UPDATE MOVICE SERIES BANK ( myanmar substile)
34 subscribers
39 photos
28 links
Download Telegram
Tales Of The walking Dead (2022)
**********

Walking Dead ဆိုတာ အကောင်းဆုံးနဲ့အရှိန်အဝါအကြီးဆုံး အကျယ်ပြန့်ဆုံး ဇွန်ဘီးဇာတ်လမ်းတွဲကြီးတစ်ခုပဲဆိုမမှားပါဘူး။

ဒီစီးရီးကတော့ အဲဒီဇာတ်လမ်းတွဲတွေထဲက ဇာတ်ကောင်တွေ တစ်ကောင်ချင်းဆီကို ဇာတ်လမ်းတစ်ခုဆီ ဘောနပ်စ် သဘောမျိုး ပြသထားတာပါပဲ။

ဒီတော့ Walking Dead ကိုမကြည့်ဖူးရင်တောင် ရုပ်ရှင်တစ်ကားစီလို့ သဘောထားပြီး ဇိမ်နဲ့ကိုကြည့်လို့ရပါတယ်။ Walking Dead ဖန်တွေအတွက်တော့ ရွှေပေါ့ဗျာ။

ဇာတ်လမ်းတိုင်းမှာ ကမ္ဘာပျက်ချိန် ဇွန်ဘီးတွေကြားမှာရုန်းကန်ရတဲ့ လူ့သဘာဝတွေ တွေးစရာတွေနဲ့ စွန့်စားခန်းတွေပါဝင်ပါတယ်။
A Romance of the Little Forest (2022)

ဖက်ရှင်ဘလော့ဂ်ဂါ ယွီမိန်ရန်ဟာမိတ်ကပ်ကိုအားကိုးပြီး
သူမရဲ့ရုပ်ရည်သွင်ပြင်ကိုထိန်းထားရတဲ့သူတစ်ဦးဖြစ်ပါတယ်

သူမရဲ့အလှအပကိုအသုံးပြုကာသူမကိုတစ်ချိန်ကငြင်းပယ်ခဲ့တဲ့ကောင်လေးကိုပြန်လည်
လက်စားချေပါတော့တယ်

အဲကနေတဆင့်သူတိုနှစ်ယောက်ရဲ့ချစ်စဖွယ်ကောင်းတဲ့
ကျောင်းတွင်းအချစ်ဇာတ်လမ်းလေးဟာကျေးလက်ကိုခေါ်ဆောင်သွားပါတော့တယ်

ရုက္ခဗေဒပါမောက္ခကျန်းယွီကတော့သူ့ရဲ့တစ်ဘဝလုံးကိုအလုပ်နဲ့အပင်စိုက်ခြင်းမှာပဲ
မြှုပ်နှံထားတဲ့လူတစ်ဦးပေါ့

သူ့ကိုနှစ်အကြာကြီး
တစ်ဖတ်သတ်ချစ်လာခဲ့တဲ့
ကျေးလက်သမလေး ယွီမိန်ရန်ရဲ့နှလုံးသားကိုလည်း နာကျင်စေခဲ့ပါတယ်

နှစ်အနည်းငယ်ကြာပြီးတဲ့နောက်မှာတော့ယွီမိန်ရန်ဟာ ငှက်အကြောင်းလေ့လာတဲ့ဘာသာရပ်နဲ့ Phd ဘွဲကိုရရှိခဲ့ပါတယ်

သူမဟာ သိပ္ပံပညာနဲ့သုတေသနပြုချက်တွေကို
မလုပ်ချင်တာကြောင့်

ဖက်ရှင်ဘလော့ဂ်ဂါလမ်းကြောင်းကိုရွေးချယ်ခဲ့တော့တာပါပဲ

ယွီမိန်ရန်နဲ့ကျန်းယွီတိုရဲ့တွေ့ဆုံမှုလေးကတော့လမ်းမှားဆင်းမိရာက စတာပဲ….ဟီး

ယွီမိန်ရန်တစ်ယောက်ကတော့
အချစ်ဦးဖြစ်တော့ အဆုံးထိ
ကူညီပေးတာပေါ့ကွယ်…

နောက်ဆုံးတော့လည်း
ရေခဲတုံးကျန်းယွီတစ်ယောက်
မိန်ရန်ရဲ့အချစ်နဲ့နွေးထွေးမှုကို ခံစားမိလာပြီးဘယ်လိုဆက်ဖြစ်သွားမလဲဆိုတာ
Kingdom (2019)(2020) ( season 1 + 2 )

