Victoria Magazine 🌸
797 subscribers
208 photos
1 video
20 links
Top Management 💎 BL + Fic , BL Fic , ဗဟုသုတ ၊ lifestyle, Translate BL HCtoon , ကဗျာ နှင့် ရသစာစုများ ☑️🌸🌿💫🔞🍒
Download Telegram
🍎 အချစ်ဦး အမည်ခံ... 🍎

🏞️အပိုင်း(၁)🌃

2015ခုနှစ်ရဲ့ကျောင်းဖွင့်ရာသီအစ

အသစ်ဆက်ဆက် အဖြူ၊အစိမ်းဝတ်စုံ ၊ဖိနပ်အသစ်တစ်ရံ ၊လွယ်အိတ်အသစ်တစ်လုံး ၊နာရီအသစ်တစ်လုံး အားလုံးကို အရှေ့မှာစုပုံပြီး ကျောင်းတတ်ဖို့အရေး တွေးပြီး "ကောင်း" တစ်ယောက် စိတ်လှုပ်ရှားနေလေရဲ့။

ဒီနှစ်က ငယ်ငယ်ကတည်းက ပညာသင်ကြားခဲ့ရတဲ့ ရွာက မူလတန်းလွန်ကျောင်းလေးကို ပစ်ပြီး မြို့ပေါ်က အထက်တန်းကျောင်းကို "ကောင်း" ပြောင်းရမှာပါ။ အသက်ရွယ်အားဖြင့် စိတ်ကစားတတ်တဲ့ 8တန်းကျောင်းသားလေးပေါ့။ ကျနော့်နာမည်က "ပြည့်ကောင်းထက်" ပါ။

"ကောင်း" ရဲ့မိဘများက အဆောင်မှာနေဖို့ စီစဉ်ပေမယ့် "ကောင်း" က တစ်နေ့တစ်ခေါက် စက်ဘီးစီးပြီး တတ်ချင်တယ်ဆိုသောကြောင့် "ကောင်း"ရဲ့ ဆန္ဒကို လိုက်လျောပေးခဲ့ပါတယ်။ သားလေးတစ်ယောက်ထဲရှိ‌တာကတစ်ကြောင်း ၊ချက်ခြင်းကြီးခွဲထားဖို့ အဆင်မပြေတာတစ်ကြောင်းကြောင့် "ကောင်း" ရဲ့ဆန္ဒကို ဖြည့်ဆည်းပေးခဲ့ခြင်း ဖြစ်ပါတယ်။ "ကောင်း" က တစ်ဦးတည်းသော သားလေးပါ။

ပထမဆုံးကျောင်းတတ်ရက်

" ကောင်းကောင်းရေ သွားကြမယ်ဟေ့ " ဒါက မိသေး (ခေါ်) သင်းသင်းစု ရဲ့အော်သံ။

" ဟေ့ကောင် ငကောင်း ပဲများမနေနဲ့ သွားကြမယ် " ဒါက ပြောင်ကြီး (ခေါ်) ထက်သူရ ရဲ့ အော်သံ။

" ငကောင်းတို့ကတော့ အမြဲစောင့်နေရတာဟေ့ ကျောင်းသွားမှာဟ ရှိုးပွဲသွားမှာ မဟုတ်ဘူး " ဒါက 99 (ခေါ်) ကျော်သူမောင် ရဲ့ အော်သံ။

" ကောင်းကောင်းစုတ် ငါတို့မိန်းကလေးတွေတောင် သူ့လောက်မပြင်ဆင်ရဘူး သူကပိုသေး " ဒါက အပုမ (ခေါ်) သဇင် ရဲ့ အော်သံ။

" ဘာမှမဟုတ်ဘူး ဒီကောင်မြို့ပေါ်က ကောင်မလေးတွေကြောင်ဖို့ အသားကုန် ပဲများနေတာ " ဒါက ဝတုတ်မ‌ (ခေါ်) အေးသူဇာသွယ် ရဲ့ အော်သံ။

" မင်းတို့ကလည်း တစ်ယောက် တစ်ပေါက်နဲ့ နားညည်းလိုက်တာ စောင့်မှာအသာစောင့်ကြ " ဒါက ဂျီး{ဂျေး}ပေ (ခေါ်) ရှင်းသန့်အောင် ရဲ့မြည်တွန်တောက်တီးသံ။

ဒါတွေကတော့ ကျနော် "မောင်ကောင်း"ရဲ့ ပြောမနာ ၊ဆိုမနာ ငယ်ပေါင်းကြီးဖော် သူငယ်ချင်း (၆)ယောက်ပါ။ သူတို့ရဲ့ ဆူဆူညံညံအော်သံတွေနဲ့အတူ အိမ်ရှေ့မှာ စက်ဘီးကိုယ်စီနဲ့ ရပ်စောင့်နေကြခြင်းဖြစ်သည်။

" ငါ့သားကလည်း မြန်မြန်လုပ်မှပေါ့ ဟိုမှာ အဖော်တွေက စောင့်နေပြီ နောက်ကျနေလိမ့်မယ် သွားတော့ " မေမေက ထမင်းချိုင့် ၊ရေဘူး ၊သရေစာ များကို ခြင်းထဲစုထည့်ပြီး ကျနော့်ကို လှမ်းသတိပေးနေသည်။

" ပြီးပါပြီ မင်းတို့ကလည်း ပူညံပူညံနဲ့ စကားများလိုက်တာ " အစုံထည့်ထားသော ခြင်းကို စက်ဘီးမှာချိတ်ကာ သူငယ်ချင်းများနှင့်အတူ မြို့ပေါ်ကျောင်းသို့ တတ်တတ်ကြွကြွ စီးနင်းလာခဲ့ကြသည်။ မြို့ပေါ်နှင့်ရွာက တစ်မိုင်သာသာပဲ ဝေးပါသည်။

June လ၏ အစဖြစ်သောကြောင့် မိုးနံ့သင်းသင်းနှင့် လက်ဆက်သောလေကိုရှုရှိုက်ရင်း အားအင်ပြည့်ဝသောကျောင်းတတ်ရက်ပထမဆုံးနေ့ကိုစတင်ခဲ့ပါသည်။ ကျောင်းသို့ရောက်သော် စက်ဘီးများထားရာနေရာသို့ ကျောင်း အထွေထွေလုပ်သားကြီးက လိုက်ပြသည်။ မိမိတို့အတန်းရှိရာကို လိုက်ရှာရင်း မိမိတို့အုပ်စုမှာ ကြောင်တောင်တောင် ဖြစ်နေသည်။ အထက်တန်းကျောင်းဆိုသောကြောင့် ကျောင်းဝန်းကကျယ်သည် (၈)တန်း အဆောင်သည် ဘယ်နားမည်မသိသောကြောင့် ခုနက အထွေထွေလုပ်သားဆီ ပြန်သွားမေးရသည်။

" ဦးလေး သားတို့ (၈)တန်း အဆောင်က ဘယ်နားရှိတာလဲဗျ " "ကောင်း" က မေးလိုက်ခြင်းဖြစ်သည်။

" ဪ သားတို့ ၊သမီးတို့က ကျောင်းသားအသစ်ကလေးတွေ ထင်တယ် လာ ဦးလိုက်ပြမယ် " ဆိုသောကြောင့် အုပ်စုလိုက် တရုန်းရုန်းနှင့် လိုက်သွားသည်။

(၈)တန်းအဆောင် ရောက်သည်နှင့် A, B, C, D, E, F ဆိုပြီး (၅)ခန်းရှိသည်။ Aမှ Eထိ ကလူပြည့်နေလေပြီ လူချောင်သည့် Fခန်းသို့ဝင်ထိုင်လိုက်သည်။ " ကောင်း " က ပြင်တတ်ဆင်တတ်လို့ ဘာမှမဖြစ်ပေမယ့် ကျန်သည့် (၆)ကောင်မှာ ကို့ယို့ကားယားနှင့် ဝင်လာကြသောကြောင့် အရင်ရောက်နှင့်သည့် မြို့ပေါ်က ကျောင်းသား/သူ အချို့က ပြုံးစိစိနှင့် ကြည့်နေကြသည်။ လွတ်နေသည့် နောက်ဆုံးတန်းနှစ်ခုံကို ဝင်ထိုင်လိုက်ကြသည်။ ခနကြာတော့ နိုင်ငံတော်အလံအလေးပြုရန် Electric Bellက မြည်လေသည်။ ကျနော်တို့လည်းနိုင်ငံတော်အလံရှိရာသို့ လာခဲ့ကြသည်။ နိုင်ငံတော်သီချင်းနှင့် မြန်မာ့ကျောင်းသားသီချင်းဆိုပြီး အတန်းသို့ပြန်ခဲ့ကြသည်။ အခုထိ ကြောက်စိတ် ၊စိုးရိမ်စိတ်မပြေသေးပေ။ မြို့ကျောင်းရဲ့ အရှိန်အဝါက မသေးလှပေ။

အတန်းသို့ရောက်သော် နာမည်စာရင်းအား အတန်းပိုင်ဆရာမမှ ခေါ်ပေးသည်။ မိမိတို့(၆)ယောက်နာမည်က မပါပေ။ ဆရာမက မိမိတို့ဆီလျှောက်လှမ်း လာပြီး မျက်မှန်ကို နှာခေါင်းထိပ်သို့လျှောကာ စိုက်ကြည့်ပြီး မေးလေပြီ။

" မင်းတို့က ဘယ်အခန်းကလဲ ကျောင်းရော အပ်ပြီးကြရဲ့လား "

ထုံစံအတိုင်း " ကောင်း " ပဲဖြေရတာပေါ့။

" ကျောင်းကအပ်ပြီးပါပြီ ဆရာမ အခန်းတွေကအများကြီးဆိုတော့ တွေ့တဲ့အခန်းကို ဝင်ထိုင်လိုက်တာပါ ဆရာမ "

" မင်းတို့ကိုကြည့်ရတာ ဒီကျောင်းကိုအခုမှ ပြောင်းလာတာထင်တယ် အခန်းတိုင်းရဲ့ ရှေ့က blackboard မှာ နာမည်တွေရေးထားတဲ့ စာရွက်ရှိတယ် သွားဖတ်ပြီး နာမည်ပါတဲ့ အခန်းတိုင်းကို သွားဖတ်ချေ "
👍3❤‍🔥1
"‌ ကောင်း "တို့အဖွဲ့လည်း အခန်းထဲမှ ထွက်လာပြီး Aခန်းကစပြီး နာမည်တွေရှာသည်။ Aခန်းမှာ " ကောင်း "တစ်ယောက်ပဲပါလေသည်။ Bခန်းမှာ မိသေး ၊ပြောင်ကြီး ၊အပုမ တို့(၃)ယောက်ပါသည်။ Cခန်းမှာ 99 တစ်ယောက်ထဲဖြစ်သည်။ Dခန်းမှာ ဝတုတ်မ နဲ့ ဂျီးပေ ဖြစ်သည်။ အဖွဲ့လိုက်မခွဲမခွာ နေလာခဲ့ပြီးမှ အခုတော့ခွဲထိုင်ရတော့မည်။ အခန်များကို အမှတ်စာရင်း အလိုက်ခွဲထားသည် ဟု ဆရာမကလည်းပြောလိုက်သည်။

ကျောင်းဆင်းချိန်ရောက်တော့ စက်ဘီးများကို လေးလေးပင်ပင်နှင့် နင်းလာကြသည်။ ထိုအချိန် အပုမက စကားစလိုက်သည်။

" ငါတော့ မြို့ကျောင်းမှာ တတ်ရတာ မပျော်ဘူးဟာ အတူတူလည်းမထိုင်ကြရဘူး "

ဂျီးပေက ဆက်ပြောပြန်သည်။

" အေးဟာ ငါတို့မှာ တတွဲတွဲနေလာခဲ့ပြီးမှ ဒီကျောင်းရောက်မှ အကုန်ကွဲကုန်ကြတယ် ဝတုတ်မနဲ့အတူနေရတာလည်း ဘာမှမကောင်းဘူး စာမသိရင် မေးလို့လည်းမရဘူး အလကား ဖွတ်ချီးမ "

ထိုအခါ ဝတုတ်မက

" ဟဲ့ သူတောင်းစား နင်စာမသိတာနဲ့ ငါက ဖွတ်ချီးဖြစ်ရောလား နင့်ဖာသာ ငိုက်နေတာ ငါနဲ့ဘာဆိုင်လဲ "

ဂျီးပေငြိမ်ကျသွားသည်။ 99 ကလည်းညည်းပြန်သည်။

" ငါဆို တစ်ယောက်ထဲ ယောင်ချာချာနဲ့ကွာ အခန်းထဲ ဝင်လာတော့ အကုန်လုံးကပြုံးစိစိနဲ့ ငါရှက်လိုက်တာပြောမနေနဲ့ "

" မျက်မှန်က ပုလင်းဖင် အူကြောင်ကြား ကျပ်မပြည့်တဲ့ရုပ်နဲ့ နင့်ကိုကြည့်ရီတာ နည်းနည်းသေး "မိသေးက ဖဲ့နေပြန်သည်။

" ငါလည်း စာတော်တဲ့ သူတွေကြားနေရတာ အဆင်မပြေပါဘူးကွာ စောင်ကြွားကြွားနဲ့ ဒီကြားထဲ RK တွေကပါသေး ကြည့်လို့ကိုမရပါဘူး "

" ကောင်း " ဒီလိုပြောတော့ ပြောင်ကြီးက

" ဖင်ယားမနေနဲ့ မင်းရောစာမတော်လို့လား မချမ်းသာလို့လား လာပလီပြမနေနဲ့ "

" အေးလေ ဟုတ်သားပဲ " အပုမက ထောက်ခံသည်။

ထိုစဉ် မိုးတွေမည်းမှောင်လာသောကြောင့် စကားစကို ဖြတ်လိုက်ကြပြီး စက်ဘီးကို မြန်မြန်စီးလာကြသည်။ လေအေးအေးများကြောင့် ကျောထဲ စိမ့်ခနဲဖြစ်သွားသည်။ အခုလိုဆိုတော့လည်း ပျော်စရာကောင်းသား သူ့ထက်ငါ အပြိုင်စီးကြရင်း ရွာဆီသို့ ရောက်မှန်းမသိ ရောက်သွားသည်။ ကျောင်းတတ်ရက် အစမှာ စိတ်လှုပ်ရှားစရာ တော်တော်များများကို " ကောင်း "တို့တတွေခံစားခဲ့ရပါတယ်။

Author - Jan👤
Mc - Jan

Victoria Magazine 🌸🌈 HC Management ☑️
@VictoriaMagazine
coming soon episode (2) 🌹
❤‍🔥1👍1
🍎 အချစ်ဦး အမည်ခံ... 🍎

🏞️အပိုင်း(၂)🌃


နားလည်ရခက်တဲ့သူ

‌နောက်တစ်နေ့ရောက်သော် " ကောင်း " တို့အဖွဲ့ စကားပြောရင်း စရင်း နောက်ရင်းဖြင့် ရယ်ရယ်မောမော စက်ဘီးကိုယ်စီနင်းကာ ကျောင်းသို့လာခဲ့ကြသည်။ ထိုစဉ် " ကောင်း "၏ စက်ဘီးလက်ကိုင်မှာ ရုတ်တရက် ယိုင်သွားပြီး လမ်းဘေးမှာ လမ်းလျှောက်သွားနေသော လူတစ်ယောက်ကို ဝင်တိုက်ကာ လဲလေသည်။ အတိုက်ခံရသူမှာလည်း မထင်မှတ်ဘဲရုတ်တရက် ဖြစ်သွားသဖြင့် လမ်းဘေးရှိ မူးမြောင်းထဲ ပြုတ်ကျလေသည်။ " ကောင်း " တစ်ယောက် လန့်သွားပြီး မြောင်းထဲမှသူအား ဆွဲတင်ဖို့ကြိုးစားသည်။ တစ်ခြား သူငယ်ချင်းများကလည်း ပြာပြာသလဲ စက်ဘီးကိုရပ်ကာ လာကူကြသည်။ သို့သော် မြောင်းထဲမှသူက ကမ်းလာသော လက်များကို ပုတ်ထုတ်လိုက်ပြီး ဒေါသတကြီးနှင့် ပြောလေသည်။

" မင်းမျက်လုံး ကန်းနေလား လမ်းမှာ လူတစ်ယောက်လုံးသွားနေတာ မမြင်ဘူးလား စက်ဘီးကို ဘယ်လိုတွေစီးနေတာလဲ ဒီပုံစံနဲ့ ဘယ်နေ့ကားတိုက်သေမလဲ မသိဘူး...တောက်...ငါသာတစ်ခုခုဖြစ်ရင် မင်းမလွယ်ဘူးမှတ် အလကား ငရှုပ်တွေ "

ဒီလိုအော်ခံလိုက်ရတော့ "ကောင်း" ငိုချင်သလိုလို ၊ဒေါသထွက်သလိုလို ဖြစ်သွားသည်။ ကြောက်လည်း ကြောက်သွားသည်။ ကျန်တဲ့သူငယ်ချင်းတွေကလည်း ပါးစပ်အဟောင်းသားနှင့် ကြောင်ပြီးကြည့်နေသည်။ အတိုက်ခံရသူသည် ရေထဲမှ ဝုန်းခနဲ ထပြီး လမ်းပေါ်တတ်ကာ ဒေါသတကြီးသွားလေသည်။ ထိုသူနောက်ကျောကို ကြည့်ကာ "ကောင်း" နားမလည်နိုင်စွာကြည့်နေလေသည်။

" ကောင်းကောင်း...ဟေ့ကောင် ငကောင်း...ဟဲ့ကောင်းကောင်းရေ..."

