မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် မကွေးမြို့ မြန်မာ့ရိုးရာ မဟာသင်္ကြန် အကြိုနေ့ဗဟို မဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန် ဖွင့်ပွဲအခမ်းအနား တက်ရောက်
မကွေး ဧပြီ ၁၃
မကွေးတိုင်းဒေသကြီး မြန်မာ့ရိုးရာမဟာသင်္ကြန်မဏ္ဍပ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်း က မကွေးမြို့ ကမ်းနားလမ်း We Love Magway ကျောက်သားဥယျာဉ်အနီး၌ ကျင်းပရာ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်ကိုကို၊ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဌ ဒေါက်တာမောင်မောင်ဌေး၊ နယ်မြေခံတပ်နယ်မှ အရာရှိကြီးများ၊ တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့် တာဝန်ရှိသူများ ဧည့်သည်တော်များ တက်ရောက်သည်။
ဖွင့်ပွဲအခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က နှစ်သစ်ဆုတောင်းစကား ပြောကြားရာတွင် မဟာသင်္ကြန်ပွဲတော်သည် မြန်မာတို့၏ တန်ဖိုးမဖြတ်နိုင်သော ရိုးရာယဉ်ကျေးမှုပွဲတော် တစ်ခုဖြစ်သည့်အပြင် တစ်ဦးနှင့် တစ်ဦးချစ်ကြည်ရင်းနှီးမှုပိုမိုရရှိလာစေခြင်း၊ မေတ္တာစိတ်ဖြင့် သည်းခံခွင့်လွှတ်ခြင်းများ တိုးပွားလာစေခြင်း ဓလေ့စရိုက်ကောင်းများဖြစ်ထွန်းစေခြင်းစသည့် အနှစ်သာရများနှင့် ကျင်းပသည့်ထူးခြားလေးနက်တဲ့ မြန်မာ့ရိုးရာ ပွဲတော်ကြီးဖြစ်သဖြင့် ယဉ်ကျေးမှုအစဉ်အလာ မြင့်မားသည့် လူမျိုးတွင် မြန်မာလူမျိုးသည် ထိပ်ဆုံးမှ ပါဝင်သည့်အတွက် အစဉ်အလာကောင်းများကို ဆက်လက်ထိန်းသိမ်းဆောင်ရွက်ကြစေလိုကြောင်း၊ နှစ်သစ်ကူးအခါသမယတွင် ဘုရားပုထိုး၊ စေတီ၊ တန်ဆောင်း၊ ကျောင်းကန် များသို့ သွားရောက်ပြီး ဥပုသ်သီတင်းသီလဆောက်တည်ခြင်း အလှူဒါနပြုခြင်း၊ နှစ်ဟောင်းမှ အညစ်အကြေးများကို အတာရေဖြင့် ဆေးကြောသန့်စင်ခြင်း၊ မြန်မာ့နှစ်ဆန်းတစ်ရက်နေ့တွင် သံဃာတော် အရှင်သူမြတ် များက ရပ်ကွက်များ၊ လမ်းများအလိုက် အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ဖတ်သရဇ္ဈယ်ခြင်း၊ ရေစက်သွန်းချ အမျှပေးဝေကြခြင်း၊ မိမိထက် အသက်အရွယ်ကြီး၍ သက်ကြီးရွယ်အို အဘိုး၊ အဘွား၊ မိဘ၊ ဆရာသမားများကို ပူဇော်ခြင်း၊ ဘေးမဲ့လွှတ်ခြင်း စသည့် နှစ်လိုဖွယ်ရာ ကောင်းမှုကုသိုလ်များကို မြန်မာပြည်သူပြည်သားအားလုံးပြုလုပ်ကြသည့်ပွဲတော်ကြီး လည်းဖြစ်ပါကြောင်း၊ ယခုနှစ် အတာသင်္ကြန်တွင် မြန်မာလူမျိုးများ၏ ဂုဏ်သိက္ခာ၊ မြန်မာ့ရိုးရာ ယဉ်ကျေးမှုအမွေအနှစ်များကို စိတ်သစ်လူသစ် ခွန်အားသစ်များဖြင့် ထိန်းသိမ်းစောင့်ရှောက်ရင်း ယဉ်ကျေး သိမ်မွေ့စွာ ပါဝင်ဆင်နွှဲကြစေလိုကြောင်း၊ အထူးသဖြင့် လူငယ်များအနေနဲ့ မြန်မာ့ရိုးရာသင်္ကြန်ရဲ့အနှစ်သာရကို မပျောက်ပျက်စေဘဲ ပျော်ရွှင်စွာရေကစားနိုင်ကြပါစေကြောင်း ပြောကြားသည်။