Netflix ကလွှင့်တဲ့ ကိုရီးယား ဇာတ်လမ်းတွဲဖြစ်ပြီး (Season 1 + 2) အနေနဲ့ အပိုင်းခြောက်ပိုင်းစီပါရှိပါတယ်။

အဓိကဇာတ်ဆောင်ဖြစ်တဲ့ အိမ်ရှေ့စံ Lee Chang နေရာမှာ သရုပ်ဆောင်ထားတဲ့ မင်းသား Ju Ji-Hoon ကိုတော့ မသိတဲ့သူမရှိလောက်ဘူးထင်ပါတယ်။

ဇာတ်လမ်းအကျဉ်းကတော့ ဂျိုဆောင်ခေတ်မှာ အိမ်ရှေ့စံမင်းသားက တိုင်းပြည်အတွင်းမှာ ထူးဆန်းတဲ့ ကပ်ရောဂါဆိုး ကျရောက်နေတာကိုစုံစမ်းရင်း

အမှန်တကယ်တော့ အဲဒီကပ်ရောဂါဆိုးက လူတွေကို ဇွန်ဘီတွေဖြစ်သွားနိုင်စေတယ်ဆိုတာ သိလာရပါတယ်။

သူအဲဒီကပ်ရောဂါဆိုးကနေ သူ့ရဲ့နိုင်ငံကို ကယ်တင်နိုင်ပါမလား။

အိမ်ရှေ့စံဖြစ်တဲ့ သူ့ကို ထီးနန်းမရအောင် တားဆီး တိုက်ခိုက်နေတဲ့သူတွေကိုရော ကာကွယ်နိုင်ပါမလားဆိုတာကို အက်ရှင် ကြမ်းကြမ်းလေးနဲ့ပြပေးထားပါတယ်။

(ဘာသာပြန်တင်ဆက်ထားသူများကတော့ Thura Zarni Aung,May Tharaphi Lwin,May Myat Thu,d3mon,Aye Mon Kyaw တို ဖြစ်ပါတယ်။)
The forgotten army (2020)
***************************

Tik Tok မှာ နာမည်ကြီးနေတဲ့ကားလေး တင်ပေးလိုက်ပါပြီဗျာ့။


ဇာတ်လမ်းတွဲ (စ/ဆုံး)

“သမိုင်းဆိုတိုင်း မှတ်ထားနေဖို့မလိုဘူး
သမိုင်းရဲ့တစ်ချို့သော အခန်းတွေကို မေ့သင့်ရင် မေ့ပစ်ရတယ်” တဲ့။

ဒီ စီးရီးကတော့ ၁၉၉၆ ခုနှစ်ကို နောက်ခံထားပြီးရိုက်ကူးထားတာပါ။ ၁၉၉၆ ဆိုတော့ မြန်မာနိုင်ငံမှာ ကျောင်းသားသပိတ်ဖြစ်နေတဲ့ကာလပေါ့။

၁၉၉၆ ကို နောက်ခံထားသော်လည်း ဇာတ်လမ်းက ဒုတိယ ကမ္ဘာစစ်ကို အဓိက တင်ဆက်ထားတာပါ။

ဒုတိယကမ္ဘာစစ်အတွင်းမှာ ဗြိတိသျှဘက်ကနေပြီးတော့ အိန္ဒိယစစ်သားတွေက ပါ၀င်ပြီး တိုက်ပွဲ၀င်ခဲ့ကြရပါတယ်။

ဒါပေမယ့် သမိုင်းတွေထဲမှာတော့ အိန္ဒိယစစ်သားဆိုပြီး ထည့်သွင်းဖော်ပြခြင်းမခံရပဲ မေ့ထားခြင်းကို ခံရတာပါ။
UPDATE MOVICE SERIES BANK ( myanmar substile)
Photo
The forgotten army (2020)
******
Download Channel Link 👉👉👉👉https://t.me/bmbndc/24?single


Link ထဲ အပိုင်းလိုက် တင်ပေးထားပါတယ်။ link ကိုနှိပ်ပြီး အပိုင်း လိုက် ဒေါင်း လို့ရပါတယ် ခင်ဗျာ့
MalaYerba (2021) (အပိုင်း ၁၀ ပိုင်း စ ဆုံး )
UPDATE MOVICE SERIES BANK ( myanmar substile)
MalaYerba (2021) (အပိုင်း ၁၀ ပိုင်း စ ဆုံး )
MalaYerba (2021)
***

ကမ္ဘာကြီးတစ်ခုလုံးကို လယ်တစ်ကွက်နဲ့ တက်သိမ်းဖို့ ဆိုတာ ဖြစ်နိုင်ပါ့မလား….

