက်ရာ မစားရတာကြာပြီ ခနနား ရေချိုးပြီး ဆင်းခဲ့မယ် "

" အေး အေး မြေးလေး "


"သူရိန်" လည်း စာမေးပွဲပြီးတော့ အစ်ကိုကြီးဖြစ်သူကို မေးတော့သည်။ "ကောင်း" နဲ့ "ကိုနိုင်" တို့ရဲ့ အဖြစ်ကို ရိပ်မိသော်လည်း သေချာအောင်မေးခြင်းဖြစ်သည်။

" "ကိုနိုင်" နဲ့ "ကောင်း" ဘာဖြစ်ခဲ့ကြတာလဲ "
❤‍🔥1
" ဘာလို့လဲ ညီလေးရဲ့ ဘာမှမဖြစ်ပါဘူး "

" ညီလေးကို မလိမ်ပါနဲ့ "ကိုနိုင်" ရာ အစ်ကို့အကြောင်းကို ညီလေး အသိဆုံးပါ အစ်ကို ဘယ်လောက်ပဲ ဖုံးကွယ်ထားပါစေ ညီလေးသိတယ် ဒီညီအစ်ကို နှစ်ယောက်ပဲရှိတာ ညီလေးကိုမပြောရင် အစ်ကိုဘယ်သူ့ကိုသွားပြောမှာလဲ ညီလေးမေးတာကို အသိမှတ်ပြုရင် ဖြေပါ အစ်ကိုရာ "

" အစ်ကိုလည်း ညီလေးကို ပြောပြချင်ပါတယ် အစ်ကိုပြောပြလိုက်ရင် ညီလေး အစ်ကို့ကို အထင်သေးသွားမှာစိုးလို့ပါ "

" "ကိုနိုင်"ရာ ပြောမှာသာပြောစမ်းပါ ကိုယ့်မိသားစုဝင်ရဲ့ခံစားချက်ကို မိသားစုဝင်တွေကိုယ်တိုင်က နားမလည်ပေးနိုင်ရင် ဘယ်သူက နားလည်ပေးနိုင်မှာ ကိုယ့်မိသားစုဝင်တွေကို မယုံကြည်ဘဲ ပြင်ပကလူကို သွားပြီးရင်ဖွင့်ရင် မိသားစုဝင်တွေကြား သွေးခွဲသူဆိုတာ ပေါ်လာမှာပဲ အခုလည်း အဲဒီလိုပဲ ညီလေး "ကိုနိုင်" ကို သတိထားမိနေတာကြာပြီ "ကောင်းကောင်း" နဲ့ ဘာတွေဖြစ်ခဲ့တာလဲ "

" ဟင်...ညီလေးသိနေတယ် "

" ညီလေးလည်း အထက်တန်းကျောင်းသားတစ်ယောက်ပါ "ကိုနိုင်" ဘယ်လောက်ပဲ ဖုံးကွယ်ထားပါစေ "ကိုနိုင်" ရဲ့ မျက်လုံးတွေက အမှန်တရားကိုပြောပြနေတယ် ဒီအတောအတွင်း "ကိုနိုင်" ဘယ်လောက် ပင်ပန်းခဲ့လဲဆိုတာ ညီလေးသိတာပေါ့ "

" ညီလေး အစ်ကို့ကို အထင်သေးသွားလား "

" ညီလေးက အစ်ကို့ဆီက ပြောတဲ့စကားကို အတည်ပြုချင်သေးတယ် ညီလေးကို အစ်ကို အထင်သေးပြီး အခုလိုဖုံးကွယ်ထားတာတော့ ညီလေးစိတ်မကောင်းဘူး "

" မဟုတ်ပါဘူး ညီလေးရာ ညီလေးကဆယ်တန်းဆိုတော့ စာတစ်ခုထဲကိုပဲအာရုံစိုက်သင့်တယ်လေ ဒီကိစ္စတွေခေါင်းထဲရောက်သွားရင် ညီလေး စာကို အာရုံမစိုက်နိုင်ဘဲဖြစ်သွားမှာပေါ့ ညီလေးကို အထင်သေးလို့မဟုတ်ပါဘူးကွာ "

" အဲဒါနဲ့ အစ်ကိုတစ်ယောက်ထဲ ကြိတ်ပြီးခံစားလိုက်တယ်ပေါ့ "

" အစ်ကို့ကို နားလည်ပေးပါ ညီလေးရာ "ကောင်း" ကို အစ်ကို ဖွင့်ပြောလိုက်မိတယ် ဒီကိစ္စက မဖြစ်သင့်မှန်း သိပါတယ် "

" ဘာကို မဖြစ်သင့်တာလဲ "

" ဒီကိစ္စက ပုံမှန်ဖြစ်နေကျမဟုတ်ဘူးလေး အစ်ကိုတို့က ယောက်ျားလေးချင်း ဆိုတော့..."

" အချစ်က ဘယ်လိုအချိန်မှာ ချစ်ရမယ် အချစ်က ဘယ်လိုလူကို ချစ်ရမယ် ဆိုတာ မသတ်မှတ်ထားပါဘူး အစ်ကိုရာ "ကောင်းကောင်း" ရဲ့ ပုံစံက ချစ်စရာလေးဆိုတော့ အစ်ကိုချစ်မိသွားတာ မဆန်းပါဘူး ညီလေးက မိန်းကလေးတွေကိုပဲ သဘောကျတာဆိုပေမယ့် အစ်ကို့ကို ညီလေး အထင်မသေးပါဘူး အစ်ကို့ကိစ္စကို ညီလေး အဆင်ပြေအောင်လုပ်ပေးချင်တယ် "

" ညီလေးကဘယ်လိုလုပ်ပေးမှာလဲ "

" အစ်ကိုစောင့်ကြည့်ပေါ့ "

"သူရိန်" တစ်ယောက် အစ်ကို့အတွက် "ကောင်း" နေထိုင်ရာ ရွာလေးသို့ နောက်တစ်နေ့မှာ ထွက်လာခဲ့ပါတယ်။ သို့သော်လည်း "ကောင်း" ကိုမတွေ့ခဲ့ပါဘူး။ "ကောင်း" က ပြင်ဦးလွင်ကို သွားခဲ့ပြီလေ။ "ကောင်း" ပြန်လာမယ့်အချိန်ကိုစောင့်ရင်း အစ်ကိုကြီးအတွက် အောင်သွယ်တော်လုပ်ပေးဖို့ မျှော်လင့်နေရပါတော့တယ်။ "ကိုနိုင်" ကတော့ "ကောင်း" က မိမိကို အတော်လေးစိတ်နာသွား၍ ထွက်သွားသည်ဟု ထင်မှတ်ကာ ခံစားနေရပါတယ်။

⛄ စောင်ထွေးသော်လည်း မနွေးနိုင် ⛄

‌"ကောင်း" အခန်းထဲသို့ဝင်လိုက်သည်။ ဘွားဘွားက တော်တော်လေး စေ့စေ့စပ်စပ် ပြင်ဆင်ပေးထားသည်။ ပြင်ဦးလွင်မြို့က အိမ်လေးတွေရဲ့ပြင်ဆင်မှုကတော့ အထူးပြောစရာမလိုပါဘူး။ "ကောင်း"ရဲ့ အခန်းလေးကတော့ နေချင်စဖွယ် ကောင်းလှပါတယ်။ အခန်းနံရံလေးတွေကို အပြာနုရောင်လေးသုတ်ပေးထားပြီး အခန်းနံရံ မှာ ပန်းချီကားလှလှလေးတွေ ချိတ်ပေးထားသည်။ အိပ်ရာဘေးက မှန်ကာထား၍ လိုက်ကာ ရှိပါတယ်။ အဖြူရောင် ပေါ်မှာ အပြာရောင် ကာတွန်းရုပ်လေးတွေဖြစ်သည့်အတွက် နံရံနှင့်လိုက်ဖက်သည်။ အခန်းထဲ၍ TV ထားပေးထားသည်။ စာကြည့်စားပွဲလည်းရှိပြီး စာအုပ်တွေအစုံထားပေးထားသည်။ စာကြည့်စားပွဲပေါ်က ပန်းအိုးထဲမှာ နှင်းဆီနှင့် သစ်ခွပန်းရောထိုးထားသည်။ အိပ်ယာကလည်း မွေ့ယာအခင်း၊ စောင်၊ ခေါင်းအုံး၊ ဖက်လုံး အားလုံးက ဆင်တူ one set ပြင်ထားသည်။ "ကောင်း" အပြာရောင် ကြိုက်တတ်တာကို ဘွားဘွားမမေ့သေးဘူးထင်သည်။ မှန်တင်ခုံတစ်ခုနှင့် အဝတ်ဘီရိုတစ်ခုလည်းရှိသည်။ အိမ်ကယူခဲ့တဲ့ တစ်ကိုယ်ရည်သုံးပစ္စည်းတွေထုတ်ပြီး မှန်တင်ခုံရှေ့တင်လိုက်သည်။ အဝတ်စားတွေကို ဘီရိုထဲထည့်ပြီးနောက် ရှိသမျှအဝတ်အစားတွေချွတ်ကာ လွတ်လွတ်လပ်လပ် အိပ်ရာပေါ်လှဲချလိုက်သည်။ ခဏနားပြီး ရေချိုးခန်းထဲဝင်လိုက်သည်။ ရေနွေးစက်ရှိ၍ ရေချိုးရတာ အဆင်ပြေသည်။ "Taylor Swift" ရဲ့ "All Too Well" သီချင်းလေးကို ညည်းရင်း မူး မြောင်းထဲမှာ "ကိုနိုင်" နှင့်အတူ ရေးချိုးခဲ့တဲ့ပုံရိပ်တွေ မြင်ယောင်လာပြန်သည်။ နေရာပြောင်းခဲ့ပေမယ့် စိတ်ကတော့မပြောင်းလဲနိုင်သေးပါဘူး "ကိုနိုင်" ရယ်...။ ရေချိုးပြီး မှန်တင်ခုံရှေ့ ထိုင်ကာ Dryer နှင့်ခေါင်းကိုမှုတ်ရင်း "ကိုနိုင်" ရဲ့ အဝတ်အစားတွေယူဝတ်ပြီးနောက် "ကောင်း" ကိုကြည့်ပြီး လှောင်ခဲ့တဲ့ "ကိုနိုင်" ရဲ့ မျက်နှာက မှန်ထဲမှာ ပေါ်လာသည်။ ထိုစဉ် အခန်းတံခါးဝက ဘွားဘွားရဲ့ ခေါ်သံကြောင့် အတွေးတို့ရပ်သွားသည်။

" မြေးလေး ပြီးပြီလား ရေအကြာကြီး ချိုးမနေနဲ့နော် ဖျားနေလိမ့်မယ် "

" ပြီးပါပြီ ဘွားဘွား သားအဝတ်စားဝတ်ပြီး ဆင်းခဲ့မယ်နော် "

" အေးအေး ဒါဆိုဘွားဘွား ထမင်းစားပွဲပြင်ထားလိုက်မယ် "

" ဟုတ် ဘွားဘွား "
❤‍🔥1👍1
အဘိုး၊ အဘွားတို့နှင့်အတူ စကားတွေပြောရင်း ထမင်းစားပြီးနောက် အခန်းထဲကို ပြန်တတ်လာခဲ့ပါတယ်။ ညနေတောင်စောင်းလို့ အမှောင်ရိပ်တို့ ကြီးစိုးလာခဲ့ပါပြီ။ အိမ်က ကုန်းပေါ်နည်းနည်းကျလို့ ပြင်ဦးလွင်မြို့ရဲ့ မြို့ပြရောင်စုံမီးတွေ ကို အိမ်အပေါ်ထပ်ကနေ မြင်နေရပါတယ်။ ညဝတ်အင်္ကျီလဲလိုက်ပြီး အိပ်ရာပေါ်ထိုင်ကာ မှန်အလွှာခြားထားသော ညအလှမြင်ကွင်းကို ငေးကြည့်နေမိသည်။ အအေးဓာတ်လေးဝင်လာ၍ စောင်ကိုဆွဲခြုံလိုက်သည်။ ခရီးပန်းလာ၍ "ကောင်း" စောစောစီးစီး အိပ်ချင်လာသည်။ အအေးဓာတ်ကြောင့် စောင်နှင့်လုံးကာပတ်လိုက်သည်။ "ကိုနိုင်" ရဲ့ ရင်ခွင် အနွေးဓာတ်လောက် စောင်ကမနွေးပါဘူး။ "ကောင်း" ကိုလာပြီး တစ်ခါလောက်ပဲဖြစ်ဖြစ် ဖတ်ထားပေးပါလား "ကိုနိုင်"ရယ်...။




Author_Jan 🐯
MC_Jan 🐯

Victoria Magazine 🌸🌈 HC Management
coming soon episode (2)
❤‍🔥1
💗အချစ်ဦး အမည်ခံ...(ရှင်သန်နေဆဲ အချစ်)💗


🥀အပိုင်း(၂)🌹


🫂 အလွမ်းကိုယ်စီနှင့် 🫂


"...Say you'll remember me standing in a nice dress
Staring at the sunset,babe
Red lips and rosy cheeks
Say you'll see me again
Even if it's just in your wildest dreams, ah-ha
Wildest dreams, ah-ha..."