သူငယ်ချင်းတွေ အော်ခေါ်မှ သတိပြန်လည်လာသည်။ ‌

" ဘာမှစိတ်ထဲထားမနေနဲ့ သူလည်းဒီလိုဖြစ်သွားတော့ ဒေါသထွက်မှာပေါ့ လာကျောင်းနောက်ကျလိမ့်မယ် သွားစို့ "

ဝတုတ်မက သတိပေးပြီး ရှေ့ဆုံးကစီးသွားသည်။ "ကောင်း"လည်း စက်ဘီးကို ပြန်ထူပြီး စိတ်မရှင်းစွာနဲ့ စီးလာခဲ့သည်။ ကျန်တဲ့သူများကလည်း နောက်က စီးလာခဲ့ကြသည်။ မနက်ပိုင်း စာသင်ချိန်အပြီး နေ့လယ်စာစားချိန်ရောက်တော့ မနက်က စက်ဘီးလဲခဲ့တာကြောင့် ထမင်းဘူးမှာ အကုန်မှောက်ကျခဲ့သည်။ အဆာပြေမုန့် ဝယ်စားရန် မုန့်ဈေးတန်းသို့ လျှောက်လာခဲ့သည်။

နှလုံးသားတို့ စတင်လှုပ်ရှားခြင်း

မုန့်ဈေးတန်းမှာ နေ့လယ်ဘက် လူရှင်းသည်။ ခေါက်ဆွဲပြုတ်စားရန် မုန့်စားနေကျ ဆိုင်ထဲဝင်လာခဲ့သည်။ ခုံတန်းပေါ်တွင် "ကောင်း" ထက် အတန်းကြီးပုံရတဲ့ အစ်ကို(၃)ယောက်လည်းထိုင်နေသည်။ ထိုင်ခုံမှာ လူတစ်ယောက်စာပဲကျန်တော့သည်။

" လာလေ ညီလေး ဒီနားလာထိုင် တစ်ယောက်တော့ ထိုင်လို့ရပါသေးတယ် "

ဘေးဆုံးကထိုင်နေသော အသားညိုညို အရပ်မြင့်မြင့် အစ်ကိုမှလှမ်းခေါ်သည်။

" ရပါတယ် အစ်ကိုတို့ နေရာကျပ်နေပါ့မယ် ကျနော် အောက်မှာပဲထိုင်လိုက်ပါ့မယ် "

ထိုစဉ် အလယ်မှ အသားဖြူဖြူ ပုံမှန်အရပ်အမောင်း နဲ့ အစ်ကိုက

" အောက်တော့မထိုင်ပါနဲ့ ငါ့ညီရာ ထိုင်ချင် အစ်ကို့ပေါ်လာထိုင် "

" မင်းကလည်း ကလေးကို လျှောက်စမနေနဲ့ ဟိုမှာအနေရခက်နေပြီ...ညီလေးလာ အစ်ကိုတို့က စားပြီးပြီ အခုပဲ အတန်းထဲပြန်တော့မလို့...ဒီမှာလာထိုင် "

အပြုံးချိုချို စာနာပြီး အကြင်နာတရားရှိတဲ့ အစ်ကို့မျက်နှာကို မြင်တော့ "ကောင်း" ရင်ခုန်သွားသည်။ သို့ပေမယ့် သူက ယောက်ျားလေးဖြစ်နေသည်။ စိတ်ကိုပြန်ထိန်းရင်း ခုံတန်းမှာဝင်ထိုင်လိုက်သည်။ ရှက်ကိုးရှက်ကန်းနှင့် အငွေ့တထောင်းထောင်းနှင့် ပူကျစ်နေသော ခေါက်ဆွဲပြုတ်ကို မမှုတ်ဘဲ သောက်လိုက်သောကြောင့် လျှာကျွမ်းသွားပြီး မျက်ရည်တွေပါလည်လာသည်။ ဆိုင်ရှင် အဒေါ်ကြီးက

" သား ရယ် ဖြေးဖြေးသောက်မှပေါ့ ဒီလောက်ပူနေတာကိုကွယ် ရော့...ရော့ နည်းနည်း သက်သာအောင် ရေအေးအေးလေးသောက်လိုက် " ဆိုကာ ရေခဲရေလာပေးသည်။

လျှာကျွမ်းထားသောကြောင့် ခေါက်ဆွဲပြုတ်ကလည်း အရသာမရှိတော့ပေ။ ခုနက ပြုံးပြ‌သွားသော အစ်ကို့မျက်နှာကိုသာ စိတ်ထဲစွဲနေလေသည်။နေ့လယ်ပိုင်းစာသင်ချိန်ရောက်လာသည်။ သို့ပေမယ့် အစ်ကို့မျက်နှာကမြင်ယောင်ဆဲပင် whiteboard က သိပ္ပံဆရာဆွဲပြနေသော ကန်စွန်းဥ ပုံမှာ အစ်ကို့မျက်နှာပဲမြင်နေသည်။ ငေးနေသော "ကောင်း" တစ်ယောက်အား ဆရာက

" ပြည့်ကောင်းထက် မတ်တပ်ထ ကန်စွန်းဥကို ရေထည့်ထားသော ပုလင်းထဲမှာ ဘယ်လိုထည့်မလဲ "

တုတ်ထိုးပြီးထည့်ရပါမည်ဟု "ကောင်း"မှာသိသော်လည်း စိတ်မှာ ပြုံးပြခဲ့အစ်ကို့အကြောင်း တွေးနေသောကြောင့်

" အစ်ကို့ဟာနဲ့ ထိုးရပါမယ် ဆရာ "

တစ်တန်းလုံးဝိုင်းရယ်ကာမှ အသိစိတ်ပြန်ဝင်လာပြီး မျက်နှာထူပူသွားပြီး ငုံ့သာနေရသည်။ ဆရာမှာလည်း ရယ်ချင်စိတ်ကို ထိန်းထားပြီး

" မင်းငေးနေလို့ ငါစာထမေးတာ ဘာအကြောင်းတွေတွေးနေလို့ မင်းက အစ်ကို့ဟာတွေဘာတွေနဲ့ ထိုးချင်နေတာလဲ ပြောပါဦး "

ခုနကထပ် ရယ်သံတွေ ပိုကျယ်သွားသည်။ "ကောင်း" တစ်ယောက် ခေါင်းနပန်းကြီးသွားသည်။

" အိမ်ပြန်ရင် အိမ်ဘေးက အစ်ကိုနဲ့ ဘုန်ကြီးကျောင်းမှာ ဘုရားပန်းသွားလဲဖို့ စဉ်းစားနေလို့ပါ ဆရာ "

"ကောင်း" စိတ်ထဲရှိရာ လျှောက်ဖြေလိုက်သည်။

" အပြစ်ပေးပြန်ရင်လည်း ငါငရဲရဦးမယ် စာကိုသေချာလိုက်ကြည့် ထိုင် "

အခုမှပဲ စိတ်အေးရတော့သည်။ မိမိဖာသာလည်း တွေးပြီးရယ်ချင်သည်။ အစ်ကိုရေ...‌ကျနော့်ကို တော်တော်ဒုက္ခပေးပါလား ဟု စိတ်ထဲမှ အပြစ်တင်မိနေသည်။
👍2❤‍🔥1
ကျောင်းပြန်တော့ စက်ဘီးစီးရင်း ပြုံးစိစိ ဖြစ်နေတဲ့ "ကောင်း" ကို‌ကြည့်ပြီး ပြောင်ကြီးက

" ငကောင်း ကျောင်းမှာ စော်တွေ့လာပြီ ထင်တယ်ဟေ့ မျက်နှာက မချိုမချဉ်နဲ့ "

" အေးဟယ်...ငါလည်းကြည့်နေတာ ကောင်းကောင်းမျက်နှာက မှိုရလာတဲ့ မျက်နှာကျလို့ "

မိသေးက ဝေဖန်နေပြန်သည်။

" ဟေ့ကောင် မောင်ကောင်း မင်းပဲရှာမနေနဲ့ ငါ့ဖို့လည်းတစ်ယောက်လောက် ပြောပေးဦး Aခန်းက စော်လေးတွေက မိုက်တယ် ဟီ...ဟိ "

" အမလေး 99 ရယ် နင့်လို ဂေါက်ကြောင်ကို ဘယ်သူကကြိုက်မှာလဲ စဉ်းစားလေ "

အပုမက ဖဲ့သောကြောင့် 99 မျက်နှာအိုသွားသည်။

" အပုမက သူများကျပြောတယ် သူကျတော့ကြည့်ဦး အရပ်က သူငယ်တန်းကလေးကတောင် သူ့ထပ်ရှည်ဦးမယ် "

ဝတုတ်မက တစ်ဖန်ပြန်ဖဲ့ပြန်သည်။ အပုမက စိတ်ဆိုးပြီး စက်ဘီးကို မြန်မြန်စီးသွားသည်။

" ဟေ့ကောင်...‌ငကောင်း ငါ့ပြောပြ ဘယ်အခန်းက စော်လေးလဲ မင်းချည်းပဲ စွတ်ငမ်းမနေနဲ့ ငါ့ကိုလည်းပေးငမ်းဦး "

ဂျီးပေက ပြောသောကြောင့် "ကောင်း" စိတ်ထဲကနေပြီး စော်မဟုတ်ဘူးဟေ့ အစ်ကိုကြီး အစ်ကိုကြီး ဟုပြေရင်း ရယ်မောက အပုမနောက်ကို အမြန်စီးပြီးလိုက်သွားသည်။ အိမ်ပြန် ရောက်လို့ ညဘက်စာကျက်သော်လည်း စိတ်မပါ အစ်ကို့မျက်နှာသာ မြင်နေသည်။ "ကောင်း" ယောက်ျားလေးတစ်ယောက်ကို တကယ်ချစ်မိသွားတာလား စဉ်းစားနေမိသည်။ ထိုစဉ်ဘေးအိမ်က Bluetooth Speaker နှင့် ပိုပိုဟေသာရဲ့ သီချင်းသံကလွင့်ပျံလာသည်။

" 🎵 ကျောင်းစာလည်း မကျက်ဖြစ်ဘူးကွယ် အခုရက်ထဲ တို့လေစာတွေနောက်ကျတယ် ... ကျောင်းမှာလည်း နောက်လှည့်ပြီးတော့ ကြည့်ချင်ခဲ့တို့လေ ဘယ်လိုလုပ်မလဲကွယ် ချစ်တဲ့စိတ်ဆိုတာ ... ချစ်တဲ့စိတ်ဆိုတာ 🎶 "

သီးချင်းကလည်း တိုက်ဆိုင်လိုက်တာ "ကောင်း" တကယ်ပဲ ချစ်မိသွားတာလား "ကောင်း" ယောက်ျားလေးချင်းစိတ်ဝင်စားနေတာလား "ကောင်း" ရူးချင်သလိုဖြစ်လာသည်။ ကျောင်းစာတွေကို မနက်စောစော ထလုပ်တော့မယ် ဆိုပြီး အိပ်ရာဝင်ခဲ့သည်။ အိပ်မရသော်လည်း ကြိုးစားအိပ်ရင်း အိပ်မက်ထဲမှာ အစ်ကို့ရဲ့ အပြုံးတွေထပ်တွေ့ပြန်တယ်။ "ကောင်း" ရူးတော့မယ် အစ်ကိုရေ...။


Author_Jan👤
MC_Jan

Victoria Magazine 🌸🌈 HC Management ☑️
@VictoriaMagazine
coming soon episode (3) 🌹
👍4❤‍🔥1
🍎အချစ်ဦး အမည်ခံ...🍎

🏞️အပိုင်း(၃)🌃

အပြုံးချိုချို အစ်ကို
နှင့်
သူ၏ မိသားစု

"ကောင်း"ကို ပြုံးပြပြီး သာယာနာပျော်ဖွယ် အကြင်နာသံလေးနဲ့ ထိုင်ခုံနေရာ ဖယ်ပေးခဲ့သူကတော့ ဆယ်တန်း(A)ခန်းက စာတော်တဲ့သူတွေထဲက တစ်ယောက်ဖြစ်တဲ့ "သူရိန်ကိုကို"ပါ။ "သူရိန်"က အနေအေးတယ် စကားနည်းတယ် သူငယ်ချင်းအပေါင်းသင်းကလည်း အမြဲတစ်တွဲတွဲ သွားလာနေတဲ့ အသားညိုညို "ထက်ပိုင်ဇော်" နဲ့ အသားဖြူဖြူ "ပိုင်ဖြိုး" ဆိုတဲ့ သူငယ်ချင်းနှစ်ယောက်ပဲရှိပါတယ်။ သူတို့ကလည်း အတန်းထဲမှာစာတော်သူတွေပါ။ "သူရိန်"က သူတို့လောက် ရုပ်ရည်မချောပေမယ့် အမြဲပြုံးပြုံးနေတတ်ပြီး မျက်နှာမြင်ချစ်ချင်ပါစေဆိုတဲ့ ဆုတောင်းပြည့်သူ လို့ပြောရပါမယ်။ "သူရိန်" မှာ မိဘတွေမရှိကြတော့ပါဘူး အစ်ကို တစ်ယောက်နဲ့နေပါတယ်။ အစ်ကိုသာလျှင် အဖေ အစ်ကိုသာလျှင် အမေ ဖြစ်ပါတယ်။ အစ်ကိုကြီးဖြစ်သူကလည်း ညီလေးဖြစ်သူကို အစ်ကိုတစ်ယောက်ရဲ့တာဝန် ကျေပြွန်တဲ့အပြင် အရိပ်တကြည့်ကြည့်နဲ့ ချစ်ရှာပါသည်။ သို့ပေမယ့် ညီလေးဖြစ်သူအပေါ် စည်းကမ်းအလွန်တင်းကြပ်သည်။ သဘောမနောကောင်းပေမယ့် စကားပြောလျှင်မည်သို့မျှ နားထောင်၍မကောင်းပေ။ အစ်ကိုကြီးရဲ့ အမည်ကတော့ "နိုင်အောင်သူ" ဖြစ်ပါတယ်။ လယ်တောတွေအများကြီးကို စာရင်းငှါးတွေနဲ့အတူ ဦးစီးလုပ်ကိုင်ပါတယ်။ မြို့ပေါ်တွင်လည်းအရောင်းအဝယ်လုပ်ပါသည်။ မြို့ပေါ်ကအိမ်ထက် လယ်တောက တဲအိမ်များမှာနေတာများသည်။ မနက်စောစော အမြဲထပြီး ညီလေးအတွက် လုပ်ပေးစရာရှိတာတွေလုပ်ပေးဖို့ မြို့ပေါ်ကိုပြန်သည်။ အခုနောက်ပိုင်း ညီလေးက ဆယ်တန်းဖြစ်သည့်အတွက် လယ်တောများကို စာရင်းငှါးများနှင့် ခဏပစ်ထား ထားသည်။ မြို့ပေါ်က အိမ်မှာ နေတာများနေသည်။ ညီလေးကို အဆောင်မထားဘဲ အိမ်မှာ guide teacher ငှါးပေးထားသည်။ "ကိုနိုင်" က လူပျိုကြီးဖြစ်သည့်အတွက် အလွန်ဇီဇာကြောင်သည်။ "ကိုနိုင်" ကိုယ်တိုင် ဘွဲ့ရပညာတတ် ဖြစ်သည့်အတွက် ဆရာ/ဆရာမများကို သေချာစုံစမ်းပြီးမှငှါးထားသည်။ ညီလေး "သူရိန်" ကလည်း ဉာဏ်ကောင်းပြီး စာတော်သောကြောင့် စိတ်ချမ်းသာရပြန်သည်။ "သူရိန်" အတွက် အစ်ကိုကြီး ဖြစ်သူက ဘုရားပေးသော ဆုလာဘ်ပင်ဖြစ်သည်။ "ကိုနိုင်" က country songs များကို ကြိုက်သူပီပီ ဂစ်တာတစ်လက်နှင့် သီချင်းဆိုကောင်းသည်။ လယ်တောဘက် အလုပ်နားချိန်တွင် မီးပုံဘေး၌ ခေါင်ရည်နှင့်အတူ သီချင်းဆိုနေကျဖြစ်သည်။ လယ်တော၌ရှိသော စာရင်းငှါးများက ဆိုနေသည့် သီချင်းများကို နားမလည်သော်လည်း လက်ခုပ်တီးကာအားပေးသည်။ တစ်ခါတစ်လေ "ကိုနိုင်" က မြန်မာသီချင်းများကို ဆိုပေးသည်။ သီချင်းဆိုကောင်းသူ ဖြစ်သောကြောင့် စာရင်းငှါးများ တစ်နေ့တာ ပင်ပန်းသမျှ အမောပြေရပါတယ်။ "ကိုနိုင်" ကိုလေးစားပြီး အလွန်ခင်မင်ကြကာ သစ္စာရှိကြသည်။ "ကိုနိုင်" ကလည်း အလုပ်သမားအပေါ် ညှာတာသည်။ ပျော်ပွဲများ စားပွဲ သောက်ပွဲများ ခနခနလုပ်ပေးသည်။
"သူရိန်" နှင့် "ကိုနိုင်" တို့ညီအစ်ကိုနှစ်ယောက်ရဲ့ဘဝမှာ မိဘများမရှိတော့သည် ကလွဲ၍ အရာအားလုံးပြည့်စုံနေသည် ဟုပင် ဆိုရပါမည်။

အမည်မသိသော ခံစားချက်

ဒီနေ့မှာတော့ "ကောင်း" ထမင်းစားပြီး ကျောင်းမုန့်ဈေးတန်းဘက်ကို ထွက်လာခဲ့သည်။ ငနဲအုပ်စုက လိုက်ချင်နေသောကြောင့် ခနပဲ ပြန်လာမှာ ရေဘူးကုန်သွားလို့ သွားဝယ်မလို့ ဆိုကာလှည့်ထွက်လာသည်။ တကယ်တော့အိမ်က မေမေထည့်ပေးလိုက်တဲ့ ရေဘူးကရေပြည့်ရှိပါသေးတယ်။ မနေ့က အစ်ကို့ကို လိုက်ရှာနေမိသည်။ မတွေ့သောကြောင့် ရေဘူးတစ်ဘူးကို ဝယ်ပြီးပြန်လာသည်။ ထိုစဉ် (၉)တန်း အဆောင်အနားအရောက် အဆောင်ကြားကနေပြီး "သူရိန်" တစ်ယောက်ထွက်လာသည်။ "ကောင်း"ကိုမြင်သောအခါ

" ဟာ မနေ့က ကောင်လေးပဲ မုန့်ဈေးတန်းက ပြန်လာတာလား "

" ဟုတ်...ဟုတ်ကဲ့ "

" အစ်ကို့ကို ကြောက်နေတာလား အစ်ကိုက ဟိုကောင်တွေလိုမဟုတ်ပါဘူး အာ့ကောင်တွေက လူတိုင်းကို စချင်နေတာ "

" ဟုတ်..."ကောင်း" မကြောက်ပါဘူး အစ်ကို့ကို မြင်ကတည်းကခင်ပါတယ် အစ်ကိုက သဘောကောင်းမယ့်ပုံမို့ပါ အဲဒီနေ့က ကျေးဇူးတင်စကားတောင်မပြောလိုက်ရဘူး "

" ရပါတယ်ကွာ...ဒါနဲ့ ညီလေး နာမည်က ဘယ်လိုခေါ်လဲ အစ်ကို့နာမည်က "သူရိန်ကိုကို" ပါ အစ်ကိုက ဆယ်တန်း (A) ကပါ "