သိပ်ကိုဖြစ်နိုင်တာပေါ့ ……

ဒီလယ်တစ်ကွက်က အကောင်းစား ဆေးခြောက်ပင်တွေ စိုက်ထားဖို့ပဲ လိုပါတယ်တဲ့…..

ဒီစီးရီးလေးက စပိန်စီးရီးလေး ဖြစ်ပြီးတော့ နာမည်ကို ကြည့်လိုက်ရုံနဲ့ ဒီဇိုင်းကာလာ အနေအထားကို သိနိုင်ပါတယ်။

ဇာတ်လမ်းအကျဥ်းလေးကို ပြောပြရရင်.....

ကိုလမ်ဘီယာနိုင်ငံမှာ ဆေးခြောက်ပင်ကို တရားဝင်စိုက်ခွင့် ပြုလိုက်ရာက အစပြုခဲ့တာပါ။

သမ္မတဟောင်းရဲ့ မြေးဖြစ်သူ ဇာတ်လိုက်ဟာ မိသားစု အသိုင်းအဝိုင်းကြားမှာ အရှုံးသမား ဖြစ်နေခဲ့တာကြာပါပြီ…..။

တစ်ရက်ကျတော့ အခမ်းအနားတစ်ခုကနေ သတင်းထူးတစ်ခု သိုးသိုးသန့်သန့် ကြားလိုက်ရပါတယ်။
နိုင်ငံထဲမှာ ဆေးခြောက် တရားဝင်စိုက်ခွင့်ကို မကြာခင် အတည်ပြုပေးတော့မယ်ဆိုတဲ့ သတင်းပါပဲ။

ဒါကို ကြားလိုက်ရတဲ့အခါ ဇာတ်လိုက်အနေနဲ့ လက်ဦးမှု ရယူနိုင်ရင်
ဆေးခြောက်လောကမှာ မင်းမူလို့ရပြီဆိုတာ ကောင်းကောင်းကြီးသိနေပါတယ်။

ဒီအကြံကို အကောင်အထည်ဖော်ဖို့ သူ့ရဲ့ ဘော်ဒါတွေကို သွားရှာပြီး လူစုပါတော့တယ်။

ဒါပေမဲ့လည်း ထင်သလိုဖြစ်မလာတတ်တဲ့ လောကကြီးမှာ
ဘယ်လို အရှုပ်ထုပ်တွေ ဖြစ်လာဦးမလဲဆိုတာ စီးရီးထဲမှာပဲ ဆက်လက်စောင့်ကြည့်ဖို့ ပြောချင်ပါတယ်။

ပရိသတ်ကြီးတွေအနေနဲ့ Money Heist တို့လို Platform တို့လို စပိန်ကားတွေကို ကြည့်ဖူးရင်

စပိန်ကားတွေက ဇာတ်အိမ်ခိုင်ခိုင်နဲ့ ဇာတ်ကွက် အလှည့်အပြောင်း
ခပ်များများ ချပြတတ်တယ်ဆိုတာ သိလောက်မှာပါ။

ဒီစီးရီးလေးကလည်း အပိုင်း ၁၀ပိုင်းပါဝင်ပြီး ကိုလမ်ဘီယာနိုင်ငံရဲ့ စီးပွားရေး နိုင်ငံရေး အရှုပ်တော်ပုံကြားမှာ ဆေးခြောက်စျေးကွက်ရဲ့ ပြဿနာတွေကို ရိုက်ကူးထားတဲ့အတွက် လက်မလွတ်တမ်းစောင့်ကြည့်ပေးဖို့ တိုက်တွန်းလိုက်ပါတယ်။
UPDATE MOVICE SERIES BANK ( myanmar substile)
Cyber Vaar (2022)
ဒီစီးရီးလေးကတော့ တော်တော်လေး စိတ်ဝင်စားဖို့ကောင်းသလို
ကမ္ဘာကြီးနဲ့လည်း သက်ဆိုင်နေတဲ့ အကြောင်းအရာလေးဆိုလည်း မမှားပါဘူး