ဝရံတာဘက်မှ "ကိုနိုင်" ရဲ့ ခံစားချက်များနှင့်အတူ လွင့်ပျံလာတဲ့ ဆွေးမြည့်ဖွယ် သီချင်းသံကို အခန်းထဲ၌ စာဖတ်နေသော "သူရိန်" ကြားနေရပါတယ်။ ခံစားချက်များကို သီချင်းနှင့်အတူ ညည်းဆိုရင်း "ကောင်းကောင်း" ဆိုသောကောင်လေးရဲ့မျက်နှာက ကြယ်တွေ တလက်လက်တောက်ပနေသော ကောင်းကင်ထက်မှာ ပေါ်ထွက်လို့နေပါတယ်။ နောက်ဆုံးတွေ့ခဲ့သော အချိန်များမှာ နာကျင်စရာစကားများကို ပြောသွားခဲ့သော ကောင်လေးကို စိတ်မနာရက်ဘဲ အားနာနေမိသည်။ ဖွင့်မပြောခဲ့ရင် အကောင်းသား အခုတော့ ထပ်တွေ့ဖို့မသေချာတော့ဘူး ကွယ်...။ အလွမ်းနှင့်သီချင်းကိုသာ အဖော်ပြုရင်း သတိရလမ်းဆွတ်မှုတွေတိုးလို့သာနေပါတော့တယ်။

"ကောင်း" မှေးခနဲ အိပ်ပျော်သွားပြီး သန်းခေါင်ယံ အချိန်လောက်မှာ ပြန်နိုးလို့လာခဲ့ပါတယ်။ အိပ်မက်ထဲမှာ "ကိုနိုင်" က "ကောင်း" ကို မီးပုံဘေးမှာ သီချင်းဆိုပြရင်း မီးတောက်များနှင့်အတူ ပျောက်ကွယ်သွားသည်။ သီချင်းသံကတော့ ကြားနေရဆဲဖြစ်ပြီး လူကိုရှာမတွေ့တော့ပါဘူး။ "ကောင်" အမှောင်ထုထဲမှာ လိုက်ရှာရင်း တွင်းနက်ကြီးတစ်ခုထဲကို ပြုတ်ကျသွားကာ လန့်နိုးလာခဲ့သည်။ အိပ်ရာပေါ်မှာ ထိုင်ပြီး အတွေးနယ်ချဲ့နေရင်း "ကောင်း" အိပ်လို့မပျော်တော့ပါဘူး။ ဖုန်းကိုကောက်ယူပြီး နားကြပ်ကို ထိုးထည့်လိုက်သည်။ နားကြပ်ကို နားမှာတပ်လိုက်ပြီး broken songs တွေ သီးသန့်စုထားတဲ့ playlistကိုဖွင့်လိုက်သည်။ "ကိုနိုင်" ကို ဘယ်လောက်ထိလွမ်းနေလဲဆိုတာ ခေါင်းအုံးထက်က မျက်ရည်တွေက သက်သေပါပဲ "ကိုနိုင်" ရယ်။


💎 ကံမကုန်သေးသရွေ့တော့... 💎


ဆယ်တန်းအောင်စာရင်းတွေထွက်တော့ "သူရိန်" (၅)ဘာသာပဲပါသည်။ သို့သော် ဆေးအမှတ်မှီ၍ ရန်ကုန်ဆေးတက္ကသိုလ် အမှတ်(၁)မှာ တတ်ခွင့်ရသည်။ အခုဆို တတိယနှစ်ကိုတတ်နေပြီဖြစ်သည်။

"ကိုနိုင်" ကတော့ ညီလေးဖြစ်သူကို ပံ့ပိုးထောက်ပံ့ရင်း အလုပ်ကို နှစ်ဆကြိုးစား လုပ်ကိုင်နေရပါတယ်။ လုပ်ငန်းများနှင့် လုံးပန်းနေရတာက တစ်ကြောင်း၊ နှစ်တွေကြာတာက တစ်ကြောင်း ကြောင့် "ကောင်း" နဲ့ပတ်သက်ပြီး သိပ်ခံစားချက်မရှိတော့ပါဘူး။ သို့သော်လည်း လုံးဝမေ့သွားတာမျိုးတော့ မဟုတ်ပါဘူး။

"ကောင်းကောင်း" ကတော့ ဆယ်တန်းပြီးလို့ အမှတ်ကောင်းခဲ့ပေမယ့် မြန်မာစာယူပြီး ရန်ကုန်တက္ကသိုလ်မှာတတ်သည်။ "ကောင်း" ရဲ့ ရည်ရွယ်ချက်ကတော့ စာရေးဆရာဖြစ်ဖို့ပါ။ "ကောင်း" (၉)တန်း၊(၁၀)တန်း ကို ပြင်ဦးလွင်မှာပဲတတ်ခဲ့ပါတယ်။ တက္ကသိုလ်ရောက်တော့ ရန်ကုန်သို့ထပ်ပြောင်းခဲ့သည်။ "ကောင်း" ရဲ့အိပ်မက်က ရန်ကုန်တက္တသိုလ်ကြီးမှာ ကျောင်းတတ်ရဖို့ပါ။ တက္ကသိုလ်ကြီးရဲ့ ပုံရိပ်ကို "ကောင်း" အလွန်သဘောကျပါသည်။ ရန်ကုန်ကို ‌‌"ကောင်း" ဖေဖေရဲ့ မိတ်ဆွေအကူအညီနဲ့ နေ နေတာပါ။ အစပိုင်းမှာ မယောင်မလည်နဲ့ ရှိပေမယ့် ကျင့်သားရအောင် တက္ကသိုလ်မတတ်ခင်ကတည်း ပြောင်းလာခဲ့တာဖြစ်လို့ ကျောင်းတတ်ချိန်မှာ ရန်ကုန်မြို့ရဲ့ မြို့ပြလူနေမှုဘဝကိုကျင့်သားရနေပါပြီ။  "ကောင်း" က ပထမနှစ်ဆိုတော့ ကျောင်းထဲမှာ ယောင်လည်လည်နဲ့ အပေါင်းသင်းသိပ်မရှိသေးပါဘူး။ အတန်းတတ်ပြီး အိမ်ကိုသာ တန်းပြန်လေ့ရှိသည်။ "ကောင်း" က သီးခြားနေတာများသည်။ အခုနောက်ပိုင်း "ကောင်း" ပြုံးတာ ရယ်တာ ရှားလာသည်။ "ကိုနိုင်" နဲ့ ပတ်သက်တဲ့ ခံစားချက်တွေကလည်း အချိန်က ကုစားသွားသည်ထင်သည်။ ခံစားချက်တွေသိပ်မရှိတော့ပါဘူး။ မေ့သွားတာမျိုးတော့ မဟုတ်ပါဘူး။

ဒီနေ့ "ကောင်း" ကျောင်းတတ်ပြီး အိမ်ကိုတန်းမပြန်ချင်သေးပါဘူး။ "ကောင်း" coffee ဆိုင်တစ်ဆိုင်မှာ စာအုပ်ဖတ်ရင်းဝင်ထိုင်လိုက်သည်။ ထိုစဉ် မမျှော်လင့်ဘဲ အစ်ကို"သူရိန်" နှင့်တွေ့သည်။

" ဟာ "ကောင်းကောင်း" မဟုတ်လား ညီလေးက "

" ဟုတ်...အစ်ကို"သူရိန်"မဟုတ်လား "

" ဟုတ်တယ်လေကွာ ညီလေးက အစ်ကို့ကိုမမှတ်မိတော့ဘူးလား "

" မှတ်မိလို့ အစ်ကို"သူရိန်"လား လို့မေးတာပေါ့ အစ်ကိုရ "

" ဒါနဲ့ ညီလေးက ဘာတတ်နေတာလဲ အခုဆို တက္ကသိုလ်ရောက်ပြီပေါ့ ရန်ကုန်မှာ တတ်တာလား ညီလေးဘယ်မှာနေတာလဲ "

" "ကောင်း" ဘယ်ဟာကို အရင်ဖြေရမှာလဲ "

" sorry အစ်ကို လောသွားတယ်...ဟ...ဟ"

" "ကောင်း" က ရန်ကုန်တက္ကသိုလ်မှာ မြန်မာစာယူထားပါတယ် နေတာကတော့ ဖေဖေ့ မိတ်ဆွေ အိမ်မှာပါ "

" ဟင် "ကောင်း" က ဘာလို့တစ်ခြားဟာ မတတ်တာလဲ အမှတ်မမှီလို့လား "

" မဟုတ်ပါဘူး "ကောင်း" အမှတ်က ဆေးကျောင်းတောင်တတ်လို့ရပါတယ် "ကောင်း" စာရေးရတာဝါသနာပါလို့ မြန်မာစာကိုပဲ ယူလိုက်တာ "

" နှမြောစရာကောင်းလိုက်တာ ညီလေးရာ "

" ဘာကိုနှမြောစရာကောင်းတာလဲ အစ်ကိုရဲ့ ကိုယ်ဝါသနာပါတာကိုကိုယ်လုပ်ရတာပဲလေ "ကောင်း" မိဘတွေကလည်း "ကောင်း" ဝါသနာပါတာကို ခွင့်ပြုပေးတယ် ဘာမှမကန့်ကွက်ဘူး ကိုယ်ရွေးချယ်တာကို နောင်တ မရဖို့ပဲ သတိပေးတယ် "

" ဟုတ်ပါပြီ အစ်ကို အတွေးမှားသွားတယ် sorry "

" ဒါနဲ့ "ကိုနိုင်" ကရော ရန်ကုန်မှာပဲလား အိမ်ထောင်တွေဘာတွေကျနေပြီလား "

" ညီလေးရဲ့စိတ်ထဲမှာ "ကိုနိုင်" ရှိသေးတာပဲ "
👍4❤‍🔥1
" ဗျာ "

" အစ်ကိုအကုန်သိပြီးပါပြီ ညီလေးရာ ဘာမှ ဖုံးကွယ်မထားပါနဲ့ "ကိုနိုင်" ထက် ညီလေးက ပိုပြီး စိတ်ပင်ပန်းခဲ့ရမှာ အစ်ကိုသိတယ် ညီလေးကို အခုလို မြင်တွေ့ရတာ အစ်ကိုဝမ်းသာတယ် "ကိုနိုင်" က ညီလေးကို စောင့်နေသေးတယ်ဆိုရင် ညီလေးယုံမှာလား "

" ဗျာ "

" "ကိုနိုင်" က ညီလေးကို မေ့သွားပြီလို့ထင်နေတာလား အစ်ကို ကျောင်းမတတ်ခင်အချိန်ထိ ညတိုင်း ဝရံတာထွက်ပြီး ညီလေးကို သတိရပြီး ဂစ်တာတစ်လက်နဲ့ ဆွေးဆွေးမြည့်မြည့် သီချင်းဆိုနေတာကို အစ်ကိုတောင် သနားပြီး မျက်ရည်ကျမိတယ် "

" ဟင် အဲဒီလိုဖြစ်နေခဲ့တာလား "

" အခုတောင် အစ်ကိုက ရန်ကုန်မှာရောက်နေလို့ "ကိုနိုင်" နယ်မြို့လေးမှာ ဘယ်လိုနေနေမလဲဆိုတာကို အစ်ကိုမမြင်ရဘူး မတွေ့ရဘူးဆိုပေမယ့် တွေးကြည့်ရုံနဲ့ သိပါတယ် "

" "ကောင်း" လည်း မလွှဲသာလို့ ငြင်းခဲ့ရတာပါ "

" အစ်ကိုနားလည်ပါတယ် "ကောင်း" ငယ်ငယ်ရွယ်ရွယ်နဲ့ အဲဒီလိုတွေးနိုင်ခဲ့တာကို အစ်ကိုလေးစားပါတယ် "

" "ကိုနိုင်" ကို "ကောင်း" တွေ့ပြီး စကားတွေပြောချင်လိုက်တာ အစ်ကိုရာ "

" ဟင် တကယ်ပြောနေတာလား "ကောင်းကောင်းလေး" "

" တကယ်ပြောတာပါ "ကောင်း" လည်း မရှက်တမ်း အမှန်တိုင်းဝန်ခံရရင် "ကိုနိုင်" ကို မမေ့နိုင်သေးဘူး "

" ဝမ်းသာလိုက်တာ ညီလေးရာ အစ်ကို ညီလေးတို့ ဆုံနိုင်အောင်စီစဉ်ပေးပါ့မယ် "

" ဟင် ဘယ်လိုစီစဉ်ပေးမှာလဲ အစ်ကိုက "

" အစ်ကို့ တာဝန်ထားပါ အခုတော့ အစ်ကိုတို့ ပြန်ဆုံတဲ့ အထိမ်းအမှတ်နဲ့ အစ်ကို ကော်ဖီတိုက်ပါရစေ "

" "ကောင်း" မငြင်းတော့ပါဘူး "


"ကောင်း" ‌ခါးသက်သက်ကော်ဖီကိုသောက်ရင်း "ကိုနိုင်"နှင့်ပြန်တွေ့ရမည်ကို တွေးရင်း ရင်ခုန်နေမိသည်။ ဘယ်အချိန် ဘယ်အခါတွေ့ရမည်ကို မသိသေးပေမယ့် တွေ့ရင်ပြောမည့် စကားတွေကို ရင်ထဲမှာစာစီနေမိသည်။ "သူရိန်" လည်း "ကောင်း" ကိုအကဲခက်ရင်း အစ်ကိုဖြစ်သူအတွက် မြှားနတ်မောင် ဖြစ်မည့်အရေးကို တွေးပြီးပျော်နေမိသည်။ တကယ်တော့ "ကိုနိုင်" နဲ့ "ကောင်း" က ဖွင့်မပြောကြပေမယ့် တစ်ယောက်နဲ့တစ်ယောက်ချစ်နေကြပြီးသားဆိုတော့ မြှားနတ်မောင် ဆိုတဲ့ နာမည်နဲ့တောင် မလိုက်ပါဘူး။ ဘာပဲဖြစ်ဖြစ် သူငယ်ချင်းဖြစ်သူရော အစ်ကိုဖြစ်သူပါ စိတ်ချမ်းသာမယ့်အရေးကို ကူညီရတာ တကယ်ပင် ပီတိဖြစ်မိသည်။
"သူရိန်" ကတော့ သဘောကျနေသူနဲ့ အဆင်ပြေနေပြီးသားဆိုတော့ အထူးတလည် အကျိုးကျေးဇူး ပြန်ခံစားစရာမလိုတော့ဘူးထင်ပါသည်။ "သူရိန်" ကလည်း ကောင်မလေးတွေနဲ့ မရှုပ်တော့ပါဘူး ချစ်စရာကောင်းတဲ့ ကောင်လေးတစ်ယောက်ကို ရထားပါပြီ။