" ဟုတ်...သားနာမည်က "ပြည့်ကောင်းထက်"ပါ (၈)တန်း (A) ကပါ သူငယ်ချင်းတွေခေါ်သလို "ကောင်းကောင်း" လို့ခေါ်နိုင်ပါတယ် "

" ဟုတ်ပါပြီဗျာ "ကောင်းကောင်း" က မြို့ပေါ်က မဟုတ်ဘူးထင်တယ် အခုမှပြောင်းလာတာလား ဒီကျောင်းကို "

" ဟုတ်.... အစ်ကို ဘယ်သူ...."ကောင်း" မေ့သွားလို့ "

" ဟား ဟား ဟား... ကောင်လေးကတော့ အစ်ကို့ကို "သူရိန်" လို့ပဲခေါ်ရတယ် "

ဆိုကာ "ကောင်း" ရဲ့ ခေါင်းကို ဖွဖွလေးပုတ်လိုက်သည်။

" ဟုတ်...အစ်ကို"သူရိန်" "ကောင်း" က အေးသာယာ ရွာကပါ တစ်နေ့တစ်ခေါက် စက်ဘီးနဲ့ လာတတ်တာပါ "

" ဟာ...ဟုတ်လား အဲဒီဘက်မှာ အစ်ကိုကြီး "ကိုနိုင်" ရဲ့ လယ်တွေအများကြီးရှိတယ် "

" ဪ..."ကိုနိုင်" ကဘယ်သူလဲ "

" အစ်ကို့ရဲ့ တစ်ဦးတည်းသော အစ်ကိုကြီးပေါ့ အစ်ကို့မှာ မိဘတွေမရှိတော့ဘူး "

" ဟုတ် ... sorry ‌နော် အစ်ကို "

" ရပါတယ်ကွာ အစ်ကိုဘာမှ မဖြစ်ပါဘူး "

" စပ်စုလိုက်ဦးမယ် ဟီးဟီး အစ်ကိုက (၉)တန်း အဆောင်ကြားထဲ ဘာလာလုပ်တာလဲ "

" အစ်ကို့ကောင်မလေးကို လာတွေ့တာလေ အစ်ကို့ကောင်မလေးက(၉)တန်းကလေ...ဟဲ ဟဲ "
👍3❤1
"ကောင်း" ရင်ထဲ ဗလောင်ဆူသွားသည်။ "ကောင်း" သဝန်တို သလိုခံစားရသည်။ "ကောင်း" ဝမ်းနည်းသွားသည်။

" ဪ...ဟုတ် "ကောင်း" သွားလိုက်ဦးမယ်နော် "

"ကောင်း" စကားသံကို ထိန်းပြောပြီး အစ်ကို"သူရိန်" ရဲ့ နှုတ်ဆက် စကားကိုတောင် နားမထောင်နိုင်တော့ဘဲ လှည့်ထွက်ခဲ့လိုက်တယ်။ "ကောင်း" တစ်ယောက်ထဲရေရွတ်မိနေသည်။

" ကောင်မလေးတဲ့လား အင်းလေ ဒါကသဘာဝပဲကို ငါကသာ သဘာဝကိုလွန်ဆန်ချင်နေတာ "

ငယ်ရွယ်သူ "ကောင်း" တစ်ယောက် မိမိရဲ့ဖြစ်တည်မှုကို နားမလည်နိုင်သေးတဲ့အပြင် မိမိရဲ့ဖြစ်တည်မှုကိုလက်မခံနိုင်သေးပါဘူး။ ရင်ခုန်မိတာနဲ့ပဲ အချစ်လို့သတ်မှတ်နေမိပါတယ်။ သစ်ရွက်ကလေးတွေလှုပ်တိုင်း စိတ်လှုပ်ရှားတတ်ပြီး လေတိုက်တိုင်းရယ်နေတတ်တဲ့ ဒီအရွယ်မှာ "ကောင်း" တစ်ယောက် အချစ်ဆိုတာ မည်သို့မည်ပုံနည်း အချစ်က ချိုလားခါးလား အချစ်သည် မည်သို့ယူဆရမည်နည်း အစ်ကို"သူရိန်" နဲ့ပတ်သက်တဲ့ ခံစားချက်က အချစ်လား ခဏတာ ရူးသွပ်မှုလား "ကောင်း" အခုအသဲကွဲနေတာလား...။ ချစ်ခြင်းမေတ္တာရဲ့ အဓိပ္ပါယ်ကို "ကောင်း" ဆက်လက်ရှာဖွေရဦးမည်။ အစ်ကို"သူရိန်"နဲ့ပတ်သက်တဲ့ အမည်မသိခံစားချက်အချို့နဲ့ "ကောင်း" မပြိုလဲချင်သေးပါဘူး။ "ကောင်း"ရဲ့ ဖြစ်တည်မှုအစစ်ကိုလက်ခံရင်း ‌"ကောင်း" right personဆိုသော သူကို တွေ့ချင်မြင်ချင်သေးသည်။


Author_Jan👤
MC_Jan

Victoria Magazine 🌸🌈 HC Management ☑️
@VictoriaMagazine
coming soon episode (4) 🌹
❤‍🔥1
🍎 အချစ်ဦး အမည်ခံ... 🍎

🏞️အပိုင်း(၄)🌃

ညီအစ်ကိုနှစ်ယောက်ရဲ့ပြသနာ

" မင်းကိုတော်လှပြီထင်နေတာ မင်းက ဆယ်တန်းလိုအတန်းမှာတောင် ရည်းစားထားနေပြီပေါ့ ဟုတ်လား "

" "ကိုနိုင်" ကိုဘယ်သူပြောတာလဲ "

" ငါ့မှာ နားတွေမျက်စိတွေအများကြီး မင်းက ငါကွယ်ရာဆိုပြီး လုပ်ချင်တာလုပ်‌တာလား "

" မဟုတ်ပါဘူး "ကိုနိုင်" ညီလေးလည်း အရွယ်ရောက်နေပြီလေ ညီလေးလည်း ရည်းစားထားဖူးချင်တာပေါ့ "

" မင်းက တော်တော် အရွယ်ရောက်ချင်နေတယ်ပေါ့ မင်းကို အဖေနဲ့အမေ မရှိကတည်းက ပညာတစ်ပိုင်းတစ်စနဲ့ ပျက်စီးသွားမှာစိုးလို့ အရိပ်တကြည့်ကြည့်နဲ့ စောင့်ရှောက်လာခဲ့တာ မင်းကတော့ အခုငါ့စေတနာကို စော်ကားတယ် ဒီနေ့က စပြီး မင်းလုပ်ချင်တာလုပ်တော့ ငါ့ကိုရှိတယ်လို့လည်း မသတ်မှတ်နဲ့တော့ "

" အဲလိုတော့မလုပ်ပါနဲ့ "ကိုနိုင်" ရယ် ညီလေးမှားမှန်းသိပါပြီ ညီလေးကိုပစ်မထားပါနဲ့နော် "

" "သူရိန်" အစ်ကို မင်းအပေါ်မှာ တာဝန်ပျက်ကွက်တာမျိုးရှိဖူးလား မင်းကို ဖြစ်ချင်ရာဖြစ်ဆိုပြီး မျက်ကွယ်ပြုခဲ့ဖူးလား ပြောစမ်း "

" မရှိခဲ့ပါဘူး "ကိုနိုင်" အရာအားလုံးပြည့်စုံတာထက်ကို ပိုခဲ့ပါတယ် "

" အေး...ယုံကြည်မှုဆိုတာ ပျက်ပြီးသွားရင် ပြန်တည်ဆောက်ဖို့ခက်သွားပြီ အစ်ကို ညီလေးကို မယုံတော့ဘူး ဒီကိစ္စက အစ်ကိုသိပေမယ့် အစ်ကိုမသိသေးတဲ့ ကိစ္စတွေ ရှိနေမလားမပြော တတ်ဘူး ညီလေးအသက်က (၁၆)နှစ်ပဲရှိသေးတယ် ကိုယ့်ကိုယ်ကို ထိန်းသိမ်းနိုင်တဲ့အရွယ် မရောက်သေးဘူး တစ်ချို့ဆို သေသွားသည့်တိုင်အောင် ကိုယ့်ကိုယ်ကို မထိန်းသိမ်းသွားနိုင်တဲ့သူတွေအများကြီး ဘယ်အရာကိုမှ ခံစားချက်နောက်မလိုက်နဲ့ အစ်ကိုသာ ခံစားချက်နောက်ကို လိုက်ခဲ့ရင် ညီလေးရော အစ်ကိုပါ အခုလိုမျိုး ရပ်တည်နိုင်မှာမဟုတ်ဘူး ညီလေး အစ်ကို့ရဲ့ ယုံကြည်မှုပြန်ရအောင် ကြိုးစားပေါ့ အရင်လိုတော့ လွယ်မှာမဟုတ်တော့ဘူး "

" ညီလေး တောင်းပန်ပါတယ် "ကိုနိုင်" ညီလေးကို ဥပေက္ခာမပြုလိုက်ပါနဲ့နော် "

" အစ်ကိုတစ်ယောက်ရဲ့ တာဝန်ဝတ္တရားကိုတော့ မလစ်ဟင်းစေရပါဘူး အစ်ကိုတို့ညီအစ်ကို ကြားက ယုံကြည်မှုက ပြန်တည်ဆောက်ဖို့ အတော်ကြိုးစားရမယ် ညီလေး...အစ်ကို လယ်တောက အိမ်မှာပြန်သွားနေမယ် ညီလေး လိုအပ်တာတွေလုပ်ပေးဖို့ အလုပ်သမား (၂)ယောက်လောက် ညီလေးဆီ ထားပေးမယ် အစ်ကို ညီလေးကို အထီးမကျန်စေချင်ပါဘူး ဒါပေမယ့် ဒီတစ်လမ်းပဲရှိတော့တယ် ညီလေးကြိုးစားပေါ့ "

" ညီလေးကအပြစ်လုပ်ထားတော့ ညီလေးလက်ခံပါတယ် "ကိုနိုင်" ရဲ့ ယုံကြည်မှုပြန်ရအောင် ညီလေးကြိုးစားပါမယ် "

" ည ရောက်တော့မယ် စာကျက်ဖို့ ပြင်တော့ အစ်ကိုလည်း သွားနားတော့မယ် "

" ဟုတ် "

"သူရိန်" တစ်ယောက် အစ်ကို့ရဲ့ ယုံကြည်မှုပျက်သုဉ်းသွားလို့ ခံစားနေရပေမယ့် မိမိက အပြစ်လုပ်ထားတော့ ကြိုးစားပြီး ပြန်ရအောင်လုပ်ရတော့မှာပါ။ ဒီနှစ်ဆယ်တန်းမှာ "သူရိန်" ဝါသနာပါတဲ့ ဆရာဝန်ဖြစ်ဖို့ရာအတွက် ဆေးကျောင်းအမှတ်မှီအောင် ပိုကြိုးစားရမည်။ ကျောင်းက လိုက်ကြောင်ထားတဲ့ မိန်းကလေးကို ဘယ်လိုဖြတ်ရမလဲ စဉ်းစားရင်း ဒီညအိပ်ပျော်မည် မထင်ပါ။

"သူရိန်" မှ "ကောင်း" ထံသို့
အစီရင်ခံစာ

နောက်တစ်နေ့ ကျောင်းကိုရောက်ရောက်ချင်း "သူရိန်" ‌"ကောင်း" ကိုလိုက်ရှာနေမိပါတယ်။ အတန်းထဲမှာ တစ်ယောက်ထဲ ထိုင်ပြီး စာရေးနေတဲ့ "ကောင်း" နောက်ကို အသံမပေးဘဲလျှောက်သွားလိုက်သည်။ စာထဲမှာဈာန်ဝင်နေသော "ကောင်း"တစ်ယောက် သတိမထားမိပါဘူး။

" "ကောင်းကောင်းလေး" စာကြိုးစားလှချည်လား "

ရုတ်တရက်ဆိုတော့ "ကောင်း" လန့်သွားသည်။

" လန့်လိုက်တာ အစ်ကို"သူရိန်" ရာ ဘာကိစ္စရှိလို့လဲ "

" မင်းကလည်း စကားပြောတာ စိမ်းကားလိုက်တာ အစ်ကိုတို့‌မနေ့က ကတည်းက သူငယ်ချင်းဖြစ်သွားတာ မဟုတ်ဘူးလား "

" ဟုတ်ပါတယ် "

" ကဲပါ...လာ စိန်ပန်းပင်အောက် သွားထိုင်ကြအောင် "

" ဒီမှာပြောလို့လည်း ရပါတယ် အစ်ကိုရဲ့ "

" ညီလေးကလည်း ဒါက အတန်းထဲ ကိုက ဆယ်တန်းကဆိုတော့ ညီလေးတို့ အတန်းမှူးမြင်ရင် အစ်ကို့ကို မေးလား မြန်းလားလုပ်နေမှာ စိုးလို့ပါ လာပါ လိုက်ခဲ့ပါ အစ်ကိုမင်းဆီက အကြံတောင်းစရာရှိလို့ "

" ဟုတ်...ကျနော်လည်း အခုပဲစာလုပ်ပြီးတာ လိုက်ခဲ့ပါမယ် "

"သူရိန်" နဲ့ "ကောင်း" တို့ မိုးလုံလေလုံအားကစားခန်းမဘေးက စိန်ပန်းပင်အောက်မှာ သွားထိုင်နေကြသည်။ ရာသီဥတုကလည်း သာယာလိုက်တာ မိုးကောင်ကင်က ပြာပြာ အပေါ်မှာ တိမ်ဖြူဖြူတွေက နေရာအနှံ့မှာစိန်ပန်းပွင့် ရဲရဲများကမြေမှာကျဲလို့ လှချင်တိုင်းလှနေပါတယ်။ အစ်ကို"သူရိန်" "ကောင်း" ကို အရေးတကြီး ပြောချင်တဲ့ကိစ္စကို စိတ်လှုပ်ရှားစွာစောင့်နေမိသည်။ သို့သော် အစ်ကို"သူရိန်"က ပြောဖို့ရန် ငေးမောနေသည်။ သက်ပျင်းခနခနချတဲ့အသံ ကိုလည်းကြားနေရသေးသည်။ "ကောင်း" မစောင့်နိုင်တော့ပါ "ကောင်း" ပဲအရင် စမေးလိုက်သည်။

" အစ်ကို "ကောင်း" ကို ဘာပြောမလို့လဲ ပြောလေ "

" sorry ကောင်လေး အစ်ကို ဘယ်က စပြောရမယ်မသိလို့ "

" အစ်ကိုကလည်း ဘာအကြောင်းမို့လဲ အစ်ကို့သူငယ်ချင်းတွေကို ဘာလို့သွားမပြောတာလဲ "

" သူတို့ကိုပြောရင် အထိုးခံရမှာ "

" ဗျာ...ဘာကိစ္စမို့လဲ "

" အစ်ကို့ရည်းစားကိုဖြတ်ချင်လို့ "

" ဗျာ... "

" အဲဒါ ညီလေးဆီက အကြံတောင်းချင်လို့ "

" ဗျာ... "

" ညီလေးကလည်း ဗျာ ချည်းပဲ ပြောနေတယ် "
❤‍🔥1👍1
" အစ်ကိုကလည်း "ကောင်း" ကို အံ့ဩစရာတွေ ပြောနေတာကိုး ဗျ "

" ညီလေး ကူညီနိုင်သလောက် ကူညီပါနော် "

" အစ်ကိုကလည်း သူများရည်းစားတွေ လမ်းခွဲမယ့်ကိစ္စကို "ကောင်း" က ဝင်ပါရမှာလား ပြီးတော့ "ကောင်း" က အစ်ကို့လောက် အတွေ့အကြုံမရှိသေးဘူးလေ လမ်းခွဲဖို့ မပြောနဲ့ ရည်းစားတောင် မထားဖူးဘူး "

" ဟုတ်တော့ ဟုတ်ပါတယ် ဒါပေမယ့် ညီလေးတတ်နိုင်သလောက် အကြံပေးပါနော် "

" အာ့ဆို အစ်ကိုက ဘာလို့ အစ်ကို့ကောင်မလေးနဲ့ လမ်းခွဲချင်တာလဲ "

" အစ်ကိုသူ့ကို တကယ်မချစ်ဘူး ဟိုကောင်တွေ မြှောက်ပေးလို့ လိုက်ခဲ့တာ အခုမှ အစ်ကိုက ဆယ်တန်းမှာ ဒါမျိုးတွေ မလုပ်သင့်ဘူးလို့ အတွေးဝင်လာလို့ပါ "

" အစ်ကိုက ခံစားချက်မရှိဘူးပဲ ရက်စက်လိုက်တာ ဟို ကောင်မလေးကို သနားလိုက်တာ အစ်ကိုက လူယုတ်မာကြီးပဲ "ကောင်း" ထင်တာ အစ်ကိုက ကြင်နာတတ်ပြီး သဘောကောင်းတယ်လို့ အခုတော့ အထင်နဲ့အမြင်နဲ့လွဲပြီ "

" "ကောင်းကောင်း" အပြစ်တင်ရင်လည်း အစ်ကိုခံရမှာပဲ အစ်ကိုလည်း သတိလက်လွတ်ဖြစ်သွားခဲ့တာ "

" "ကောင်း" ကတော့ တစ်ဖက်လူ ခံစားရမယ့် ကိစ္စကို မကူညီနိုင်ဘူး "

" ညီလေးကလည်းကွာ... "

"သူရိန်" အားအင်ချည့်နဲ့ပြီး စိတ်ညစ်နေတဲ့ပုံကို "ကောင်း" မသက်မသာမြင်နေရပါတယ်။ အစ်ကို"သူရိန်" လည်း မလွဲသာလို့ အခုလိုမျိုး လုပ်ရမည်ကို မြင်ရုံနဲ့သိပါတယ်။ "ကောင်း" လည်း ကိုယ့်ကိုတကယ်မချစ်တဲ့သူနဲ့ အတူတွဲနေရမယ့် ကောင်မလေးအစား လမ်းခွဲလိုက်တာကောင်းပါတယ်ဟု ကောင်မလေးအတွက် တစ်ဖက်လှည့်တွေးလိုက်ပါသည်။

" အဲဒါဆို ဒီလိုလုပ် ကောင်မလေးကို အမှန်တိုင်းပြောပြီး တောင်းပန်စကားပြောလိုက် ဟိုအစ်မက အစ်ကို့ကို အပြစ်တင်ရင် ခံလိုက် ဘာမှဖြေရှင်းချက်မပေးနဲ့ တောင်းပန်တယ်ပဲပြော ပါးရိုက်ရင်လည်း ခံလိုက်...ဟီးဟီး "