ဆက်လက်၍ မကွေးမြို့၊ လမ်းလျှောက်မဟာသင်္ကြန်ဖွင့်ပွဲအား တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်ဌေး၊ နယ်မြေခံ တပ်နယ်မှ တပ်မတော် အရာရှိကြီးများ၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ၊ မြန်မာ့ရိုးရာမဟာ သင်္ကြန်ပွဲတော် ကျင်းပရေး ကော်မတီနာယက၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ပြိုင်ပွဲဝင်ယိမ်းအဖွဲ့ဝင်များအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးသည်။
ထို့နောက် ပြိုင်ပွဲဝင် ယိမ်းအဖွဲ့များမှ သင်္ကြန်တေးသီချင်းများဖြင့် ကပြဖျော်ဖြေတင်ဆက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌတို့က ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်သည်။
မကွေးတိုင်းဒေသကြီး ၂၀၂၆ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲကို မကွေးမြို့ ကမ်းနားလမ်းရှိ ဗဟိုမဏ္ဍပ်၊ လမ်းလျှောက်သင်္ကြန်မဏ္ဍပ်၊ ဝန်ကြီးဌာနမဏ္ဍပ်(၅)ခုဖြင့် ကျင်းပမည်ဖြစ်ရာ ဗဟိုမဏ္ဍပ်၌ ယိမ်းအကအလှအဖွဲ့(၁၉)ဖွဲ့က ယှဉ်ပြိုင်ကပြဖျော်ဖြေမည်ဖြစ်သည်။ သင်္ကြန်ပွဲတော်တွင် ပတ်ဝန်းကျင်ညစ်ညမ်းမှုကို လျှော့ချပေးနိုင်ရန်နှင့် စက်သုံးဆီ သုံးစွဲမှု ကုန်ကျစရိတ်များ သက်သာစေရန် ဧရာဝတီမြစ်အတွင်းမှ ရေများကို ပြန်လည်ပြည့်ဖြိုး မြဲစွမ်းအင်ဖြစ်သော နေရောင်ခြည်စွမ်းအင်သုံး ဆိုလာစနစ်ဖြင့် မြစ်ရေတင်ယူကာ လာရောက်ရေကစားသူများအား စိတ်အေးချမ်းသာစွာ ရေကစားနိုင်ရေး စီစဉ်ဆောင်ရွက်ပေးထားပြီး၊ ဗဟိုမဏ္ဍပ်နှင့် ရေကစား မဏ္ဍပ်များသို့ လာရောက် ကြည့်ရှုအားပေးသည့် ပြည်သူများနှင့် ဖျော်ဖြေရေးယိမ်းအဖွဲ့များအား သင်္ကြန်ဖြစ်မြောက်ရေးကော်မတီနှင့် အလှူရှင်များမှ နေ့စဉ် စတုဒိသာမုန့်များဖြင့် ဧည့်ခံကျွေးမွေးသွားမည်ဖြစ်ကြောင်း သိရသည်။
TruthZoneOnline

❤41👍23👏3
ပြည်သူ့ရင်ပြင် လမ်းလျှောက်သင်္ကြန်ပွဲတော်သို့ ပြည်သူများလာရောက်ဆင်နွှဲသည့်မြင်ကွင်းများ
ရန်ကုန်တိုင်းဒေသကြီး ၊ ပြည်သူ့ရင်ပြင်ရှိ လမ်းလျှောက်သင်္ကြန်ပွဲတော်သို့ ပြည်သူများလာရောက်ဆင်နွှဲသည့်မြင်ကွင်းများဖြစ်သည်။
အဆိုပါ လမ်းလျှောက်သင်္ကြန်ပွဲတော်၏ အကြိုနေ့တွင်ပင် လာရောက်ဆင်နွှဲသူများဖြင့် စည်ကားလျက်ရှိသည်။
ထို့ပြင် နာမည်ကြီးကိုရီးယား K-pop အပါအဝင် အနုပညာရှင်များကလည်း တေးသီချင်းများဖြင့်ဖျော်ဖြေလျက်ရှိသလိုလာရောက်ဆင်နွှဲသူများအတွက် သနပ်ခါးလိမ်းခြယ်နိုင်သည့် နေရာများကိုလည်း စီစဉ်ပေးထားသည်။
အလားတူ ကလေးများဆော့ကစားနိုင်ရန် ရေမြုပ်မဏ္ဍပ်၊ ရေကစားမဏ္ဍပ်များ၊ စတုဒီသာမဏ္ဍပ်များလည်း ပါဝင်သည်။

👍46❤19👏3