Author_Jan 🐯
MC_Jan 🐯

Victoria Magazine 🌸🌈 HC Management
coming soon episode (3)
❤‍🔥1
💗အချစ်ဦး အမည်ခံ...(ရှင်သန်နေဆဲ အချစ်)💗


🥀အပိုင်း(၃)🌹


💓 လှုပ်နိုးလာသော နှလုံးသား 💓


" you're my sunshine...my only sunshine...you make me happy when skies are gray...🎶🎵 "

ဖုန်းမည်သံကို ကြားလိုက်တော့ "ကိုနိုင်" ဟင်းချက်နေရင်းနှင့် ပြေးလာပြီကိုင်လိုက်သည်။

" ဟဲလို "သူရိန်" ညီလေးပြော ဘာလိုလို့လဲ မုန့်ဖိုးကုန်သွားလို့လား "

" အာ "ကိုနိုင်" ကလည်း မဟုတ်ဘူး ညီလေး အစ်ကို့ကို ဝမ်းသာစရာပြောမလို့ "

" ဘာလဲ ကျောင်းမှာ ထူးချွန်ဆုရလို့လား "

" အစ်ကိုကလည်း ထင်ရာတွေ စွတ်ပြောနေတယ် ညီလေးပြောတာ နားထောင်ပါဦးဗျ "

" အေး...အေး ပြော ပြော "

" ဒီနေ့ ညီလေး "ကောင်းကောင်း" နဲ့ တွေ့ခဲ့တယ် "

" ဟင်... "

"ကိုနိုင်" လက်ထဲမှ ကိုင်ထားသော ယောက်ချိုဇွန်းကြီး လွတ်ကျသွားသည်။

" ဟဲလို ဟဲလို "ကိုနိုင်" ကြားလား "ကိုနိုင်" "

"ကိုနိုင်" အသံကိုထိန်းပြောဖို့‌ကြိုးစားရင်း ပျော်တာလား၊ဝမ်းနည်းတာလားမသိတဲ့ ခံစားချက်ဖြစ်ပေါ်လာသည်။ လွတ်ကျသွားသော ယောက်ချိုဇွန်းကြီးကို ပြန်ကောက်ကိုင်လိုက်သည်။

" အေး ညီလေး အစ်ကို နားထောင်နေတယ် "

" "ကိုနိုင်" အဆင်ပြေရဲ့လား "

" ပြေပါတယ်ကွ "ကောင်းကောင်း" ကို အစ်ကို့အကြောင်းတွေ သွားပြောမိသေးလား "

" ညီလေးက စမပြောရဘူး အစ်ကို့ရဲ့ "ကောင်းကောင်းလေး" က စ မေးတာပါဗျာ "

" ဟင်... "

ခုနကပြန်ကောက်ကိုင်လိုက်သော ‌ယောက်ချိုဇွန်းကြီး ပြန်လွတ်ကျသွားပြန်သည်။

" "ကိုနိုင်" ရေ တချွမ် ချွမ် နဲ့ လွတ်ကျနေတာ ဘာကြီးလဲ "ကိုနိုင်" ဘာတွေလုပ်နေတာလဲ "

ကျသွားသော ယောက်ချိုဇွန်းကြီးကို ပြန်ကောက်ပြီး နီးရာစားပွဲပေါ်တင်ထားလိုက်သည်။

" ဘာမှအဟုတ်ပါဘူးကွာ ပစ္စည်းတစ်ခုကို တိုက်မိလို့ "

" "ကောင်းကောင်း" အကြောင်းပြောလိုက်တာနဲ့ ဂနာမငြိမ်ဖြစ်နေတာမဟုတ်လား မသိရင်ခက်မယ်နော် "ကိုနိုင်" ဟီး ဟီး "

" ငါ့ကိုပြောင်နေသေးတယ် "ကောင်းကောင်း" ကဘာတွေမေးတာလဲ မြန်မြန်ပြောစမ်းကွာ "

" အမယ် အမယ် လူကြီးကြီးက ကလေးလေး အကြောင်းကို အရမ်းတွေ သိချင်နေပါလား ဟား...ဟား...ဟား "

‌" ဟေ့ကောင် "သူရိန်" ငါ့ကို စိတ်တိုအောင်လုပ်နေတာလား "

" "ကိုနိုင်" ကလည်းစိတ်ချည်းပဲ ပြော ပါမယ်ဗျ "ကောင်းကောင်း" ကမေးတယ် "ကိုနိုင်" အိမ်ထောင်တွေ ဘာတွေကျနေပြီလားတဲ့ "

" အဲဒီတော့ မင်းက ဘာပြောလိုက်လဲ "

" ကလေးတွေတောင် ရနေပြီလို့ ပြောလိုက်တယ် "

" "သူရိန်" မင်း နာချင်နေပြီထင်တယ် "

" ဟီး...ဟီး မပြောင်တော့ဘူး "ကိုနိုင်" ရာ အတည်ပြောပါမယ် ညီလေးလည်း အစ်ကို "ကောင်းကောင်း" ကိုသတိရနေတဲ့ အကြောင်းတွေ ၊ အရမ်းတွေလွမ်းပြီး သီချင်းတွေဆိုတဲ့အကြောင်းတွေ ၊ မအိပ်နိုင်မစားနိုင်တမှိုင်မှိုင်ဖြစ်နေတဲ့အကြောင်းတွေ ၊ အိပ်ရာပေါ် ဘုန်းဘုန်းလဲကျ ပြီး အလွမ်းနာကျတဲ့အကြောင်းတွေ "

" ဟေ့ကောင် မင်း အဲဒါတော့များသွားပြီ ငါဘယ်မှာ အိပ်ရာပေါ်လဲခဲ့လို့လဲ မင်း ကောင်လေးကို အိုဗာတင်းတွေလုပ်ပြီးဘာလို့လျှောက်ပြောတာလဲ "

" ဘာပဲဖြစ်ဖြစ် ညီလေး အဲလိုပြောခဲ့လို့ "ကောင်းကောင်း" က "ကိုနိုင်" ကိုတွေ့ချင်တယ်တဲ့ "

" ဟေ့ကောင် "သူရိန်" ဒါ နောက်ရမယ့်ကိစ္စမဟုတ်ဘူးနော် "

" မနောက်ပါဘူး အတည်ပြောနေတာ "ကောင်းကောင်းလေး" ကလည်း "ကိုနိုင်" ကို ချစ်ရှာပါတယ် အခြေအနေက သူ့အတွက် အဆင်မပြေရှာတော့ "ကိုနိုင်" ကိုငြင်းခဲ့ရတာပါ "ကောင်းကောင်းလေး" က "ကိုနိုင်" ထက်ပိုခံစားခဲ့ရတာ အရွယ်ကလည်း ငယ်ခဲ့သေးတော့ အဲဒီဒဏ်တွေ အများကြီးခံခဲ့ရတာ "

" အစ်ကို့ကြောင့်ပါကွာ... "

" ကဲပါ အစ်ကို့ကြောင့်တွေ ဘာတွေ လုပ်မနေနဲ့ အခုအခွင့်ရေးကို သေချာ အသုံးချ "ကောင်းကောင်းလေး" ကတွေ့ချင်တယ်တဲ့ ဒီတစ်ဖြတ် ကျောင်းတတ်ပြီးရင် ရွာခဏ ပြန်မယ်ပြောတယ် "ကိုနိုင်" သွားတွေ့လိုက် "

" ကျေးဇူးပဲ ညီလေးရာ "

" ဟဲ...ဟဲ ကျေးဇူးတင်ရင် ဒီတစ်ခါ အသုံးစရိတ်လွှဲရင် များများလေးနော် "

" မင်းကတော့..."

"ကိုနိုင်" လေယာဉ်ပေါ်က လေထီးနဲ့ မြေပြင်ကို ခုန်ချလိုက်သလို ရင်ထဲတလှပ်လှပ် ခံစားနေရသည်။ စိတ်ထဲမှာလည်းပေါ့ပါးပြီး အားဆေးအလုံးတစ်ထောင်စားလိုက်သလို အားအင်တွေပြည့်ဖြိုးလာသည်။ "ကောင်းကောင်း" နှင့်တွေ့ရမည့်အရေးကို တွေးပြီးရင်ခုန်ရသည်မှာ ဆယ်တန်း result ထွက်မည့်အချိန်ကို စောင့်စားနေသော ဆယ်တန်းကျောင်းလိုပင်ဖြစ်နေသည်။ ကမ္ဘာပေါ်မှာ အပျော်ဆုံးလူသားတစ်ယောက်လို ခုန်ပေါက်ကပစ်ချင်မိသည်။ အတွေးတွေလွန်ရင်း ချက်လက်စ ဟင်းအိုးမှာ တူးသွားခဲ့ပါပြီ။ စိတ်ထဲ၌ အချစ်ရဲ့ တန်ခိုးက ဟင်းအိုးတောင်တူးစေပါလား ဆိုပြီးတွေးရင်း မဲတူးနေသော ဟင်းအိုးကြီးကို ပြုံးပြုံးကြီး ကြည့်နေမိတော့သည်။



💑 "သူရိန်" ၏ နတ်သားလေး 💑


"သူရိန်" အား မိန်းကလေးတွေကို ကြိုက်ရာကနေ ယောက်ျားတစ်ယောက်ကို စိတ်ဝင်စားအောင်လုပ်နိုင်ခဲ့သူကတော့ "ခန့်မင်းသော်တာ" ဆိုသော ကောင်လေးပါပဲ။ "သော်တာ" က ရန်ကုန်တက္ကသိုလ် သင်္ချာမေဂျာကပါ။ ဒုတိယနှစ်ရောက်ပြီဖြစ်၍ "သူရိန်" နှင့် တစ်နှစ်ပဲကွာသည်။ ဖြူဖြူဖွေးဖွေး ချစ်စရာလေး ဖြစ်ပြီး "သော်တာ" ဆိုသောနာမည်လေးနဲ့လိုက်အောင် မျက်နှာ‌လေးက ကြည်လင်အေးချမ်းလှပါတယ်။ အမြဲတမ်းပဲ ပြုံးနေတတ်ပြီး မြင်သူတိုင်း စိတ်ချမ်းသာစေတဲ့ မျက်နှာပိုင်ရှင်လေးပါ။
👍3❤‍🔥1
ရုပ်ရည်တင်ကြည့်ကောင်းနေတာမဟုတ်ပါဘူး။ စိတ်သဘောထားလေးကလည်း ဖြူစင်သည်။ "သူရိန်" နှင့် အင်းလျား‌ကန်ပေါင်ဘေးမှာ တွေ့ခဲ့ကြခြင်းဖြစ်သည်။ တကယ်တော့ အဲဒီအချိန်တုန်းက "သူရိန်" မိန်းကလေးတွေကို ငမ်းရန် ဆေးကျောင်းက သူငယ်ချင်းများနှင့် လာကြခြင်းဖြစ်သည်။ "သော်တာ" နဲ့တွေ့သွားခါမှ ခြေငြိမ်သွားခြင်းဖြစ်သည်။ "သော်တာ" ပထမနှစ် ဒုတိယအဖြတ်မှာ ရအောင်လိုက်ခဲ့ပြီး ဒုတိယနှစ်မှာ အဖြေပေးခဲ့တာပါ။ "သူရိန်" လည်း "သော်တာ" ကို တကယ်ချစ်ပြီး ဂရုစိုက်ရှာပါသည်။ "ကောင်း" နှင့် ကော်ဖီဆိုင်မှာဆုံးတုန်းက "သော်တာ"ကိုလာတွေ့ခြင်းဖြစ်သည်။

" ကိုကို "

" ဗျ "

" မနေ့က ကော်ဖီဆိုင်မှာ ကိုကိုနဲ့ စကားပြောနေတဲ့ ကောင်လေးက ဘယ်သူလဲ "

" ဪ...အဲဒါက ကိုကို ဆယ်တန်းတုန်းက သူငယ်ချင်းပါ"

" သူငယ်ချင်းကလည်း အသက်ငယ်မယ့်ပုံစံပဲ "သော်တာ" ထက်တောင် ငယ်မယ်ထင်တယ် "

" ဪ..."သော်တာ" ကလည်း သူနဲ့က အတန်းမှမတူတယ် ကိုကို ဆယ်တန်းတုန်းက သူက ရှစ်တန်းပဲရှိသေးတာလေ "

" ကိုကို နဲ့ ဘယ်လိုသိတာလဲ "

" ကောင်လေး ကိုကို့ ကို သဝန်တိုနေတာမဟုတ်လား "

" သဝန်တိုတာပေါ့ အဲဒီကောင်လေးက ချစ်စရာကောင်း‌တာကို "

" ကိုကို့ရဲ့ "သော်တာ" လေးကိုမှီနိုင်ပါ့မလား ကိုကိုဘယ်သူနဲ့မှမရှုပ်ပါဘူး အဲဒါက ကိုကို့ အစ်ကိုကြီးရဲ့ ကောင်လေး ပိုင်ရှင်ရှိပြီးသား "

" ဟင်...ဘယ်လို ကိုကို့ရဲ့ အစ်ကိုကြီးနဲ့ အဲဒီကောင်လေးလား ကောင်လေးကိုနှမြောပါတယ် "

" ဘာလို့လဲ "သော်တာ" ကလည်း မသိရင် ကိုကို့ရဲ့ အစ်ကိုက နူနေတာကျလို့ "

" အဲလိုသဘောမျိုးနဲ့ပြောတာမဟုတ်ပါဘူး ကိုကိုရဲ့ ကောင်လေးက ချစ်စရာလေးမို့ ကိုကိုတို့လို အရွယ်နဲ့မှလိုက်မှာ "