" အစ်ကိုလည်း အာ့လိုပဲစဉ်းစား ထားတာ... 'ဟီးဟီး' ဆိုတာက အစ်ကို့ကို လှောင်တာလား "

" လှောင်ရုံတင်မကဘူး...အစ်ကို့ကို ရိုက်သတ်ပစ်ချင်တာ ကဲ "ကောင်း" သွားတော့မယ် ကျောင်းပြန်တတ်တော့မယ် "

" အေး...အေး...ကျေးဇူးတင်ပါတယ်ကွာ မနက်ဖြန်နေ့လယ် ဒီအပင်အောက်ပြန်လာခဲ့ပါလား အစ်ကို ဘာတွေဖြစ်ခဲ့လဲ ပြန်ပြောပြမယ် "

" အစ်ကိုတော့ လမ်းခွဲဖို့စဉ်းစားရလို့ ချောင်သွားပြီထင်တယ် ဟား...ဟား... မနက်ဖြန် Saturdayလေ‌ဗျာ "

" ဪ...ဟုတ်သားပဲ "ကောင်းကောင်း" ကလည်း အစ်ကို့ကိုပြောရက်လိုက်တာ "

" ဟီး...ဟီး နောက်တစ်ပတ်မှတွေ့မယ် သွားပြီ တာ့တာ အဆင်ပြေပါစေ အစ်ကိုရေ "

" ပေးတဲ့ဆုနဲ့ပြည့်ရပါစေဗျာ Bye ညီလေး "

"သူရိန်" နဲ့ "ကောင်း" အချိန်တိုလေးအတွင်းမှာ အတော်ရင်းနှီးသွားကြပါတယ်။ "ကောင်း" လည်း "သူရိန်" နဲ့ပတ်သက်ပြီး ခံစားချက်အစစ်အမှန်ကို သိလိုက်ရပါတယ်။ "ကောင်း" အစ်ကို"သူရိန်"ကို ချစ်နေတာမဟုတ်ပါ။ ခဏတာရင်ခုန်ခဲ့တာပါ အခုတော့လည်း အစ်ကိုတစ်ယောက်လို ခင်မင်တာထက်မပိုပါဘူး။ ပြီးတော့ "ကောင်း" ယောက်ျားလေးတွေကိုပဲ စိတ်ဝင်စားတယ်ဆိုတာကို လက်ခံဖို့ တော်တော်လေး ခရီးရောက်နေပြီ ပြောရမည်။ အခုဆို သူငယ်ချင်းများနှင့်တောင် သိပ်စကားမပြောဖြစ်တော့ပါဘူး။ "ကောင်း" မိမိကိုယ်ကို သေချာလေ့လာဆန်းစစ်ရင်း ပတ်ဝန်းကျင်ဆိုတာကိုတောင် မေ့ချင်လာပါပြီ။ "ကောင်း" သာ လိင်တူစိတ်ဝင်စားသူဆိုရင် သူတို့လက်ခံနိုင်ပါမလား...။ "ကောင်း" ရဲ့ မိသားစုကရော ကောင်းကို အပြစ်တင်လေမလား...။ "ကောင်း" မိမိကိုယ်ကို သေချာအောင် အရင် ဆုံးဖြတ်ရမည်။ ကိုယ့်ရဲ့ဖြစ်တည်မှုကို လက်မခံနိုင်ခြင်းကလည်း ငရဲကျနေသလို ပူလောင်လှသည် မဟုတ်လား။ ကိုယ်တိုင်ပျော်ရွှင်နေမှ တစ်ခြားသူများကို ပျော်ရွှင်အောင်ထားနိုင်မည် မဟုတ်လား။ ကိုယ့်ရဲ့ ဖြစ်တည်မှုကို လက်မခံနိုင်တဲ့သူတွေအတွက် အသက်ရှင်နေစရာမှမလိုတာ။ ကိုယ်နဲ့ဘဝတူ လူတွေကြားမှာ ဘဝကို ပျော်ပျော်ဖြတ်သန်းလိုက်ခြင်းသာလျှင် အဓိပ္ပါယ် ရှိမည် မဟုတ်လား။ ကိုယ်နေထိုင်ရာ ပတ်ဝန်းကျင်က ရုန်းမထွက်နိုင်ရင်တောင်  သူတို့ရဲ့ကဲ့ရဲ့မှုဒဏ်တွေကို ဂရုတစိုက်အလူးအလဲခံစရာမှမလိုတာ။ ကိုယ်တတ်ထားတဲ့ ပညာ၊အသိပညာတွေနဲ့ ချေပရင်း ကဲ့ရဲ့သူတွေကို ချေပစ်လိုက်တာက ပျော်စရာကောင်းမှာပါ။ "ကောင်း" ကတော့ ဖြစ်တည်မှုလေးကို အတည်ပြုဖို့ အရင်ကြိုးစားရပေဦးမည်...။


Author_Jan👤
MC_Jan

Victoria Magazine 🌸🌈 HC Management ☑️
@VictoriaMagazine
coming soon episode (5) 🌹
❤‍🔥1👍1
🍎 အချစ်ဦး အမည်ခံ... 🍎

🏞️အပိုင်း (၅)🌃

နောက်တစ်ပတ် တနင်္လာနေ့

" ဟေး...ကောင်လေး မင်းကိုမျှော်နေတာ "

" အစ်ကို ကလည်း အခုမှအတန်းထဲ ဝင်မလို့ရှိသေး ရောက်လာပြီ "

" အစ်ကိုက ပြောပြချင်လွန်းလို့ပါကွာ "

" အဲဒါဆို ခနစောင့် လွယ်အိတ်နဲ့ပစ္စည်းတွေ သွားထားလိုက်ဦးမယ် "

" အေး...အေး... အစ်ကိုစောင့်မယ် "

"သူရိန်" နှင့် "ကောင်း" တို့ အရင်တစ်ပတ်က ထိုင်ခဲ့သော စိန်ပန်းပင်အောက် သွားကြသည်။ မနက်ပိုင်းက မိုးရွာထားတော့ ထိုင်ခုံက စိုနေသည်။

" လာ ထိုင်လေကွာ "

" ဟင့်အင်း "ကောင်း" မထိုင်တော့ဘူး "

" ဘာလို့လဲဟ "

" "ကောင်း" မိုးစိုနေတဲ့ သစ်သားပေါ်ထိုင်ရင် allergic ထပြီး ယားတတ်လို့ "

" ဟုတ်ပါပြီကွာ အစ်ကို အရင်တစ်ပတ်က ညီလေးနဲ့ တိုင်ပင်တဲ့ကိစ္စပြောချင်လို့ "

" ဟီး...ဟီး...ပါးချခံရလား "

" မချခံရပါဘူး ညီလေးရာ သူကလည်း အစ်ကို့ကို အပျော်တွဲတာတဲ့ ဘာမှမဖြစ်ဘူးတဲ့ နောက်ပြီးမှ ပြန်တွဲချင်တယ် လာမလုပ်နဲ့တဲ့ အစ်ကိုဖြင့် ပျော်လိုက်တာကွာ ခက်ခဲမယ်ထင်နေခဲ့တာ "

" အကျင့်ကို မကောင်းဘူး သူများ သား/သမီးကို တွဲချင်တိုင်းတွဲပြီး လွယ်လွယ်ပြတ်ရတော့ ပျော်သတဲ့ အစ်ကိုနဲ့တောင် မပေါင်းချင်တော့ဘူး "

" အဲလိုသဘောမျိုး မဟုတ်ပါဘူး ညီလေးရာ သူခံစားသွားရမှာ ကြောက်တာပါ အစ်ကို့ကြောင့် ဘယ်သူ့ကိုမှ မခံစားစေချင်ဘူး "

" အာလူးလာလုပ်‌မနေနဲ့ မလိုက်ခင်ကတည်းက အဲလိုစဉ်းစားရမှာ "

" သတိလက်လွတ် ဖြစ်သွားလို့ပါဆို ညီလေးကလည်း..."

" ဟား...ဟား...ဟား "

မျက်လုံးပေကလပ် ပေကလပ်လုပ်ပြပြီး အမြင်ကတ်စရာကောင်းအောင်လုပ်နေတဲ့ အစ်ကို"သူရိန်"ကို ကြည့်ပြီး "ကောင်း" မရယ်ဘဲ မနေနိုင်ပါ။ စိတ်လွတ်လက်လွတ် ဖြစ်သွားပုံရသော အစ်ကို"သူရိန်" ကိုကြည့်ရတာ "ကောင်း" စိတ်ချမ်းသာပါတယ်။ ဟို အစ်မလည်း ဘာမျှ မနစ်နာသွားတဲ့အတွက် "ကောင်း" စိတ်အေးသွားပြန်ပါတယ်။ "ကောင်း" သာချစ်ဖြစ်ခဲ့ရင် အလွယ်လေးနဲ့ ချစ်မည်မဟုတ်။ "ကောင်း" လိင်စိတ်တိမ်းညွှတ်တာနဲ့ ပတ်သတ်ပြီး လေ့လာထားရာကနေပြီး LGBTQ community ကိုလည်း စူးစမ်းမိထားသည်။ တစ်ချို့က sexကို ဦးစားပေးလွန်းသည်၊ တစ်ချို့က ခံစားချက်ကို ဦးစားပေးလွန်းသည်၊ တစ်ချို့က ပတ်ဝန်းကျင်ကို လုံးဝဂရုမစိုက်တဲ့ ပုံမျိုးနဲ့နေသည်၊ တစ်ချို့က လက်တွဲဖော်ထက် အပျော်ရည်းစားထားကြသည် အစရှိသဖြင့် အမျိုးမျိုး အဖုံဖုံ တွေ့ရသည်။ သဘာဝကို လွန်ဆန်သူတွေဖြစ်ကြသောကြောင့် လူမှုရေး၊ ကျန်းမာရေး၊ အချစ်ရေး အဖက်ဖက်က လေ့လာထားမှ တော်ကာကျသည်။ အချို့များကျတော့လည်း မိမိ communityထဲကလူကိုပင် နှိမ်ချင်၊ ပြောချင်၊ ကဲ့ရဲ့ချင်ကြသည်။ ဥပမာ_ နွဲ့တာတို့၊ အသားမည်းတာတို့၊ ရုပ်ဆိုးတာတို့၊ဝတာတို့ အစရှိသဖြင့် မိမိမကြိုက်တဲ့ Typeဆို မရွေးချယ်ဘဲနေရမည့်အစား အပြစ်တင်ပြောဆိုကြသည်။ သဘာဝကို ဆန့်ကျင်သူများဖြစ်လို့ mental health issues တွေဖြစ်တာက တစ်မျိုး၊ body shaming လုပ်ခံရတာက တစ်ဖုံနဲ့ တွေ့ကြရပါတယ်။ "ကောင်း" ကိုယ်တိုင်တောင် "ကောင်း" ရဲ့ဖြစ်တည်မှုကို လက်ခံနိုင်ဖို့ ကြိုးစားနေဆဲပါ။ ဒါက လွယ်ကူတဲ့ ကိစ္စ မဟုတ်ပါဘူး။ "ကောင်း" တို့က အောင်မြင်မှုရဖို့ ကြိုးစားနေတဲ့သူတွေမဟုတ်လို့ blame မခံနိုင်ပါဘူး။ "ကောင်း" တို့က ထူးခြားသူတွေဖြစ်လို့ မိမိကိုယ်ကို လက်ခံဖို့ ကြိုးစားနေသူတွေပါ။ "ကောင်း" ဒီအသိုင်းဝိုင်းမှာ ဘယ်လိုရှင်သန်ရမယ်ဆိုတာကို သင်ယူရဦးမှာပါ။

အစ်ကို"သူရိန်"၏ အိမ်သို့
အလည်တစ်ခေါက်

နေ့လယ်ထမင်းစားကျောင်းဆင်းချိန်ရောက်သော် အစ်ကို"သူရိန်" အတန်းရှေ့ရောက်လာသည်။

" "ကောင်းကောင်းလေး" အစ်ကို့အိမ်ကို အလည်လိုက်ခဲ့ပါလား "

" ဟင်...ဘာလုပ်လဲ "

" ဪ...ညီလေးကလည်း အစ်ကို့အိမ် ရောက်ဖူးအောင် အလည်ခေါ်ချင်လို့ပါ "

" "ကောင်း" သူငယ်ချင်းတွေရော ခေါ်လာလို့ ရမလား "

" အစ်ကိုက "ကောင်း" ကိုပဲ ခေါ်ချင်တာလေ "

" အစ်ကိုကလည်း တစ်ယောက်ထဲကျ ကြောက်တယ် "

" အောင်မလေးဗျာ...မင်းကို ဘာမှမလုပ်ပါဘူး "

" အဲဒါဆို...ခဏလေး သူငယ်ချင်းတွေကို သွားပြောလိုက် ဦးမယ် "

" အင်း...အင်း...ဟုတ်ပြီ "

"ကောင်း"ရဲ့ သူငယ်ချင်းတွေ အုပ်စုလိုက် ထမင်းစားဖို့ ပြင်နေကြသည်။ "ကောင်း" ကိုမြင်သော်

" ဟေ့ကောင် "ငကောင်း" မင်းကိုစောင့်နေတာ လာမြန်မြန် "

" အေးဟယ်...ငါတို့ကဆာလှ‌ပြီ "

" မင်းတို့ စားနှင့်လိုက်ကြ ငါ ဒီအစ်ကိုနဲ့ လိုက်သွားလိုက်ဦးမယ် "

" အေး...အေး ပြီးရော နောက်ပြီးတော့ ဘယ်သွားပြီး ဘာလုပ်တယ်ပြောဦး မဟုတ်တာလုပ်ရင် နင့် အမေတိုင်မှာ "

" မလုပ်ပါဘူးဟ သွားပြီဟေ့ "

"ကောင်း" အစ်ကို"သူရိန်" ရဲ့ ဆိုင်ကယ်ပေါ်တတ်လိုက်သည်။ click ဘီးဖြစ်သည့်အတွက် ပုဆိုးဝတ်ထားတော့ ထိုင်ရခက်သည်။ အစ်ကို"သူရိန်" နဲ့ခွာထိုင်၍မရ ရှေ့ဘဲတိုးသွားသည်။

" အစ်ကို့ကို ဖတ်ထား ပြုတ်ကျရင် အစ်ကို့တာဝန်‌ရယ် သေချာဖတ် "

" ဟုတ်...အစ်ကို "

အစ်ကို"သူရိန်"အပေါ် ဘာစိတ်မှ မရှိပေမယ့် အခုလိုနီးကပ်နေတော့ ရင်ခုန်သည်။ 10မိနစ် လောက်ကြာ‌ေအာင် စီးပြီးတော့ ခြံကျယ်ကြီးတစ်ခုထဲ ရောက်သွားသည်။ တိုက်ကြီးက နှစ်ထပ်တိုက် ဖြစ်သည်။ အိမ်ထဲက အဒေါ်ကြီးတစ်ယောက်ထွက်လာပြီး အစ်ကို"သူရိန်"ကို လာကြိုသည်။
❤‍🔥1
" ဟော...ငါ့တူတောင် ပြန်လာပြီ ခနနားပြီး ထမင်းလာစား ငါ့တူကြိုက်တဲ့ ဝက်ကလီစာ‌ကို ဆီပြန်လေးချက်ထားတယ် "

" သားသူငယ်ချင်းရောပါတယ် သူ့ဖို့ရောပြင်ပေးနော် အဒေါ်ကြီး "

" "ကောင်း" ထမင်းချိုင့်ပါ ပါတယ် အစ်ကိုရ "

" သားကလည်း အားနာစရာမလိုပါဘူး ဟင်းတွေအများကြီး ချက်ထားပါတယ် ဒီနေ့ "မောင်နိုင်အောင်သူ" လည်း လာမှာဆိုတော့ အဒေါ် များများချက်ထားတယ် "

" ကြားလား မင်းထမင်းချိုင့်ကို ထားခဲ့လိုက် လာအိမ်ထဲဝင် "

" ဟုတ် "

" ဧည့်ခန်းထဲက စောင့်မှာလား အစ်ကို့အခန်းထဲ လိုက်မှာလား "

" ဧည့်ခန်းထဲက စောင့်ပါမယ် အစ်ကိုရာ အစ်ကို့အခန်းထဲ ဘာလိုက်လုပ်ရမှာလဲ "

" ဟုတ်ပါပြီကွာ သဘော သဘော အဲဒါဆို အစ်ကို ရေသွားချိုးလိုက်ဦးမယ် ခနစောင့် "

" ဟုတ်ကဲ့ "

"ကောင်း"အိမ်ကြီးထဲ လိုက်ကြည့်မိသည်။ အိမ်ကြီးက ကြီးပေမယ့် ပစ္စည်းတွေသိပ်မရှိ အခန်းကရှင်းလင်းနေသည်။ ကြမ်းခင်းတွေကို အနီရောင်ကောဇောခင်းထားပြီး နံရံတွေကို အပြာရောင်သုတ်ထားကာ ခန်းဆီး၊လိုက်ကာများကို ပန်းရောင်သုံးထားသည်။ ကြည့်ရတာတစ်မျိုးဖြစ်ပေမယ့် လှတော့လှသည်။ ဧည့်ခန်းထဲ၌ TV၊ဆိုဖာခုံများ၊စားပွဲ ဒါပဲရှိသည်။ အိမ်ထဲ၌ စူးစမ်းနေတုန်း အပြင်က ကားသံကြားရသည်။ "ကိုနိုင်" ဆိုသောသူဖြစ်မည်ထင်သည်။

" ဟင် "

" ဟင် မင်း ပါလား...မင်း ဘယ်လိုလုပ် ငါ့အိမ်ထဲရောက်နေတာလဲ "

လွန်ခဲ့တဲ့ နှစ်ပတ်ကျော်လောက်က လမ်းမှာ စက်ဘီးနဲ့မ‌တော်တဆ တိုက်မိခဲ့တဲ့သူဖြစ်သည်။ "ကိုနိုင်" ဆိုသူက အဲဒီလူဖြစ်နေတာလား တိုက်ဆိုင်လွန်းသည်။

" အစ်ကို"သူရိန်" ခေါ်လို့လိုက်လာတာပါ "

" ဪ..."သူရိန်" ရဲ့ သူငယ်ချင်းကိုး ဒါပေမယ့် မင်းက အသက်ငယ်တဲ့ပုံပါ "

" ဟုတ်..."ကောင်း" က (၈)တန်းပါ "

" ဘယ်လို (၈)တန်း ကျောင်းသားနဲ့ (၁၀)တန်း ကျောင်းသား ဘယ်လို သူငယ်ချင်းဖြစ်တာလဲ "

" အစ်ကို"သူရိန်"က သူ့ရည်းစားနဲ့ပတ်သတ်ပြီး..."