ဘုတ်ပြင်းမြို့၌ အောင်ပွဲရ ရှေ့တန်းပြန်နိုင်ငံ့သားကောင်း တပ်မတော်သားများအား သောင်းသောင်းဖြဖြ ဂုဏ်ပြုကြိုဆို
ဘုတ်ပြင်း ဧပြီ ၁၂
အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်ခဲ့သော လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များနှင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့များအား ရွပ်ရွပ်ချွံချွံတိုက်ပွဲဝင်၍ အောင်ပွဲအလီလီရယူနိုင်ခဲ့သော ရှေ့တန်းပြန်နိုင်ငံ့သားကောင်း တပ်မတော်သားများအား ဂုဏ်ပြုကြိုဆိုခြင်းကို ယနေ့နံနက်ပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီး၊ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ် အမှတ်(၄၃၂)ခြေမြန်တပ်ရင်း၌သည်။
ထိုသို့ ဂုဏ်ပြုကြိုဆိုရာတွင် အမှတ်(၁၃)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် နည်းဗျူဟာမှူး ဗိုလ်မှူးကြီး မျိုးဝင်းထွဋ်၊ ဘုတ်ပြင်းခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းကိုနှင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဆရာ ဆရာမ များနှင့်တပ်နယ်တပ်ဖွဲ့များမှ အရာရှိများ ၊ စစ်သည်များနှင့်အိမ်ထောင်သည်ရဲမေများ ဒေသခံပြည်သူများ တက်ရောက်ကြသည်။
တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ တိုင်းရင်းသားပြည်သူများ စိတ်အေးချမ်းသာစွာ နေထိုင်လုပ်ကိုင်စားသောက်နိုင်ရေးနှင့် အသက်အိုးအိမ်စည်းစိမ်ဥစ္စာ လုံခြုံမှုရှိစေရေး၊ နိုင်ငံတော်တည်ငြိမ်ရေး၊ နယ်မြေအေးချမ်းရေးအတွက် ရှေ့တန်းစစ်မျက်နှာများတွင် စစ်ဆင်ရေးတာဝန်များကို မိဝေးဖဝေး၊ မိသားစုများနှင့် ဝေးကွာ၍ နေ့မအား ညမနား စွမ်းစွမ်းတမံ တာဝန်ထမ်းဆောင်ခဲ့ပြီး ရွပ်ရွပ်ချွံချွံတိုက်ပွဲဝင်၍ အောင်ပွဲအလီလီရယူနိုင်ခဲ့သော အောင်ပွဲရ ရှေ့တန်းပြန်တပ်မတော်သားများအား နည်းဗျူဟာမှူး၊ ခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရဲတပ်ဖွဲ့ဝင်များ၊မီးသတ်တပ်ဖွဲ့ဝင်များ၊ ဆရာဆရာမများ၊ တပ်ရင်းတပ်ဖွဲ့များမှ အရာရှိ၊ အကြပ်၊ စစ်သည်များ နှင့် မိသားစုဝင်းများ ဒေသခံပြည်သူများက အောင်သပြေပန်းများ၊ ပန်းစည်းများ၊ ပန်းကုံးများ၊ အချိုရည်များ၊ အိုးစည်ဒိုးပတ်များဖြင့် ဝမ်းမြောက်စွာ သောင်းသောင်းဖြဖြ ကြိုဆိုဂုဏ်ပြုခဲ့ကြသည်။

👍48❤23👏8🏆1
မင်္ဂလာမန္တလေးမဏ္ဍပ်၌ (၁၃၈၇) ခုနှစ် မြန်မာ့ရိုးရာယဥ်ကျေးမှုနှစ်သစ်ကူး မဟာသင်္ကြန်ပွဲတော်နှင့် လမ်းလျှောက်သင်္ကြန်ဖွင့်ပွဲအခမ်းအနား ကျင်းပ
ချမ်းမြသာစည် ဧပြီ ၁၃
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်တွင် (၁၃၈၇) ခုနှစ် မြန်မာရိုးရာယဥ်ကျေးမှုနှစ်သစ်ကူး မဟာသင်္ကြန်ပွဲတော်နှင့် လမ်းလျှောက်သင်္ကြန်ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် (၉) နာရီက မြို့သစ် ၂ ရပ်ကွက်ရှိ မင်္ဂလာမန္တလေးအရှေ့တွင် ကျင်းပသည်။