" ဪ..."သော်တာလေး" ရယ် အချစ်က လိုက်ဖက်တာတွေ မလိုက်ဖက်တာတွေ ရွေးပြီး ဖြစ်ပေါ်လာတာမဟုတ်ဘူးလေ ကိုကိုတို့‌ဆိုရင်တောင် ယောက်ျားလေးချင်း ချစ်ကြိုက်နေကြတာလေ ပုံမှန်ဆို ဒါက သဘာဝမှမဟုတ်တာ အချစ်ဆိုတဲ့ခံစားချက်တစ်ခုကြောင့် သဘာဝကိုဆန့်ကြတာလေ အချစ်က အဖြူ ၊ အမည်း ၊ ဝတာ ၊ ပိန်တာ ခွဲခြားပြီး ဖြစ်ပေါ်လာတာမဟုတ်ဘူး ရင်ထဲကခံစားချက်အချင်းချင်း နီးစပ်ကြတဲ့အခါ အချစ်ဆိုတာဖြစ်ပေါ်လာတာပဲ ကိုကိုတို့တောင် တက္ကသိုလ်ချင်းတူလို့လား အဲဒီလိုပဲ အချစ်က နေရာဒေသမခွဲဘူး သိလား "

" ဟုတ်ပါပြီ အချစ် သုတေသန ပညာရှင်ကြီးရယ် "သော်တာလေး" မှားတာရှိရင်လည်း ဆုံးမပေးပါဦးနော် "

" ဘာလဲ ရွဲ့ပြောနေတာလား လူတွေကြားထဲ အာဘွားပေးလိုက်မှာနော် ပြီးမှ ကိုကိုအရမ်းဆိုးတယ် မလုပ်နဲ့ "

" မရွဲ့ပါဘူး ကိုကိုက တစ်နှစ်ပိုကြီးတော့ တစ်နှစ်အတွေ့ကြုံပိုရှိတယ် အဲဒါကြောင့် "သော်တာ" က ဆုံးမခိုင်းတာပါ "

" "သော်တာ" လေးက လိမ္မာပြီးသားပါ ချစ်စရာကောင်းတဲ့ ဒီလို ကလေးလေး ရထားရတာကိုက ကိုကို ကံ ကောင်းနေပါပြီ "

" စကားတတ်တိုင်း "သော်တာ" ကိုလာချုပ်မနေပါနဲ့နော် ကိုကို့ကို ချစ်ပြီးသား ဟွန်း "

" လူတွေရှိနေလို့ အာဘွား မပေးတော့ဘူး လူလစ်မှ ဟီးဟီး "

" အာ...ကိုကို နော် "

" ချစ်စရာကောင်းအောင်လုပ်ပြမနေပါနဲ့ အသဲယားတယ် "

"သူရိန်" နဲ့ "သော်တာ" တွဲလာတာမကြာသေးပေမယ့် တစ်ယောက်ကိုတစ်ယောက် နားလည်မှု ၊ လေးစားမှု တွေရှိပြီး နားလည်မှုလွဲနေတာလေးတွေရှိရင် ညှိယူရင်း ချစ်ခြင်းမေတ္တာတွေသာ တိုးပွား‌လို့နေပါတယ်။ "သူရိန်" အတွက် "သော်တာ" ဟာ ဘုရားပေးသော ဆုလာဘ်ဖြစ်သလို ၊ "သော်တာ" အတွက် "သူရိန်" ဟာ အကောင်းဆုံး ဘဝလက်တွဲဖော်ဟု ခံယူထားကြရင်း တစ်ယောက်နဲ့တစ်ယောက် သစ္စာစောင့်သိမှုတွေနဲ့အတူ ရှေ့ဆက်လို့နေပါတယ်။ စိတ်ဆိုး ၊စိတ်ကောက်တာလေးတွေရှိတဲ့အခါများမှာ တစ်ယောက်နဲ့တစ်ယောက် အလျော့ပေးရင်း ပြသနာကိုဖြေရှင်းကြပါတယ်။ ချစ်နေဖို့သာလျှင် အဓိကမဟုတ်ပါလား...။


Author_Jan 🐯
MC_Jan 🐯

Victoria Magazine 🌸🌈 HC Management
coming soon episode (4)
❤‍🔥1
အချစ်ဦး အမည်ခံ...(ရှင်သန်နေဆဲ အချစ်)💗


🥀အပိုင်း(၄)🌹


💙 နေရာဟောင်းမှာ အချစ်ကြောင်းဖွဲ့သီ 💙


ဒီတစ်ဖြတ်ကျောင်းပိတ်ရက်မှာ "ကောင်း" ရွာကိုပဲ ပြန်ခဲ့ပါတယ်။ ဖေဖေ နဲ့ မေမေ ကို လွမ်းတာကတစ်ကြောင်း ၊ ရွာအငွေ့သက်ကို မခံစားရတာကတစ်ကြောင်း ကြောင့် "ကောင်း" ပြန်ခဲ့ခြင်းဖြစ်သည်။ ရွာကိုရောက်သည့်နေ့ ညနေပိုင်းမှာ လေညင်းခံရင်း စက်ဘီးလေးကိုစီးကာ ထွက်လာခဲ့ပါတယ်။ မမြင်ရတာ ၊ မထိတွေ့ရတာ ကြာပြီဖြစ်သော သဘာဝရဲ့ အငွေ့အသက်တွေကို မျက်လုံးလေးမှိတ်ကာ ခံစားနေမိသည်။ ငယ်ငယ်က ကျောင်းအပြန်မှာ စက်ဘီးကိုလက်လွှတ်ပြီး စီးခဲ့တာကိုပြေးသတိရပြီး စက်ဘီးလက်ကိုင်ကိုလွှတ်လိုက်ပြီး စီးကြည့်သည်။ စိတ်ထဲတွင် ကြည်နူးမှုလေးကိုခံစားရပြီး ပျော်နေမိသည်။ကားလမ်းဘေးမှာရှိသော ကျွန်းပင်ကြီးတွေ အောက်မှာ စက်ဘီးကိုရပ်လိုက်သည်။ ရေတွေနေလာနေဆဲ ဖြစ်သော မူးမြောင်းဘေးမှာ သွားထိုင်နေမိသည်။ စီးနေသော ရေအလျဉ်ထဲကို ကျောက်စရစ်ခဲတွေကို တစ်လုံးပြီးတစ်လုံး ပစ်ချလိုက်ရင်း ရေပြင်လွှာအပေါ်မှာ ရေကစားနေသော ခပ်ထွားထွားလူကြီးနှင့် သေးသွယ်သွယ်ကောင်လေး တစ်ယောက်ရဲ့ ပုံရိပ်လွှာကို မြင်နေရသည်။ ရေကစားနေကြရင်း လောကကြီးကိုမေ့နေကြပုံရသည်။ ဘာအပူပင်မှမရှိဘဲ သောကကင်းစွာ ရေကစားနေသည်မှာ မြင်သူပင် စိတ်ချမ်းသာရပါတယ်။

" "ကောင်းကောင်း" "

" ဟင် "ကိုနိုင်" "

အတွေးနယ်ချဲ့နေစဥ် ဘယ်ကနေ ဘယ်လိုရောက်လာမှန်းမသိသော "ကိုနိုင်" ကို "ကောင်း" အံ့ဩပြီးကြည့်နေမိသည်။ အင်္ကျီလက်ရှည် လက်စီးနှင့် ပုဆိုး ဝတ်ထားသော "ကိုနိုင်" ကို ကြည့်ရတာ ခန့်ညားလွန်းလှသည်။ "ကောင်း" ကိုကြည့်နေသော အကြည့်တို့မှာ မျှော်လင့်ချက်ရောင်ခြည်လေးကို တွေ့လိုက်ရသလို ရွှန်းလဲ့နေသည်။ "ကိုနိုင်" နှင့်တွေ့ရင် စကားတွေအများကြီးပြောမယ် စိတ်ကူးထားခဲ့ပေမယ့် လက်တွေ့ကျ ဘယ်ကဘယ်လိုစရမှန်းမသိတော့ပါဘူး။ "ကိုနိုင်" က ‌"ကောင်း"ဘေးမှာ ဝင်ထိုင်လိုက်သည်။

" ရွာပြန်ရောက်နေတာ ကြာပြီ‌လား ကောင်လေး "

" မကြာသေးပါဘူး ဒီနေ့ပဲရောက်တာ "ကိုနိုင်" ရော ဘယ်လိုရောက်လာတာလဲ "

" အစ်ကိုက လယ်တောဘက်ကိုလာတာပါ ပြီးတော့ "ကောင်း" ကိုလည်းတွေ့ချင်လို့ "

" ဗျာ "

" အစ်ကို့ကို ဒီတစ်ခါတော့ မောင်းမထုတ်လိုက်ပါနဲ့နော် အစ်ကို "ကောင်း" ကို ပျော်စရာတွေပဲပေးချင်တယ် အစ်‌ကိုနဲ့ ဝေးနေရလို့လည်း "ကောင်း" ပျော်နေရတာမှ မဟုတ်တာ "ကောင်း" စိတ်ဆင်းရဲနေရတာတွေကို အစ်ကိုမဖြစ်စေချင်တော့ဘူး "

" ဟွန့် လူလည်ကြီးပါလား "ကောင်း" က စိတ်ဆင်းရဲနေတယ်လို့ဘယ်သူပြောလဲ "

" သိတာပေါ့ လူချင်းဘယ်လောက်ပဲဝေးဝေး နှလုံးသားချင်းနီးနေကြတာပဲလေ "ကောင်းကောင်းလေး" အစ်ကို့ကို ဘယ်လိုစကားတွေပဲပြောခဲ့ ပြောခဲ့ အဲဒါတာတွေက အလိမ်အညာတွေပဲဆိုတာ အစ်ကိုသိတာပေါ့ အခြေအနေတစ်ခုကို လေ့လာသုံးသပ်ပြီး "ကောင်းကောင်းလေး" က လူကြီးလေးကို အစ်ကို့ကိုငြင်းခဲ့တာလေ ဒါပေမယ့် "ကောင်းကောင်းလေး" က ချစ်စရာကောင်းနေတော့ လူကြီးဇာတ်ရုပ်မှာမပြီပြင်ခဲ့ဘူး ဒါကို အစ်ကို သိပေမယ့် "ကောင်းကောင်းလေး" ရဲ့ရှေ့ရေးကိုကြည့်ပြီး အစ်ကို ရှေ့ဆက်မတိုးခဲ့တာပါ "

" "ကိုနိုင်" "

" ဗျ "

" "ကောင်း" "ကိုနိုင်" ကို အရမ်းချစ်တယ် "

ဘယ်ကနေ ဘယ်လိုရောက်လာမှန်း မသိတဲ့ သတ္တိတွေနဲ့ "ကိုနိုင်" ကို ချစ်တယ်ပြောမိလဲ "ကောင်း" မသိတော့ပါဘူး။ ထို့အတူ ရင်ထဲက ဆို့တတ်လာပြီး မျက်ရည်တွေပါကျလာသည်။

" ဟင် "ကောင်းကောင်းလေး" ငိုနေတယ် "

"ကောင်း" ငိုနေတာမြင်တော့ "ကိုနိုင်" ရင်ထဲ မကောင်းဖြစ်သွားသည်။ မိမိကို ချစ်တယ်ပြောလိုက်လို့ ပျော်တဲ့အပျော် နဲ့အတူ "ကောင်းကောင်းလေး" ဘယ်လောက်တောင် ခံစားခဲ့လိုက်ရမလဲ ဆိုတာကို ‌စိတ်မကောင်းစွာတွေးရင်း "ကောင်းကောင်းလေး"ကို ရင်ခွင်ထဲ ထွေးပွေ့ထားလိုက်ပါတယ်။

" "ကောင်း" ကြောင့် "ကိုနိုင်" အရမ်းခံစားခဲ့ရမှာပဲနော် "ကောင်း" ပြောခဲ့တဲ့စကားတွေက "ကိုနိုင်" ကို မုန်းလို့မဟုတ်ပါဘူး အခြေအနေတစ်ခုကြောင့် "ကောင်း" မလွှဲသာဘဲပြောခဲ့ရတာပါ "ကောင်း" "ကိုနိုင်" ကို ချစ်တာပေါ့ "ကိုနိုင်" ကို အရမ်းချစ်ခဲ့တာ "ကိုနိုင်" ကိုခံစားရအောင်လုပ်ခဲ့မိလို့ "ကောင်း" ကိုခွင့်လွှတ်ပါနော် "

" မဟုတ်တာ ကောင်လေးရယ် ပိုခံစားခဲ့ရမှာက "ကောင်းကောင်းလေး" ပါ ဒီအတောအတွင်း အရမ်းပင်ပန်းခဲ့မှာပဲ ကလေးလေးရယ်... "

"ကောင်းကောင်းလေး" ကို တင်းကျပ်စွာဖက်ရင်း နဖူးကို အကြင်နာ အနမ်းလေးပေးလိုက်သည်။ မင်းလေး ဘယ်လောက်ပင်ပန်းခဲ့မလဲဆိုတာ မပြောလည်းသိပါတယ် ကောင်လေးရယ်...။အရင်က ကြည်လင်နေခဲ့တဲ့ မင်းရဲ့ မျက်နှာလေး အခုတော့ စိတ်ဖိစီးမှုတွေကြောင့် ညိုးငယ်ပြီး မျက်ဝန်းတွေတောင် မရွှန်းလဲ့နိုင်တော့ဘူး‌လေ။ ရှေ့လျှောက် မင်းလေးကို ပျော်ရွှင်အောင် ထားပေးပါမယ် ကလေးလေးရေ...။


👬 ချစ်သူတို့ ဘဝဝယ် 👬


" ကိုကို မကောင်းဘူးကွာ အဟင့် အဟင့် "

" "သော်တာလေး" ကလည်း ခနလေးပဲ ပြီးတော့မှာပါ "