" ဘာ...ဪ ဒီလိုကိုး ငါထင်ပါတယ် အပေါင်းသင်းကြောင့်ပျက်တယ်ဆိုတာ မင်းတို့ကောင်တွေ အရွယ်မရောက်သေးဘူး အတောင်ကစုံချင်နေကြတယ် မင်းတို့မိဘတွေ မသနားဘူးလား "

" အစ်ကို "ကောင်း" စကားကို ဆုံးအောင် နားထောင်ပါဦး အစ်ကိုထင်ရာ စွတ်ပြောမနေပါနဲ့ "

" ဘာမှနားထောင်စရာမလိုဘူး မင်းတို့မြှောက်မပေးရင် ငါ့ညီပျက်စီးစရာ မရှိဘူး စတွေ့ကတည်းက ပြသနာနဲ့ မင်းကတော့ ပြသနာတွေပဲသယ်လာနေတယ် "သူရိန်"ကလည်း အပေါင်းအသင်း ညံ့လိုက်တာ ဘယ်လိုကောင်တွေပေါင်းနေလဲမသိဘူး "

" အစ်ကို့ကို လူကြီးလူကောင်း တစ်ယောက်လို့ ထင်ထားတာ တကယ်တော့ အစ်ကိုက စိတ်ဓာတ်ညံ့ဖျင်းတဲ့သူပဲ သူများသား/သမီးကို အကျိုးအကြောင်းသေချာမသိဘဲ စော်ကားချင်တိုင်းစော်ကားနေတာပဲ တမလွန်က အစ်ကို့မိဘတွေတော့ မျက်နှာတောင် ပြရဲမှာ မဟုတ်ဘူး "

" ဘာကွ...မင်းကငါ့အကြောင်းဘယ်လောက်သိလို့လဲ ငါ့မိဘတွေကိုလည်း စော်ကားရဲသေးတယ် မင်းကဘယ်လိုကောင်လဲ ရိုင်းလှချည်လား "

" ဪ...အစ်ကိုကရော "ကောင်း"အကြောင်းကိုဘယ်လောက်သိလို့လဲ အစ်ကိုပြောနေတာတွေကရော ယဉ်ကျေးနေတယ် ထင်လို့လား "

ထိုစဉ် ဆူညံဆူညံ အသံများကြောင့် "သူရိန်" ရေအမြန်ချိုးပြီး အပေါ်ထပ်က ပြေးဆင်းလာသည်။

" ဘာတွေဖြစ်နေကြတာလဲ ဆူညံဆူညံနဲ့ "

" ဘာဖြစ်ရမှာလဲ မင်းသူငယ်ချင်းကြောင့်ပေါ့ "

" အစ်ကို"သူရိန်" ရှင်းပြလိုက်ပါဦး အစ်ကို့ရဲ့အစ်ကိုက ညီဇောဖုံးပြီး ဘာမှမမြင်တော့ဘူး "

"ကောင်း" ကို "ကိုနိုင်" ဒေါသတကြီးကြည့်နေသည်။ မျက်လုံးထဲ၌ မီးများတောက်နေသည့်အလား ထင်ရသည်။ "ကောင်း" ကြောက်ပေမယ့် အသားလွတ်စော်ကားနေတာတော့ မခံနိုင်ပါဘူး။ ရှိသမျှသတ္တိအကုန်သုံးကာ ပြောနေခြင်းဖြစ်သည်။ အစ်ကို"သူရိန်" အကုန်ရှင်းပြပြီးမှ "ကောင်း" ကိုအားနာသည့်ပုံဖြင့်ကြည့်ကာ တောင်းပန်စကားဆိုသည်။

" Sorry ညီလေး အစ်ကိုမှားသွားတယ် "

" "ကောင်း" ကတော့ မကျေနပ်နိုင်ပါဘူး "ကောင်း" ကို ရစရာမရှိအောင်ပြောထားတာ "

" ဟင် အဲဒါဆို အစ်ကို မင်းကို ထမင်းကျွေးပါ့မယ်ကွာ "

" ထမင်းက အစ်ကို"သူရိန်" ကျွေးထားတယ်လေ "

" ဘာပဲဖြစ်ဖြစ် အစ်ကို ညီလေးကို တောင်းပန်ပါတယ် "

" ရပါတယ် "ကောင်း" က အဲလောက်လည်း သဘောထား မသေးသိမ်ပါဘူး အခုက တမင်ပြောနေတာ "

"ကိုနိုင်" က သူမှားမှန်းသိတော့ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်သွားသည်။ နေရထိုင်ရခက်နေတဲ့ အိမ်ကြီးရှင်ကိုကြည့်ပြီး "ကောင်း" ရယ်ချင်စိတ်ကို မနည်းထိန်းထားရသည်။ တကယ်တော့ "ကိုနိုင်" က ညီလေးကို အရမ်းချစ်ရှာတော့ စိတ်ပူပြီး စိတ်လောကာ အခုလိုပြသနာဖြစ်ရတာပါ။ ဒီလိုအမှားမျိုးကလည်း ဘယ်နှစ်ခါ ဖြစ်ပြီးပြီလည်းမသိပါဘူး။

" ကဲ...နှစ်ယောက်သား ပြေလည်သွားပြီဆိုတော့ ထမင်းသွားစားကြမယ် "

" အစ်ကိုကြီးလည်း ဆာနေပြီ ဟိုကောင်လေးလည်း ဆာရောပေါ့ စားကြတာပေါ့ "

" ကျနော့်ကို "ကောင်းကောင်း" လို့ခေါ်လို့ရပါတယ် "

" ဟုတ်ပါပြီ ထမင်းစားရင် အားမနာနဲ့နော် လိုတာပြော "

" ဒီက ညီလေးကိုလည်း ဂရုစိုက်ပေးပါဦး "သူရိန်" ကိုလည်း ရှိတယ်လို့ ထင်သေးရဲ့လား "

" ဒါက ဧည့်သည်လေ ပိုဂရုစိုက်‌ပေးရမှာပေါ့ "

" ခုနကကျ ရန်ဖြစ်နေပြီးတော့ "

" စကားများတယ် လာစားကြမယ် "
👍4❤‍🔥1
ညီအစ်ကိုနှစ်ယောက်ရဲ့ ကြားမှာ "ကောင်း" အသံတိတ်ပြီး ထမင်းကိုသာ ငုံ့စားနေမိသည်။ "ကိုနိုင်" ကလည်း ခုနကကိစ္စနဲ့ပတ်သက်ပြီး အားနာနေလို့လားမသိ လောကွတ်တွေချော်ကာ ဟင်းများကို ထည့်ပေးနေသည်။ အစ်ကို"သူရိန်" ကလည်း ပြောင်စပ်စပ်နှင့်ကြည့်နေသည်။ စားပြီးသောက်ပြီးတော့ ကျောင်းသို့ ပြန်လာခဲ့ကြသည်။ နောက်လည်းလာလည်ဖို့ "ကိုနိုင်" (ခေါ်) "ကောင်း" စိတ်ထဲက ပေးထားသော "ကိုစိတ်တိုကြီး" က အမှာတော်ပါးလိုက်သေးသည်။


Author_Jan👤
MC_Jan

Victoria Magazine 🌸🌈 HC Management ☑️
@VictoriaMagazine
coming soon episode (6) 🌹
❤‍🔥1
🍎 အချစ်ဦး အမည်ခံ... 🍎

🏞️အပိုင်း (၆)🌃

"ကိုနိုင်" ၏ အတွေးကမ္ဘာ

လယ်ကွင်းပြင်စိမ်းစိမ်းများ အပေါ် ညိုမည်းသော တိမ်မည်းများက အုပ်မိုးနေသည်။ လေပြေညင်း အေးအေးလေးများက "ကိုနိုင်" ၏ ခန္ဓာကိုယ်နေရာအနှံ့အပြားကို ပွတ်သပ်ကျီစယ်နေပါသည်။ တဲအိမ်ဘေးမှာ စိုက်ပျိုးထားသော ဇွန်ပန်းရုံမှ ဇွန်ပန်းရနှံ့များကြောင့် စိတ်မှာ ကြည်လင်လန်းဆန်းနေသည်။ ကျေးငှက်လေးများရဲ့ အသံစုံ ဆည်းလည်းသံလေးတွေကလည်း နားဝင်ပီယံရှိလှသည်။ မြို့ပြလို လေထုညစ်ညမ်းမှုမရှိဘဲ သဘာဝရဲ့လတ်ဆက်လှသော အထိအတွေ့ကို ခံစားရခြင်းက ကျေးလက်ရဲ့ပြယုဒ် တစ်ခုပဲလေ။ မနေ့က နောက်ထပ်တစ်ကြိမ် တွေ့ဆုံခဲ့တဲ့ "ကောင်း" ဆိုသော ကောင်လေးရဲ့ ပုံရိပ်တွေက အတွေးထဲတင်မကဘဲ မျက်လုံးထဲပါ မြင်ယောင်လာသည်။ မဟုတ်မခံစိတ်ဓာတ်လေး၊ အရွယ်နဲ့မလိုက်တဲ့အသိဉာဏ်ကြွယ်မှု၊ ချစ်စရာကောင်းတဲ့အပြုအမူ၊ အတုယူစရာကောင်းတဲ့လူမှုဆက်ဆံရေး အရွယ်ငယ်ပေမယ့် အရောင်အသွေး စုံလင်နေတဲ့ ကောင်လေးကို "ကိုနိုင်" မေ့မရနိုင်တာတော့ အမှန်ပါ။ ညီစိတ်ကြောင့် မိမိစိတ်မှာ အမှောင်ဖုံးလွှမ်းနေခဲ့ချိန်မှာ ကောင်လေးကို ကြည့်မရခဲ့ပေမယ့် အခုလို အဖြစ်မှန်သိလိုက်ရတဲ့ အချိန်မှာ "ကိုနိုင်" မိမိကိုယ်ကို ရှက်ရွံ့မိသည်။ စက်ဘီးနှင့်တိုက်ခံရတဲ့နေ့မှာလည်း ကောင်လေးက အမှားကိုဝန်ခံပြီးတောင်ပန်ခဲ့တာကို လူကြီးဖြစ်တဲ့ မိမိက စိတ်သဘောထားသေးသိမ်ပြီး ရိုင်းရိုင်းစိုင်းစိုင်းပြောခဲ့တာပါ။ တွေးရင်း ကောင်လေးကို အားနာမိသည်။ ကောင်လေးကို ထပ်တောင်းပန်ရဦးမည်။ ဒီလောက်နှင့်တော့ မိမိအပြစ်တွေကို မကျေအေးပေးနိုင်ပါဘူး။ ဒီတစ်ပတ်ကျောင်းပိတ်ရက် ကောင်လေးအိမ်ကိုသွားပြီး တောင်းပန်ရမည်။ ‌ကောင်လေးရဲ့ရွာကလည်း မိမိရဲ့ လယ်ကွင်းတွေနဲ့ နီးသည်။

" ဦးဦး ဘာတွေစဉ်းစားနေတာလဲ သားသားခေါ်နေတာကြာပြီ "

စာရင်းငှါးတဲက အလုပ်သမားတွေရဲ့ အချစ်တော် " ပေါက်ပေါက်လေး" ရောက်နေတာတောင်သတိမထားမိဘဲ အတွေးနယ်ချဲ့နေမိသည်။ "ပေါက်ပေါက်လေး" က စာရင်းငှါးတဲမှာ ရှိသော တစ်ဦးတည်းသော ကလေး‌ပါ။ အားလုံးရဲ့အချစ်ကိုရထားသော ကလေးလေးပါ။ "ကိုနိုင်" က "ပေါက်ပေါက်လေး" ကိုကောက်ချီလိုက်ပြီး မုသားသုံးလိုက်သည်။

" ဦးဦးက "ပေါက်ပေါက်လေး" ကို ဘာကျွေးရင်ကောင်းမလဲ စဉ်းစားနေတာပါကွ "

" ဟင်...ဟုတ်ဘဲနဲ့ ဦးဦး ရည်းစားအကြောင်းတွေးနေတာ မဟုတ်လား "

" ကလေးစုတ်လေး ပေါက်ကရလျှောက်ပြောမနဲ့ ရည်းစားဆိုတာဘာလဲ သိလို့လား မင်းလေးက "

" သိတယ်...သိတယ်..."ဦးအောင်မောင်း" နဲ့ "ဦးညိုကြီး" ပြောပြတာ သားသားကိုတောင် ကောင်မလေးရှာပေးမယ်တဲ့ "

" ဒီလူတွေကတော့ ကလေးကို မဟုတ်တာတွေ သင်ပေးနေတယ်...ကဲ...လာလာ...ဦးဦးမာလကာသီး ချူပေးမယ် " (ချူ = ခူးသည်။)

" ယေး...အများကြီး ချူပေးရမယ်နော် ဦးဦး "

" အလကားမရဘူး ဦးဦးကို အာဘွားပေး "

" အာဘွား...မွမွ "

မဖိတ်ဘဲ‌ရောက်လာသော ဧည့်သည်

"ကိုနိုင်" တစ်ယောက် "ကောင်း" ၏ အိမ်ကို ရွာထဲကလူတွေကို မေးရင်း လိုက်ရှာနေခဲ့ပါတယ်။ မေးရင်းနဲ့ပဲ "ကောင်း" အိမ်ကို ရှာတွေ့သွားခဲ့ပါတယ်။ အေးသာယာရွာက မြို့နဲ့နီးတော့ ဖွံ့ဖြိုးတိုးတတ်ပါတယ်။ မြို့ပေါ်က ရပ်ကွက်နဲ့တောင်တူနေပါသေးတယ်။ အခု "ကောင်း" တို့အိမ်ကလည်း လုံးချင်းတိုက်ကလေးပါ နေချင်စရာချစ်စရာအိမ်လေးမို့ အိမ်လေးလို့သာပြောရတာပါ။ တကယ်တော့ ခြံကကျယ်သလို အိမ်ကလည်းတော်တော်ကြီးပါတယ်။ တစ်ထပ်ထဲကို ကျယ်ကျယ်ဆောက်ထားတာပါ။ ပြင်ဦးလွင်မြို့က အပန်းဖြေ အိမ်လေးတွေနဲ့တောင် သွားတူနေပါသေးတယ်။ အိမ်ထဲမှာလည်း အရောင်အသွေးစုံတဲ့ ပန်းတွေစိုက်ထားသေးသည်။ ခြံဝန်းကို ကာရံထားသည့် သစ်သားတွေကိုလည်း rainbow colours တွေချယ်ထားသေးသည်။ ခြံတံခါးဖွင့်ထား၍ ဝင်သွားလိုက်သည်။ တွေ့ပါပြီ အိမ်ရှေ့က ပန်းခြံထဲမှာ အပင်တွေထပ်စိုက်နေသော "ကောင်းကောင်းလေး" အိမ်မှာနေသည့်ပုံစံလေးက ပိုချစ်ရာကောင်းနေသေးသည်။ စွတ်ကျယ်နှင့် ဒူးအထက်မှလောက်သာရှိတဲ့ ဘောင်းဘီအကပ်လေးဝတ်ထားသည်။ ရွာမှာနေပေမယ့် အသားကမညိုလည်းမညို မဖြူလည်းမဖြူဘဲ ဝင်းဝါနေသည်။ မြေကြီးတွေက မျက်နှာမှာလည်းပေနေသည်။ အိမ်ဘေးက ခရေပင်အောက်မှာရှိ‌သော ထိုင်ခုံလေးပေါ်မှာ Bluetooth Speaker နှင့်သီချင်းကဖွင့်ထားသေးသည်။ " you're my sunshine...my only sunshine...you make me happy when skies are gray...🎵🎶" သီချင်းကောင်းတွေ ကြိုက်တတ်သားပဲဟု မှတ်ချက်ချမိသည်။ အပင်စိုက်ရင်း သီချင်းနားထောင်နေလို့ "ကိုနိုင်" ဝင်လာတာကို "ကောင်း" သတိမထားမိပါဘူး။

" ကောင်လေး "

" ဟာ..."ကိုနိုင်" ဘယ်ကနေ ဘယ်လိုရောက်လာတာလဲ "

" မင်းလေးဆီကိုပဲလာခဲ့တာ အစ်ကိုမင်း‌ကိုတောင်းပန်ချင်လို့ပါ "

" ဪ...အစ်ကိုရယ် "ကောင်း" က အဲဒီကိစ္စကို မေ့တောင်နေပြီ အစ်ကိုလည်း စိတ်ထဲမထားပါနဲ့တော့ "

" အစ်ကိုက အပြစ်လုပ်ထားတော့ မမေ့ထားနိုင်ဘူး ညီလေးရာ "

" ကဲ...အခု အိမ်ထဲအရင်ဝင်ထိုင်ပါဦး "

ထိုစဉ် "ကောင်း" ရဲ့ မေမေထွက်လာသည်။

" သားသားရဲ့ ဧည့်သည်လား အထဲခေါ်လေ ငါ့သားရဲ့ "

" ဟုတ်ကဲ့ မေမေ သား သီချင်းပိတ်ပြီး ခြေလက်ဆေးလိုက်ဦးမယ် ပြီးတော့ ဝင်ခဲ့မယ်... "ကိုနိုင်" ဝင်သွားလိုက်နော် "

" ဟုတ်ပြီ ညီလေး "
❤‍🔥1
"ကိုနိုင်" မေမေနှင့်အတူ အိမ်ထဲဝင်သွားသည်။ အိမ်ထဲ၌ ဖေဖေလည်းရှိသည့်အတွက် လူကြီးတွေနဲ့ စကားပြောတတ်မှာပါ။ ‌"ကိုနိုင်" အိမ်ထဲဝင်သွားတော့ အိမ်လေးထဲမှာ ပစ္စည်းတွေ စုံစုံလင်လင်နှင့် အသေအချာပြင်ဆင်ထားပုံမှာ မျက်စိပသာဒရှိလှသည်။ အိမ်ဖြူဖြူလေးထဲမှာ မိုးပြာရောင်လေးသုတ်ထားသည်။ ကြမ်းခင်းက မီးခိုးရောင် စလစ်ပြားများခင်းထားပြီး ပြောင်လက်နေသည်။ ဧည့်ခန်းနေရာမှာ ကတ္တီပါရောင် ကော်ဇောခင်းထားသည်။ ရွှေဝါရောင်သုတ်ထားသော ဆက်တီခုံနှင့် စားပွဲပေါ်က ခြံထဲကခူးထားဟန်တူတဲ့ နှင်းဆီပန်းတွေကို အရောင်စုံ‌နေအောင် ထိုးထားသည်။ ဘုရားခန်းကလည်း ရွှေရောင်တဖိတ်ဖိတ်နှင့် အလွန်ကျက်သရေရှိပြီး လှလိုက်တဲ့အိမ်လေးပါပဲ။ အိမ်လေးကိုကြည့်ခြင်းဖြင့် ဒီအိမ်မှာရှိတဲ့ လူတွေရဲ့ စိတ်နေစိတ်ထားကို မှန်းဆကြည့်လို့ရပါတယ်။

