🇲🇲 Truth Zone Online 🇲🇲
14.7K subscribers
13.8K photos
9.71K videos
1 file
4.06K links
"အမှန်တရားဇုံမှ အမှန်တရားများကိုသာ ဖော်ပြပေးပါမယ်ရှင်"
Download Telegram
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် နေပြည်တော်ရင်ပြင်အတွင်းရှိ ရေကစားမဏ္ဍပ်များအား လှည့်လည်ကြည့်ရှု၍ မြန်မာ့ရိုးရာအတာသင်္ကြန်ကို ပြည်သူများနှင့် အတူတကွ ပါဝင်ဆင်နွှဲ 
==================================
ဧပြီလ ၁၃ ရက် မြန်မာ့ရိုးရာမဟာသင်္ကြန်အကြိုနေ့တွင် နေပြည်တော်ရင်ပြင်၌ ကျင်းပပြုလုပ်သည့် နေပြည်တော်လမ်းလျှောက်သင်္ကြန် ဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် နှင့် ဇနီးဒေါ်ကြူကြူလှ တို့ တက်ရောက်ချီးမြှင့်ခဲ့ပါတယ်။
ထို့နောက် နိုင်ငံတော်သမ္မတနှင့် ဇနီး၊ အခမ်းအနားတက်ရောက်လာကြသူများသည် ယိမ်းအကအဖွဲ့များ၏ ကပြဖျော်ဖြေမှုများကို ကြည့်ရှုအားပေးပြီး မြန်မာ့ရိုးရာ သနပ်ခါးနှင့် လက်ဖက်၊ ထမနဲမဏ္ဍပ်များအား လိုက်လံကြည့်ရှုအားပေးကြပါတယ်။ ဆက်လက်ပြီး နိုင်ငံတော်သမ္မတနှင့် ဇနီး၊ အခမ်းအနားတက်ရောက်လာကြသူများသည် နေပြည်တော်ရင်ပြင်အတွင်းရှိ မြန်မာ့ရိုးရာယဉ်ကျေးမှုဇုန်နှင့် ဝန်ကြီးဌာန ရေကစားမဏ္ဍပ်များအား လှည့်လည်ကြည့်ရှု၍ မြန်မာ့ရိုးရာအတာသင်္ကြန်ကို
ပြည်သူများနှင့် အတူတကွ ပါဝင်ဆင်နွှဲခဲ့ကြတယ်လို့ သိရပါတယ်။

TruthZoneOnline
👍51❤17🥰3👏2💯1
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် နေပြည်တော်မြို့တော်ဝန်မဟာသင်္ကြန်မဏ္ဍပ်သို့ တက်ရောက်ချီးမြှင့်     
==================================
ဧပြီလ ၁၃ ရက်တွင် ကျရောက်သည့် မြန်မာ့ရိုးရာမဟာသင်္ကြန်အကြိုနေ့တွင် နေပြည်တော်မြန်မာ့ရိုးရာအတာသင်္ကြန်ကို နေပြည်တော်မြို့တော်ဝန်မဟာသင်္ကြန်မဏ္ဍပ်၌ မြန်မာ့ရိုးရာယဉ်ကျေးမှုအစဉ်အလာနှင့်အညီ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် နှင့် ဇနီးဒေါ်ကြူကြူလှ တို့ တက်ရောက်ချီးမြှင့်ခဲ့ပါတယ်။
ထို့နောက် နိုင်ငံတော်သမ္မတနှင့် ဇနီးတို့သည် အခမ်းအနားတက်ရောက်လာကြသည့် ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ အခမ်းအနားတက်ရောက်လာကြသူများ၊ ယိမ်းအကအဖွဲ့များအား အတာသင်္ကြန်ရေကို မြန်မာ့ရိုးရာအစဉ်အလာနှင့်အညီ ပက်ဖြန်းပေးပါတယ်။ ၎င်းနောက် နိုင်ငံတော်သမ္မတနှင့် ဇနီး တို့သည် မြို့တော်ဝန်မဏ္ဍပ်မှ နေပြည်တော်လမ်းလျှောက်သင်္ကြန် ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်မည့် နေပြည်တော်ရင်ပြင်သို့ သွားရောက်ရာ လမ်းတစ်လျှောက်၌ ယိမ်းအကအဖွဲ့များက ကြိုဆိုနှုတ်ဆက်ခဲ့ကြတယ်လို့ သိရပါတယ်။