" အဟင့် နာတယ် ကိုကိုရဲ့ "သော်တာ" ကို မညှာဘူး အရမ်းကြမ်းတမ်းတမ်း မလုပ်နဲ့လေ "သော်တာ" သေတော့မှာပဲ "

" ကိုကို့ကို ချစ်ရင် အောင့်ပြီး သည်းခံပေးနော် "သော်တာလေး" က လိမ္မာပါတယ် "

" အဟင့် အဟင့် နာတယ် "

" အခုမှနာတယ်လုပ်မနေနဲ့ ဆော့တုန်းကဆော့ပြီး "

" ကိုကို "သော်တာ" ကို မသနားဘူး အဟင့် အဟင့် "
❤‍🔥1
" မင်းလေးသာ ‌ငြိမ်ငြိမ်နေရင် အခုလို ဒူးပြဲမှာမဟုတ်ဘူး ဆေးတောင်မထည့်ရသေးဘူး အခုမှ အနာကို သန့်ရှင်းရေးလုပ်နေ‌တုန်းပဲရှိသေးတယ် မသနားဘူးလုပ်နေတယ် "

"သော်တာ" တစ်ယောက် "သူရိန်" နဲ့အတူ ‌လမ်းလျှောက်ရင်း "သူရိန်" အပေါ် ခုန်တတ်ရင်း အရှိန်မထိန်းနိုင်ဘဲ လဲကျသွားပြီး ဒူးမှာ ဒဏ်ရာ ရသွားပါတယ်။ "သူရိန်" က ဆေးထည့်ပေး နေတာကို ကလေးတစ်ယောက်လို ချွဲနေသည်။

" အဟင့် နာနေသေးတယ် "

" ချက်ချင်းတော့ ဘယ်ပျောက်ဦးမှာလဲ "သော်တာလေး" ရဲ့ ကလေးလေးကျလို့ ချွဲနေလိုက်တာ "

" ဘာလဲ မချွဲရဘူးလား ဟွန်း "

" ချွဲပါဗျာ "သော်တာလေး" ချွဲလေ ကိုကိုက အသဲယားပြီး ပိုချစ်လေပါပဲ ဟုတ်ပြီလား "

" ဟီး ဟီး အဲဒါကြောင့် ကိုကို့ကို ချစ်နေရတာ "

" အနာဆေးထည့်ပေးလို့ ကိုကို့ကို ဘာပြန်ပေးမှာလဲပြော"

" ကိုကိုကလည်း ကိုယ့်ချစ်သူဆီက ပိုက်ဆံလိုချင်သေးတာလား ဒါလေးတောင် အလကားလုပ်မပေးချင်ဘူးလား မမိုက်ပါဘူး ကိုကိုရာ "

" ဘာတွေလျှောက်ပြောနေတာလဲ ဟောဒီလို အာဘွားပေးခိုင်းတာ "

" အာ ကိုကို ကလည်း "

" လူရှင်းတယ်လေ ပေးပါနော် "

" လူလည်ကြီး အာဘွား အာဘွား ဟုတ်ပြီလား "

" နှုတ်ခမ်းကိုရောပေး "

" ကိုကိုနော် အဆင့်တတ်မလာနဲ့ ဟွန့် "

" မပေးရင် လမ်းတစ်လျှောက်လုံး ပွေ့ခေါ်သွားမှာနော် "

" "သော်တာ" ကို အကျပ်ကိုင်တယ် လူဆိုးကြီး "

" မပေးဘူးလား ဒါဆိုပွေ့ပြီ "

" အာ ပေးပါ့မယ် မွမွ အာဘွား "

" ဒီလိုမှပေါ့ "သော်တာလေး" ရဲ့ "

" ဟွန့် "

"သူရိန်" နဲ့ "သော်တာ" တို့အချစ်ခရီးလမ်းလေးကတော့ ဂရုစိုက်မှု ၊ ကြင်နာမှု ၊ ကျီစယ်မှုတွေနဲ့အတူ သာယာဖြောင့်ဖြူးလို့နေပါတယ်။ မိဘအသိုင်းအဝိုင်းမရှိသောနေရာ ၊ ပတ်ဝန်းကျင်ဆိုတာမရှိသောနေရာ ၊ ကန့်ကွက်သူ၊ ကဲ့ရဲ့သူ မရှိသောနေရာမှာ အခုလို ချစ်ကြည်နူးနေရတာ ပျော်စရာ နိဗ္ဗာန်ဘုံလေးတစ်ခုပါပဲလေ။


Author_Jan 🐯
MC_Jan 🐯

Victoria Magazine 🌸🌈 HC Management
coming soon happy ending 💞
❤‍🔥1👍1
ဂျန် ဒီနေ့ ခွင့်ယူပါမယ်နော် 🙏
💗 အချစ်ဦး အမည်ခံ...(ရှင်သန်နေဆဲ အချစ်) 💗


🥀ဇာတ်သိမ်းပိုင်း🌹


💙 အပြာရောင် အချစ်ည 💙


" ကလေးလေး ငိုလို့ဝပြီလား "

" "ကောင်း" လေ "ကိုနိုင်" ရဲ့ ရင်ခွင်ထဲမှာ အခုလိုလေးနေချင်သေးတယ် အရမ်းနွေးထွေးတာပဲ "ကိုနိုင်" ရဲ့ရင်ခွင်ထဲမှာ "ကောင်း" အခုလိုလေးနေရတာ အရမ်းသဘောကျတယ် "

" အစ်ကို့ကို ကြည့်ပါဦး "

" ဟုတ် "

" ကြည့်ပါဦး မျက်ခွံတွေတောင် ပို့နေပြီ မငိုတော့နဲ့နော် အစ်ကိုလည်း ကလေးလေးကို အရမ်းချစ်တယ် ထပ်ပြီးသော မခံစားစေချင်တော့ဘူး အစ်ကိုနဲ့အတူ ဆိုင်ကယ်ပတ်စီးပြီး ဒီညလယ်တောမှာပဲ အိပ်လိုက်နော် ယောက္ခမကြီးကို ဖုန်းဆက်လိုက်မယ် "

" ဟွန့် "ကိုနိုင်" ကလည်း ဘာ ယောက္ခမကြီးလဲ "

" ဟုတ်တယ်လေ အခုဆိုရင် ကလေးလေးက အစ်ကို့အပိုင်ဖြစ်သွားပြီ ကလေးလေးကို အစ်ကိုက ယူမှာ သိလား "

" အစ်ကို "

" ပြောစေဗျာ ကလေးလေး "

" အစ်ကို့ကို အရမ်းချစ်တယ် "

" အစ်ကိုကလည်း ကလေးလေးကို အရမ်းချစ်တာပေါ့ "

"ကိုနိုင်" "ကောင်း" ကို အကြင်နာမျက်ဝန်းတွေနဲ့ကြည့်ပြီး ဖူးနေသော "ကောင်း" ရဲ့ နှုတ်ခမ်းလေးကို ဒုတိယအကြိမ်မှာ "ကောင်း" ရဲ့ ခွင့်ပြုချက်နဲ့အတူ ယုယစွာ နမ်းလိုက်သည်။ "ကောင်း" လည်း "ကိုနိုင်" ရဲ့အနမ်းကို လိုလားစွာ တုန့်ပြန်ပြီး ပြန်ကာနမ်းမိသည်။ အချိန်တော်တော်ကြာ အကြင်နာ အနမ်းခြွေပြီး "ကောင်း" ရဲ့ အိမ်ကို ဖုန်းဆက်အကြောင်းကြားကာ ဆိုင်ကယ်စီးရင်း လေညှင်းခံနေကြပါတယ်။ ညနေပိုင်းရဲ့ ဆည်းဆာအောက်မှာ "ကိုနိုင်" ရဲ့ ခါးကိုရဲဝံ့စွာဖက်ပြီး "ကိုနိုင်" ရဲ့ ကိုယ်သင်းရနံ့လေးကို မက်မောစွာရှုရှိုက်ရင်း "ကိုနိုင်" ရဲ့ ကျောပြင်ပေါ်မှာ မျက်လုံးလေးမှိတ်ပြီး "ကောင်း" မှီထားရင်း ‌သဘာဝရဲ့ အရသာကို အချစ်ရသူနဲ့အတူ ခံစားနေမိသည်။ အမှောင်ရိပ်တို့ကြီးစိုးလာတဲ့အချိန်မှာ လယ်တောက တဲအိမ်ဆီကို ပြန်လာခဲ့ကြသည်။ လယ်ကန်သင်းတွေပေါ်မှာ "ကိုနိုင်" ရဲ့ လက်ကိုတွဲပြီးလျှောက်ရတာ "ကောင်း" ကြည်နူး‌မိသည်။ တဲအိမ်ထဲက "ကိုနိုင်" ရဲ့ အခန်းထဲကိုဝင်လိုက်တော့ ကြိုတင်ပြင်ဆင်ထားပုံရသော အခန်းလေးထဲမှာ ဆီမီးတွေ ထွန်းထားသည်။ အိပ်ရာပေါ်က မွေ့ယာပေါ်မှာ နှင်းဆီပန်းဖက်တွေ ဖြန့်ခင်းထားသည်။ သဘာဝရဲ့ ပန်းရနှံ့များက အခန်းလေးထဲသင်းပျံ့နေသည်။ "ကောင်း" အိပ်ရာပေါ်က နှင်းဆီပန်းဖက်အချို့ကို ယူပြီး ရှုရှိုက်ရင်း နူးညံ့သော မွေ့ယာပေါ်ကိုထိုင်လိုက်သည်။ ချစ်စရာကောင်းသော "ကောင်းကောင်းလေး" ကိုကြည့်ပြီး "ကိုနိုင်" သဘောကျနေမိသည်။ "ကောင်း" ရဲ့ ဘေးမှာ ဝင်ထိုင်လိုက်ပြီး "ကောင်း" ရဲ့ ခေါင်းလေးကို ကြင်နာစွာ ပွတ်ပေးလိုက်သည်။ "ကောင်း" က "ကိုနိုင်" ကို မော်ကြည့်လိုက်ပြီး ချစ်စရာကောင်းအောင် ပြုံးပြလိုက်သောအခါ နှုတ်ခမ်းတွေအချင်းချင်း ဂဟေဆက်သွားသည်။ "ကောင်း" လည်း "ကိုနိုင်" ရဲ့ကျောပြင်ကို ဖက်လိုက်ပြီး အနမ်းတွေတုံ့ပြန်လိုက်သည်။ "ကိုနိုင်" ပန်းမွေ့ယာပေါ်ကို "ကောင်း" အား ညှင်သာစွာ လှဲစေလိုက်ပြီး "ကောင်း" ရဲ့ မြတ်နိုးစရာကောင်းတဲ့ မျက်နှာလေးရဲ့ နေရာအနှံ့အပြားကို အနမ်းမိုးတွေခြွေလိုက်ပါတယ်။ ထိုစဉ် အပြင်မှာ မိုးတွေ ရုတ်တရက်ရွာလာသည်။ မိုးရဲ့ အအေးဓာတ်တွေ ဝင်လာသောအခါ "ကောင်း" တစ်ယောက် "ကိုနိုင်"ရဲ့ ရင်ခွင်ထဲ တိုးဝင်ကာ ဖက်ထားလိုက်မိသည်။ မိုးခြိမ်းသံတွေနဲ့အတူ အနမ်းတွေ ဖလှယ်ရင်း ‌"ကောင်း" နဲ့ "ကိုနိုင်" တို့ရဲ့ အကြင်နာညလေးကို အချစ်ရမ္မက်တွေနဲ့အတူ ဖြတ်သန်းလို့နေပါတယ်။ အချစ်ရဲ့ရမ္မက်နဲ့အတူ ထွက်ပေါ်လာတဲ့ ညည်းသံလေးများက မိုးခြိမ်းသံတွေကြားမှာ ပျောက်ကွယ်လို့သွားပါတယ်။ ချစ်သူနှစ်ဦးရဲ့ အကြင်နာညလေးက ရှင်သန်နေသော အချစ်တွေနဲ့အတူ ဖြတ်သန်းရင်း မိုးကလည်း ချစ်သူနှစ်ဦးပို၍ နီးကပ်အောင် အောင်သွယ်တော်လုပ်ပေးရင်း သဲထန်စွာ ရွာသွန်းနေပါတော့တယ်...။


💝 သူနဲ့သာဆိုလျှင် 💝



" "သော်တာလေး" "

" ဟုတ် ကိုကို "

" ကိုကို့ကို ချစ်လား "

" ချစ်တာပေါ့ ကိုကိုရဲ့ အရမ်းချစ်တယ် "

" အခုလို နှစ်ယောက်ထဲရှိတဲ့ အချိန်လေးက အရမ်းကြည်နူးဖို့ကောင်းတယ်နော် "

" ဟုတ်တယ် ကိုကို တစ်နေ့တာလုံး ပင်ပန်းတာတွေပျောက်သွားသလိုပဲ "

" နေဝင်သွားတာကို အခုလို "သော်တာလေး"နဲ့အတူ ထိုင်ကြည့်ရတာ ကိုကိုအတွက်တော့ ဘာနဲ့မှ မလဲနိုင်ဘူး "

" ကိုကို "

" ဗျ... "

" အရမ်းချစ်တယ် ကိုကိုရယ် ဝေးသွားမှာကိုကြောက်နေမိတယ် "

" မကြောက်ပါနဲ့ ကလေးရဲ့ ကိုကိုက "သော်တာလေး" ကို အရမ်းချစ်မိသွားတာ ကိုကိုကဘယ်တော့မှ မထားသွားပါဘူး ဝေးသွားရမယ့် အကြောင်းအရာတွေကို အတူရင်ဆိုင်ကျော်ဖြတ်ကြတာပေါ့ "

" "သော်တာ" ကိုကို့ကို အားကိုးမယ်နော် "

" ဒါပေါ့ ကိုကိုလည်း "သော်တာ" ပိုပြီး ယုံကြည်အောင် ကြိုးစားမယ်နော် "

" ချစ်တယ် ကိုကိုရယ် "

" အတူတူပါပဲ ကလေးရယ် "

ညနေဆည်းဆာလေးရဲ့အောက်မှာ ချစ်သူနှစ်ဦး အချစ်စကားတွေပြောရင်း ယုံကြည်မှုတွေတည်ဆောက်လို့နေပါတယ်။ ကိုကိုနဲ့အတူ ညနေဆည်းဆာကို ကြည့်ရတာ "သော်တာ" အတွက် အဖိုးမဖြတ်နိုင်တဲ့ အခိုက်အတန့်လေးပါပဲကိုကိုရယ်...။ ကြုံလာမယ့်အခက်အခဲတွေ အတားအဆီးတွေကို ရှေ့ကနေ မားမားမတ်မတ် ရပ်တည်ပေးနိုင်အောင် ကိုကို ပိုပြီး သန်မာအောင်ကြိုးစားပါမယ်လို့ ကတိပေးပါတယ် သော်တာလေးရယ်...။ နှစ်ဦးသား ယုံကြည်မှုတွေနဲ့ အတူ အချစ်တွေ ပိုမိုရှင်သန် ကြီးထွားအောင်
❤4👍2❤‍🔥1
ကြိုးစားကြစို့ကွယ်...။




Author_Jan 🐯
MC_Jan 🐯

Victoria Magazine 🌸🌈 HC Management
❤‍🔥1
“The Night Servant(ညအစေခံ)”

အခြေအနေအမျိုးမျိုးကြောင့် ယောကျာ်းပြည့်တန်ဆာလုပ်ငန်းကိုလုပ်ကိုင်ခဲ့ရသော”စက်ဝန်းယံ”…

ငွေဂုဏ်မောက်၍ ထင်ရာစိုင်းသော မြန်မာနိုင်ငံ၏ဒိတ်ဒိတ်ကြဲ SKY Group ရဲ့ CEO “ညီဆက်သာ”….