ဦးစွာ အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်မိုး၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ် အောင်ဋ္ဌေး၊ New Starlight Construction Co.,Ltd ဥက္ကဋ္ဌ ဦးကျော်ကျော်ဝင်းနှင့် တာဝန်ရှိသူများက New Starlight Construction Co.,Ltdနှင့် မိတ်ဖက်ကုမ္ပဏီများ ပူးပေါင်းကျင်းပသော မြန်မာ့ရိုးရာသင်္ကြန်ရေကစား ပွဲတော်မဏ္ဍပ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်၍ ဒေသခံပြည်သူများနှင့်အတူ စည်ကားသိုက်မြိုက်စွာ ဆင်နွှဲခဲ့ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က နှစ်သစ်ကူးနှုတ်ခွန်းဆက်စကားပြောကြားပြီး မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်မဏ္ဍပ်အား မြန်မာ့ရိုးရာ အစဉ်အလာနှင့်အညီ အမွှေးနံ့သာသပြေခက်ဖြင့် ရေပက်ဖျန်းပေး၍ အတာသင်္ကြန်အားကြိုဆိုပြီး၊ New Starlight Construction Co.,Ltd ၏ ဦးဆောင်မှုနှင့်အတူ မိတ်ဖက်ကုမ္ပဏီများက Kenbo EV ဆိုင်ကယ် (၁၀) စီးကို အသက် ၁၅ နှစ်မှ ၄၀ နှစ်ကြားလူငယ် ၁၀၀၀ ကျော်အား မဲဖောက်ပေးခဲ့ပြီး နိုင်ငံကျော်တေးသံရှင် နီနီခင်ဇော်၊ ထက်ယံ၊ Ar-T တို့နှင့်အတူ အခြားတေးသံရှင်များက သင်္ကြန်တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေခြင်း၊ သင်္ကြန်ယိမ်းအက အဖွဲ့များက အကအလှများဖြင့် ကပြဖျော်ဖြေခြင်း၊ စတုဒိသာကျွေးမွေးခြင်းများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

👍39❤22👏6🥰1🏆1
ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ ၁၃၈၇ ခုနှစ်၊ မဟာသင်္ကြန်ပွဲတော် ရခိုင်ရိုးရာနံ့သာသွေးပွဲနှင့် ဘုရားရေသပ္ပါယ်ပွဲ စစ်တွေမြို့၌ ကျင်းပ
စစ်တွေ ဧပြီ ၁၃
ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ ၁၃၈၇ ခုနှစ်၊ မဟာသင်္ကြန်ပွဲတော် ရခိုင်ရိုးရာနံ့သာသွေးပွဲနှင့် ဘုရားရေသပ္ပါယ်ပွဲကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ ဦးဥတ္တမခန်းမနှင့် အတုလမာရဇိန် ပြည်လုံးချမ်းသာ ဘုရားကြီးတို့၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦးနှင့် ဇနီးပြည်နယ် အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်ထက်စန္ဒာကျော်၊ ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဒေါက်တာစန်းရွှေ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ဒေသကွပ်ကဲရေးမှူး၊ ရခိုင်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဇနီးများ၊ ရခိုင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ မြို့မိ၊ မြို့ဖများ၊ နံ့သာသွေးအဖွဲ့များနှင့် ယိမ်းအကအဖွဲ့များတက်ရောက်ကြသည်။