TruthZoneOnline
👍56❤11🥰3👏1💯1
မြစ်ကြီးနားမြို့၌ ရှမ်းမျိုးနွယ်စုများ စုပေါင်း၍ ရှမ်းရိုးရာဓလေ့နှင့်အညီ ရှမ်းသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပ

မြစ်ကြီးနား ဧပြီ ၁၃

ကချင်ပြည်နယ်အတွင်းရှိ ရှမ်းတိုင်းရင်းသားမျိုးနွယ်စုများ၏ ရှမ်းရိုးရာသင်္ကြန်ပွဲတော်ကို ရှမ်းတိုင်းရင်းသားတို့၏ ရိုးရာအစဉ်အလာနှင့်အညီ ဘိုးဘွားဂါရဝပြုကန်တော့ခြင်း၊ ဗုဒ္ဓမြတ်စွာဘုရားအား ရေစင်သွန်းလောင်းပူဇော်ခြင်းနှင့် ရေကစားခြင်းများကို ယနေ့မွန်းတည့် ၁၂ နာရီက မြစ်ကြီးနားမြို့ နောင်ခမ်းရှမ်းရွာအတွင်းရှိ ကံသာရာမကျောင်းတိုက်အတွင်း၌ ကျင်းပပြုလုပ်ခဲ့ကြသည်။

အဆိုပါ ရှမ်းရိုးရာသင်္ကြန် ဖွင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ရာ ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီးများဖြစ်ကြသည့် ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစိုးသိန်း၊ ရှမ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးတင်အောင်၊ လီဆူတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးလီပေါ်ရဲ့နှင့် ရဝမ်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးမယစ်ယောရှုတို့က ကချင်ပြည်နယ်ဝန်ကြီးချုပ် ကိုယ်စားတက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ရှမ်းရိုးရာသင်္ကြန်ပွဲတော်ကို ကချင်ပြည်နယ်အတွင်းရှိ ရှမ်းတိုင်းရင်းသားမျိုးနွယ်စု (၅)မျိုးမှ လူငယ်အကအဖွဲ့များနှင့်အတူ ပြည်နယ်ရှမ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးတင်အောင်နှင့် ရှမ်းစာပေနှင့်ယဉ်ကျေးမှုကော်မတီမှ တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြရာ ရှမ်းရိုးရာယဉ်ကျေးမှုအကအဖွဲ့များက ရှမ်းတိုင်းရင်းသားတေးသီချင်းအကတို့ဖြင့် ကပြဖျော်ဖြေတင်ဆက်ကြသည်။

ထို့နောက် ဖွင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ  ပြည်နယ်ရှမ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးတင်အောင်က ရှမ်းတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုအမွေအနှစ်များတွင် သင်္ကြန်ပွဲတော်ပါဝင်ပြီး ဓလေ့ထုံးစံများနှင့်အညီ ပြုလုပ်ကျင်းပမှုကို ရှမ်းမျိုးဆက်သစ်လူငယ်များ သိရှိနားလည်စေရန် ယခုလိုကျင်းပ ပြုလုပ်ပေးခြင်းဖြစ်သည့်အတွက် များစွာဂုဏ်ယူပါကြောင်းနှင့် တက်ရောက်ပါဝင် ဆင်နွှဲခွင့်ရသည့်အတွက် အထူးပင်ကျေးဇူးတင်ပါကြောင်းပြောကြားပြီး ရှမ်းတိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့က ရှမ်းရိုးရာသင်္ကြန်ပွဲတော်ကျင်းပရသည့် ရည်ရွယ်ချက်များနှင့် ပွဲတော်ဖြစ်မြောက်ရေး စီစဉ်ဆောင်ရွက်ခဲ့မှုအခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

ဆက်လက်၍ ရှမ်းမျိုးနွယ်စုများမှ သက်ကြီးဘိုး/ဘွားများအား ဂါရဝပြုလက်ဆောင်များ ပေးအပ်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးများက ရှမ်းရိုးရာသင်္ကြန်ပွဲတော်အတွက် ချီးမြှင့်ထောက်ပံ့ငွေများကို အသီးသီးပေးအပ်ခဲ့ကြသည်။