မထင်မှတ်တဲ့တွေ့ဆုံမှုတစ်ခုက ပြောင်းလဲလိုက်တဲ့ ကံကြမ္မာ….
အချစ်ကိုရှေ့တန်းတင်မိရာမှဖြစ်ပေါ်လာသောအခက်အခဲများနှင့်သူတို့နှစ်ယောက်ရဲ့ရှေ့ရေး…..
မျှော်………

Warning - ပုံမှန်မဟုတ်သော လိင်ဆက်ဆံပုံများနှင့်သွေးထွက်သံယိုအခန်းများပါဝင်ပါသည်။

Simon.J

(Author’s note)

-ကိုယ့်ရဲ့ဝတ္ထုတ်ိုင်းမှာ “စက်ဝန်းယံနဲ့ညီဆက်သာ”က Main Lead ပါဘဲနော်။Supporting တွေကိုတော့ အဆင်ပြေသလိုထည့်သွားမှာပါ။

Author - Simon.J
MC - Simon.J

Victoria Magazine 🌸🌈
@VictoriaMagazine
🍂 အသက်မဲ့သော ကဗျာ 🍂


အလင်းရောင်မရှိတဲ့ အခန်းငယ်

တစ်ဖက်ပျက်နေတဲ့ နားကြပ်တစ်စုံ

အဖန်တစ်ရာထပ်နေတဲ့ အသဲကွဲသီချင်းများ

မျက်ရည်တွေရွှဲနေတဲ့ ခေါင်းအုံးလေး

အဆုံးမသတ်နိုင်သော အတွေးများ

မရောက်ချင်သော မနက်ဖြန်များ

ကျွန်တော် ဒီည ဘယ်လိုအိပ်ရမည်မသိတော့ပါ။
အသက်ရှင်ခြင်းအတွက်ရော အဓိပ္ပါယ်ရှိသေးရဲ့လား။

စိတ်ဓာတ်ပျော့ညံ့သည်ပဲဆိုဆို
အရှုံးသမားဟုပဲပြောပြော

အသက်ရှုတွေ ရပ်လိုက်ချင်သည်။
မျက်လုံးတွေ ထာဝရပိတ်လိုက်ချင်သည်။





Poet_Jan 🐯
MC_Jan 🐯

Victoria Magazine 🌸🌈 HC Management
🌑 စိတ္တဇ အမှောင် 🌑


🕸️ အပိုင်း (၁) 🕸️


🧛 ဘင်ဂျမင် 🧛


ချင်းတောင်တန်းရဲ့ ကားလမ်းမပေါ်မှာ အိမ်စီးကားလေးတစ်စီး အရှိန်နဲ့ မောင်းနှင်လို့နေပါတယ်။


" အစ်ကို ကားကိုဖြေးဖြေးမောင်းပါ နှင်းတွေ ဒီလောက်ကျနေတာကို ညဘက်ဆိုတော့ ပိုဂရုစိုက်ရမယ်လေ "

" ငါ မောင်းချင်သလို မောင်းမယ် နင်ဘာမှလာ လျှာရှည်စရာမလိုဘူး ကောင်မ နင့်ကြောင့် ငါအခုလို အသက်စွန့်ပြီး ကားမောင်းလာရတာ နင်သာဒီကလေးကို မမွေးခဲ့ရင် ဘာမှဖြစ်မလာဘူး "

" အစ်ကို အဲဒီလိုမပြောပါနဲ့ ဒါက "ခင်" နဲ့ အစ်ကိုတို့ရဲ့ သားလေးပါ လင်မယားရယ်လို့ ဖြစ်လာရင် ကလေးယူကြရမှာပဲလေ အခုကလည်း သားလေးအရမ်းအဖျားတတ်နေလို့ မလွှဲသာလို့လာရတာပဲလေ "

" နင့် ပါးစပ်ကို ပိတ်ထားစမ်း ငါ့ကို ပွစိပွစိလာမလုပ်နဲ့ နင့်ကိုငါက ယူချင်လွန်းလို့ ယူခဲ့တာမဟုတ်ဘူး မိဘတွေရဲ့ စီစဉ်မှုကြောင့် လက်ခံခဲ့တာ ဒီကလေးကို ဖျက်ချခဲ့ပါဆိုတာကို နင်အတင်းယူခဲ့တာ "

" အစ်ကိုရယ် ပြောရက်လိုက်တာ ကိုယ့်သွေးသားလေးကို "

" တော်စမ်း နင့်ဆီက ငါဘာအသံမှ မကြားချင်ဘူး "

" ဟင်...အစ်ကို ရှေ့...ရှေ့မှာကား...ကားလာနေပြီ "

ရှောင်တိမ်းရင်း ဘရိတ်ကိုနင်းလိုက်ပေမယ့် နောက်ကျသွားခဲ့ပါပြီ။

" အား... "

ထူထဲစွာကျနေသော နှင်းထုကိုဖောက်ပြီး အိမ်စီးကားလေးဟာ ကားလမ်းဘေးက ချောက်ကမ်းပါးထဲ ထိုးကျသွားခဲ့ပါပြီ။ ကားပေါ်က လင်၊မယား နှစ်ယောက်နဲ့ သူတို့၏သားလေးတို့ဟာ ကားပေါ်ကနေ ‌လွှင့်စင်သွားကြပါတယ်။ လင်၊မယား နှစ်ယောက်ဟာ တောင်စောင်းနဲ့ရိုက်မိပြီး နေရာမှာတင် ဆုံးပါးသွားကြပါတယ်။ ကလေးကတော့ ကံကောင်းထောက်မစွာ ကားလမ်းမပေါ် လွှင့်စင်သွားခဲ့ပါတယ်။ ရှောင်လိုက်တဲ့ ကားပေါ်က လူတွေဆင်းလာပြီး ကလေးကို ကောက်ချီလိုက်ပြီး အသက်ရှိနေသေး၍ ဆေးရုံဆီပို့ဖို့စီစဉ်ကြပါတယ်။ အသက်ပျောက်နေတဲ့ လူကြီးနှစ်ယောက်ရဲ့ အလောင်းတွေကို နီးစပ်ရာ ရဲစခန်းကို အကြောင်းကြားပြီး သင်္ဂြိုလ်လိုက်ကြပါတယ်။ ကလေးကတော့ အသက်ရှင်ပေမယ့် ဦးခေါင်းက အတွင်းဒါဏ်ရာရသွားပြီး အာရုံကြောထိသွားခဲ့ပါတယ်။

" အဖြစ်ဆိုးလိုက်တာ သခင်ကြီး နဲ့ မမလေး ရယ် သားလေး"ဘင်ဂျမင်" ကို လူ့လောကကြီးထဲကို တစ်ယောက်ထဲထားခဲ့ပြီလား ကျွန်တော်မျိုး ဘယ်လိုလုပ် ဖြေရမလဲဗျာ "

သေဆုံးသွားတဲ့ ကလေးရဲ့ မိဘများ၏ လူယုံတော်ဖြစ်သူ " ဦးသိုက်မောင်း " ဟာ သားလေးကို ကြည့်ပြီး မချိတင်ကဲ ငိုကြွေးနေပါတယ်။ အပြစ်ကင်းစင်လှသော အရွယ်မမည်ကလေးလေးမှာ " ဦးသိုက်မောင်း " ရဲ့လက်ညိုးကိုကိုင်ရင်း ငိုကြွေးနေတာကို မျက်လုံးပြူးပြူးလေးနှင့်ကြည့်နေရှာသည်။

ဒီလိုနှင့် " ဘင်ဂျမင်လေး " ကို " ဦးသိုက်မောင်း " ကျွေးမွေးပြုစု စောင့်ရှောက်လာခဲ့တာ နှစ်တွေအတော်ကြာညောင်းလို့ " ဘင်ဂျမင် " ရဲ့ အသက် (၂၀) တောင် ရှိလာခဲ့ပါပြီ။ ငယ်ငယ်ကတည်းက ဦးခေါင်းထိခိုက်တဲ့ ဒါဏ်ရာကြောင့် " ဘင်ဂျမင်လေး " ဟာ မိဘများ တည်ဆောက်ခဲ့ အိမ်ကြီးထဲမှ ထွက်ခွင့်မရခဲ့ပါဘူး။ လူယုံတော် " ဦးသိုက်မောင်း " က သေချာစောင့်ရှောက်ရင်း အိမ်အပြင်ကို ထွက်ခွင့်မပေးပါဘူး။ အပြင်ရောက်သွားရင် " ဘင်ဂျမင် " ဟာ ကလေးဘဝကတည်းက တစ်ခြားသူတွေကို တိုက်ခိုက်တတ်လို့ပါ။ " ဘင်ဂျမင် " ဟာ အဖေဖြစ်သူရဲ့ ခန္ဓာကိုယ်နဲ့ အမေဖြူသူရဲ့ အသားအရေ ၊ မျက်နှာအသွင်ပြင်ကို ရထားလို့ ဆွဲဆောင်မှုရှိပြီး ကြည့်ကောင်းပါတယ်။ သို့သော် " ဘင်ဂျမင် " ခံစားနေရသော စိတ်ဝေဒနာကြောင့် သူ့ဘဝဟာ လူတောတိုးလို့ရတဲ့အခြေအနေမှာမရှိပါဘူး။ " ဦးသိုက်မောင်း " က ပညာတတ်တစ်ယောက် ဖြစ်လို့ " ဘင်ဂျမင် " ကို အိမ်ထဲမှာပဲ ရေးတတ်၊ဖတ်တတ်အောင် သင်ပေးပါတယ်။ စိတ်ငြိမ်စေရန် ပန်းချီပညာကိုလည်း သင်ပေးထားသည်။ သို့သော်လည်း " ဘင်ဂျမင် " ဟာ  ပန်းချီဆွဲရင်း စိတ်ထဖောက်ကာ ဆွဲလက်စ ပန်းချီကားကို ဆွဲဖြဲပစ်တာမျိုးတွေ လုပ်တတ်ပါတယ်။ အဲဒီအခါမျိုးတွေမှာ " ဦးသိုက်မောင်း " က စိတ်ငြိမ်ဆေးတိုက်ပေးရပါတယ်။ " ဘင်ဂျမင် " အိမ်ထဲကနေ ခြံထဲကို ဆင်းပြီး လမ်းလျှောက်တဲ့အခါမျိုးမှာ " ဦးသိုက်မောင်း " က မျက်ခြေမပြတ် လိုက်ကြည့်ရပါတယ်။ ကံတရားက စီမံလေတော့ မည်သို့ပင်ချမ်းသာပါစေ၊ မည်သို့ပင်ရုပ်ရည်ချောမောပါစေ၊ မည်သို့ပင်ပညာတွေတတ်ပါစေ အတိတ်ဘဝက ဝဋ်ကြွေးပါလာရင် ပေးဆပ်ရစမြဲပါ။ ဒီဘဝမှာ အသက်ရှင်လာခြင်းမှာ အရင်ဘဝက အကျိုးကျေးဇူးတွေကို ခံစားရနိုင်သလို အကျိုးအပြစ်တွေကိုလည်း ပေးဆပ်ရမှာ မလွဲမသွေပါ။ ကံဆိုတာက အလုပ်ပါ။ ကိုယ်လုပ်လိုက်တဲ့ အရာတွေက ကိုယ့်ရဲ့ကံတရားကို ဖန်တီးနေတာပါ။ ကိုယ်က သူတစ်ပါးကို ရူးလောက်အောင် ခံစားစေခဲ့လျှင် ကိုယ်ကိုတိုင်လည်း ပြန်ခံစားရမှာပါ။


🧑‍🏫 ထူးဝင့်ရှိန် 🧑‍🏫


" သားကို အမေ  သွားခွင့်မပြုနိုင်ဘူး သားရယ် သားလုပ်ချင်တဲ့ ကျောင်းဆရာအလုပ်ကို အမေတို့ခွင့်ပြုပြီးပြီလေ အခုထပ်ပြီး ဝေးလံခေါင်ဖျားအရပ်ကို သားကထပ်သွားမှာလား အမေတို့ဘက်ကိုလည်း ငဲ့ကြည့်ပါဦးသားရယ် အမေတို့မှာ ဒီသားလေးပဲရှိတာ ဒီ မန္တလေးမြို့ပေါ်မှာပဲ လုပ်ပါလားသားရယ် ဘာလို့ ဒီလောက်ခေါင်တဲ့နေရာကိုသွားချင်ရတာလဲ "