ဦးစွာ ရခိုင်ရိုးရာနံ့သာသွေးပွဲအခမ်းအနားကို ရခိုင်မင်္ဂလာစည်တော်ယွမ်းပြီး ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦးနှင့်ဇနီးဒေါ်ထက်စန္ဒာကျော်၊ ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဒေါက်တာစန်းရွှေ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ဒေသကွပ်ကဲရေးမှူးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။ ထို့နောက် ရခိုင်ပြည်နယ်ယဉ်ကျေးမှုအကအဖွဲ့က သင်္ကြန်အတာကျူးလီယင့် သီချင်းဖြင့် ကပြဖျော်ဖြေပေးကြသည်။
ဆက်လက်ပြီး မဟာသင်္ကြန်ပွဲတော်ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦးက နံ့သာသွေးပွဲတော်ကို ဓညဝတီခေတ်၊ ဝေသာလီခေတ်၊ လေးမြို့ခေတ်၊ မြောက်ဦးခေတ် များမှစ၍ ယနေ့ ခေတ်တိုင်အောင် သားစဉ်မြေးဆက် အဆင့်ဆင့်လက်ဆင့်ကမ်း ထိန်းသိမ်းလာကြသော ရခိုင်တိုင်းရင်းသားများ၏ ရိုးရာဓလေ့အစဉ်အလာတစ်ခုဖြစ်ကြောင်း၊ ရခိုင်ရိုးရာနှစ်သစ်ကူးသင်္ကြန်ပွဲတော်သည် ဗုဒ္ဓဘာသာကိုအခြေခံသည့် ပွဲတော်ဖြစ်သည့်အတွက် သင်္ကြန်အကြိုနေ့မတိုင်မီ တစ်ရက်အလိုတွင် မိမိတို့မြို့ရွာ၊ ရပ်ကွက်အလိုက် ကိုးကွယ်သည့်ဘုန်းတော်ကြီးကျောင်း၊ သိမ်အဆောက်အအုံများကို လူပျို၊ အပျို၊ ရပ်ကွက်လူငယ်များက စုပေါင်းသွားရောက်၍ ရေဖြင့်ဆေးကြောသန့်စင် သန့်ရှင်းခြင်းများကို ဦးစွာလုပ်ကိုင်ကြကြောင်း၊ ညနေပိုင်းတွင် မိမိတို့ရပ်ကွက်ရှိ ဓမ္မာရုံ(သို့မဟုတ်) ယာယီအဆောက်လုပ်ထားသည့် မဏ္ဍပ်စသည့် အဆောက်အဦများ၌ မီးများထွန်းညှိ၍ နံ့သာသွေးပွဲဆောင်ရွက်ကြကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် မိန်းမပျိုများသည် မိမိတို့၏ နံ့သာ၊ ကရမက်၊ အမွှေးနံ့သာတုံးများကို ယူဆောင်လာကာ ငွေဖလား၊ ကြေးဖလား၊ ဖန်ဖလားများဖြင့် စုဆောင်းထားကြပါကြောင်း၊ မိန်းမပျိုများ နံ့သာသွေးနေကြစဉ် ယောင်္ကျားပျိုများမှာလည်း မဏ္ဍပ်အဆောက်အဦအပြင်မှ တူရိယာများဖြင့် ပျော်ရွှင်စွာသီဆိုတီးမှုတ်ကခုန်ကြပြီး ညဉ့်ဦးပိုင်းတွင် စုဆောင်းထားရှိသော အမွှေးနံ့သာရည်များအား တာဝန်ရှိသူများက စဉ့်အိုးကြီးများတွင်ထည့်၍ ကောင်းမွန်စွာ သိမ်းဆည်းထားကြပြီး ထိုကဲ့သို့ အစီအစဉ်များဖြင့် စီစဉ်ဆောင်ရွက်ခြင်းကို ရခိုင်ရိုးရာနံ့သာသွေးပွဲဟုခေါ်ကြောင်း၊ ဗုဒ္ဓဘာသာတိုင်းပြည်၊ ဗုဒ္ဓဘာသာလူမျိုးတိုင်း၌ နှစ်ကူးအတာသင်္ကြန်ကို ဆင်ယင်ကျင်းပကြသော်လည်း နံ့သာသွေးပွဲကို အခြားဒေသတွင် ဆောင်ရွက်ခြင်းမပြုကြကြောင်း၊ နံ့သာသွေး ပွဲတော်ဆိုသည်မှာ ထူးခြားသည့် ရခိုင်လူမျိုးတို့၏ ခေတ်အဆက်ဆက်ထိန်းသိမ်းစောင့်ရှောက်လာခဲ့ကြသော