" အဖေကြီးရေ...သားသားရဲ့ ဧည့်သည်လာတယ် "

"‌ ဟေ...ငါ့သားလေးက မိတ်ဆွေတွေဘာတွေနဲ့ပါလားဟ...လာလာ ငါ့တူထိုင် "

ဖေဖေ၊ မေမေ တို့နဲ့အတူ "ကိုနိုင်" စကားလက်ဆုံကျနေပါတယ်။ "ကောင်း" အိမ်ထဲဝင်လာတော့ မေမေကဆီးပြောသည်။

" သားသား အဝတ်စားလဲပြီး "မောင်နိုင်အောင်သူ" နဲ့ လိုက်သွားလိုက်ပါဦး၊ ညနေမရောက်ခင်ပြန်လာခဲ့ပေါ့ "

" ဟမ်...သားက ဘယ်ကိုလိုက်သွားရမှာလဲ "

" ကဲပါ..."ကောင်းကောင်း" ရာ အဝတ်အစား အမြန်သွားလဲလိုက်ပါ "

"ကိုနိုင်" က ဒီလိုပြောပေမယ့် "ကောင်း" အူကြောင်ကြောင်နဲ့ အဝတ်စားသွားလဲလိုက်ရသည်။ "ကောင်း" အဝတ်စားလဲပြီးထွက် လာတော့

" ဒါဆို ကျနော်တို့ သွားလိုက်ဦးမယ် ဦးနဲ့အဒေါ် "

" အေးအေး ငါ့တူ ဂရုစိုက်သွား "

" "ကောင်း" ကိုဘယ်ခေါ်သွားမလို့လဲ "ကိုနိုင်" "

" တရုတ်ကြီးဆီ သွားရောင်းစားမလို့လေ "

" အစ်ကိုနော် လာနောက်မနေနဲ့ အကောင်းမေးနေတာကို "

" အစ်ကို့ လယ်တဲကို ခေါ်သွားမလို့ပါ "

" ဟင်...ဘာလုပ်လဲ "

" ဟိုရောက်တော့သိမှာပေါ့ လာ ဆိုင်ကယ်ပေါ်တတ် "

ဆိုင်ကယ်က အမြင့်ကြီးဖြစ်သည်။ အက်ရှင်ဇာတ်ကားတွေထဲကလို ဆိုင်ကယ်ကြီးဖြစ်သည်။ ရှေ့ကလူကို ကုန်းပြီးဖတ်ထားမှ အဆင်ပြေမယ့်ဆိုင်ကယ်မျိုးဖြစ်သည်။ မဟုတ်ရင် ခုန်လျှင် ပြုတ်ကျပြီး အသက်ထွက်နိုင်သည်။

" ရှေ့တိုး အစ်ကို့ကို ဖတ်ထား "

" အစ်ကို့ဆိုင်ကယ်ကြီးက အမြင့်ကြီးပဲ မြန်မြန်မစီးနဲ့နော် "ကောင်း" ကြောက်တယ် "

" ဟုတ်ပါပြီကွာ အစ်ကို့ကိုယုံစမ်းပါ မင်းကလည်း "

" မယုံလို့မဟုတ်ပါဘူး "ကောင်း" က အစ်ကို့ကို သတိပေးတာ "

" ဟား...ဟား...ကြောက်ရင်ကြောက်တယ်ပေါ့ ဘာသတိပေးတာလဲ "

" အစ်ကိုနော်..."

ပြောရင်းဆိုရင်း "ကိုနိုင်" ဆိုင်ကယ်ကိုမောင်းထွက်သွားသည်။ အသည်းတအေးအေးနဲ့ "ကိုနိုင်" ကိုကျစ်ကျစ်ပါအောင်ဖတ်ထားသည်။ "ကိုနိုင်" ဆီက ရေမွှေးနံ့ရသည်။ ဆွဲဆောင်မှုရှိတဲ့ "ကိုနိုင်" ကို ဒီလို ဖတ်ထားရတာ "ကောင်း" မိမိကိုယ်ကို လိပ်ပြာမလုံချင်တော့ပါ။ "ကိုနိုင်"ကို "ကောင်း" စိတ်ဝင်စားမိနေတာလားမပြောတတ်ပါ။ ဒုတိယအကြိမ် လိင်တူ ရင်ခုန်မိခြင်းဖြစ်သည်။ "ကောင်း" သေချာဆုံးဖြတ်ရတော့မည်။ မိမိဖြစ်တည်မှုကို အတည်ပြုနိုင်မှ "ကောင်း"ရဲ့ အချစ်ရေး အဆင်ပြေနိုင်မည်မဟုတ်ပါလား။ အခုလောလောဆယ်တော့ "ကိုနိုင်" လယ်တဲကို ဘယ်အကြောင်းကြောင့် ခေါ်သွားတာလဲဆိုတာကို တွေးရင်း "ကိုနိုင်"ရဲ့ ရေမွှေးရနှံ့သင်းသင်းကိုရှုရှိုက်ရင်း အသည်း‌တအေးအေးနဲ့ ဆိုင်ကယ်စီးရတဲ့အရသာကို ခံစားနေမိတော့သည်...။


Author_Jan👤
MC_Jan

Victoria Magazine 🌸🌈 HC Management ☑️
@VictoriaMagazine
coming soon episode (7) 🌹
❤‍🔥1
စာဖတ်သူများသို့... 🤗

တိုတိုလေးတွေပဲရေးပြီး တစ်နေ့မှ နှစ်ပိုင်းပဲတင်နိုင်လို့ စာဖတ်သူများအားမလိုအားမရဖြစ်တာသိရတော့ ဂျန် စိတ်မကောင်းပါဘူး ။ 🥲

ဂျန် မအားလပ်တဲ့ ကြားက စာရေးရတာဝါသနာပါလို့ အချိန်ပေးပြီးရေးတာပါ ။ ဒီထက်ပိုကောင်းပြီး ပိုရှည်ရှည်ရေးပေးနိုင်အောင်ကြိုးစားပါမယ် ။ 🙏

အခုလို ဖတ်ရှု့ပြီး အားပေးကြလို့ စာဖတ်သူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ပါတယ် ။ 🥰

အခုလို စာတွေရေးပြီးတင်နိုင်အောင် adminနေရာပေးပြီး ကူညီပေးတဲ့ owner အစ်ကို ကိုလည်း ကျေးဇူး တင်ပါတယ် ။ 🙏

ဆက်ပြီးကြိုးစားပါမယ်နော် ။

ချစ်သော...ဂျန် 🐯
❤1
🍎 အချစ်ဦး အမည်ခံ... 🍎

🏞️အပိုင်း (၇)🌃

"ကိုနိုင်" ၏ ပျော်စရာ လယ်တော

လယ်တောဘက်ကို မရောက်ခင် ဆိုင်ကယ်ကို ရပ်လိုက်ပါသည်။ အဘယ်ကြောင့်ဆိုသော် လယ်တောဘက်တွေကို ဆိုင်ကယ်စီးလို့မရတော့ပါဘူး။ ကားလမ်းကြီးဘေးမှာရှိတဲ့ "ကိုနိုင်" ၏ ဆိုင်ကယ်ထားနေကျ အသိမိတ်ဆွေဖြစ်ပုံရတဲ့ အိမ်တစ်အိမ်မှာ "ကိုနိုင်" ဆိုင်ကယ်သွားထား နေသည်။ လယ်တောဘက်ကို လယ်ကန်သင်းတွေပေါ်မှ လမ်းလျှောက်သွားရမည်ဖြစ်သည်။ လယ်ထဲမှာလည်း ရေတွေကပြည့်လျှံနေသည်။ ပုစွန်လုံးတစ်ချို့မှာ လယ်ကန်သင်းတွေပေါ် ပြေးတတ်လာလိုက် လယ်ထဲကိုဆင်းသွားလိုက်နှင့် ဆော့ကစားသည်လားပင် မသိပါ။ "ကောင်း" က ရွာသားတစ်ယောက်ဖြစ်ပေမယ့် လယ်တောဘက်တွေမသွားဖူးပါဘူး။ "ကောင်း" ရဲ့မိဘတွေက ကုန်သည်တွေ‌ဖြစ်သောကြောင့် လယ်တောဘက်တွေသွားရမည့် အကြောင်းအရင်းမရှိပါဘူး။ ဒါကြောင့်လည်း နေလောင်ပြီး အသားမမည်းတာပါ။ လယ်သမားများရဲ့သား/သမီးတွေဆိုလျှင် ငယ်ငယ်ကတည်းက လယ်တောဘက်တွေမှာ မိဘများကိုကူညီရင်း အလုပ်လုပ်ကြရသည်။ အောက်က"ရေ" အပေါ်က"နေ" ဖြစ်သောကြောင့် နိုင်ငံခြားမှာကဲ့သို့ ကမ်းခြေသို့တကူးတကသွားပြီး နေလောင်ခံစရာမလိုပါဘူး။ နေလောင်လွန်း၍ မည်းလို့တောင်နေပါတယ်။ ဒါကြောင့် မြန်မာမုန့်တွေထဲက တစ်မျိုးဖြစ်တဲ့ "အညာသားကျောကုန်း" မုန့်ဆိုတာ နေလောင်ဒဏ်တွေကို အန်တုရင်း နေပူထဲမှာ အလုပ်လုပ်ရလွန်းလို့ မည်းနေသော အညာသားတောင်သူလယ်သမား၏ ကျောကုန်းလို မဲနက်နေသောကြောင့် တင်စား၍ခေါ်သည်လား နှိမ့်ချ၍ခေါ်သည်လားမသိပါဘူး။ ( မုံရွာမြို့က ဘုရာကြီးပွဲမှာဆိုလျှင် "အညာသားကျောကုန်း" မုန့်ဆိုပြီးရှိပါသည်။ အဖြူ၊အမည်း နှစ်မျိုးရှိပါသည်။ ပွဲတော်ရက်မှာ သွားရောက်မြည်းစမ်းလို့ရပါတယ်။ ) စိုက်ပျိုးရေးနိုင်ငံတစ်ခုဖြစ်တဲ့ ဒီမြန်မာနိုင်ငံမှာ ဒီလိုမျိုး လယ်သမားကြီးများ ရှိနေသောကြောင့် နိုင်ငံဖွံ့ဖြိုးဖို့အတွက် အထောက်အကူပြုနေသည်မဟုတ်ပါလား။ ငယ်စဉ်ကတည်းကနေ အသက်ကြီးသည်အထိ ဒီလယ်ထဲမှာပဲ အချိန်ကုန်ကြရတာပါ။ အခုနောက်ပိုင်းဆိုလျှင် သူတို့လို နေပူစပ်ခါးမှာ အလုပ်မလုပ်ကြရအောင် သား/သမီးများကို ပညာတွေသင် မြို့ပေါ်တွေမှာ ဝန်ထမ်းများဖြစ်အောင် ပံ့ပိုးထောက်ပံ့သောကြောင့် လယ်သမားဦးရေတွေ နည်းသွားပြီဟုပင်ဆိုရမည်။ "ကောင်း" ‌လယ်တောများကို ကျောင်းသွားရင်းနှင့် လမ်းပေါ်မှ လှမ်းမြင်ရုံတင် မြင်ဖူးသည်။ အခုလို လယ်တောထဲဆင်းကြည့်တော့ စိတ်ထဲ အေးချမ်းသလိုလို ပျော်သလိုလိုဖြစ်လာသည်။ ရေများနှင့်ဆော့ချင်လာသည်။ မူးမြောင်းထဲမှာလည်း ဆည်ရေတွေကအပြည့်လာနေသည်။ "ကောင်း" က "ကိုနိုင်" ကိုရေနဲ့လှမ်းပတ်လိုက်သည်။

" "ကိုနိုင်" ရေ....ရော့....ဟီး....ဟီး "

" ဟာ ဟာ ကောင်လေး မလုပ်နဲ့ အစ်ကို့မှာ ဖုန်းပါတယ် ဖုန်း‌ ရေစိုကုန်တော့မယ် "

" ဖုန်းကိုဘေးမှာသွားထား "ကောင်း"နဲ့အတူတူ ရေဆော့ပေး ဟီးဟီး သွားမြန်မြန် "

" ဟာ အစ်ကိုက ကလေးမှမဟုတ်တာ မဆော့ချင်ပါဘူး "

" အာ မရပါဘူး အစ်ကို ခေါ်တုန်းက ခေါ်လာပြီး ဆော့ပေးနော် နော် နော် "

" "ကောင်း" မှာ အဝတ်အစားတွေအပိုပါမလာဘူးလေ "

" "ကိုနိုင်"ရဲ့ အဝတ်စားတွေယူဝတ်မှာပေါ့ သွားပါမြန်မြန် "ကောင်း" ပတ်လိုက်တော့မှာနော် "

" ဟေး...ဟေး...နေပါဦး သွားမယ် သွားမယ် "

"ကောင်း" နဲ့ "ကိုနိုင်" ရေတွေဆော့ရင်း ပျော်နေကြပါတယ်။ "ကိုနိုင်" က ‌လယ်တောက "ပေါက်ပေါက်လေး" နဲ့ ရေဆော့နေကျမို့ အဆန်းမဟုတ်ပေမယ့် "ကောင်းကောင်းလေး" အတွက်တော့ အဆန်းဖြစ်ပြီး ပျော်စရာကောင်းနေပါတယ်။ ရေစိုနေသော "ကိုနိုင်" ရဲ့ခန္ဓာကိုယ်က တကယ်ကို ကြည့်ကောင်းနေပါတယ်။ စာရင်းငှါးများနှင့်အတူ လယ်ထဲဆင်းသောကြောင့် အသားညိုညို ကြွက်သားအစိုင်အခဲများနှင့် တကယ့်ကို ယောက်ျားပီသလှပါတယ်။ အသံဩဩနှင့် စကားပြောတတ်ပေမယ့် စိတ်တိုနေချိန်မှတစ်ပါး စကားပြောတာနားထောင်ကောင်းပါတယ်။ အားကစားလိုက်စားသည်ထင်သည်။ ဗိုက်မှာလည်း ကြွက်သားအမြောင်းအမြောင်းကြီးတွေ six packs ဆိုတာဖြစ်မည်။ "ကောင်း"မှာ ဒါတွေရှိဖို့နေနေသာသာ လူက ခေါက်ဆွဲမျှင် လိုပင်ဖြစ်‌နေသည်။ "ကောင်း" နဲ့ "ကိုနိုင်" ရေတော်တော်ကြာအောင်ဆော့ပြီး လယ်တောဘက်က တဲအိမ်လေးသို့ပြန်လာခဲ့သည်။

" အဟွတ်...အဟွတ်..."

" "ကောင်းကောင်းလေး" အဆင်ပြေရဲ့လား ချောင်းတွေဆိုးလာပြီ နှုတ်ခမ်းတွေလည်းပြာလာပြီ "

" "ကောင်း" အဆင်ပြေပါတယ် အခုလိုမဆော့ဖူးတော့ ချောင်းလေး နည်းနည်းဆိုးတာပါ "

" လာလာ အစ်ကို့ရဲ့ အဝတ်တွေအမြန်လဲလိုက် "

" ဟုတ် "

"ကောင်း"အဝတ်လဲမည်လုပ်‌နေသော်လည်း "ကိုနိုင်"ကထွက်မသွားသေးပါ။ အဝတ်စားနောက်ထပ်တစ်စုံယူနေသည်။ "ကောင်း" နဲ့အတူတူ အဝတ်လဲမည်လုပ်နေသည်။

" အစ်ကို ဘာလုပ်နေတာလဲ "

" အစ်ကိုလည်း လဲမလို့လေကွာ "

" ဟမ်..."ကောင်း" လဲပြီးမှဝင်ခဲ့ သွားသွား အပြင်ထွက် "

" ကောင်လေးကတော့ ယောက်ျားချင်းကိုရှက်နေသေးတယ် တကယ်ပါပဲ ကျနော်မျိုးထွက်ပေးပါမယ်ဗျာ "

" ချောင်းမကြည့်နဲ့နော် သွား သွား "

" ဟား...ဟား...တကယ့်ကောင်လေးပဲ "

"ကောင်း" အဝတ်လဲပြီးသောအခါ "ကိုနိုင်" ကိုလှမ်းခေါ်လိုက်သည်။

" ပြီးပါပြီဗျို့ ဝင်ခဲ့လို့ရပြီ "

" ဟား...ဟား...ဟား...ဟား...ဟား...ဟား "
👍2❤‍🔥1
"ကိုနိုင်" တစ်ယောက် "ကောင်း" ကိုကြည့်ပြီး ဟက်ဟက်ပက်ပက်ရယ်နေသည်။ "ကောင်း" လည်း အူကြောင်ကြောင်နှင့်လိုက်ပြုံးမိသည်။ "ကိုနိုင်" ရဲ့အဝတ်အစားတွေ "ကောင်း" ယူဝတ်ထားတော့ ဆင်သားရေကို ဆိတ်အပေါ်ဖုံးထားပေးသလို ဖြစ်နေသည်။ အဝတ်အစားက လူထက်ကြီးနေသည်။ ရှေးခေတ်က ဝန်ကြီးတွေနှင့်တောင်သွားတူနေသည်။ "ကောင်း" လည်းရှက်ပြီး တံခါးကိုပြန်ပိတ်လိုက်သည်။

" "ကိုနိုင်" ဘာရယ်တာလဲ "ကောင်း" ရှက်လာပြီ "

" အခန်းထောင့်မှာ မှန်ရှိတယ် ယူကြည့်လိုက် ဟား...ဟား...ဟား..."