" အမေရယ် အဲဒီလို ခေါင်တဲ့ ဒေသက ကလေးတွေကို သားက အမြင့်ရောက်အောင်ပို့ပေးချင်တာလေ တိုင်းရင်းသားကလေးတွေက ဖွံ့ဖြိုးမှုအားအရမ်းနည်းတယ်အမေရဲ့ သားက အဲလိုဒေသတွေကို ဖွံ့ဖြိုးတိုးတတ်အောင်လုပ်ပေးချင်လို့ ကျောင်းဆရာလုပ်တာလေ "
" သား ပြောတာလည်းဟုတ်နေတာပဲ မင်းကလည်း အဖေကတော့ အားပေးတယ်သား "

" တော် အဲဒီလိုမြှောက်ပေးလို့ တော့် သားက ပိုရောင့်တတ်နေတာ ကိုယ့်သားကို ရှင် မသနားဘူးလား "

" ဟ ငါက မြှောက်ပေးတာမဟုတ်ဘူး ဖြစ်သင့်တာကို ပြောတာ ယောက်ျားပဲကွ သွားရဲ လာရဲရှိရမှာပေါ့ အခုဆို ငါ့သားစိတ်ဓာတ်ဘယ်လောက် မွန်မြတ်လဲ ကြည့်စမ်း "

" တော်ပါတော့ အဖေနဲ့အမေရာ ဒီကိစ္စနဲ့ ခဏခဏ ရန်ဖြစ်နေကြတယ် သားကတော့ သွားမယ်လို့ ဆုံးဖြတ်ပြီးပြီ "

" တားမရလည်း သွား သွား နင်တို့သား၊အဖ လုပ်ချင်ရာတာ လုပ်ကြတော့ ငါဝင်မပါတော့ဘူး "

" ထူးဝင့်ရှိန် " ချင်းပြည်နယ်ကို စာသွားသင်မယ့် ကိစ္စနဲ့ပတ်သက်ပြီး မိသားစုစကားများနေကြတာပါ။ " ထူးဝင့်ရှိန် " တို့ဟာ အလယ်လတ်တန်းစား မိသားစုတွေပါ။ ဝါသနာပါရာကို ယုံကြည်စွာနဲ့လျှောက်လှမ်းရင်း သူလုပ်ချင်တဲ့ တိုင်းရင်းသားဒေသဖွံ့ဖြိုးရေးအတွက် ကျောင်းဆရာအလုပ်ကို ရဲဝင့်စွာရွေးချယ်ခဲ့တာပါ။ တိုင်းရင်းသားဒေသတွေမှာ တာဝန်ထမ်းဆောင်ဖို့ဆိုတာ ထင်သလောက်မလွယ်ကူပါဘူး။ မတူညီတဲ့ ရာသီဥတု၊ ကွဲပြားတဲ့ ရိုးရာယဉ်ကျေးမှု ၊ ဆန်းပြားတဲ့ အစားအသောက် ၊ ကြမ်းတမ်းတဲ့ လမ်းခရီး ၊ နားမလည်နိုင်သော ဘာသာစကား အစရှိသဖြင့် အခက်အခဲ အမျိုးမျိုးကြားမှာ သည်းခံကာ တာဝန်ထမ်းဆောင်ရတာပါ။ မွန်မြတ်သောစိတ်ထားက တော်ရုံလူမထားနိုင်သလို လိမ္မာဖို့ဆိုတာကလည်း လွယ်ကူတဲ့ကိစ္စမဟုတ်ပါဘူး။ အများအကျိုးအတွက် တာဝန်ထမ်းရွက်တဲ့နေရာမှာ ကိုယ်ကျိုးကို နောက်ပို့ထားရပါတယ်။ ကြုံလာတဲ့ အခက်အခဲတွေကို ရင်ဆိုင်သည်းခံရင်း ပရဟိတစိတ် အပြည့်အဝထားနိုင်ရပါတယ်။ မြေဖြူလေးကိုင် စာသင်နေတဲ့ ကျောင်းဆရာ၊ဆရာမတွေရဲ့နောက်မှာ မမြင်နိုင် မသိနိုင်တဲ့ သည်းခံမှု၊နာကြင်မှု၊ချစ်မြတ်နှိုးမှု၊အမုန်းခံနိုင်မှု အစရှိသဖြင့် အကြောင်းအရာမျိုးစုံရှိပါတယ်။ ကိုယ်နဲ့သွေး‌မတော် သားမစပ်ပေမယ့် ကျောင်းတော်ကိုရောက်လာတဲ့ ကလေးငယ်တိုင်းကို ဝမ်းမှာလွယ်မွေးထားတဲ့ ကလေးပမာ ချစ်ခင်မြတ်နိုးကြရပါတယ်။ ငှက်ကလေးတွေက အတောင်စုံလို့ပျံသွားကြပေမယ့် သစ်ပင်အိုကြီးကတော့ နောက်ထပ်မွေးဖွားလာမယ့် ငှက်ကလေးတွေအတွက် အရိပ်အာဝါသ ပေးလို့နေဆဲပါပဲ။



Author_Jan 🐯
MC_Jan 🐯

Victoria Magazine 🌸🌈 HC Management
coming soon episode (2)
❤1
🌑 စိတ္တဇ အမှောင် 🌑


🕸️ အပိုင်း (၂) 🕸️


🏔️ ချင်းရွာလေးသို့ 🏔️


" ထူးဝင့်ရှိန် " တစ်ယောက် အမေဖြစ်သူကို ဆန့်ကျင်ပြီး အဖေဖြစ်သူရဲ့ အားပေးမှုနဲ့ ချင်းတောင်တန်းက ရွာကလေးသို့ စာသင်ပေးရန် ချီတတ်လို့လာခဲ့ပါပြီ။ လမ်းတစ်လျှောက် ပင်ပန်း ခက်ခဲမှုတွေရှိခဲ့ပေမယ့် စိတ်အားထက်သန်မှုတွေနဲ့အတူ အားတင်းပြီးလာခဲ့သည်။ အခုတော့ ချင်းရွာလေးရဲ့ စာသင်ကျောင်းလေးကို ရောက်ရှိခဲ့ပါပြီ။ မူလတန်းအထိသာရှိတဲ့ စာသင်ကျောင်းလေးဟာ သေးငယ်သလို လူဦးရေလည်း နည်းသည်။ ‌ဆရာ/ဆရာမများမှာလည်း ဒေသခံ ‌ကျောင်းဆရာမလေး၊ အသက်ကြီးကြီး ကျောင်းဆရာကြီးနှင့် ကျောင်းအုပ်ကြီးတို့သာရှိသည်။ ရွာသားများနှင့် ကျောင်းဆရာ/ဆရာမများက ဝမ်းပန်းတသာ ကြိုဆိုကြသည်။ ကလေးများနှင့် နောက်နေ့မှမိတ်ဆက်ရမည်။ ဒီနေ့မှာတော့ ခရီးပန်းလာ၍ အနားယူရ‌မည်။ ခရစ်ယာန်ရွာလေးဖြစ်၍ ဘုန်းကြီးကျောင်း မရှိသဖြင့် ကျောင်းဝန်းထဲက အိမ်ကလေးထဲမှာနေရသည်။ ကျောင်းအုပ်ကြီးရဲ့ စီစဉ်မှုဖြစ်ပေမည်။ ရွာလေးကတော့ အလွန်သာယာပါသည်။ ဆောင်းဦးရာသီမှာ ကျောင်းကို တာဝန်ကျခဲ့တာဖြစ်လို့ ချင်းတောင်တန်းရဲ့ အအေးဒဏ်ကို ခံရပါတယ်။ ရေချိုးသောအခါ ရေနွေးရောပြီးမှ ချိုးရသည်။ လျှပ်စစ်မီးလည်းမရှိပါဘူး။ ညဘက်မှ ရွာလူကြီးအိမ်မှ မီးစက်မောင်းပြီး ရွာကို မီးအလင်းရောင်မျှဝေပေးရသည်ဟု ရွာလူကြီးကပြောသည်။ အိမ်ခြေအနည်းငယ်သာရှိပြီး အများစုက မုဆိုးအလုပ်ကို လုပ်ကိုင်ကြသည်။

နောက်တစ်နေ့ရောက်တော့ ကျောင်းသားများနှင့်မိတ်ဆက်ပြီး သူငယ်တန်းမှ စတုတ္ထတန်းအထိ အရင်ဆရာ/ဆရာမများ ဆီမှ ဘာသာရပ်များကိုခွဲဝေပြီးသင်သည်။ မြန်မာစာကတော့ မိမိတို့ ဗမာလူမျိုးတွေရဲ့ အဓိကဘာသာဖြစ်လို့ ပို၍ကျွမ်းကျင်ပိုင်နိုင်သည်မဟုတ်ပါလား။ ထို့ကြောင့် မြန်မာစာကို အတန်းတိုင်းအတွက် တာဝန်ယူသင်ကြားပေးသည်။ ကလေးငယ်များမှာ ဆရာ " ထူးဝင့်ရှိန် " ကို အချိန်အနည်းငယ်အတွင်းမှာ ခင်မင်ရင်းနှီးသွားသည်။ အသံဝဲဝဲနှင့် သူတို့ရဲ့ စကားများကို နားထောင်ရတာ အလွန်ချစ်စရာကောင်းသည်။

စာသင်ပြီး ညနေပိုင်းရောက်သော် ရွာထဲသို့ လမ်းလျှောက်ထွက်ရင်း လေညင်းခံထွက်လာခဲ့သည်။ ရွာထဲက ရွာခံများကလည်း လှိုက်လှဲစွာ နှုတ်ဆက် ကြိုဆိုကြသည်။ တစ်ခါတစ်လေ သူတို့၏ အသံဝဲဝဲနှင့်ပြောသော စကားများကို နားမလည်တာမျိုးတွေရှိသည်။ လမ်းလျှောက်ရင်း ရွာအစွန်ရောက်တော့ ခြံအကျယ်ကြီး တစ်ခုထဲ ခွဲထွက်နေသည်ကို တွေ့ရသည်။ အိမ်ကြီးကလည်း ရှေးဟောင်းရဲတိုက်တစ်ကြီးတစ်ခုနှင့်တူသည်။ ခြံကြီးထဲ၌ အသက်ကြီးကြီး အဖိုးကြီးတစ်ယောက် မြက်ရိုင်းများကိုရှင်းနေသည်။ " ထူးဝင့်ရှိန် " ကို မြင်တော့ မျက်စိမျက်နှာပျက်သွားသည်။ ထို့နောက် အိမ်ကြီးဆီကို ပြန်လှည့်ကြည့်သည်။ သူ့ရဲ့ပုံစံကိုကြည့်ရတာ တစ်စုံတစ်ရာကို စိုးရိမ်နေသည့်ပုံဖြစ်သည်။ ပုံစံကလည်း " ထူးဝင့်ရှိန် " ကိုမကြိုဆိုသည့်ပုံဖြစ်ပြီး ထူးဆန်းနေသည်။ " ထူးဝင့်ရှိန် " လည်း လမ်းဆက်မလျှောက်တော့ဘဲ ကျောင်းဆီသို့ပြန်လာခဲ့သည်။ သို့သော်လည်း အိမ်ကြီးရဲ့ အပေါ်ထပ်အခန်းထဲက ပန်းချီဆွဲနေတဲ့ လူတစ်ယောက်က " ထူးဝင့်ရှိန် " အားစိုက်ကြည့်နေတာကိုတော့ သတိမထားမိခဲ့ပါဘူး။



🍃 စွဲလမ်းစိတ် 🍃


" ဦးသိုက်မောင်း " အိမ်ကြီးထဲကိုပြေးဝင်သွားသည်။ ထိုစဉ် အိမ်အပေါ်ထပ်မှ " ဘင်ဂျမင် " ပြေးဆင်းလာသည်ကိုတွေ့ရသည်။

" သခင်လေး ဘယ်သွားမလို့လဲ "

" ခုနက ခြံရှေ့ကနေ ဖြတ်လျှောက်သွားတာ ဘယ်သူလဲ ကျွန်တော် သူနဲ့စကားပြောချင်တယ် "

" မဖြစ်ဘူးလေ သခင်လေးရဲ့ အဲဒါ ရွာကိုအခုမှ ပြောင်းလာတဲ့ ကျောင်းဆရာလေးပါ "

" ဘာလို့မဖြစ်တာလဲ ကျွန်တော့်ကို ဘာလို့အခုလို ပိတ်လှောင်ထားတာလဲ ကျွန်တော့်ကို ဘာလို့တစ်ခြားလူတွေနဲ့ စကားပြောခွင့်မပေးတာလဲ "

" သခင်လေးနဲ့ အဆင်မပြေမှာစိုးလို့ပါ သခင်လေးရယ် "

" ဘာကိုလဲ ဘာလို့အဆင်မပြေရမှာလဲ ကျွန်တော် ကလေးမဟုတ်တော့ဘူးလေ "

" သခင်လေးရယ် သူတို့က သခင်လေးကို ဒုက္ခပေးမှာစိုးလို့ပါ သူတို့က မယုံရဘူးလေ အပြင်လောက က သခင်လေးအတွက် အရမ်းအန္တရယ်များလို့ပါ "

" ဒါဆို ကျွန်တော်က သေတဲ့အထိ ဒီအတိုင်းနေသွားရမှာလား ကျွန်တော်ခြံထဲဆင်းရင်တောင် ခဏလေးပဲ နေရတယ် ကျွန်တော် သည်းမခံနိုင်တော့ဘူး "

" သခင်လေး တစ်နေ့တော့ နားလည်လာမှာပါ "