ကိုယ်ပိုင်ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်တစ်ရပ်ပင်ဖြစ်ကြောင်းနှင့် ယဉ်ကျေးသိမ်မွေ့ပြီး သမိုင်းအစဉ်အလာကြီးမားသော ရခိုင်ရိုးရာနံ့သာသွေးပွဲတော်ကို မပျောက်ပျက်အောင် ထိန်းသိမ်းရမည်ဖြစ်ကြောင်း၊ စည်းလုံးမှုအင်အား၊ ကောင်းမွန်ခိုင်မာသောရိုးရာ အစဉ်အလာဓလေ့များနှင့် မြတ်စွာဘုရား သခင်ကိုယ်တော်မြတ်ကြီးအပေါ်တွင် ထားရှိသော သဒ္ဓါတရား ရိုသေဦးခိုက် ကိုးကွယ်မှုများဖြင့် အလွန်ယဉ်ကျေးသော ယဉ်ကျေးမှုများကိုပြသသော ယခုနံ့သာသွေးပွဲတော်မှသည် ရခိုင်ပြည်နယ်ကြီး တစ်ခုလုံး အေးချမ်းသာယာပြီး စည်ပင်ဝဖြိုးသည့် ပြည်နယ်ကြီးတစ်ခု ဖြစ်ရန်အတွက်လည်း ယနေ့အချိန်ကာလမှစတင်ပြီး မဆုတ်မနစ်သော ဇွဲလုံ့လ၊ ဝိရိယများနှင့်အတူ နိုင်ငံတော်၏ မူဝါဒလမ်းစဉ်အတွင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ကြိုးပမ်းဆောင်ရွက်မှုများနှင့်အတူ လက်တွဲပြီး တက်ညီလက်ညီ ဝိုင်းဝန်းပူးပေါင်းကာ ရခိုင်ပြည်နယ်အကျိုးသယ်ပိုးကြပါစို့ဟု တိုက်တွန်းပြောကြားလိုကြောင်းနှင့် နှစ်သစ်ကူးအခါသမယအတွက် ရခိုင်ပြည်နယ်ကြီး ငြိမ်းချမ်းသာယာပြီး ဖွံ့ဖြိုးတိုးတက်သည့် ပြည်နယ်ကြီးတစ်ခုအဖြစ် ရပ်တည်နိုင်ကြပါစေ၊ မကောင်းသောပါပတရားများ ကင်းစင်ပါစေ၊ ပြည်နယ်သူ၊ ပြည်နယ်သားများ၏ လူမှုစီးပွားဘဝများ တိုးတက်မြင့်မားစွာ ဆောင်ရွက်နိုင်ကြပါစေကြောင်း နှစ်သစ်အကြို ဆုတောင်းစကားပြောကြားသည်။
ယင်းနောက် နံ့သာသွေးအဖွဲ့များက တစ်ဖွဲ့ချင်းစီမိတ်ဆက်ကြပြီး နံ့သာသွေးကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး တာဝန်ရှိသူများက နံ့သာသွေးပွဲအား လှည့်လည်ကြည့်ရှုအားပေးကြသည်။

❤41👍30🥰2👏2
ပဲခူးသင်္ကြန်၏ ဗဟိုမဏ္ဍပ်ဖွင့်လှစ်
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှဦးဆောင်၍ မြန်မာ့ရိုး ရာသင်္ကြန်၏ ဗဟိုမဏ္ဍပ်အား ပဲခူးမြို့၊ ဆေးရုံဟောင်းလမ်းပေါ်ရှိ ဗဟိုမဏ္ဍပ်ကို ယနေ့ ဧပြီ ၁၃ ရက်(သင်္ကြန်အကြိုနေ့)နံနက်ပိုင်းကဖွင့်လှစ်ရာ တိုင်းဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းနှင့် ဇနီးတို့တက်ရောက်ခဲ့ကြသည်။
တိုင်းဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းက နှုတ်ခွန်းဆက်စ ကားပြောကြားပြီးနောက် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ မြို့မိ/မြို့ဖတစ်ဦးတို့နှင့်အတူ ဗဟိုမဏ္ဍပ်အားဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး တက်ရောက်လာကြသူများကို အမွှေးနံ့သာရည်နှင့် အတာသင်္ကြန်ရေပတ်ဖြန်းပေးခဲ့ကြသည်။
ထို့နောက် ဒေသခံများနှင့်အတူ လမ်းလျှောက်သင်္ကြန်၊ သနပ်ခါးယဉ်ကျေးမှုပွဲတော်၊ လဖက်ယဉ်ကျေးမှုပွဲ တော်နှင့် စတုဒီသာကျွေးမွေးနေမှုတို့အားကြည့်ရှု အားပေးခဲ့ကြသည်။

👍40❤25👏5