"ကောင်း" ယူကြည့်လိုက်သည်။ တကယ်ပင်ရယ်စရကောင်း နေသည်။ အသံမထွက်အောင် ရယ်လိုက်မိသေးသည်။ စကားသံကိုထိန်းပြောရင်း "ကိုနိုင်" ကိုခပ်တည်တည်နဲ့ ဟောက်လိုက်သည်။

" "ကိုနိုင်" "ကောင်း" ကိုမလှောင်နေပါနဲ့ "ကိုနိုင်" အဝတ်စားတွေကကြီးနေတာလေ "ကောင်း" ကိုဟာသလုပ်မနေပါနဲ့ "

" ဟုတ်ပါပြီကွာ မရယ်တော့ပါဘူး ထွက်ခဲ့ပါတော့ အစ်ကိုချမ်းနေပြီ "

"ကိုနိုင်" အဝတ်မလဲရသေးတာကို အခုမှသတိထားမိတော့သည်။ "ကောင်း" တံခါးကို မြန်မြန်ဖွင့်ပေးလိုက်သည်။

" အစ်ကိုကတော့ မရှက်တတ်ဘူး နေချင်နေလို့ရတယ် "

" အစ်ကိုမရှက်ပေမယ့် "ကောင်း"ရှက်တယ် မြန်မြန်လဲ "

" ဟဲ...ဟဲ အေးပါ "

အဝတ်အစားလဲပြီးသော် ထမင်းစားဖို့ စာရင်းငှါးတွေဘက်ကို လာခဲ့ကြသည်။ ထမင်းပွဲကပြင်ထားပြီးသားဖြစ်သည်။ ဇွန်းတွေ၊ပန်းကန်တွေနဲ့မဟုတ်ပါ ဖက်ရွက်ပေါ်မှာ တင်စားကြခြင်းဖြစ်သည်။ ဟင်းတွေကလည်းအများကြီးပါ။ လယ်ထဲက ပုစွန်လုံးတွေကို မုန့်နှစ်တွေနှင့် အကြွပ်ကြော်ထားသည်။ လယ်ကန်သင်းက ကန်စွန်းရွက်ရိုးနီတွေကို မန်ကျည်းသီးအမှည့်နှင့် အရည်သောက် ချက်ထားသည်။ ၎င်းကိုတော့ ကြွေဇလုံကြီးနှင့်ထည့်ထားပြီး ဇွန်းတွေ အများကြီးတပ်ထားသည်။ ကြက်ဟင်းခါးသီးအသေးလေးများကို ပုစွန်ခြောက်နှင့် ရောကြော်ထားသည်။ ဝက်သားသုံးထပ်သားကို ဆီပြန်နေအောင်ချက်ထားသည်။ ကြက်သားနှင့်အာလူးချက်ထားတာလေးလည်း ပါသေးသည်။ ငရုတ်ပုသီးလေးများကိုလည်း ငါးပိနှင့် ထောင်းထားသည်။ ဘူးရွက်များကို အရည်စပ်စပ်နှင့် ကြော်ထားသည်။ ငါးပိရည်ခွက်ကိုအလယ်မှာထားပြီး ဘေးမှာ သခွါးသီး၊ ကစော်သီး၊ ဆလပ်ရွက်၊ ကန်စွန်းရွက်အရိုးနီများကိုပြုတ်ထားပြီး ဒညင်းသီးပြုတ် နှင့် ရုံးပတီသီး များကိုဝိုင်းထည့်ထားသည့် လင်ပန်းကြီး က ထမင်ဝိုင်းအလယ်မှာထားသည်။ ချဉ်ပေါင်နှင့်မျှစ်ကြော်ထားတာလေးကတော့ မပါမဖြစ်ပေါ့ ငါးပိရေတို့စရာနှင့် ချဉ်ပေါင်ကြော်မှာ မြန်မာ့ထမင်းဝိုင်းရဲ့ sign တစ်ခုပင်မဟုတ်ပါလား။ ဗိုက်ဆာဆာနှင့် "ကောင်း" တစ်ယောက် ဟန်မဆောင်နိုင်တော့ပါ။ စာရင်းငှါးများနှင့်နီးတူ အားရပါးရစားလိုက်သည်။ "ကိုနိုင်" မှာ အားမ‌နာစားနော်လို့တောင် ပြောချိန်မရလိုက်ပါဘူး။ "ကောင်း" တစ်ယောက် အပီပြင်ကျိတ်နေပါပြီ။ "ကိုနိုင်" "ကောင်း" ကိုကြည့်ပြီး သဘောကျနေမိသည်။

"ကောင်း" အိမ်မပြန်နိုင်ခြင်း

" "ကိုနိုင်" ကို ကျေးဇူးတင်ပါတယ် အခုလို လွတ်လွတ်လပ်လပ်နေရာတာ အရမ်းကိုပျော်စရာကောင်းတယ် ဘာ ပကာသန မှ မရှိဘူး "

" "ကောင်း" သဘောကျရင် နောက်လည်း လာလည်ပေါ့ အခုတော့ ထမင်းစားပြီး ခဏလှဲပြီး တစ်ရေးတစ်မော အိပ်ချင်အိပ်လိုက် "ကိုနိုင်" အလုပ်သမားတွေဆီသွားပြီး အလုပ်ကိစ္စဆွေးနွေးလိုက်ဦးမယ် "

" ဟုတ် "ကောင်း" လည်းအိပ်ချင်နေတာ "

" အဲဒါဆို အစ်ကိုသွားပြီနော် "

" ဟုတ် "

"ကောင်း" "ကိုနိုင်" ၏ အိပ်ရာပေါ်ကို လှဲအိပ်လိုက်သည်။ ခဏလေးအတွင်း အိပ်ပျော်သွားသည်။ အိပ်လိုက်တာ ညနေပိုင်းထိရောက်သွားသည်။ "ကောင်း" မထနိုင်ပါဘူး။ မနက်ပိုင်းက ရေဆော့ခဲ့တာကြောင့် ဒဏ်မခံနိုင်ဘဲ အဖျားတွေ တတ်နေပါပြီ။ တစ်ကိုယ်လုံး ပူကျစ်ပြီး အဖျားနဲ့မှိန်းနေရသည်။ ထိုစဉ် "ကိုနိုင်" ရောက်လာသည်။

" "ကောင်းကောင်းလေး" အိပ်လှချည်လား ညကျအိပ်မရဘဲ ဖြစ်နေဦးမယ် ထတော့လေ ညနေမရောက်ခင်ပြန်ခဲ့လို့ အိမ်ကမှာလိုက်တယ်မဟုတ်လား တော်ကြာနောက်ကျနေမယ် "

" ဟင်းဟင်း...ဟင်းဟင်း..."

" ဟင် ကောင်လေး အဖျားတွေတတ်နေတာပါလား ဒီအတိုင်းအိမ်ပြန်ပို့လို့တော့မဖြစ်ဘူး တော်သေးတာပေါ့ "ကောင်း" ဖေဖေဆီက ဖုန်းနံပါတ်ယူခဲ့လို့ "

"ကိုနိုင်" တစ်ယောက် "ကောင်း" ရဲ့မိဘတွေဆီကို ဖုန်းဆက်ပြီး အကျိုးအကြောင်းပြောကာ "ကောင်း" ကို လယ်တဲမှာပဲ ညအိပ်ဖို့ ခွင့်တောင်းလိုက်သည်။ "ကောင်း"ရဲ့ မိဘတွေကိုလည်း စိတ်မပူဖို့နှင့် သေချာဂရုစိုက်ပေးမှာဖြစ်ကြောင်း ပြောလိုက်သည်။ "ကောင်း" မိဘတွေလည်း စိတ်ချလိုက်သည်။

" ညီလေး ထထ ဆေးသောက်လိုက်နော် "

" ဟင်းဟင်း...ဟင်းဟင်း...အစ်ကို "ကောင်း" မိဘတွေစိတ်ပူနေတော့မယ်ထင်တယ် "

" အစ်ကို ဖုန်းဆက်ပြီးပါပြီ ညီလေး ဒီမှာပဲ အိပ်လိုက်နော် မနက်ကျ သက်သာကာမှ ပြန်ပို့ပေးမယ် မနက်ဖြန် Sunday ဆိုတော့ ကျောင်းလည်းမပျက်ပါဘူး "

" ဟုတ်...ဆေးက ခါးလားဟင် "ကောင်း" ဆေးကြောက်တယ် "

" အစ်ကို တိုက်မယ်နော် ထ ဆေးကိုအာခေါင်ထဲပစ်လိုက် ပြီးရင် ရေမြန်မြန်သောက်လိုက် "

" ဟုတ် "

" ခါးလား ကောင်လေး "

" မခါဘူးပါဘူး "

" ရော့...ချိုချဉ်လေး ငုံထားလိုက်ပြီး ခဏလှဲနေလိုက် "

" ဟုတ် "

"ကောင်း" အဖျားနဲ့မှိန်းနေရင်း ညရောက်လာပါတယ်။ ညရောက်တော့ အဖျားက ပိုတတ်ချင်နေသည်။

" ဟင်းဟင်း...ချမ်းလိုက်တာ "

" ဟင် ညီလေး အဖျားတွေ တတ်လာပြန်ပြီပဲ "
❤2❤‍🔥1👍1
" "ကိုနိုင်" "ကောင်း" အရမ်းချမ်းတာပဲ ကိုယ်တွေလည်းနာတယ် အဟင့် အဟင့် "

" ဟင် "ကောင်းကောင်းလေး" ကလေးလေးကျလို့ မငိုပါနဲ့ကွာ "

" ချမ်းရင် အစ်ကိုဖတ်ထားပေးမယ် "

"ကိုနိုင်" ဖတ်ထားတော့ "ကောင်း" ကိုယ်ငွေ့နဲ့နွေးသွားသည်။ မေတ္တာတရားနဲ့ ဂရုစိုက်မှုတွေ ပေါင်းလိုက်တော့ "ကောင်း" နေသာထိုင်သာရှိသွားပြီး အိပ်ပျော်သွားပါသည်။

" ကလေးလေး တကယ့်ကို ကလေးလေးပဲ ခုနကကျ ငိုနေပြီး အခုကျအိပ်ပျော်သွားပြီ အိပ်နေတာလေးကလည်း တကယ့် ကလေးလေးအတိုင်းပဲ ဘာအပြစ်အနာဆာမှမရှိဘူး "

"ကိုနိုင်" "ကောင်း" ကို ချစ်နေမိတာကြာပါပြီ။ ပြသနာတွေပြေလည်ပြီးတဲ့ နေ့ကတည်းက "ကောင်း" ကို သဘောကျပြီး ချစ်မိသွားခဲ့ခြင်းဖြစ်သည်။ စိတ်ကစားပြီး ရင်ခုန်တာမဟုတ်ပါ။ ချစ်မိသွားတာပါ။ "ကိုနိုင်"ရဲ့ အရွယ်က စိတ်ကစားတတ်တဲ့ အရွယ်လည်း မဟုတ်ပါ။ သေချာစဉ်းစားပြီးမှ ချစ်မိနေတယ်ဆိုတာကို အတည်ပြုထားတာပါ။ အချစ်တစ်ခု ဖြစ်ပေါ်ခြင်းမှာ ကျား/မ gender တွေခွဲလို့မရပါဘူး။ အသက်ကြီးကြီး အဘိုးကြီးနဲ့ အသက်ငယ်ငယ် ကောင်မလေးချစ်ကြခြင်း၊ အသက်ငယ်ငယ်ကောင်လေးနဲ့ အသက်ကြီးကြီး အဒေါ်ကြီး ချစ်ကြခြင်းမှာ ချူစားတယ်၊ ကလေးမုန့်ပေးကြိုက်တယ် ဒီလို ခေါင်းစဉ်တပ်ကြတယ်။ မိန်းကလေးအချင်းချင်း ကြိုက်ကြခြင်း၊ ယောက်ျားလေးအချင်းချင်း စိတ်ဝင်စားခြင်းမှာ မရှက်ကြဘူးလား မရွံကြဘူးလား ဆိုပြီး ကဲ့ရဲ့ အပြစ်တင်ကြသည်။ အချစ်တစ်ခုဖြစ်ပေါ်လာဖို့ မလွယ်ကူပါဘူး။ အချစ်ဆိုတာ မေတ္တာ အရင်းခံပြီးမှ နှလုံးသားဆီသယ်ဆောင်ကာ ဦးနှောက်နဲ့ ဆုံးဖြတ်ရတာပါ။ ရင်ထဲကမပါဘဲ "ချစ်တယ် ချစ်တယ်" နဲ့ ပြောနေတဲ့သူတစ်ချို့ကြောင့် "ချစ်တယ်" ဆိုသော စကားလုံးက ဈေးပေါသလိုလို၊ အဓိပ္ပါယ်မရှိသလိုလို၊ ဟာသစကားလုံးလိုလို၊ အသုံးချခံစကားလုံးလိုလိုဖြစ်နေရတာပါ။ လူတိုင်းကို လိုက်ချစ်နေဖို့က သာမာန်ပုထုဇဉ်လူသားတစ်ယောက်အနေနဲ့ မလွယ်ကူလှပါဘူး။ အချစ်တစ်ခုဖြစ်ပေါ်လာတဲ့အခါ တကယ်ကြည်နူးရပါတယ်။ သူ့ကို ချစ်နေရတာကိုကပဲ နိဗ္ဗာန်ဘုံလေးတစ်ခုပေါ့။ "ကိုနိုင်" "ကောင်း" ရဲ့မျက်နှာလေးကိုကြည့်ရင်း စိတ်ထဲ မရိုးမရွဖြစ်လာသည်။ နှင်းဆီဖတ်လို ဖူးရဲနေတဲ့ "ကောင်း" ရဲ့နှုတ်ခမ်းလွှာလေးကို နမ်းမိသွားသည်။

" အစ်ကိုထိန်းမရတော့လို့ပါ ကောင်လေး အစ်ကိုမင်းလေးကို ချစ်နေမိခဲ့ပြီ အစ်ကိုမင်းကို မဆုံးရှုံးချင်ဘူး ကလေးလေးကို နမ်းမိလို့ အစ်ကို့ကို စိတ်မဆိုးပါနဲ့နော် "

နာမ်စားတွေများစွာသုံးရင်း "ကောင်း" ကိုနွေးထွေးစွာဖတ်ကာ "ကိုနိုင်" စိတ်ချမ်းသာစွာနဲ့ အိပ်ပျော်သွားခဲ့ပါပြီ။ အိပ်မက်ထဲ မှာ ကလေးလေးနဲ့ လူကြီးကြီး တို့ ချစ်ကြည်နူးလေရဲ့...။


Author_Jan👤
MC_Jan

Victoria Magazine 🌸🌈 HC Management ☑️
@VictoriaMagazine
coming soon episode (8) 🌹
❤‍🔥1
🍎 အချစ်ဦး အမည်ခံ... 🍎

🏞️အပိုင်း (၈)🌃

ချစ်ခြင်းမေတ္တာ၏ တန်ခိုးစွမ်းအား

မနက်မိုးလင်းတော့ "ကိုနိုင်" က စောစောနိုးနေသည်။ အရင်ကလည်းစောစောထနေကျမို့ စောစောထရတာအကျင့်ဖြစ်နေသည်။ "ကောင်း" နဲ့ နဖူးကို လက်ဖမိုးနှင့်စမ်းကြည့်သည်။ ကိုယ်ပူတာတွေ မရှိတော့ ပါဘူး။ အဖျားပျောက်သွားတော့ ကောင်လေးရဲ့မျက်နှာက ကြည်လင်လို့နေပါတယ်။ တကယ်ကို ချစ်စရာကောင်းတဲ့ကလေးလေးပါပဲ။ "ကိုနိုင်"တစ်ယောက် "ကောင်း" ရဲ့ အိပ်ရာထ အလှလေးလေးကို ရှုစားနေချိန်မှာပဲ "ကောင်း" နိုးလာသည်။

" "ကိုနိုင်" တောင်နိုးနေပြီပဲ "

" ဟုတ်တယ် အစ်ကိုလက်ဖယ်လိုက်ရင် ညီလေးနိုးသွားမှာစိုးလို့ "

" ဟင်...တစ်ညလုံး အစ်ကို့ရဲ့ လက်ပေါ်မှာအိပ်နေခဲ့တာပဲ အစ်ကို့လက်တော့ နာနေတော့မှာပဲ sorry နော် "

" ရပါတယ် ညီလေး အဖျားသက်သာသွားတာကိုပဲ အစ်ကိုကျေနပ်လှပါပြီ အစ်ကိုက လယ်တောကို ခေါ်လာခဲ့တာလေ ညီလေးက ဒဏ်မခံနိုင်ဘဲ ဖျားတော့ အစ်ကို စိတ်မကောင်းဘူး ညီလေးကို တောင်းပန်ဖို့ ခေါ်လာခဲ့တာ အစ်ကို့ကြောင့်ပဲ ညီလေးဖျားနေခဲ့ပြန်တယ် "

" မဟုတ်တာ အစ်ကိုရာ နောက်လာလည်ရင် အကျင့်ဖြစ်သွားတာပေါ့ "

" ညီလေးက နောက်ထပ်လာလည်ဦးမှာလား "

" လာလည်မှာပေါ့ဗျ ဘာလဲ မခေါ်ချင်ဘူးလား "

" လာပါဗျာ ကြိုက်သလောက်လာ "

" အဲဒါဆိုလည်း "ကောင်း" ကို မနက်စာကျွေးပြီး ပြန်ပို့ပေးတော့ "

" အမလေးဗျာ...ဟ...ဟ...အဖျားပျောက်တော့ တစ်မျိုး ညတုန်းကကျ တရှုံ့ရှုံ့ငိုပြီးတော. "

" အစ်ကိုနော်... "

"ကောင်း" ရှက်ရမ်းရမ်းပြီး မျက်နှာသစ်ရန် ရေကန်နားကို ပြေးလာခဲ့မိသည်။ "ကိုနိုင်" "ကောင်း" အပေါ်အရမ်းဂရုစိုက်လွန်းနေသည်။ "ကောင်း" တစ်ယောက် "ကိုနိုင်" အပေါ်မှာ စိတ်တိမ်းညွှတ်ချင်လာသည်။ "ကိုနိုင်" ၏ အကြင်နာတွေ၊ ဂရုစိုက်မှုတွေ၊ အလိုလိုက်မှုတွေ ရဲ့ အောက်မှာ "ကောင်း" ပြိုလဲချင်နေမိသည်။ "ကိုနိုင်" က ယောက်ျားလေးတွေကို စိတ်ဝင်စားမှာ မဟုတ်ပါဘူးလေ။ "ကိုနိုင်" က ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ပုံစံဖြစ်သည်။ မိမိက ယောက်ျားလေးတွေကို သဘောကျတိုင်း ယောက်ျားလေးတွေတိုင်းက လိင်တူစိတ်စားနေကြတာမှမဟုတ်တာ။ "ကောင်း" "ကိုနိုင်" ကျွေးတဲ့ မနက်စာ မုန့်ဟင်းခါးကို စားပြီး အိမ်ကိုပြန်လာခဲ့သည်။ လမ်းတစ်လျှောက် "ကိုနိုင်" ခါးကိုဖက်ပြီး စိတ်ကူးရွက်လှေလွှင့်နေမိသည်။ "ကောင်း" ကို စိတ်လှုပ်ရှားစေခဲ့တဲ့ ညီအစ်ကိုနှစ်ယောက်။ နှစ်ယောက်သား တိုင်ပင်ပြီး လူကို လာပြီး သွေးဆောင်ဖျားယောင်းနေသည်လား မပြောတတ်ပါ။ အစ်ကို"သူရိန်" အပေါ်မှာ သူငယ်ချင်းသံ‌ယောဇဥ်၊ အစ်ကိုတစ်ယောက်သံယောဇဉ်ပဲ ရှိပေမယ့် "ကိုနိုင်" အပေါ်မှာ ဒီထက်ပိုချင်နေသည်။ ပုံမှန်ဆို "ကောင်း" က အရွယ်ရောက်သေးတဲ့သူတစ်ယောက်မဟုတ်သေးပါဘူး။ တကယ်လည်း ကလေးစိတ်မကုန်သေးပါဘူး။ သို့သော်လည်း စိတ်ကစားတတ်စ ဒီအရွယ်မှာ ဒီလိုအဖြစ်ပျက်တွေကြုံလာတော့ "ကောင်း" ဘယ်လို ခံနိုင်ရည်ရှိမှာလဲလေ။ "ကောင်း" ယောက်ျားလေးတွေကိုပဲ စိတ်ဝင်စားတယ်ဆိုတာကတော့ သေချာသွားခဲ့ပါတယ်။