" ခင်ဗျားက ကျွန်တော့်ကို သခင်လေးခေါ်နေပေမယ့် တကယ်သခင်ကဘယ်သူလဲ ချုပ်ခြယ်နေတာဘယ်သူလဲ တကယ်စိတ်ရှုပ်ဖို့ကောင်းတယ် "

" ဘင်ဂျမင် " ဒေါသတွေထွက်ပြီး အိမ်အပေါ်ထပ်ကို ပြေးတတ်သွားပြီး ဆွဲလက်စ ပန်းချီကားကို စုတ်တံတွေနဲ့ ခြစ်ပြီး ဆုတ်ဖြဲနေသည်။ မွန်းကြပ်လှသော မိမိဘဝကို ဒီအိမ်ကြီးထဲမှာပဲ ပြီးဆုံးရတော့မည်လား။ ဒေါသတွေနဲ့ တွေးရင်း ခေါင်းတွေကိုက်လာသည်။ အိပ်ရာဘေးက ဆေးတွေကို ယူသောက်ပြီး အိပ်ရာပေါ်ကို ပစ်လှဲလိုက်သည်။ ဆေးအရှိန်ကြောင့်အိပ်ပျော်သွားသည်။ အိပ်နေစဉ် အိပ်မက်ပုံသဏ္ဌာန် အတွေးတွေရောက်လာသည်။ ညနေက တွေ့‌လိုက်သော အသားဖြူဖြူ ၊ ချစ်စရာကောင်းသော မျက်နှာပိုင်ရှင် အစ်ကို ကိုပြန်တွေ့ရသည်။ မိမိကို ပြုံးပြရင်း ရုတ်တရက် ပျောက်သွားသည်။

" အစ်ကို အစ်ကို ဘယ်ရောက်သွားတာလဲ "

" သခင်လေး သခင်လေး အိပ်မက် မက်နေတာထင်တယ် "

" ဦးလေး ကျွန်တော် အိပ်မက်ထဲမှာ ညနေက ကျွန်တော်တွေ့လိုက်တဲ့သူကို တွေ့တယ် "
👍1
" သခင်လေး စိတ်ထဲစွဲနေတာဖြစ်မှာပါ သခင်လေး ညစာမစားရသေးဘူးလေ ညစာစားရအောင် အောက်ကိုသွားမယ်လေ "

" ကျွန်တော် ဆင်းခဲ့မယ် "

" ဟုတ်ကဲ့ သခင်လေး "

" ဘင်ဂျမင် "ထိုင်ပြီးစဉ်းစားနေမိသည်။ သူ့အကြောင်းကို ဘာလို့ အိပ်မက်မက်တာလဲ။ အိပ်မက်ထဲမှာ သူ့အပြုံးများက ချိုသာလွန်းသည်။ စွဲမက်ဖွယ် နှုတ်ခမ်းများနှင့် ရွှန်းလဲ့နေသော မျက်လုံးများက ချစ်စရာကောင်းလွန်းသည်။ အချိုးအစားပြေပြစ်လှသော ခန္ဓာကိုယ်နှင့် အရပ်အမောင်းက မိမိရင်ဘက်နားအထိလောက်သာရှိမည်။ အမည်မသိ ဖမ်းစားညှို့ယူသူအား နောက်ထပ်တွေ့ရဦးမည်လား။ နောက်ထပ်တွေ့ချင်သေးသည်...။





Author_Jan 🐯
MC_Jan 🐯

Victoria Magazine 🌸🌈 HC Management
coming soon episode (3)
👍1
🌑 စိတ္တဇ အမှောင် 🌑


🕸️ အပိုင်း (၃) 🕸️


❄️ အတွေးကိုယ်စီ ❄️

ချင်းတောင်တန်းမှ ဖြတ်သန်းလာသော ဆောင်းလေအေးများက အပူပိုင်းဒေသက လာရောက်သူအဖို့တော့ အတော်လေး ကြိုးစားပြီး နွေးထွေးအောင်နေရပါတယ်။ ဒေသထွက် အစားစာတွေကလည်း မိမိနှင့် မရင်းနှီးသေးတော့ ဗိုက်ထဲကနာသလိုလို ဖြစ်နေသည်။ အိမ်ကယူခဲ့သည့် စောင်အထူကြီးကို အလုံပတ်ပြီး ကွေးနေရသည်။ မန္တလေးမှာ ကျန်ခဲ့သည့် မိမိ၏ ချစ်သူကောင်မလေးရော မည်သို့ရှိနေမည်ကို တွေးတောလွမ်းဆွတ်နေမိသည်။ မန္တလေးဟာ အပူပိုင်းဒေသဆိုပေမယ့် မန္တလေးရဲ့ဆောင်းရာသီကလည်း ကဗျာတောင်ဖွဲ့ဆိုရလောက်သည် အထိ အေးသည်မဟုတ်ပါလား။ လွင်ပြင်ချိုင့်ဝှမ်းဒေသဖြစ်၍ ပူလျှင်လည်း အရမ်းပူပြီး အေးလျှင်လည်း အရမ်းအေးသည်ဟု ယူဆမိသည်။ ကျောင်းသားဘဝက လူငယ်တို့သဘာဝ ချစ်ရည်းစားထားခဲ့ခြင်းဖြစ်ပြီး ယခုအခါ မိမိချစ်သူမိန်းကလေးကို ထားခဲ့ပြီး မိမိရည်ရွယ်ချက်ပန်းတိုင်ကို လျှောက်လှမ်းခဲ့သည်။ အခုလို အခန်းငယ်ထဲမှာ တစ်ယောက်ထဲအထီးကျန်နေချိန် မိမိချစ်သူသာ ဘေးနားမှာရှိလျှင် ဘယ်လောက်တောင် ကောင်းလိုက်မည်နည်း။ အတွေးတွေ ရွက်လွှင့်ရင်း အိပ်မက်ကမ္ဘာမှာ မိမိသွားချင်သည့်နေရာများကို ချစ်သူလက်ကိုဆွဲ၍ သွားနေမိသည်။ " ထူးဝင့်ရှိန် " တစ်ယောက် ချင်းတောင်တန်းရဲ့ ဆောင်းရာသီကို အန်တုရင်း စောင်ခြုံကွေးရင်းအိပ်ပျော်သွားသည်။


" ဘင်ဂျမင် " ညနေက ဆေးသောက်အရှိန်ကြောင့် အိပ်လိုက်ပြီးဖြစ်၍ ညဘက်မှာ အိပ်ဖို့ခက်ခဲနေသည်။ ညနေက မြင်လိုက်သည့် ကျောင်းဆရာလေးကို မျက်လုံးထဲက မထွက်ပါ။ သူ့ကို ချစ်မိသွားတာများလား မသိပါ။ ထိုသို့လည်းမဖြစ်နိုင်ပါ။ " ဦးသိုက်မောင်း " အပြင်ကဝယ်လာသော စာအုပ်တွေထဲက ဝတ္ထု၊ဇာတ်လမ်းတွေထဲမှာ အမျိုးသားနှင့်အမျိုးသမီးများသာ ချစ်ကြိုက်ကြကြောင်းဖတ်ဖူးသည်။ ဤသို့ဆိုလျှင် အခု မိမိခံစားနေရသည့် ခံစားချက်ကြီးက မည်သို့သော ခံစားချက်နည်း။ အမျိုးအမည် မသိသော ခံစားချက်ဖြစ်ပေမယ့် ကျောင်းဆရာလေးကို စွဲလမ်းနေတာတော့သေချာသည်။ စိတ်ထဲမှာလည်း ပိုင်ဆိုင်ချင်စိတ်တွေ ဖြစ်လာသည်။ လရောင်အောက်မှာ ရပ်ကာ မေ့မရတာသော ပုံရိပ်ကို ပန်းချီကားပေါ်မှာ ရေးခြယ်နေလိုက်ရင်း အခန်းထဲက မီးလင်းဖိုထဲမှာ လောင်စာတွေကုန်သွားတာတောင် သတိမထားမိတော့ပါဘူး။ မှန်ကာထားသော ပြတင်းပေါက်ဘေးမှာ နှင်းများက တင်နေသည်။ တစ်ညလုံး မအိပ်ဘဲ " ထူးဝင့်ရှိန် " ရဲ့ ပုံကို " ဘင်ဂျမင် "တစ်ယောက် စိတ်တိုင်းကျ ပုံဖော်ရေးခြယ်နေပါတော့တယ်။


🏚️ အိမ်ဟောင်းကြီးသို့ အလည်တစ်ခေါက် 🏚️

" ထူးဝင့်ရှိန် " တစ်နေ့လုံးစာသင်ပြီး၍ ထိုင်းမှိုင်းလာသဖြင့် ရေသွက်သွက် ချိုးကာ အနွေးထည်ဝတ်ပြီး လမ်းလျှောက်ထွက်လာခဲ့ပါတယ်။ မနေ့က တွေ့ခဲ့သော အိမ်ကြီးကိုလည်း စိတ်ဝင်စားမိသည်။ အခုလည်း အဲဒီဘက်ကို လျှောက်လာမိသည်။

" ဘင်ဂျမင် " လည်း ဒီနေ့ညနေ ကျောင်းဆရာလေး ထပ်ရောက်လာဦးမလားဆိုသော စိတ်နှင့် ခြံထဲမှာ လမ်းလျှောက်ရင်း မျှော်နေမိသည်။ " ဦးသိုက်မောင်း " ကလည်း " ဘင်ဂျမင် " ကိုမျက်ခြေမပျက် စောင့်ကြည့်နေသည်။ မျှော်နေရင်း ခြံရှေ့ကို ကျောင်းဆရာလေးရောက်လာသည်။ " ဘင်ဂျမင် " က " ထူးဝင့်ရှိန်ဆီ ကို ပြေးသွားတော့ " ဦးသိုက်မောင်း " တားမည်လုပ်သော်လည်း မမှီတော့ပါ။

" ‌ဆရာလေး ဆရာလေး ခဏနေပါဦး ကျွန်တော်ပြောစရာရှိလို့ "

" သခင်လေး မသွားနဲ့ သွားလို့မ‌ဖြစ်ဘူးလေ "

" ထူးဝင့်ရှိန် " ကြောင်ပြီး ကြည့်နေမိသည်။ ပြီးမှ " ဘင်ဂျမင် " အား စကားပြန်ပြောလိုက်မိသည်။

" ဟုတ်ကဲ့ ပြောပါခင်ဗျ "

" ဆရာလေးနဲ့ ခင်မင်ခွင့် ရချင်လို့ပါ "

" ဪ ဟုတ်ကဲ့ ရပါတယ် "

" သခင်လေး ဘာလို့ပြော စကားနားမထောင်တာလဲ ဒုက္ခပါပဲ အားနာလိုက်တာ ဆရာလေးရယ် "

" ဟင် ဘာလို့လဲ ဦးလေးရဲ့ ရပါတယ် အားစရာမလိုပါဘူး ကျွန်တော်လည်း မိတ်ဆွေ အသစ်ရတာပေါ့ "

" ဦးလေးရာ ဆရာလေးနဲ့တော့ စကားပြောခွင့်ပေးနော် ကျွန်တော် သူငယ်ချင်းလိုချင်လို့ပါ "

" ရပါတယ်ဗျာ ကျွန်တော်လည်း အခုလို ခင်မင်ခွင့်ရလို့ ဝမ်းသာပါတယ် "

" ဦးသိုက်မောင်း " လည်း " ဘင်ဂျမင် " ရဲ့အခြေအနေကိုကြည့်ပြီး ဆရာလေးအား အိမ်ထဲ ခေါ်လိုက်သည်။

" အိမ်ထဲဝင်ပါဦး ဆရာလေး "

" ဟုတ်ကဲ့ ဦးလေး "

" ဦးသိုက်မောင်း " ခွင့်ပြုလိုက်၍ " ဘင်ဂျမင် " ဝမ်းသာသွားသည်။ " ထူးဝင့်ရှိန် " ရဲ့လက်ကိုဆွဲကာ ကလေးတစ်ယောက်လို ပျော်ရွှင်မြူးထူးကာ အိမ်ထဲ ခေါ်သွားသည်။ " ထူးဝင့်ရှိန် " လည်း စိတ်ထဲ တစ်မျိုးဖြစ်နေမိသည်။ ခြံထဲကိုဝင်လိုက်တော့ တော်တော်လေးကျယ်သည်။ အိမ်ဆီသွားသော လမ်းကို အုတ်နီနီများခင်းထားသည်။ ဘေးတစ်ဖက်ဆီမှာ ပန်းပင်မျိုးစုံစိုက်ထားသည်။ မိမိက ပန်းအကြောင်း နားလည်သူမဟုတ်တော့ ဘာပန်းတွေလဲတော့မသိပါ။ မြေပြန့်မှာ မတွေ့ရသော ပန်းများဖြစ်သည်။ အိမ်ကြီးမှာ အုတ်နီနီတွေ အပေါ်မှာ ဘိလပ်ထပ်မသုံးဘဲ အုတ်အနီအပေါ် အနီရောင်ထပ်သုံးထားသည်။ အုတ်ကြားတွေထဲ အဖြူရောင်သုံးထားသည်။ အိမ်ခေါင်မိုးက ဘာတွေသုံးထားသည်မသိပါ။ မဲနက်နေသည်။ အိမ်ထဲဝင်လိုက်တော့ မီးအိမ်တွေ နေရာအနှံ့ ထွန်းထား၍ လင်းထိန်နေသည်။ ကော်ဇော အမဲရောင်ပေါ်မှာ ရှေးဟောင်း အသုံးအဆောင်ပစ္စည်းတွေပဲရှိသည်။ ဧည့်ခန်းထဲ၌ ဓာတ်ပုံအကြီးကြီးရှိသည်။ ခန့်ညားလှသည့် အမျိုးသားကြီးနှင့် အလွန်ကျက်သရေရှိလှသော အမျိုးသမီးကြီးဖြစ်သည်။