ဘာလို့လဲဆိုတော့ ခုလက်ရှိကမ္ဘာကြီးပေါ်မှာ အင်တာနက်အသုံးပြုသူတွေ တော်တော်များလာနေပါတယ်..အင်တာနက်ပေါ်မှာ ဈေးဝယ်မယ် ချက်တင်ထိုင်ကြမယ် အပျော်တမ်းဂိမ်းတွေကစားကြမယ်

အဲ့ဒီလို နာမည်ကြီးလာတာနဲ့အမျှ ဒီအင်တာနက်ကိုအခြေခံပြီး
လိမ်လည်လုပ်စားလာတဲ့သူတွေလည်း အများကြီးရှိလာနေပါတယ်

ဒီဇာတ်လမ်းလေးမှာ အပိုင်းတစ်ပိုင်းချင်းစီအလိုက် အွန်လိုင်းပေါ်ကနေ ကျူးလွန်တဲ့ပြစ်မှုတွေ..ခြိမ်းခြောက်ငွေညှစ်မှုတွေနဲ့ လိမ်လည်မှုတွေကို ရိုက်ကူးပြသထားလို့ ဗဟုသုတများစွာ ရရှိမှာပဲဖြစ်ပါတယ်…

အပိုင်းတစ်ပိုင်းချင်းစီအလိုက် အမှုမှန်ဖေါ်ထုတ်ပုံတွေကိုလည်း မြင်တွေ့ရမှာမို့ မှုခင်းစုံထောက်ကားကြိုက်သူတွေ သဘောတွေ့စေမှာ အမှန်ပါပဲ..

စိတ်ဝင်စားစရာအကောင်းဆုံးအချက်က ပြစ်မှုအားလုံးက လူကိုမတွေ့ရဘဲ အွန်လိုင်းပေါ်ကနေပဲ ကျူးလွန်ကြတာကို အွန်လိုင်းကနေ ပြန်လည်စုံစမ်းတဲ့ စီးရီးလေးဆိုတော့ လက်မလွှတ်သင့်တဲ့ စီးရီးလေးပါ..
UPDATE MOVICE SERIES BANK ( myanmar substile)
Cyber Vaar (2022)
Cyber Vaar (2022)
**
Download Channel Link 👇👇👇
👉👉👉https://t.me/bmbndc/44


Link ထဲ အပိုင်းလိုက် တင်ပေးထားပါတယ်။ link ကိုနှိပ်ပြီး အပိုင်း လိုက် ဒေါင်း လို့ရပါတယ် ခင်ဗျာ့
UPDATE MOVICE SERIES BANK ( myanmar substile)
The Golden Spoon (2022)
ကိုရီးယားနိုင်ငံမှာ အဆင့်အတန်းကို ရွှေဇွန်း ၊ ငွေဇွန်း ဆိုပြီး
ခွဲခြားပြောတတ်ကြတာကို ကြားဖူးမှာပါ

Lee SeungCheon ဆိုတဲ့ အထက်တန်းကျောင်းသားလေးဟာ ဆင်းရဲတဲ့မိဘတွေနဲ့ တစ်ဘဝလုံး ငွေဇွန်းလိုအပြောခံပြီးရုန်းကန်ကြီးပြင်းလာခဲ့ရတယ်။

နုံချာတဲ့ အသိုင်းအဝိုင်းကို စိတ်ကုန်နေပြီး ချမ်းသာချင်နေတဲ့အချိန်မှာ တိုက်ဆိုင်စွာနဲ့ အဘွားအိုကြီး တစ်ယောက် ဈေးရောင်းနေတာကို
ကြားလိုက်ရတယ်”မချမ်းသာချင်ဘူးလား?