   မီးမုန်တိုင်း တိုက်ခတ်ခြင်း

" ဟဲလို "မောင်နိုင်အောင်သူလား" ဟုတ်ပါတယ် ကြီးတော် ဘာကိစ္စရှိလို့လဲ "

" "မောင်သူရိန်" ဆေးရုံရောက်နေလို့ အမြန်လာခဲ့ပါဦး "

" ဗျာ....ဘာဖြစ်တာလဲ "

" ဆိုင်ကယ်နဲ့ ကား ချိတ်မိသွားတာလို့ပြောတယ် အခြေအနေစိုးရိမ်ရလို့ မြန်မြန်လာခဲ့ပါဦး "

" ဗျာ....ကျနော် အခုပဲ လာခဲ့မယ် "

"ကိုနိုင်" အသံကို ထိန်းပြောရင်း မျက်လုံးထဲက မျက်ရည်များမှာ တားလို့မနိုင် ဆီးလို့မရနဲ့ အရှိန်အဟုန်နဲ့ စီးကျလာတဲ့ တောင်ကျချောင်းရေလို ပြည့်လျှံစီးကျလာသည်။ ရင်ထဲမှာလည်း ကမ္ဘာတစ်ခုလုံး မီးလောင်သွားပြီလားထင်ရအောင် ပူလောင်နေရသည်။ ‌လယ်တောကနေ ခြေထောက်နဲ့ မြေကြီးထိရဲ့လား မသိနိုင်အောင် ပြေးထွက်လာခဲ့သည်။ ဆိုင်ကယ်ကို အမြန်ယူပြီး အရှိန်နှင့်မောင်းလာခဲ့သည်။ အစ်ကို မကောင်းတာပါ ညီလေးရယ်...အစ်ကို့ အပြစ်တွေပါ...ညီလေးကို ပစ်ထားမိတဲ့ အစ်ကို့ကြောင့်ပါကွာ။ သောကဗျာပါဒတွေနှင့်အတူကျဆင်းလာသော မျက်ရည်တို့မှာ မောင်းနေသောဆိုင်ကယ်အရှိန်ကြောင့် ပါးပေါ်သို့ မစီးနိုင်ဘဲ လေထဲသို့ တိုးဝင်ပျောက်ကွယ်သွားသည်။ သို့ပေမယ့် "ကိုနိုင်" ရဲ့ သောကမုန်တိုင်းကတော့ ပျောက်ကွယ်မသွားနိုင်ပါဘူး။ ဆေးရုံထဲရောက်ရောက်ချင်း ဌာနကလူတွေကို မေးရင်း ညီလေးရှိရာကို ပြေးလာခဲ့သည်။ မျက်ရည်နှင့်မျက်ခွက် ဖြစ်နေသည့် ကြီးတော်က ဆီးကြိုပြောသည်။

" "မောင်အောင်နိုင်သူ" မင်း ညီလေး ဆုံးပြီ "

" ဗျာ... "

ဘာမှမဖြစ်ပါစေနဲ့ ဆုတောင်းလာခဲ့ပေမယ့် မထင်မှတ်ထားသောအဖြေကြောင့် ကန္တာရခရီးကြမ်းကို ဖြတ်လာခဲ့သူကို မီးစနဲ့ ရင်ဝကို ဆီးကြိုပြီးထိုးလိုက်သလိုပင် အသက်ရှုရပ်မတတ် ဆို့နင့်သွားသည်။ ရပ်နေသောခြေအစုံမှာ အားအင်တွေမရှိတော့ပါဘူး အရိုးများပြုတ်ထွက်သွားသည်လား ထင်ရအောင် ပျော့ခွေကာ ထိုင်ရပ်သား လဲကျသွားသည်။

" ဒီလူ့လောကထဲကို အရင်ဝင်လာတာ အစ်ကိုပါကွာ အရင်ထွက်သွားရမှာ အစ်ကိုပါ ညီလေးရဲ့ အစ်ကို အလုပ်ကြိုးစားသမျှက ညီလေးအတွက်ပဲလေ အရင်ထွက်သွားရမှာက အစ်ကိုဖြစ်ရမှာလေကွာ ညီလေး အစ်ကို့ကို တစ်ယောက်ထဲထားသွားတော့မလို့လား ညီလေးကို ပစ်ထားမိတဲ့ အစ်ကို့ အမှားတွေကြောင့် အစ်ကို မကောင်းလို့ ညီလေးအခုလိုဖြစ်ရတာပါကွာ... "
❤‍🔥1
ပိတ်အဖြူစဖုံးထားသော အသက်ဝိဉာဉ် မဲ့နေတဲ့ ညီဖြစ်သူ ရဲ့ အလောင်းကို ကြည့်ပြီး ယူကြုံးမရဖြစ်နေသော "ကိုနိုင်" ကိုကြည့်ပြီး ဘေးက ဆရာဝန်နှင့် နာ့စ် သည်ပင် ရင်ထဲဆို့နင့်လာသည်။ စိတ်ထဲရှိတာတွေပြောဖို့ရန်၊ စိတ်သက်သာမှုရစေရန် တစ်ယောက်ထဲ ထားပေးလိုက်ပြီး အခန်းထဲက ထွက်လာခဲ့ကြသည်။ "ကိုနိုင်" တစ်ယောက်ထဲ အသံတွေပြာပြီး နှုတ်ခမ်းတွေခြောက်သည်အထိ မကြားနိုင်တော့တဲ့ ညီဖြစ်သူကိုပြောနေသည်။ မျက်လုံးအိမ်က မျက်ရည်တွေလည်း ကုန်ခမ်းသွားပြီလား မသိတော့တောင် ငိုကြွေးနေသည်။ မိဘနှစ်ပါး မရှိတော့တဲ့နောက် အရိပ်တကြည့်ကြည့်နဲ့ စောင့်ရှောက်လာတဲ့ ညီလေး အခုလို လူ့လောကထဲက စောစီးစွာ ထွက်ခွာသွားတော့ "ကိုနိုင်" တစ်ယောက် မည်သို့ရပ်တည်ရမည်ကိုပင် မသိတော့ပါ။



Author_Jan👤
MC_Jan

Victoria Magazine 🌸🌈 HC Management ☑️
@VictoriaMagazine
coming soon episode (9) 🌹
❤‍🔥1❤1👍1
🍎 အချစ်ဦး အမည်ခံ... 🍎

🏞️အပိုင်း(၉)🌃

လူမှားခြင်း

"ကိုနိုင်" အားရအောင်ငိုပြီးနောက် နောက်ဆုံးအနေဖြင့် ညီလေး၏ မျက်နှာကိုကြည့်ရန် ပိတ်ဖြူစကိုဖယ်လိုက်သည်။

" ဟင်...ညီလေးလည်း မဟုတ်ဘူး...ညီလေးရဲ့သူငယ်ချင်း "ပိုင်ဖြိုး" ပါလား...ဟင်... ဘာတွေဖြစ်နေတာလဲ "

ထိုစဉ် အခန်းဝသို့ အမောတကော ပြေးလာသော "သူရိန်" နှင့် "ထက်ပိုင်ဇော်" တို့ လူနာကုတင်ပေါ်က သူငယ်ချင်းဖြစ်သူကိုကြည့်ပြီး သွေးပျက်နေကြသည်။ "ကိုနိုင်" ဘယ်က စမေးရမယ်မှန်း မသိတော့ပါ။ "သူရိန်" က အသက်ပျောက်နေသော သူငယ်ချင်း "ပိုင်ဖြိုး" ကို ကြည့်ပြီး မျက်ရည်တွေ အဆက်မပျက်ကျလာသည်။ စကားပြောချင်နေပေမယ့် မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် နှုတ်ခမ်းများသာတုန်ရီနေသည်။ "ထက်ပိုင်ဇော်" ကတော့ အခန်းဝမှာ အားပျက်ပြီး ပုံလျက်သားလဲကျနေသည်။ ဘာတွေဘယ်လိုဖြစ်နေမှန်းမသိ အတွေးရခက်ပြီး မြင်နေရတဲ့မြင်ကွင်းကို နားမလည်နိုင်စွာကြည့်နေသူကတော့ "ကိုနိုင်" ပါ။ မေးခွန်းတွေများစွာနဲ့ မေးချင်နေပေမယ့် သူငယ်ချင်းဖြစ်သူကို ကြည့်ပြီး သွေးပျက်နေကြတဲ့ "သူရိန်" နဲ့ "ထက်ပိုင်ဇော်" ကို မမေးရက်ပါဘူး။ ထိုစဉ် "ပိုင်ဖြိုး" ရဲ့ မိဘဖြစ်သူများနှင့် သူ၏ ဆွေမျိုးများ ဝင်လာပြီး ယူကြုံးမရ ‌ငိုကျွေးနေပြန်သည်။ အိမ်ကကြီးတော်ကပြောတော့ "သူရိန်" ဆုံးပြီတဲ့ အခုမြင်နေရတာတွေကရော ဘာတွေလဲ။ "ကိုနိုင်" ရူးချင်လာသည်။ သေဆုံးသူက "သူရိန်" မဟုတ်ပေမယ့် "သူရိန်" ရဲ့သူငယ်ချင်းတွေကိုလည်း ကိုယ့်ညီလေး‌တွေပမာ ချစ်သောကြောင့် ပူဆွေးသောက ကတော့ရပ်မသွားပါဘူး။ "သူရိန်" နှင့် "ထက်ပိုင်ဇော်" အခြေအနေတည်ငြိမ်သွားပြီထင်မှ လူနာအခန်း အပြင်ဘက်ကို ခေါ်ကာ အကျိုး‌အကြောင်းမေးရသည်။

" အစ်ကို့ကိုလည်း ပြောကြပါဦး ဘယ်လိုဖြစ်ကြတာလဲ "

" ဒီလိုပါ "ကိုနိုင်" "သူရိန်"တို့သူငယ်ချင်းသုံးယောက် စုပြီးစာကျက်မယ်ဆိုပြီး "ထက်ပိုင်ဇော်" ရဲ့အိမ်မှာ လူစုပြီး စာကျက်ကြတာပါ စာကျက်နေရင်း "ပိုင်ဖြိုး" က အိပ်ချင်တယ်ဆိုပြီး အချဉ်ထုပ်သွားဝယ်ဖို့ သားရဲ့ ဆိုင်ကယ်ကို ယူသွားပါတယ် "ပိုင်ဖြိုး" ထွက်သွားလို့ မကြာပါဘူး သူ့အိမ်က သွေးကျဆေးသောက်ဖို့ မေ့သွားလို့ ဆေးပြန်သောက်ဖို့ "ပိုင်ဖြိုး" ကို အိမ်ပြန်ပို့ပေးကြဖို့ ဖုန်းဆက်လာပါတယ် အဲဒီအချိန်မှ "ပိုင်ဖြိုး"မှာ သွေးတိုးရှိမှန်းသိခဲ့တာပါ သားတို့လည်းစိုးရိမ်ပြီး လိုက်ရှာခဲ့ပါတယ် အတော်ကြာမှ အခုလိုဖြစ်သွားတယ်ဆိုတာကို သိကြရတာပါ ဆိုင်ကယ်ထဲက "owner book" ကိုကြည့်ပြီး "ကိုနိုင်" ကို ဆက်သွယ်ကြတော့ "ကိုနိုင်" က သားထင်ပြီး လိုက်လာတာ သားတို့လည်း လိုက်ရှာရင်း အခင်းဖြစ်တဲ့နေရာရောက်မှသိပြီး အခုရောက်လာတာ သားသူငယ်ချင်း အဖြစ်ဆိုးတယ်ဗျာ... "

" ဪ...အဲဒီလိုလား အစ်ကိုလည်း ညီလေးထင်ပြီး စိတ်တွေပူပြီး ခံစားခဲ့ရတယ် အခုက ညီလေးမဟုတ်ပေမယ့် ညီလေးသူငယ်ချင်းကလည်း အစ်ကို့ညီလေးပါပဲ ဈာပနပြီးမှ အစ်ကိုလယ်တောခနပြန်ပြီး ညီလေးနဲ့ပဲလာနေတော့မယ် ညီလေးကို အစ်ကိုပစ်မထားတော့ပါဘူး အစ်ကို ညီလေးကို စိတ်မချဘူး " ထက်ပိုင်ဇော် " မင်းလည်း စိတ်မကောင်းမဖြစ်နေပါနဲ့တော့ ညီလေးတို့ တတ်နိုင်သလောက် ရှာခဲ့တာပဲလေ ညီလေးတို့ရဲ့ သူငယ်ချင်းအတွက် ကောင်းမှုကုသိုလ်တွေ တတ်နိုင်သလောက်လုပ်ပေးနိုင်ဖို့ နောက်နေ့ကျ အစ်ကို ဘုရားခေါ်သွားပေးပါမယ်ကွာ "

"ပိုင်ဖြိုး" ရဲ့မိဘတွေကို ဖြောင်းဖျပြီး "ကိုနိုင်"တစ်ယောက် "သူရိန်" နဲ့ "ထက်ပိုင်ဇော်" ကို ခေါ်ကာ "ထက်ပိုင်ဇော်" ၏ အိမ်ကို အရင်ပို့လိုက်ပြီး ညီအစ်ကိုနှစ်ယောက်အိမ်ပြန်ခဲ့ကြပါတယ်။ ဒီနေ့ဖြစ်သွားသော ကိစ္စကြောင့် "သူရိန်" ကို "ကိုနိုင်" ပစ်မထားရဲတော့ပါဘူး။ အတတ်နိုင်ဆုံးဂရုစိုက်ဖို့ ညီလေးနဲ့အတူပြန်နေဖို့ မြို့ပေါ်က အိမ်ကိုပြောင်းတော့မှာပါ။ "ပိုင်ဖြိုး" ၏ ဈာပနပြီးတော့ လယ်တောက အလုပ်ကိစ္စတွေကို စာရင်းငှါးတွေနှင့် လွှဲပေးထားခဲ့သည်။

အစ်ကို"သူရိန်"၏ ဖိတ်ကြားမှု

"ကောင်း" တစ်ယောက် အစ်ကို"သူရိန်" ၏ သူငယ်ချင်းအကြောင်းကို အတန်းဖော်များမှာတစ်ဆင့်ကြားရသည်။ "ကောင်း" နှင့် မခင်ပေမယ့် " ထိုင်စရာနေရာမရှိရင် အစ်ကို့ပေါ်လာထိုင် " ဆိုသော အစ်ကိုကြီးရဲ့ မျက်နှာနှင့် ပြောပုံဆိုပုံက မျက်လုံးထဲ မြင်ယောင်လာပြီး စိတ်မကောင်းဖြစ်မိသည်။ စတတ်နောက်တတ်ပြီး ပျော်ပျော်နေတတ်မယ့် အစ်ကိုကြီးကို လူ့လောကထဲက ဆွဲခေါ်သွားတာစောလွန်းသည်။ သေခြင်းတရားက အသက်အရွယ်အပိုင်းခြား ခွဲနေတာမှမဟုတ်တာ။ ဘယ်အချိန်မှာ ဘယ်လိုသေရမလဲဆိုတာ သာမန်လူတစ်ယောက်အနေနဲ့ မသိနိုင်ဘူးလေ။ အတန်းထဲမှာ ထိုင်ပြီးငိုင်နေခိုက် အစ်ကို"သူရိန်" ရောက်လာသည်။ "ကောင်း" လည်းတွေ့ချင်နေတာနှင့် အတော်ပင်ဖြစ်သည်။ အစ်ကို"သူရိန်" စကားမစခင်မှာပဲ "ကောင်း" ကစပြောလိုက်သည်။

" စိန်ပန်းပင်အောက် သွားကြမယ်လေ အစ်ကို "

" အေး အေး ညီလေး "

စိန်ပန်းပင်အောက်ရောက်သော်

" အစ်ကို့ သူငယ်ချင်းအကြောင်း ညီလေးလည်းကြားပြီရောပေါ့ "

" ဟုတ် ကြားပြီးပါပြီ "ကောင်း" လည်းစိတ်မကောင်းပါဘူး "

" အစ်ကိုလည်း ခံစား‌နေရတယ်ကွာ နောက်တစ်ပတ် Sunday အစ်ကိုတို့နဲ့ ဘုရားလိုက်ခဲ့မလား "ကိုနိုင်" လိုက်ပို့မှာ အစ်ကို့သူငယ်ချင်းကို ရည်စူးပြီး ကောင်းမှုကုသိုလ်သွားလုပ်ပေးမလို့ပါ ညီလေးလိုက်မယ်ဆို လာခေါ်ပေးမယ်လေ "
❤2❤‍🔥1👍1
" ဟုတ် "ကောင်း"ရဲ့ အိမ်ကိုခွင့်တောင်းကြည့်ဦးမယ် ခွင့်ပြုမယ်ဆိုလိုက်ခဲ့မယ်လေ "

" ဟုတ်ပါပြီ အဲဒါဆို မနက်ဖြန်အကြောင်းပြန်ပေးလေနော် "

" ဟုတ်...ဒါဆို "ကောင်း" သွားလိုက်ဦးမယ်နော် ကျောင်းကလည်းပြန်တတ်တော့မှာဆိုတော့ "

" အေး အေး ညီလေး"



Author_Jan👤
MC_Jan

Victoria Magazine 🌸🌈 HC Management ☑️
@VictoriaMagazine
coming soon episode (10) 🌹
❤‍🔥1👍1