ထို့နောက် ရှမ်းတိုင်းရင်းသားမျိုးနွယ်စုများအလိုက် ရိုးရာကိန္နရီ/ကိန္နရာအက၊ တိုးနယားအက၊ ရိုးရာတေးသီချင်း သရုပ်ဖော်အကအလှများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့မှုကို ကြည့်ရှုအားပေးခဲ့ကြပြီး ရှမ်းတိုင်းရင်းသားတို့၏ ဓလေ့ထုံးစံနှင့်အညီ ဘုရားရေသပ္ပယ်ခြင်းများကို ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

TruthZoneOnline
❤41👍22👏2🙏1
Media is too big
VIEW IN TELEGRAM
တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ  မြန်မာ့ရိုးရာအတာသင်္ကြန်မဏ္ဍပ်ဖွင့်ပွဲများ ပြုလုပ်သည်။

TruthZoneOnline
❤35👍19👏2
ထိုင်းက လူနေမှုစရိတ် သက်သာရေး အစီအစဉ်များကို ပြင်ဆင်နေ

စနေနေ့တွင် ထိုင်းအစိုးရအဖွဲ့သည် ထိခို_က်လွယ်သော အုပ်စုများအပြင် လမ်းပန်းဆက်သွယ်ရေးနှင့် စိုက်ပျိုးရေးကဏ္ဍများကိုပါ ပစ်မှတ်ထားသည့် လူနေမှုစရိတ်သက်သာမှုအစီအစဉ်ကို အတည်ပြု နိုင်ဖွယ်ရှိကြောင်း ဘဏ္ဍာရေးဝန်ကြီး Ekniti Nitithanprapas က သောကြာနေ့တွင် ပြောကြားခဲ့သည်။

၎င်း၏ဝန်ကြီးဌာနနှင့် ဆက်စပ်အေဂျင်စီများသည် အိမ်ထောင်စုများနှင့် စီးပွားရေးလုပ်ငန်းများ အထူးသဖြင့် ထိခို_က်လွယ်သောအုပ်စုများနှင့် စိုက်ပျိုးရေးကဏ္ဍအပေါ် မြင့်မားသောစွမ်းအင် စျေးနှုန်းများ၏ သက်ရောက်မှုကို လျှော့ချရန် အစီအမံများကို အဆိုပြုမည်ဖြစ်ကြောင်း Mr Ekniti က ပြောကြားခဲ့သည်။

သယ်ယူပို့ဆောင်ရေးနှင့် ရေလုပ်ငန်းကဏ္ဍများသည် ကြီးမားသောကုန်ကျစရိတ်ဖိအားများနှင့် ရင်ဆိုင်နေရပြီး ပိုမိုကျယ်ပြန့်သော စီးပွားရေးသက်ရောက်မှုများကို ကန့်သတ်ရန် အစိုးရ၏ ဝင်ရောက်‌ ထောက်ပံ့မှု လိုအပ်သည်ဟု ၎င်းက ဆိုသည်။

Ref ဘန်ကောက်ပို့စ်

TruthZoneOnline
👍51👌2
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ)မိသားစု ရေကစားမဏ္ဍပ်ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်

April 14

မဟာသင်္ကြန်ပွဲတော်ကို နိုင်ငံတစ်ဝန်း စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်လျက်ရှိရာ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ) မိသားစုများ၏ မြန်မာ့ရိုးရာအစဉ်အလာနှင့်အညီပြုလုပ်သည့် မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ရေကစားမဏ္ဍပ် ဖွင့်ပွဲအခမ်းအနားကို ဧပြီလ ၁၃ ရက် ညနေပိုင်းတွင် နေပြည်တော်၊ ဇေယျာသီရိရှိ မြက်ခင်းပြင်၌ ကျင်းပပြုလုပ်ခဲ့ပါတယ်။

အဆိုပါ ဖွင့်ပွဲအခမ်းအနားကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး
ရဲဝင်းဦးနှင့် ဇနီး ဒေါ်နီလာ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်းနှင့် ဇနီး၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ အနုပညာရှင်များ၊
ယိမ်းအကအဖွဲ့များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

TruthZoneOnline
👍48❤13👏4🙏1