ချမ်းသာအောင်လုပ်ပေးမယ့် ရွှေဇွန်းလေးတစ်ချောင်းတည်းကို ဝမ် သုံးသောင်းတည်းပါ”

Seung-Cheon စိတ်ဝင်စားသွားပြီး
ရွှေဇွန်းကို ဝယ်တဲ့အခါ အဘွားအိုက ဒီလိုမှာလိုက်တယ်“ချမ်းသာတဲ့ မင်းနဲ့ရွယ်တူတစ်ယောက်အိမ်မှာ
ဒီရွှေဇွန်းနဲ့ ထမင်းသုံးနပ်အတူစားပါ။

အဲလိုဆိုသူ့မိဘတွေက မင်းမိဘတွေဖြစ်လာလိမ့်မယ်”

သူလည်း အဘွားအိုပြောတဲ့အတိုင်း
အရမ်းချမ်းသာတဲ့ သူနဲ့ရွယ်တူသူငယ်ချင်း Hwang Tae-Yong ရဲ့ အိမ်မှာ အဲရွှေဇွန်းနဲ့ ထမင်းသုံးနပ်စားလိုက်တယ်။

သိပ်မကြာခင်မှာပဲ သူ့ရဲ့ ဘဝပြောင်းလဲသွားပါတော့တယ်…
UPDATE MOVICE SERIES BANK ( myanmar substile)
The Golden Spoon (2022)
The Golden Spoon (2022)
******

Download Channel Link 👇👇👇

👉👉https://t.me/+w_jGcTnmraliNWU1

Link ထဲ အပိုင်းလိုက် တင်ပေးထားပါတယ်။ link ကိုနှိပ်ပြီး အပိုင်း လိုက် ဒေါင်း လို့ရပါတယ် ခင်ဗျာ့
Mr. Bad (2022)
***********

စာရေးဆရာမလေးနဲ့
သူဖန်တီးထားတဲ့ဇာတ်ကောင်ကြားက အချစ်ဇာတ်လမ်းလေးကိုကြည့်ရှုရမှာပါ။

အဓိကသရုပ်ဆောင်တွေကတော့စာရေးဆရာမလေး နန်ရှင်းအဖြစ် Shen Yueဝတ္ထုထဲကဗီလိန်ဇာတ်ကောင်
ရှောင်းဝူတိအဖြစ် Chen Zhe Yuan စာရေးရတာကိုသဘောကျတဲ့ငယ်ရွယ်တဲ့ကောင်မလေး နန်ရှင်း။

တစ်နေ့မှာမထင်မှတ်ထားဘဲ
သူရေးနေတဲ့ဝတ္ထုထဲကဇာတ်ကောင်ကိုဆင့်ခေါ်မိသွားတဲ့အခါမှာတော့…

အဲ့ဒီဇာတ်ကောင်က ညဏ်များပြီးအတ္တကြီးတဲ့ ဝတ္ထုထဲကအကြီးစားဗီလိန် ဖြစ်နေတဲ့အခါ…

ဝတ္ထုထဲကခုန်ထွက်လာတဲ့ ဇာတ်ကောင်နဲ့စာရေးဆရာမလေးတိုဟာ စတွေ့ကတည်းက
ကြောင်နဲ့ကြွက်လိုပဲ မတည့်ကြပါဘူး။

အပြင်လောကကိုရှောင်းဝူတိရောက်လာတာဟာ
ဖန်တီးသူနန်ရှင်းရဲ့ဆုတောင်းကြောင့်ဆိုတာသိလိုက်ရတဲ့အခါ..

မူလကမ္ဘာကိုပြန်သွားခွင့်ရဖိုအတွက်နန်ရှင်းကိုကူညီရဖိုဖြစ်လာပါတော့တယ်။

ဒီလိုနဲ့အတူတူနေထိုင်ကြရင်း
တစ်ယောက်ရဲ့ချစ်စရာအချက်လေးတွေကိုတစ်ယောက်ကမြင်လာတဲ့အခါ…

ရှောင်းဝူတိတစ်ယောက်သူ့မူရင်းကမ္ဘာကိုပြန်သွားမှာလား…

စာရေးဆရာမလေးနဲ့ပဲ ပြင်ပကမ္ဘာမှာအတူတူနေမလား..

ထူးခြားတဲ့အချစ်ပုံပြင်လေးကဘယ်လိုအဆုံးသတ်လေမလဲ။

ပေါ့ပေါ့ပါးပါးနဲ့အချိုစားရမယ့်ဇာတ်လမ်းလေးဖြစ်တာမို
လက်မလွှတ်တမ်းစောင့်မျှော်ကြည့်ရှုလိုက်ကြပါဦးနော်။